ch
Feedback
မှုခင်းရုပ်ရှင် (CHN)

မှုခင်းရုပ်ရှင် (CHN)

前往频道在 Telegram

အလုပ်ကိစ္စအတွက်ပြောရန် @johnstonluck

显示更多
2025 年数字统计snowflakes fon
card fon
14 128
订阅者
-2024 小时
-1207
+1 70430
帖子存档
Repost from N/a
照片不可用在 Telegram 中显示
𝕊𝕒𝕣.... 𝕜𝕒.... 𝕣𝕦 𝕍𝕒.... 𝕒𝕣𝕚 ℙ𝕒.... 𝕒𝕥𝕒 [ 𝟚𝟘. 𝟚𝟚 ] ------------------------------------------- ဝန်ကြီးချုပ်မင်းသားလို လူသိများကြတဲ့ မင်းသားချော Mahesh Babu ပါဝင်ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ တလဲဂူး ကားဖြစ်တဲ့အတွက် အလန်းစား ဖိုက်တင်ခန်းတွင်ပါဝင်ပြီး ဇာတ်အိမ်လေးကလည်း အရမ်းကို စိတ်ဝင်စားဖိုကောင်းပါတယ် မဟီ လို့အမည်ရတဲ့ ကောင်လေးကတော့ ငွေချေးလုပ်ငန်းအေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ပိုင် ငွေချေးလုပ်ငန်း ကို လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ ငယ်ငယ်က ကြုံခဲ့ရတဲ့ အတိတ်ဆိုးတွေကြောင့် သူရစရာရှိတဲ့ အကြွေးမရအောင် မိုးဆုံးမြေဆုံးထိ လိုက်တောင်းတတ်တယ့် စီးပွားရေးသမားတစ်ယောက် ... အဲဒီလိုနဲ့ သူ့ရဲ့ ငွေချေးလုပ်ငန်းကို ကာလာဗာသီဆိုတဲ့ကောင်မလေးတစ်ယောက်က ပညာသင်ဖိုအတွက် ဒေါ်လာ ၁၀၀၀၀  လာချေးပါတော့တယ် အဲဒီလိုနဲ့ မဟီက ကာလာဗာသီကို သဘောကျသွားရာကနေ သိပ်မကြာခင်မှာပဲကာလာဗာသီရဲ့ သရုပ်မှန်ကို သိလိုက်ရတဲ့အချိန်မှာတော့.. ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/220
显示全部...
1👍 1🔥 1
Repost from N/a
照片不可用在 Telegram 中显示
Dragon Hunters [2008] IMDB (7.3/10) ရက်စက်ကြမ်းကြုတ်တဲ့ နဂါးကြီးက နှစ် (၂၀) ပြည့်တိုင်း ပေါ်လာပြီး လူတွေကို သတ်ဖြတ်ပါတယ် အဲ့ဒီနဂါးရဲ့ ရန်ကိုကြောက်တဲ့ ဘုရင်ကြီးက သူ့ရဲ့တူမလေးကို နဂါးကြီးကိုသုတ်သင်နိုင်တဲ့ သူရဲကောင်းကို ရှာဖို့လွှတ်လိုက်ပါတော့တယ် တစ်ဖက်မှာ နဂါးရဲ့ရန်ကြောင့် မိဘကိုဆုံးရှုံးလိုက်ရတဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ သူငယ်ချင်းတို့ဟာအသက်မွေးဝမ်းကြောင်းအတွက် မုဆိုးအလုပ်ကိုလုပ်ပြီးပိုက်ဆံလှည့်လည်ရှာဖွေကြပါတယ် သူတို့နှစ်ယောက်နဲ့ ဘုရင်ရဲ့တူမလေးတို့ မတော်တဆတွေ့ဆုံကြပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့ နဂါးကြီးကို ဘယ်လိုတွေရင်ဆိုင်သုတ်သင်ကြမလဲဆိုတာကိုတော့ ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/218
显示全部...
1👍 1
Repost from N/a
照片不可用在 Telegram 中显示
Felix and the Treasure of Morgaa [2021] °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° IMDB (5.3/10) လွန်ခဲ့၂နစ်လောက်ကသူအဖေပင်လယ်ထဲမှာပျအငြိမ်စားယူထာ ပေမဲ့အသက်ရှင်နေသေးတယ်ဆိုတာကို Felixကယုံကြည့်နေပါတယ်။ သူအ‌ မေအပျော်စီသင်္ဘောနဲ့အနားယူဖို့သွားချိန်မီာသူအဖေကိုရှာဖို့ခိုးထွက်လာခဲ့ပါတယ်။ အငြိမ်စားယူထားတဲ့Squawkကြက်တူရွေးနဲ့သူရဲ့ခွေးလေတွေကသူအဖေကိုရှာဖို့ထာဝရ‌‌ည‌ ရောက်‌ နေကျွန်ကိုထွက်လာခဲ့ပါတယ်။ သူအဖေလိုချင်တဲ့ဒဏာရီလာရွှေတွေကိုguardianပင်းကူကြီကကာကွယ်ထားပါတယ်။ Felixတို့တစ်သိုက်ကျွန်ပေါ်ကိုရောက်ရှိလာတဲ့အချိန်ကစပြီသူတို့ရဲ့ အံ့ဩဖွယ်စွန့်စားခန်ကြီ ဟာစတင်လာပါတော့တယ်။ ကဲဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာတော့ခုပဲကြည့်ရှုလိုက်ကြအောင် ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/212
显示全部...
