2025 年数字统计

202 641
订阅者
-12724 小时
-7777 天
-3 48430 天
帖子存档
照片不可用在 Telegram 中显示
ချစ်သောတို့ရေ
သုံးနေတဲ့ ပေ့ချ်အဟောင်းက ပြန်ရမရ မသေချာတာမို့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာတွေ ပြန်ရေးဖို့ ဒီပေ့ချ်ကို သုံးပါတော့မယ်။ အခုဒီပိုစ့် ရေးနေတဲ့အကောင့်က အကောင့်ဖြစ်နေတာမို့ စာရေးဖို့ မခိုင်တာမို့ပါ။
ပေ့ချ်အသစ်ကို Like and See First လေး လုပ်ပေးပါဦးနော်။
အစက ပြန်တည်ဆောက်ရတာတွေ ငြီးငွေ့လောက်အောင် ခဏခဏကြုံနေရတာပေမယ့် ပြန်အားတင်းပြီး ပြန်လာပါပြီ။
နောက်ပိုင်း သုံးတော့မယ့် ပေ့ချ်အသစ်ပါ 👇
https://www.facebook.com/ShinMinPen?mibextid=wwXIfr&mibextid=wwXIfr
❤ 1 373👏 168😁 55🔥 6
ဒီရက်ထဲ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်က အတော်နုနေတာ ဒီနေ့မှ သတိထားမိတယ်။
ဒေါက်တာတေဇာစန်းတို့ ကိုနန်းလင်းတို့ မန္တလေးမြို့ပေါ်ထိ လူထုလှုံ့ဆော်ရေးလုပ်တဲ့ Video File ကို ကြည့်ရင်း မထင်ထားမိဘဲ ငိုမိတာဆိုတာ။
ဘာဖြစ်မှန်းမသိ
ဝမ်းသာသလိုလို ဝမ်းနည်းသလိုလို
အားရှိသွားသလိုလို အားငယ်သလိုလို
ဘာဖြစ်မှန်းမသိ ခံစားရတာ။
အမေစုနာမည်ကြားရချိန်မှာ ရင်ထဲအတော်ပြင်းပြင်းထန်ထန် ခံစားရတာ။
ကိုတေဇာစန်းတို့ သပိတ်အဖွဲ့သားတွေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း အလေးအနက်ပြောချင်မိတယ်။ သူတို့ရဲ့ စွန့်စားရဲရင့်ကြမှုကြောင့် မှိန်းမောနေသလို ခံစားနေရတဲ့ တော်လှန်ရေးကနေ လှုပ်နှိုးခံရသလို ခံစားရတဲ့ ကိုယ်တို့လို လူတွေအများကြီးရှိမှာ။ တကယ့်ကို ကျေးဇူးတင်ရပါတယ်။
တော်လှန်ရေးအတွက် အတွင်းကြိတ်အားငယ်စိတ်ဆင်းရဲနေရာနေ အမြန်ရုန်းထပြီး သူတို့လို ကြိုးစားပါ့မယ်။
❤ 2 206👏 301😁 70😢 14🔥 6😱 4
ဆရာကြီးမင်းသိင်္ခရဲ့ စာပေဟောပြောပွဲတစ်ခုမှာ ပြောသွားတဲ့ စကားတစ်ခုကို ဒီရက်ထဲ ခဏခဏ တွေးမိနေတယ်။
လောကမှာ အများကြီး မှတ်သားထားမနေနဲ့။ မေ့သာပစ်တဲ့။ မှတ်ရတာက လွယ်တယ်၊ မေ့ရတာက ခက်တယ်တဲ့။
အရမ်းခက်ပါတယ်ဆိုတဲ့ စာတစ်ပိုဒ်ကို အလွတ်ရဖို့ ခင်ဗျား ဘယ်လောက်တုံးတုံး တစ်ရက်နှစ်ရက်ဆို အလွတ်ရကို ရတယ်တဲ့။ မှတ်ရတာလွယ်တယ်တဲ့။
ငွေတွေ သန်းချီပုံပေးပါမယ်။ ကကြီးကို မေ့ကြည့်။ မေ့လို့ မရဘူးတဲ့။
ဆရာခကတော့ အသောအထေ့လေးနဲ့ ပေါ့ပေါ့ပါးပါး ပြောသွားတာပဲ။ ပြသနာက ကိုယ်က သူ့ ဒီစကားကြီးကို မေ့လို့မရတော့ဘူး။
တစ်ခုခု သိသွားပြီဆိုရင် ဟော…. စောက်ကျိုးတော့နည်းပြီ။ ငါ ဒါကြီးကို မေ့မရတော့ဘူးဆိုပြီး တွေးတွေးမိနေရော။
လူတွေဟာ သိမှုမြင့်လာတဲ့အခါ တာဝန်ကြီးလာတယ်။ တာဝန်ကြီးလာတဲ့အခါ စောက်ကျိုးနည်းလာတယ်။
ဘာမှလည်း မသိချင်တော့ဘူး။ မေ့လို့လည်း ရမှာမဟုတ်တဲ့အတူတူ မေ့ပစ်ချင်တဲ့အရာတွေကို အစကတည်းက မသိရရင်ကောင်းမယ်လို့ တွေးမိတယ်။ ငနုံ ငအ ငဒူတွေကို အားကျရလိမ့်မယ် ထင်မထားမိဘူး။
