ch
Feedback
2025 年数字统计snowflakes fon
card fon
44 978
订阅者
无数据24 小时
无数据7
+1330
帖子存档
■ မြန်မာနိုင်ငံအ​နေဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရန် အာဆီယံက ​​တောင်းဆို​ကြောင်းနှင့် မြန်မာရွေးကောက်ပွဲများကို မည်သည့်အဖွဲ့ကမျှ တားဆီးနိုင်မည်မဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ​​ပြောကြား မြန်မာအာဏာပိုင်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့အစည်းတစ်ခုလုံးအပေါ် ကြီးမားစွာသက်ရောက်မှုရှိနေသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို နှိမ်နင်းရန် အာဆီယံကတောင်းဆိုကြောင်းနှင့် မြန်မာရွေးကောက်ပွဲများကို မည်သည့်အဖွဲ့ကမျှ တားဆီးနိုင်မည်မဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆာရီ မိုဟာမက် ဟက်ဆန်က ပြောကြားသည်။ နယ်စပ်ဖြတ်​ကျော် ရာဇဝတ်မှုပြဿနာသည် ပျံ့နှံ့ခဲ့ပြီး လက်ရှိတွင်မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် နိုင်ငံများကိုပါ ထိခိုက်နစ်နာစေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆာရီ မိုဟာမက် ဟက်ဆန်က ပြောကြားခဲ့သည်။ ■ Ref: Bernama ■ Website Link >>>>> https://news-eleven.com/article/307129
显示全部...
👍 48 15😱 15🥰 6👏 1
■ မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသွားသည့် မြောက်ကိုရီးယားစစ်သားများအတွက် အထိမ်းအမှတ်အဆောက်အအုံ တည်ဆောက် ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့ပြီး သေဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သားများ အတွက် အထိမ်းအမှတ်အဆောက်အအုံတစ်ခုကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း မြောက်ကိုရီး ယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက အောက်တိုဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။ တိုက်ခိုက်ရေးစွမ်းရည် အထိမ်းအမှတ်ပြတိုက်ဟု အမည်ပေးထားသည့် ထိုအဆောက်အအုံကို ပြုံယမ်းမြို့တော် တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ထိုအဆောက်အအုံတည်ဆောက်မှုတွင် အုတ်မြစ်ချအခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန် နှင့် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်တို့ တက်ရောက်ခဲ့သည်။ ထိုပြတိုက်သည် စစ်မှန်သည့် မျိုးချစ်ပုဂ္ဂိုလ်များ၏ ထာဝရရှင်သန်နိုင်မှုကို ရည်စူးဖော်ပြသည့် အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။ ■ Read More >>>>https://news-eleven.com/article/307126
显示全部...
👍 57 18👏 7🥰 3
07:24
视频不可用在 Telegram 中显示
အောက်တိုဘာ ၂၄ ရက် ညနေခင်းသတင်း (တိုက်ရိုက်ထုတ်လွှင့်မှု) ▄ မြဝတီမြို့အတွင်း၌ KK Park ဆိုဒ်များမှ အလုပ်သမားဟုယူဆရသည့် တရားမဝင်နိုင်ငံခြားသား ၁၁၈ ဦးကို စနစ်တကျထိန်း သိမ်းထားပြီး လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်နေဟုဆို ▄ မြဝတီမြို့ရှိ KK Park မှ နိုင်ငံခြားသားများ ထိုင်းဘက်သို့ ထွက်ပြေးလာပြီး လက်ရှိတွင် ၅၀၀ ကျော်ရှိလာကာ အရေအတွက် ထပ်မံတိုးလာနိုင်ဟု ထိုင်းသတင်းများတွင် ဖော်ပြ ▄ ကျားဖျန့်လုပ်ငန်းများနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခံရသည့် ထိုင်းဝန်ကြီးတစ်ဦး နုတ်ထွက် ▄ အင်တာမိုင်ယာမီအသင်းနဲ့ မက်ဆီ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို
显示全部...
