2025 年数字统计

14 309
订阅者
-224 小时
-537 天
-19730 天
帖子存档
တကယ်တော့ အပြင်ကနေ ဝိုင်းကူပေးရတဲ့ FR တွေအတွက် စွပ်စွဲခံရမှုတွေရှိလာချိန်မှာ သေချာတိတိကျကျ ဖြေရှင်းနိုင်မယ့်၊ နောက်ကနေလည်း ရပ်တည်ပေးနိုင်မယ့် စနစ်တစ်ခုတော့ (တော်လှန်ရေး အသိုင်းအဝိုင်းမှာ) လိုခဲ့တာပါ။
ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အဲ့လိုစနစ် ရှိမလာခဲ့ဘူး။ ဒီတော့ … စွပ်စွဲခံရရင်ခံရတဲ့သူကပဲ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်း၊ သူ့နည်းသူ့ဟန်နဲ့ တောင့်ခံနေခဲ့ကြရတာပါပဲ။
တစ်ခါနှစ်ခါလောက် စွပ်စွဲခံရရုံတင်မက နေ့စဥ်စောင့်ကြည့်ပြီး မရရအောင် တို-က်ခို-က်မယ့်လူတွေရဲ့ဒဏ်ကို တောင့်ခံဖို့ဆိုတာလည်း အတော်ကိုမလွယ်တဲ့ကိစ္စပါ။
မပန်နဲ့ပတ်သက်ရင် ကျွန်တော်နဲ့ အမြင်မတူတာတွေရှိတယ်၊ ကျွန်တော် သိပ်မကြိုက်တဲ့ အချက်တွေလည်းရှိတယ်။ (သူလည်း ကျွန်တော့်အပေါ်မှာ အဲ့လိုရှိနိုင်တာပါပဲ။ ၁၀၀% ကောင်း/ကြိုက် ဆိုတာတော့ ဘယ်သူကမှ ဘယ်သူ့ကို မရှိနိုင်ဘူးမဟုတ်လား)
ဒါပေမဲ့ ခုလောက်ထိ တော်လှန်ရေးမှာ ပါဝင်ခဲ့/နေတာ၊ အတို-က်အခို-က်တွေကို တောင့်ခံထားပေးတာ၊ တချို့ကိစ္စတွေကို ဖြေရှင်းရာမှာ NUG ပေါ် ပဲ ခေါင်းထိုးမချလိုက်ပဲ (စ-စ်ရေး လုံခြုံရေး မပေါက်အောင်လည်း) အတတ်နိုင်ဆုံး တောင့်ခံဖြေရှင်းခဲ့တာတွေကတော့ လေးစားမှုပေးရတဲ့ ကိစ္စတွေပါပဲ။
#ဇင်ဇေလွင်
❤ 119👍 41🤣 5😢 2
မပန်ဆယ်လိုကတော့ ထောက်ပို့လုပ်ဆောင်ခြင်း၊ ရန်ပုံငွေရှာဖွေခြင်းကို အပြီးတိုင်းရပ်နားလိုက်ပြီလို့ အခုပဲကြေညာသွားတဲ့ပို့စ်ကို ဖတ်လိုက်ရတယ်။ သူ့ရဲ့လုပ်ဆောင်မှုတွေကို စိတ်မရှင်းလို့ စိတ်မသန့်လို့ မေးခွန်းထုတ်ချင်တာမျိုး တို-င်ကြားချင်တာမျိုးတွေရှိရင် NUG အစိုးရထံ လိပ်မူတိုင်ကြားနိုင်ကြောင်းလည်း ထည့်ရေးထားတယ်။ ဒီတော်လှ-န်ရေးကာလတလျှောက် သူလုပ်ဆောင်ပေးခဲ့တဲ့ ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ ကမ်ပိန်းတိုင်း, ပရော့ဂျက်တိုင်းမှာ သူ့ကိုတော့ ကျွန်တော့်တကိုယ်စာအရ ယုံကြည်မှုရှိတယ်။ ယုံကြည်မှုရှိတယ်ဆိုတာလည်း သူများက Khoeတယ်ပြောတိုင်း သံယောင်မလိုက်ပဲ သေသေချာချာ လိုက်စုံစမ်းထားလို့ ယုံကြည်မှုရှိတာ။
တော်လှန်ရေးကာလတလျှောက် သူ့ခမျာအတိုက်အခိုက်တွေ များလွန်းတော့လည်း သူ့ရဲ့စိတ်ခံစားချက်အရ ဆုံးဖြတ်ချက်ချတာကိုလည်း နားလည်တယ်၊ ဒီတော်လှ-န်ရေးရဲ့ ထောက်ပံ့ရေးအပိုင်းမှာ အားတစ်ခုတော့ လျော့သွားပေမယ့် တနည်းမဟုတ်တနည်းနဲ့ ပါဝင်နေမယ့်သူဆိုတာကိုတော့ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။ သို့ပေမယ့် ဟိုဘက်အုပ်စုကတော့ ရည်ရွယ်ချက်ပြည့်သွားတာပေါ့။
https://www.facebook.com/share/p/1MYVNRAhxu/
#အေအန်န်အမ်မ်တီ
Telegram Channel
😢 111👍 19❤ 6🤣 4👏 1
The Key နဲ့ပတ်သက်တဲ့ ဒီနေ့ Audit Meeting မှာ Observer အနေနဲ့ တက်ရောက်ပြီး အစအဆုံးနားထောင်တယ်။ မီတင်မလုပ်ခင် ရှေ့ရက်ကတည်းက "သက်ဆိုင်သူ ၃ ဦးကလွဲပြီး ကျန်တဲ့ Observer တွေက Third party ဖြစ်တာကြောင့် စကားပြောခွင့်မရှိပါဘူး"ဆိုတဲ့ စည်းမျဥ်းကို သေသေချာချာလေး လိုက်နာဖြစ်ခဲ့တယ်။ မလိုက်နာလို့လည်း မရဘူးလေ၊ Auditor က မိုက်ချည်းလှမ်းပိတ်ရင် နောက်မီတင်တွေ တက်ခွင့်မရပဲနေလိမ့်မယ်...🫠