မသိမှုဟာ မကောင်းဘူး။
ဒါပေမယ့် ပင်ပန်းသက်သာမယ် ထင်တယ်။
❤ 1 744👏 264😁 71😢 19🔥 7
အလုပ်တွေများလွန်းတော့ လူတွေကို သရုပ်ခွဲရတာတွေ အများကြီး မလုပ်နိုင်တော့ဘူး။
အချိန်လေး ရှိတုန်းကတော့ ဒီကောင်ကတော့ အောက်တန်းစား၊ ဒီကောင်ကတော့ တဏှာရူး၊ ဒီကောင်ကတော့ စိတ်ဓါတ်ကို ပုတ်တာ၊ ဒီကောင်ကတော့ မနာလိုစိတ်များတာ၊ ဒီကောင်ကတော့ တတ်ယောင်ကား စသဖြင့် ခွဲခြမ်းစိတ်ဖြာ တွေးဖြစ်သေးတယ်။
အခုကတော့ အများကြီးတွေးပေးမနေနိုင်တော့ဘူး။ စောက်ချိုးမပြေတဲ့ဟာတွေ မှန်သမျှ အကုန်စောက်ရူးတွေလို့ သတ်မှတ်လိုက်တယ်။
အချိန်လည်း သက်သာတယ်။ စိတ်လည်း အေးချမ်းတယ်။
😌
❤ 1 575👏 406😁 112🔥 11
ယုန်စုတ်က ကြေကွဲနေတယ်ဆိုလို့ နှစ်သိမ့်ပေးလိုက်ဦးမယ်။
သူ့ဇာတ်ကား ကြည့်မယ့်သူ တစ်ယောက်မှ မရှိဘူး။ Boycott ကြောင့် သူ့ဇာတ်ကားက ကောင်းရဲ့သားနဲ့ ကြည့်မယ့်သူမရှိ ဖြစ်ရတယ်ပေါ့။
တို့ မိုတီလေးနည်းနည်းပေးမယ်နော်။
Boycott ကြောင့် ကြည့်မယ့်သူ မရှိတာလည်း မှန်ပါတယ်။ ဒါပေမယ့် Boycott ကြောင့်ချည်း သီးသန့်တော့ မဟုတ်ဘူး မောင်ယုန်ရဲ့။
ဘာနိုင်ငံရေးခံယူချက်မှ မရှိ၊ Boycott မပြောနဲ့ ABCD တောင် မသိဘူးဆိုတဲ့၊ မြန်မာပေါကားလို့ ပြောရင် အသဲဆတ်ဆတ်နာအောင် ပေါကားကို ရူးသွပ်ကြတဲ့ စောင်တာဇံတွေရဲ့ မျက်လုံးထဲမှာတောင် နင့်ကားတွေကို စောက်ပေါကားလို့ ထင်နေကြတာကြောင့်။
ဘာမှ ဇာတ်ကားက ကောင်းလျက်သားနဲ့လို့ ဖြေသိမ့်တွေးမနေနဲ့လို့။
စောက်ကျင့်မကောင်းတာရော စောက်ဘောမတာရော စောက်သုံးမကျတာရောဆိုတဲ့ စောက်အင်္ဂါကြီး(၃)ရပ်နဲ့အညီ စောက်ကျက်သရေတုံးတဲ့ကောင်မို့ စောက်ပေါတွေသော်မှ စောက်ဖက်လုပ်မခံရသော စောက်ဘဝဟု
တွံ အသင်ယုန်စုတ်သည်
ဧဝံ ဤသို့
ဂဏှာဟိ မှတ်ယူပေလော့။
😌
👏 1 959😁 909❤ 575🔥 19😱 4
၅၀၅ တွေ ရုတ်သိမ်းပေးတယ်ဆိုတော့
ဘယ်သူက ယုံပြီး ပြန်သွားကြလဲ
သိချင်လိုက်တာ။
ဇွတ်ပန်းနုသွေးတွေနော်… နင်တို့။
😁 1 674❤ 304👏 133🔥 13😢 7😱 3
တို့ဇာတာလေးက အဆန်း။ ကိုယ့်ကို ပြင်းပြင်းထန်ထန် ပုတ်ခတ်နေကြသူတွေကို ကြည့်လိုက်။ ကိုယ့်ထက် အသက်ကြီးသူတွေချည်းပဲ။ သူတို့ထဲက အငယ်ဆုံးပါဆိုတဲ့ကောင်တောင် ကိုယ့်ထက် ငါးနှစ်ကြီးတယ်။
အချို့အဖွားကြီးတွေ ဦးလေးကြီးတွေဆိုရင် ကိုယ့်အမေအဖေထက် အသက်ကြီးတယ်။ သူတို့မွေးရင် သူတို့သမီးအရွယ်ထက် ကိုယ်က ငယ်သေး။ (တကယ် လာမမွေးနဲ့၊ အမျိုးယုတ်မခံနိုင်ဘူး)
အိုကြီးအိုမတွေနဲ့ မနာလိုတိုရှည် ဂျေဝင်ဂျေကိုက် ဂျေအတောင့်လိုက်နဲ့ အတင်းတိုက်ခိုက်။ တရားလွန်လာတော့ ဒီကလည်း မပြောတတ်မဆိုတတ်ဆိုတော့ သေခါနီးအရွယ်ကြီးတွေနဲ့ နှစ်ပြားမတန်တွေ ပြန်ပြောခံရရော။ တကယ့် မနေတတ်မစားတတ်တွေ။
