ch
Feedback
2025 年数字统计snowflakes fon
card fon
44 978
订阅者
无数据24 小时
无数据7
+1330
帖子存档
照片不可用在 Telegram 中显示
■ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့သားကောင်းများ ပီသစွာဖြင့် တစ်ဦးမကျန် သွားရောက်မဲပေးကြရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး တိုက်တွန်း ဝန်ထမ်းများအနေဖြင့် နိုင်ငံ့သားကောင်းများ ပီသစွာဖြင့် တစ်ဦးမကျန် သွားရောက်မဲပေးကြရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုက်တွန်းပြောကြားသည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် အောက်တိုဘာ ၂၁ ရက်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ■ Read More >>>>https://news-eleven.com/article/307072
显示全部...
👍 27 15🤬 3👏 1
照片不可用在 Telegram 中显示
■ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ခရီးသွားလာစဉ် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် PDF များက ဖမ်းဆီးခေါ်ဆောင် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ခရီးသွားလာစဉ် အောက်တိုဘာ ၁၉ ရက်က ကျောက်ပန်းတောင်းမြို့နယ်တွင် PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ကြံခင်းမြို့နယ် တလိုင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၇၂ နှစ်အရွယ်ရှိ ဦးတင်လှသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှ တလိုင်းကွင်းကျေးရွာသို့ ခရီးသည်တင် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ကျောက်ပန်းတောင်းမြို့နယ် ဆိတ္တိန်းကျေးရွာအနီးအရောက်၌ PDF များက မော်တော်ယာဉ်အား တားဆီး၍ ဦးတင်လှအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးခံထားရသူကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ■ Read More >>>> https://news-eleven.com/article/307070
显示全部...
🤬 24👍 14 10😱 1😢 1
■ စက်ပျက်၍ ရပ်ထားသည့် ၁၂ ဘီးယာဉ်အား ဆီဘောက်ဆာ ၂၂ ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးမှု တောင်ကြီးမြို့နယ်တွင် ဖြစ်ပွား စက်ပျက်၍ ရပ်ထားသည့် ၁၂ ဘီးယာဉ်အား ဆီဘောက်ဆာ ၂၂ ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ ဝင်တိုက်မိပြီး ၁၂ ဘီးယာဉ်အောက်တွင် စက်ပြင်နေသည့် အမျိုးသားတစ်ဦးသေဆုံးမှု တောင်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံးပြည်ထောင်စုလမ်းမကြီး၊ နောင်လေကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာအနီးတွင် ဆီဘောက်ဆာ ၂၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး စက်ပျက်၍ ရပ်ထားသည့် ၁၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။ အဆိုပါယာဉ်မတော်တဆမှုကြောင့် ၁၂ ဘီးယာဉ်အောက်တွင် စက်ပြင်နေသည့် ယာဉ်မောင်း အမျိုးသားမှာ သေဆုံးခဲ့ပြီး ၎င်းအား ဟိုပုံးမြို့ ရှင်မှုလူမှုရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် စစ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ■ Website Link >>>>>>> https://news-eleven.com/article/307064
显示全部...
😱 16😢 10👍 6 2🥰 1
■ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၃၆ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၃၆ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။ နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ PDF အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့သည် အောက်တိုဘာ ၂၁ ရက်တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြကြောင်း သိရသည်။ ■ Read More >>>>>>>https://news-eleven.com/article/307060
显示全部...
👍 39👏 9 5🥰 1
照片不可用在 Telegram 中显示
■ မြန်မာနိုင်ငံတွင် သေဆုံးသွားကြောင်း သတင်းထွက်ခဲ့သည့် ဘီလာရုစ်မော်ဒယ်သည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်ပေးဆွဲခံခဲ့ရခြင်းမဟုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ငြင်းဆို မြန်မာနိုင်ငံတွင် သေဆုံးသွားကြောင်း သတင်းထွက်ခဲ့သည့် ဘီလာရုစ်မော်ဒယ်သည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်ပေးဆွဲခံခဲ့ရခြင်းမဟုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုခဲ့သည်ဟု The Nation Thailand သတင်းတွင် ဖော်ပြခဲ့သည်။ ဗီရာ ခရက်ဆိုဗာအမည်ရှိ အဆိုပါ ဘီလာရုစ်မော်ဒယ်သည် ပြီးခဲ့သည့်လက ထိုင်းနိုင်ငံအတွင်းမှ ၎င်း၏ သဘောဆန္ဒအလျောက် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ပြန်ပေးဆွဲခေါ်ဆောင်သွားခံရသည့် လက္ခဏာများကို မတွေ့ရကြောင်း ထိုင်းလူဝင်မှုရေးရာဗျူရိုက အတည်ပြုခဲ့သည်။ Ref: The Nation Thailand ■ Read More >>>>>>>https://news-eleven.com/article/307058
显示全部...