https://www.facebook.com/share/p/17Bgq9HW6M/
#အေအန်န်အမ်မ်တီ
👍 90❤ 8🤣 8🤔 1
သမီးဆိုးက KBZ ဘဏ်ဆီ email ပို့ပြီး ကျွန်တော်တင်ခဲ့တဲ့ Chatlist တွေက အစစ်ဟုတ်မဟုတ်မေးတယ်၊ "ဟင့်အင်း ရွံလို့"ဆိုတဲ့ Reply တစ်ခွန်းကြောင့် သမီးဆိုးနဲ့ ငြိမယ်မှန်းသိလို့ အဲ့ညကတည်းက အဲ့ဒီဝန်ထမ်းမလေး ပြဿနာတက်ပြီး ပို့စ်ပြန်ဖျက်ပေးဖို့တောင် ကျွန်တော့်ဆီလာတောင်းဆိုသွားတာ၊ နောက်နေ့ အဲ့ဒီဝန်ထမ်း ချက်ချင်းအထုတ်ခံရတယ်လို့ ယူဆလို့ရတယ်၊ အဲဒါကို သမီးဆိုးက မသိဘူး။ Ballမဘဏ်ရဲ့ဝန်ထမ်းတွေတောင် သူ့လိုBallမကို ချဥ်နေတာ သူမသိဘူး။
တကယ်ဆိုအဖြေက ရှင်းရှင်းလေး၊ သူ ပို့စ်စပြီးတင်ခဲ့တဲ့ "KBZ ဘက်က တာဝန်ရှိသူ ရာထူးကြီးတဲ့အထဲက တစ်ယောက်ယောက် ကျွန်မထံ ဆက်သွယ်ပေးပါ"ဆိုပြီး ရေးတင်ခဲ့ပေမယ့် KBZ ဘက်က သူ့ကို စော-က်ဖတ်တောင်မလုပ်ခဲ့ဘူး။ အခု သူ့ဘက်က ကျွန်တော်တင်ထားတဲ့ Chatlist နဲ့ပတ်သက်ပြီး ဖြေရှင်းပေးပါဆိုပြီး Mail ပို့မှ KBZ ဘက်ကနေ အရှည်အရှည်ထပ်မဖြစ်ချင်တာကြောင့် "Fake အကောင့်ပါ"လို့ မကောင်းတတ်လို့ Reply ပြန်ပို့တာ။ KBZ ပြောချင်တဲ့သဘောက "ကော-င်မ.... နင့်စော-က်ဆင့်နဲ့ ငါက ဘာလို့အရင်ဆက်သွယ်ရမှာလဲ"ဆိုတဲ့ စော-က်ချိုး။ အဲဒါနဲ့များ ကျွန်မဆီ ဆက်သွယ်ပေးပါတဲ့၊ Ballမတွေထဲမှာ အဲ့ကော-င်မ အနှိ-မ်ခံရဆုံးပဲ... ဗတ် ဟက် ဟက်....😆
#အေအန်န်အမ်မ်တီ
🤣 90👍 12❤ 5
တော်လှ-န်ရေး ငွေကြေး ငွေစာရင်းပိုင်းနဲ့ပတ်သက်ရင် ကျွန်တော် ဘယ်လောက်အထိ sensitive ဖြစ်တတ်သလဲဆိုတာ ကျွန်တော်နဲ့ရင်းနှီးသူတိုင်း သိကြပါလိမ့်မယ်။ The Key ပရော့ဂျက် စတုန်းကလည်း ဘယ်သူကမှာ ခိုင်းစေညွှန်ကြားမှုမရှိပဲ ကျွန်တော့် "အာနိုး အိုးနာ" (အပြီးကျသွားတဲ့အကောင့်) အကောင့်ကနေ ၂ ကြိမ်တိတိ ပရိုမုလုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စမှာ ကိုယ်တိုင်လည်း တာဝန်ရှိတယ်လို့ခံစားရတာကြောင့် နောက်ဆုံးအဖြေရလဒ်ကို ပိုပြီးတောင်းတပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ The Key ကိစ္စနဲ့ပတ်သက်ပြီး အခုအချိန်မှာ ကျွန်တော့်အနေနဲ့ Observer (လေ့လာစောင့်ကြည့်သူ)အဖြစ် တရားဝင်ရှိနေပြီမို့ ဒီနေ့ကစပြီး တိကျခိုင်မာတဲ့ ရလဒ်မထွက်မချင်း တစ်ဦးတစ်ယောက်ထိခိုက်နစ်နာအောင် ပို့စ်တွေရေးတင်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ မနေ့ကမှ နှစ်ဦးနှစ်ဖက်ရဲ့ Group ထဲကို စရောက်တာမို့ အခြေအနေတွေကို ပိုပြီး စောင့်ကြည့်ပါမယ်။ အကယ်၍ ရလဒ်အဖြေထွက်လာပြီဆိုရင် ပြောသင့်တာပြောပါမယ်၊ တိုက်တွန်းသင့်တာ တိုက်တွန်းပါမယ်။ ပို့စ်တွေမှန်သမျှလည်း အကုန်လိုက်ဖတ်နေပါတယ်။ ဘာမှတ်ချက်မှတော့ လောလောဆယ်မပေးသေးပါ။ ဒီလောက်ပါပဲခင်ဗျာ။
https://m.facebook.com/story.php?story_fbid=pfbid02uPCuAELz3zfTTJRSSAuiujyQB58ksGF11mPvYKiQ3Nswf1PtNcBsFi4QXk7CMq2nl&id=100074054164741&mibextid=Nif5oz
#အေအန်န်အမ်မ်တီ
Telegram Channel
❤ 106👍 30🥰 3🤣 1
အစ်မဖြူဖြူကျော်သိန်းကို လေးစားချစ်ခင်ပေမယ့် သူ့အစ်မညိုညိုကျော်သိန်းကိုတော့ သံပုရာသီးသည်လို့ သတ်မှတ်ထားတယ်။
https://t.me/ANMTarnoldmyotint/9066
