Eleven Media Group
前往频道在 Telegram
2025 年数字统计

44 978
订阅者
无数据24 小时
无数据7 天
+1330 天
帖子存档
09:39
视频不可用在 Telegram 中显示
■ အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
- ထိုင်း - မြန်မာနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် Starlink အင်တာနက်ဝန်ဆောင်မှုများကို အသုံးပြုနေသည်ဟု AFP ဖော်ပြ
- ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများအား တရားဝင်လွှပြောင်းခြင်းများ ဆောင်ရွက်ရာ စက်တင်ဘာလ အတွင်း အလုပ်သမားစုစုပေါင်း ၂၉၆ ဦး ပြန်လည်လက်ခံခဲ့
- Google က အိန္ဒိယတွင် AI Hub တည်ဆောက်ရေးအတွက် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလျံမြှုပ်နှံမည်
- ကလေးငယ်အချိုသေဆုံးမှုနှင့် ဆက်စပ်နေသည့် ချောင်းဆိုးပျောက်ဆေးထုတ်လုပ်သူ အိန္ဒိယဆေးကုမ္ပဏီ၏ ဆေးထုတ်လုပ် ခွင့်လိုင်စင် ဖျက်သိမ်းခံရ
- ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် စီရော်နယ်လ်ဒို စံချိန်တင်
package morning tele.mp499.97 MB
👍 39❤ 4🥰 1
照片不可用在 Telegram 中显示
■ဆီနီဂေါနိုင်ငံတွင် Rift Valley အဖျားရောဂါကြောင့် လူ ၂၀ သေဆုံး
ဆီနီဂေါနိုင်ငံတွင်Rift Valleyအဖျားရောဂါကြောင့်လူ၂ဝသေဆုံးခန့်သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
စက်တင်ဘာလကုန်ပိုင်းမှစတင်ပြီး Rift Valley အဖျားရောဂါ ကူးစက်ပျံ့နှံ့ခဲ့သည်။
တိရစ္ဆာန်များကိုအဓိကကူးစက်ပြီးလူသားများကိုလည်း ကူးစက်နိုင်သော ထိုအဖျားရောဂါသည် နိုင်ငံမြောက်ပိုင်း စိန့်လူးဝစ်ဒေသတွင် အဓိက ကူးစက်ဖြစ်ပွားနေသည်။
နိုင်ငံတစ်ဝန်း Rift Valley အဖျားရောဂါ ကူးစက်ခံရသူ ၁၇၁ ဦးတွင် ၁၅၉ ဦးမှာ စိန့်လူးဝစ်ဒေသမှဖြစ်ကြောင်း ကျန်းမာရေးနှင့်ပြည်သူလူထုတစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဆီနီဂေါတွင် Rift Valley အဖျားရောဂါကူးစက်နေကြောင်း ပထမဆုံးဓာတ်ခွဲအတည်ပြုမှုကို စက်တင်ဘာ ၂၀ ရက်က လုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
■ Read more >>>>https://news-eleven.com/article/306913
😢 30👍 10😱 7❤ 1🥰 1
照片不可用在 Telegram 中显示
■နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဓားထောက်လုယက်မှုကျူးလွန်ခဲ့သူ နှစ်ဦးအား ဖမ်းဆီးရမိ
ပုဗ္ဗသီရိမြို့နယ်၌ ဝန်ထမ်းအမျိုးသမီးတစ်ဦးအား ဓားဖြင့်ထောက်၍ လုယက်မှုကျူးလွန်ခဲ့သူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
■ Read more >>>>https://news-eleven.com/article/306912
👍 36👏 7❤ 2😱 2🥰 1
မိမိတို့သည် ဟောပြောပွဲနှစ်ခုနှင့် အလုပ်ရုံဆွေးနွေးပွဲ နှစ်ခု ကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဗဟိုနှင့် ပြည်နယ်တွေအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာခွဲဝေပုံ၊ အခွန်ကောက်ခံမှုနှင့် ဝင်ငွေခွဲဝေမှု အသေးစိတ်များကိုလည်း ပါဝင်သူများနှင့်အတူ ဆွေးနွေးဝေမျှခဲ့ကြကြောင်း၊ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အချို့ တိုင်းရင်းသားဒေသများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အထူးအုပ်ချုပ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များပါဝင်သည့် ဇယား (၆)နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံက ဦးဆောင်ပြီး မြန်မာနိုင်ငံက ပိုင်ဆိုင်သည့်၊ နိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်သည့် ဖြေရှင်းနည်းတစ်ခု ရရှိလာရေးကို အမြဲတမ်း ထောက်ခံရပ်တည်ခဲ့ပါကြောင်း အိန္ဒိယနိုင်ငံ သံမတ်ကြီး က ပြောကြားသည်။
" မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အရေးပါတဲ့ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးမှု တွေဖြစ်တဲ့ အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighbourhood First)၊ အရှေ့မျှော် မူဝါဒ (Act East)နဲ့ အင်ဒိုပစိဖိတ်အပါအဝင် MAHASAGAR ( ဒေသများ၏ လုံခြုံရေးနဲ့ ဖွံ့ဖြိုးမှုတို့ ညီညီမျှမျှနဲ့ ဘက်စုံတိုးတက်ရေးမူဝါဒ) စတဲ့ မူဝါဒတွေရဲ့ ဆုံမှတ်မှာ ရှိပါတယ်"ဟု အိန္ဒိယနိုင်ငံ သံမတ်ကြီး က ပြောကြားသည်။
အိန္ဒိယနိုင်ငံသည် နှစ်ပေါင်းများစွာကတည်းက ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ပြည်သူချင်း ဆက်ဆံရေးများ ရှိခဲ့သည့် ယုံကြည်သည့် အိမ်နီးချင်း မိတ်ဖက်နိုင်ငံအဖြစ် မြန်မာနိုင်ငံဘက်က အမြဲတမ်း ရပ်တည်ခဲ့ကြောင်းလည်း အိန္ဒိယနိုင်ငံ သံမတ်ကြီးက ပြောကြားသည်။
■ Website Link >>>> https://news-eleven.com/article/306911
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍 31❤ 13👏 1
■ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်စဲပြီး ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းထားနိုင်ရေးသည် မိမိတို့အတွက် အင်မတန်မှ အရေးပါကြောင်း အိန္ဒိယနိုင်ငံ သံမတ်ကြီး ပြောကြား
■ NCA ယန္တရားကို အပြည့်အဝ အသုံးချပြီး အနှစ်သာရရှိသည့် ဆွေးနွေးမှုများလုပ်ကြရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပေါ် အခြေခံသည့် ထင်သာမြင်သာရှိပြီး ရေရှည်ခိုင်မြဲမည့် ဆွေးနွေးညှိနှိုင်းမှုရလဒ်များရအောင် ကြိုးပမ်းကြရန် အလေးအနက် တိုက်တွန်းလိုဟုဆို
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်စဲပြီး ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းထားနိုင်ရေးသည် မိမိတို့ အတွက် အင်မတန်မှ အရေးပါကြောင်း အိန္ဒိယနိုင်ငံ သံမတ်ကြီး H.E. Mr. Shri Abhay Thakur က ပြောကြားသည်။
ယနေ့(အောက်တိုဘာ ၁၅ ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အိန္ဒိယနိုင်ငံ အသိသက်သေနှင့် နိုင်ငံခြားရေးအတွင်းဝန်ကိုယ်စား ဂုဏ်ပြုစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံ သံမတ်ကြီး H.E. Mr. Shri Abhay Thakur က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
" မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ဟာ ကုန်းမြေနယ်နိမိတ် ၁၆၄၃ ကီလို မီတာ၊ ရေကြောင်း နယ်နိမိတ် ၁၀၆၀ ကီလိုမီတာ ထိစပ်နေတဲ့အတွက် မြန်မာနိုင်ငံက ပဋိပက္ခဟာ ကျွန်တော်တို့ကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်စဲပြီး ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းထားနိုင်ရေးဟာ ကျွန်တော်တို့အတွက် အင်မတန်မှကို အရေးပါ ပါတယ်" ဟု အိန္ဒိယနိုင်ငံ သံမတ်ကြီး က ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ သက်ဆိုင်သူအားလုံး ပါဝင်ရမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် လူတိုင်းအတွက် နေရာရှိရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ သမ္မတနိုင်ငံဆိုသည့် ပန်းတိုင်သည် လွတ်လပ်မျှတပြီး ဖက်ဒရယ်စနစ်နှင့် အားလုံးပါဝင်ကာ ယုံကြည်ရသည့် ဒီမိုကရေစီ လုပ်ငန်းစဉ်အပေါ် အခြေခံပြီး အပေးအယူ စိတ်ဓာတ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ၊ ညှိနှိုင်းမှုများကနေတစ်ဆင့် အကောင်အထည်ပေါ်လာနိုင်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ သံမတ်ကြီး က ပြောကြားသည်။
အိန္ဒိယနိုင်ငံ သံမတ်ကြီး က " လက်တွေ့မကျတဲ့ ကြိုတင် သတ်မှတ်ချက်တွေ မထားဘဲ NCA ကနေတစ်ဆင့် သက်ဆိုင်သူအားလုံး ပါဝင် ဆွေးနွေးမှုတွေ၊ အမြင်ချင်းဖလှယ်မှုတွေကို မြှင့်တင်ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံလို မတူကွဲပြားပြီး အရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံမှာ သက်ဆိုင်သူ အားလုံးက အလျှော့အတင်းတွေ လုပ်၊ အပေးအယူတွေ လုပ်မှသာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရရှိနိုင်မှာ ဖြစ်ပါတယ်။ စည်းလုံးတဲ့ မြန်မာနိုင်ငံအဖြစ် အတူတကွ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