ကိုယ်က ကိုယ့်ထက် တစ်ရက်တစ်မနက်ကြီးလည်း လေးစားမှုပေးဖို့ ဝန်မလေးပါဘူး။ ဒါပေမယ့် အသက်ကြီးတာနဲ့ လာတိုက်ခိုက်သမျှ ပြန်မပြောရဘူးဆိုတာမျိုးတော့ မရဘူး။
စဉ်းစားကြည့်လေ…. အသက်ကြီးသူဆိုတာ အသက်ငယ်သူထက် ဥာဏ်ပညာ ပိုပြည့်စုံသင့်တာ မဟုတ်လား။ ပြောအပ်တဲ့စကား၊ မပြောအပ်တဲ့စကား၊ သိမ်ဖျင်းတဲ့စကား၊ ယုတ်ကန်းတဲ့စကား အမှန်အမှား ခွဲခြားတတ်သင့်တာ မဟုတ်လား။
စောမွေးလို့ လူဖြစ်လာတာ၊ ထမင်းစားပြီး ချီးတန်းဖြစ်တဲ့ ဆန်ကုန်မြေလေး လူ့အန္ဓ ပေါက်ပန်းစျေးတွေကတော့ အသက်ကြီးလို့မက ရွှေညောင်ပင်ဖိုးဖိုးကြီးနဲ့ပဲ မီးဝင်မီးထွက်ဖြစ်ဖြစ် ဘာ Respect မှ မပေးနိုင်ဘူး။
အသက်ကြီးသူမို့ တလေးတစား ရှိစေချင်ရင် အသက်ကြီးသူတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ သက္ခာ၊ သမာဓိ၊ ပညာ၊ စောင့်ထိန်းမှု ရှိအောင်နေကြ။ ငါကတော့ တိုက်ခိုက်မယ်၊ ငါ့ပြန်မပြောနဲ့ ဆိုရအောင် ရှင်တို့ စောက်သက်ကြီးတာ ရှင်တို့မအေဖအေတွေ စောစော အကြောထကြလို့ စောမွေးပြီး စောစောဆန်ကုန်မြေလေးတာ။ ဟုတ်ပြီလား။
အိုကြီးအိုမတွေ ကိုယ့်အသက်မှ အားမနာ ပြောရဲကြရင် ဒီကလည်း ပြောမထွက်စရာ တစ်ခုမှမရှိ။
ကိုယ်သာဆို ကိုယ်ကမွေး ကိုယ့်သမီးအရွယ်လောက်က ပြန်ပြီး ကက်တလီယာပွင့်အောင် အနေအစားမတတ်ရင် ရှက်မိမှာ။
Jealousy တွေ ကြောက်စရာ ကောင်းတယ်။ ကိုယ့်သိက္ခာကိုယ် အဆုံးထိ ချကြတာ။
❤ 1 374👏 309😁 66🔥 5😱 5😢 3
ကိုယ့်ရုပ်ရည်က ရွက်ကြမ်းရည်ကျိုအဆင့်လို့ ပြောလို့ရတယ်။ မေတ္တာဓါတ်ခံနဲ့ ကြည့်ရင် လှတယ်ပြောလို့ မမှားတဲ့ ရုပ်ရည်ဖြစ်သလို အမုန်းဓါတ်ခံနဲ့ ကြည့်ရင် ရုပ်ဆိုးတယ်လို့ ပြောလည်း မမှားတဲ့ ရုပ်ရည်မျိုး ဖြစ်တယ်။
သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အသားအရည် ကြည်လင်မှု၊ ပုံမပျက်လွန်းတဲ့ ခန္ဓာကိုယ်အချိုးအစား၊ မရှည်လွန်း မပုလွန်းတဲ့ အရပ်အမောင်း၊ ရွက်ကြမ်းရည်ကျို ရုပ်ရည်၊ မိန်းမတစ်ယောက်အနေနဲ့ ကျေနပ်လွန်းစရာ မဟုတ်တောင် သိမ်ငယ်နေရမယ့် အနေအထားတော့ မဟုတ်ပေဘူး။
မုန်းသူတွေအနေနဲ့ ရုပ်ဆိုးတယ်လို့ ပြောလည်း သိပ်မမှားတဲ့ရုပ်ရည်လို့ လက်ခံထားပေမယ့်
တစ်ခုတော့ ရှိတာပေါ့၊
သွားတစ်ချောင်း တစ်ချောင်းကို ကိုယ့်ခြေသည်းခွံလောက်ရှိတဲ့ ဥပဓိရုပ်မျိုးကြီးနဲ့ အင်္ဂလန်က အပယ်ခံအဖွားကြီးက ကိုယ့်ရုပ်ရည်ကို လာဘလိန်းတာမျိုးကတော့ ကြေကွဲတယ်။
အဒေါ့်အိမ်မှာ မှန်မရှိဘူးလား၊ မှန်မကြည့်ဘူးလား။
ပြောဇမ်း ပြောဇမ်း
😏
❤ 1 297😁 665👏 105🔥 8😢 2
၅၀၅ ရုတ်သိမ်းစာရင်းထဲ ငါ့နာမည်ပါလို့က
နင်တို့ကို ဆတိုးပွတ်မှာနော် ဒေါင်းဇားတွေ။
ငါ မုန်းပြီဆို ငါမုန်းတဲ့လူက ငါ့လာခွင့်လွှတ်တာ
နည်းနည်းမှ ကြိုက်တာ မဟုတ်ဘူး။
ရွံတယ်။
🤨
❤ 1 534😁 361👏 170🔥 14💔 10😱 7
မေဒီးကားကတောင် ပြန်လာပြီး
မဲပေးကြပါဆိုပဲ။
ဟယ်… ဟယ်
ဘယ်လိုတွေ ပြောရဲ။
ငါ အောက်မေးရိုး ပြုတ်ကျ
🙄😲