24 eve Packate~1.mp4109.95 MB
👍 34🥰 5 3
■ထိုင်းနှင့်ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုးတက်မှုရှိခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ပြောကြား ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုးတက်မှုရှိခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး နက်သာပွန် နတ်ဖာနစ်က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားသည်။ ယခုသီတင်းပတ်အတွင်း ထိုင်းနှင့်ကမ္ဘောဒီးယားကြား ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အဓိပ္ပာယ်ပြည့်ဝသည့် တိုးတက်မှုရှိခဲ့ကြောင်း နက်သာပွန်က နှစ်နိုင်ငံကြား ဖြစ်နိုင်ဖွယ်ရှိသည့် ကျယ်ပြန့်သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်မရေးထိုးမီ ပြောကြားသည်။ ယခုလအတွင်း မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြိုကတော်တွင် ပြုလုပ်မည့် အာဆီယံအစည်းအဝေးတွင် ထိုင်းနှင့် ကမ္ဘောဒီးယားကြား သီးသန့်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးမှုကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မျက်မြင်အဖြစ် တက်ရောက်ဖွယ်ရှိကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြောကြားထားသည်။ ■ Website Link >>>>https://news-eleven.com/article/307124
显示全部...
👍 28 15👏 2
照片不可用在 Telegram 中显示
■ ဆိပ်ဖြူမြို့နယ် ရှောက်ပင်အင်းကျေးရွာ အထကကျောင်းမှ မူလတန်းပြဆရာမတစ်ဦးနှင့် ၎င်း၏ခင်ပွန်းအပါအဝင် အရပ်သားသုံးဦးကို PDF များက ဖမ်းဆီးခေါ်ဆောင် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ရှောက်ပင်အင်းကျေးရွာ အထကကျောင်းမှ မူလတန်းပြဆရာမတစ်ဦးနှင့် ၎င်း၏ခင်ပွန်းအပါအဝင် အရပ်သားသုံးဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်ရရှိသည်။ ဆိပ်ဖြူမြို့နယ် သရက်ခုံကျေးရွာတွင်နေထိုင်သည့် ရှောက်ပင်အင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဒုတိယမူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ကြူကြူဋ္ဌေးသည် ခင်ပွန်းဖြစ်သူ ဦးဇော်မင်းစိုးနှင့်အတူ ရှောက်ပင်အင်းကျေးရွာတွင်နေထိုင်သည့် ကိုရဲလင်းအောင်မောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက သရက်ခုံကျေးရွာမှ ဆိပ်ဖြူမြို့သို့ ထွက်ခွာလာစသ် ဆိပ်ဖြူ-ကဇွန်းမ-ရှောက်ပင်အင်းကျေးရွာသွား ကားလမ်းပေးအရောက်တွင် PDF များက ၎င်းတို့စီးနှင်းလာသည့် မော်တော်ယာဉ်ကိုတားဆီး၍ ၎င်းတို့သုံးကို အဆိုပါမော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ■ Website Link >>>>https://news-eleven.com/article/307123
显示全部...
🤬 34👍 10😱 3 2
■ အမေရိကန်က ဖမ်းဆီးရန်အလိုရှိသည့် တရုတ်နိုင်ငံသား မူးယစ်မှောင်ခိုကူးသူကို ကျူးဘားတွင် ဖမ်းဆီးရမိ အမေရိကန်က ဖမ်းဆီးရန်အလိုရှိနေသည့် တရုတ်နိုင်ငံသား မူးယစ်ဆေးဝါးမှောင်ခိုကူးသူကို ကျူးဘားတွင် ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကိုအရာရှိများက ပြောကြားသည်။ အဆိုပါ တရုတ်နိုင်ငံသားသည် အမေရိကန်နိုင်ငံအတွင်းသို့ ဖန်တနိုင်းလ်နှင့် ကိုကင်းများကို ပမာဏအများအပြားဖြင့် မှောင်ခိုတင်သွင်းခဲ့ကြောင်း အမေရိကန်ကစွပ်စွဲခဲ့သည်။ သံသယယရှိသူသည်မက္ကဆီကိုတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း ထိန်း သိမ်းခံထားရချိန်အတွင်း ထွက်ပြေးလွတ် မြောက်သွားခဲ့ကာ ယခုအခါတွင်ကျူးဘား၌ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မက္ကဆီကိုအရာရှိများက ပြောကြားသည်။ ■ Website Link >>>>https://news-eleven.com/article/307122
显示全部...
