ar
Feedback
2025 عام في الأرقامsnowflakes fon
card fon
44 978
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
+1330 أيام
أرشيف المشاركات
👍 22🥰 4 2
■တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ၇၀၃ဦးဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ၇၀၃ဦးဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီ၃ရနှစ်မြောက်အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားချက်အရ သိရသည်။ ■Read more >>>>https://news-eleven.com/article/306997
إظهار الكل...
24👏 15👍 5🥰 1😱 1
■ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ အကျဉ်းချခံရမည် ပြင်သစ်သမ္မတဟောင်း နီကိုလက်စ် ဆာကိုဇီသည် ၂၀၀၇ ခုနှစ်က သမ္မတရွေး ကောက်ပွဲအတွက် လစ်ဗျားနိုင်ငံ၏ ရန်ပုံငွေများကို ရယူသည့် အစီအစဉ်နှင့်ပတ်သက်ပြီး အောက်တိုဘာ ၂၁ ရက်တွင် အကျဉ်းထောင် ၌ အကျဉ်းချခံရတော့မည်ဖြစ်ပြီး ဥရောပသမဂ္ဂတွင် အကျဉ်းချခံရမည့် ပထမဆုံးနိုင်ငံ့ ခေါင်းဆောင်ဟောင်း ဖြစ်လာတော့မည် ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၂ အထိ ပြင်သစ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆာကိုဇီသည် ၎င်း၏ မဲဆွယ်စည်းရုံးမှုကို ရန်ပုံငွေရရှိရန် ကွယ်လွန်သွားပြီဖြစ်သည့် လစ်ဗျားအာဏာရှင်ဟောင်း မိုအာမာ ဂဒါဖီ အတွက် အစီအစဉ်တစ်ခုနှင့်ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှုဖြင့် စက်တင်ဘာလကုန်ပိုင်းက ပြစ်မှုထင်ရှားစီရင်ခံရပြီး ထောင်ဒဏ် ငါးနှစ်ချမှတ်ခံခဲ့ရသည်။ ဆာကိုဇီသည် ဂဒါဖီထံမှ ရန်ပုံငွေများ လက်ခံရယူပြီး အပြန်အလှန်အနေဖြင့် အနောက်နိုင်ငံများ၏ ဖယ်ကြဉ်ခံထားရသည့် ဂဒါဖီ၏ ဂုဏ်သိက္ခာကို ပြန်လည်မြင့်တက်စေရန် ကူညီပေးမည်ဟု ကတိပြုခဲ့ကြောင်း စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။ Ref:AFP ■Read More>>>>https://news-eleven.com/article/306996
إظهار الكل...
👍 30 11😱 10👏 2🥰 1
Photo unavailableShow in Telegram
■ကိုရီးယား - မြန်မာ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ရွေးချယ်ပွဲ ပြုလုပ် ကိုရီးယား - မြန်မာ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ရွေးချယ်ပွဲ ပြုလုပ်‌ကြောင်း သိရသည်။ အောက်တိုဘာ ၁၈ ရက်က ကိုရီးယား - မြန်မာ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲနှင့် အားကစားအစီအစဉ် (All PASS DRAMA & Sports Game) တို့အတွက် သရုပ်ဆောင်ရွေးချယ်ပွဲ (Audition) ကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ရုပ်မြင်သံကြားတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ■Read more >>>>https://news-eleven.com/article/306994
إظهار الكل...
👍 36 6👏 3
■ကိုကိုးကျွန်းသည် နိုင်ငံအတွက် ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင် တည်ရှိသောကြောင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များသာမက မိသားစုဝင်များအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ရန် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ​ပြောကြား ကိုကိုးကျွန်းသည် နိုင်ငံအတွက် ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင် တည်ရှိသောကြောင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များသာမက မိသားစုဝင်များအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။ အရာရှိ၊ စစ်သည်များ၏ ရသင့် ရထိုက်သည့် အခွင့်အရေးများ မဆုံးရှုံးစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက်ပေးနေရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။ ■Read more >>>>https://news-eleven.com/article/306993
إظهار الكل...
