2025 年数字统计

123 112
订阅者
-3524 小时
-3017 天
-1 17530 天
帖子存档
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၁၅ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့
NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ၁၅ ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။
အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၁၃၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၇၄၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၃၉၀ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။
News Of Myanmar NOM
👍 201❤ 27🤬 2
Repost from TgId: 2208842464
၂၂-၁၂-၂၀၂၅
မန္တလေး အောင်မြေသာစံမြိုနယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံပွဲအား
ယနေ့တွင် အောင်မြေမန္တလာ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
👍 171❤ 26🤬 2
Repost from TgId: 1621331790
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်တွင် မူလတန်းပြကျောင်းဆရာတစ်ဦးနှင့် ကျောင်းအုပ်ဆရာကြီးတစ်ဦးတို့ကို PDF အကြမ်းဖက်သမားများက သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွား
NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ မြေခြားကျေးရွာနေ ဂွေးတောက်ကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာဖြစ်သူ ဦးသန်းအောင် (၅၇) နှစ်နှင့် အုံတုံကျေးရွာနေ ဂွေးတောက်ကန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဖြစ်သူ ဦးအောင်ကျော်ဦး (၆၂) နှစ်တို့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့်ရောက်လာပြီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
News Of Myanmar NOM
😢 241😡 98👍 23❤ 18😁 1
01:03
视频不可用在 Telegram 中显示
သူများဘာသာကို မစော်ကားမိစေနဲ့
-
စော်ကားမိရင် တစ်ဘဝလုံး လူမွှေးမပြောင်တော့ဘူးဆို မှတ်ထားပါ
-
507.mp43.45 MB
👍 261💯 57😁 21❤ 15😡 10
Repost from TgId: 1763780778
23:18
视频不可用在 Telegram 中显示
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမျိုးဇော်သိမ်းနှင့် Eleven Media Group အယ်ဒီတာချုပ်တို့၏ ဆွေးနွေးမေးမြန်းမှု အပိုင်း(၃)
32.34 MB
👍 166❤ 42
照片不可用在 Telegram 中显示
မိတ္ထီလာ မြို့နယ်မှာ မူလတန်းပြ ကျောင်းဆရာ နှစ်ယောက်အသတ်ခံရ
ဒီဇင်ဘာ ၂၂ ၊ ၂၀၂၅
မိတ္ထီလာ မြို့နယ်ထဲက အုံတုံရွာ နဲ့ မြေခြား ရွာမှာ နေထိုင်တဲ့ ကျောင်းဆရာ နှစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရ မှုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။
အသတ်ခံရတဲ့ ကျောင်းဆရာ နှစ်ယောက်မှာ ဂွေးတောက်ကန်ရွာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဦး ဆိုသူ နဲ့ ကျောင်းဆရာ ဦးသန်းအောင် ဆိုသူတို့ ဖြစ်ကြောင်း သိရှိရပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့က နေအိမ်အထိ ဝင်ရောက်ကာ သတ်ဖြတ် သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ ကျောင်းဆရာ နှစ်ယောက်ကို အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေသတွင်းလက်နက်ကိုင် အဖွဲ့ဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးသလို သက်ဆိုင်ရာ အစိုးရဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး။
မိတ္ထီလာမြို့နယ် နဲ့ နယ်နမိတ် ထိစပ်နေတဲ့ မလှိုင် မြို့နယ်မှာလည်း ဒီဇင်ဘာ ၁၉ ရက်နေ့က အုပ်ချုပ်ရေးမှူး နဲ့ ကျန်းမာရေး ဝန်ထမ်းအပါအဝင် လူခြောက်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရ တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက်ကလည်း မလှိုင်မြို့နယ် ၊ ဘောက်ခွေးတော ရွာမှ ဦးထွန်းငွေသက် ဆိုသူကို လက်နက်ကိုင် အဖွဲ့တခုက နေအိမ်အထိ ဝင်ရောက် ဖမ်းဆီးခေါ် ဆောင်ပြီး လမ်းအရောက်မှာ သတ်ဖြတ်မှု ရှိ ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်ကလည်း မလှိုင်မြို့နယ် ကျင်းသာရွာ အခြေခံပညာ မူလတန်းကျောင်းက မူလတန်းပြ ဆရာမဖြစ်သူ ဒေါ်ခိုင်ဇံဝေ ကို လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
Crd.
😢 197😡 84❤ 37👍 23🤬 22
照片不可用在 Telegram 中显示
NUG/PDF အကြမ်းဖက်ခေါင်းဆောင်တွေက ခေါင်းစဉ်မျိုးစုံတပ် ဆက်ကြေးကောက်၊ ဓားပြတိုက်ပြီး ရလာတဲ့ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် စိတ်ကြိုက်သုံးဖြုန်းနေကြပေမဲ့ PDF အကြမ်းဖက်တွေ ထိခိုက်ဒဏ်ရာရလို့ ခြေဖြတ် လက်ဖြတ်ရပြီဆိုရင် လာမကြည့်ဘဲ ပစ်ပယ်ထားကြတာကြောင့် PDF အကြမ်းဖက်တွေ ကြေကွဲ ပေါက်ကွဲနေကြပြီ...
-
ဒင်းတို့ PDF အကြမ်းဖက်တွေကို သုံးလို့ရတုန်းမှာ အသုံးချမယ်၊ ထိုးကျွေးမယ်၊ ချနင်းမယ်...အသုံးမလိုတော့ဘူး၊ အသုံးချလို့မရတော့ဘူးဆိုရင်တော့ ခွေးလောက်တောင်တန်ဖိုးမထားဘဲ ပစ်ပယ်ထားကြမှာပဲ...ဒီတော့ PDF အကြမ်းဖက်တွေအနေနဲ့ ဆက်ပြီးမိုက်တွင်းနက်နေကြဦးမယ်ဆိုရင် ထပ်ပြီးပေးဆပ်ရမယ်မှတ်...
