ar
Feedback
အေအန်န်အမ်မ်တီ

အေအန်န်အမ်မ်တီ

الذهاب إلى القناة على Telegram

အကူအညီပေးသောလက်များဟာ ဘုရားစာရွတ်ဆိုသောပါးစပ်များထက် ပို၍မြင့်မြတ်တယ်။

إظهار المزيد
2025 عام في الأرقامsnowflakes fon
card fon
14 312
المشتركون
-224 ساعات
-537 أيام
-19730 أيام
أرشيف المشاركات
ကျွန်တော့်တကိုယ်စာအရဆိုရင် ဦးဖြိုးမင်းသိန်းကို စစ်ကောင်စီက ဖိအားပေးပြီး တရားရုံးထွက်ဆိုချက်ထဲမှာ အမေစုကို TaKhoeသဖွယ် စွပ်စွဲထွက်ဆိုသက်သေပြုခဲ့တဲ့ဖြစ်စဥ်တုန်းက ကျွန်တော်အနေနဲ့ ဦးဖြိုးမင်းသိန်းကို Celဆိုတဲ့အပြင် ရာသက်ပန် Boycott လုပ်ခဲ့ပါတယ်။ မင်းရော သူ့နေရာမှာဆို အဲ့လိုလုပ်မှာပဲမဟုတ်လားဆိုတဲ့မေးခွန်းမျိုး လာမေးစရာကိုမလိုပါဘူး။ အခုလည်း ထိုနည်း၎င်းပါပဲ။ တရားမဝင်တာချည်းကို တရားဝင်သဖွယ် ဝါဒဝိုင်းဖြန့်ပေးကြတာ။ တချို့ရိုးအတဲ့ပြည်သူတွေရှိတယ်၊ ကိုယ့်ရဲ့အိုက်ဒေါက ဒါလုပ်ပါဆိုရင် တကယ်လိုက်လုပ်ကြတဲ့လူတွေ။ ဒီလူတွေအတွက် ဒါတွေကအဆိပ်အတောက်ပဲ။ ဒီနိုင်ငံအတွင်းမှာ ၅ နှစ်နီးပါး ကြာခဲ့ပြီ၊ နီးရာdar ကြောက်နေရင်.... darမရှိတဲ့ဘက်မှာ ပြတ်ပြတ်သားသားရပ်တည်လိုက်။ လက်ရှိ နှစ်ခြမ်းကွဲနေတဲ့ Boycott ကိစ္စ ပြောချင်လာလို့။ အာဏာသိ-မ်းစတုန်းက ဒီဖျော်ဖြေရေးသမားတွေအကုန်လုံးဟာ ပြည်သူနဲ့အတူရပ်တည်ခဲ့ကြပေမယ့် အချိန်နည်းနည်းကြာလာတော့ ပုံမှန်အတိုင်းပြန်လည်လည်ပတ်ဖို့ အစပျိုး ခေါင်းပြူပြီး စမ်းတိုးကြည့်ခါစမို့ ဒါကိုမြင်တွေ့နေတဲ့ တော်လှ-န်စပီကာတွေက Boycott လုပ်ဖို့ပြောတဲ့အခါ "သူတို့ငတ်ရင် မင်းတို့ကျွေးမှာလား၊ သူတို့လည်း ဝမ်းစာရှိသေးတယ်"ဘာညာနဲ့ ဝင်ရောက်ရပ်တည်ပေးကြတဲ့သူတွေကြောင့် နောက်ပိုင်းမှာ အစုံလိုက်အပြုံလိုက် ရဲရဲတင်းတင်း တိုးဝင်လာခဲ့ကြတာပါ။ အဲ့ကမှတဆင့် Boycott ထောက်ပြသူတွေကို "သူတို့က နီးရာDarတွေ၊ နောက်ကွယ်ကမှီခိုနေတဲ့သူတွေ၊ ပိုင်ဆိုင်မှုတွေ၊ အရာရာတိုင်းက စစ်ကောင်စီဖိအားပေးနေလို့"ဆိုတဲ့ အကြောင်းအရာတွေပါ ကပ်ပါလာပြီး Boycott လုပ်ဆောင်မှုတွေ အားနည်းသွားခဲ့ရတာ ၂၀၂၂ ကနေ ၂၀၂၅ နှစ်အစပိုင်းအထိပါ။ တော်လှ-န်ရေးကို အပြည့်အဝနားလည်စာနာတဲ့ လူနည်းစုလောက်ကသာ ဒီ ၂၀၂၅ အထိ ဖောက်ပြန်ရေး(ဖျော်ဖြေရေး)သမားတွေကို Boycott ဆက်လုပ်နိုင်ခဲ့ကြတာပါ။ အခုတဖန် စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းတွဲထုတ်လွှင့်ပြသပြီးတဲ့နောက်မှ Boycott အင်အားက ပြန်လည်ဆူပွက်လာတဲ့အချိန်၊ စစ်ကောင်စီဘက်ကနေ တော်လှန်ပြည်သူတွေ ဖြည့်တွေးနားလည်ပေးခဲ့ကြတဲ့ အနုပညာသမားတချို့ကို တရားမဝင်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲပေးကြဖို့ မဲဆွယ်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုကော့မယ် ဘယ်သူ့ကိုမကော့ဘူးဆိုပြီး ဘက်တွေကွဲနေကြတာကို တွေ့မြင်ရပါတယ်။ ဒါကတော့ စစ်ကောင်စီဘက်က အရှူံးထဲကနေ အမြတ်ပြန်ယူလိုက်တဲ့အကွက်ပါပဲ။ ဒီလူထုက ဒီလိုတွေ စိတ်ပျော့ကြမှန်းသိလို့ ဒီအကွက်တွေ ထုတ်ထုတ်သုံးဖြစ်နေတာပဲ။ အခုထွက်ရှိလာတဲ့ ရွေးကောက်ပွဲမဲဆွယ်ကေ့စ်မှာ နဂိုကတည်းက ဒဲ့ချည်း ballမ နေတဲ့ ဖျော်ဖြေရေးသမားတွေပါသလို၊ အစကတော့ လူထုနဲ့ရောယောင်ပြီး ဆန္ဒပြခဲ့ကြပေမယ့် ရေရှည်ခရီးဖြစ်မှန်းသိတဲ့အချိန် ပြည်သူကိုကျောခိုင်းပြီး စစ်khwayတွေရဲ့အုပ်ချူပ်မှုအောက်ကနေ ရှပ်ရှင်၊ သဘင်၊ ဂီတ၊ showပွဲ တွေလုပ်ရင်း နိုင်ငံကြီးက ပုံမှန်ပြန်ဖြစ်သွားသယောင်ယောင် ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြတဲ့ ဖောက်ပြန်ရေးသမားတွေလည်းပါတယ်။ #အဲ့အထဲမှာ_နောက်ဆုံး_ပြဿနာအတက်ဆုံးက ပြည်သူနဲ့အရင်က တသားတည်းရှိခဲ့ပြီး အကျ-ဥ်းကျခံခဲ့ရပြီးနောက် ပြန်လွတ်လာတဲ့ အနုပညာသမားတွေ ပါနေတဲ့ကိစ္စပဲ။ သူတို့ကကျတော့ ဘာဖျော်ဖြေရေးမှ ဆက်လက်မလုပ်ဆောင်ခဲ့ပဲ အငြိမ်နေကြတယ်ပေါ့၊ ပြည်ပလည်းထွက်မရ၊ စစ်ကောင်စီက အမြဲစောင့်ကြည့်ခံရတာမျိုးပေါ့။ မျက်နှာတွေ အသက်မပါတာလည်း မြင်ရတယ်။ သို့ပေမယ့် ဒီအချက်လောက်နဲ့ စစ်Khwayတွေလိုချင်တဲ့အသံကို ထွက်ပေးလို့ နားလည်ပေးရမယ်ဆိုတာကတော့ မဟုတ်သေးဘူး။ အနုပညာရှင် သရုပ်ဆောင် ရဲတိုက်ဆိုရင် အခုအချိန်အထိ သူယုံကြည်ရာကို အစွန်းအထင်းမခံဘူး။ အပြင်မှာ အသ-က်တွေပေးနေကြတဲ့ရဲဘော်တွေ၊ နေရပ်စွန့်ခွာပြေးနေကြတဲ့ ပြည်သူတွေ၊ အနာဂတ်တွေ ပျောက်ဆုံးနေတဲ့ စစ်ဘေးရှောင်တွေ၊ အသက်နဲ့ခန္ဓာ အိုးစားကွဲသွားကြတဲ့ တော်လှန်ပြည်သူ/ရဲဘော်တွေရဲ့ ဖြစ်စဥ်တွေနဲ့ယှဥ်ရင်၊ သူတို့အနေနဲ့ စစ်ကောင်စီက ဖိအားပေးတာတောင် စစ်ကောင်စီဘက်ကနေ အသံတစ်ချက်မထွက်ပေးဘူးဆိုရင် သူတို့ကြုံတွေ့ရမှာက အချူပ်ကျရုံလောက်ပါပဲ။ ဒါက မစာမနာပြောတာမဟုတ်ဘူး။ အသ-က်တွေ ဘဝတွေ စတေးနေရတဲ့ဖြစ်စဥ်တွေနဲ့ ယှဥ်ပြောပြရုံပါပဲ။ ကိုယ်ယုံကြည်ရာလမ်းကို တဖြောင့်တန်းထဲ လျှောက်မယ်ဆိုရင် ဒါတွေတော့ ရင်ဆိုင်ရမှာပဲ။ အပေါ်ဆုံးအပိုဒ်က စာသားကိုပြန်ပြောရရင် "တချို့ ရိုးအတဲ့ပြည်သူတွေရှိတယ်၊ ကိုယ့်ရဲ့အိုက်ဒေါက ဒါလုပ်ပါဆိုရင် တကယ်လိုက်လုပ်ကြတဲ့လူတွေ။ ဒီလူတွေအတွက် ဒါတွေကအဆိပ်အတောက်ပဲ"။ အမေစုရဲ့ ဘဝတလျှောက်လုံး အခုအချိန်အထိ ဒီအမယ်အိုကြီး ဘယ်လိုရင်ဆိုင်နေရသလဲ၊ သန်းရွှေခေတ်ကနေ အခုမင်းအောင်လှိုင်ခေတ်အထိ ဘယ်လိုဖိအားပေးပေး သူယုံကြည်ရာက ပြည်သူလူထုအတွက်ပဲ။ ဘယ်တော့မှ အလိုတော်ရီးတွေအလိုကျ ဒီအမယ်အိုရဲ့နှုတ်ကနေ တစ်ခွန်းတစ်လေမှ မထွက်ဖူးဘူး။ ဒီအမယ်အိုကို လေးစားရင် သူ့လမ်းစဥ်ကိုတော့ အတတ်နိုင်ဆုံး လိုက်ကိုလိုက်ရမယ် (လ-က်န-က်မကိုင်တဲ့လမ်းစဥ်တော့မပါ)။ အမေစုပြောခဲ့ဖူးသလိုပေါ့၊ မတရားတာချည်းကိုမြင်နေလျက်နဲ့ မတရားဘူးလို့မပြောရဲရင် ပါးစပ်ပိတ်နေလိုက်၊ တရားပါတယ်လို့တော့ ဝင်မပြောနဲ့ပေါ့။
إظهار الكل...
46👍 9🥰 3😁 1
Photo unavailableShow in Telegram
Wifi က လိုင်းလုံးဝမရလို့ ဒီလအတွက်ဆက်မယူဖြစ်တော့ဘူး၊ wifi မရလို့ mobile ဒေတာက အဆင်ပြေသလားဆိုတော့ လုံးဝ H+ ဖြစ်လိုက် တိုင်ပျောက်လိုက်နဲ့ တိုင်တွေပတ်။ VPN ကလည်း လုံးဝချိတ်မရ။ အခုတောင် သူများဆီက Hotspot ခဏယူသုံးပြီး ပို့စ်လာတင်ရတာ။ ကမ်ပိန်းလုပ်မလို့ ပို့စ်ကရေးပြီးပြီ၊ တင်ဖို့ပဲကျန်တယ်။ ဒါပေမဲ့ ကမ်ပိန်းလုပ်တဲ့အချိန် အချိန်ပြည့် သူများဒေတာယူသုံးနေလို့ အဆင်ပြေဘူး၊ အဲဒါကြောင့် ဒေါနတပ်ရင်းအတွက်ကမ်ပိန်းက လိုင်းအဆင်ပြေမှလုပ်လို့ရလိမ့်မယ်၊ စောင့်ပေးကြပါဦးနော်။ အကယ်၍ ကျွန်တော့်ရက်တိုကမ်ပိန်းကို မစောင့်တော့ဘူးဆိုရင်တောင် ဒေါနတပ်ရင်း (Dawna Column - Fundraising Team) ပေ့ချ်မှာ တိုက်ရိုက်ကူနိုင်ပါတယ်...👇 https://www.facebook.com/share/p/1QCtYtbuRm/ ကို​ဝေး လ် အကောင့်မှာလည်း တိုက်ရိုက်ကူနိုင်ပါတယ်..👇 https://www.facebook.com/share/1CgyUjZBa1/ #အေအန်န်အမ်မ်တီ
إظهار الكل...
