Eleven Media Group
الذهاب إلى القناة على Telegram
2025 عام في الأرقام

44 978
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
+1330 أيام
أرشيف المشاركات
■ မဲစာရင်းများ မှန်ကန်တိကျမှုရှိစေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း UEC ပြောကြား
■ ဥပဒေနှင့်အညီ ဖြည့်စွက်ပြင်ဆင်ပြုစုထားသည့် ဒုတိယအကြိမ်မဲစာရင်းကို နိုဝင်ဘာ ဒုတိယပတ်ခန့်တွင် ကပ်ထားကြေညာပေးမည်ဟု ဆို
မဲစာရင်းများ မှန်ကန်တိကျမှုရှိစေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြောကြားသည်။
မဲစာရင်းမှားယွင်းမှုတွေရှိသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဥက္ကဋ္ဌ ဦးလှဆွေက ပြောကြားထားခြင်းကြောင့် မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက်၍ ကော်မရှင်က စိစစ်နေပါပြီလား၊ မည်သို့ဆောင်ရွက်ရန် ရှိပါသလဲဆိုသည့် BBC သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်းဖြစ်သည်။
■ Read More >>>>https://news-eleven.com/article/306736
👍 25❤ 17👏 2
■ ရွာငံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တစ်ဦးကို PDF များက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်
ရွာငံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တစ်ဦးကို PDF များက အောက်တိုဘာ ၆ ရက်တွင် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပုံစာ■ ရွာငံမြို့နယ် မြို့ကုန်းရပ်ကွက်ရှိ အခင်းဖြစ်နေအိမ်အား တွေ့ရစဉ်။
■ Read More >>>>https://news-eleven.com/article/306734
🤬 22😢 18❤ 6👍 4😱 2
■ ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး Drop Bomb များ ပစ်ချတိုက်ခိုက်ခံရ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး Drop Bomb များ အောက်တိုဘာ ၆ ရက်က ပစ်ချတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းသို့ အောက်တိုဘာ ၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် PDF များက ဒရုန်းဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူ ဗုံးစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
အလားတူ အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီခွဲတွင် ထပ်မံ၍ ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ယာခြေဖနောင့် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ပုံစာ■ ရေစကြိုမြို့နယ် ထွေအုပ်ရုံးတွင် ထိခိုက်ပျက်စီးထားမှုများကို တွေ့ရစဉ်။
■ Read More >>>>https://news-eleven.com/article/306733
😱 21🤬 14😢 5❤ 4👍 3
Photo unavailableShow in Telegram
■ မြင်းခြံမြို့နယ်တွင် အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦး၏ ဇနီးနှင့် မြေးဖြစ်သူ သုံးနှစ်အရွယ်ကလေးတစ်ဦး၊ အငှားယာဉ်မောင်းတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦး၏ ဇနီးနှင့် မြေးဖြစ်သူ သုံးနှစ်အရွယ်ကလေးတစ်ဦး၊ အငှားယာဉ်မောင်းတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
မြင်းခြံမြို့နယ် အကျဉ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်စိုး၏ ဇနီးဖြစ်သူ ဒေါ်နီနီဝင်းသည် မြေးဖြစ်သူ အသက်သုံးနှစ်အရွယ်ရှိ မရွန်းချယ်ရီဟိန်းနှင့်အတူ မြင်းခြံမြို့၊ အမှတ်(၁၃) ရပ်ကွက်နေ ဦးမင်းခန် မောင်းနှင်သည့် အငှားမော်တော်ယာဉ်ဖြင့် စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ မိဘများထံသို့ မြင်းခြံ-မြို့သာ-တံတားဦး-မန္တလေး လမ်းအတိုင်း အောက်တိုဘာ ၅ ရက်က ထွက်ခွာလာစဉ် နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ နွားကူးအိုင်ကျေးရွာအနီးအရောက် PDF များက မော်တော်ယာဉ်အား တားဆီး၍ ၎င်းတို့သုံးဦးကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
