ar
Feedback
Movie selection

Movie selection

الذهاب إلى القناة على Telegram

ကြော်ငြာအတွက်ဆက်သွယ်ချင်ပါက @Yinko667 ကိုဆက်သွယ်လိုက်ပါ..

إظهار المزيد
2025 عام في الأرقامsnowflakes fon
card fon
27 503
المشتركون
-11824 ساعات
+3 5707 أيام
+3 57030 أيام
أرشيف المشاركات
Photo unavailableShow in Telegram
𝐓𝐡𝐞 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐖𝐢𝐝𝐨𝐰 ဂူဂူးမင်းသမီး ပါဝင်ထားတဲ့ စစ်ကား.. ၁၉၄၇ ခုနှစ် အမေရိကန်နဲ့ တရုတ်က မဟာမိတ်အဖြစ်နဲ့ ဂျပန်တွေနဲ့စစ်ဖြစ်နေတဲ့အချိန်ကာလမှာပအမေရိကန်လေတပ်တွေက ဂျပန်တွေကို ဗုံးကြဲပြီး တရုတ်ပြည်ဘက်ကို လေယာဉ်ဆင်းသက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမယ့် တရုတ်ကတော့ ဂျပန်ဗုံးကြဲလေယာဉ်တွေထင်ပြီး လေယာဉ်ပြေးလမ်းတွေကို ပိတ်ခဲ့တဲ့အတွက် အမေရိကန်လေယာဉ်တွေပျက်ကျခဲ့ရပါတယ် ပျက်ကျသွားတဲ့လေတပ်သားတွေကို ဂျပန်တွေကလိုက်လံဖမ်းဆီးပါတော့တယ်လေတပ်သားတွေထဲကတစ်ယောက်ကတော့ မင်းသမီးလေး ဂူဂူးကတွေ့ပြီး ကယ်တင်လိုက်ပါတယ်မိမိတို့နိုင်ငံနဲ့မဟာမိတ်ဖြစ်တဲ့ အမေရိကန်လူမျိုးစစ်သားတစ်ဦးကို အသက်ဘေးမှကာကွယ်စောင့်ရှောက်ရင်းမေတ္တာသက်ဝင်ခဲ့ပါတယ် 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+8dGLXojkCZY5NzNl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2351601923/3400
إظهار الكل...
Photo unavailableShow in Telegram
6/45 တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအချစ်ဇာတ်လမ်းတွေပဲကြည့်နေရတာ ရိုးနေတဲ့သူတွေအတွက်6/45 ကတော့ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားက ဟာသကားလေးလို့ ပြောလို့ရပါတယ်ပေါက်ရင် ဆုကြေးငွေ သန်းပေါင်း ၅၇၀၀ ကျော်ကို ရရှိနိုင်မယ့် ထီလက်မှတ်လေးတစ်စောင်ဟာ ကံစီမံရာကိုလိုက်ပြီးလမ်းဘေးအရက်ဆိုင်ကနေ တောင်ကိုရီးယားစစ်တပ်ထဲက တပ်ကြပ်ကြီး ဘတ်ချွန်းဝူရဲ့ လက်ထဲအထိ ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ ဘတ်ချွန်းဝူရဲ့လက်ထဲမှာ ဒီထီလက်မှတ်လေးဟာ သန်းပေါင်း ၅၇၀၀ အထိ ရရှိမယ့်ထီပထမဆုကြီးကို ဆွတ်ခူးလိုက်ပြီးတဲ့နောက် ကံစီမံရာအတိုင်း လေဟုန်စီးပြန်ပါလေရောတောင်မြောက်နယ်နိမိတ်စည်းမှာ ကင်းစောင့်နေတဲ့ တပ်ကြပ်ဘတ်ချွန်းဝူရဲ့လက်ထဲကနေလွတ်ထွက်လာတဲ့ ဒီထီလက်မှတ်လေးကတော့ မြောက်ကိုရီးယားဘက်ကို ရောက်ရှိသွားခဲ့တဲ့နောက်…ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံရဲ့စစ်တပ်နှစ်ခုကြားမှာ ပဋိပက္ခတွေပဲ ဖြစ်လာမလား၊ ဒါမှမဟုတ် ဒီထီလက်မှတ်အကြောင်းကို သိနေကြတဲ့ နှစ်နိုင်ငံကစစ်သားတွေ အချင်းချင်းပေါင်းစည်းသွားမလား.... 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+iHPwNMdROdM1MDg1 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2268184496/1846
إظهار الكل...