👍 24😱 10 6😢 5🤬 2🥰 1
13:01
视频不可用在 Telegram 中显示
■ အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု) - KK Park စီမံကိန်းသည် KNU အဖွဲခေါင်းဆောင်များကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး ငွေကြေးရယူလိုမှုတစ်ခုနှင့် နိုင်ငံတော်ပိုင် မြေကို ဥပဒေမဲ့အလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား - လာမည့်ရွေးကောက်ပွဲတွင် တောင်ငူခရိုင်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၃ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၁) ၌ တောင်ငူမြိုနယ်သာ ပါဝင် - ပူတင်သည် ဟားမာ့စ်အဖွဲထက် ပိုပြီးအင်အားကြီးကြောင်း ယူကရိန်းသမ္မတ ပြောကြား - ယီမင်တွင် ဟူရ်သီသူပုန်များက ကုလဝန်ထမ်း ၂၀ ခန့်ကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ပြောကြား - မန်ယူနိုက်တက်အသင်းကို ငြင်းဆန်ခဲ့ရတဲ့အကြောင်း ယာဂန်ကလော့ပ် ပြန်ပြောင်းပြောဆို
显示全部...
22 Morning Packate~1.mp4157.44 MB
👍 37 12🥰 2
■ဒဿမ အကြိမ်မြောက် အင်းသား အမျိုးသားနေ့ လူထုအခမ်းအနား ညောင်ရွှေတွင် ကျင်းပ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ဒဿမကြိမ်မြောက် အင်းသား အမျိုးသားနေ့ လူထု အခမ်းအနားကို အောက်တိုဘာလ ၂၁ ရက် ၊ တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။ အောက်တိုဘာလ ၁၉ ရက်မှ စတင် ကျင်းပပြုလုပ်နေခြင်း ဖြစ်ကာ ညောင်ရွှေမြို့ ကျောက်တိုင်ကွင်းတွင် စည်ကားစွာ ကျင်းပနေခြင်း ဖြစ်သည်။ အောက်တိုဘာလ ၂၁ ရက် နံနက် (၉) နာရီအချိန် တွင် အင်းသား အမျိုးသားနေ့ လူထုအခမ်းအနားကို ညောင်ရွှေမြို့ ၊ မြို့တော်ခန်းမ တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ၊ ကျောက်တိုင်ကွင်းတွင်လည်း ဖျော်ဖြေရေး ပွဲများကို ထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၂၁ ရက် အင်းသား အမျိုးသားနေ့ လူထုအခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရ အဖွဲ့ဝင်များ တက်ရောက်ကာ အခမ်းအနား အစီအစဉ် အတိုင်း ကျင်းပခဲ့သည်။ ■ Read More >>>>>>> https://news-eleven.com/article/307053
显示全部...