👍 37 5👏 5🤬 2
👍 25👏 5
■ မြဝတီမြို့ရှိ KK Park မှ နိုင်ငံခြားသားများ ထိုင်းဘက်သို့ထွက်ပြေးလာသူ တစ်ထောင်ကျော်ရှိလာပြီး ထိုင်းအာဏာပိုင်များက နယ်စပ်ကို တင်းကြပ်ကာ ဝင်ရောက်လာသူများကို မှုခင်းမှတ်တမ်းရှိမရှိ စစ်ဆေး မြဝတီမြို့ရှိ KK Park မှ နိုင်ငံခြားသားများ ထိုင်းဘက်သို့ထွက်ပြေးလာသူ တစ်ထောင်ကျော်ရှိလာပြီး ထိုင်းအာဏာပိုင်များက နယ်စပ်ကို တင်းကြပ်ကာ ဝင်ရောက်လာသူများကို မှုခင်းမှတ်တမ်းရှိမရှိ စိစစ်နေဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် khasod English ၌ သတင်းဖော်ပြထားသည်။ ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အဆောက်အအုံများကို မြန်မာတပ်မတော်က ဝင်ရောက်စီးနင်းပြီးနောက်တွင် အဆိုပါဝင်းအတွင်း ကျန်ရှိနေသည့်အဆောက်အအုံများမှ နိုင်ငံခြားသားများ ထွက်ပြေးလာခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။ လိမ်လည်သူများအဖြစ် သံသယရှိသူ တစ်ထောင်ကျော်မှာ အောက်တိုဘာ ၂၄ ရက်တွင် နယ်စပ်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး နာရီနှင့်အမျှ တိုးလာနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။ ထွက်ပြေးလာသူများထဲတွင် အိန္ဒိယနိုင်ငံသား ၃၉၉ ဦးဖြင့် အများဆုံးဖြစ်ပြီး ယင်းနောက်တွင် တရုတ်နိုင်ငံသား ၁၄၇ ဦး ပါဝင်ကြောင်း၊ အလားတူ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါနှင့် ထိုင်းနိုင်ငံသား ၃၁ ဦး အပါအဝင် အခြားနိုင်ငံအသီးသီးမှ နိုင်ငံသားများလည်း ပါဝင်သည်ဟု သတင်းတွင် ရေးသားထားသည်။ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ ရဲဒုဗိုလ်ချုပ်ကြီး Choengron Rimpadee က လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် လူတစ်ဦးချင်းစီ၏ အထောက်အထားများ၊ ခရီးသွားအချက်အလက် များနှင့် ရာဇဝတ်မှုမှတ်တမ်းများကို စိစစ်ရန်အတွက် တာ့ခ်ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ■ Read more >>>>https://news-eleven.com/article/307120
显示全部...
👍 28 23👏 5🤬 1
■ တိုက်ကြီးမြို့နယ်တွင် တစညပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးကို ၎င်း၏ခင်ပွန်းဖြစ်သူက ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းမပြုရန် ရိုက်နှက်ခြင်းနှင့် သတ်ပစ်မည်ဟုခြိမ်းခြောက်သဖြင့် ဖမ်းဆီးအရေးယူထား ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် တိုင်းရင်းသားစည်လုံးညီညွတ်ရေးပါတီ(တစည်)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးကို ၎င်း၏ခင်ပွန်းဖြစ်သူက ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းမပြုရန် ရိုက်နှက်ခြင်းနှင့် သတ်ပစ်မည်ဟုခြိမ်းခြောက်သဖြင့် ဖမ်းဆီးအရေးယူထား ကြောင်း သတင်းရရှိသည်။ တိုက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာနေ ဦးကျော်လင်းထွန်း(ခ)ဂဏန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ၎င်း၏ဇနီး ဒေါ်လေးလေးမြင့်အား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ရိုက်နှက်ခြင်း၊ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ကျော်လင်းထွန်း(ခ)ဂဏန်းအား အောက်တိုဘာ ၁၇ ရက်တွင် ဥက္ကံနယ်မြေရဲစခန်း (ပ)၄၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) ဖြင့် အမှုဖွင့်အရေးယူးထားကြောင်း သိရသည်။ ■ Read more >>>>https://news-eleven.com/article/307118
显示全部...
👍 36 17😱 9👏 5😢 2
👍 16👏 3😱 1
■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားများ ထပ်မံဖမ်းဆီးခံရ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရပြန်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက်နေ့ ညပိုင်းက ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ် ဘန့်ဖူးပရာဒူကျေးရွာအနီး အဝေးပြေးလမ်းမပေါ်တွင် အထောက်အထားမဲ့ မြန်မာနို်ငငံသားများတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးအား ထိုင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ထို မော်တော်ယာဉ်မှာ လမ်းကွေ့တစ်နေရာ၌ လမ်းဘေးရှိ ဓါတ်တိုင်အားဝင်ရောက်တိုက်မိကာ ရပ်တန့်သွားပြီး၊ ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်ရာအနီးရှိ တောအုပ်ထဲသို့ ဝင်ရောက်ထွက်ပြေးသွားသည်။ ယင်းမော်တော်ယာဉ်အား ထိုင်းရဲတပ်ဖွဲ့မှစစ်ဆေးခဲ့ရာ ယာဉ်အတွင်း အထောက်အထားမဲ့ မြန်မာနို်ငငံသား အမျိုးသား (၇) ဦးနှင့်၊ အမျိုးသမီး (၈) ဦး အားတွေ့ရှိဖမ်းဆီးခဲ့သည့်အပြင် လာအိုနိုင်ငံသူတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဆိုထားသည်။ Photo– Thai News ■ Website Link >>>>https://news-eleven.com/article/307117
显示全部...
👍 30 3👏 3
■စားသုံးဆီကို လိုအပ်သည့်ထက် ပိုမိုစားသုံးပါက နာတာရှည်ရောဂါများရရှိနိုင်ပြီး ကြီးမားသောဆိုးကျိုးများ သက်ရောက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် စားသုံးဆီကို လိုအပ်သည့်ထက် ပိုမိုစားသုံးပါက နာတာရှည်ရောဂါများရရှိနိုင်ပြီး ကြီးမားသောဆိုးကျိုးများ သက်ရောက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်တွင် သက်ရှည်ကျန်းမာဖို့ စားသုံးဆီကိုလျှောစားစို့ မြန်မာနိုင်ငံသားများ၏ ပျမ်းးမျှတစ်ဦးချင်း ဆီစားသုံးမှုသည် ပုံမှန်စားသုံးသင့်သည့်ပမာဏထက်များစွာသုံးစွဲနေကြောင်း စစ်တမ်းများအရသိရှိရသည်။ ■ Read more >>>>https://news-eleven.com/article/307111
显示全部...