1
Repost from N/a
照片不可用在 Telegram 中显示
Birds Like Us (2022) ဇာတ်လမ်းအကျဉ်းကတော့ လူသူနဲ့ဝေးရာ ငှက်ရိပ်မြုံကြီးတစ်ခုစီမှာ နေထိုင်ကျက်စားကြတဲ့ ငှက်မျိုးစိတ်လေးတွေ တစ်ချိန်လုံး မျက်စိပိတ်နားပိတ်နေထိုင်ခဲ့ကြရာကနေ ကိုယ့်ပင်ကိုယ်သဘာဝဖြစ်တဲ့ ပျံသန်းနိုင်ခြင်းအတတ်ကိုပါ မေ့လျော့လာကြတဲ့အခါ ငှက်အရှင်သခင်ကြီးရဲ့ ခြယ်လှယ်ကြီးစိုးမှုအောက်မှာပဲ ဆက်ပြီးနေထိုင်ကြမလား လောကကြီးနဲ့ထိတွေ့ဖို့ ကြိုးစားလာကြမှာလား၊ ကိုယ့်သဘာဝကိုယ်ရော ပြန်လည်ရှာတွေ့နိုင်ကြမှာလား သူတို့တွေ ဘယ်လိုရှင်သန်ရုန်းကန်ကြမလဲစတဲ့ လောကသဘာဝရဲ့ဖြစ်ပျက်မှုအစုံစုံကို ငှက်ကလေးတွေက ပုံဖော်ပြသပေးသွားမယ့် (Animation) ကားကောင်းလေးပါပဲ ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/210
显示全部...
1👍 1🔥 1
Repost from N/a
照片不可用在 Telegram 中显示
Minions (2015) ဒီကားလေးကတော့ မီနီယမ်လေးတွေရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ပေးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မီနီယမ်လေးတွေဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကမ္ဘာမြေကြီးပေါ်မှာနေထိုင်ခဲ့ကြပြီး သေးငယ်တဲ့အဝါရောင်ကောင်လေးတွေဖြစ်ကြပါတယ်။ သူတို့တွေရဲ့ဖြစ်တည်မှုဟာ သူတို့အလုပ်အကျွေးပြုရမယ့်ဘော့စ်တစ်ယောက်ကို ပျော်ရွှင်အောင်ထားဖို့အတွက်ပါပဲ။ ဒါပေမယ့် နှစ်သန်းပေါင်းများစွာတိုင်အောင် သူတို့နဲ့ကိုက်ညီတဲ့ဘော့စ်ကိုရှာမတွေ့ခဲ့ဘဲ ဘော့စ်တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းနေခဲ့ရပါတယ်။ တစ်နေ့မှာတော့ မီနီယမ်လေးတွေဟာ ခိုလှုံစရာဂူကြီးတစ်ခုကိုတွေ့သွားပြီး ကိုယ်ပိုင်နေထိုင်မှု ဘဝလေးတွေကိုထူထောင်ခဲ့ကြပေမယ့်လည်း ဘော့စ်တစ်ယောက်မရှိတဲ့ဘဝက ရည်မှန်းချက်တွေမျှော်လင့်ချက်တွေ ဘာမှမရှိတဲ့ဘဝတစ်ခုလိုဖြစ်နေတာကြောင့် မီနီယမ်လေးတွေဟာ စိတ်ဖိစီးလာခဲ့ကြတယ်။ အဲ့လိုအခြေအနေကြီးမှာ ကယ်လ်ဗင်၊ စတူးဝတ်နဲ့ ဘော့ဆိုတဲ့မီနီယမ်လေးသုံးကောင်က သူတို့ရဲ့မျိုးစုလေးကိုကယ်တင်ဖို့ရာ ဂူကြီးထဲကထွက်လာခဲ့ပြီး ဝေးလံတဲ့အရပ်ကိုခရီးဆန်ကာ ဘော့စ်ရှာဖွေရေးစွန့်စားခန်းကြီးကို စတင်ထွက်ခဲ့ကြပါတယ်။ ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/208
显示全部...
1👍 1
Repost from N/a
照片不可用在 Telegram 中显示
“သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူကို သိုင်းလောက သစ္စာဖောက်အဖြစ် စွပ်စွဲခြင်းခံရသော အခါ ” ================================== တရုတ်သိုင်းကား ကြိုက်တဲ့ သူတွေအတွက်ဒီ ကားကတော့ ရေသောက်ချိန်တောင်မရှိလောက်အောင်ကို ကားတဲ့ ဒန်နီယမ်း ဇာတ်ကား... မြောက်ပိုင်း စုန့်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူ ချောင်ဖုန်းဟာ သူရဲကောင်းတစ်ယောက်အဖြစ် သိုင်းလောကမှာ ကျော်ကြားခဲ့ပါတယ်...‌မြောင်ပိုင်းမှာ ချောင်ဖုန်း လိုခေါ်စမှတ်ပြုရလောက်အောင်ကျော်ကြားခဲ့ပီး သူနဲ့ တန်းတူကျော်ကြားတဲ့ တောင်ပိုင်းမှာ မုလုံဖု ဆိုတဲ့သူတစ်ဦးလဲရှိပါတယ်...ဒါပေမဲ့ တစ့်နေမှာတော့ ရုတ်တရက်ဆိုသလို ချီတန်း(မြောက်ပိုင်းတရုတ်နိုင်ငံရဲ့ လူမျိုးစုတစ်ခု) အဖြစ်စွပ်စွဲခြင်းခံရတဲ့အပြင် သစ္စာဖောက်အဖြစ် သိုင်းလောက လူတိုင်းက သတ်မှတ်ခဲ့ပါ ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/206
显示全部...