👍 41 24👏 6
■ မန္တလေးမြို့တွင် ငလျင်ဒဏ်သင့်အဆောက်အဦးအား ဖြိုဖျက်စဉ် နံဘေးရှိ လူနေအိမ်ပေါ်သို့ ပြိုလဲကျမှုကြောင့် ပိတ်မိနေသူအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ မန္တလေးမြို့တွင် ငလျင်ဒဏ်သင့်အဆောက်အဦးအား ဖြိုဖျက်စဉ် နံဘေးရှိ လူနေအိမ်ပေါ်သို့ ပြိုလဲကျမှုကြောင့် ပိတ်မိနေသူအား ယနေ့ညနေ ၆နာရီခွဲခန့်က အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၃လမ်းနှင့်၃၄ လမ်းကြား၊ ၈၅လမ်းနှင့်၈၆ လမ်းကြားဝင်းအတွင်းရှိ RC ၃ ထပ်"မြစိမ်း" တည်းခိုခန်းသည် ငလျင်ဒဏ်သင့်ခဲ့ရသဖြင့် ည​နေ၃နာရီခန့်က စက်ယန္တရားဖြင့် ဖြိုဖျက်စဉ် ဘေးဘက်ကပ်လျက်ရှိ ပျဉ်ထောင်အိမ်သွပ်မိုးနှစ်ထပ်နေအိမ် ပေါ်သို့ ပြိုလဲကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြိုချသည့် တိုက်အပိခံခဲ့ရသည့် အဆိုပါနှစ်ထပ်ပျဉ်ထောင်အိမ်အတွင်းရှိ အမျိုးသားတစ်ဦး ပိတ်မိနေသလို မီးလောင်မှုလည်းဖြစ်ပွားနေသဖြင့် နယ်မြေမီးသတ်ယာဉ်များ၊ ကယ်ဆယ်ရေးယာဉ်များ ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ညနေ၆နာရီခွဲခန့်တွင် အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။ ■ Read More>>>>https://news-eleven.com/article/307051
显示全部...
👍 30 12😱 7🥰 3👏 1
■ ဟားမာ့စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်မည်ဆိုပါက အမြစ်ဖြတ်ချေမှုန်းခံရမည်ဟု အမေရိကန်သမ္မတ ထရန့် သတိပေး ဟားမာ့စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်မည်ဆိုပါက အမြစ်ဖြတ်ချေမှုန်းခံရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ဟားမာ့စ်အဖွဲ့ကို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား လိုက်နာစောင့်ထိန်းရန် အခွင့်အရေးပေးမည်ဟုလည်း ထရန့်က ဆိုသည်။ ■ Read More >>>>>>> https://news-eleven.com/article/307050 ■ Photo: AFP
显示全部...
👍 34😱 8 3🤬 3
■ တရုတ်သည် တရုတ် (တိုင်ပေ) ကို ကျူးကျော်ရန် ဆန္ဒမရှိကြောင်း အမေရိကန်သမ္မတထရန့် ပြောကြား တရုတ်သည် တရုတ် (တိုင်ပေ) ကိုကျူးကျော်ရန် ဆန္ဒမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ထရန့်က ယခုလကုန်ပိုင်းတွင် ၎င်းနှင့် တွေ့ဆုံမည့် တရုတ်သမ္မတ ရှီကျင်းပင်နှင့် ၎င်း၏ ဆက်ဆံရေးကိုလည်း ယုံကြည်ကြောင်းပြောကြားခဲ့သည်။ ရှီသည် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို သိမ်းယူရန်ကြိုးပမ်းလိမ့်မည်ဆိုသည့် ပင်တဂွန်၏ လေ့လာဆန်းစစ်ချက်နှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကိုခံခဲ့ရသည်။ “ကျွန်တော်တို့က တရုတ်နဲ့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ တရုတ်ကလည်း အဲဒီလိုလုပ်ချင်မှာမဟုတ်ပါဘူး”ဟု ထရန့်က သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်းနစ်နှင့် တွေ့ဆုံချိန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ■ Read More >>>>>>> https://news-eleven.com/article/307049 ■ Photo: AFP
显示全部...
👍 38 10👏 4
10:19
视频不可用在 Telegram 中显示
■အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု ) - လှိုင်သာယာမြို့နယ်တွင် သားအမိနှစ်ဦးအား သူခိုးဟုဆိုကာ ပြောဆိုရိုက်နှက်ပြီး နေပူထဲရှိ ဓာတ်တိုင်၌ ကြိုးချည် ထားသည့် ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်၌ ပျံနှံ့မှုအပေါ် ဆိုင်ရှင်ဖြစ်သူအား ဝေဖန်မှုမြင့်တက် - ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆၀ ကို ထိုင်း အာဏာပိုင် များ ဖမ်းဆီး -ဂါဇာကမ်းမြောင်တွင် အနည်းဆုံး ၄၅ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုများကို အစ္စရေးကလုပ်ဆောင်ခဲ့ပြီးနောက် ဂါဇာအပစ် အခတ်ရပ်စဲရေး တည်မြဲနေဆဲဟု သမ္မတဒေါ်နယ်ထရန့် ပြောကြား - တောင်ကိုရီးယားစစ်တပ်က နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြောက်ကိုရီးယားစစ်သားတစ်ဦးကို ထိန်းသိမ်း -တိုက်စစ်မှူး ဟာရီကိန်းကို စာချုပ်သက်တမ်းမတိုးဖို့ ဟာမန်း တိုက်တွန်း
显示全部...