သူ လက်ရှိရေးတင်ထားတဲ့ပို့စ်တစ်ခုက ကမ်ပိန်းလုပ်ဆောင်နေကြတဲ့ Fund-raiser တွေအကုန်လုံးကို စော-က်ပေါတွေ စော-က်TaKhoeတွေလို့ မပြောရုံတမယ်ပဲ။ ပြောချင်တာက အစ်မဖြူဖြူကျော်သိန်းက show လုပ်တယ်၊ အဲ့ဒီကမှ ပါဝင်သူတွေကို ဝန်ဆောင်မှုပေးတယ်၊ ဖျော်ဖြေရေးနဲ့ စိတ်အပမ်းဖြေမှုပေးတယ်၊ ထုတ်ကုန်ရသတစ်ခုခု ပေးတယ်၊ အဲဒါကိုတောင် စာရင်းဝိုင်းစစ်ကြတယ်၊ ဝိုင်းဖြိုချကြတယ်ပေါ့။ အခု The Key ကေ့စ်မှာကျတော့ အဲ့လိုတွေတစ်ခုမှ မပေးနိုင်တဲ့အပြင်၊ အခုလို ငွေစာရင်းပိုင်းအရှုပ်အရှင်းဖြစ်လာတော့ လနဲ့ချီပြီး ဝိုင်းဖုံးဖိပေးကြတယ်၊ ဒီလိုပြဿနာတွေက Fundraiser အခြေပြုပြီးလုပ်နေတဲ့ကမ်ပိန်းတွေရှိနေသ၍ မြေပြင်အဖွဲ့တွေဆီ တိုက်ရိုက်ရောက်မှာမဟုတ်ဘူး၊ ဒါဟာ အချိန်နဲ့ငွေကို အလဟဿ ဖြစ်စေတယ်ပေါ့။
ပြောလိုက်ပါဦးမယ်၊ ဒီပြည်သူလူထုကလေ "တော်လှ-န်ရေးအတွက်"လို့ ခေါင်းစဥ်တပ်ထားရင် ဘယ်ဖျော်ဖြေရေးပွဲဖြစ်ဖြစ် တခဲနက်အားပေးကြ ဝန်းရံကြ ထည့်ကူကြတယ်။ အဲ့ဒါတွေကို ခင်ဗျားအနေနဲ့ ဂုဏ်မောက်နေဖို့မလိုဘူး။ ဘနားနားလို ကောင်လေးသာ လက်ရှိတော်လှ-န်ရေးထဲမှာ ပါဝင်နေပြီး သူ့ဘာသာသူ အသေးစားshowလေးတစ်ခုနဲ့ တော်လှ-န်ရေးအတွက် ရန်ပုံငွေရှာမယ် (Fund-raiser လုပ်မယ်) ဆိုရင်တောင် သူ့ကိုအားပေးကြမယ့် လူတွေက ရှိကိုရှိနေမယ်။ ရရှိမယ့်ရန်ပုံငွေကတော့ သူ့အိုးနဲ့သူဆန် သူ့အတိုင်းအတာနဲ့သူတော့ ရမှာပဲ။ အဲဒါက "တော်လှ-န်ရေးအတွက်"ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပဲ။ ဒါကလေ ခိုင်းနှိုင်းပြီး နှိ-မ့်ချပြောတာမဟုတ်ဘူး၊ လူထုက ဘာအတွက်ရှိနေသလဲဆိုတာကို ပြောပြတာ။
ခင်ဗျားက ဆင်ဖြူတော်မှီပြီး ကြံစုပ်နေတဲ့လူတစ်ယောက်ထက် ပိုမနေဘူး။ အရှင်းဆုံးပြောရရင် ခင်ဗျားတို့လုပ်နေတဲ့ showတွေဆိုတာကလည်း တော်လှ-န်ရေးအတွက် Fund-raiser လုပ်နေကြတာပဲ။ ဒါကိုမှ Fundraiser အခြေပြုပြီးလုပ်နေတဲ့ ကမ်ပိန်းတွေရှိနေသ၍ တော်လှ-န်ရေးအတွက် အချိန်နဲ့ငွေ ဖြုန်းတီးမှုဖြစ်စေတယ် အလဟဿဖြစ်စေတယ် ဆိုရင် ခင်ဗျားတို့လည်း Showတွေလုပ်မနေနဲ့လေ၊ ကိုယ်ပြောထွက်တဲ့စကား ဘယ်အခြေအနေကိုရောက်နေသလဲတောင် မသိပဲ စော-က်တတ်ကြီးလုပ်ပြီး လိုင်းပေါ်အာတတ်ချော-င်နေတယ်။ ခင်ဗျားအနေနဲ့ အခု The Key project ငွေစာရင်းကိစ္စမှာ ဝိုင်းပြီး ဖုံးဖိပေးတယ်လို့ထင်မြင်နေတယ်ဆိုရင် "ငွေစာရင်းရှင်းတမ်းက ဘယ်သူ့ကိုမှ တင်ပြစရာမလိုဘူး" လို့ ပြောခဲ့တဲ့ ခင်ဗျားညီမရဲ့စကားကို ပြန်မြင်ယောင်ကြည့်လိုက်။ "တော်လှန်ရေးအတွက်"လို့ ခေါင်းစဥ်တပ်ထားရင် ပွင့်လင်းမြင်သာမှု ရှိသင့်မရှိသင့်ဆိုတာ အခု thekey ကေ့စ်နဲ့ယှဥ်တွဲပြီး ခင်ဗျားမြင်နိုင်လာလိမ့်မယ်။
ဒီပို့စ်ကို ခင်ဗျားရဲ့ စည်းမစောင့်တတ်တဲ့နှုတ်အာဘော်ကို ထောက်ပြတာ၊ ဒီတော်လှ-န်ရေးမှာ Fund-raiser တွေ ရှိမနေရင် ဒီတော်လှ-န်ရေးက ဒီအခြေအနေအထိရောက်လာမှာမဟုတ်ဘူးဆိုတာ မြင်အောင်ကြည့်။ အဲ့လိုပြောလို့ ခင်ဗျားတို့ပြုလုပ်နေတဲ့ Show တွေဆိုတာကလည်း Fund-raiser သဘောတရားပဲဆိုတာ ထပ်ပြီးမြင်အောင်ကြည့်။ စော-က်ကြီးစော-က်ကျယ်တွေ တက်တက်မရေးနဲ့။ အစ်မဖြူဖြူကျော်သိန်းကိုတော့ အားနာပါတယ်။
https://www.facebook.com/share/p/1EZ6k5pzni/
#အေအန်န်အမ်မ်တီ
👍 116❤ 28🤣 1
照片不可用在 Telegram 中显示
အစ်မဖြူဖြူကျော်သိန်းကို လေးစားချစ်ခင်ပေမယ့် သူ့အစ်မညိုညိုကျော်သိန်းကိုတော့ သံပုရာသီးသည်လို့ သတ်မှတ်ထားတယ်။
အပြည့်အစုံဖတ်ရှုရန်...