NCA လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် မြန်မာ့သမိုင်း၌ အင်မတန် အရေးကြီးသည့် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ကြောင်း၊ မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးစုတွေအနေနှင့် ပဋိပက္ခများကို ဘေးဖယ်ထားပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်လုံး လက်ခံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ အစီအစဉ်များကို ပူးပေါင်းလုပ်ဆောင်သွားကြမည်ဆိုသော တူညီသည့် သန္နိဋ္ဌာန်ကို NCA စာချုပ်က ကိုယ်စား ပြုပါကြောင်းနှင့် NCA ၏ အနှစ်သာရကို ပိုပြီး အားကောင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ သံမတ်ကြီး က ပြောကြားသည်။
" ဒါကြောင့် NCA (၁၀)နှစ်ပြည့် အထိမ်းအမှတ်မှာ "NCA မှသည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်" ဆိုတဲ့ ဆောင်ပုဒ်ကို အိန္ဒိယနိုင်ငံက ကြိုဆိုကြောင်း ပြောကြားလိုပါတယ်။ NCA ဟာ မြန်မာနိုင်ငံရဲ့ ကြာညောင်းလှပြီဖြစ်တဲ့ ပြည်တွင်း ပြဿနာတွေကို ဖြေရှင်းဖို့ရာ လက်ရှိမှာ ရှိနေတဲ့ တစ်ခုတည်းသော မူဘောင်ဖြစ်တဲ့အတွက်၊ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေရော၊ လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့အစည်းတွေကပါ NCA ယန္တရားကို အပြည့်အဝ အသုံးချပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေ လုပ်ကြဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်အပေါ် အခြေခံတဲ့ ထင်သာမြင်သာရှိပြီး ရေရှည်ခိုင်မြဲမယ့် ဆွေးနွေး ညှိနှိုင်းမှုရလဒ်တွေ ရအောင် ကြိုးပမ်းကြဖို့ ကျွန်တော်တို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ NCA လုပ်ငန်းစဉ်ရဲ့ အောင်မြင်မှုအပေါ်မှာ တကယ်ပဲ မူတည် နေပါတယ်" ဟု အိန္ဒိယနိုင်ငံ သံမတ်ကြီး က ပြောကြားသည်။
❤ 29👍 22👏 1😢 1
■ ဒါဇင်ချီသေဆုံးခဲ့သည့် ပါကစ္စတန်-အာဖဂန်နစ္စတန်တိုက်ပွဲအသစ်များဖြစ်ပွားခဲ့ပြီးနောက်၄၈ နာရီ အပစ်အခတ်ရပ်စဲရေးကို ပါကစ္စတန်ကြေညာ
အောက်တိုဘာ ၁၅ ရက်တွင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့၏နယ်စပ်တွင် လောလောလတ်လတ် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားသဖြင့် စစ်သားများနှင့်အရပ်သားများ ဒါဇင်ချီသေဆုံးခဲ့သည်ဟု နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက ၄၈ နာရီကြာအပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြသည်ဟု ပါကစ္စတန်က မကြေညာမီ နာရီပိုင်းအတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများကြောင့် လူအများအပြားသေဆုံးခဲ့ခြင်းဖြစ်သည်။
■ Website Link >>>> https://news-eleven.com/article/306910
👍 41❤ 9👏 1
■ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ခွင့်ပြုကြောင်း UEC ထုတ်ပြန်
ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်သည်။
လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်အတည်ပြု ကြေညာထားသည့် နိုင်ငံရေးပါတီကိုယ်စားပြု မဲအများဆုံးရသူအနိုင်ယူစနစ် ကိုယ်စားလှယ်လောင်းများ၊ အချိုးကျ ကိုယ်စားပြုစနစ် ကိုယ်စားလှယ်လောင်းများ သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိစေရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၀-က နှင့် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ အခန်း (၁၀) တို့တွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများသည် လွတ်လပ်၍တရားမျှတပြီး အေးချမ်းတည်ငြိမ်သည့် ရွေးကောက်ပွဲများဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ (အောက်တိုဘာ ၂၈ ရက် နံနက် ၆ နာရီမှ ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီ အထိ )ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။