1
Repost from N/a
照片不可用在 Telegram 中显示
ဆင်းရဲသားကလေးငယ်လေးတွေရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးဖို့ကြိုးစားတဲ့ ကျောင်းဆရာလေး 😍😍 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ၁၉၃၈ခုနှစ် တရုတ်ပြည်ရဲ့အငတ်ဘေးဒုက္ခကိုဖြေရှင်းဖို့အတွက်ရာသီဥတုအလွန်အေးတဲ့မြောက်ပိုင်းခယောင်းမြေကိုထွန်ယက်ဖို့ကြိုးစားတဲ့လူငယ်လေးတွေအကြောင်း ၁၉၉၃ခုနှစ်အခြေခံထားပြီး ဂီတဆရာလေးတစ်ယောက်ဟာ ရွာသူရွာသားတွေကိုသီချင်းဆိုသင်ပေးရင်း ဂီတနဲ့အကကိုပေါင်းစပ်ခဲ့ပြီးဆရာနဲ့တပည့်တွေကြားကဆက်ဆံရေးကိုတက်ဆက်ပြခဲ့ပြီးဝေးလံခေါင်သီတဲ့နယ်တို့ကို ယဉ်ကျေးမှုပြန့်ပွားအောင်ကြိုးစားခဲ့ပုံ ၂၀၁၈ခုနှစ်မှာ ကွန်မြူနစ်လူငယ်အဖွဲ့အစည်းကနေပြီး ဆင်းရဲတဲ့မိသားစုတွေကိုပညာရေးပံ့ပိုးမှုနဲ့ အလုပ်အကိုင် အကူအညီတွေပေးပြီး ဆင်းရဲတွင်းမှလွတ်မြောက်အောင်ကူညီပေးကြပုံစတဲ့တရုတ်လူငယ်တွေရဲ့ခေတ်အဆက်ဆက်ဆင့်ကမ်းလာတဲ့ နွေးထွေးမှုနဲ့အင်အားတွေကိုတင်ဆက်ပြသွားတာပဲဖြစ်ပါတယ်။ ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/204
显示全部...
1
Repost from N/a
照片不可用在 Telegram 中显示
"B*is*on K*aa*la*ma*ad*an" (2025) "နွားရိုင်း" ============================= ဒီတစ်ကြိမ်မှာတော့ တမီးလ်စကားပြော အိန္ဒိယအားကစားအက်ရှင်ဒရာမာဇာတ်ကားကောင်းတစ်ကားကို ညွှန်းဆိုပေးလိုက်ပါတယ်။ "Bison Kaalamaadan" ဟာ အိန္ဒိယနိုင်ငံရဲ့ ဒဏ္ဍာရီလာ ကပ်ဘဒီကစားသမားဟောင်း Arjuna Award ဆုရှင် Manathi Ganesan ရဲ့ တကယ့်ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့ပါတယ်။ ဇာတ်ကားအကျဉ်းကတော့ ဇာတ်ကောင်ဖြစ်သူကစ်တန်ဟာ တမီးလ်ကျေးလက်ဒေသကပ်ဘဒီ အားကစားကိုတော့ အသက်နဲ့အမျှ ရူးသွပ်ခုံမင်ခဲ့ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်က  အိန္ဒိယနိုင်ငံကိုကိုယ်စားပြုပြီး အာရှအားကစားပွဲ (Asian Games) အထိ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပါပဲ။ သို့ပေမဲ့ အိပ်မက်တွေဟာ အမြဲတမ်းဖြောင့်ဖြူးမနေပါဘူး။ ၁၉၉၀ ပြည့်လွန်နှစ်များရဲ့ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုတွေ၊ ပြင်းထန်တဲ့အကြမ်းဖက်မှုတွေ နဲ့ မိသားစုရဲ့ကန့်ကွက်မှုတွေကြားမှာ ကစ်တန်ရဲ့ရည်မှန်းချက်တွေဟာ ဖိနှိပ်ခံ၊ ဦးချိုးခံခဲ့ရပါတယ်။ လူ့အသိုင်းအဝိုင်းက ပိတ်ပင်ထားတဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ကစ်တန်ဟာ ဘယ်လောက်တောင်ရုန်းကန်ခဲ့ရမလဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်ဗျာ။ ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/200
显示全部...
1🔥 1
Repost from N/a
照片不可用在 Telegram 中显示
Under the Boardwalk (2023) ~ IMDb - 7.3/10, Rotten Tomatoes - 90% ~ ဒီကာတွန်းရုပ်ရှင်ကို Captain Underpants နဲ့ Turbo တို့ရဲ့ ဒါရိုက်တာ David Soren က ရိုက်ထားတာပါ။ အဲဒီနှစ်ကားကို တော်တော်များများလည်း သိကြမှာပါ။ ဒီအန်နီမေးရှင်းက ဒေးဗစ်ဆိုရန်ရဲ့  နောက်ဆုံးထွက် အန်နီမေးရှင်းပါပဲ။ အပေါ်ကကားတွေကိုကြည့်ဖူးတဲ့သူဆိုရင် သူ့ကားတွေ ကောင်းမကောင်းသိကြမှာပါပဲ။ အခုအန်နီမေးရှင်းကတော့ ရှေ့က သူ့ကားတွေအားလုံးထက် ဝေဖန်ရေးသမားတွေ အမြင်မှာ သာလွန်နေပါတယ်။ ထုတ်ထားတာကလည်း ပါရာမောင့်အန်နီမေးရှင်းက ထုတ်ထားတာပါ။ ဇာတ်ကတော့ ရိုမီရို ဂျူးလိယက်ကို ဂဏန်းတွေနဲ့ ခင်းထားသလိုလိုပါပဲ။ ဒါကိုမှ သီချင်းတွေနဲ့ဆိုတော့ West Side Story ကာတွန်း ဂဏန်းဗားရှင်းလိုလိုပေါ့။ အဲဒီနောက် ကာတွန်းဆိုတာ ကလေးတွေကြည့်တာလို့ အကြမ်းဖျဉ်းသတ်မှတ်ထားကြတဲ့အတိုင်း ကလေးတွေအတွက် အခွံထဲကထွက်ပြီး‌ လောကကြီးကို ရင်ဆိုင်ရဲဖို့ ဘာညာ ပညာပေးမက်ဆေ့နည်းနည်းထည့်ပြီး ရိုမီရို ဂျူးလိယက်ဇာတ်ကို အသက်သွင်းထားပါတယ်။ ဒီလိုဆိုလို့ ပျင်းစရာကောင်းမယ်လည်း မထင်ပါနဲ့။ ဟာသတွေလည်း ဖောဖောသီသီထည့်ပြီး ကြည့်ရှုသူကို ဆွဲဆောင်ထားတယ်။ Rotten Tomatoes - 90% ရထားတာမို့ ပေါ့သေးသေးကားတော့ မဟုတ်ပြန်ပါဘူး။ ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/198
显示全部...
1👍 1
Repost from N/a
照片不可用在 Telegram 中显示
Koati ( 2021 ) Balam ဆိုတဲ့ဂျာဂွားအုပ်ချုပ်နေတဲ့ မိုးသစ်တောလေးထဲမှာ Nachi လေးက တစ်ကောင်တည်းသော coati ကောင်လေးပေါ့။ သူတို့နေတဲ့မိုးသစ်တောလေးမှာမထင်မှတ်ထားတဲ့ဘေးအန္တရာယ်ကျရောက်ခဲ့ပြီးတော့ Balmလည်းအသက်ဆုံးရှုံးခဲ့ရသလို အကုန်လုံးကလည်း ဒီတောထဲကနေရွှေ့ပြောင်းမလား တောထဲကဘေးကင်းတဲ့နေရာမှာပဲနေမလားဆိုတဲ့အခြေအနေမျိုးနဲ့ကြုံလာရပါတယ်။ နောက်ဆုံးမှာ Zaina ဆိုတဲ့မြွေမကြောင့် သူ့စကားတွေအောက်မှာကြွေကျပြီး အကုန်လုံးကပြောင်းရွှေ့ဖို့လုပ်ခဲ့ကြပေမယ့် Nachi ကတော့တောထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဒီလိုဆုံးဖြတ်ခဲ့တာကလည်း နောက်ကွယ်မှာအကြောင်းအရင်းတစ်ခုရှိနေလို့ဖြစ်ပြီးတော့ အဲ့ဒီအကြောင်းအရင်းကိုအဖြေရှာဖို့အတွက်လည်း Nachi တစ်ကောင် Pako ဆိုတဲ့ခရားရေလွှတ်စကားပြောတတ်တဲ့ဖားလေးရယ် အကြောက်အလန့်မရှိတဲ့ Xochi ဆိုတဲ့လိပ်ပြာမလေးရယ်နဲ့ သုံးကောင်သားစွန့်စားခန်းရှာပုံတော်ဖွင့်ခဲ့ပါတယ်။ သူတို့တွေရဲ့စွန့်စားခရီးလေးမှာ ဘယ်လိုအန္တရယ်တွေကစောင့်ကြိုနေပြီး ဘယ်လိုတွေဖြတ်ကျော်ကြမှာလဲ။ Nachi တစ်ကောင် တောထဲမှာကျန်နေခဲ့ဖို့ဆုံးဖြတ်ခဲ့ရတဲ့နောက်ကွယ်ကအကြောင်းအရင်းကဘာလဲ… စတာတွေကိုတော့ ကြည့်ရှုခံစားရမှာပါ။ ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/196
显示全部...