30👍 27👏 2
■ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဒီမိုကရက်ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံရ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝိဇ္ဇာဇီဝသည် ဒီမိုကရက်ပါတီ ခေါင်းဆောင်နေရာအတွက် မဲခွဲဆုံးဖြတ်မှုတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ပါတီခေါင်းဆောင်ဖြစ်လာခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြခဲ့သည်။ အောက်တိုဘာ ၁၈ ရက်က ဘန်ကောက်မြို့တော်တွင် ဒီမိုကရက်ပါတီ၏ အထွေထွေညီလာခံအတွင်း ပြုလုပ်သည့် မဲခွဲဆုံးဖြတ်မှုတွင် အဘီဆစ်သည်ထောက်ခံမဲ ရာခိုင်နှုန်း ၉၆ ဒသမ ၂ ဖြင့် ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ "ဒီအစည်းအဝေးကို တက်ရောက်တဲ့သူတိုင်းနဲ့ ကျွန်တော့်ကို နောက်တစ်ကြိမ်ယုံကြည်ပေးကြတဲ့သူတိုင်းကို ကျွန်တော်ကျေးဇူးတင်ပါတယ်" ဟု အဘီဆစ်က ၎င်း၏ အောင်ပွဲမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ■Read more >>>>https://news-eleven.com/article/306991
إظهار الكل...
👍 38 9👏 5
■ဘင်္ဂလားဒေ့ရှ်၏ အဓိကလေဆိပ်တွင် မီးလောင်မှုကြောင့် လေကြောင်းခရီးစဉ်များ ဆိုင်းငံ့ခဲ့ရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ အဓိကအပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကုန်တင်ကုန်ချဂိတ်တွင် အောက်တိုဘာ ၁၈ ရက်က မီးလောင်မှုကြီးဖြစ်ပွားသောကြောင့် လေကြောင်းခရီးစဉ်များအားလုံးကို ဆိုင်းငံ့ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပင်မလေဆိပ်ဂိတ်အပေါ် သက်ရောက်မှုမရှိသော်လည်း ပြေးလမ်းတစ်လျှောက် အနက်ရောင်မီးခိုးလုံးကြီးများ ဖုံးလွှမ်းခဲ့သည်။ အောက်တိုဘာ ၁၈ ရက် နေ့လယ်ခင်းက လောင်ကျွမ်းသော ထိုမီးကို မီးသတ်တပ်ဖွဲ့ ၃၇ ဖွဲ့က ငြိမ်းသတ်ခဲ့ပြီး နောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များက လာရောက်ကူညီငြိမ်းသတ်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တယ်ဟာဘင်ဇာဆင်က ဆိုသည်။ လေဆိပ်အာဏာပိုင်များက တယ်လီဖုန်းဆက်သွယ်မှုများကို ချက်ချင်းပြန်လည်ဖြေကြားခြင်းမရှိသော်လည်း လေဆိပ်တာဝန်ရှိသူများ၏ Daily Star သတင်းစာကို ပြောပြချက်အရ လေကြောင်းခရီးစဉ်များသည် အခြားလေဆိပ်များသို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရသည်ဟုဆိုသည်။ Ref:AFP Photo:AFP ■Read more >>>>https://news-eleven.com/article/306989
إظهار الكل...
👍 26😱 10 8👏 3
■ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ TNLA ယာယီစိုးမိုးထားသည့် သီပေါမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ဒေသခံများ ပြန်လည်ဝင်ရောက်လျက်ရှိ ■အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဌာနဆိုင်ရာအဖွဲ့အစည်းများ သီပေါမြို့သို့ ရောက်ရှိလာ ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့TNLA ယာယီစိုးမိုးထားသည့် သီပေါမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံများ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ သီပေါမြို့နယ်တစ်ဝိုက်အား ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ TNLA နှင့်ပူးပေါင်းအဖွဲ့များက ယာယီထိန်းချုပ်ထားစဉ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာ စည်းစိမ်များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး ၎င်းတို၏ လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဖက်ဖက်မှ နိမ့်ကျမှုများ၊ တိုက်ပွဲ၏ အနိဋ္ဌာရုံများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကြောင့် တပ်မတော်က သီပေါဒေသ တစ်ဝိုက်အား အောက်တိုဘာ ၁၇ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ■Read More>>>>https://news-eleven.com/article/306986
إظهار الكل...