■ Website Link >>>> https://news-eleven.com/article/306908
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍 42❤ 10👏 1
ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း မိမိအနေနှင့် နိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန်အတွက် စစ်ပွဲများ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်နိုင်ရန် မြန်မာနိုင်ငံ အစိုးရကို ကူညီပေးရေး ကတိကဝတ်ပြုခဲ့ကြောင်း တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ် တိန့်ရှီကျွင်းက ပြောကြားသည်။
“ မကြာသေးမီ နှစ်ကာလတွေအတွင်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဆန္ဒအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs)တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့တပ်မတော်ကို ကူညီပေးခဲ့ပါတယ်။ တစ်ဖက်မှာလည်း သက်ဆိုင်ရာ နယ်မြေတွေရဲ့ တည်ငြိမ်ရေးနဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်ပေးခဲ့ပါတယ်" ဟု တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ် တိန့်ရှီကျွင်းက ပြောကြားသည်။
မိမိတို့အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော် အချုပ်အခြာအာဏာကို အပြည့်အဝ လေးစားသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အကျိုးတော်ဆောင်အနေနှင့် ကြားဝင် ဆောင်ရွက်ပေးရသည့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ရန် အသင့်ရှိပါကြောင်းလည်း တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ် တိန့်ရှီကျွင်းက ပြောကြားသည်။
■ Website Link >>>> https://news-eleven.com/article/306906
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍 31❤ 7👏 1🤬 1
■ မကြာမီ ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းနှင့် နည်းပညာအကူအညီများ ပေးအပ်သွားရန် အသင့်ရှိနေကြောင်း တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ် ပြောကြား
■ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကတိကဝတ်များ ပေးအပ်ဆာင်ရွက်နေသည်ကိုလည်း ခိုင်ခိုင်မာမာထောက်ခံပြီး မြန်မာနိုင်ငံအတွင်း၌ ပဋိပက္ခများမြင့်တက်လာခြင်း သို့မဟုတ် ထိန်းသိမ်းရခက်သည့် စည်းမဲ့ကမ်းမဲ့ အခြေအနေများ ပေါ်လာမည်ကို မလိုလားဟုဆို
မကြာမီ ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးလည်း လိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်း အကူအညီ၊ နည်းပညာ အကူအညီများ ပေးအပ်သွားရန် အသင့်ရှိနေကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ပြောကြားသည်။
ယနေ့(အောက်တိုဘာ ၁၅ ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကား ပြောကြားရာတွင် NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေများ၏ ကိုယ်စားလှယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်း က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
" သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံတွင်းက သက်ဆိုင်ရာ ပါတီတွေ၊ နိုင်ငံတွင်းအခြေအနေ အရပ်ရပ်နှင့် လိုက်လျောညီထွေရှိတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်နေပြီး ကနဦးကတည်းက နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးနဲ့ တည်ငြိမ်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ပေါ်ထွန်းရေးကို ဆောင်ရွက်နေတဲ့ မြန်မာကို တရုတ်နိုင်ငံအနေနဲ့ ခိုင်ခိုင်မာမာ ထောက်ခံပါတယ်။ မကြာခင် ကျင်းပတော့မယ့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်တဲ့ ရုပ်ဝတ္ထု ပစ္စည်းအကူအညီ၊ နည်းပညာ အကူအညီတွေ ပေးအပ်သွားဖို့ အသင့်ရှိနေကြောင်းကိုလည်း ထည့်သွင်း ပြောကြားလိုပါတယ်" ဟု တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ် တိန့်ရှီကျွင်း က ပြောကြားသည်။
ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံအနေနှင့် အဓိက ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ငြိမ်းချမ်းပြီးတည်ငြိမ်သည့် ပြည်တွင်းအခြေအနေတစ်ရပ် လိုအပ်ကြောင်း တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ် တိန့်ရှီကျွင်းက ပြောကြားသည်။
" မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီးအတွက် ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတစ်ရပ်လုံးအပေါ် ချစ်ကြည်ဖော်ရွေရင်းနှီးတဲ့ မူဝါဒကို ကျင့်သုံးပြီး အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြု ဆိုတဲ့ မူကိုလည်း တင်းတင်းကျပ်ကျပ် လိုက်နာလျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအစဉ်အလာကို လေးစားသလို ပြည်ပအင်အားစုများက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လာတဲ့ အခြေအနေကိုလည်း ဆန့်ကျင်ကြောင်း ပြောကြားလိုပါတယ်” ဟု တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ် တိန့်ရှီကျွင်းက ပြောကြားသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များတွင်း မြန်မာနိုင်ငံသည် ပြည်တွင်း၊ ပြည်ပ အခြေအနေ အရပ်ရပ်နှင့် ကြုံတွေ့ခဲ့ရသလို ကပ်ရောဂါ၊ တိုင်ဖွန်းမုန်တိုင်းနှင့် ငလျင်လှုပ်ခတ်မှု စသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ခဲ့ရပြီး တိုင်းပြည်၏ ခံနိုင်ရည်စွမ်းအားကို အပြည့်အဝ ပြသခဲ့ကြောင်း၊ နက်ရှိုင်းပြီး ကာလရှည်ကြာတည်ရှိခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ပေါက်ဖော်ဆက်ဆံရေးနှင့်အညီ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိရေး အကောင်အထည် ဖော်နေသည့် လမ်းကြောင်းကိုလည်း ရှေ့တိုးဆောင်ရွက်နိုင်ရန် ကူညီခဲ့ကြောင်း တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ် တိန့်ရှီကျွင်းက ပြောကြားသည်။
တရုတ်နိုင်ငံ အာရှရေးရာအထူး ကိုယ်စားလှယ် တိန့်ရှီကျွမ်းက “ မြန်မာပြည်သူတွေ ဟာ ငြိမ်းချမ်းရေးကို လိုအပ်နေပါတယ်။ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားရေး စည်းလုံးညီညွတ်မှုနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ကာကွယ်စောင့်ရှောက်ခွင့်အပေါ် ခိုင်ခိုင်မာမာ ထောက်ခံပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကတိကဝတ်များ ပေးအပ်ဆောင်ရွက်နေတာကိုလည်း ခိုင်ခိုင်မာမာ ထောက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခတွေ မြင့်တက်လာတာ ဒါမှမဟုတ် ထိန်းသိမ်းရခက်တဲ့ စည်းမဲ့ကမ်းမဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကိုတော့ မလိုလားပါဘူး” ဟု ပြောကြားသည်။
👍 30❤ 13👏 1
■ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အမြဲတမ်းထောက်ခံ အားပေးခဲ့ပြီး ဆက်လက်၍ ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ၏ ယာယီထွေထွေအတွင်းရေးမှူးချုပ် ပြောကြား
■ ရွေးကောက်ပွဲများသည် တွေ့ဆုံဆွေးနွေးခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနှင့် သက်ဆိုင်သူ အားလုံးကြား ယုံကြည်မှု တည်ဆောက်ခြင်းတို့ ပါဝင်သော ပိုမိုကျယ်ပြန်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိကကျသည့် အစိတ်အပိုင်းဖြစ်ရမည်ဟုဆို
