en
Feedback
ပန်ဆယ်လို

ပန်ဆယ်လို

Open in Telegram

🔺 ဘုရားခေတ်မှာဆိုရင် ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။ အမှောင်ခေတ်မှာတော့ အာဏာရှင်ကို ဖီဆန်မယ်။ 🔺

Show more
2025 year in numberssnowflakes fon
card fon
202 613
Subscribers
-13824 hours
-8307 days
-3 51830 days
Posts Archive
ကိုယ်တွေက စကစရဲ့ အတုအယောင် ရွေးကောက်ပွဲကို စောက်ဖက်ကို မလုပ်တာ။ စကားထဲ ထည့်ပြောချင်စိတ်တောင် မရှိလို့ ပြောတောင် မပြောဖြစ်ခဲ့ဘူး။ ဝါဒဖြန့်ကားတစ်တန် ဘာတစ်တန် ရိုက်ပြလာလို့ နည်းနည်းကလော်လိုက်ဦးမယ်။ ပါဝင်တဲ့ ဖက်ခွက်စားတွေကိစ္စက ပွဲဆူပြီးပြီမို့ ထားတော့။ ဒီကောင်တွေရဲ့ Ideology ကိုပဲ ပြောချင်တာ။ ပါတီစုံဒီမိုကရေစီ၊ အရပ်သားအစိုးရဖော်ဆောင်ပြီ၊ တရားမျှတတဲ့ ရွေးကောက်ပွဲ၊ ဒီရွေးကောက်ပွဲက တိုင်းပြည် အခုအကြပ်အတည်းရဲ့ထွက်ပေါက်၊ အား… ပါး…. ပါး….. နေစမ်းပါဦး…. ဒီလိုအလုံးတွေကို ဘယ်မအိမ်လုံးတွေက ယုံကြမှာမို့ ပြောရဲဆိုရဲတာတုန်း။ လူထုရွေးကောက်ပွဲရဲ့ ရလာဘ်ကို လက်မခံဘဲ စစ်အာဏာသိမ်းပြီး လူထုခေါင်းဆောင်နဲ့ နိုင်ငံ့အကြီးအကဲတွေကို ပြန်ပေးဆွဲထားတာ အခုထိပဲလေ။ လွှတ်တောင် လွှတ်ပေးသေးတာမဟုတ်။ လိကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလား။ လူထုထောက်ခံတဲ့ကောင် တစ်ကောင်လေးသော်မှ မပါဘဲ တိုင်းပြည်ကို ခေတ်ပျက်ချိန်မှာ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား၊ အရိုးကျန် အရိုးဝင်ကိုက်ဖို့ ကြံတဲ့ အာဂေါင်းတွေ၊ အာကျယ်မတွေကို အိမ်ဖြည့်အနေနဲ့ ပါခိုင်းပြီး ကိုယ့်ဖဲကိုယ်ချိုး မအေးလို့များရဲ့ အတုအယောင် ရွေးကောက်ပွဲက တိုင်းပြည်အကြပ်အတည်းရဲ့ ထွက်ပေါက်လို့ ထင်နေရင် ပြေးခံ…. ရိုးရိုးမခံနဲ့၊ ပြေးပြေးသာခံ။ ပြေးခံမယ့်သူဆိုတာကလည်း ဘောရိပ်ခို ဘောမှောင်ကျပြီး စုံလုံးကန်းနေတဲ့ဟာတွေပဲ ရှိတယ်။ ပြည်သူလူထုက အကြောက်တရား၊ အရွံတရားတွေကြောင့် ထုတ်မပြောနိုင်တာသာ ရှိရမယ်…. နင်တို့ဘာပြောပြော နည်းနည်းလေးမှ မယုံဘူး။ ဇာတ်ညွှန်းရေးတဲ့ကောင်က လင်္ကာညိုမကလို့ သူ့အဖေကြီး ချစ်ဦးညိုပဲ ဖြစ်စေဦး။ သရုပ်ဆောင်တဲ့ကောင်က နေတိုးမဟုတ်ဘဲ နေတိုးအဖေပဲ ဖြစ်နေနေ၊ မြင့်မြတ်မကလို့ မြင့်မြတ်မယားပဲ ဝင်သရုပ်ဆောင်ဆောင်၊ မေမြင့်မိုရ်မကလို့ မေငရဲအိုးနေနေ၊ ခြူးလေးမကလို့ ခြူးကြီးပဲ လည်ပင်းဆွဲဆွဲ၊ ငှက်ပျောကြော်မကလို့ ဘူးသီးကြော် ဘယာကြော် ပဲကပ်ကြော်ပဲဖြစ်ဖြစ် မုန့်ဟင်းခါးထဲ ထည့်စားဖို့အပြင် မရှိ။ နင်တို့ ဘယ်လိုဝါဒဖြန့်ဖြန့် ဘယ်လိုခွေးစကားပြောပြော ဘယ်သူမှ မယုံဘူး။ လူထုက စောက်ဖက်မလုပ်တဲ့ ဂဝေးကောက်ပွဲကို စောက်လုံးနောက်အောင် အမြီးလာနန့်လို့ လူထုက ခဲနဲ့ထုတာ တွေ့လား။ ပရိတ်သတ် အချစ်တော်ပါဆိုတဲ့ဟာတွေတောင် ချဉ်ဖက်စုံတန်း ရောက်သွားတာ အရှင်လတ်လတ်။ အစောကတည်းက စောက်ကျက်သရေ တစ်ပေမကပ်တဲ့ စောက်ဂျပုအခြေအနေ စဉ်းစားသာကြည့်။ လုပ်ရပ်က စစ်အာဏာရူး ဖြစ်ချင်တာက အရပ်သားသမ္မတ လုပ်ရပ်က အကြမ်းဖက်ကောင် ဖြစ်ချင်တာက ဒီမိုကရေစီဖော်ဆောင်ပြီး ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးသူကြီး။ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲဆိုတာ -ာဂေါင်းက ပြောတဲ့ ပြည့်တန်ဆာပပျောက်ရေးတရားပဲ။ ခွေးပြော ခွေးတောင် မယုံ။
Show all...
1 985👏 541😁 69🔥 18😱 8
တော်လှန်ရေးသာ လေးငါးခြောက်လလောက်နဲ့ နိုင်သွားခဲ့ရင် လက်အုပ်ချီရမယ့် ဘုရားတွေ အများကြီးနေမှာ။ အချိန်ဆိုတာကြီးက မျက်နှာဖုံးတွေကို သံဘရက်ရှ်နဲ့ တိုက်ချလိုက်သလိုမျိုး။ 😅
Show all...
👏 1 644 719😁 95🔥 18😱 4
ဝါဒတော့ ဖြန့်ကြည့်တာပဲ။ တစ်နိုင်ငံလုံး ဝိုင်းဆဲတဲ့အပြင် သူတို့ဘက်ကပါ နည်းနည်းပိုစည်းလုံးသွားကြတာတော့ မတတ်နိုင်ဘူး။ ပုံ ပြောင်စပ်စပ်အဘ
Show all...