-
👍 270❤ 39💯 21😁 8
照片不可用在 Telegram 中显示
မြစ်ဆုံကိစ္စ အာချောင်ရင် ဒီဥပဒေရှိတယ်နော်၊ နောက်မှ မတရားလုပ်တယ် မပြောကြနဲ့။
-
👍 270❤ 31💯 19
Repost from TgId: 2049814454
00:50
视频不可用在 Telegram 中显示
မန္တလေးတိုင်းဒေသကြီး၊
တံတားဦးမြို့နယ်၊
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၊
ဦးကျော်မိုးသက်
https://t.me/kyawswar49111
IMG_8040.MP417.98 MB
👍 209❤ 40🙏 4😁 1
Repost from N/a
23:18
视频不可用在 Telegram 中显示
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမျိုးဇော်သိမ်းနှင့် Eleven Media Group အယ်ဒီတာချုပ်တို့၏ ဆွေးနွေးမေးမြန်းမှု အပိုင်း(၃)
32.34 MB
👍 171❤ 65😁 1
Repost from TgId: 1907154014
Breaking News
ဒီ ၂၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် မြင်းခြံမြို့နယ် ဆုံရွာကို အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လခရတပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံပြန်လည်ပစ်ခတ်မှုကြောင့် အလောင်းများထားကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင်-
(၁) အကြမ်းဖက် ၇ လောင်း
(၂) သေနတ် ၃ လက် (၂ လက် မကောင်း)
တို့အား သိမ်းပိုက်ရရှိခဲ့သည်။
-
တိုက်ပွဲသတင်းစုံ
👍 364❤ 106💯 11👌 10
ဈေးသည်များအား ရင်းနှီးချစ်ခင်စွာ တွေ့ဆုံအားပေး (ပဲခူး) ❤️
-
👍 284❤ 124🙏 6💯 6🤬 2
照片不可用在 Telegram 中显示
လိမ္မာလိုက်တဲ့ ထွန်းကြိုင်
-
(ဆိုင်ကယ်ကတော့ ခိုးလာတာပါ)
-
😁 299👍 109❤ 19💯 6
Repost from TgId: 1680800842
照片不可用在 Telegram 中显示
ကရင်မ မိုးမိုးရဲ့ ပြောစကားထဲမှာ ကရင်စစ်သားတွေ ခန္ဓာကိုယ် အတွင်းပိုင်း ကလီဆာ မှောင်ခို ရောင်းဝယ်ရေး Orgam Trafficking ကိုလုပ်နေကြောင်း ပါလာတယ်။ သက်ဆိုင်ရာက ဒီသတင်းကို အတွင်းကျကျ လိုက်ပြီး မွှေနှောက်သင့်ပါတယ်။
Orgam Trafficking က ကျားဖြန့် ခေါ် Online Scamming ထက်ဆိုးတဲ့ နိုင်ငံတကာ ရာဇဝတ်ပြစ်မှုပါ။
knu တွေက pdf အရှင်တွေကို သတ်ပြီး Organ တွေကို ရောင်းစားနေတာလား စုံစမ်းသင့်ပါတယ်။ ဟုတ်ခဲ့ရင် နိုင်ငံတကာကို ကြေညာပြီး အပြီးတိုင် ချေမှုန်းသင့်ပါတယ်။
Oragn Trafficking သည် Humanity အရ၊ နိုင်ငံတကာ ဥပဒေအရ လုံးဝ ခွင့်မလွှတ်သင့်သော အရာဖြစ်ပါတယ်။
👍 372❤ 40💯 25😢 14😡 8
လွိုင်လင်၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး
NOM နေပြည်တော်၊ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၂၆၈ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန်မှ ညနေ ၃ နာရီခွဲအချိန်ထိ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ဟွေတောက်ကျေးရွာအုပ်စု၊ တောင်ပါခါးကျေးရွာ၏ အနောက်တောင်ဘက် ၅ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇၃ ဧကခန့်အားလည်းကောင်း၊
အလားတူ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်မှ ညနေ ၃ နာရီခွဲအချိန်ထိ လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ဆဟောင်းကျေးရွာအုပ်စု၊ ထီကတူကျေးရွာ၏ အရှေ့တောင်ဘက် ၄ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅၀ ဧကခန့်နှင့် ထီကတူကျေးရွာ၏ အရှေ့ဘက် ၃ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၅ ဧကခန့်တို့အားလည်းကောင်း၊
အလားတူ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်မှ ညနေ ၄ နာရီ ၂၅ မိနစ်အချိန်ထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ စံဖူး ကျေးရွာအုပ်စု၊ လိုက်ကန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၅ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၁ဧကခန့်အားလည်းကောင်း၊
အလားတူ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ လိန်းညားကျေးရွာအုပ်စု၊ တောင်လေးကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း၄၀ ဧကခန့်နှင့် တောင်လေးကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၅ ဧကခန့်တို့အားလည်းကောင်း၊
ထို့အတူ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်မှ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ထမ့်ယမ်းကျေးရွာ၏အရှေ့တောင်ဘက် ၇ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်း စိုက်ခင်း ၇ ဧကခန့်နှင့် ထမ့်ယမ်းကျေးရွာ၏ တောင်ဘက် ၆ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်တို့အားလည်းကောင်း အသီးသီးဖျက်ဆီးရှင်းလင်းခဲ့ကြောင်းသတင်းရရှိသည်။
News Of Myanmar NOM
👍 292❤ 61😁 8💯 5🙏 3