1
Repost from N/a
照片不可用在 Telegram 中显示
How to Train Your Dragon 2 (2014) IMDb – 7.8/10_Rotten – 91% နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။ Eret ဟာ သူ့ရဲ့ ရွာပျက်သွားတာကြောင့် နဂါးတွေကို ကြည့်မရသူဖြစ်ပြီး Drago Bludvist လို့ခေါ်တဲ့ နဂါးနိုင်မင်းတစ်ယောက်အတွက် နဂါးတွေ လိုက်ဖမ်းပေးနေတာပါ။ ဒီကိစ္စကို အသိပေးဖို့ Hiccup နဲ့ Astrid တို့ဟာ ရွာကို ပြန်ခဲ့ကြပါတယ်။ Hiccup နဲ့ Astrid တို့ဆီက သတင်းစကား ကြားရပြီးနောက်မှာတော့ Stoick က တစ်ရွာလုံးကို တပ်လှန့်လိုက်ပါတယ်။ Stoick ဟာ အရင်က Drago နဲ့ ရင်ဆိုင်ဖူးပြီး ရူးသွပ်နေတယ်လို့ ဆိုပါတယ်။ Drago ဟာ ရွာကို နဂါးတွေနဲ့ မီးလောင်တိုက်သွင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် Hiccup ကတော့ အဲဒီ သုံးသပ်ချက်ကို လက်မခံပဲ Drago ကို သူဖြောင်းဖြရင် ရနိုင်မယ်လို့ ယုံကြည်ပြီး Eret ဆီမှာ သွားအဖမ်းခံလိုက်ပါတယ်။ အဲဒီလို အဖမ်းခံပေမယ့်လည်း Hiccup ကို တကယ်တမ်း မဖမ်းနိုင်ပဲ လွတ်မြောက်သွားပြီး Hiccup နဲ့ Astrid တို့ဟာ တခြားသူတစ်ယောက် ဖမ်းဆီးတာ ခံလိုက်ရပါတယ်။ ဖမ်းလိုက်တဲ့သူကတော့ တခြား နဂါးစီးသူ တစ်ယောက်ဖြစ်ပြီး Valka လို့ အမည်ရပါတယ်။ သူဟာ Alp့ha အမျိုးအစား ဧရာမ နဂါးကြီးကို နိုင်နင်းသူဖြစ်ပြီး အဲဒီ Alpha နဂါးကြီးဟာ ကျန်တဲ့ နဂါးလေးတွေကို စောင့်ရှောက်သူ ဖြစ်ပါတယ်။ နောက်မှ သိရတာက Valka က Hiccup ရဲ့ မိခင်ဖြစ်ပြီး သူငယ်စဉ်က နဂါးတွေနဲ့အတူ ရွာကနေ ထွက်သွားခဲ့တာပါ။ Hiccup ဟာ သူ့မိခင်ကို ပြန်တွေ့ရပေမယ့် Drago ရဲ့ အန္တရာယ်ကနေ လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ဗိုက်ကင်းကြီး Stoick ကလည်း Hiccup နောက်ကို လိုက်လာပါတယ်။ Hiccup တို့ မိသားစု ပြန်လည်ဆုံတွေ့ကြမှာလား။ Drago ကရော ဘာတွေ ကြံစည်ထားလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။ Kung Fu Panda ကနေ တောက်လျှောက် 3D နဲ့ အောင်မြင်မှု ရခဲ့တဲ့ DreamWorks Animation ဟာ ၂၀၁၀ ပြည့်နှစ်က အောင်မြင်ခဲ့တဲ့ How to Train Your Dragon ရဲ့ ဒုတိယမြောက် ဇာတ်ကားကို ဆက်လက်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ စာရေးဆရာမ Cressida Cowell ရဲ့ How to Train Your Dragon ဝတ္ထုကို သုံးပိုင်းခွဲ ရိုက်ကူးတဲ့ထဲက ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Dean DeBlois ရိုက်ကူးပြီး Jay Baruchel ၊ Cate Blanchett ၊ Gerald Butler ၊ Craig Ferguson ၊ America Ferrera နဲ့ Djimon Hounsou တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ IMDb မှာ Rating 7.8 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 91% ထိ ရရှိထားပါတယ်။ နဂါးတွေ အရောင်စုံနဲ့ ရုပ်ထွက်လှပမှုကလည်း Rio 2 နဲ့ အပြိုင်ပါပဲ။ ဗိုက်ကင်းတွေရဲ့ ဇာတ်အိမ်နဲ့ ခိုင်မာတဲ့ ဇာတ်ကြောင်းကိုလည်း ပရိသတ်နှစ်သက်မှာပါ။ ချန်နယ် အရင် Joinပေးပါဗျ🔽🔽🔽 https://t.me/mmsubupload ပြီးမှ ကြည့်ရန်နှိပ်ပါ🔽🔽🔽 https://t.me/mmsubupload/194
显示全部...