1 457😁 547👏 109🔥 9😱 8
တကယ်တော့လေ စကစဟာ အခုထိ ဝါဒဖြန့်ချီရေးမှာ အပေါစားဆန်နေတုန်းပဲ။ ရွေးကောက်ပွဲအတွက် ဝါဒဖြန့်တဲ့ဇာတ်ကားကိုပဲ ကြည့်ကြည့်။ အတုံးလိုက်၊ အတစ်လိုက် ဒိုင်ယာလော့တွေ၊ ပျင်းရိစရာ ပေါ်လစီအလုံးတွေ၊ ဖန်တရာတေ မဲပြာပုဆိုး အိုင်ဒီယာတွေနဲ့ နည်းနည်းလေးမှ စောက်သုံးမကျတဲ့ ဝါဒဖြန့်ချီရေးဇာတ်ကား။ ပေါကားပရိတ်သတ်ပဲ ဖြစ်နေစေဦး၊ ဘယ်လောက်ဥာဏ်ရည်နိမ့်နိမ့် ပေါကားဖန်ပဲ ဖြစ်စေဦးတော့၊ ဒီဇာတ်ကားမှာ ကြိုက်စရာ မှတ်သားစရာ ရင်ထဲစွဲကျန်စရာ ဘာမှကို မရှိတာ။ ယူနီဖောင်းဝတ်ပြီး ပြောလည်း ရတဲ့စကားတွေကို သရုပ်ဆောင်တွေပါးစပ်က တိုက်ရိုက်ကြီး ပြောချခိုင်းတာ။ ဘာမှ မကွာခြားသွားဘူး။ ဒီ့ထက် ပါးပါးနပ်နပ်နဲ့ ဝါဒဖြန့်ချီလို့ရတဲ့ ဇာတ်လမ်းဇာတ်ကွက်၊ ဒိုင်ယာလော့တွေ ဒီချီးဦးနှောက်တွေက ဘာမှကို မထွက်နိုင်တော့တဲ့အတိုင်းပဲ။ ဝါဒဖြန့်ချီတယ်ဆိုတာ ဝါဒဖြန့်ချီနေမှန်း ပရိတ်သတ်က သိနေရင်ကို မအောင်မြင်ဘူး။ အောင်မြင်တဲ့ ဝါဒဖြန့်ချီမှု မဖြစ်ဘူး။ အခုလောက် အတုံးလိုက် အတစ်လိုက်ကြီးက စဉ်းစားသာကြည့်။ ကောင်းကွက်ကတော့ လူထုက မေ့လျော့စ ပြုလာတဲ့ Boycott နဲ့ Social Punishment က တကျော့ပြန် ပြန်အားကောင်းလာတာပဲ။ ဒီကောင်တွေ ဝါဒဖြန့်ချီတာက သူတို့ဘက်အတွက် မဟုတ်ဘူး။ တော်လှန်ရေးအတွက် ဖြစ်သွားတာ။ ဥာဏ်ပုတိုနဲ့ ဥာဏ်မဲလုံးဆီက ဥာဏ်ချုံးတီးလေးတွေ။ 😂
Show all...
1 793😁 406👏 205🔥 12😱 3😢 1
ပြည်သူအများကို ဒုက္ခပေးတဲ့ကောင်တွေဆီ ထောက်ခံအောက်ဆွဲနေတဲ့ ကောင်တွေကိုမှ ထပ်နားလည်ပေးကြရဦးမယ်ဆို ဘာလို့ တော်လှန်နေကြဦးမှာလဲ။ ရှိတာသာ လှန်ပေးလိုက်ကြတော့။ အားတဲ့အဘ ဝင်ချသွားအောင်….
Show all...