Photo unavailableShow in Telegram
“”မထင်မှတ်ဘဲ တစ်ဘဝလုံးစားလို့တောင် မကုန်မယ့် ပန်းရောင် စိန်တုံးကို တွေ့လိုက်ရသောအခါ ခိုးယူဖို့တောင် ခက်ခဲနေသောအခါ”” Blood Diamond မင်းသားကြီးလီယိုနာဒိုပါ၀င်ရိုက်ကူးထားတဲ့ Blood Diamond နာမည်ကြီးဇာတ်ကားတကား ဇာတ်လမ်းအစကတော့အာဖရိကရွာတရွာမှာအရမ်းကိုချစ်ခင်တဲ့မိသားစုတစုရှိတယ် ဒါပေမဲ့အာဖရိကနိုင်ငံကအရမ်းကို ပဋိပခတွေနဲ့ပြည့်နှက်နေပါတယ် သယံဇာတလဲပေါကြွယ်၀သလို သူပုန်တွေလည်းအရမ်းကို များပြားပါတယ် နောက်ပိုင်းသူတို့မိသားစုတကွဲတပြားဖြစ်သွားပါတယ် အဲ့အချိန်မှာ သားဖြစ်သူက သူပုန်တပ်ထဲရောက် အဖြစ်သူကရွှေကျင်တဲ့နေရာရောက် ဒီလိုဖြစ်ရင်ကနေ မင်းသားကြီးလီယိုနာဒို ရောက်တဲ့အချိန်မှာ ဒီသားဖနှစ်ယောက်ဘယ်လိုအကူအညီရမလဲဆိုတာတော့ ကားလေးကိုသာကြည့်လိုက်ပါတော့ 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+3MXnIVaYeZsxMjZl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2333449399/3734
إظهار الكل...
Photo unavailableShow in Telegram
Baby Driver Baby က Driver။ရွက်ကြမ်းရေကျို ကားသမားမျိုးတော့မဟုတ်ပါဘူး။ ကားဒက်ရှ်ဘုတ်ကို ကျော်မြင်နိုင်တဲ့အရွယ် ငယ်ငယ်ကတည်းက ကားတွေနဲ့ လိုက်မွှေလာတဲ့ ဆရာကြီးတစ်ယောက်ပါ။ သူ့ကိုတော့ ဒေါက်တာဆိုတဲ့ဘဲကြီးတစ်ပွေက လာဘ်ကောင်လေးလို့သဘောထားပြီး ဓားပြတိုက်တဲ့အခါတိုင်း ကားဆရာအနေနဲ့သုံးပါတယ်။ သုံးတဲ့အခါတိုင်းလည်း မလွတ်မရှိ။ ရအောင်ပြေးလွတ်ခဲ့တာပါပဲ။သူနဲ့ သီချင်းတွေ ဘယ်လို‌တွဲမလဲဆိုတဲ့မေးခွန်းအပေါ် ဒါရိုက်တာမှာ အဖြေကောင်းကောင်းတစ်ခုရှိပါတယ်။ ငယ်ငယ်က ကားမတော်တဆမှုတစ်ခုကြောင့် နားအူရောဂါခံစားနေရတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကိုပေးလိုက်တာပေါ့။ ဒါကြောင့် ဘေဘီဟာ အချိန်ပြည့်သီချင်းနားထောင်ရတယ်။ ကြည့်တဲ့လူတွေကလည်း သူနဲ့အတူ သီချင်းထဲ လိုက်မျောခွင့်ရတယ်။ သီချင်းတွေကလည်း ပေါတိပေါချာတွေမဟုတ်ဘူး။ 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+3MXnIVaYeZsxMjZl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2333449399/3272
إظهار الكل...