1👍 1
Repost from N/a
照片不可用在 Telegram 中显示
Friday (1995) ————————— သောကြာနေ့… တစ်ချိုလူတွေ အတွက်တော့ ရုံးမပိတ်ခင် သာမာန်နေ့တစ်ခုပါပဲ။Craig ဆိုတဲ့ လူပေါင်းမှားတဲ့ ကပ္ပလီတစ်ကောင်အတွက်တော့ အတော်ဆိုးတဲ့ နေ့တစ်ခုဖြစ်သွားလေရဲ့…..သောကြာနေ့မတိုင်ခင်မှာ သူ အလုပ်ပြုတ်သွားပြီး သူ ပေါင်းမိတဲ့ သူငယ်ချင်းက Smoke ဆိုတဲ့ Weedရောင်းနေတဲ့ ငရှုပ်တစ်ကောင်ကြောင့် အရှုပ်ထုပ်ထဲ ရောပါပြီး အသတ်ခံရလုနီးနီး ဖြစ်လာခဲ့ပါတယ်။အသတ်မခံရဖို ငွေရှာရင်း တစ်ဖက်မှာလည်း သူတိုကပ္ပလီတွေအကုန် ကြောက်ရတဲ့ငမိုက်တစ်ကောင်ရန်ကိုကလည်းကြောက်ရပါသေးတယ်။အဲ့ဒီ အရှုပ်က သူတိုကို ည ဆယ်နာရီထိပဲ အချိန်ပေးထားပါတယ်။ဒီကားရဲ့ ထူးခြားချက်ကအရှုပ်ထုပ်တွေ အလွဲတွေကြားက..တစ်နေ့တာကို ပဲ ရိုက်ပြထားတဲ့ကားတစ္ကားပါ။Main Actor ကလည်း Hip Hopအဆိုတော် Ice Cube ဖြစ်တဲ့အပြင် ဒီကားက Smoke နဲ့ Craig တိုရဲ့ပုံဟာလည်း အတော် အသုံးများတဲ့ Meme usage တစ်ခုအဖြစ် လူသိများပါတယ်။ဒါနဲ့ လူမဲ တွေနဲ့ပဲ တစ်ကားလုံး ပြီးသွားတော့ ကိုယ့်ကိုကိုယ် အသားမဲလို စိတ်ဓာတ်ကျနေတဲ့လူတွေ ကိုယ့်ထက်မဲတဲ့လူတွေကို ကြည့်ပြီးအားတက်လိုရပါသေးတယ်။ထပ်ညွှန်းရရင် ကိုယ့်ကိုကိုယ်ကံဆိုးလှပါတယ် ထင်ပြီး စိတ်ဓာတ်ကျနေတဲ့လူတွေအတွက် အနည်းအကျဉ်းတော့ အားတက်စေမဲ့ကားဆိုလည်း မမှားပါဘူး။ ချန်နယ်အရင် Joinပီးမှ ကြည့်ရပါမယ် ⬇️⬇️ https://t.me/+OWbVJEcYV-I4ODBl ပီးမှ ကြည့်ရန် နှိပ်ပါ ⬇️⬇️ https://t.me/c/2518103434/1226
显示全部...
1
Repost from N/a
照片不可用在 Telegram 中显示
PULAU (2023) ------------------ (သရဲကားသစ်) သရဲကားခပ်ကောင်းကောင်းကြိုက်သူတွေအတွက် လူသူမဲ့ကျွန်းပေါ်ကို အလည်ခေါ်သွားမဲ့ မလေးရှားသရဲကားကောင်းကောင်းလေးတစ်ကားပါ။ ဇာတ်ကြောင်းကတော့ ခက်တို့ သူငယ်ချင်း၇ယောက် အားလပ်ရက်အပန်းဖြေခရီးထွက်ရင်း လူသူမဲ့ကျွန်းကြီးတစ်ခုအနီးမှာရေသွားကူးဖြစ်ကြပါတယ်။ နယ်ခံလှေဆရာကြီးပြောပြတာတော့ အဲ့ဒီကျွန်းဟာ တားမြစ်ထားတဲ့ကျွန်း၊ လူသူမနေတဲ့အပြင် ကျွန်းရဲ့ သမိုင်းကလည်းမကောင်းလှဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက် အဲ့ကျွန်းပေါ်ကနေထိုင်သူတိုင်းဟာ ကျိန်စာမိသွားပြီး သေဆုံးသွားကြတာ အလောင်းတောင်ရှာမရဘူးတဲ့....။ ဖြစ်ချင်တော့ ဒီပုံပြင်ကိုမယုံတဲ့ အခြားလူငယ်အုပ်စုတစ်ခုနဲ့ စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခုလုပ်မိတယ်...။ လောင်းကြေးကတော့ ရှုံးတဲ့အဖွဲ့ အဲ့ကျွန်းမှာ တစ်ညသွားအိပ်ကြေး....။ ကံဆိုးချင်တော့ ခက်တို့အဖွဲ့ရှုံးသွားပြီး အဲဒီ ကျိန်စာသင့်လူသူမဲ့ကျွန်းမှာ တစ်ညသွားအိပ်ရပါတော့တယ်...။ ခက်တို့ အုပ်စုရော အဲ့ကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတော့....။ ချန်နယ်အရင် Joinပီးမှ ကြည့်ရပါမယ် ⬇️⬇️ https://t.me/+OWbVJEcYV-I4ODBl ပီးမှ ကြည့်ရန် နှိပ်ပါ ⬇️⬇️ https://t.me/c/2518103434/1222
显示全部...
Repost from N/a
照片不可用在 Telegram 中显示
Twelve Days (2023) လှပချောမောတဲ့ လေယာဉ်မယ်လေး အားနန်နဲ့ အင်္ဂလန်မှ ပညာသင် ပြီးပြန်လာတဲ့ ဆိုင်းမွန်တို့ဟာ ရည်းစားဖြစ်ပြီး တစ်နှစ် အကြာမှာ သူတို့နှစ်ယောက်အတွက် ကိုယ်ပိုင်နေရာရှိဖို့ရာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဇာတ်လမ်း တွေထဲမှာတော့ အိမ်ထောင်ပြုခြင်းနဲ့ ဇာတ်သိမ်း လှလှလေးတွေထည့်တတ်ပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက အခုမှ စမှာ ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက် အမြင်မတူညီမှုကြောင့် ပြဿနာတွေ ဆက်တိုက်ဖြစ်ခဲ့ရပါတယ်။ ချန်နယ်အရင် Joinပီးမှ ကြည့်ရပါမယ် ⬇️⬇️ https://t.me/+OWbVJEcYV-I4ODBl ပီးမှ ကြည့်ရန် နှိပ်ပါ ⬇️⬇️ https://t.me/c/2518103434/1218
显示全部...