https://www.facebook.com/share/p/1EZ6k5pzni/
#အေအန်န်အမ်မ်တီ
Telegram Channel
👍 78❤ 5🤣 2🥰 1
တော်လှ-န်ရေးလုပ်ရင်း အကြွေးတင်နေကြတဲ့သူတွေ အများကြီးတွေ့ဖူးတယ်၊ မြင်ဖူးတယ်၊ အဲ့အထဲ ကိုယ်လည်းပါပါတယ်၊ ကိုယ်ကျတော့ သိပ်တော့မများဘူးပေါ့။ အခုဟာကျတော့ ဟိုတယ်ကြီးတစ်ခုလုံး တော်လှ-န်ရေးအတွက် ရော့အင့်ဆိုပြီး ထိုးအပ်ပေးလိုက်ခါမှ ဟိုတယ်ပိုင်ရှင်ဖြစ်သူက မဲပရော့ဂျက်လုပ်ပေးတဲ့ဂူဂူးတို့ဆီကို ဒေါ်လာ ၃,၀၀၀ အကြွေးတင်ရတယ်လို့၊ ငါ့မှာလည်း ဟန်နေတာကို ဖြစ်လို့။
🎼ငါ.........အံ့....သြ.... 🎼😑
https://www.facebook.com/share/p/175jtakfoQ/
#အေအန်န်အမ်မ်တီ
🤔 1
- မျိုးရိုးက.... မျိုးရိုးက.. သာမာန်ရုံလူတွေလည်းမဟုတ်ဘူး၊ ထိခိုက်ဆုံးရှူံးမှု အင်မတန်များမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ပရိုဖိုင်ကို အရန်Lowပရိုဖိုင်လုပ်ထားတာ။ ဒီလောက်ကွာနေတယ်ဆိုတဲ့ ငွေကြေးလောက်က...
- အင်း...
- ကျွန်မလေ........., အိတ်နှစ်လုံးစာပဲရှိတယ်၊ ဟုတ်ပြီနော်...💁♀️
- အင်း..... အဟင်းဟင်းဟင်း...🙂
- ကျွန်မမျိုးရိုးကို အစွမ်းအစရှိရင် စုံ..စမ်း..ကြည့်လိုက်၊ ဘာမျိုးရိုးလဲဆိုတာကို၊ သိလား...., နော်။ "ထူး"ထရိုန်းနင်နဲ့အပြိုင် ကွန်စ်ထွက်ရှင်လုပ်တဲ့လုပ်ငန်းကြီးတွေ...., နော်...၊ အီလက်ထရောနစ်ရှိူးပိုင်ရှင်တွေ..., နော်၊ ပြီးတဲ့အခါကျလို့ရှိရင် ကျွန်မတို့မှာ ရွှေဆိုင် စိန်ဆိုင်ဆိုတာ လွန်ခဲ့တဲ့အနှစ် ၁၀၀ ကတည်းက ဘိုးဘေဘီဘင်အဆက်ဆက် မဂိုလမ်းလိုနေရာမျိုးမှာ၊ ဗိုလ်ချူပ်ဈေးလိုနေရာမျိုးမှာ ကြီးကြီးကျယ်ကျယ် ဆိုနဲ့ကနားနဲ့ အကြီးချည်းထားပြီး ဖွင့်လာတဲ့မျိုးရိုး။ ၂၀၁၂ မှာ ကျွန်မအမေဆုံးသွားတော့ ကျွန်မအဖွားဆီကနေ ကျွန်မအစ်မနဲ့ကျွန်မ ရတဲ့အမောက်ရှိတယ်နော်... နော်။ ကျွန်မ အဲ့ဒီ ငွေကြေးနဲ့ပတ်သက်လာလို့ sawကားတယ်ဆိုတာ ဒီတော်လှ-န်ရေးမှာ ------- (အဲနားဘာပြောသွားမှန်းမကြားရ) ----- အခု စော-က်သံမထွက်တော့ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်မဘာကော-င်မလည်းဆိုတာ သိသွားလို့...
- ကဲ... တော်ပြီအစ်မ၊ အဲဒါ မဆိုင်တဲ့အရာတွေဖြစ်သွားပြီ။ ကျွန်တော်ပြောနေတာက အစ်မကိုယ်တိုင် စာရင်းဇယားပြည့်စုံမှုမရှိတာကို ပြောနေတာ၊
- မဟုတ်ဘူး အစ်ကိုကျွန်မနဲ့ခင်ခဲ့တဲ့ မျက်နှာတောင်မထောက်ပဲနဲ့ ဟက်လား..., အမယ်လေး ရေဆုံးမြေဆုံးလိုက်မယ်၊ ဒီလောက်ပိုက်ဆံ ဘာဖြစ်တယ်ညာဖြစ်တယ်၊ ဒီစော-က်ဆံလောက်က ကျွန်မ အိတ်နှစ်လုံးဖိုးစာပဲရှိတယ် နော်။
- အစ်မ မဆိုင်တာတွေရပ်..., ဒါ မဆိုင်ဘူး...
- ဒါ.. ကျွန်မ ဒါ....
- ဒါ... အဲ့လိုအဲ့လို ပြောလို့မရဘူးအစ်မ၊
- အရှေ့မှာ ရှင်းစရာရှိတဲ့ကိစ္စတွေ ရှင်းပြီးသွားပြီဆိုတော့ ကျွန်မ ဘယ်လောက်ထိ Sawကားခံရတယ် နာကျည်းနေသလဲဆိုတာ...