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အမြဲတမ်း ထောက်ခံ အားပေးခဲ့ပြီး ဆက်လက်၍ ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ(APRC)၏ ယာယီအထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးဟောင်း H.E. Mr. Pisanu Suvanajata က ပြောကြားသည်။
ယနေ့(အောက်တိုဘာ ၁၅ ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၁ ၌ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကား ပြောကြားရာတွင် ထိုင်းနိုင်ငံ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ(APRC) ၏ ယာယီ အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးဟောင်း H.E. Mr. Pisanu Suvanajata က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
" ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကနဦးအစကတည်းက အမြဲတမ်း ထောက်ခံအားပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ဝိုင်းဝန်းထောက်ခံပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို မြန်မာဦးဆောင်မှုနဲ့ရယူပြီး မြန်မာကပဲ ပိုင်ဆိုင်ရမယ်လို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ မြန်မာပြည်သူတွေသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်ပါတယ်။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံ တစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံ ဟာ နားထောင်ဖို့၊ ကူညီပေးဖို့နဲ့ အားပေး ထောက်ခံဖို့ အမြဲအသင့်ရှိနေမှာ ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့် မြတ်ရေးကောင်စီ(APRC) ၏ ယာယီအထွေထွေအတွင်းရေးမှူးချုပ် က ပြောကြားသည်။
NCA လက်မှတ်ရေးထိုးခဲ့ခြင်းသည် စာရွက်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးရုံ မဟုတ်ဘဲ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် မြန်မာပြည်သူအားလုံး ပိုင်ဆိုင်နိုင်မည့် အနာဂတ်အတွက် တံခါးတစ်ခု ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ (APRC) ၏ ယာယီအထွေထွေအတွင်းရေးမှူးချုပ် က ပြောကြားသည်။
ထိုင်းနိုင်ငံ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ(APRC)၏ ယာယီ အထွေထွေအတွင်းရေးမှူးချုပ် က " မကြာမီ မြန်မာနိုင်ငံဟာ နောက်ထပ် အရေးကြီးတဲ့ အခိုက်အတန်တစ်ခုဆီ ရောက်ရှိလာတော့မှာလို့ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါဟာ လာမည့် ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ ယုံကြည်ချက်ကို မျှဝေပါရစေ။ ရွေးကောက်ပွဲတစ်ခုတည်းက ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့ ခြေလှမ်းပါ၊ ဟုတ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲတွေဟာ တွေ့ဆုံဆွေးနွေးခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနဲ့ ခြင်းနဲ့ သက်ဆိုင်သူ အားလုံးကြား ယုံကြည်မှုတည်ဆောက်ခြင်းတို့ ပါဝင်တဲ့ ပိုမိုကျယ်ပြန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့အဓိကကျတဲ့ အစိတ်အပိုင်း ဖြစ်ရပါမယ်။ အဲ့ဒီလိုမျိုး မဟုတ်ရင် မဲပုံးက ပဋိပက္ခရဲ့ အမာရွတ်တွေကို ကုစားနိုင်မှာ မဟုတ်ပါဘူး" ဟု ပြောကြားသည်။
ထိုင်းနိုင်ငံနှင့် အာဆီယံသည် မြန်မာနိုင်ငံနှင့် ဒေသအကြားက အားလုံးပါဝင်ပြီး စစ်မှန်သည့် ရလဒ် ထွက်ပေါ်စေမည့် အပြုသဘော ထိတွေ့ဆက်ဆံမှု အားလုံးကို ထောက်ခံရန် အသင့်ရှိကြောင်း၊ ငြိမ်းချမ်းရေးသည် ကြေညာချက်များ သို့မဟုတ် အခမ်းအနားများ သက်သက် မဟုတ်ဘဲ သာမန် ပြည်သူများ၏ နေ့စဉ်ဘဝတွင် ခံစားနိုင်သော စစ်မှန်သည့် အပြောင်းအလဲကသာ ငြိမ်းချမ်းရေးဖြစ်ကြောင်း ထိုင်းနိုင်ငံ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ (APRC)၏ ယာယီအထွေထွေအတွင်းရေးမှူးချုပ် က ပြောကြားသည်။
■ Website Link >>>> https://news-eleven.com/article/306905