67👍 14🥰 1
ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့က ပြည်သူများရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတအစစ် ဦးဝင်းမြင့်ရဲ့ ၇၄ နှစ်ပြည့် တော်လှ-န်မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။ သမ္မတကြီး ဦးဝင်းမြင့်ဟာ မြန်မာအကြမ်းဖ-က်စစ်တပ်ရဲ့ အတင်းအဓ္ဓမ အာဏာလုယူပြီး အကျဥ်းချခံထားရတာ ဒီနေ့နဲ့ဆိုရင် ရက်ပေါင်း ၁,၇၄၂ ရက်တိတိရှိခဲ့ပါပြီ။ ကျွန်တော်တို့ပြည်သူတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သမ္မတကြီးဦးမြင့်တို့နှင့်တကွ လက်ရှိအချိန်အထိ အကျ-ဥ်းချခံထားရသော တော်လှ-န်ပြည်သူများနှင့် အတူရပ်တည်လျက်ရှိကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးတိုင်း သိနိုင်ကြားနိုင်းပါစေ။ https://www.facebook.com/share/p/1D5GHq2scj/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
144🥰 9👍 6🤣 1
Photo unavailableShow in Telegram
အပမ်းမကြီးဘူးဆိုရင် ဒီပို့စ်ကို Facebook မှာ ဝိုင်းရှဲပေးကြပါဦးခင်ဗျာ၊ တစ်ယောက်လျော့သွားလည်း တကယ်အမြတ်ပါပဲ...👇 https://www.facebook.com/share/p/1KFvvJf9L2/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
👍 64 8🥰 1
ဒီပေ့ချ်က လူလိမ်ပေ့ချ်ပါ။ အခြားဂေဟာပုံတွေ မှတ်တမ်းအတုတွေနဲ့ လုပ်စားနေတဲ့ပေ့ချ်ပါ။ ပေ့ချ်ကိုယ်တိုင်ကနေ အတည်ပြုထားတဲ့ ဂေဟာအမည်တွေ၊ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေကိုကြည့်ပါ၊ အကုန်ကွဲလွဲနေပါတယ်။ ပေ့ချ် About ထဲက Location ထည့်သွင်းထားတဲ့ လိပ်စာlinkကို ဝင်ထောက်ကြည့်ရင် အခြားဂေဟာအမည်တစ်ခု ထပ်ပေါ်လာပြီး ရန်ကုန် ကျောက်တန်းလိပ်စာဖြစ်နေတဲ့အပြင် ဂေဟာအမည်လည်းမတူဘူး၊ ပေ့ချ်မှာကျတော့ ကရင်ပြည်နယ်ပါ။ ပြီးတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးပုံနဲ့ ခရစ်ယာန်အသင်းမှတ်တမ်းလွှာနဲ့ သက်ဆိုင်စရာ ဘာအကြောင်းမှမရှိပါ။ အခု like အရမ်းများနေတဲ့ ကလေးငယ်လေး video fiel ကလည်း မူရင်းအသံမဟုတ်ပါဘူး၊ မူရင်းအသံကိုပိတ်ပြီး နောက်ခံအသံနဲ့ဖြည့်ပြောထားတာမျိုးပါ။ ဒီလူလိ-မ်ပေ့ချ်မှာ တစ်လတစ်လကို လူတွေအများကြီး သိန်းပေါင်း ဆယ်ချီ ရာချီထောက်ပံ့နေကြလို့ လာရောက်အသိပေးတာပါ။ အလိ-မ်အညာတွေပေါများလွန်းတာကြောင့် သေချာ စေ့စေ့စပ်စပ် လေ့လာပြီးမှ လှူကြတန်းကြပါခင်ဗျာ။ လူလိ-မ်ပေ့ချ်လင့်ခ်... https://www.facebook.com/share/16d3UZ4nGj/ လိမ်နေတဲ့ရုပ်သံလင့်ခ်... https://www.facebook.com/share/v/1AH2jWdvVg/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
👍 62 6🥰 1
ကိုသင့်သူရဲ့ "ဆောင်းအသစ်ထဲ ငါတို့လက်ပစ်ကူးရဦးမယ်"အပုဒ်ကိုလည်း ဒီခေတ်ရှားဆိုတဲ့ကောင်က "ဆောင်းအသစ်တွေကြား လက်ပစ်ကူးခြင်းများ"ဆိုပြီး နောင်ထပ်ပေါ်တင် khoeချထားသေးတယ်ဗျာ့။ ဆိုတော့ မနေ့ကဖြစ်ခဲ့တဲ့ကေ့စ်မှာ သူတောင်းပန်ပါတယ် ခရက်ဒစ်ပေးပါတယ်ဆိုပြီး ရေးထားတာတွေက ဘယ်လိုနည်းနဲ့တွေးတွေး စော-က်ပိုတွေနော်၊ ဒါတောင် တောင်းပန်တဲ့စကားက နောက်မှဖြည့်တာ။ အခုမြင်ရသလောက် ပြောရရင် လူမိသွားတဲ့အပုဒ်အတွက်ပဲ ကိုသင့်သူကို "ခရက်ဒစ်ပေးပါတယ် တောင်းပန်ပါတယ်"လုပ်တာ၊ လူမမိသေးတဲ့ အပုဒ်တွေအတွက်ကတော့ ခက်တည်တည်ပဲ။ လူမမိသ၍ စော-က်ဂရုမစိုက်ဘူးဆိုတဲ့အထာ။ မနေ့ကတည်းက "ကျွန်တော်တော့ ဘယ်အပုဒ်တွေပါ ကူးယူမိထားပါတယ်၊ ဘယ်နှပုဒ်ရှိပါတယ်၊ အဲ့အတွက် ကိုသင့်သူကို ခရက်ဒစ်ပေးပါတယ်"ဆိုပြီး တစ်ခွန်းတလေလေးတောင် ထုတ်မပြောကတည်းက မင်းသည် ရိုးရိုးသားသား မှားမိတာမျိုးမဟုတ်ဘူး။ တော်တော်အဆ-င့်အတ-န်းနိမ့်ကျလွန်းတဲ့ စိတ်ဓါတ်နဲ့ ကဗျာလောကထဲ တတ်ယောင်ကားဝင်လုပ်နေတာ၊ တနည်းပြောရရင် သူများဖောက်ထားတဲ့လမ်းကို "ဒါက ငါ့အတွက်ဖြတ်လမ်း"ပဲဆိုပြီး အသားလွတ်ဝင်လျှောက်တာမျိုး။ အဲ့အကွက် နာမည်ကြီးချင်တာ၊ စိန်းနားကပ်ရောင်နဲ့ ပါးပြောင်ချင်တာ၊ သူများဦးနှောက်ဖောက်စားတာ။ မင်းကိုယ်မင်းကဗျာဆရာဆိုပြီး ခံယူနေတာကိုက တော်တော်လေးစော-က်ရှ-က်ကင်းမဲ့လွန်းနေတာကွာ။ မင်းဟာက သူများနှာခေါင်းပေါက်နဲ့ စော-က်အသက်ရှူနေတဲ့ စော-က်ပေါဖြစ်နေပြီ။ ချဥ်စု-တ်နေရောပဲ။ Facebook Post... https://www.facebook.com/share/p/14QU8RhLM4x/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
👍 53 7🥰 1
05:11
Video unavailableShow in Telegram
အားအင်ဖြစ်စေမယ့် ရုပ်သံ၊ (မြန်မာစာတန်းထိုး) To people all over the world, we say. Don't forget Myanmar. If you believe in democracy, human rights and international law, the people of Myanmar need you now. #SayNoJustTrap #RejectShamElection Anti Sham Election/တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး မူရင်းပို့စ်... https://www.facebook.com/share/v/1CykJmCVUk/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