Photo unavailableShow in Telegram
လူသား‌ကမ္ဘာ နဲ့ ရေနေမျိုးနွယ်စု ဟိုမိုအက်ကွာ တို့ရဲ့ တိုက်ပွဲ ーーーーーーーーーーーーーーーーー အပိုင်းသစ် ( ၁ မှ ၄ ) ထိရပါပြီ B_B-C ကရိုက်တဲ့ဇာတ်လမ်းတွေဆိုရင်‌ နက်ဖလေ့(စ်) နဲ့မတူဘဲ သေချာထိထိမိမိရှိပြီး စိတ်ဝင်စားဖို့ကောင်းတာများတယ်.. ဒီဇာတ်လမ်းဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ လူသားတွေမပေါ်ခင်ထဲက ရှိခဲ့တဲ့ မျိုးနွယ်စုအကြောင်းကိုရိုက်ကူးထားပါတယ်.. ဟိုမိုအက်ကွာလို့ခေါ်တဲ့ မျိုးနွယ်စုဟာရေနေမျိုးနွယ်စုဖြစ်ပြီး နှစ်သန်းပေါင်းများစွာထဲက ရှိခဲ့တာပါ.. ကမ္ဘာကြီးက ကုန်းမြေတိုက်ကြီးတွေ ခွဲထွက်လာတဲ့အချိန် လူသားတွေပေါ်လာတဲ့အခါမှာသူတို့မျိုးနွယ်စုဟာ သမုဒ္ဒရာကြမ်းပြင်မှာပိတ်ခံလိုက်ရပြီး ဆောင်းခိုနေရပါတယ်.. ဒါပေမဲ့ ယနေ့ခေတ်ရောက်လာတော့ လူသားတွေရဲ့ ရေညစ်ညမ်းမှုနဲ့ ပင်လယ်သမုဒ္ဒရာကို ဖျက်စီးမှုတွေကြောင့် ပင်လယ်အောက်ကနေ ပြန်ပေါ်လာပြီး လူသားတွေနဲ့ စစ်ခင်းဖို့အကြောင်းတည်လာပါတော့တယ်.. စစ်မဖြစ်ခင် လူသားကမ္ဘာကို ဟိုမိုအက်ကွာတွေရဲ့ သံအမတ်ကိုခေါ်ပြီးညှိနှိုင်းဖို့ ပြင်ဆင်ထားပေမဲ့ လူသားမျိုးနွယ်ထဲမှာ သူတို့ကိုယ်စားလှယ်အနေနဲ့ စကားပြောချင်တာက လူတစ်ယောက်ပဲရှိပါတယ်.. ဘာကလေလို့ခေါ်တဲ့ အစိုးရရုံးဝန်ထမ်းလေးပါ...မိန်းမနဲ့ကွဲထားပြီး ဘဝကိုဖြစ်သလိုဖျက်သန်းနေတဲ့ ဘာကလေဟာ ရေအောက်အသိဉာဏ်ရှိသတ္တဝါတွေက သူ့ကိုဘာကြောင့်ရွေးချယ်ပြီးဆွေးနွေးချင်တာလဲ..? ကမ္ဘာကြီးနဲ့ လူသားတွေရဲ့ ကံကြမ္ဘာသူ့အပေါ်မူတည်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြတ်သန်း သွားရမလဲ ကြည့်ရမှုရမယ့် British ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်.. ➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️ ❗️❗️❗️❗️❗️❗️❗️ https://t.me/+Gs35JxN20QRlMDk1 ➡️ဇာတ်ကားကြည့်ရန်လင့်⬇️ https://t.me/c/2206546915/5708 အပေါ်က 📱 ချန်နယ်ကို𝐉𝐨𝐢𝐧မထားပဲ ဇာတ်ကားကြည့်ရန်ကိုပဲနိပ်ရင်ဇာတ်ကားမပေါ်ပါဘူးခမျာ⚠️ 🔠🔠🔤🔠🔠 🔠🟢🔠
إظهار الكل...
Photo unavailableShow in Telegram
အထူးလက်ရာ လူသားကွေ့တီယို 🥲 ーーーーーーーーーーーーーーーーー ( သနားစရာ ကောင်းပေမဲ့ ရက်"စက်" အခန်း များပါလို့ ကြောက်တတ်သူများ မကြည့် သင့်ပါ ) ငယ်စဉ်ကတည်းက ကြမ်းတမ်းခက်ထန်တဲ့ ဘဝကိုရင်ဆိုင်ခဲ့ရတဲ့ ဘွတ်ဆိုတဲ့ အမျိုးသမီးအ​ကြောင်းပါ။ စိတ်ဒဏ်ရာ၊ စားဝတ်​နေ​ရေးဖြစ်​​နေပြန်တော့ အ​​မေ့ရဲ့လက်လုပ်လက်ရင်း ​ခေါက်ဆွဲ​ရောင်းပြီး အသက်​မွေးရပြန်ပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နနေ့ဈေး​ရောင်းထွက်လာချိန် ​ကျောင်းသားအဓိကရုဏ်းနဲ့ တည့်တည့်တိုး​​ပြီး ဆန္ဒပြသူတစ်​ယောက်ရဲ့ လက်ကိုဆွဲ အဆွဲမခံရဖို့အ​ရေး ​ပြေးရပါ​တော့တယ်။ အိမ်​ရောက်ချိန် လှည်းထဲက​​ သွေး​စိမ့်ထွက်​နေတာမြင်လို့ ကြည့်လိုက်မှ အထဲမှာ ​ကျောင်းသားအ​လောင်းတစ်ခု ရှိ​နေတာပါ။ နဂိုစိတ်​ဝေဒနာရှင် ဘွတ်ဟာ အသား​ပေါ်ပြီး သူ​​ရောင်းတဲ့ ​ခေါက်ဆွဲပြုတ်ထဲ ထည့်​ရောင်းလိုက်ပါတယ် ➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️ ❗️❗️❗️❗️❗️❗️❗️ https://t.me/+Gs35JxN20QRlMDk1 ➡️ဇာတ်ကားကြည့်ရန်လင့်⬇️ https://t.me/c/2206546915/5702 အပေါ်က 📱 ချန်နယ်ကို𝐉𝐨𝐢𝐧မထားပဲ ဇာတ်ကားကြည့်ရန်ကိုပဲနိပ်ရင်ဇာတ်ကားမပေါ်ပါဘူးခမျာ⚠️ 🔠🔠🔤🔠🔠 🔠🟢🔠
إظهار الكل...