■ Read More >>>> https://news-eleven.com/article/306730
😢 32🤬 14👍 7❤ 5😱 2👏 1
ရှမ်းပြည်နယ်မှ သယ်ဆောင်လာပြီး ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့တွင် ဖမ်းမိ
ရှမ်းပြည်နယ်မှ သယ်ဆောင်လာပြီး ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ လှည်းကူးဖောင်ကြီးလမ်းမပေါ်၌ ယာဉ်မောင်း အောင်ခန့်ကျော် နှင့် ယာဉ်နောက်လိုက် ထက်ဝေဖြိုး တို့ကို ၎င်းတို့မောင်းနှင်လာသည့် NISSAN CONDOR ယာဉ်ပေါ်မှ အိုက်စ် ၁၄၃၉ ကီလိုဂရမ်၊ တန်ဖိုးကျပ် ၃၅ ဒသမ ၉၇ ဘီလျံခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦး၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်း လမ်းဆုံအနီးရှိရွှေမောင်းလက်ဖက်ရည်ဆိုင်၌ မူးယစ်ဆေးဝါး သယ်ဆောင်မည့်ယာဉ်အား ငှားရမ်းချိတ်ဆက်ပေးသည့် ဇော်ဝင်းထွန်း နှင့် ဆန်းထွန်းကျော် တို့ နှစ်ဦးအားလည်းကောင်း၊ ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ဇော်လင်း၊ စောဇင်မင်းဟန်တို့ကို အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုးကျပ် ၄၉ ဒသမ ၉၇ ဘီလျံခန့် နှင့်အတူ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများအား သုံးခွမြို့နယ်၊ သမ္မစိတ္တ ကမ်းခြေမှ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်တွင် သမစိတ္တကျေးရွာအနီးရှိ နေအိမ်ဂိုဒေါင်၌ ဂိုဒေါင်ပိုင်ရှင်ဖြစ်သူ ကျော်နိုင် နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ပေးခဲ့သည့် ယာဉ်မောင်း/ယာဉ်မောင်း အကူများဖြစ်သော သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်တို့ကို ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ တန်ဖိုး ကျပ် ၁၀၉ ဒသမ ၉ ဘီလျံခန့်နှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် MITSUBISHI FUSO အဖြူရောင်ယာဉ် တစ်စီး၊ NISSAN VANETTE အဖြူရောင်ယာဉ် တစ်စီး၊ HYUNDAI PORTER အဖြူရောင်ယာဉ်တစ်စီး တို့နှင့်အတူ လည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာ၌ မူးယစ်ဆေးဝါးသယ်ဆောင်မည့် ယာဉ်မောင်းများအား ချိတ်ဆက်ပေးသူ စိုးမင်းပိုင် အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာ ၂၈ ရက်တွင် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ Smile World Spa ဆိုင်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ခင်မောင်တွတ် အားလည်းကောင်း၊ စက်တင်ဘာလ၂၉ ရက်တွင် တွံတေးမြို့နယ်၊ ဘုရားငူကျေးရွာ၌ တင့်နိုင်ထွန်း အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ ၁၆ ဦး၊ မော်တော်ယာဉ် လေးစီးနှင့် အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုးကျပ် ၁၉၅ ဒသမ ၈၅ ဘီလျံခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ကာလိမြို့နေ စိုင်းနော်ခမ်း(ခ)ကိုစိုင်း (ဖမ်းဆီးရန် ကျန်)က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသမှ မူးယစ်ဆေးဝါးများကို ရမည်းသင်းမြို့သို့ ပို့ဆောင်ပေးခဲ့ရာ ရမည်းသင်းမြို့မှ ရန်ကုန်မြို့သို့ အောင်ခန့်ကျော် နှင့် ထက်ဝေဖြိုးတို့က ဆက်လက်သယ်ဆောင်ခဲ့ကြောင်း၊ စိုင်းနော်ခမ်း(ဖမ်းဆီးရန်ကျန်)၏ စေခိုင်းချက်အရ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ဇော်လင်း ငှားရမ်းထားသည့် ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌ သိုလှောင်သိမ်းဆည်းထားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ခင်မောင်တွတ်က