44.98 MB
82👍 16🤣 1
မနေနိုင် မထိုင်နိုင်လို့ ဝင်ပါဦးမယ်၊ ကိုသင့်သူက နာမည်တပ်ပြီးမပြောပေမယ့် ကျွန်တော်ကတော့ နာမည်တပ်ပြီးပြောမယ်။ ဒီခေတ်ရှား ဆိုတဲ့တစ်ယောက်က ကိုသင့်သူရဲ့ "သံယောဇဥ်လက်လှမ်းမမီရာအရပ် (သို့) မပန်းပွင့်"ကဗျာထဲက စာသားတွေကို သံတူကြောင်းကွဲတွေရော ဒဲ့တွေရော ကူးချထားပြီး "သို့/ မယဥ်ချောမေ"ဆိုတဲ့ကဗျာကို သြဂုတ်လ ၈ ရက်နေ့မှာ တင်ထားတယ်။ ကိုသင့်သူက အဲ့ကဗျာကို ကဗျာရွတ်ပွဲတစ်ခုမှာ ဒီခေတ်ရှားရွတ်ဖတ်သွားတာကိုကြားပြီး သူ့ကဗျာထဲကစာသားတွေမှန်း တန်းပြီးသိပေမယ့် ရွတ်ဖတ်သူက "ဒီကဗျာထဲကစာသားတချို့က ဘယ်သူကဗျာထဲကနေ မှီငြမ်း ကူးယူသုံးစွဲ ကိုးကားကြောင်း" တစ်လုံးမှမပြောသွားလို့ လနဲ့ချီပြီး ပို့စ်တင်ပြောရမလား မပြောရမလားစဥ်းစားပြီး ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာ ပို့စ်ရေးတင်တယ်။ အဲ့ဒီကြားကာလတွေမှာလည်း ပတ်သက်ရာပတ်သက်ကြောင်း တဆင့်ခံလူတွေနဲ့ အကြောင်းအကျိုးပြောပြလိုက်ပေမယ့် ဒီခေတ်ရှားဘက်က လာရောက်ပြောကြားခြင်းမရှိပဲ မဆိုင်သလို ခတ်တည်တည်ပါပဲ။ တကယ်က စော-က်ဂရုမစိုက်ဘူးဆိုတဲ့အထာကွာ။ ဒါကြောင့် ကိုသင့်သူက နာမည်မတပ်ပဲ "ဝမ်းနည်းကြောင်း" caption နဲ့ ပို့စ်ရေးတင်တာ။ အစက ကျွန်တော်လည်း ဘယ်သူမှန်းမသိဘူး၊ "မယဥ်ချောမေ" ဆိုပြီး facebook မှာ ရိုက်ရှာကြည့်တော့မှ ကျွန်တော်နဲ့ဖရန့်ဖြစ်နေတဲ့ ဒီခေတ်ရှား ရေးမှန်းသိတာ။ သိသိချင်းလည်း သူ့ကဗျာပို့စ်အောက်မှာပါ ဒဲ့ဝင်မန့်တဲ့အပြင် ကိုသင့်သူရဲ့ပို့စ်မှာပါ သူ့အကောင့်ကို မန်းရှင်းပြီးပြောလိုက်တယ်။ ဒီပို့စ်မတင်ခင်အထိ သူ့ကဗျာပို့စ်က ရှိနေသေးပေမယ့် အခု ဒီခေတ်ရှားဘက်က အဲ့ကဗျာပို့စ်ကို only me လိုက်တာလား ဖျက်လိုက်တာလားတော့မသိ၊ ရှာမတွေ့တော့ဘူး။ ပြန်တောင်းပန်တာမျိုးကတော့ ဘယ်သူမှတိုက်တွန်းနေစရာ လိုမယ်မထင်ဘူး။ ဒီလိုကေ့စ်မျိုးတွေဆိုတာ ခံစားရခက်တယ်ဆိုတာ ကြုံဖူးသူတိုင်း နားလည်ကြလိမ့်မယ်။ အခုဟာက ဘဝတွေနဲ့ဆိုင်တဲ့အရာ၊ ရှင်းရှင်းပြောရရင် တော်လှ-န်ရေးအတွေ့အကြုံကို ဖော-က်စားခံရတာမျိုး။ ဒီကာလအချိန်နဲ့ အပြည့်အဝသက်ဆိုင်တဲ့အရာမို့ အသားလွတ်ဖော-က်စားခွင့်တော့မပေးနိုင်ဘူး။ ဒီခေတ်ရှားနဲ့ ကျွန်တော်နဲ့က ဒီကေ့စ်မဖြစ်ခင်အထိ FACEBOOK ဖရန့်ပါ၊ အခုတော့ unfriend လိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ကိုသင့်သူဘက်က ဒီခေတ်ရှားကို နားလည်ခွင့်လွှတ်ပေးခဲ့ရင်တောင် ကျွန်တော့်တကိုယ်စာအရတော့ ဒီလိုလုပ်ရပ်မျိုးကို ခွင့်လွှတ်မပေးချင်ဘူး။ မင်းနဲ့ဘာဆိုင်သလဲလို့ တချို့လူတွေမေးခဲ့ရင် ဒီလိုကျင့်ဝတ်အကြောင်းအရာတွေမှာ ရှေ့ဆောင်လမ်းပြ လမ်းအမှားဆီ ဘယ်သူ့ကိုမှ လျှောက်ခွင့်မပေးနိုင်ဘူး။ ဒီလိုလုပ်ရင် ဒီလိုကျင်ဖယ်ခံရတယ်ဆိုတာမျိုးရှိစေချင်တယ်။ သူ့ကို celဆိုနေမှာမျိုးမဟုတ်ဘူး။ သူများဦးနှော-က်ကို ဖော-က်စားပြီး လူသိရှင်ကြား ကျွန်တော့်ကဗျာပါလို့ ရဲရဲတက်ပြောခဲ့တဲ့သူဆီကနေ ဘယ်လိုရိုးသားမှုကို ထပ်ပြီးမြင်နိုင်ဦးမလဲပေါ့။ "အချင်းအချင်း"ဆိုရင် ပိုပြီးလေးစားမှုရှိရပါမယ်၊ တခြားအကြောင်းအရာတွေက နားလည်ခွင်လွှတ်စရာကောင်းပေမယ့် ဒါမျိုးအရာကိုတော့ ကျွန်တော့်အနေနဲ့ နားလည်ပေးလို့မရပါဘူး။ သူများဖီလင်ကို ကိုယ့်ဖီလင်လုပ်ချင်ရင် တခြားနေရာမှာသွားလုပ်၊ ဒီအဝန်းအဝိုင်းမှာတော့ လာမလုပ်ကြနဲ့။ ဒီဝန်းကျင်က လူ့ကျင့်ဝတ်တွေ စံနမူနာထားရအောင် တည်ဆောက်နေကြတဲ့အသိုင်းအဝိုင်းမို့ စိတ်ဓါတ်မမှန်တဲ့သူတွေအတွက် ကျွန်တော့်ရင်ဘက်ထဲမှာ နေရာမရှိဘူး။ ဒါက ကျွန်တော့်တကိုယ်စာအရ ကျွန်တော့်ရဲ့စိတ်ပိုင်းဖြတ်မှုပဲ။ Facebook Post... https://m.facebook.com/story.php?story_fbid=pfbid02NWqdqBu9aStTKC9mmeGoEwvj2Zv9RaSiLx4M1JUY8dKJo4zH2yZbUuvcSJKUeDe5l&id=100074054164741&mibextid=Nif5oz #အေအန်န်အမ်မ်တီ မှတ်ချက် ။ ။ ကိုသင့်သူ ထုတ်ခဲ့တဲ့ "အိမ်ပြန်လိုချင်တယ်၊ နိုင်ငံတော်ကိုပြန်ရချင်တယ်" အမည်နဲ့ ကဗျာ ၁၃ ပုဒ်ကို နောက်ခံမြူးဇစ်တီးပြီး Audio Book ထုတ်ချင်တယ်၊ ရောင်းချရတဲ့ငွေနဲ့ ရဲဘော်တွေအတွက်ကူချင်တယ် ကိုအာနိုးရေ"ဆိုပြီး ကိုသင့်သူ လာတိုင်ပင်တုန်းက အဲ့ဒီ Audio Book ထွက်ဖို့ အချိန်ဘယ်လောက်တောင် ကြန့်ကြာခဲ့သလဲဆိုတာ ကိုယ်တိုင်အသိဆုံးပဲ။ အခု ဖောက်စားခံရတဲ့ကဗျာက ၂၀၂၂ ကတည်း သူရေးထားပြီး၊ ၂၀၂၄ မှာ "သပြေနုစေသား" ကဗျာလုံးချင်းစာအုပ်ထဲမှာပါတယ်။ Audio Book ကတော့ ၂၀၂၄ နှစ်ဝက်လောက်ကတည်းက စလုပ်ပြီး ၂၀၂၅ မတ်လ ၂၁ ရက်နေ့မှာ ကျွန်တော်နဲ့အတူ ကမ်ပိန်းလုပ်ခဲ့တာ။ အဲ့ဒီကမ်ပိန်းကနေ (ကျွန်တော့်ကမ်ပိန်းသီးသန့်) ၆၂ သိန်းနီးပါး ရခဲ့တယ်။
إظهار الكل...