Photo unavailableShow in Telegram
အပယ်ခံတစ်ယောက်ကို ထောင်ထဲမှာ လက်ဝှေ့ထိုးတာသင်ပေးသောအခါ ーーーーーーーーーーーーーーーーー ဒီကားလေးကတော့ webtoon ကို ပြန်လည်ရိုက်ကူးထားတဲ့ Actionကားကောင်းတစ်ကား ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ချာဝူဆောင်ဆိုတဲ့လူငယ်က စာကြိုးစားပြီး ကျောင်းမှာအနိုင်ကျင့်ခံနေရတဲ့သူပါ တစ်နေ့ ချာဝူဆော ကျောင်းတက်နေတဲ့ကျောင်းကို ဘယ်ဆော့ချန်းဆိုတဲ့သူ ကျောင်းပြောင်းလာပါတယ် အဲ့ဘယ်ဆော့ချန်းကတော့ ချာဝူဆောကို အရင်ကအနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေပါတယ် ဆော့ချန်းက ဆက်ပြီးတော့ ချာဝူဆောကိုအနိုင်ကျင်တော့ သည်းမခံနိုင်တော့ဘဲ ဓားနဲ့တိုက်ခိုက်ပါတော့တယ် အဲ့တာကြောင့် ထောင်၃နှစ်ကျသွားပါတယ်ဂျောင်ဒိုယွန်းက နာမည်ကြီးလက်ဝှေ့သမားဖြစ်ပြီး လူသုံးယောက်သတ်မှုနဲ့ ထောင်ကျနေသူပါ ထောင်ထဲမှာ ဝူဆောကအနိုင်ကျင့်ခံရတဲ့အခါ ဒိုယွန်းဆီအကူအညီတောင်းပြီး လက်ဝှေ့ပညာသင်ယူပါတော့တယ် လက်ဝှေ့တတ်ပြီးတော့ ထောင်ထဲမာဘယ်လိုဖိုက်ကြအုံးမလဲဆိုတာတော့။ ➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️ ❗️❗️❗️❗️❗️❗️❗️ https://t.me/+Gs35JxN20QRlMDk1 ➡️ဇာတ်ကားကြည့်ရန်လင့်⬇️ https://t.me/c/2206546915/5695 အပေါ်က 📱 ချန်နယ်ကို𝐉𝐨𝐢𝐧မထားပဲ ဇာတ်ကားကြည့်ရန်ကိုပဲနိပ်ရင်ဇာတ်ကားမပေါ်ပါဘူးခမျာ⚠️ 🔠🔠🔤🔠🔠 🔠🟢🔠
إظهار الكل...
Photo unavailableShow in Telegram
Project Gutenberg(2018)🌐 IMDb Rate 6.9 နဲ့အတူ နာမည်ကြီးမင်းသား ချောင်ယွမ်ဖတ်ကလည်း ပါဝင်သရုပ်ဆောင်ထားပြီး ဂျင်းကားမဟုတ်တာတော့ 100 % ကျိန်းသေနေတာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့  နှစ်တွေက ချစ်သူ ၂ယောက် … အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ် ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့် ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ် ကံကြမ္မာလှည့်ကွက်တွေကြောင့် ၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့ ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ် ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြု ပန်းချီပညာရှင်တစ်ယောက်….ရဲစခန်းက ဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကို ကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲ ကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ် ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာ ဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေ အစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ် ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီး စောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့ ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်🫰 ➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️ ❗️❗️❗️❗️❗️❗️❗️ https://t.me/+Gs35JxN20QRlMDk1 ➡️ဇာတ်ကားကြည့်ရန်လင့်⬇️ https://t.me/c/2206546915/5691 အပေါ်က 📱 ချန်နယ်ကို𝐉𝐨𝐢𝐧မထားပဲ ဇာတ်ကားကြည့်ရန်ကိုပဲနိပ်ရင်ဇာတ်ကားမပေါ်ပါဘူးခမျာ⚠️ 🔠🔠🔤🔠🔠 🔠🟢🔠
إظهار الكل...