👍 39👏 5 3😱 2🤬 1
■E-စီးကရက်(Vape) သုံးစွဲသူများတွင် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပွားနိုင်ခြေအလွန်မြင့်မားခြင်းကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် E-စီးကရက်(Vape) သုံးစွဲသူများတွင် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပွားနိုင်ခြေအလွန်မြင့်မားခြင်းကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် သတိပြုဖွယ် E-စီးကရက်(Vape) အန္တရာယ် E-စီးကရက်(Vape) ၏ အစိတ်အပိုင်းများ ရည်ကို အဖြစ်ပြောင် E-စီးကရက် (Vape) သောက်သုံးခြင်းသည် ဆေးလိပ်၊ စီးကရက်များ သောက်သုံးခြင်း ကဲ့သို့ သုံးစွဲသူ၏ အဆုတ်ကို ဆိုးရွားစွာ ထိခိုက်စေခြင်း၊ သုံးစွဲသူတွင် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားခြင်းတို့ကို တွေ့ရှိရသည်။ E-စီးကရက် (Vape) အငွေ့တွင် ပါဝင်သော အန္တရာယ်ရှိပစ္စည်းများ အငွေ့ပျံလွယ်သော အော်ဂဲနစ်ဒြပ်ပေါင်းများ ကင်ဆာဖြစ်စေနိုင်သော သည် ဓာတုပစ္စည်းများ ၊နီကိုတင်း၊ နီကယ်၊ သံဖြူ၊ ခဲသား စသည့် သတ္တုပစ္စည်းများ ၊သာမန်မျက်စိဖြင့် မမြင်နိုင်သော အမှုန်များ၊ အဆုတ်ကို ဆိုရွားစွာ ထိခိုက်စေနိုင်သည့် ရနံ့အရသာပေးသော ဓာတုပစ္စည်းများ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။ ■ Read more >>>>https://news-eleven.com/article/307110
显示全部...
👍 49 9👏 3
■ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံထရွိုင်ကာ အစည်းအဝေးကို ယနေ့ကျင်းပမည် မလေးရှားနိုင်ငံတွင် ၄၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ပြုလုပ်ရန်စီစဉ်ထားမှုနှင့်အတူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံထရွိုင်ကာ (ASEAN Troika) အစည်အဝေးကို အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝင်္နကြီး ဒါတွတ်ဆာရီ မိုဟာမက်ဟက်ဆန်က ပြောကြားခဲ့သည်ဟု Bernama သတင်းတွင် ဖော်ပြထားသည်။ အောက်တိုဘာ ၂၄ ရက်မွန်းလွဲပိုင်းတွင် အဆိုပါအာဆီယံထရွိုင်ကာအစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး မကြာသေးမီက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ကာလကြာရှည်ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခကို ငြိမ်းချမ်းစွာနှင့် ပေါင်းစုံပါဝင်ပြီး ရေရှည်တည်တံ့သည့် အဖြေတစ်ခု ရရှိရေးအတွက် အာဆီယံ၏ အားထုတ်ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။ ASEAN Troika အစည်းအဝေးကို ၂၀၂၃ ခုနှစ်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်အာဆီယံဥက္ကဋ္ဌ၊ လက်ရှိ အာဆီယံ ဥက္ကဋ္ဌနှင့် နောက်တက်လာမည့် အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူရသည့် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများပါဝင်သည့် သုံးပွင့်ဆိုင်အစည်းအဝေးတစ်ခုဖြစ်သည်။ “မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ အာဆီယံမိတ်ဖက်တွေကို ပြောပြသွားမှာပါ” ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။ လက်ရှိအာဆီယံ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံသည် ယခုနှစ်ဖေဖော်ဝါရီနှင့် မေလများတွင် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခဲ့သည်ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။ ■ Website Link >>>>https://news-eleven.com/article/307109
显示全部...