😁 1 901❤ 320👏 30🔥 15😢 5😱 3
လူတွေမှာ ပေးထားချက်တွေဆိုတဲ့အရာက တကယ်ရှိတယ်ဆိုတာ လက်ခံချင်မိလာပြီ။ မြန်မာလို ပြောရရင် ဇာတာပေါ့။ ချမ်းသာမယ့်ဇာတာ၊ ဆင်းရဲမယ့်ဇာတာ၊ ပင်ပန်းမယ့်ဇာတာ စသဖြင့်ပေါ့။
ကိုယ်ကကျ အတိုက်ခိုက်ခံရလေ အောင်မြင်လေ ဇာတာမျိုး။ ကိုယ့်ဘဝမှာ တိုက်ခိုက်မှုတွေ မကြုံရခင်က ဘာလုပ်လုပ် ကြိုးစားလို့သာ ကြိုးစားမှုရလဒ်လေး ရတာ၊ အောင်မြင်တယ် မဆိုသာဘူး။
အတိုက်အခိုက်တွေ ကြုံလာရပြီးနောက် ကိုယ့်ဘဝမှာ အထွေအထူး အတင်းကြီးလုပ်ယူမနေဘဲကို အောင်မြင်တယ်။ သိသိသာသာဆိုရင် အတိုက်ခိုက်ခံရတာတွေ ငြိမ်နေရင် အလုပ်အကိုင်စန်းလာဘ်တွေ နည်းနည်းကျသွားတာမျိုး။
အတိုက်အခိုက်တွေ စီစီဝေနေပြီဆိုရင် အလုပ်အကိုင်တွေ ပွင့်လန်းတာ၊ အခွင့်အလမ်းတွေ ပွင့်တာ၊ အချိတ်အဆက်ကောင်းတွေ ရတာ၊ ကံနဲ့ပတ်သက်တာတွေ သိသိသာသာ တိုးတက်လာတာမျိုး။
ဇာတာဘာညာ ခဏဖယ်ထား၊ လက်တွေ့ကျကျ တွေးကြည့်မယ်ဆိုရင် ကိုယ်က မူလက ငပျင်းဓါတ်ခံရှိတာဆိုတော့ အတိုက်အခိုက်တွေ ငြိမ်နေရင် သိပ််မကြိုးစားချင်လှဘူး။ စာအုပ်လေးဖတ် သီချင်းလေးနားထောင်ရင်း အိပ်ရာထဲ ခွေနေချင်တဲ့ ငပျင်း။ အတိုက်အခိုက်တွေ ကြုံလာပြီဆိုရင် ငါ့ကို ကျရှုံးစေချင်တာ၊ ငါ့ကို ပျက်စီးစေချင်တာ၊ ငါဒီလိုနေလို့မရဘူးဆိုပြီး ဇွတ်မိုတီတွေတက်၊ အတင်းကြုံးရုန်းလုပ်။ အဲ့လိုမျိုးကြောင့်လား မပြောတတ်။
ဗေဒင်တွေ လက္ခဏာတွေ ကြည့်လေ့ကြည့်ထ မရှိပေမယ့် လေးစားရတဲ့ စာရေးဆရာတစ်ယောက်က ဖေ့စ်ဘုတ်ပေါ် အမှတ်တမဲ့မြင်
လိုက်တဲ့ ကိုယ့်လက်ဝါးကို မြင်ပြီး စိတ်ဝင်စားလို့ လက်ပုံလေး ပို့ပေးပါဆိုပြီး ကြည့်ပေးတုန်းက ပြောဖူးတယ်။
အတိုက်အခိုက်တွေ ကြုံနေရရင် ပျော်လိုက်တဲ့။ အတိုက်အခိုက်တွေ ကင်းပသွားတဲ့တစ်နေ့ ကျရှုံးတဲ့နေ့ပဲတဲ့။
အခုဆို ကျရှုံးမှာ စိတ်မပူရတော့ဘူးလေ။ နေ့စဉ် ကိုယ့်ထမင်းကိုယ်စား တစ်ပြားမှ ပေးထားစရာ မလိုဘဲ ပါရမီဖြည့်ပေးနေကြတဲ့ကောင်တွေ တစ်အုပ်ကြီး ရှိနေပြီဟာ။
အခုလည်း TPS ပိတ်တဲ့ကိစ္စ မဆီမဆိုင် ဝုန်းခနဲ တိုက်ခိုက်ခံလိုက်ရတာ ဝုန်းခနဲ ပျော်စရာတွေ ရောက်လာပြန်တယ်။
အဲ့လိုကျ တန်သား။
ဟိ
❤ 1 504👏 254😁 84🔥 10
ပန်ဆယ်လို့ကို တိုင်ပေးပါ ဘာညာလုပ်နေတဲ့ကိစ္စ တစ်ခုလောက် စဉ်းစားကြည့်လို့ရအောင် ပြောပြမယ်။
US မှာ ပြစ်မှုကျူးလွန်ထားသူကို တစ်ယောက်ပဲတိုင်တိုင် ဆယ်ယောက်ပဲတိုင်တိုင် အရေးယူစရာရှိရင် ယူတာပဲ။ ဒါပေမယ့် ပြစ်မှုကျူးလွန်ထားခြင်း မရှိတဲ့သူကို တိုင်တာက တစ်ဖက်က ပြန်Actionယူရင် တိုင်တဲ့လူဘက်မှာ Shock ရှိတယ်။ အထူးသဖြင့် ဖယ်ဒရယ်အေဂျင်စီတွေကို စာတွေအများကြီး ပို့ခိုင်း၊ တကယ်တမ်း ပြစ်မှုကျူးလွန်ထားခြင်း မရှိဘူးဆိုရင် ဒါက ဖယ်ဒရယ်အေဂျင်စီတွေကို Annoy လုပ်တာပဲ။