Repost from N/a
照片不可用在 Telegram 中显示
FAST X
ဘယ်ချိန်ကြည့်ကြည့် ရှယ်သုံးထားတဲ့ Budget ဆက်တင်တွေနဲ့ ကြည့်လို့အတန်ဆုံးနဲ့ အကောင်းဆုံး movies တွေထဲကတခု
ချန်နယ်အရင် Joinပီးမှ ကြည့်ရပါမယ် ⬇️⬇️ https://t.me/high_budged_movies_channel ပီးမှ ကြည့်ရန် နှိပ်ပါ ⬇️⬇️ https://t.me/high_budged_movies_channel/213
显示全部...
Repost from N/a
照片不可用在 Telegram 中显示
Dragon Nest: Warriors' Dawn (2014) တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့ နယ်မြေကြီးတစ်ခုရှိခဲ့တယ်.။လူသား၊နတ်သူငယ်၊မိစ္ဆာသားရိုင်းကောင်နဲ့ နဂါး တွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့ လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေ နဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့် သူတိုအချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲ ဖြစ်ခဲ့ကြတယ်...ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် ဘုံ ရန်သူကြီး ပေါ်ပေါက်လာတော့တယ်...မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက် ရောင်နဂါးကြီးတစ်ကောင်ပေါ့..အဲ့ဒီအတွက် လူသားနဲ့နတ်သူငယ်တွေ မဟာမိတ်ဖွဲ့ပြီးလူသား နတ်သူငယ် မှော်ဆရာ(စုန်း) တိုတွေပါဝင် တဲ့ စစ်သည်တော်တစ်ဖွဲပေါ်ပေါက်လာတဲ့အခါမှာတော့... ချန်နယ်အရင် Joinပီးမှ ကြည့်ရပါမယ် ⬇️⬇️ https://t.me/+OWbVJEcYV-I4ODBl ပီးမှ ကြည့်ရန် နှိပ်ပါ ⬇️⬇️ https://t.me/c/2518103434/1159
显示全部...
Repost from N/a
照片不可用在 Telegram 中显示
The Stolen Princess: Ruslan and Ludmila [2018] Review 🗒 ဒီတစ်ခေါက်  ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “ The Stolen Princess ” ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်.. ပုံပြင်လေးတစ်ပုဒ်ရှိသတဲ့ ပုံပြင်လေးကတော့…ကြက်သွေးရောင် နေဝင်ချိန်ရောက်တိုင်း အချစ်စစ်နဲ့ ချစ်မိသွားတဲ့မင်းသမီးတိုင်းကို ချယ်နမောဆိုတဲ့ မှော်ဆရာက ဖမ်းလေ့ရှိပါတယ်.. ချစ်မိသွားတဲ့ မင်းသမီးရဲ့အချစ်စစ် စွမ်းအားနဲ့ သူ့မှော်အစွမ်းတွေကို ပြန်ဖြည့်သတဲ့… ဒီပုံပြင်ကတော့ ရူစလန်ဆိုတဲ့ ဇာတ်မင်းသားလေး ပြန်ကပြတဲ့ ပုံပြင်ပြဇာတ်ပါ… ရူစလန်ဟာ အဖေဖြစ်သူရဲ့ ဇာတ်မင်းသားအမွေကို ဆက်ခံခဲ့ရပေမဲ့သူက တိုင်းပြည်ရဲ့ သူရဲကောင်းဖြစ်ချင်သူပါ… မီလာဆိုတာကတော့ ရူစလန်နေထိုင်တဲ့ တိုင်းပြည်ရဲ့ မင်းသမီးပါ… ဖခင်ဖြစ်သူ ဘုရင်ကြီးက မီလာကို အိမ်ထောင်ချပေးချင်ပါတယ်… မီလာကလည်း စွန့်စားချင်သူ..အိမ်ထောင်ပြုချင်သူမဟုတ် ဆိုတဲ့အခါကျ ဘာတွေဖြစ်ကြမလဲဆိုတာ... ချန်နယ်အရင် Joinပီးမှ ကြည့်ရပါမယ် ⬇️⬇️ https://t.me/+OWbVJEcYV-I4ODBl ပီးမှ ကြည့်ရန် နှိပ်ပါ ⬇️⬇️ https://t.me/c/2518103434/1198
显示全部...