👍 34 22👏 8
■ ကိုကိုးကျွန်းနေပြည်သူများ၏ အချက်အလက်များကို ကောက်ယူ၍ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား ■ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ အားလုံးဝိုင်းဝန်း၍ ဆောင်ရွက်သွားကြရန် လိုဟုဆို ကိုကိုးကျွန်းနေပြည်သူများ၏ အချက်အလက်များကို ကောက်ယူ၍ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။ အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ■Read More>>>>https://news-eleven.com/article/306985
إظهار الكل...
30👍 24👏 1
13:44
Video unavailableShow in Telegram
အောက်တိုဘာ ၁၉ ရက်မနက်ပိုင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) 1. NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အလုပ်ရုံဆွေးနွေးပွဲများ၌ နိုင်ငံရေးကဏ္ဍတွင် အကြံပြုချက် ၄၈ ချက်နှင့် စီးပွားရေးကဏ္ဍတွင် အကြံပြုချက် ၅၃ ချက် ရရှိခဲ့ 2. အားလုံးပါဝင်သည့် တံခါးကျယ်ကျယ်ဖွင့်ထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်ကျင်းပပါက အဖြေကောင်းတစ်ခု ပေါ်လာလိမ့်မည်ဖြစ်ပြီး ဆွေးနွေးပွဲကျင်းပနေချိန်တွင် အပစ်အခတ်ရပ်စဲထားရန် အရေးကြီးကြောင်း KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာပြောကြား 3. မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း(MIFA)နှင့် ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့်ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင်ကျင်းပ 4. မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား နှစ်ရက်အတွင်း ၁၀၀ နီးပါးဖမ်းဆီးခံရ 5. ဘောလုံးမှာ ဘာမှမသေချာကြောင်း အာမိုရင်မ် ပြောကြား
إظهار الكل...
Packate Morning tele.mp4136.88 MB
👍 42 5🥰 1
51👍 20🥰 3👏 1
Photo unavailableShow in Telegram
👍 14 4👏 1
ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစုနှင့် စေတနာရှင် ကျေးရွာသူ ကျေးရွာသားများ၏ (၁၇) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစု နှင့် စေတနာရှင် ကျေးရွာသူ ကျေးရွာသားများ၏ (၁၇) ကြိမ်မြောက် ကထိန်သင်္ကန်းကပ် အလှူတော်ပွဲကို အောက်တိုဘာ ၁၈ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစု၏ မတည်လှူဒါန်းမှုဖြင့် ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်း ပါဝင်သည့် ကထိန်အလှူပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ Eleven Media Group ၏ ကထိန်အလှူတော်ကို သကြားဟင်းအိုးကျေးရွာနှင့် ရွာနီးချုပ်စပ်မှ ပင့်သံဃာ ၄၂ ပါး ကြွရောက်ခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်ခဲ့သည်။ Eleven Media Group ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာသူကျေးရွာသားများ စုပေါင်း လှူဒါန်းသည့် ကထိန်လှူဒါန်းဖွယ်ရာ ဝတ္ထုပစ္စည်းများကိုလည်း ပင့်သံဃာတော် ၄၂ ပါးက အလှူခံတော်မူခဲ့ကြောင်း သိရသည်။ ကြွရောက်လာသည့် သံဃာတော်များအား အာရုံဆွမ်းနေ့ဆွမ်းနှင့် အချိုပွဲ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွာနီးချုပ်စပ်မှ လာရောက်ကြသည့် ဧည့်ပရိသတ်များကိုလည်း စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ အဆိုပါ သကြား ဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံကို ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် Eleven Media Group နှင့် မိတ်ဆွေဆရာဝန်များ အဖွဲ့က ဆောက်လုပ် လှူဒါန်းထားခြင်းဖြစ်သည်။ Website link - - - >>> https://news-eleven.com/article/306984
إظهار الكل...