US ရဲ့ ဘယ်တရားရေးအဖွဲ့အစည်းကမှ ပစ်စာတွေ အများကြီး ရောက်လာတယ်။ ဒီလူ့ကို ခေါ်စစ်မယ်ဆိုပြီး စစ်လို့မရပါဘူး။ ဖမ်းလို့ မရပါဘူး။ မင်းမဲ့တိုင်းပြည်လည်း မဟုတ်သလို USမှာ မှီတင်းနေထိုင်တဲ့ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံကြားမှာ မြန်မာပြည်ဆိုတဲ့ ပိစိကွေးလေးက လူတွေ စောက်ဇယားလာရှုပ်သမျှ ပစ်စာပို့သမျှကို ထိုင်ရှင်းပေးဖို့ အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံထားတဲ့ ဒီအဖွဲ့အစည်းတွေက အားယားမနေဘူး။
ပြောနေတဲ့ကောင်ကို ကြည့်လိုက်။ အခြားနိုင်ငံမှာ ရှိနေတာလည်း မဟုတ်ဘူး။ US ထဲမှာပဲ ရှိနေတာ။ သူ့ဖာသာ အစွမ်းအစရှိရင် တိုင်လေ။ ဘာလို့ သူများကို တိုင်ခိုင်းနေတာလဲ။ ဘာကို ကြောက်နေလို့လဲဆိုတာ စဉ်းစား။
အခြားအဝေးကြီး မတွေးနဲ့၊ အဲ့လိုတိုင်ခိုင်းနေတာ အခုမှ မဟုတ်ဘူး။ ဘယ်နှနှစ်ရှိပြီလဲ။ ဒီက ကောင်မကြီး ဘာဖြစ်သွားတာ မြင်ဖူးလဲ။ အဲ့လို မဟုတ်မမှန်တိုင်တာတွေက တကယ်ထိရောက်ရင် ထိရောက်သင့်ပြီဖြစ်တဲ့အချိန် မဟူတ်ဘူးလား။
တိုင်ကြပါတိုင်ကြပါ တစာစာနဲ့။ သနားလို့ ကိုယ်တောင် ကိုယ့်ကိုယ်ကိုယ် ဝင်တိုင်ပေးချင်မိသွားတယ်။ ဘယ်သူကမှ မတိုင်ပေးကြဘူးလား။ ဘယ်သူကမှ နင့်ဘက်မှာ မရှိကြဘူးလား။
Lawsuit ရောက်ရင် အဲ့အချက်တွေကလည်း ဖယ်ဒရယ်အေဂျင်စီတွေနာမည်ကို အသုံးချပြီး ကြောက်ရွံ့အောင် စိတ်နာကျင်အောင် လုပ်ပါတယ်ဆိုပြီး ရှေ့နေက Damage တင်မှာပဲ။
ဆက်လုပ်နော်…. ဆက်တိုင်ခိုင်း
US မှာ ဥပဒေချိုးဖောက်တာဆိုလို့ မီးနီဖြတ်မောင်းတဲ့ Record တောင် မရှိဖူးအောင် ရှင်းလင်းနေတဲ့ ကိုယ့်ကို ဘယ်လိုပြစ်မှုတွေ လီဆယ်ဒုက္ခပေးနိုင်သွားမလဲ တအားစိတ်ဝင်စားနေပြီ။
ကိုယ်မှန်တယ်ထင်ရင် မြန်မာပြည်က အာဏာအရှိဆုံးကောင်တွေကိုတောင် နိုင်ငံမဲ့ဖြစ်ခံ၊ ပိုင်ဆိုင်မှုတွေလုပ်ငန်းတွေအသိမ်းခံပြီး ဆန့်ကျင်လာတဲ့ကောင်ကို USလို နိုင်ငံမျိုးမှာ ဒီအကွက်နဲ့ လာခြိမ်းခြောက်နေတာ။
နင်တို့ တကယ် ပျင်းစရာကြီး။
🙂
❤ 1 653👏 337😁 85🔥 12
နင့်ဘဝနင်တွေးထား
ပြန်နှင်ထုတ်ပစ်မယ်ဆိုတဲ့ အကောင်
နောက်သုံးလထိ ငါအမေရိကားမှာ ရှိနေရင်
ငါ့ကို ရောက်ရာနေရာကနေ နင်တို့ သုံးကြိမ်ဦးချတယ်လို့ မှတ်လိုက်မယ်နော်။
ပြောသမျှတွေ တစ်ခါမှ ဖြစ်လာတာလည်း မဟုတ်
အဲ့ဒါလည်း မရှက်ကြဘူး။
တအားငြီးငွေ့ဖို့ကောင်းတဲ့ဟာတွေ။
စိတ်ဝင်စားစရာ မကောင်းဘူး။
😌
❤ 1 320👏 319😁 79🔥 8
Blessings in disguise ဆိုတဲ့စကားလုံးကို ဒီကာလတွေထဲမှာ ခဏခဏ တွေးဖြစ်တယ်။ မြန်မာလို အနီးစပ်ဆုံးဆို အဆိုးထဲကအကောင်းဆိုတာမျိုးပေါ့။စစ်အာဏာသိမ်းမှုနောက်ပိုင်း ကိုယ့်ဘဝရဲ့ ဒီအပိုင်းအခြားမှာ ဒီစကားလုံးနဲ့ ထပ်တူကျတဲ့ဖြစ်ရပ်တွေ မကြာခဏ ကြုံရလို့ပဲ။