Photo unavailableShow in Telegram
ဆေးကျောင်းတက်ဖို့ လိုနေတဲ့ပိုက်ဆံကို သင်္ချာနည်းသုံးကာ ဖဲလိမ်ရိုက်တဲ့ ဉာဏ်ကြီးရှင်ကျောင်းသား 21 (2008) သင်္ချာပါရမီရှင်ကျောင်းသားတစ်ယောက်ဖဲကိုသင်္ချာနည်းနဲ့တွက်ချက်ပြီးဖဲရိုက်တဲ့ကား IMDB (7/10) ၂၀ဝ၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "21" ရုပ်ရှင်ဟာ MIT တက္ကသိုလ်က ထူးချွန်တဲ့ ကျောင်းသားလေးတွေ စုပေါင်းပြီး Las Vegas က ကာစီနိုတွေကို ပညာသားပါပါနဲ့ ငွေညှစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Heist Drama အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း Ben Campbell ဟာ Harvard ဆေးတက္ကသိုလ် တက်ချင်ပေမယ့် ကျောင်းလခ ဒေါ်လာ ၃ သိန်း မတတ်နိုင်တဲ့အတွက် ပညာသင်ဆုရဖို့ ကြိုးစားနေတဲ့ MIT က သင်္ချာပါရမီရှင် ကျောင်းသားတစ်ဦးပါ တစ်နေ့မှာတော့ သူ့ရဲ့ သင်္ချာပါမောက္ခ Micky Rosa က Ben ရဲ့ ထူးချွန်တဲ့ တွက်ချက်မှုစွမ်းရည်ကို သတိထားမိသွားပြီး သူလျှို့ဝှက်ဖွဲ့စည်းထားတဲ့ Blackjack Team ထဲကို ခေါ်ယူခဲ့ပါတယ် ဒီအဖွဲ့ဟာ ဖဲဝိုင်းမှာ ဖဲချပ်ရေတွက်တဲ့နည်းလမ်း (Card Counting) နဲ့ သင်္ချာနည်းကျ သင်္ကေတတွေကို အသုံးပြုပြီး ကာစီနိုတွေကို အနိုင်ကစားကြတာပါ။ Ben တစ်ယောက် ကျောင်းလခအတွက် ရည်ရွယ်ပြီး ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လောဘ၊ အောင်မြင်မှုနဲ့ Las Vegas ရဲ့ အမှောင်လောကကြားမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ ဒီကားဟာ Ben Mezrich ရေးသားတဲ့ Bringing Down the House ဆိုတဲ့ စာအုပ်ကို အခြေခံထားတာဖြစ်ပြီး တကယ်ရှိခဲ့တဲ့ MIT Blackjack Team အကြောင်းပဲ ဖြစ်ပါတယ် လောင်းကစားဆိုတာ ကံတရားသက်သက်မဟုတ်ဘဲ Probability (ဖြစ်နိုင်ခြေ) နဲ့ တွက်ချက်မှုတွေအပေါ်မှာ ဘယ်လိုအသုံးချလို့ရလဲဆိုတာကို စိတ်ဝင်စားစရာ တင်ဆက်ထားပါတယ် မင်းသား Jim Sturgess နဲ့အတူ နာမည်ကြီးသရုပ်ဆောင် Kevin Spacey တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် "ဘယ်အရာမှ ထင်သလောက်မလွယ်ကူဘူး" ဆိုတဲ့အတိုင်း ငွေကြေးနောက်ကို လိုက်ရင်း မိမိကိုယ်မိမိ ပျောက်ဆုံးသွားတတ်ပုံနဲ့ ယုံကြည်မှုဆိုတာ အချိန်မရွေး ပျက်ပြားသွားနိုင်ကြောင်းကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ ဇာတ်ကားထဲမှာ သုံးသွားတဲ့ Monty Hall Problem (တံခါးသုံးချပ် ပဟေဠိ) ဟာ သင်္ချာလောကမှာ တကယ်ကို နာမည်ကြီးတဲ့ ဖြစ်နိုင်ခြေတွက်ချက်မှု ပုစ္ဆာတစ်ခု ဖြစ်ပါတယ် ➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️ ❗️❗️❗️❗️❗️❗️❗️ https://t.me/+Gs35JxN20QRlMDk1 ➡️ဇာတ်ကားကြည့်ရန်လင့်⬇️ https://t.me/c/2206546915/5688 အပေါ်က 📱 ချန်နယ်ကို𝐉𝐨𝐢𝐧မထားပဲ ဇာတ်ကားကြည့်ရန်ကိုပဲနိပ်ရင်ဇာတ်ကားမပေါ်ပါဘူးခမျာ⚠️ 🔠🔠🔤🔠🔠 🔠🟢🔠
إظهار الكل...