👍 23 7👏 3🤬 1
09:18
视频不可用在 Telegram 中显示
Packate Morn T.mp495.10 MB
10👍 7🥰 1
အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် - Space X ကုမ္ပဏီက မြန်မာနိုင်ငံရှိ ကျားဖျန့်စင်တာများတွင် အသုံးပြုနေသည့် Starlink ပစ္စည်း ၂၅၀၀ ကျော်ကို ဝန်ဆောင်မှု ဖြတ်တောက် - ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်းသို့ နိုင်ငံပေါင်း ၄၀ မှ တရားမဝင် ဝင်ရောက် လာသူစုစုပေါင်း ၉၅၀၀ ကျော်ရှိ - ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအထိ ရှစ်လအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မီးလောင်မှု ၇၂၂ ကြိမ် ဖြစ်ပွားပြီး လူ ၅၉ ဦး သေဆုံးကာ ကျပ်သန်း ၆၂၀ဝ ကျော် ဆုံးရှုံး - ပါကစ္စတန်တွင် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးသည့်အစီအစဉ်ကို အရှိန်တိုးမြှင့်လုပ်ဆောင်နေ - မွန်တာရေးအသင်းနဲ့ သက်တမ်းတိုးလိုကြောင်း ရာမို့စ် ပြောကြား
显示全部...
28👍 25🥰 2
■ မိုင်းရယ်မြို့မှ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၁၄ ဘီလျံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းကျော်နှင့် ဘိန်းဖြူ ၂၉ ကီလိုကျော် ကလေးမြို့နယ်တွင် ဖမ်းဆီးရမိ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၁၄ ဘီလျံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းကျော်နှင့် ဘိန်းဖြူ ၂၉ ကီလိုကျော် ကလေးမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲအချိန် သတင်းအရ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာ အနီးတွင် ငြိမ်းချမ်းမောင်(ခ)ကုလားလေး မောင်းနှင်လာသော FORLAND အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁၁ နာရီခွဲ အချိန် ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ထူးအောင်ကျော် အား စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စင်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ မန်တုံမြို့နယ်နေ ယောရှု(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း၊ အလားတူ မူးယစ်ဆေးဝါးများအား မိုင်းရယ်မြို့ဘက်မှ သယ်ဆောင်လာကြောင်း သတင်း ကွင်းဆက်အရ ဆက်လက်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် ကျော်ဌေး မောင်းနှင်လာသည့် FORLAND အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိဘိန်းဖြူများအား ဝယ်ယူသူ ပေါင်ရှန်းဟောက်(ခ)ကိုချင်းအား ယင်းနေ့ ညနေ ၅ နာရီအချိန် ကလေးမြို့၊ စက်မှုဇုန် သွားလမ်းတွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူများအား မိုင်းရယ်မြို့မှ ကလေးမြို့နယ်သို့ တာဝန်ခံသယ်ဆောင်ခဲ့သူများဖြစ်သည့် လီလေးအား ယင်းနေ့ညနေ ၆ နာရီအချိန်တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် လည်းကောင်း၊ စိုးမြင့်(ခ)ကုလားလေးအား အောက်တိုဘာ ၁၆ ရက် ညနေ ၅ နာရီအချိန် လားရှိုးမြို့၊ ရပ်ကွက်(၇)တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ဒသမ ၂ သိန်း(၎င်းဒေသတန်ဖိုးကျပ် ၁၃ ဒသမ ၀၄ ဘီလျံ)နှင့် ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလို (၎င်းဒေသတန်ဖိုး ကျပ် ၁ ဒသမ ၄၆၁၅ ဘီလျံ)၊ စုစုပေါင်း ၎င်းဒေသတန်ဖိုး ကျပ် ၁၄ ဒသမ ၅၀၁၅ ဘီလျံအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ■ Website Link >>>>https://news-eleven.com/article/307097 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
显示全部...