ဥပမာပြောပြမယ်။ အာဏာသိမ်းတာ ဖေဖော်ဝါရီလ၊ စစ်တပ်က ကိုယ့်ရဲ့ ဘဏ်အကောင့်ကို ပိတ်ချပစ်လိုက်တာ မတ်လထဲမှာ။ ဒါပေမယ့် ကိုယ်က ဖေဖော်ဝါရီလကတည်းက ဘဏ်ထဲကငွေတွေ ရွှေ့ထားနိုင်လိုက်တယ်။ အဆိုးကတော့ ပိတ်ချိန်မှာ သိန်းငါးရာလောက် ပါသွားတယ်။
ဘဏ်အကောင့်တွေ ပိတ်ခံလိုက်ရတဲ့အချိန်မှာ မြန်မာပြည်ထဲမှာဆို ငါ့ငွေကြေးတွေ မလုံခြုံနိုင်တော့ဘူးဆိုတာ သိသွားတဲ့အတွက် နိုင်ငံခြားငွေလဲထားဖြစ်သွားတယ်။ အဲ့အချိန်ကာလမှာ ဒေါ်လာစျေးက တက်စပြုနေပြီဆိုပေမယ့် ၁၃၅၀-၁၄၀၀ လောက်ပဲ ရှိသေးတယ်။
နောက်ပိုင်း ဒေါ်လာစျေးတွေ ၂၀၀၊၃၀၀ ကနေ လေးငါးခြောက်ထောင်ထိ တက်လာချိန်မှာ ကိုယ်နားလည်သွားတာက ဒါဟာ Blessings in disguise ပဲဆိုတာ။ ဘဏ်အကောင့်တွေသာ အပိတ်မခံလိုက်ရရင် ငွေလဲထားမှဖြစ်မယ်ဆိုတာမျိုး အဲ့အချိန်တုန်းက အပူတွေကြားမှာ ခေါင်းထဲ ရောက်လာလိမ့်မှာ မဟုတ်ဘူး။
အခုလည်း Blessings in disguise ကို ထပ်မြင်ရတယ်။ ဟိုကောင်တွေက ပြန်ပို့မယ် ဘာညာ အာချောင်တော့ ရှာဖတ်ကြည့်လိုက်တာ။
မိခင်နိုင်ငံက နိုင်ငံသားဖျက်သိမ်းကြောင်း ကြေညာခံထားရသူ၊ အမိန့်ထုတ်ခံထားရသူကို မည်သည့်အကြောင်းရင်းနဲ့မဆို မိခင်နိုင်ငံ ပြန်ပို့ရန် မဖြစ်နိုင်ပါတဲ့။
ဪ…. နိုင်ငံသားပယ်ဖျက်ခံလိုက်ရတယ်ဆိုတာက ဒီလိုအကောင်းတရားအတွက် ကြိုဖြစ်လာပေးတဲ့ အဆိုးတရားပါပဲဆိုတာ။
ဒါနဲ့ ထပ်စဉ်းစားကြည့်လိုက်တာ။
ပြန်ပို့ခံရအောင် TPS လည်း မဟုတ်။ ပြန်ပို့ခံရအောင် ကျူးလွန်ထားတဲ့အပြစ်လည်း ဘာမှ ရှိမနေ။
ဟိုကောင်တွေ ဖြစ်ချင်နေကြသလို သူတို့ဝိုင်းဒုက္ခပေးလို့ ပြန်ပို့တာမျိုး အမှုဆင်ခံရရင်တောင် မိမိက နိုင်ငံမဲ့။
မရှိခြင်းတရားတွေဟာ ချမ်းသာခြင်းတစ်မျိုးပါလား ငါ့ရှင်တို့ရယ်။
ဒုက္ခရောက်စေချင်လို့ နိုင်ငံသားပယ်ဖျက်ပစ်လိုက်တယ်ဆိုတဲ့ စောက်ပုတို့အတွက်လည်း မျက်ရည်တစ်စက်။
အဟက်ဟက်
❤ 1 609😁 216👏 98🔥 11
ကိုယ်ကတော့ ကိုယ့်မြန်မာတွေကို ဒုက္ခရောက်စေချင်လို့၊ စိတ်ပူစေချင်လို့ဆိုတဲ့စိတ် မြူတစ်မှုံစာတောင် မရှိပါဘူး။ ကိုယ့်မိသားစုဝင်တွေလည်း Refugee Status ပါပဲ။
TPS ကိစ္စ သတင်းတွေပဲ သတိထားမိပြီး Refugee တွေနဲ့ ပတ်သက်တဲ့သတင်းကို လွတ်သွားမှာ စိုးလို့ပါ။ လက်ရှိအစိုးရက ရှေ့အစိုးရလက်ထက်မှာ အမေရိကန်နိုင်ငံကို ခေါ်ထားတဲ့ Refugee တွေကို ပြန်လည်စစ်ဆေးဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်းပါပဲ။
ယူတို့ သိကြတဲ့အတိုင်းပဲ US ဟာ အခုအချိန်မှာ ငါက ဘာStatus မို့ဆိုပြီး ဂုဏ်ဆာလို့ ရနေတဲ့အခြေအနေမဟုတ်ပါဘူး။ ကိစ္စတစ်ခုခုရှိရင် နိုင်ငံသားဖြစ်နေရင်တောင်မှ အရာရာ ဖြစ်နိုင်ပါတယ်။ US ပြည်တွင်းသတင်းတွေ ဖတ်နေကျသူတွေဆို ပိုသိပါလိမ့်မယ်။
Refugee အနေနဲ့ လာတာမို့ Status ခိုင်တယ်ဆိုပြီး သူတပါးကို ပြန်ပို့ခံရမယ် ဘာညာ အာချောင်နေတဲ့ကောင်လည်း ကိုယ်တိုင်က မြန်မာစစ်တပ်ခိုင်းတာ လုပ်နေပြီး အမေရိကန်ကို လိမ်လည်ပြီး ဒုက္ခသည်နဲ့ ဝင်လာကြောင်း သက်သေအထောက်အထားနဲ့ ပေါ်ပေါက်ခဲ့ရင် ပြန်ပို့ခံရမှာပါပဲ။