- ကဲ............. ကျွန်တော်ကတော့ Email ပို့မယ်၊ လောလောဆယ် ဒီ...မီတင်က ကျွန်တော်တို့လိုချင်တဲ့ဟာကို ရသွားပြီဆိုတော့ ကျွန်တော် ကျန်တဲ့အပိုတွေကိုမပြောချင်ဘူး..
- တစ်ခုတော့ပြောလိုက်မယ်၊ ကျွန်မ "------ကို Leeပဲ"လို့ cellခဲ့တဲ့စကား၊ ဘာကြောင့် cellတာလဲဆိုလိုရှိရင် မိတ်ဆွေလို့သတ်မှတ်ထားခဲ့တယ်၊ ကျွန်မ အရမ်း ကူကယ်ရာမဲ့ ခံစားနေရတဲ့အချိန်...
- နိုး.... နိုး...နိုး...
- ကျွန်မအနေနဲ့ ဟက်လား..., မပန်သော်၎င်း၊ ကိုဇင်ဇေတို့သော်၎င်း၊ ကို....ခန့်ကိုတို့သော်၎င်း၊ ကိုရဲ... ကိုအောင်ရဲပြည့်သော်၎င်း၊ ဒီလူတွေဆီကနေပြီးတော့ အနည်းဆုံး... "အဆင်ပြေရဲ့လား"....
- အစ်မ... မပန်... မပန်... ဘာပြောဦးမလဲ...? ကျွန်တော် အပိုတွေအများကြီးမပြောချင်တော့ဘူးအစ်မ၊ ဟိုဟာဖြစ်တယ်ဆိုရင်တော့ ကျွန်တော် Leave လုပ်တော့မယ်...
- အင်း... အဲဒါဆိုရင်တော့ ခုနကတည်းက "-------"ဆိုတဲ့ဟာကို သဘောတူတယ်ဆိုရင်တော့ ပြီးသွားပြီ၊ မီတင်က လက်စသ-တ်လို့ရနေပြီ၊ အစ်ကိုလျှာရှ-ည်နေလို့လေ နော်...
- မဟုတ်ဘူးလေအစ်မ၊ အစ်မရဲ့ ရတ်စဖောင်ဇင် အဗက်လပ်တီက ဘယ်လိုတုန်းဆိုတာ ကျွန်တော်မေးခွန်းထုတ်တာပဲ။ အစ်မပို့လာတဲ့စာရင်းက လွဲနေတယ် မပြည့်စုံဘူးဆိုတာ ဒါ...ဒါ အမှန်တရားပဲ လောလောဆယ်မှာ...
- အယ်... အဲဒါကြောင့်မို ရေးထားတဲ့အထဲမှာလည်း ပတ်ထရက်လို့ မရေးထားဘူးလား...
- မဟုတ်ဘူးလေ... အစ်မ...,. အဲဒါဆိုရင် အစ်မ ပြော..., ကဲ... ဒါကိုသာကျွန်တော်တို့မစစ်လိုက်ရင် ဘယ်လိုလုပ်မလဲ...? ကဲ..., ထားဦး၊ မပြောတော့ဘူး။
ကျွန်တော့်လိုပဲ ဟိုတစ်ယောက် ဘာတွေပြောသွားသလဲ သိပ်မကြားလိုက်တဲ့သူတွေအတွက် အပင်ပန်းခံပြီး ကိုယ်ကြားရသလောက် ရေးပြပေးတာ၊ အဲဒါ အကုန်ပဲ၊ သွားလက်ဦးမယ်နော်၊ ဘိုင်းရီ...🙂
https://www.facebook.com/share/p/19UdrUNVcL/
#အေအန်န်အမ်မ်တီ
Telegram Channel
🤣 106👍 36❤ 9👏 1
စာရင်းတစ်ခုရှင်းဖို့အတွက် လနဲ့ချီပြီး အကွက်ရွှေ့နေတာမျိုးကတော့ စော-က်ပုံမလာပါဘူးကွာ။ ကွာနေတဲ့စာရင်းကလည်း နည်းနည်းပါးပါးမဟုတ်ဘူး၊ အရင်က သူ(မဂူဂူး)ရေးတင်ထားတဲ့ပို့စ်တစ်ခုဖတ်ဖူးတယ်၊ စာရင်းကို ဘယ်လိုကိုင်တာ၊ ဘယ်လောက်စာရင်းတိကျတာ၊ ဘာဘာညာညာဆိုပြီး စာအရှည်ချည်းရေးတင်ထားတဲ့ပို့စ်၊ အဲ့ဒီပို့စ်နဲ့ အခု သူ့လုပ်ရပ်နဲ့က နံသာဆီနဲ့ အီးလိုပဲ ဘာမှကိုသက်ဆိုင်မှုရှိမနေပြန်ဘူး။ Million Ticket မလုပ်ခင်တုန်းက အရောင်းကိုယ်စားလှယ်လုပ်ပေးနိုင်မလားဆိုပြီး သူ လာကမ်းလှမ်းသေးတယ်၊ အဲ့တုန်းက လက်မခံခဲ့တာ သိပ်ကိုမှန်ခဲ့တယ်။
ခုနက အသံဖိုင် နားထောင်လိုက်ရတယ်၊ စာရင်းကွာနေလို့ ရှင်းခိုင်းပါတယ်ဆိုမှ "ကျွန်မမျိုးရိုးအကြောင်း စုံစမ်းကြည့်လိုက်"တဲ့၊ အလက်ထရောနစ်တွေရော စိန်ဆိုင်တွေရော ပြောချသွားတာချည်းကတော့ ဂေါ်တော်မူတာပေါ့။ သူ့ပြောစကားနားထောင်နေတဲ့ တဖက်ကမပန်ကလည်း "အဟင်းဟင်းဟင်း"တဲ့၊ ငါအူတက်...😆
https://www.facebook.com/share/p/17H1nn2qbR/
#အေအန်န်အမ်မ်တီ
Telegram Channel
👍 94🤣 18❤ 5
照片不可用在 Telegram 中显示
K pay ကတော့ စားပြီ...😆
သမီးဆိုး မသိခင်လေး
သားဆိုးထံသို့ လာရောက်သံတော်ဦးတင်...😆
https://www.facebook.com/share/p/1B7eqS28cW/
#အေအန်န်အမ်မ်တီ
Telegram Channel
🤣 114❤ 5👍 2🔥 2
ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာကျရာက်တဲ့ အစ်မငယ်ရဲ့ မွေးနေ့ အမှတ်တရ "Heart To Heart" မဲကမ်ပိန်းမှ ပေါက်မဲနံပါတ်များကို ထုတ်ပြန်ကြေညာထားပါပြီ။
ပထမဆု _ 0,304
ဒုတိယဆု _ 0,446
တတိယဆု _ 0,372
အထူးဆု _ 0,088
အထူးဆု _ 0,095 တို့ ဖြစ်ပါသည်။
ပါဝင်ပေးသူအားလုံးကို အထူးပင်ကျေးဇူးတင်ရှ်ိပါသည်။
#ကြယ်ငါးကောက်သူများ
#ငါတို့နိုင်မယ့်ပွဲ
#တော်လှန်ရေးမှတပါး_အခြားမရှိ
ပေါက်မဲပိုင်ရှင်များကို Live လွှင့်ကြေညာခဲ့သည့်ပို့စ်...