1 729👏 518😁 197🔥 10💔 7😱 1
စောင်ပေါလေးတွေကို လင်းတယ်ဆိုတဲ့ သဘောပါ။ သိရှိပြီးတဲ့သူများအတွက် မဟုတ်ပါနော်။ ကိုယ့်ကို နေ့စဉ်မော်ဖူးဖောင်းထုနေတဲ့ကောင်တွေ ပုံဖော်နေတာက ကိုယ်က အမေရိကားမှာ ရာဇဝတ်မှုတွေလုပ်နေတဲ့ ရာဇဝတ်သားလိုလို၊ ဂိုဏ်းစတားလိုလို၊ သူတို့တိုင်လိုက်ရင် ဒီနေ့ မနက်ဖြန်ပဲ ဂျေးအောင်းသွားရနိုင်တဲ့ ကောင်လိုလို။ တခါတရံ ကိုယ်ဖြင့် ဘဝင်တောင် မြင့်ချင်တယ်။ သွေးမြင်ရင် မူးလဲမလို ဖြစ်တဲ့ အိုင့်လို နုနုနယ်နယ်လေးက သူတို့အတွက် အရှိန်အဝါကြီးနေလိုက်ပုံများ။ ပြောပြမယ်…. မနေ့က ကိုယ်ပြောတဲ့ Liquor License ဆိုတဲ့ကိစ္စကလေ လျှောက်ထားချိန်မှာ Live Scan လုပ်ရတယ်။ Live Scan ဆိုတာက လက်ဗွေ ဆယ်ချောင်းလုံး ဖတ်ပြီး ပြစ်မှုရှိမရှိ၊ ရာဇဝတ်မှု ဖြစ်ဖူးမဖြစ်ဖူး၊ Background Check တာမျိုးပါ။ Live Scan လုပ်ပြီဆို Live Scan Center က လက်ဗွေအချက်အလက်တွေကို DOJ လို့ ခေါ်တဲ့ Department of Justice နဲ့ FBI ကို ပေးပို့တယ်။ DOJ နဲ့ FBI က Background Check ပြီး ကိုယ်လိုင်စင်လျှောက်ထားတဲ့ရုံးကို ပြစ်မှုရှိမရှိ၊ Background Check အချက်အလက်တွေကို တိုက်ရိုက်ပေးပို့တယ်။ ပြစ်မှုမှတ်တမ်းရှိသူ၊ ရာဇဝတ်မှု ကျူးလွန်ထားသူ၊ ကျူးလွန်ထားဖူးသူဟုတ်မဟုတ်၊ Arrest Record, Criminal Charges, Conviction Record, Warrant Pending Case ရှိမရှိ စစ်ဆေးပြီး ရှိရင် တခါတည်း ပယ်ချပါတယ်။ ဒီလိုအလုပ်တွေ လုပ်ခွင့် မပေးပါဘူး။ ဟိုအကောင်တွေ ပြောသလို FBI ကို တိုင်ထားတယ် ဘာပုတယ် ညာပုတယ်ဆိုတာတွေသာ တကယ်ဟုတ်ခဲ့ရင် ကိုယ့်အနေနဲ့ ဒီလိုင်စင်ရဖို့နေနေသာသာ အဲ့အဆင့်ကတည်းကကို ပြုတ်ပါတယ်။ ဆိုတော့ကာ မေဒီးကားမှာ ထမင်းမဝလို့ အနေအစားချောင်မလားဆိုပြီး ပထွေးအလိုကျ လှမ်းဖွနေတဲ့ အမေရိကားရောက် နှစ်ချို့စောက်ပေါတွေရဲ့ FBI ကို သူတို့အမေလင် ကိုလှရွှေတွေလိုစောက်ချိုးမျိုးနဲ့ လူရှိန်အောင် နာမည်အသုံးချပြီး အတန်းရှင်းရှာနေတာတွေ တကယ်ဟုတ်မဟုတ် မြင်သာပြီ ထင်ပါတယ်။ US ဟာ Land of opportunities ဖြစ်သလို Land freedom လည်း ဖြစ်ပါတယ်။ ဥပဒေဘောင်ထဲမှာ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် နေထိုင်နေသရွေ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ ကြောက်စရာ မရှိပါ။ ကိုယ်ကလည်း အစောကတည်းက အကြောက်အလန့် ကင်းတာနဲ့၊ ကြောက်စရာ မရှိတဲ့နိုင်ငံမှာ ဖြဲခြောက်နေတဲ့ ကောင်တွေကိုပဲ ရယ်ချင်တာ။ ဂေါင်းကြီးတို့က ဘာတွေမျှော်လင့် 🤣
Show all...
1 661👏 319😁 58🔥 4😱 3
ချီးကျွေးလို့ စားရတာလား ချီးကြိုက်လို့ စားတာလား အငြင်းပွါးနေစရာမှ မလိုတာ။ မုဒ်တွေ မြင်ကတည်းက အသိသာကြီးဟာ။ ခေတ်သစ်ပါပီတွေဆီက ဘာတွေမျှော်လင့်။ 🙂
Show all...
1 718👏 456😁 96🔥 9😱 4😢 3💔 2