51👍 21🥰 4👏 1
■ ဂျပန်နိုင်ငံတွင် ကာလတိုနေထိုင်ခွင့် ဗီဇာလျှောက်ထားပြီး အလုပ်လုပ်ကိုင်ပါက ရာဇဝတ်မှုဖြင့် အပြစ်ပေးခံရမည်ဟု ရန်ကုန်မြို့ရှိ ဂျပန်သံရုံး ထုတ်ပြန် ဂျပန်နိုင်ငံတွင် ကာလတိုနေထိုင်ခွင့် ဗီဇာလျှောက်ထားပြီး အလုပ်လုပ်ကိုင်ပါက ရာဇဝတ်မှုဖြင့် အပြစ်ပေးခံရမည်ဟု ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက ထုတ်ပြန်သည်။ ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်များ အသိအမှတ်ပြုရေးဥပဒေအရ ကာလတိုနေထိုင်ခြင်းဆိုသည့် နေထိုင်ခွင့်အရည်အချင်းဖြင့် ဂျပန်နိုင်ငံတွင်နေထိုင်မည်ဆိုပါက ဝင်ငွေရရှိနိုင်သော အလုပ်လုပ်ခြင်းများကို လုံးဝခွင့်မပြုထားကြောင်း၊ ယင်းအချက်ကို ချိုးဖောက်လျှင် ဂျပန်နိုင်ငံအတွင်းတွင် ရာဇဝတ်ပြစ်မှုအဖြစ် အပြစ်ပေးခံရနိုင်ပြီး အလုပ်လုပ်ခြင်း၊ ကျောင်းတက်ခြင်းစသည့် ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံသို့ ကာလလတ်၊ ကာလရှည် သွားရောက်ရန်ဆန္ဒရှိသူများသည် ဂျပန်နိုင်ငံ လူဝင်မှုနေထိုင်ခွင့်ကြီးကြပ်ရေးဌာနတွင် ကြိုတင်၍ ကာလရှည်နေထိုင်ခွင့်လက်မှတ် (COE)ကို ရယူပြီးမှသာ ဗီဇာလျှောက်ထားရမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။ ■Read More>>>>https://news-eleven.com/article/306982
إظهار الكل...
👍 36 17😱 7👏 1
■ မြန်မာနိုင်ငံသို့ သုံ့ပန်းအဖြစ် ခေါ်ဆောင်ခံခဲ့ရသည့် အယုဒ္ဓယမျိုးဆက်အချို့၏ သားသမီးများ နှစ်ပေါင်း ၂၆၀ အကြာတွင် အယုဒ္ဓယမြို့သို့ လာရောက်လည်ပတ် ဆင်ဖြူရှင်မင်းလက်ထက်တွင် မြန်မာနိုင်ငံသို့ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် အယုဒ္ဓယမှ ထိုင်းလူမျိုးများ၏ မျိုးဆက်များမှာ နှစ်ပေါင်း ၂၆၀ အကြာတွင် အမိမြေသို့ လာရောက်လည်ပတ်နိုင်ခဲ့သည်ဟု ထိုင်းအခြေစိုက် Khaosod သတင်းဌာနက ဖော်ပြသည်။ ■Read More>>>>https://news-eleven.com/article/306981
إظهار الكل...
30👍 26😱 13👏 1
09:16
Video unavailableShow in Telegram
■ အောက်တိုဘာ ၁၈ ရက်နောက်ဆုံးရညနေခင်း သတင်း (တိုက်ရိုက်ထုတ်လွှင့်မှု) 1.ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ TNLA ယာယီထိန်းချုပ်ခဲ့သည့် သီပေါမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ် 2.ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းတွင် ခုနစ်လွှာမှ တိုက်နှစ်လုံးကြားသို့ ပြုတ်ကျခဲ့သည့် ကလေးငယ်ကို ကယ်ဆယ်နိုင်ခဲ့ 3.ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တံတိုင်းတစ်ခုတည်ဆောက်ရန် ထိုင်းဘုရင်၏ ညီမဖြစ်သူက တိုက်တွန်း 4.ကိုးလ်ပါလ်မာ ရက်သတ္တပတ် ခြောက်ပတ် ထပ်အနားယူရမယ်
إظهار الكل...
18 eve Packate~1.mp4133.14 MB
👍 36 10🥰 1
Photo unavailableShow in Telegram
■ ပြည်ပတွင်နေထိုင်၍ NUG အပါအဝင်အဖွဲ့အချို့ကို ငွေကြေးထောက်ပံ့မှုဖြင့် ၂၀၂၃ ခုနှစ်က အမှုဖွင့်ဖမ်းဝရမ်းထုတ်ထားသည့် မိသားစုတစ်စုအား မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီး ပြည်ပတွင်နေထိုင်၍ NUG အပါအဝင်အဖွဲ့အချို့ ကို ငွေကြေးထောက်ပံ့မှုဖြင့် ၂၀၂၃ ခုနှစ်က အမှုဖွင့်ဖမ်းဝရမ်းထုတ်ထားသည့် မိသားစုတစ်စုအား မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးရမိပြီး အရေးယူထားကြောင်း သိရသည်။ ■Read More>>>>https://news-eleven.com/article/306980
إظهار الكل...