ယူတို့လည်း လက်ရှိပုဂ္ဂိုလ်ကြီးအကြောင်း အသိသားနဲ့။ အလုပ်တွေလုပ်၊ အခွန်တွေဆောင်နေတဲ့လူနဲ့ အစိုးရဆီက ရသလောက်တောင်းစားနေတဲ့လူ၊ ဘယ်သူ့ပြန်ပို့ချင်မလဲဆိုတာ။
စဉ်းစားပေါ့… ငယ်တော့တဲ့ အရွယ်တွေလည်း မဟုတ်ဘူး။
😂
❤ 1 235👏 279😁 82🔥 9
အမှန်တော့ မနက်အိပ်ရာနိုးကတည်းက ဒင်းတို့ ရေးနေကြတာတွေ တွေ့သား။ တမင်လွှတ်ပေးထားတာ။
ကိုယ့်ကို TPS ဆိုပြီး TPS ရုတ်သိမ်းခံရတာ ပျော်တယ်ဆိုပြီး တင်ကြ။ တကယ်က ကိုယ်က TPS မဟုတ်။
အဲ့တော့ တကယ့် TPS တွေနဲ့ TPS တွေအတွက် စိတ်ပူပန်နေကြတဲ့ TPSတွေရဲ့ မိသားစုဝင်ဆွေမျိုးတွေက ပျော်ပြကြတဲ့ ကောင်တွေကို ရွံကုန်။
အဲ့ကျမှ မိမိပန်လေးက “မိမိသည် TPS မဟုတ်ချေ” လို့ ခပ်ချေချေလေး ထရေး။
ကဲ….
နင်တို့ကို ပျော်ခွင့်ပေးရအောင်
မိမိသည် ကိုငြိမ်းမောင် မဟုတ်။
အိုခေ 😉
❤ 1 320😁 273👏 133🔥 8😱 2
ကိုယ်တို့ မြန်မာတွေက အတော်တော့ ရယ်ရတယ်။
ချီးတွင်းထဲ ကျနေတာချင်း အတူတူ ငါဆွတ်ထားတဲ့ ရေမွှေးလေးက ပိုမွှေးတယ် လုပ်နေကြသေးတာ။
နိုင်ငံက မတည်ငြိမ်လို့၊ စစ်အာဏာသိမ်းလို့၊ စစ်ဖြစ်လို့၊ အဓိကရုဏ်းတွေဖြစ်လို့၊ ဆင်းရဲလို့ စတဲ့ မကောင်းတဲ့ အကြောင်းချင်းရာတွေကြောင့် ပြည်ပနိုင်ငံအသီးသီးမှာ ဒုက္ခသည်တို့ ခိုလှုံသူတို့ စသဖြင့် ရောက်ရှိကုန်ကြတာ။
နိုင်ငံက ပညာရေးမကောင်းလို့ အခြားနိုင်ငံမှာ ပညာသင် ပြည်ပရောက်ကုန်တာ။နိုင်ငံက အလုပ်မကောင်းလို့ အခြားနိုင်ငံမှာ အလုပ်လုပ်ရင်း ပြည်ပရောက်ကုန်တာ။ ငါက မွေးကတည်းက နိုင်ငံသားပါဆိုရင်တောင် ကိုယ့်မိဘ၊ ဘိုးဘွားလက်ထက်က ပြည်ပထွက်လာရခြင်း အကြောင်းရင်းကို မေးကြည့်။ နိုင်ငံရေး၊ နိုင်ငံအခြေအနေကြောင့်ဆိုတာနဲ့ မလွတ်စေရဘူး။
ဒါတောင် ငါက ကျောင်းသားဗီဇာမို့၊ ငါက အလုပ်ဗီဇာမို့ နင်တို့ထက်သာတယ်လို့ တွေးကြ။ ငါက ဒုက္ခသည် စတေးတပ်စ်မို့ နင်တို့ထက်သာတယ်လို့ တွေးကြ။ ငါက ခိုလှုံခွင့်မို့ နင်တို့ထက် သာတယ်တွေးကြ။ အချင်းချင်း ရသလိုလေး နှိမ်ကြ၊ ဖဲ့ကြ။ တစ်ယောက်ဒုက္ခရောက်ရင် တစ်ယောက် ဝမ်းသာကြ။
နားမခံနိုင်ရင် ဆောရီး၊ နည်းနည်းသည်းခံ
အကုန်လုံး ချီးတွင်းထဲ ကျနေကြတာဟေ့။ ချီးတွင်းထဲ ကျနေကြတာ။
မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းလေးတွေ ရှယ်ပဲ။
တယ်ကောင်း
🤣
❤ 1 309👏 314😁 88🔥 15
ကိုယ်ကဗုဒ္ဓဘာသာဆိုတော့ ဘုရားသခင်ဆိုတဲ့ God နဲ့ ပတ်သက်မှုတော့ မရှိပေမယ့် တခါတရံ ဘုရားသခင်ကို အားတော့ နာမိတယ်။
မဟုတ်တာတွေလုပ်၊ မကောင်းတာတွေလုပ်၊ လူတကာပတ်လိမ်၊ ဘာသာတူ လူမျိုးတူအချင်းချင်းလည်း လိမ်။ ဒီလိုလူတွေဘက်က နေ့စဉ် ဘုရားသခင် ဘုရားသခင် ပါးစပ်က မချတာကျ ဘုရားကို မျက်နှာ မပူကြဘူးလား မသိဘူး။