👍 34👏 18 6🥰 1😱 1
👍 25👏 5😱 2 1🥰 1
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ Super Senior Agent များဖြစ်သူ ဇင်မင်းအောင် (ခ)ဇင်ကြီး၊ ဖြိုးမင်းသူ(ခ)ရောင်နီ၊ ပြည့်ဖြိုးအောင်(ခ)မင်းထက်၊ ယဉ်မင်းလှိုင်၊ မာရီယာနှင့် ခင်မောင်ဖြိုး (ခ)ဇော်ဝင်းတို့ ခြောက်ဦးမှ ချိတ်ဆက်ထားသည့် လောင်းကစား Website ရှိ Distributor Agent များထံမှ လောင်းကစားမှုပြုလုပ်နိုင်သည့် ယူနစ်များအား ဝယ်ယူပြီး Senior Agent များဖြစ်သူ ဝင်းပပအောင် နှင့် သက်ဖြိုးနိုင်တို့ နှစ်ဦး အပါအဝင် Senior Agent များအား ညှိနှိုင်းဈေးနှုန်းဖြင့် ပြန်လည်ရောင်း ချကြောင်း၊ ထို့နောက် Senior Agent များမှ Master Agent များ၊ Agent များဖြစ်သူ သူရအောင်၊ သိန်းထိုက်အေး၊ မေမြတ်နိုး၊ အောင်မင်းခန့်၊ သိန်းထိုက်စံ၊ ကောင်းမြတ်သူ၊ ထက်ထက်နိုင်၊ ချမ်းမို့မို့ဖြိုး၊ ရတနာတိုးဝေနှင့် သဉ္ဇာငြိမ်းတို့ ၁၀ ဦးအပါအဝင် Agent များနှင့် လောင်းကစားမှုပြုလုပ်သည့် User များထံသို့ အဆင့်ဆင့်ငွေကြေးအမြတ်ယူ၍ ပြန်လည်ရောင်းချကြောင်း သိရသည်။ ငွေလွှဲ/ငွေထုတ် ပြုလုပ်ခြင်းများအား မိုးဟိဏ်းထွန်း၊ ဇော်ထိုက်အောင်၊ ဟိန်းဇော်ဦး၊ စုပုံချစ်နှင့် မေသဇင်ထွန်း၊ အေးချမ်းအောင်၊ လျှံဖုန်းပိုင်၊ ဟိန်းသီဟ (ခ)ဂျိုကာနှင့် အောင်ချမ်းမင်းတို့ ကိုးဦးအပါအဝင် ငွေလွဲ/ငွေထုတ်ပြုလုပ်သူများမှ KBZ Special Account KBZ Bank Account ၊ AYA Bank Account ၊ YOMA Bank Account ၊ CB Bank Account ၊ UAB Bank Account ၊ A Bank Account ၊ AYA Pay Account ၊ Kpay Account နှင့် Wavepay Account များ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်တွင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ လက်ကိုင်ဖုန်း ၄၉ လုံး၊ လက်တော့ပ် နှစ်လုံး၊ Tablet နှစ်လုံး၊ မော်တော်ယာဉ် ၈ စီးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ထိရောက်စွာ အမှုဖွင့်လှစ်အရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ■ Website Link >>>>https://news-eleven.com/article/307096 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
显示全部...