34👍 26👏 9🥰 1
■ ဆင်မကြီး 'မိုမို'၏ ၇၂ နှစ်ပြည့် မွေးနေ့ကို အောက်တိုဘာ ၂၄ ရက်မှ၂၆ ရက်ထိ တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် )တွင် ပြုလုပ်မည် ဆင်မကြီး 'မိုမို'၏ ၇၂ နှစ်ပြည့် မွေးနေ့ကို အောက်တိုဘာ ၂၄ ရက်မှ၂၆ ရက်ထိ တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် )တွင် ပြုလုပ်မည်ဖြစ်ကြောင်း Yangon Zoo က ကြေညာခဲ့သည်။ ထို့ပြင် ဆင်မကြီး မိုမို၏ မွေးနေ့ပွဲကို အားလုံးအတူ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ရန် တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် ) အတွင်း၌ ၂၄ . ၁၀ . ၂၀၂၅ ရက်နေ့ မှစတင်၍ ၂၆ . ၁၀ . ၂၀၂၅ ရက်နေ့အထိ မြိုင်မြိုင်ဆိုင်ဆိုင် ၊ စည်ကားသိုက်မြိုက်စွာဖြင့် ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်းကို မိုမိုချစ်သော မိုမို၏ ပရိတ်သတ်များထံသို့ ကြိုတင်၍ အကြောင်းကြား အသိပေးခဲ့သည်။ ထို့ကြောင့် အားလုံးအတူပျော် မိုမို မွေးနေ့ပွဲတော်ကြီးတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ရင်းနှီး ဖော်ရွေစွာဖြင့် ကြိုဆို ဖိတ်ခေါ်လိုက်ရပါသည်ဟု Yangon Zoo က ကြေညာခဲ့သည်။ ■Website Link>>>>https://news-eleven.com/article/306979
إظهار الكل...
👍 47 18👏 2
■ "ဝ" ပြည်နယ်လိုချင်ပါက အခြေခံဥပဒေအရ လွှတ်တော်ထဲသို့ဝင်ပြီး တောင်းဆိုရမည်ဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောကြား "ဝ" ပြည်နယ်လိုချင်ပါက အခြေခံဥပဒေအရ လွှတ်တော်ထဲသို့ဝင်ပြီး တောင်းဆိုရမည်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ပြောကြားသည်။ အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန -၁ တွင် ကျင်းပခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား တတိယနေ့၌ နိဂုံးချုပ်စကားပြောကြားရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ■ Read More >>>>https://news-eleven.com/article/306977
إظهار الكل...
👍 64 16👏 8🥰 1
■ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်သူ မြန်မာနိုင်ငံသား နှစ်ရက်အတွင်း တစ်ရာနီးပါး ဖမ်းဆီးခံရ မြဝတီနယ်စပ်မှတဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်သို့ အောက်တိုဘာ ၁ရရက်၊ ၁၈ ရက် နှစ်ရက်အတွင်း တရားမဝင် ဝင်ရောက်သူမြန်မာနိုင်ငံသား တစ်ရာနီးပါးဖမ်းဆီးခံရကြောင်း သိရသည်။ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်ခရိုင် သောင်ရင်းမြစ်ဖြတ်ကျော် သဘာဝလမ်းမှတဆင့် တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှုနှင့်ပတ်သက်၍ တာဝန်ကျတပ်ဖွဲ့များက စောင့်ကြပ်လျှက်ရှိပြီး လှည့်ကင်းစောင့်ကြည့်ရေးအဖွဲ့က မသင်္ကာဖွယ် ယာဉ်လေးစီးကို စစ်ဆေးရာ ယာဉ်တစ်စီး ထွက်ပြေးသွားပြီး နောက် ကျန်ကားပေါ်၌ တရားမဝင် မြန်မာနိုင်ငံသားများ ဖမ်းဆီခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများမှာ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၄ ဦးတို့ ဖြစ်ကြောင်းသိရသည်။ ■Photo:AEC Thai News ■ Read More >>>>https://news-eleven.com/article/306976
إظهار الكل...
👍 30😢 11 6😱 2👏 1