Photo unavailableShow in Telegram
Ittefaq အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာ မိုးတွေသည်းနေပါတယ်။မိုးရေထဲမှာပဲ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနှစ်ခု ဗစ်ကရမ်စီသီးဟာ ယူကေနိုင်ငံမှာ လူကြိုက်များတဲ့ ဝတ္ထုရေးဆရာတစ်ယောက်ပါ။သူဟာ ကတ်သရင်းဆိုတဲ့ foreigner အမျိုးသမီးနဲ့ အိမ် ထောင်တစ်ခုတည်ထောင်ခဲ့ပါတယ်။တစ်နေ့ သူပြန်လာတဲ့အချိန်မှာတော့ ကတ်သရင်း သေဆုံးနေခဲ့ပါတယ်ချက်ချင်းပဲ သူရဲကိုဖုန်းဆက်တယ်။ရဲတွေက သူသတ်တယ်ဆိုပြီး ခြိမ်း ခြောက်ပါတယ်။ဗစ်ကရမ်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ ခြေဦးတည့်ရာကားမောင်းပြေးပါတော့တယ်။ကားအရှိန်လွန်ပြီးတိမ်မှောက်ခဲ့ပါတယ်။ဒဏ်ရာတွေနဲ့ ဗစ်ကရမ်ဟာ နီးစပ်ရာ အိမ်ထဲဝင်ပြီး အိမ်ပိုင်ရှင် မာယာဆိုတဲ့အမျိုးသမီးကိုအကူ အညီတောင်းခဲ့ပါတယ်။ဒီကူညီပေးတဲ့အိမ်မှာလဲ လူသတ်မှုဖြစ်နေခဲ့ပါတယ်။ မာယာခင်ပွန်းဖြစ်သူ ရှက်ကာ ဆိုတဲ့ သူသေဆုံးနေတာပါ။ 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+8dGLXojkCZY5NzNl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2351601923/1795
إظهار الكل...
Photo unavailableShow in Telegram
Deep Blue Sea 3 ရာသီဥတုပြောင်းလဲမှုကြောင့် ရေအောက်သတ္တဝါတို့ရဲ့ပြောင်းလဲမှုကိုလေ့လာနေတဲ့ဒေါက်တာ ကိုလင်းဟာ မိုဇမ်ဘိ ရဲ့ ရေနက်ပိုင်းမှာ ငါးတွေရဲ့ အလေ့အထကိုလေ့လာရင်း လူတွေကိုဗဟုသုတ မျှဝေပေးနေပါတယ်အဲဒီရာသီဥတုပြောင်းလဲမှုမှာ ပြောင်းလဲသွားပြီး ဓလေ့ပိုင်းပြောင်းလဲနေတဲ့ ငါးမန်းတစ်ချို့လည်းရှိနေပါသေးတယ်အဲဒီငါးမန်းတွေကို လိုက်လံကာလေ့လာနေတဲ့လူတစ်စုနဲ့ ဒေါက်တာကိုလင်းနဲ့ တွေ့ကြတဲ့အခါ …အဲဒီလေ့လာနေတဲ့လူတစ်စုကရော ဘယ်လိုလူမျိုးတွေလဲဒေါက်တာကိုလင်းဟာလည်း ငါးများကိုလေ့လာနေပြီးငါးများကိုကာကွယ်မှုပြုလုပ်နေသူပီပီ ဘယ်လိုမျိုး အတွေ့အကြုံတွေကိုကြုံရမလအဲဒီရာသီဥတုပြောင်းလဲမှုကြောင့်ဓလေ့ပြောင်းလဲနေတာက ငါမန်းတွေရောဟုတ်ရဲ့လား သူတို့ကရော ဘယ်လိုပြောင်းလဲသွားတာလဲဆိုတာကဒေါက်တာကိုလင်းတစ်ယောက် အသစ်အသစ်သော မျိုးစိတ်တွေကိုတွေ့လိုက်ရတဲ့အချိန်ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုကြပါဦး။ 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+3MXnIVaYeZsxMjZl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2333449399/3975
إظهار الكل...
Photo unavailableShow in Telegram
The Good Dinosaur ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင်ရပ်တည်ဖို့ အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ်ရိတ်သိမ်းတယ် လှောင်ထားတယ် နွေစာ မိုးစာ ဆောင်းစာ သက်သက်မှတ်မှတ် သိမ်းကြပြီး အသားစား သတ္တဝါတွေကတော့အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ်အဲ့ဒီအချိန်မှာလူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင် အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီးဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့ အာလို ဆိုတဲ့ ဒိုင်နိုဆောငကြောက်လေးရယ် သူ့ကို အမြဲလိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့လူသားပေါက်စလေးရယ်က ဇတ်လမ်းကိုအဆုံးထိ ထိုင်ရာက မထစတမ်း ကြည့်ချင်အောင်စွဲဆောင်သွားပါတော့တယ်…. 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+8dGLXojkCZY5NzNl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2351601923/231
إظهار الكل...