လှိုင်သာယာမြို့နယ်၌ ခေတ္တသိုလှောင်သိမ်းဆည်းပေးခဲ့ပြီး ၎င်းနေရာမှတဆင့် ပင်လယ်ကမ်းစပ်ဖြစ်သည့် သုံးခွမြို့နယ်၊ သမစိတ္တကျေးရွာရှိ ကျော်နိုင်၏ ဂိုဒေါင်သို့ ပို့ဆောင်သိုလှောင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ ကျော်နိုင်၏ထွက်ဆိုချက်အရ ဂိုဒေါင်၌ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို AA အဖွဲ့မှ စီးပွားရေးတာဝန်ခံများဖြစ်သည့် ရဲဇော်(ဖမ်းဆီးရန်ကျန်)နှင့် ချစ်မင်း(ဖမ်းဆီးရန်ကျန်)တို့က ပင်လယ်ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံပြေးများ အပါအဝင် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■Website Link >>>>https://news-eleven.com/article/306720
👍 33❤ 20👏 4🥰 1😱 1

■Read >>>>https://news-eleven.com/article/306720
👍 46❤ 18👏 2🥰 1😱 1🤬 1
09:21
Video unavailableShow in Telegram
■ အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
- ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သမိုင်းဝင်အမွေအနှစ်နေရာများကို မပျက်စီးအောင် အဖက်ဖက်မှထိန်းသိမ်းစောင့်ရှောက် ရန် တောင်တန်းသာသနာပြုဆရာတော် စဝ်စုခမ်း မေတ္တာရပ်ခံ
- ပြင်ဦးလွင်မြို စည်သာဆည်တွင် အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့
- ယူကရိန်းသိုရုရှားပစ်လွှတ်ခဲ့သော ဒရုန်းများနှင့်ဒုံးကျည်များတွင် အနောက်နိုင်ငံထုတ်ပစ္စည်းအစိတ်အပိုင်းများ ပါဝင် နေသည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား
- အစ္စရေးဓားစာခံများ ပြန်လွတ်ရေးလှုပ်ရှားနေသည့်အဖွဲက ထရန့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးရန် တောင်းဆို
- ဘိုင်ယန်အသင်းအတွက်သာ အာရုံအပြည့်စိုက်နေပြီး ပရီးမီးယားလိဂ်ကို ပြန်မယ့်သတင်းများအား ဟာရီကိန်း ငြင်းဆန်
Package8.10 tele.mp459.14 MB
👍 40❤ 9🥰 1😢 1
■မန္တလေးမြို့တွင် မီးပုံးပျံပျက်ကျမှုကြောင့် လူနေအိမ် မီးလောင်မှု ဖြစ်ပွား
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးပုံးပျံပျက်ကျမှုကြောင့် လူနေအိမ်တစ်လုံး ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက် ည ၇ နာရီ ၂၆ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆(A) လမ်းနှင့် ၅၆လမ်းကြား၊ ၁၁၉ လမ်း နှင့် ၁၂၀ လမ်းကြား၊ သင်ပန်းကုန်းရပ်ကွက်ရှိ ၂၀ ပေ x၂၀ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ် အိမ်ခေါင်မိုးပေါ်သို့ မီးပုံးပျံပျက်ကျကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိသည်။
■သက်ထွန်းအောင်
■ဓာတ်ပုံ-ကိုသန်းဌေး
■ Read More >>>> https://news-eleven.com/article/306716
😢 37😱 13👍 6❤ 2
■တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့သည့် ကျောက်မဲမြို့တွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းအပ်စတင်လက်ခံ
တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့သည့် ကျောက်မဲမြို့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့(အောက်တိုဘာ ၇ ရက်တွင်) ကျောင်းအပ်စတင်လက်ခံလျက်ရှိကြောင်းသိရစည်။
■ Read More >>>> https://news-eleven.com/article/306715
❤ 57👍 25👏 9🥰 1
■ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ နေပြည်တော်တွင် စတင်ကျင်းပ
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့(အောက်တိုဘာ ၇ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပရာ ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