တခါတရံ ဘုရားပါ အမှုတွဲသေးတာ။ ဘုရားက ကျယ်မဘက်မှာ ရှိတယ်တဲ့။ ဘုရားကို လူလိမ်အားပေးဖြစ်အောင်။
ဘုရားက လမ်းပြတာတဲ့။ ဘယ်ဘုရားမှ ဘယ်သူ့ကို ဘယ်လိုလိမ်ရမလဲ လမ်းမပြဘူး။
လူတွေကို လိမ်နိုင်တာ ထားလိုက်ဦး။ ကိုယ်ကိုးကွယ်တဲ့ဘုရားထိ လိမ်နိုင်တာကျ အလစ်တဲ အံ့ဩ။
စိတ်ပိန်တယ် အန်တီရယ်။
❤ 1 211😁 370👏 123🔥 8😱 1
ချင်းလူမျိုးအချင်းချင်း ရေနံမြေတွေဆိုပြီး လိမ်ရောင်းလို့ အမေရိကန်တရားရုံးက ဒေါ်လာသုံးသန်း လျော်ကြေးပေးခိုင်းပြီး တရားဝင်420 တံဆိပ် ကပ်ခံထားရတဲ့
အန်တီဖိုးတွမ်တီးဗြားကြီးက ဘာထဖြစ်။
ကိုယ့်ဖာသာ လျော်စရာရှိတာ လျော်ပါ အန်တီရယ်။ အခုခေတ်က စီတီဇင်သော ဘာသော စိတ်ချရတာ မဟုတ်ဘူး။
ဟယ်….
တို့ တဖန်ပြန်စိတ်ပူနေမိပြီ။
🤣
😁 1 206❤ 295👏 115🔥 7
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသားတွေကို ပေးထားတဲ့ TPS Status ကို ရုတ်သိမ်းကြောင်း ကြေညာတဲ့ကိစ္စက ဘယ်မြန်မာအတွက်မှ ပျော်စရာကိစ္စ ဟုတ်မနေဘူးလေ။
ဘာဖြစ်လို့လဲဆိုတာ ကိုယ်တွေရဲ့ အမိနိုင်ငံက အမှန်တကယ် တည်ငြိမ်နေတာ မဟုတ်သလို မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံနေတာလည်း မဟုတ်။ အဲ့ဒါကို မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးပြီး ပြည်ပရောက် Status ခိုင်ခိုင်တစ်ခုရတာနဲ့ ငါတို့တော့ ရပြီးပြီ၊ နင်တို့မရတာပျော်တယ်လို့ လုပ်နေတဲ့ကောင်တွေ ကိုယ့်စိတ်ဓါတ် ချီးပေနေတာ လူမြင်တာပေါ့။
ဒီလိုပြောလို့ ကိုယ်က TPS မဟုတ်ဘူး။ TPS နဲ့ တစ်ခါမှလည်း မနေခဲ့ဖူးဘူး။ ဒါပေမယ့် အမေရိကားရောက် မြန်မာငါးသိန်းကျော်လောက်မှာ TPS နဲ့ နေထိုင်သူ လေးထောင်ဝန်းကျင်လောက် ရှိတယ်။ အများစုက ကျောင်းသားတွေ ဖြစ်တယ်။
အချို့စိတ်ပူနေကြလို့ ပြောပြတာပါ။ TPS ရုတ်သိမ်းတဲ့ကိစ္စကြောင့် အရမ်းစိတ်ပူစရာ မရှိဘူးဆိုတာကိုပါ။လွန်ခဲ့တဲ့နှစ်တွေကတည်းက TPS ရုတ်သိမ်းမယ့် သတင်းတွေ ထွက်ခဲ့တာမို့ TPS သမားတွေ အတော်များများက ရေရှည်ခိုလှုံခွင့်ကို ပြောင်းလျှောက်ထားပြီးကြသလောက် ဖြစ်နေကြပါပြီ။
အခုထိ မပြောင်းရသေးသူတွေအနေနဲ့လည်း Effective Date ရောက်ဖို့ နှစ်လလိုသေးတာမို့ နှစ်လအတွင်းမှာ ပြောင်းလျှောက်ထားနိုင်တဲ့အချိန်ရတာမို့ အဆင်ပြေကြမှာပါ။
ဆိုတော့ကာ ဒီကိစ္စဟာ အမေရိကန်ပြည်ထောင်စုရဲ့ Immigration Policy အပြောင်းအလဲသာ ဖြစ်ပြီး အထွေအထူးအကြီးအမားကြီး အပြုံလိုက်ပြန်ပို့ခံရတာ ဖြစ်စရာ သိပ်မရှိပါဘူး။
ကိုယ်တိုင်က Refugee နဲ့လာခွင့်ရတာနဲ့ ကျန်တဲ့မြန်မာတွေ Travel Ban ကြောင့် လာခွင့်မရတာ၊ TPS ရုတ်သိမ်းခံရတာတွေကို ပျော်ပြနေတဲ့ ဇီးသီးသည်မဗျိုင်း စောက်ဆင့်မရှိတဲ့ အောက်တန်းစားတွေကို မြင်လိုက်ရတာကတော့ အမြတ်ပေါ့။
US သည် နင်တို့အမေလင်ပိုင် နိုင်ငံမဟုတ်။
အိုခေ?
❤ 1 399👏 316😁 49🔥 12