https://www.facebook.com/share/v/17U1ZM3nvs/
ပေါက်မဲကြေညာသည့်ပို့စ်...
https://www.facebook.com/share/p/1Cg68GoR7x/
#အေအန်န်အမ်မ်တီ
Telegram Channel
❤ 61🥰 5👍 2🤣 1
သမီးဆိုးကို KBZ Pay မှ တစ်ကွက်ပြ...😆😆
https://www.facebook.com/share/p/1FuNGSRetX/
#အေအန်န်အမ်မ်တီ
Telegram Channel
🤣 119❤ 7👍 2🔥 1
စုစုပေါင်း သိန်း ၁၀၀ ပတ်ချာလည် တန်ဖိုးရှိတဲ့ ဆုမဲ ၄ မျိုးကို မနက်ဖြန် စက်တင်ဘာလ ၂၁ ရက်နေ့ ည ၉ နာရီမှာ မဲဖောက်ပေးမယ်လို့ပြောရင် စိတ်ဝင်စားကြလား...?
https://t.me/ANMTarnoldmyotint/9047?single
ဟုတ်ပါတယ်၊ မနက်ဖြန် ၉ နာရီကျရင် မဲဖောက်ပေးမယ့် Live ကို ထုတ်လွှင့်မယ့်သူက ကျွန်တော်ကိုယ်တိုင်ပါပဲ။ ဘာကြောင့်ဘယ်လိုဆိုတာ အကြောင်းအကျိုး အရင်ပြောပြပါရစေ။ ကမ်ပိန်းအမည်ကတော့ "Heart To Heart" ပါ။
၁။ မနက်ဖြန် စက်တင်ဘာလ ၂၁ ရက်နေ့က အစ်မငယ် (Crystal Nge)ရဲ့ မွေးနေ့ဖြစ်ပြီး အဲ့ဒီအစ်မက လက်ရှိကာလပေါက်ဈေး သိန်း ၇၀ ကျော် တန်ဖိုးရှိတဲ့ သူ့ရဲ့ကိုယ်ပိုင် Natural Aquamarine (မြပြာလက်စွပ်) တစ်ကွင်းကို တပ်ရင်းနှစ်ခုအတွက် ထော-က်ပို့လုပ်ဆောင်ချင်တာကြောင့် ထိုလက်စွပ်ကို မဲရောင်းချပြီး ရသမျှငွေအကုန်လုံး တပြားမကျန် တော်လှ-န်ရေးထဲ စီးဆင်းစေမှာဖြစ်ပါတယ်။ ထိုမွေးနေ့ရှင်အစ်မက ပြီးခဲ့တဲ့နှစ် မွေးနေ့တုန်းကလည်း ထိုကဲ့သို့သော သူ့ရဲ့ကိုယ်ပိုင်ရတနာတွေကို အခုလိုပဲ မဲကမ်ပိန်းပြုလုပ်ပြီး ပါဝင်ဖူးသလို၊ လ-က်န-က်ကို-င်တော်လှ-န်ရေး စစဥ်ကတည်းက သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့သာ အစဥ်တစိုက်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါက ဆု ၄ ဆုထဲက ပထမဆုအဖြစ်ရှိနေတဲ့ လက်စွပ်အကြောင်းပါ။ (Comment တွင် လက်စွပ်ပုံကို ကြည့်ရှုနိုင်သည်)
၂။ ဒုတိယဆုကတော့ "Help"လို့ အမည်ပေးထားတဲ့ ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။ ဒီပန်းချီကားကိုတော့ ကျွန်တော့်ကောင်မလေး မယ်ခန့် (Mel Khant)က ပါဝင်အားဖြည့်ထားတာဖြစ်ပြီး သူရေးဆွဲထားတာမျိုးတော့မဟုတ်ပါဘူး။ သူ့မိတ်ဆွေအသိတစ်ယောက်ရဲ့ ပန်းချီကားပါ။ (Comment တွင် ပန်းချီကားလက်ရာကို ကြည့်ရှုနိုင်သည်)
၃။ တတိယဆုကတော့ Way Back Home ကျောပိုးအိတ် အလုံး ၂၀ တိတိကို ပေါက်မဲနံပါတ်ပိုင်ရှင် တစ်ဦးတည်းကသာ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီကျောပိုးအိတ်က CDM အစ်မနဲ့ CDM ကျောင်းသားတွေ ကိုယ်တိုင်ချူပ်လုပ်ထားတဲ့ အရေအသွေးအထူးကောင်းမွန်တဲ့ ကျောပိုးအိတ်တွေပဲဖြစ်ပါတယ်။ ကွာလတီ ဘယ်လောက်ကောင်းသလဲဆို ဒီကျောပိုးအိတ်တွေကို နယ်မြေအစုံက တပ်ရင်းရဲဘော်တော်တော်များများ လက်ရှိအချိန်အထိ အသုံးပြုလျက်ရှိပြီး၊ အကယ်၍ ကိုယ်က မဲပေါက်ခဲ့လို့ မယူချင်ဘူးဆိုရင်တောင် ရဲဘော်အယောက် ၂၀ အတွက် အရမ်းအသုံးဝင်တဲ့ပစ္စည်းဖြစ်လို့ အထောက်အပံ့အဖြစ် ပြန်လည်ပို့ဆောင်နိုင်ပါတယ်။ (Comment တွင် ကျောပိုးအိတ်ပုံကို ကြည့်ရှုနိုင်သည်)