🥰 34👍 28 9🤣 1
နိုင်ဖြိုးကျော် ဆိုတာ ဘယ်သူလဲ...? https://t.me/ANMTarnoldmyotint/9142?single နိုင်ဖြိုးကျော်ဆိုတာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သမီး ဒေါ်ခင်သီရိသက်မွန်အတွက် စင်္ကာပူက လေကြောင်းလိုင်း ကုမ္ပဏီသုံးခုမှာ တခြားစင်္ကာပူနိုင်ငံသားတစ်ယောက် နာမည်နဲ့ နာမည်ခံ ရှယ်ယာပါထားတဲ့အကျိုးအမြတ်တွေကို ထုတ်ယူပေးရသူတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။ ဒါ့အပြင် ဟိုတယ်လုပ်ငန်းတွေမှာလည်း ဒေါ်ခင်သီရိသက်မွန်နဲ့ များစွာပက်သက်နေသလို ‌ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာလည်း အကြီးအကျယ် ရှယ်ယာ ဖက်စပ် လုပ်ကိုင်နေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ နယူးယောက် စတော့အိတ်ချိန်းမှာလည်း ရှယ်ယာပိုင်ဆိုင်မှု အများအပြားရှိနေသူတစ်ဦးဖြစ်ပြီး အဲဒီ ရှယ်ယာတွေထဲမှာ စစ်ခေါင်းဆောင်သမီးရဲ့ ပိုင်ဆိုင်မှုတွေအပြင် စစ်တပ် ‌ထိပ်ပိုင်း ခေါင်းဆောင်တချို့ရဲ့ ပိုင်ဆိုင်မှုတွေပါပါသေးတယ်လို့ လုပ်ငန်းရှင် တချို့က ပြောပါတယ်။ နိင်ဖြိုးကျော်ဟာ လက်ရှိ မင်းအောင်လှိုင်သမီးရဲ့ စီးပွားရေးနဲ့ပတ်သက်လို့ ဒုတိယ Level အဆင့်ရှိတဲ့ လုပ်ငန်းပါတနာဖြစ်နေသူဖြစ်ပြီး တချို့သော ဓာတ်ဆီ ဒီဇယ် လုပ်ငန်းတွေမှာလည်း အကြီးအကျယ်ပါ၀င် ပတ်သက်နေသူ ဖြစ်ပါတယ်။ နိင်ဖြိုးကျော်ရဲ့ ပါဝါကတော့ မလေးရှား၊ အင်ဒို၊ ဒူဘိုင်း၊ စင်ကာပူနဲ့ တခြားဥရောပနိုင်ငံတွေအထိပါ ၀င်ဆံ့သူဖြစ်ပြီး သူ့ပိုင်ဆိုင်မှုတွေဟာလည်း အာဏာသိမ်းပြီး နောက်ပိုင်းမှာ တဟုန်ထိုး တိုးပွားလာနေပါတယ်။ လက်ရှိကာလမှာ တော့ နိုင်ဖြိုးကျော်ရဲ့ အသားတင် ကြွယ်၀မှု၊ပိုင်ဆိုင်မှု သီးသန့်ပင်လျင် အမေရိကန် ဒေါ်လာ သန်း ၇၉၀ နီးပါး အထိ ကြွယ်၀နေသူ တစ်ဦး ဖြစ်ပါတယ်။ A Bank ပိုင်ရှင် ဇော်ဝင်းရှိန်နဲ့ အနေအထားတူ Level တူ အဆင့်လောက်အထိကို အချိန် ၄ နှစ်လောက်နဲ့ လိုက်မှီလာသူပါ။ မူရင်းပို့စ်... https://www.facebook.com/share/p/16CzQ6cYRw/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
👍 75 4🔥 4🤔 3
နိုင်ဖြိုးကျော် ဆိုတာ ဘယ်သူလဲ...? အပြည့်အစုံဖတ်ရှုရန်.... #အေအန်န်အမ်မ်တီ
إظهار الكل...
👍 29
ဒီနေ့လည်း Naing Phyo Kyaw Group ကုမ္ပဏီ ဝန်ထမ်းတွေ ရုံပြည့်ရုံလျှံ ဖြစ်ဦးမယ် ထင်တယ်နော် ✊🏼✊🏼❌❌🚫 https://t.me/ANMTarnoldmyotint/9139?single နိုင်ဖြိုးကျော် ပိုင်ဆိုင်တဲ့ NPKI Group ရဲ့ အောက်မှာ VeVe , National Paper Industry,Media 7,Hype Energy,Bamboo,Xtreme,Cele7 စတဲ့ လုပ်ငန်း တွေပါ၀င်ပါတယ်။ ဒီလုပ်ငန်းတွေ အားလုံးကို ပြည်သူလူထုက Boycott လုပ် သပိတ်မှောက်ကြဖို့လိုအပ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ခြမ်းမှာတော့ စစ်ခေါင်းဆောင်ရဲ့ သမီး ခင်သီရိသက်မွန်နဲ့ 7th Sense Creation လို့ ခေါ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ကို ပူးတွဲတည်ထောင် ပိုင်ဆိုင်ကြပါတယ်။ ဒီရုပ် ရှင်ထုတ်လုပ်ရေးအောက်မှာ နောက်ထပ် နာမည်ပြောင်းထားတဲ့ ရုပ် ရှင်ထုတ်လုပ်ရေး ၁၅ ခု ရှိနေပါသေးတယ်။ဆိုရရင် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းစုရဲ့ ဈေး ကွက် ၇၃% ကို အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သမီး က ထိန်းချုပ်ခြယ်လှယ်ထားတာလဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေအားလုံးကနေ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၆၃ သန်း ကနေ သန်း ၁၂၀ ၀န်းကျင်လောက်အထိ ရရှိနေတယ်လို့လဲ မှတ်တမ်း တစ်ချို့က ဆိုပါတယ်။ ဒီထဲ မှာ အမည်မဖော်ပြထားတဲ့ဆက်စပ် လုပ်ငန်းစုတွေများစွာရှိပါသေးတယ်။ ပြည်သူလူထုကို 💣 ကြဲ၊ That နေတဲ့ စစ်တပ်ကို 💵💵💵များစွာ ရှာပေးနေတဲ့ သူ တစ်ယောက်ရဲ့ ဇနီးကို ပြည်သူတွေ အနေနဲ့ Social Punishment သေချာ လုပ်ကြဖို့ Boycott သေချာ လုပ်ကြဖို့ လိုပါတယ်။ ဒီခေတ် ဒီကာလမှာ တောင် ဒီလို လူတွေ လုပ်စားခွင့်ရနေသေးတာ ဟာ Boycott & Social Punishment ကို သေချာ မလုပ်ကြလို့ ဖြစ်ပါတယ်။ လူ‌ထုအနေနဲ့ ၀တ်မှုန်ရွှေရည်ကို Boycott ဘာကြောင့်လုပ်သင့်တယ်ဆိုတာကို သတိရအောင် ပြန်လည် နှိုးဆော် ပေးခြင်းဖြစ်ပါတယ်။ FNCC Burma က တင်ထားတဲ့ အချက်အလက်တွေ အားလုံး သိထားဖို့ ပြန်တင်ပေးလိုက်ပါတယ်နော်… ✊🏼✊🏼 BC အရှိန် မြင့်ကြမယ် ❌❌🚫🚫🚫 မူရင်းပို့စ်... https://www.facebook.com/share/p/16CzQ6cYRw/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
👍 45 29
နိုင်ဖြိုးကျော် ပိုင်ဆိုင်တဲ့ NPKI Group ရဲ့ အောက်မှာ VeVe , National Paper Industry,Media 7,Hype Energy,Bamboo,Xtreme,Cele7 စတဲ့ လုပ်ငန်း တွေပါ၀င်ပါတယ်။ ဒီလုပ်ငန်းတွေ အားလုံးကို ပြည်သူလူထုက Boycott လုပ် သပိတ်မှောက်ကြဖို့လိုအပ်ပါတယ်။ မူရင်းပို့စ်.... https://www.facebook.com/share/p/16CzQ6cYRw/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
👍 45 1