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍 32❤ 9🥰 1👏 1
08:11
视频不可用在 Telegram 中显示
■အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု)
- ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ခုနစ်လအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မီးလောင်မှု ၆၇၇ ကြိမ် ဖြစ်ပွားပြီး လူ ၅၄ ဦး သေ ဆုံးကာ ကျပ်သန်း ၅၉၀ဝ ကျော် ဆုံးရှုံး
- သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံး
- မက္ကဆီကို အလယ်ပိုင်းနှင့်အရှေ့ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံး၆၄ဦး သေဆုံးခဲ့ပြီး ၆၅ ဦး ပျောက်နေ
- မာဒါဂါစကာနိုင်ငံတွင် Gen Z ဆန္ဒပြမှုများ ဖြစ်ပွားလာပြီးနောက် တိုင်းပြည်မှ သမ္မတထွက်ပြေး
- ဘောလုံးလောကမှာ လက်ရွေးစင်အသင်းအတွက် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်သူအဖြစ် မက်ဆီ စံချိန်တင်
15 Night Packate~1.mp4118.90 MB
👍 27❤ 21😢 2🥰 1
■ ကျောက်မဲမြို့နယ်တွင် ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ၊ အသက် ၁၅ နှစ်အောက် ကလေးများအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
ကျောက်မဲမြို့နယ်တွင် ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ၊ အသက် ၁၅ နှစ်အောက် ကလေးများအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများ ပြန်လည်ဖွင့်လှစ်ထားရှိပြီး ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ Read more >>>>https://news-eleven.com/article/306898
👍 47❤ 13👏 4🥰 1
■ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျုးကျော်လမ်းဘေးဈေးသည်များကို ဖယ်ရှားရှင်းလင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျုးကျော်လမ်းဘေးဈေးသည်များကို ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့တွင် အဓိကနေရာများဖြစ်သည့် လှည်းတန်း၊ တာမွေ အစရှိသည့်နေရာများ၌ လမ်းဘေးတွင် ဈေးရောင်းချလျက်ရှိသည့် ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းနေခြင်းဖြစ်သည်။
"မနေ့ကတည်းက စဖျက်နေတာတွေ့တယ်။ ရုတ်တရက်ဆိုသလိုပဲ အသောကမှတ်တိုင် ဈေးဘက်အခြမ်းနားမှာရှိတဲ့ လမ်းဘေးဆိုင်ခန်းတွေကို ဖျက်နေတာတွေ တွေ့တယ်။ အဲ့ဒီမှာက စားသောက် ဆိုင်တွေရော၊ အလှပြင်ဆိုင်တွေရော အများကြီးပဲ။ ဒီနေ့ အဲ့ဒီဆိုင်တွေကို ဖျက်နေတာတွေ့တယ်" ဟု တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ထို့ပြင် သာကေတမြို့နယ် မင်းနန္ဒာလမ်းမကြီးပေါ်ရှိ လမ်းဘေးဆိုင်အချို့ကိုလည်း ဖျက်သိမ်းထားပြီး ဈေးရောင်းချခွင့်မရှိကြောင်း သိရသည်။
"သာကေတ Capital ရှေ့ဘေးနားကဆိုင်တွေ မရှိတော့ဘူး။ ကွမ်းယာဆိုင်တွေရော၊ ထမင်းဆိုင်တွေရောပဲ" ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
Photo: Kyi Naing
■ Read more >>>>https://news-eleven.com/article/306896
👍 52❤ 13😱 3👏 1
■ ရွေးကောက်ပွဲကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို တွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း ပူးပေါင်းပါဝင်ပေးကြရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
■ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေနှင့် မိမိတို့ အကျိုးစီးပွားကို အမှန်တကယ်ဆောင်ရွက်သယ်ပိုးနိုင်သည့် မိမိလူမျိုး မိမိဒေသအပေါ် အလေးထားမည့်ပုဂ္ဂိုလ်များကို ရွေးချယ်သွားနိုင်မည်ဟု ဆို
ရွေးကောက်ပွဲကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို တွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း ပူးပေါင်းပါဝင်ပေးကြရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
■ Read more >>>>https://news-eleven.com/article/306895