21 Night Packate~1.mp4145.85 MB
👍 25 23🥰 2
■ မန္တလေးမြို့တွင် ငလျင်ဒဏ်သင့်အဆောက်အဦးအား ဖြိုဖျက်စဉ် နံဘေးရှိ လူနေအိမ်ပေါ်သို့ ပြိုလဲကျမှုဖြစ်ပွားပြီး လူတစ်ဦးပိတ်မိနေ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၃လမ်းနှင့်၃၄ လမ်းကြား၊ ၈၅လမ်းနှင့်၈၆ လမ်းကြားဝင်းအတွင်းရှိ RC ၃ ထပ်"မြစိမ်း" တည်းခိုခန်းသည် ငလျင်ဒဏ်သင့်ခဲ့ရသဖြင့် စက်ယန္တရားဖြင့် ဖြိုဖျက်စဉ် ဘေးဘက်ကပ်လျက်ရှိ ပျဉ်ထောင်အိမ်သွပ်မိုးနှစ်ထပ်နေအိမ် ပေါ်သို့ ပြိုလဲကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ " တိုက်ဖြိုရင်း ဘေးအိမ်ပေါ်ပြိုကျတာလို့ သိရတယ်။မီးလည်း လောင်နေတယ်။ လောလောဆယ် ပိတ်မိနေတဲ့သူကို ကယ်ထုတ်ဖို့ ကြိုးစားနေကြတယ်" ဟု ယင်း အဆောက်အဦးပြိုကျရာနေရာသို့ရောက်ရှိနေသူတစ်ဦးက ဆိုသည်။ ဖြိုချသည့် တိုက်အပိခံခဲ့ရသည့် အဆိုပါနှစ်ထပ်ပျဉ်ထောင်အိမ်အတွင်းရှိ အမျိုးသားတစ်ဦး ပိမိနေသဖြင့် နယ်မြေမီးသတ်ယာဉ်များ၊ ကယ်ဆယ်ရေးယာဉ်များ ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ■ Read More>>>>https://news-eleven.com/article/307042
显示全部...
😢 23 7😱 7👍 4🥰 1
👍 34 5🥰 2👏 1
照片不可用在 Telegram 中显示
2👍 1
■ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၈) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ပြုလုပ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၈) သင်တန်းဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ သင်တန်းကျောင်းများ၌ အောက် တိုဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကျောင်းအသီးသီး၌ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြည် သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၈) သင် တန်းဖွင့်ပွဲများ ပြုလုပ်ကြပြီး သင်တန်းဖွင့်ပွဲ များ၌ သင်တန်းကျောင်းများအလိုက် ကျောင်း အုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူ များ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင် တန်း အမှတ်စဉ် (၁၈) မှ သင်တန်းသားများ အား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ပစ္စည်းများ ပေးအပ် ကြပြီး သင်တန်းသားများအား လိုက်လံနှုတ် ဆက်အားပေးခဲ့ကြောင်း သိရသည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းအမှတ် စဉ် (၂) ကို မေ ၁၄ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၃) ကို ဇွန် ၂၅ ရက်တွင် လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၄) ကို သြဂုတ် ၅ ရက်တွင်လည်းကောင်း၊ သင်တန်း အမှတ်စဉ် (၅) ကို စက်တင်ဘာ ၉ ရက်တွင် လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၆) ကို အောက်တိုဘာ ၂၁ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၇) ကို နိုဝင်ဘာ ၂၆ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၈) ကို ဒီဇင်ဘာ ၂၃ ရက်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ပြည်သူ့စစ်မှုထမ်းသင်တန်းအ မှတ်စဉ် (၉) ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၀) ကို ဖေဖော်ဝါရီ ၁၀ ရက်တွင်လည်း ကောင်း၊ သင်တန်းအမှတ်စဉ် (၁၁) ကို မတ် ၁၇ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ် စဉ် (၁၂) ကို ဧပြီ ၂၂ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၃) ကို မေ ၁၉ ရက်၌ လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၄) ကို ဇွန် ၁၆ ရက်တွင်လည်းကောင်း၊ သင်တန်း အမှတ်စဉ် (၁၅) ကို ဇူလိုင် ၁၅ ရက်တွင်လည်း ကောင်း၊ သင်တန်းအမှတ်စဉ် (၁၆) ကို သြ ဂုတ် ၁၈ ရက်တွင်လည်းကောင်း၊ သင်တန်း အမှတ်စဉ် (၁၇) ကို စက်တင်ဘာ ၁၅ ရက် တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ အမှတ်စဉ် (၁၅) အထိ သင် တန်းတက်ရောက်ပြီးသူများ သင်တန်းပြီးဆုံး ၍ သင်တန်းဆင်းကာ တပ်ရင်း^တပ်ဖွဲ့အသီး သီးတွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။ သင်တန်းအမှတ်စဉ်တစ်ခုလျှင် သင် တန်းသားဦးရေ ၅၀၀၀ ခန့် ခေါ်ယူမည်ဟု ယခင် နစက၏ ထုတ်ပြန်ပြောဆိုမှုအရ သိရ သည်။ ■ Read More>>>>https://news-eleven.com/article/307041
显示全部...
24👍 20👏 2
■ မန္တလေးမြို့တွင် ငလျင်ဒဏ်သင့်အဆောက်အဦးအား ဖြိုဖျက်စဉ် နံဘေးရှိ လူနေအိမ်ပေါ်သို့ ပြိုလဲကျမှုဖြစ်ပွားပြီး လူတစ်ဦးပိတ်မိနေ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၃လမ်းနှင့်၃၄ လမ်းကြား၊ ၈၅လမ်းနှင့်၈၆ လမ်းကြားဝင်းအတွင်းရှိ RC ၃ ထပ်"မြစိမ်း" တည်းခိုခန်းသည် ငလျင်ဒဏ်သင့်ခဲ့ရသဖြင့် စက်ယန္တရားဖြင့် ဖြိုဖျက်စဉ် ဘေးဘက်ကပ်လျက်ရှိ ပျဉ်ထောင်အိမ်သွပ်မိုးနှစ်ထပ်နေအိမ် ပေါ်သို့ ပြိုလဲကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “တိုက်ဖြိုရင်း ဘေးအိမ်ပေါ်ပြိုကျတာလို့ သိရတယ်။မီးလည်း လောင်နေတယ်။ လောလောဆယ် ပိတ်မိနေတဲ့သူကို ကယ်ထုတ်ဖို့ ကြိုးစားနေကြတယ်” ဟု ယင်း အဆောက်အဦးပြိုကျရာနေရာသို့ရောက်ရှိနေသူတစ်ဦးက ဆိုသည်။ ဖြိုချသည့် တိုက်အပိခံခဲ့ရသည့် အဆိုပါနှစ်ထပ်ပျဉ်ထောင်အိမ်အတွင်းရှိ အမျိုးသားတစ်ဦး ပိမိနေသဖြင့် နယ်မြေမီးသတ်ယာဉ်များ၊ ကယ်ဆယ်ရေးယာဉ်များ ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ■ Read More>>>>https://news-eleven.com/article/307040
显示全部...