Repost from N/a
照片不可用在 Telegram 中显示
စူပါမန်း (၂၀၂၅) **** အကြည်ရပါပြီ။ ဂြိုလ်သားဖြစ်တဲ့အလျောက် လူသားဆန်တဲ့ တွေဝေမှုတွေကို ဖော်ပြနေတဲ့ စူပါမန်း ကမ္ဘာမြေပေါ်ရောက်လာတဲ့ စူပါမန်း တစ်ယောက် လူသားတွေကို အကျိုးပြုနေရင်းကနေ ကြာလာတော့ သူ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာရပါတော့တယ် ။ သူဟာတကယ်ပဲ လူသားတွေကို အကျိုးပြုလေသလား ဒါမှမဟုတ် အခြား ဂြိုလ်ကလာတဲ့ အဆိပ်အတောက်တစ်ခုလား ဆိုတာဟာ လူတွေကြားထဲမှာ သတင်းဆိုးတွေ ပြန့်နေပါတယ်။ ထိုအရာကို အသုံးချတဲ့ ဘီလီယံ သူဌေး လတ်စ် လူသာ ဟာ စီးပွားရေးအရကော မိမိအတွက်ပါ စူပါမန်း ကို ဖယ်ရှားချင်တဲ့ အတွက် လူတွေနဲ့ စူပါမန်း ကြားထဲကို‌ သွေးထိုးပါတော့တယ် ။ မိမိရဲ့မွေးရပ်မြေကနေ စေလွှတ်လိုက်ရတဲ့အကြောင်းအရင်းက ကမ္ဘာမြေကို အကျိုးပြုဖို့လား သိမ်းပိုက်ဖို့လားဆိုတာကို ဝေခွဲရခက်နေတဲ့ စူပါမန်းတစ်ယောက် လတ်စ် လူသာ ရဲ့ အနှောင့်တွေကြား ခရစ်ပတွန် ဆိုတဲ့ ခွေးလေးနဲ့အတူ ဘယ်လိုကျော်ဖြတ်ရင်း လူတွေရဲ့ယုံကြည်မှုကို ဘယ်လိုပြန်ရသွားနိုင်မလဲ ဆိုတာကိုတော့ ချန်နယ်အရင် Joinပီးမှ ကြည့်ရပါမယ် ⬇️⬇️ https://t.me/+OWbVJEcYV-I4ODBl ပီးမှ ကြည့်ရန် နှိပ်ပါ ⬇️⬇️ https://t.me/c/2518103434/1200
显示全部...
Repost from N/a
照片不可用在 Telegram 中显示
Tinkerbell : Secret of the Wings [2012] Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေတွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သားနတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိတဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ … နွေဦးရင်ပြင်က တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ် အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေအရောင်တောက်လာတာပါလို့ ပြောပေမယ့် ဘယ်သူမှမယုံကြပါဘူး။ ဒါပေမယ့် Tinkerbell ရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာကို အခိုင် အမာခံစားလိုက်ရတာမို့လို့ ဆောင်းသစ်တောကို ခိုးသွားဖို့ကြံရာ ကနေ … ရှိလို့ရှိနေမှန်းတောင် မသိခဲ့ရတဲ့ ဘဝရဲ့ အရေးအပါဆုံး ပျောက်ဆုံးပစ္စည်းလေးတစ်ခုကို ရှာတွေ့သွားတဲ့အခိုက်မှာတော့ … ချန်နယ်အရင် Joinပီးမှ ကြည့်ရပါမယ် ⬇️⬇️ https://t.me/+OWbVJEcYV-I4ODBl ပီးမှ ကြည့်ရန် နှိပ်ပါ ⬇️⬇️ https://t.me/c/2518103434/1190
显示全部...
Repost from N/a
照片不可用在 Telegram 中显示
Zootopia Plus (2022) “I won’t give up,no,I won’t give in” ဒီသီချင်းလေးကြားတာနဲ့ အရင်ဆုံးပြေးမြင်မှတ်မိနေမှာကတော့ Zootopia ပဲ ဖြစ်ကြမှာပါ ဒီတစ်ခါကတော့ Zootopia ရဲ့ ထွက်ရှိလာတဲ့ series လေးပါပဲ အပိုင်း 1 မှာ ဂျူဒီ Zootopia ကို ပြန်တဲ့အချိန် စတူတို့ရဲ့ ဘေဘီလေးမော်လီ ရထားပေါ် မထင်မှတ်ပဲ ပါသွားလို့ စတူတို့ ပြန်လိုက်ခေါ်ကြပုံလေးနဲ့ အစပျိုးထားတယ် ယုန်တွင်းလေးကနေ ဘယ်မှမထွက်ဘူးတဲ့ စတူတို့ Zootopia မြို့ကြီးကို ရောက်သွားပုံကတော့ လမ်းခရီးတလျောက်အလွဲလေးတွေ ဟာသလေးတွေနဲ့ပေါ့ ယုန်မလေးရဲ့ တစ်ကိုယ်တော် စွန့်စားခန်းတွေမဟုတ်ပဲ ဇာတ်ကောင်အားလုံးရဲ့ ဘ၀တစ်ဖြတ်တစ်ရပ်ကို အပိုင်းလိုက် ရယ်မောပျော်ရွှင်ခံစားရမှာပါ Zootopia ရဲ့ ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်လေးတွေရဲ့ ကိုယ်ပိုင်အပိုင်းလေးတွေထဲမှာမှ IMDb 8.4 ထိရတဲ့ အပိုင်းလေးတွေလည်း ပါတာမို့ မကြည့်မိရင် နောင်တမရကြေးနော်. ချန်နယ်အရင် Joinပီးမှ ကြည့်ရပါမယ် ⬇️⬇️ https://t.me/+OWbVJEcYV-I4ODBl ပီးမှ ကြည့်ရန် နှိပ်ပါ ⬇️⬇️ https://t.me/c/2518103434/1166
显示全部...