■ Read More >>>> https://news-eleven.com/article/306714
❤ 26👍 22👏 1
■ Photo News
■ ရေကျော်ပွဲဈေး နောက်ဆုံးည မြင်ကွင်းများ
အောက်တိုဘာ ၇ ရက်(ယနေ့)တွင် ရန်ကုန်မြို့ ၊ ပုဇွန်တောင်မြို့နယ်၌ ရေကျော်ပွဲဈေး နောက်ဆုံးညအား ပြုလုပ်ခဲ့သည်။
ရေကျော်ပွဲဈေးအား အောက်တိုဘာ ၁ ရက်မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
👍 40❤ 2👏 1
■ Photo News
ဥာဏ်တော်ကြီးမားသည့် လျောင်းတော်မူဘုရားကြီးတစ်ဆူဖြစ်သည့် ဟင်္သာတမြို့နယ်ရှိ တိလောကဥသျှောင်နတ်မော်ရှင်သာလျောင်း ဘုရားကြီး၌ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ည မြင်ကွင်း
■ ဓါတ်ပုံ - အောင်ကျော်မျိုး
❤ 53👍 27👏 2🥰 1
■ Photo News
ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ည မြင်ကွင်းများ။
■ ဓါတ်ပုံ- အောင်ကျော်မျိုး
❤ 63👍 31👏 4
09:20
Video unavailableShow in Telegram
■အောက်တိုဘာ ၇ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- မုဒုံမြို့နယ်၊ ကမာဝက်မြို့ အုပ်ချုပ်ရေးမှူးရုံးတွင်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့်အရပ်သားတစ်ဦး သေဆုံးခဲ့
- ကျိုက္ခမီရေလယ်ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးအများအပြားလာရောက်ခဲ့
- ၂၀၂၅ ဆေးပညာဆိုင်ရာနိုဘယ်ဆုကို လူ့ကိုယ်ခံအားစနစ်ဆိုင်ရာ တွေ့ရှိမှုများအတွက် သိပ္ပံပညာရှင်သုံးဦး ပူးတွဲရရှိ
- ထိန်းသိမ်းခံဂါဇာထောက်ပံ့ရေးရေယာဉ်အုပ်စုမှ ဂရတ်တာသန်းဘတ်နှင့် အခြားတက်ကြွလှုပ်ရှားသူ ၁၇၀ ကို အစ္စရေး နှင်ထုတ်
- ဥရောပလိဂ်ပွဲအချို့ နိုင်ငံရပ်ခြားသွားကစားမယ့်အစီအစဉ်ကို UEFA ခွင့်ပြု
7 Night Packate~1.mp4130.30 MB
👍 38❤ 10
■ နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ အပါအဝင် အခြားသောပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို မြန်မာနှင့်ဘယ်လာရုစ် ဆွေးနွေး
နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ အပါအဝင် အခြားသောပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) မစ္စတာဆာဂေး လူကာရှယ်ဗစ်ချ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
■ Read More >>>>>>>>> https://news-eleven.com/article/306711
❤ 38👍 31👏 7
■ ဆွီဒင်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်သစ်အဖြစ် မြန်မာနိုင်ငံကို အက်စ်အီးကေ ၂၃ သန်း ထောက်ပံ့မည်
၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ဆွီဒင်အစိုးရသည် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် အက်စ်အီးကေ ၇၇၅ သန်းတန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်သစ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအစီအစဉ်သစ်တွင် မြန်မာနိုင်ငံအပါအဝင် ၁၀ နိုင်ငံအတွက် အကူအညီများကို ဦးစားပေး၍ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ဆွီဒင်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဆီဒါ) ၏ အဆိုအရ အက်စ်အီးကေ ၂၃ သန်းကို မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကိုဆောင်ရွက်ရန်အတွက် ၂၀၂၅ ခုနှစ်မကုန်မီ ကူညီပေးမည်ဖြစ်သည်။
အဆိုပါရန်ပုံငွေသည် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ခိုင်မာအားကောင်းစေရန် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆီဒါတို့ ပူးပေါင်းတင်ပြသည့် ပိုမိုကျယ်ပြန့်သော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
■ Read More >>>>>>>>> https://news-eleven.com/article/306707
👍 46❤ 8👏 1