👍 34❤ 12👏 2🥰 1
■ ပဲခူးမြို့တွင် ရထားပေါ်မှ ကြဲချသည့် ငွေကြေးနှင့် မုန့်များကို လိုက်ကောက်ရင်း ကျောက်တုံးနှင့် ထိခိုက်မိကာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
ပဲခူးမြို့တွင် ရထားပေါ်မှ ကြဲချသည့် ငွေကြေးနှင့် မုန့်များကို လိုက်ကောက်ရင်း ကျောက်တုံးနှင့် ထိခိုက်မိကာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု အနာဂတ်ကြယ်ပွင့် သွေးအခမဲ့နှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့ အုပ်ဖိုကျုံးရိုး ရထားလမ်းဘေးတွင် နေထိုင်သည့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ရထားအလာတွင် လေဟပ်၍ နောက်လန်ကျပြီး ကျောက်တုံးနှင့် ထိခိုက်မိကာ ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
■ Read more >>>>https://news-eleven.com/article/306894
😢 46👍 4❤ 2😱 1
照片不可用在 Telegram 中显示
■ ဝန်ထမ်းများကို မော်တော်ယာဉ်ဝယ်ယူခွင့်ပြုမည်ဆိုသည့်စာမှာ အတုဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန ထုတ်ပြန်
ဝန်ထမ်းများကို မော်တော်ယာဉ်ဝယ်ယူခွင့်ပြုမည်ဆိုသည့်စာမှာ အတုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ဝယ်ယူခွင့်ကိစ္စကို ဝန်ကြီးဌာနအနေဖြင့် လတ်တလော ထုတ်ပြန်ထားခြင်းမရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်အား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။
လတ်တလော ဆိုရှယ်မီဒီယာများပေါ်တွင် ဖော်ပြနေသည့်အချက်အလက်များမှာ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အပေါ်၌ Facebook Memory ပြန်တက်လာသည့်အပေါ် အချက်အလက်၊ ခုနှစ် ပြင်ဆင်ပြီး မော်တော်ကားဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကြေညာချက်အတု ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
■ Read more >>>>https://news-eleven.com/article/306893
👍 32❤ 5👏 1
照片不可用在 Telegram 中显示
■ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာမှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည့် Shwe Thet အကောင့်ပိုင်ရှင် သမီးဆိုးအား ဖမ်းဆီးအမှုဖွင့်ထား
တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာမှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည့် Shwe Thet အကောင့်ပိုင်ရှင် သမီးဆိုးအား ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ Read more >>>>https://news-eleven.com/article/306892
👍 43❤ 8🥰 1👏 1😱 1
■ ပေါင်းတည်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဇနီးဖြစ်သူကို PDF များက သေနတ်နှင့် ပစ်ခတ်ခဲ့သဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသေဆုံး
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဇနီးဖြစ်သူကို PDF များက သေနတ်နှင့် ပစ်ခတ်ခဲ့သဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပေါင်းတည်မြို့နယ် ရေဆည်ကြီးကျေးရွာ၌ အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းမြင့်သည် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဦးနှင့်အတူ နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် PDF လေးဦး ရောက်ရှိလာပြီး ဒလန်များဟု ပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်သန်းသန်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ပေါင်းတည်မြို့နယ်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။
ထိုသို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူကို ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ Read more >>>>https://news-eleven.com/article/306891
🤬 25😢 7👍 6❤ 4😱 1