၄။ နောက်ဆုံးအထူးဆုအနေနဲ့ ၂ ဆု ထည့်သွင်းထားပါသေးတယ်။ အဲဒါကတော့ ကိုမဟာချို (Mahar Cho)ကိုယ်တိုင် ပြုလုပ်ထားတဲ့ ဟန်းမိတ်နာရီ ၂ လုံးကို အထူးဆု (၂)ဆုအနေနဲ့ ပေါက်မဲနံပါတ်ပိုင်ရှင်နှစ်ဦးထံ ပို့ဆောင်သွားမှာဖြစ်ပါတယ်။ နာရီကို သစ်သားနဲ့ပြုလုပ်ထားတာဖြစ်ပြီး အတွင်းမျက်နှာပြင်မှာလည်း ဒေါင်း (ရုပ်ရှင်မင်းသားမဟုတ်)ပုံကို ထွင်းထုထားပါတယ်။ (Comment တွင် နာရီပုံအား ကြည့်ရှုနိုင်ပါသည်)
ထိုဆု ၄ မျိုးလုံးကို မနက်ဖြန် ည ၉ နာရီမှာ "ကြယ်ငါးကောက်သူများ" ပေ့ချ်ကနေ ကျွန်တော်ကိုယ်တိုင် ပွင့်လင်းမြင်သာမှုစနစ်ဖြင့် Live လွှင့် မဲဖောက်ပေးသွားမှာဖြစ်ပြီး ထိုမဲကမ်ပိန်းမှာ ကိုယ်တိုင်ပါဝင်ကံစမ်းချင်တယ်ဆိုရင်တော့ မဲတစ်စောင်ကို မြန်မာငွေ ၂၀,၀၀၀ ကျပ်တည်းနဲ့ လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။ မဲလက်မှတ်တွေကို အကောင့် ၅ ခုကနေ မနက်ဖြန်ည ၇ နာရီအထိ နောက်ဆုံးထား ရောင်းချပေးသွားမှာဖြစ်ပြီး၊ မဲအရောင်းပိတ်အပြီး နောက် ၂ နာရီကြာတာနဲ့ ချက်ချင်း Live လွှင့်မဲဖောက်ပေးသွားမှာမို့ အချိန်အကြာချည်း စောင့်ဆိုင်းနေစရာမလိုတော့ပါဘူး။
ဆိုတော့ ပေါက်ရင် ယူချင်ယူ၊ မယူချင်လည်း ပြန်လှူနိုင်တဲ့အပြင်၊ မဲပေါက်ပေါက် မပေါက်ပေါက် တော်လှ-န်ရေးအတွက် တခါတည်းကူပြီးသား ဖြစ်သွားမှာပါ။ ဒီမဲကမ်ပိန်းကနေ ရရှိသမျှငွေကြေးတပြားမကျန် အကုန်လုံးသည် တော်လှ-န်ရေးထဲကိုသာ တိုက်ရိုက်စီးဆင်းစေမှာဖြစ်တဲ့အပြင်၊ ငွေစာရင်းအတိအကျကိုလည်း "ကြယ်ငါးကောက်သူများ" ပေ့ချ်ကနေ ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်။
၁။ ကြယ်ငါးကောက်သူများ ...
https://www.facebook.com/share/1JDbG9XzK6/
၂။ အစ်မငယ် (မွေးနေ့ရှင်အစ်မ) https://www.facebook.com/share/19TEd7T3fR/
၃။ မယ်ခန့် (ကျွန်တော့်ကောင်မလေး) https://www.facebook.com/share/1DLKcQyhkh/
၄။ Aris ... https://www.facebook.com/share/16r4PiTaVf/
၅။ အာနိုးမျိုးတင့် (အေအန်န်အမ်မ်တီ) https://www.facebook.com/share/173fK9QFjC/
#အေအန်န်အမ်မ်တီ
Telegram Channel
❤ 56👍 15🤣 2🥰 1👏 1
#Heart_To_Heart မဲကမ်ပိန်းကို မနက်ဖြန် စက်တင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီအထိ နောက်ဆုံးထား မဲရောင်းချသွားမှာဖြစ်ပြီး၊ ည ၉ နာရီအတိဆိုတာနဲ့ တခါတည်း "ကြယ်ငါးကောက်သူများ" ပေ့ချ်ကနေ ကျွန်တော်ကိုယ်တိုင် live လွှင့်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။
မဲလက်မှတ်တစ်စောင်ကို မြန်မာငွေ ၂၀,၀၀၀ ကျပ်သတ်မှတ်ထားပြီး ဝယ်ယူအားပေးချင်တယ်ဆိုပါက comment ထဲ၌ ဖော်ပြပါရှိသော Link များတွင် ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။
အပြည့်အစုံဖတ်ရှုရန်...👇
https://www.facebook.com/share/p/16yg7eB9W9/
#အေအန်န်အမ်မ်တီ
Telegram Channel
👍 46❤ 14🥰 2🤣 2
နေပြည်တော် ၈၀၇ တပ်ရင်းအတွက် ယူနီဖောင်းကမ်ပိန်း ငွေရှင်းတမ်း၊ ၅၆ သိန်းနီးပါး ရရှိခဲ့။ ယခုလ စက်တင်ဘာ ၉ ရက်နေ့ကနေ စက်တင်ဘာ ၁၄ ရက်နေ့အထိ Battalion 807-Nay Pyi Taw PDF ရဲဘော်တွေအတွက် ယူနီဖောင်းတပ်ဆင်နိုင်စေရန် ၅ ရက်အကြာ ရက်တိုကမ်ပိန်းတစ်ခု ကျွန်တော်ပြုလုပ်ခဲ့ပြီး၊ ထိုကမ်ပိန်းကာလတလျှောက် မိတ်ဆွေ ၇၇ ဦး ပါဝင်ထောက်ပံ့၍ မြန်မာငွေကျပ် ၅,၅၈၉,၂၇၉ (ငါးဆယ့် ငါးသိန်း ရှစ်သောင်း ကိုးထောင် နှစ်ရာ ခုနှစ်ဆယ့်ကိုးကျပ်) တိတိ လက်ခံရရှိခဲ့ပါတယ်။