😱 27👍 11😢 7 2
■ KK Park စီမံကိန်းသည် KNU အဖွဲ့ ခေါင်းဆောင်များကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး ငွေကြေးရယူလိုမှုတစ်ခုနှင့် နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့ အလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား KK Park စီမံကိန်းသည် KNU အဖွဲ့ ခေါင်းဆောင်များကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး ငွေကြေးရယူလိုမှုတစ်ခုနှင့် နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့ အလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။ KK Park နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ “သတင်းအချက်အလက်တွေကိုကြည့်ရင် KK Park စီမံကိန်းဆိုတာ KNU က ခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားစွာတွေ့ရပါတယ်။ ငွေကြေးရယူလိုမှုတစ်ခုနဲ့ နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့စွာ အလွဲသုံးစားလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မနေ့က သတင်းမှာလည်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေနေရာနဲ့ပတ်သက်ပြီး ခွင့်ပြုထားတာတို့၊ လုပ်ဆောင်ထားတာတို့ တရားဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်။ နောက်ပြီးတော့ အဲဒီမြေပေါ်မှာ လုပ်ဆောင်နေတဲ့ လောင်းကစားတွေကိုလည်း အခကြေးငွေယူပြီး ကြေးစားကာကွယ်မှုများ လုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းက ရရှိတဲ့ငွေကြေးတွေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အကာအကွယ်ပေးထားပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတကာအပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်အောင် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ဒါပိုက်ဆံသာရမယ်ဆိုရင် တစ်နိုင်ငံလုံးကို လက်ညိုးထိုးရောင်းစားဖို့ ဝန်မလေးတဲ့ ကြေးစားအကြမ်းဖက်သမားတွေဖြစ်တဲ့ KNU အဖွဲ့ကို နိုင်ငံတကာနဲ့ တိုင်းရင်းသားမိဘပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့လိုကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ KK Park နယ်မြေသည် မြဝတီမြို့တောင်ဘက်၊ မယ်ထော်သလေး ကျေးရွာအနီး ထိုင်း-မြန်မာနယ်စပ် တောင်ရင်းမြစ်ကမ်းဘေး၌ရှိပြီး KNU တပ်မဟာ (၆)၏ လှုပ်ရှားနယ်မြေ၌ ရှိကြောင်း၊ BGF ၏ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းသည် မြဝတီမြို့၏ မြောက်ဘက်၌ တည်ရှိကြောင်း၊ KK Park မြို့သစ်စီမံကိန်း၌ အနောက်ဘက်တွင် လေးကေ့ကော်မြို့သစ် ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ■ Read More >>>>>>> https://news-eleven.com/article/307038
显示全部...
👍 32👏 18 11🥰 1