ကမ်ပိန်းငွေရှင်းတမ်း။ သိန်း ၆၀ စွန်းစွန်း ရရှိခဲ့။ https://t.me/ANMTarnoldmyotint/9137 ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ ကံလှရွာ စ-စ်ဘေးရှောင် အိမ်ထောင်စု ၁၀ စုအတွက် ၅ ရက်တာကမ်ပိန်းပြုလုပ်၍ ထောက်ပံ့ငွေကောက်ရာမှာ မိတ်ဆွေ ၅၇ ဦး လာရောက်ပါဝင်ထောက်ပံ့သောကြောင့် မြန်မာငွေကျပ် ၆,၀၀၀,၅၂၉ (ခြောက်ဆယ်သိန်း ငါးရာနှစ်ဆယ့်ကိုးကျပ်) တိတိ လက်ခံရရှိခဲ့ပါတယ်။ ကမ်ပိန်းစတင်ကတည်းက ကြိုတင်ပြောထားတဲ့အတိုင်း စစ်ရှောင်အိမ်ထောင်စု ၁၀ စုအား တစ်အိမ်ထောင် ၄၀၀,၀၀၀ (လေးသိန်းကျပ်)နှုန်း ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ကျန်ရှိသော ၂,၀၀၀,၅၂၉ (နှစ်ဆယ်သိန်းကျပ်) စွန်းစွန်းအား ကိုဝေးလ်တို့ ဒေါနတပ်ရင်းအတွက် ကျွန်တော်ထပ်မံ့ပြုလုပ်မယ့် ကမ်းပိန်းထဲသို့ ဖြည့်စွက်သွားမှာဖြစ်ပါတယ်။ ဒေါနတပ်ရင်းအတွက် ပါဝင်ထောက်ပံ့ချင်ရင်တော့ အခုကစပြီး ပါဝင်ထောက်ပံ့နိုင်ပါပြီ။ နေ့စွဲအလိုက် ရရှိငွေ စုစုပေါင်း အောက်တိုဘာ ၃၁ ရက် (၂၃ ဦး) _ ၁,၅၄၀,၅၀၀ နိုဝင်ဘာ ၁ ရက် (၅ ဦး) _ ၁၈၁,၀၀၀ နိုဝင်ဘာ ၂ ရက် (၉ ဦး) _ ၁,၂၂၁,၀၀၀ နိုဝင်ဘာ ၃ ရက် (၄ ဦး) _ ၃၇၄,၀၀၀ နိုဝင်ဘာ ၄ ရက် (၁၆ ဦး) _ ၂,၆၈၄,၀၂၉ . ------------------------------------- စုစုပေါင်း (၅၇ ဦး) ၆,၀၀၀,၅၂၉ ပါဝင်ထောက်ပံ့သည့် လုံခြုံရေးမထိခိုက်စေသော အမည်နှင့် ငွေအမောက်စာရင်းအတိအကျများကို ယခုပို့စ်ရဲ့ကွန့်မန့်ထဲတွင် အပြည့်အစုံ ရေးသားဖော်ပြထားပါတယ်၊ မိမိအမည်မပါဝင်တာမျိုး ငွေအမောက်မှားယွင်းတာမျိုးတွေ ရှိနေပါက ယခုပို့စ်ထဲမှာပင် ပွင့်ပွင့်လင်းလင်း အားမနာတမ်း ဝင်ရောက်ထောက်ပြ ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျာ။ စစ်ဘေးရှောင်များထံမှ လက်ခံရရှိကြောင်း ပြန်လည်ရရှိလာတဲ့အခါ ယခုပို့စ်မှာပဲ Edit Post နဲ့ ဖြည့်စွက်ပေးထားပါ့မယ်။ ကံလှရွာ စ-စ်ဘေးရှောင် အိမ်ထောင်စု ၁၀ စုအတွက်ပြုလုပ်သော ၅ ရက်တာကမ်ပိန်းအတွက် ငွေကြေးထောက်ပံ့ခဲ့သူတွေအပြင် RCS လုပ်ဆောင်ပေးခဲ့သည့် တော်လှ-န်မိတ်ဆွေတစ်ဦးချင်းဆီတိုင်းအား ကျွန်တော် အေအန်န်အမ်မ်တီ မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။ ။ Facebook Post https://www.facebook.com/share/p/1BYzsMdNEf/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
48👏 7👍 2🥰 1
Photo unavailableShow in Telegram
ကမ်ပိန်းငွေရှင်းတမ်း။ သိန်း ၆၀ စွန်းစွန်း ရရှိခဲ့။ ကံလှရွာ စ-စ်ဘေးရှောင် အိမ်ထောင်စု ၁၀ စုအတွက်ပြုလုပ်သော ၅ ရက်တာကမ်ပိန်းအတွက် ငွေကြေးထောက်ပံ့ခဲ့သူတွေအပြင် RCS လုပ်ဆောင်ပေးခဲ့သည့် တော်လှ-န်မိတ်ဆွေတစ်ဦးချင်းဆီတိုင်းအား ကျွန်တော် အေအန်န်အမ်မ်တီ မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။ ။ Facebook Post.... https://www.facebook.com/share/p/1BYzsMdNEf/ #အေအန်န်အမ်မ်တီ
إظهار الكل...
50👏 7👍 1
နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတဲ့ ကလေးမြို့ ကံလှရွာ စ-စ်ဘေးရှောင်အိမ်ထောင်စု ၁၀ စုအတွက် ထောက်ပံ့ငွေကောက်ခံတဲ့ ကမ်ပိန်းက ဒီနေ့နောက်ဆုံးရက်ဖြစ်ပါတယ်။ အမောက်ရရှိမှုနည်းနေတာကြောင့် ပါဝင်အားဖြည့်ပေးကြပါဦးနော်။ စုစုပေါင်းရရှိမှုက သတ်မှတ်တားဂတ်က်ု ကျော်လွန်သွားခဲ့ရင်လည်း ကိုဝေးလ်တို့ရဲ့ ဒေါနတပ်ရင်းအတွက် ကမ်ပိန်းဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မှတ်တမ်းလွှာ ပြန်ပေးတဲ့အပြင် စာရင်းအတိအကျကိုလည်း ဖော်ပြထားလျက်ရှိပါတယ်။ အကြောင်းစုံ ရေးသားတင်ပြထားပါတယ်၊ RCS မလုပ်ရသေးရင် လုပ်ပေးသွားကြပါဦး...👇 https://www.facebook.com/share/p/16ZLHqaspF/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
🥰 53 20👍 11
နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတဲ့ ကံလှရွာ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀ စုအတွက် ရက်တိုကမ်ပိန်းပြုလုပ်ရာမှ ယနေ့နှစ်ရက်မြောက်နေ့အထိအထိ ၁၅ သိန်းစွန်းစွန်းသာ ရရှိပါသေးတယ်။ တအိမ်ထောင်ကို ၃/၄ သိန်းနှုန်းလောက် အထောက်အပံ့ပို့ဆောင်ပေးချင်တာကြောင့် ထက်ဝက်ကျော်နီးပါး လိုအပ်နေပါသေးတယ်ခင်ဗျာ။ ပါဝင်အားဖြည့်ပေးကြပါဦးနော်... ပါဝင်အားဖြည့်ချင်ပါက ဆက်သွယ်ရန်...👇 https://www.facebook.com/share/p/1NFMo1fg5C/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
77🥰 9👍 1
"ဟိုနယ်မှာ ဒီဟာဖြစ်နေတယ်၊ ဒီနယ်မှာ ဟိုဟာဖြစ်နေတယ်၊ အဲ့လိုကိစ္စတွေကျတော့ ခင်ဗျားအသံတိတ်နေတယ်"ပြောရအောင် မင်းအMayလ-င် မဟုတ်တဲ့ငါက သဗ္ဗညုတဉာဏ်ရနေတဲ့ ဘဲမဟုတ်ဘူး။ နေရာတကာ ဝင်ပါရအောင်လည်း အများသုံးအိမ်သာမဟုတ်ဘူး။ ကိုယ် ဂဃနဏ မသိတဲ့ကိစ္စကို ဘာပြောရမှာလဲ၊ မင်းတို့သိရင် မင်းတို့တက်ရေးကြပေါ့၊ တဖက်ဖက်က မု-န်းမှာ၊ အငြိုးထားမှာကို ကြော-က်လို့ လူမိုက်လာငှားတာလား...? ဒါမှမဟုတ် စောက်ဖြစ်မရှိလို့လား...? https://www.facebook.com/share/p/17Sm1bjqdb/ #အေအန်န်အမ်မ်တီ
إظهار الكل...