👍 41 14🥰 1😱 1
■ ရန်ကုန်နှင့် မန္တလေးတို့တွင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးကို ဖမ်းဆီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ အချို့သောဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များသည် Online အခြေပြုလောင်းကစား Website များ တည်ထောင်၍ လူမှုကွန်ရက်များပေါ်တွင် ပေါ်ပေါ်ထင်ထင် ကြော်ငြာမှုများပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲရပ်ကွက်၊ အမှတ် ၁၁၈ ရှိ Secret Villa Private Resort Ibet 789 Online ဘောလုံးလောင်းကစား Website လုပ်ငန်းလုပ်ကိုင်နေသူများ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ Super Senior Agent ဖြစ်သူ ယဉ်မင်းလှိုင်နှင့် မာရီယာ(ခ)မီးလေး၊ Senior Agent ဖြစ်သူ ဝင်းပပအောင်တို့ အပါအဝင် (၁၄) ဦးနှင့် လက်ကိုင်ဖုန်း (၂၃) လုံး၊ မော်တော်ယာဉ် သုံးစီး တို့အားလည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရပ်ကွက်၊ ရတနာလမ်း၊ အမှတ်(၉၉)ရှိ The Lord စားသောက်ဆိုင်အနီး၌ Super Senior Agent ဖြစ်သူ ဖြိုးမင်းသူ(ခ)ရောင်နီ အပါအဝင် သုံးဦးနှင့်အတူ လက်ကိုင်ဖုန်း ငါးလုံး၊ မော်တော်ယာဉ် သုံးစီးတို့အားလည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)၊ ခေမာလမ်း၊ အမှတ်(၆၇၆)ရှိနေအိမ်၌ Ibet 789 Online လောင်းကစား လုပ်ငန်းလုပ်ကိုင်ရန်စည်းရုံးသိမ်းသွင်းခဲ့သည့် Super Senior Agent ဖြစ်သူ ဇင်မင်းအောင်(ခ) ဇင်ကြီး အပါအဝင် သုံးဦးနှင့်အတူ လက်ကိုင်ဖုန်း ၇ လုံး၊ လက်တော့ပ် တစ်လုံး၊ မော်တော်ယာဉ် တစ်စီးတို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၄၀ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ Focus ဟိုတယ်၌ Super Senior Agent ဖြစ်သူ ပြည့်ဖြိုးအောင် (ခ)မင်းထက်၊ Agent ဖြစ်သူ မေမြတ်နိုးတို့နှင့်အတူ လက်ကိုင်ဖုန်း ငါးလုံး၊ လက်တော့ပ် တစ်လုံး၊ မော်တော်ယာဉ် တစ်စီးတို့အားလည်းကောင်း၊ အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂)ရပ်ကွက်၊ Eleven Minimart ရှေ့၌ ခင်မောင်ဖြိုး(ခ)ဇော်ဝင်း အပါအဝင် ငါးဦးနှင့်အတူ လက်ကိုင်ဖုန်း ၉ လုံး၊ Tablet နှစ်လုံးတို့အားလည်းကောင်း ထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စိစစ်ဖော်ထုတ်ချက်များအရ ၎င်းတို့သည် Ibet 789 Online ဘောလုံးလောင်းကစား Website ၊ 555 Mix ဘောလုံးလောင်းကစား Website ၊ Moung 556 ဘောလုံးလောင်းကစား Website Batman 688 Slot လောင်းကစား Website ၊ Shan 234 ဖဲလောင်းကစား Website နှင့် 2D/3D လောင်းကစား Website စသည့် လောင်းကစားလုပ်ငန်းတို့တွင် ကော်မရှင်စား Agent များအဖြစ် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားရကြောင်း၊ Agent အဖြစ် လုပ်ကိုင်ခွင့်ရရှိပါက User များရရှိရန်အတွက် ၎င်းတို့၏ သက်ဆိုင်ရာလောင်းကစား Website များ၏ Facebook Group နှင့် Telegram Group တို့တွင် Viber ဖုန်းနံပါတ်များပါရှိသည့် သက်ဆိုင်ရာလောင်းကစား ကြော်ငြာပုံများအား ကြော်ငြာပေးရကြောင်း၊ ၎င်းနောက် User များမှ Viber သို့ဆက်သွယ်လာသည့် အချိန်တွင် Agent များမှ လောင်းကစား Website များတွင် ဝင်ရောက်ဆော့ကစားနိုင်ရန် အကောင့်ဖွင့်လှစ် ပေးကြောင်း၊ Agent လုပ်ကိုင်နေစဉ် User များပိုမိုရှာဖွေနိုင်ပါက Senior Agent အဖြစ်သို့ ပြောင်းလဲ လုပ်ကိုင်နိုင်ကြောင်း၊ Senior Agent လုပ်ကိုင်နေစဉ် ကော်မရှင်စား Agent များနှင့် User များပိုမိုရှာဖွေ နိုင်ပါက Super Senior Agent အဖြစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ကြောင်း သိရသည်။
显示全部...
👍 37 8👏 6🥰 1😱 1