■ လှိုင်သာယာမြို့နယ်တွင် သားမိနှစ်ဦးအား သူခိုးဟုဆိုကာ ပြောဆိုရိုက်နှက်ပြီး နေပူထဲရှိ ဓာတ်တိုင်၌ ကြိုးချည်ထားသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်၌ ပျံနှံ့မှုအပေါ် ဆိုင်ရှင်ဖြစ်သူအား ဝေဖန်မှုမြင့်တက် လှိုင်သာယာမြို့နယ်တွင် သားမိနှစ်ဦးအား သူခိုးဟုဆိုကာ ပြောဆိုရိုက်နှက်ပြီး နေပူထဲရှိ ဓာတ်တိုင်၌ ကြိုးချည်ထားသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်၌ ပျံနှံ့မှုအပေါ် ဆိုင်ရှင်ဖြစ်သူအား ဝေဖန်မှုမြင့်တက်နေကြောင်း သိရသည်။ ယင်း Video ဖိုင်တွင် ဆိုင်ရှင်ဖြစ်သူက “သူခိုးမပါဗျို့၊ ဒီမှာသေချာကြည့်ထား၊ ငါ့ရပ်ကွက်ထဲ လာခိုးတဲ့သူခိုးမ၊ လွန်လွန်းအားကြီးတယ်။ တစ်ခါလာလည်း ခိုးတယ်၊ နှစ်ခါလာလည်းခိုးတယ်။ ကလေးအကြောင်းပြပြီး လာခိုးတာ။ ပိုက်ဆံလျော်နိုင်ရင်လျော် မလျော်နိုင်ရင် ရဲစခန်းထဲ တစ်ခါထဲထည့်ပစ်မှာ။ ငါ့ဆိုင်က ပစ္စည်းခိုးသွားတယ်မို့လား ပြန်လိုချင်တယ်။ ငါကိုများ ဘာမှတ်နေလဲ” စသဖြင့် ပြောဆိုပြီး ရိုက်နှက်သည်ကို တွေ့ရှိရသည်။ ဆက်လက်ပြီး ဆိုင်ရှိဝန်ထမ်းများဖြင့် ဆွဲခေါ်ပြီး ဆိုင်ရှေ့ရှိ ဓာတ်တိုင်၌ သားမိနှစ်ဦးစလုံးကို ကြိုးချည်ထားကြောင်း၊ ယင်းနောက်ဆိုင်ရှင်ဖြစ်သူက “ရေနွေးပူသွားယူသွား၊ ရေနွေးပူကို ခေါင်းကနေ လောင်းချလိုက်မယ်။ နောက်လုပ်လို့မရအောင်လို့၊ ကလေးပါလောင်းချပစ်မယ်။ ရေနွေးသွားကြိုသွား၊ ငါကမိုက်ရင် သူများထက်မိုက်တယ်” စသဖြင့် ပြောဆိုနေသည်ကိုလည်း ယင်း Video ဖိုင်၌ တွေ့ရှိရသည်။ ယင်းဖြစ်စဉ်အပေါ် လူမှုကွန်ရက်အသုံးပြုသူများကြားတွင် ဆိုင်ရှင်ဖြစ်သူအား ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။ လူမှုကွန်ရက်စာမျက်ရှိ Paing Soe Thu အမည်ရှိ အကောင့်တစ်ခုက “တရေးနိုးလာတဲ့အချိန် FB မှာ ပွဲတွေစည် တခြားပွဲအာရုံမရပေမဲ့ ဟိုလှိုင်သာယာက ပစ္စည်းခိုးခံရတဲ့ ဆိုင်ရှင်အမရေ သူများတွေလည်း ခိုးခံရတဲ့ video တွေ တရားခံမိတဲ့ video တွေ တင်ကျပါတယ်။ အားလုံးသူခိုးကို စိတ်တို ဆိုင်ရှင်ဘက်က စိတ်တိုကျတာများပါတယ်။ အမအလှည့်ကျမှ လူပါးဝသလို ခံစားရပြီး သူခိုးဘက်ကနေပါ စိတ်တိုနေရတယ်။ မကျေနပ်ရင် ရုပ်ကိုပုံရိုက်ထား သူခိုးပါဆိုပီး Video ရိုက်ထားလေ တအားဒေါသထွက်လို့ ခြေပါလက်ပါအုန်း ရတယ်။ တော်ပီလေ တချက်နှစ်ချက်လောက် အခုဟာကြီးက ခင်ဗျားပြောတဲ့ လာခိုးတာ တစ်ခေါက်မကဘူးတို့ တနင်္ဂနွေနေ့တိုင်း လာခိုးတယ်တို့ဆိုတာ သက်သေပြ။ အခုဟာက အမူ့ကြီးအောင် ပြောနေတယ်ဆိုတာ တအားသိသာနေတယ်။ အမမှန်ရင် cctv record တွေ တင်ပါနော်။ ဘယ်နှယ့်ဗျာ အခုဟာကြီးက ဆံပင်မွှေးကို အရင်းကဆွဲ ချီပွေ့ထားရတဲ့ ကလေးအရွယ်ကို စောင့်တွန်း၊ သက်ဆိုင်ရာနဲ့ ရှင်းရမဲ့ကိစ္စကို ကိုယ့်စိတ်သဘောလုပ်နေ၊ နေပူကြဲတဲ လူကြီးတယောက်ထဲဆိုမပြောလိုပေမဲ့ ပိစိကလေးပါ နေပူကြဲတဲ ဓာတ်တိုင်မှာကြိုးတုပ်ပြီး ရေနွှေးပူနဲ့ လောင်းမယ်ဆိုပြီး ခြောက်တဲ့သဘောမဟုတ်ပဲ အတည်ကြီး သုံးခါလောက်ပြောပြီး တကယ်ကြိုခိုင်းတာ၊ ကလေးပါလောင်းချပစ်မယ်တဲ့ အမေတယောက်စိတ်ထဲ ဘယ်လောက်တောင်ပြာယာခတ်သွားမလဲ၊ ပြောထွက်ရက်တယ်။ ငါကမိုက်ပီဆိုသူများထက် မိုက်တယ်တဲ့၊ (ဟုပါတယ်။ မိုက်ပါတယ်။ အမရေ ေ-စာက်ရမ်းမိုက်ပါတယ်)၊ (တကယ်လောင်းမလောင်းတော့မသိပါ အသားပါခွါယူမယ်တဲ့)၊ တရားလွန်တွေ သူခိုးအားပေးတာမဟုတ်ပေမဲ့၊ ဟိုကဘာမှမတုန့်ပြန့်တဲ့အပြင် အရမ်းခက်ခဲလို့ပါ။ လျော်စရာလည်းမရှိလို့ ပေးတဲ့အပြစ်ခံပါ့မယ်ဆိုပြီး ပြောနေပီလေ။ မကျေနပ် ရဲလက်အပ်ပေးပါ ပြောနေတာကို Cele ဖြစ်ခြင်ရုံ Tik Tok ရိုက်ခြင်ရုံနဲ့ မိခင်တွေ ကလေးတွေဂရုမစိုက် လုပ်ခြင်တာ လုပ်မယ်ဆိုတဲ့ သဘောတော့ဖြစ်နေတယ်အမရေ။ သူ့အမှားကနေ ကိုယ့်အမှားဖြစ် အမမေတ္တာတွေခံစားရပါစေ။ အမဘဝကြီးအေးချမ်းပါစေ ပြည်သူ့မေတ္တာခံစားရပါစေ” စသဖြင့် ရေးသားထားသည်ကို တွေ့ရသည်။ ထိုသို့ရေးသားထားသည့် ပို့စ်အောက်တွင် ထောက်ခံသည့် မှတ်ချက်အများအပြား ရေးသားကြသည်ကိုလည်း တွေ့ရှိသည်။ ■ Read More >>>>>>> https://news-eleven.com/article/307036
显示全部...
👍 50 29😢 8😱 1🤬 1
■ ဟောင်ကောင်လေဆိပ်တွင် ကုန်တင်လေယာဉ်တစ်စင်း ပြေးလမ်းချော်ပြီး လူနှစ်ဦး သေဆုံး ဟောင်ကောင်နိုင်ငံတကာ လေဆိပ်တွင် အောက်တိုဘာ ၂၀ ရက်က ကုန်တင်လေယာဉ် တစ်စင်းသည် ပြေးလမ်းသို့ ဆင်းသက်ချိန်တွင် လမ်းချော်ပြီး လုံခြုံရေးကင်းလှည့်မော်တော် ယာဉ်တစ်စင်းကို တိုက်မိကာ ပင်လယ်အတွင်းသို့ ကျဆင်းသွားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် လေယာဉ်နှင့်တိုက်မိသည့် မော်တော်ယာဉ်ပေါ်မှ အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဒူဘိုင်းမှ ပျံသန်းထွက်ခွာလာသည့် Emirates လေကြောင်းလိုင်းမှ ထိုလေယာဉ်သည် လေဆိပ်၏ မြောက်ဘက် ပြေးလမ်းပေါ်သို့ ဆင်းသက်ချိန်တွင် လမ်းချော်ပြီး လေဆိပ်ရှိ ကင်းလှည့်မော်တော်ယာဉ်ကို ဝင်တိုက်ခဲ့ ပြီးနောက် ခြံစည်းရိုးကို တိုက်မိကာ ပင်လယ်အတွင်းသို့ ကျသွားခြင်းဖြစ်ကြောင်း လေယာဉ်ပေါ်ရှိ လိုက်ပါလာသည့် လေယာဉ်အမှုထမ်း လေးဦးစလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများဆိုသည်။ Ref:AFP ■Read More>>>>https://news-eleven.com/article/307032
显示全部...
👍 36 19😱 17😢 5
■ လာမည့်ရွေးကောက်ပွဲတွင် တောင်ငူခရိုင်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၃ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း (၁) ၌ တောင်ငူမြို့နယ်သာ ပါဝင် လာမည့်ရွေးကောက်ပွဲတွင် တောင်ငူခရိုင်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၃ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း (၁) ၌ တောင်ငူမြို့နယ်သာ ပါဝင်ကြောင်း သိရသည်။ လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တောင်ငူခရိုင်မြို့နယ်များရှိ မဲဆန္ဒနယ်များအတွက် ပါတီစုံမှကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၃ ဦး ရွေးကောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း( ၁) အား တောင်ငူမြို့နယ်တွင်ကျင်းပမည်ဖြစ်ကြောင်း တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ■ Read more >>>> https://news-eleven.com/article/307030
显示全部...
👍 36 13👏 1