👍 77
ကျွန်တော် ကမ်ပိန်း ၂ခု တဆက်တည်းပြုလုပ်ချင်ပါတယ်၊ ပထမတစ်ခုက လက်တလောစစ်ရှောင်နေရတဲ့ အိမ်ထောင် ၁၀ စုအတွက် အထောက်အပံ့ပါ။ ဒုတိယတစ်ခုကတော့ ဒေါနတပ်ရင်းအတွက် အထောက်အပံ့ပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကနေ ကလေးမြို့မြောက်ပိုင်းဘက် ရာဇဂြိုလ်မြို့ရယ်၊ ကံလှရွာရယ်ကနေတဆင့် ၂၀ ရက်နေ့အထိ လက်ပံချောင်းရွာတလျှောက်ကို အကြ-မ်းဖ-က်စစ်ကောင်စီဘက်က စစ်ကြောင်းထိုးပြီးနောက် အိမ်ခြေအတော်များများကို meeရှို့သွားခဲ့ပါတယ်။ ကျွန်တော့်ထံကို အောက်တိုဘာ ၁၈ ရက်နေ့ကတည်းက ကံလှရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အသိမိတ်ဆွေ အကူအညီလှမ်းတောင်းပေမယ့် အခြားကူညီနေရတဲ့ကမ်ပိန်းတချို့ လုပ်ဆောင်နေရတာကြောင့် အခုမှ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ (ရှေ့ရက်က ကံလှရွာအတွက်ကို လက်ပံချောင်းရွာအတွက်ဆိုပြီး ကျွန်တော် ရွာနာမည်မှားယွင်းပြီး ရေးမိထားလို့ ဒီပို့စ်မှာပဲ တခါတည်းအမှားပြင်ဆင်လိုက်ပါတယ်) လက်ရှိစစ်ဘေးရှောင်အိမ်ထောင်စု ၁၀ စုစာအတွက် တာဝန်ယူထားပြီး တအိမ်ထောင်ကို ၃ သိန်းနှုန်းလောက် ပို့ဆောင်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ ကမ်ပိန်းတားဂတ်က သိန်း ၃၀ ပါ။ အကယ်၍ သိန်း ၄၀ လောက်ရခဲ့ရင်လည်း ၄သိန်းနှုန်းနဲ့မျှဝေပေးလိုက်ပါမယ်။ တစ်ခုရှိတာက ဒီကမ်ပိန်းကို အပေါ်မှာဖော်ပြထားတဲ့အမောက်အတိုင်း လစ်မစ်ထားမှာဖြစ်ပြီး ထိုအမောက်ထက် ပိုလျှံသွားခဲ့ပါက ကမ်ပိန်းအသစ်တစ်ခုထဲ ထည့်သွားမှာဖြစ်ပါတယ်။ ကမ်ပိန်းနောက်တစ်ခုကတော့ ကိုဝေးလ်တို့ရဲ့ ဒေါနတပ်ရင်းအတွက် ရက်တိုကမ်ပိန်းပါ။ အခုစစ်ရှောင်တွေအတွက်ကမ်ပိန်းက သတ်မှတ်ထားတဲ့လစ်မစ်ရောက်တာနဲ့ ရပ်တန့်လိုက်မှာဖြစ်ပြီး ကမ်ပိန်းအသစ်တစ်ခု တဆက်တည်းထပ်လုပ်သွားမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ လာရောက်ပါဝင်ထောက်ပံ့သူတိုင်းကို ကျွန်တော့်ရဲ့မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး၊ ပါဝင်သူတိုင်းရဲ့ လုံခြုံရေးမထိခို-က်စေသော အမည်နှင့် ငွေအမောက်အတိအကျတွေကိုလည်း သက်ဆိုင်ရာကမ်ပိန်းပို့စ်ရဲ့ကွန့်မန့်ထဲမှာ စာရင်းအတိအကျ update ဖော်ပြပေးသွားပါမယ်။ ပါဝင်ထောက်ပံ့ချင်ပါက ဆက်သွယ်ရန် facebook account...👇 https://www.facebook.com/share/p/1D9pGUBwRn/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
63👍 6🥰 1
Photo unavailableShow in Telegram
အညာကစစ်ဘေးရှောင်တွေအနေနဲ့ ယခုအချိန်မှာ အအေးဒဏ်ကို စတင်ခံစားနေရပြီမို့ သူတို့အတွက် စောင်တစ်ထည်ကို မြန်မာငွေ ၁၀,၀၀၀ ကျပ်တည်းဖြင့် အနွေးဓါတ်ပို့ဆောင်ပေးလို့ရပါတယ်။ တိုက်ရိုက်ပို့ဆောင်နိုင်ဖို့ ကွန့်မန့်မှာ လင့်ခ်ထည့်သွင်းပေးထားပါတယ်။ သူ့ဆီမှာ တိုက်ရိုက်ကူပေးပါနော်။ ငွေကြေးမတတ်နိုင်ရင်တောင် Ywat Thit ကမ်ပိန်းပို့စ်မှာ RCS လုပ်ပေးဖိူ့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ့...👇 https://www.facebook.com/share/p/14NGaD46Uf4/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
👍 73 17🥰 2
ကိုယ့်လူအချင်းချင်း ဒီလိုတွေမရေးချင်ပေမယ့် ပြန်မတုံ့ပြန်ရင် သူ့အကွက်ထဲဝင်သွားမှာစိုးလို့ ရေးဦးမယ်။ https://t.me/ANMTarnoldmyotint/9129?single ရန်ရန်ချမ်းက သူ့ကိုမကျေနပ်တဲ့သူ အားလုံးကို Zoom meeting တစ်ခုကိုဖိတ်တယ်၊ မပြေလည်တာတွေ ပြေလည်အောင်လို့ဆိုတဲ့ ရည်ရွယ်ချက်ဆိုပေမယ့် သူခေါ်တဲ့အချိန်မှာမလာပဲ ပြီးမှ ဆိုရှယ်မီဒီယာမှာ သူ့ကိုထပ်ပြောနေရင် ထိုသူတွေက မပြေလည်မှုကိုဦးတည်နေတဲ့သူပေါ့။ ပြီးတော့ မီတင်ကိုတက်ခွင့်ရမယ့်လူတွေက... အပြောအဆိုမရိုင်းရဘူး၊ တော်လှ-န်ရေးအတွက် ငွေအားလူအား ပါဝင်ကူညီနေသူဖြစ်ရမယ်၊ တော်လှ-န်ရေးကနေ ငွေတပြားတစ်ကျပ်မှ ယူမသုံးထားတဲ့ လိပ်ပြာလုံသူဖြစ်ရမယ် ဆိုပြီး အဲ့ဒီ ၃ ချက်နဲ့ နိဂုံးချူပ်ထားတယ်။ သူဖိတ်တဲ့မီတင်အချိန်ကို အတိအကျတက်ရအောင်လည်း တော်လှ-န်ပြည်သူတိုင်းက အားယားနေကြတာမဟုတ်ဘူး၊ ခေါ်တဲ့အချိန်မှာ မလာရင်လည်း သူ့ကို ပါဆင်နယ်တို-က်ခို-က်ချင်တဲ့သူဆိုပြီး နာမည်က အတပ်ခံရဦးမယ်။ နောက်ဆုံးနိဂုံးချုပ်ထားတဲ့ အချက် ၃ ချက်မှာ သူလုပ်တဲ့မီတင်ကို ကိုယ်ကမတက်ဖြစ်ခဲ့ဘူးဆိုရင် အလကားနေရင်း ဒီတော်လှ-န်ရေးမှာ ငွေအားရောလူအားပါ မပါနေတဲ့သူဆိုပြီး ဖြစ်ဦးမယ်၊ အဆိုးဆုံးအချက်က တော်လှ-န်ရေးထောက်ပံ့ငွေတွေ ဘုံးထာလို့ မတက်ရဲတဲ့သူဆိုပြီး ဖြစ်မယ့်ကိစ္စ။ ဘယ်လိုဖတ်ဖတ် နောက်ဆက်တွဲကိုပါ ဆက်တွေးလိုက်ရင် သူရေးတာ အဲ့အဓိပ္ပါယ်ပဲ။ အဲ့ပို့စ်အောက်မှာ ကိုခန့်ကို ဝင်ရေးထားတဲ့ကွန့်မန့်ကို ဖတ်လိုက်ရတယ်၊ အဲဒါက.... "Zoom နဲ့လာဆွေးနွေးပြီး ကျွန်တော်တို့စိတ်ထဲ မကျေလည်တာတွေရှင်းသွား၊ အချင်းချင်းအဆင်ပြေသွားရုံနဲ့ ပြီးတဲ့ကိစ္စမဟုတ်ပါဘူးအစ်ကိုရေ။ အစ်ကို ပို့စ်တင်လိုက်ပြီဆိုကတည်းက တော်လှ-န်ရေးတစ်ခုလုံးနဲ့ဆိုင်တဲ့ အတွေးအခေါ်မှား သွတ်သွင်းတဲ့သဘောကို သက်ရောက်သွားခဲ့ပါပြီ။ နောက်ပြီး အစ်ကိုအခုလို ခေါ်ပြီးရှင်းမယ်ဆိုတာက လက်မခံတဲ့သူတွေများလို့သာ ဖြစ်လာတာပါ။ ဘယ်သူမှ အစ်ကိုနဲ့မိတ်ပျက်မခံဘဲ အစ်ကိုပြောတာတွေကိုပဲ ကြည့်နေကြရင် အစ်ကို့လိုလိုက်တွေးမယ့်လူတွေ အများကြီးဖြစ်သွားပါလိမ့်မယ်။ အစ်ကိုကိုယ်တိုင်လည်း အခုလိုရှင်းဖို့ စိတ်ကူးဝင်မှာတောင်မဟုတ်ပါဘူး။ အနုပညာရှင်တစ်ယောက်ရဲ့ နှုတ်ထွက်စကားဟာ soft power အသွင်ဆောင်ပါတယ်။ အစ်ကိုတစ်ယောက်တည်း နားလည်ခွင့်လွှတ် ဖြည့်တွေးခြင်းက ဘာမှမဖြစ်ပါဘူး၊ ဒါကို ပို့စ်တင်လိုက်တာကသာ အမှားပါ။ အမှားလုပ်မိရင်တော့ နောက်ဆက်တွဲ အကျိုးဆက်ကို လက်ခံကြရတာပုံမှန်ပါပဲ။ အစ်ကို့အနေနဲ့ အခုလို ငါနဲ့ကျေလည်အောင်လာရှင်း၊ နောက်မှအသံထွက်မလာနဲ့ဆိုတဲ့ အထာမျိုး ကိုင်ဆွဲထားတာက အတော်လေးရုပ်ပေါက်ပါတယ်။ အစ်ကို့လုပ်ရပ် ရပ်တည်ချက်အတွေးအခေါ်မှန်လာရင် အပြ-စ်ပြောပါဆိုရင်တောင် ဘယ်သူမှပြောကြမှာမဟုတ်တော့ပါဘူး။ အဖြေက မကျေနပ်တဲ့သူတွေကို ဆုံရှင်းရမှာမဟုတ်ပါဘူး၊ အစ်ကို့စိတ်နဲ့အတွေးအခေါ်ကို အကိုပြင်ပေးရမှာပါ" ဆိုပြီး ရေးထားတာ။ အဲ့ဒီကွန့်မန့်ကို ရန်ရန်ချမ်းက Reply ပြန်ရေးတယ်.... "ဘယ်သူများလဲလို့၊ ကပ္ပတိန်ဇီးရိုး ပဲ။ စစ်တိုက်ရင် စစ်မြေပြင်မှာတိုက်ကြတာလား၊ ပြည်သူ့ဥယျာဥ်မှာ တစ်ယောက်တစ်ခွန်း စကားများကြလား။ လာခဲ့လိုက်ပါ၊ ကြိုဆိုပါတယ်။ စကားပြောကြရအောင်၊ ဒီကိစ္စလေး တစ်ခုတည်းမဟုတ်ဘူး" ဆိုကတည်းက သူ့ဥာ-ဏ်ရည်ကို တန်းခနဲမြင်ရတာပဲ။ စစ်တိုက်ရင် စစ်မြေပြင်မှာတိုက်ကြတာလား၊ ပြည်သူ့ဥယျာဥ်မှာ တစ်ယောက်တစ်ခွန်း စကားများကြလားတဲ့..., ဟိုကပြောတာနဲ့ သူပြန်ရေးတာ ဘာမှဆိုင်မနေဘူး။ သူရေးတဲ့စာတွေ သူပြန်ဖတ်ကြည့်ပြီး ဘယ်အနက်အဓိပ္ပါယ်တွေရောက်နေသလဲ တွေးကြည့်ဖူးရဲ့လားမသိ။ ဒါ​ကြောင့်လည်း ရန်ငါမပြတ် နိုင်တာလို့ ထင်တာပဲ။ တကယ်က သူ ရှေ့ရက်ကရေးတင်တဲ့ပို့စ်ကြောင့် အများစုက သူ့အတွေးအခေါ်ကို ဝိုင်းပြီးဆန့်ကျင်ကြတယ်။ အဲ့ဒါက သူ့ကို တို-က်ခို-က်ကြတဲ့စိတ် ဘယ်သူမှမရှိကြဘူး။ အဲ့အချိန်က ဝါဒဖြန့်ဇာတ်လမ်းတွဲဖိုင်နဲ့ ပတ်သက်ပြီး လူထုတရပ်လုံးက ဆူပွက်နေကြတဲ့အချိန်မှ စော-က်တလွဲထရေးလို့ ဖြစ်တဲ့ကိစ္စ။ ကိုပေါက်တို့ ကိုဇာဏ်ခီတို့ရဲ့ပို့စ်တွေ သွားဖတ်ကြည့်၊ သူ့လိုမျိုး သဘောထားမရှိဘူး။ ရန်ငါပြတ်ချက်က ဆီနဲ့ရေလိုပဲ။ https://www.facebook.com/share/p/1B4WNLriZj/ #အေအန်န်အမ်မ်တီ Telegram Channel
إظهار الكل...
👍 73 22