Photo unavailableShow in Telegram
Molly Moon and the Incredible Book of Hypnotism သူမက စာအုပ်ထဲကနည်းအတိုင်း စိတ်ညို့ပြီး လန်ဒန်ရှိုးသို့အရောက်လာကာ ချမ်းသာပြီးနာမည်ကြီးအောင်လုပ်လိုက်ပါတယ်နောက်ထပ်လူတယောက်ကလဲ ထိုစာအုပ်ကိုလိုချင်လို့ လန်ဒန်ကိုရောက်လာပြီး သူမနောက်ကိုလိုက်ရင်း သူမရဲ့ခွေးလေးကိုဖမ်းခေါ်သွားပါတယ်။ ခွေးကိုပြန်လိုချင်ရင် လန်ဒန်ကအချမ်းသာဆုံးဘဏ်ကို ဓားမြတိုက်ပြီးပြန်လာမဲ့ ဓားမြတချို့ဆီက ငွေနဲ့ရတနာတွေအားလုံးရအောင် ကူညီပေးရမယ်ဆိုပြီးအကျပ်ကိုင်လိုက်တဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတာ ပရိတ်သတ်ကြီးပဲဆက်လက်ကြည့်ရှုလိုက်ပါ 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+8dGLXojkCZY5NzNl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2351601923/2123
إظهار الكل...
Photo unavailableShow in Telegram
မိသားစုမှာ သားသမီးအရင်းတွေက အမွေတွေ ခွဲယူသွားကြပြီး အမေနဲ့ အမေကို လမ်းဘေးမှာ ပစ်ထားကြသောအခါ မွေးစားသားက အဖေကို သူစိမ်းက လက်နဲ့ထိတာကိုမှ တွေ့သွားသောအခါ 🥲🙂‍↕️🙂‍↕️🙂‍↕️ ခံစားလွယ်သူတိုင်းမျက်ရည်ကျလွယ်လောက်သည့်ဇာတ်ကား "တုန်တုန်ယင်ယင် ဖြစ်နေတဲ့ လက်လေးတွေက ဟိုးအရင် လမ်းလျှောက်သင်ပေးခဲ့တဲ့ လက်တွေပါပဲ………သားတို့ရယ် "ဒီဇာတ်ကားလေး ကို ညွှန်းဆိုရရင် ကျွန်တော်တို့သိနေကြ "ဖြူစင်တဲ့ချစ်ခြင်း မေတ္တာ" အကြောင်းလေးပါပဲ။ 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+3MXnIVaYeZsxMjZl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2333449399/5801
إظهار الكل...
Photo unavailableShow in Telegram
( ၈ )နှစ်အရွယ် ကလေးလေးကို မုဒိန်းကျင့်ပြီး ကလေးလေးက ယောကျာ်းဆို အဖေကိုရောပါ မုန်းတီးပြီး အဖေက အရုပ်ထဲကနေ ဝင်ပြီး သမီးလေးကို လိုက်စောင့်ရှောက်ပေးသောအခါ 🙂‍↕️🥺🥺 ဖြစ်ရပ်မှန်ဇာတ်လမ်း Na-Youngဆိုတဲ့ ၈နှစ်အရွယ်သာရှိသေးတဲ့ကလေးငယ်လေးကို ၅၆နှစ်အရွယ် အမျိူးသားတစ်ယောက်ကပြန်ပေးဆွဲပြီး အဓ္ဓမ ပြုကျင့်ခဲ့ပါတယ်၊ကလေးလေးရဲ့ ဘဝဟာစုတ်ပြတ်သတ်သွားပြီးမိသားစုကဒီလူကြီးထောင်ထဲရောက်အောင်အမှု့ရင်ဆိုင်ခဲ့ကြပါတယ်။သူဟာထောင်ဒဏ်(၁၂)နှစ်သာ ကျခဲ့ပြီး၂၀၂၀မှာတော့ ပြန်လည်လွတ်မြောက်လို့လာခဲ့ပါပြီ။ 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+3MXnIVaYeZsxMjZl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2333449399/5723
إظهار الكل...
Photo unavailableShow in Telegram
Homme Fatale ဟောဆဲ့က ကချေသည်မိခင်က မွေးဖွားလာတဲ့ မျိုးရိုးနိမ့်တစ်ယောက်ပါမိခင်ဆုံးပါးပြီးနောက် ကချေသည်အိမ်မှာပဲ ကချေသည်တွေကြားမှာ ကြီးပြင်းလာခဲ့တယ်ကချေသည်တွေကသာ သူ့ရဲ့ မိသားစုဖြစ်လာခဲ့တယ်တစ်ရက်မှာကချေသည်အိမ် အကြွေးနဲ့ သိမ်းခံရမယ့် အခြေအနေကိုရောက်လာတယ်ဟောဆဲ့လည်း မနေသာတော့ပဲ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေကူရှာတဲ့အခါမှာတော့ယောက်ျား ကချေသည်အဖြစ်နဲ့ မိန်းမတွေကို ဖျော်ဖြေရသူဖြစ်လာတယ် တကယ်က သူ့မှာ အရမ်းချစ်တဲ့ မိန်းကလေးရှိတယ်သူ့ရဲ့ ဒီလိုအခြေအနေမှာ သူချစ်တဲ့ကောင်မလေးနဲ့ နီးစပ်နိုင်ပါ့မလားသူတို့ရဲ့ အချစ်ကို ဘယ်လို ပုံဖော်ပြမလဲဆိုတာ  ဒီဇတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်။ 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+3MXnIVaYeZsxMjZl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2333449399/2732
إظهار الكل...