ရရှိငွေစာရင်း အကျဥ်းချူပ်
စက်တင်ဘာလ ၉ ရက် (၂၀ ဦး) _ ၁,၁၈၈,၉၉၁
စက်တင်ဘာလ ၁၀ ရက် (၂၀ ဦး) _ ၁,၂၂၆,၅၆၀
စက်တင်ဘာလ ၁၁ ရက် (၂၂ ဦး) _ ၁,၉၉၉,၈၅၅
စက်တင်ဘာလ ၁၂ ရက် (၄ ဦး) _ ၄၈၅,၀၀၀
စက်တင်ဘာလ ၁၃ ရက် (၃ ဦး) _ ၂၃၀,၀၀၀
စက်တင်ဘာလ ၁၄ ရက် (၈ ဦး) _ ၄၅၈,၈၇၃
. -------------------------------------
စုစုပေါင်း (၇၇ ဦး) ၅,၅၈၉,၂၇၉
ယခုကမ်ပိန်း၌ လာရောက်ထောက်ပံ့သူများ၏ လုံခြုံရေးမထိခိုက်စေသောအမည်နှင့်၊ ပါဝင်ထည့်ကူသည့် ငွေအမောက်အတိအကျများကို ယခုပို့စ်ရဲ့ကွန့်မန့်ထဲမှာပင် ရက်စွဲ၊ အမှတ်စဥ်များနှင့်တကွ တိတိကျကျ ဖော်ပြပေးထားပါတယ်။ ထိုစာရင်းအတွင်း မိမိနာမည် မပါရှိတာမျိုး၊ ငွေအမောက်မှားယွင်းနေတာမျိုးတွေ ရှိခဲ့ပါက အားမနာတမ်း ဝင်ရောက်ထောက်ပြနိုင်ပါတယ်။ တပ်ရင်းဘက်မှ လက်ခံရရှိကြောင်းမှတ်တမ်းလွှာ ပြန်လည်ပေးအပ်လာတဲ့အခါကျရင် ယခုပို့စ်ကို Edit Post လုပ်ပြီး လာရောက်ဖြည့်စွက်ပေးထားပါမယ်ခင်ဗျာ။
ဒီယူနီဖောင်းကမ်ပိန်းနှင့်ပတ်သက်ပြီး ငွေကြေးထောက်ပံ့သူတွေအပြင်၊ ကမ်ပိန်းပို့စ်များ ဗွီဒီယိုဖိုင်များအား လူအများထံပျံ့နှံ့စေအောင် (ရိချ်တက်အောင်) R,C,S လုပ်ဆောင်ပေးသူ တော်လှ-န်မိတ်ဆွေ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုလည်း နေပြည်တော်တပ်ရင်း ၈၀၇ (Battalion 807-Nay Pyi Taw PDF) မှ ရဲဘော်များကိုယ်စား ကျွန်တော် အေအန်န်အမ်မ်တီ မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။ ။
#အေအန်န်အမ်မ်တီ
❤ 92👍 13🤣 3🥰 1
နေပြည်တော် ၈၀၇ တပ်ရင်းအတွက် ယူနီဖောင်းကမ်ပိန်း ငွေရှင်းတမ်း၊ ၅၆ သိန်းနီးပါး ရရှိခဲ့။
Facebook Post...
https://www.facebook.com/share/p/1ALPXuxuWG/
#အေအန်န်အမ်မ်တီ
Telegram Channel
❤ 60👍 8🤣 3🥰 1
01:02
视频不可用在 Telegram 中显示
ဒီရုပ်သံဖိုင်လေးကို ကျွန်တော့် Facebook အကောင့်မှာတင်ထားပါတယ်၊ အောက်က link ထဲဝင်ပြီး RCS ပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်၊ နေပြည်တော် တပ်ရင်း ၈၀၇ အတွက် ဝန်းရံအားဖြည့်ပေးကြပါဦးခင်ဗျာ။
၁၊ https://www.facebook.com/share/v/1WQXpdyttz/
၂။ https://www.facebook.com/share/v/1ACQqa6MLb/
ရက်တိုကမ်ပိန်း ၅ ရက်သာ ပြုလုပ်မှာဖြစ်ပြီး ယနေ့ဆိုရင် ကမ်ပိန်းက ၃ ရက်မြောက်နေ့ရှိပါပြီ။ အသေးစိတ်သိရှိလိုပါက ကွန်မန့်မှာ link ထည့်သွင်းပေးထားပါ့မယ်။
#အေအန်န်အမ်မ်တီ
Telegram Channel
182.51 MB
❤ 105👍 20🤣 3🥰 2
照片不可用在 Telegram 中显示
မီဒီယာက ကပ်ရှင်ကို စော-က်တလွဲရေးတင်ပေးလိုက်တာနဲ့ အင်တာဗျူးအစအဆုံးနားမထောင်ပဲ စော-က်ပြစ်တ-င်နေတဲ့အကျင့်တွေ ဘယ်တော့မှပြင်ကြမလဲမသိဘူး။ ခေါင်းစဥ်နဲ့တင် လမ်းက ဆုံးနေကြတာတော့ မဟုတ်သေးဘူး။ တချို့တွေက စော-က်ပြစ်ပြောချင်လို့ ပြောတယ်ဆိုရင်တော့ ဘာမှထောက်ပြနေမှာတော့မဟုတ်ဘူးပေါ့၊ အခုဟာက ဘူမသိကိုးမသိနဲ့ကို သူများကြိတ်လို့လိုက်ကြိတ်နေကြတာ။ ဦးရည်မွန် အင်တာဗျူးကိစ္စကိုပြောတာ၊ ဖိုင်ကို အစအဆုံး သွားလည်းနားထောင်ကြည့်ကြဦး...🙂
နားမထောင်ရသေးရင် အဲ့မှာ Link....
https://www.facebook.com/share/v/18VQ5okCQ7/
#အေအန်န်အမ်မ်တီ
Telegram Channel
❤ 96👍 21🔥 3🥰 2🤣 2