Photo unavailableShow in Telegram
𝐓𝐰𝐞𝐧𝐭𝐲 ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(𝐊𝐢𝐦 𝐖𝐨𝐨 𝐁𝐢𝐧)၊အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး (𝐋𝐞𝐞 𝐉𝐮𝐧 𝐇𝐨)၊ရိုးအပြီးဘာမှမသိရှာတဲ့ စာဂျပိုး ဂျောင်းဂျယ် (𝐊𝐚𝐧𝐠 𝐇𝐚 𝐍𝐞𝐮𝐥)ဇာတ်လမ်းကတော့ ရိုးရိုးလေးဆိုပေမယ့် လက်တွေ့ဆန်လွန်းလို့ တစ္ကားလုံး အခွီတွေချည်းပဲနော်ကြည့်ပြီးနောင်တမရစေရပါဘူးကိုးရီးယားကားဆိုပြီး မိန်းကလေးတွေအကြိုက်လို့ပဲမထင်လိုက်နဲ့နော်.. 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+8dGLXojkCZY5NzNl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2351601923/1416
إظهار الكل...
Photo unavailableShow in Telegram
Rampage မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ချ်ဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ချ်နဲ့လည်း ရင်းနှီးခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျော့ချ် နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ချ် က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ချ်စိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ချ် အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။ 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+8dGLXojkCZY5NzNl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2351601923/422
إظهار الكل...
Photo unavailableShow in Telegram
Silent Parade ဇာတ်လမ်းအကျဉ်း အေးချမ်းသာယာလှတဲ့ ကီခုနိုမြို့က နာမည်ကြီး နမီကီ မိသားစားသောက်ဆိုင်လေးက အဆိုတော်ဖြစ်ဖို့ရည်မှန်းပြီး ကြိုးစားနေတဲ့ သမီးကြီးဖြစ်သူ ဆာအိုရိဟာ တစ်နေ့မှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။အသက်ရှင်လျက်ရှိဖို့ မျှော်လင့်ခဲ့တဲ့ မိဘတွေဟာ ၃ နှစ်အကြာမှာ သမီးဖြစ်သူရဲ့အရိုးစုကို ကီလိုမီတာ ၂၀၀ ဝေးတဲ့မြို့မှာ တွေ့ခဲ့ကြရတာပါ။ ဆာအိုရိ သေဆုံးမှုကို စုံထောက်တွေဖြစ်ကြတဲ့ ခုဆာနဂီနဲ့ ယုဆုမီတို့ကြိုးစားဆက်စပ်ဖော်ထုတ်ကြရာမှာ ယခင်က လူသတ်မှုနဲ့စွဲချက်ခံတင်ရပြီး သက်သေမရှိ နှုတ်ပိတ်နေမှုတို့ကြောင့်သံသယရှိသူအဖြစ်မှ လွတ်မြောက်နေသူ ဟာဆုနုမာ ဖြစ်နိုင်ကြောင်း သိရှိလာရပါတယ်။ဒီလိုနဲ့ သက်သေအထောက်အထားနဲ့ ဟာဆုနုမာကို စွဲချက်တင်နိုင်ရေး စုံစမ်းနေကြစဉ်မှာပဲ ဟာဆုနုမာသေသွားခဲ့ပါတယ်။ ဒါပေမဲ့ ဟာဆုနုမာသေဆုံးတဲ့နေ့ရက်ဟာ တိုက်တိုက်ဆိုင်ဆိုင် ကီခုနိုမြို့က နာမည်ကြီဇာတ်လမ်းသရုပ်ဖော်ချီတက်ပွဲ ကျင်းပတဲ့ရက်ဖြစ်နေခဲ့ပါတယ်။ 🎬ချန်နယ် အရင် Join ပါ👇 https://t.me/+3MXnIVaYeZsxMjZl 🍿ကြည့်ရန်နှိပ်ပါ🎥👇 https://t.me/c/2333449399/3701
إظهار الكل...
Photo unavailableShow in Telegram
Men Of Plastic (2022) အညွှန်းဖတ်ရန် https://t.me/moviemyanmar217/5769
إظهار الكل...