en
Feedback
Myanmar National Post

Myanmar National Post

Open in Telegram

သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com

Show more
2025 year in numberssnowflakes fon
card fon
30 985
Subscribers
-1024 hours
-1067 days
-32830 days
Posts Archive
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာကြမည့် ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ရန်ကုန်မြို့သို့ ရောက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစ၍ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Deputy Chairman (State Duma)ဖြစ်သူ Mr.Kara-ool Sholban ဦးဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Special Envoy for Asian Affairs, MFA Mr.Deng Xijun : Former Army Commander Mr.Sahni Arun Kumar ဦးဆောင်သောအဖွဲ့၊ ကာဇက်စတန်နိုင်ငံမှ Deputy Chairman of the Commission Mr.Yerman Mukhtar ဦးဆောင်သောအဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံမှ NEC Member ဖြစ်သူ H.E. Mr. YICH Samethy ဦးဆောင်သောအဖွဲ့နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံမှ Mr.Nguyen Duc Thinh ဦးဆောင်သောအဖွဲ့တို့သည် ယနေ့တွင် သတ်မှတ်ချိန် များအလိုက် ရန်ကုန်မြို့သို့ ရောက်ရှိ လာကြခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Iskander Azizov နှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။ #News #MNP
Show all...
❤ 25👍 24👏 4
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၅၀၄ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျ ဆက်လက်မီးရှို့ဖျက်ဆီး နေပြည်တော်၊ ဒီဇင်ဘာ ၂၆ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး(KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၃ လုံး၊ ၂ ထပ်အဆောက်အအုံ ၂ လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၅၀၄ လုံး ကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ KK Park နယ်မြေ အတွင်းရှိ အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင် အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီး ခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၂ ထပ် အဆောက်အအုံ ၅ လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း အဆောက်အအုံ ၅၄ လုံး တို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် KK park နယ်မြေနှင့်ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွ ခတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန် တစ်ရပ်အ အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစု များအပြင် ပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ #News #MNP
Show all...
❤ 13👍 8👏 3
Photo unavailableShow in Telegram
ညောင်လေးပင်မြို့နယ်၌ မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး ညောင်လေးပင်၊ ဒီဇင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ(၂၈)ရက်နေ့၌ မဲရုံများတွင် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့မွန်းလွဲ(၁၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ညောင်လေးပင်မြို့နယ်အတွင်းရှိ မဲရုံ(၇၈)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဖြည့်သွင်းရမည့် လျှောက်လွှာပုံစံ(၁၃)များကို တစ်ပါတည်းယူဆောင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု မဲဆန္ဒနယ်များအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ #MNP #News
Show all...
👍 17❤ 7
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး ကျင်းပ ပဲခူး၊ ဒီဇင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အား မြို့နယ် (၈)မြို့နယ်တွင် စတင်ကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်း၊ သက်ဆိုက်ရာမဲရုံများအလိုက် လိုအပ်ချက်မရှိစေရေး ထပ်မံကွင်းဆင်းစစ်ဆေးသွားရမှာဖြစ်ကြောင်း၊ MEVM မဲပေးစက်များအား သက်ဆိုင်ရာမဲရုံများသို့ အချိန်မီရောက်ရှိစေရေးနှင့် အရံမဲပေးစက်များလည်း အဆင်သင့် ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ မဲပေးစက်များနှင့် ဆန္ဒမဲပုံးများ သယ်ယူ ပို့ဆောင်ရေးကို လုံခြုံရေးစနစ်တကျ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် အပိုင်း(၂)၊ အပိုင်း(၃)ရှိ မြို့နယ်များသို့ သတ်မှတ်အရည်အတွက်တိုင်း မဲပေးစက်များ ရောက်ရှိစေရေး ဖြန့်ခွဲပေးရမည့် အစီအစဉ်များအတိုင်း ကြိုတင်ပြင်ဆင်ထားရန်နှင့် နည်းပညာ အထောက်အကူပြုအဖွဲ့များလည်း ကြိုတင်စုဖွဲ့ထားရမှာဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောာက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူ၍ အားလုံးကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အပိုင်း(၁)တွင် ကျင်းပပြုလုပ်မည့် မြို့နယ် (၈)မြို့နယ်ရှိ မဲရုံများအလိုက် လုံခြုံရေးချ‌ထား ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိက အပိုင်း(၁)မှာကျင်းပပြုလုပ်မည့် မြို့နယ်(၈)မြို့နယ်၌ ပြည်သူများ လွတ်လပ်၍ တရားမျှတစွာ ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနိုင်မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးများက ဝေးလံသည့်ဒေသများတွင် သက်ဆိုင်ရာ မဲရုံများသို့ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲလာရောက်ပေးနိုင်ရေး သယ်ယူပို့ဆောင်ရေးကဏ္ဍ ကြိုတင်စီမံထားရှိမှုနှင့် မဲရုံတာဝန်ကျဝန်ထမ်းများအတွက် သွားလာရေး စီမံဆောင်ရွက်ထားရှိမှု အခြေ အနေအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။ သက်ဖြိုးကြိုင် #MNP #News #2025Election
Show all...
👍 18❤ 5
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး အောင်မြေသာစံ၊ ဒီဇင်ဘာ ၂၆ ၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ်အတွင်း ပြည်ကြီးကျက်သရေ (အရှေ့)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)၌ မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများအား မဲပေးစက်များနှင့် စပ်လျဉ်း၍ လက်တွေ့သရုပ်ပြသနေမှု၊ သီရိမာလာ(အနောက်)ရပ်ကွက်ရှိ အမှတ်(၂၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၃)၌ မဲရုံကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ သီရိမာလာ(အနောက်)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထား၊ ကြေညာထားမှုအား လာရောက်ကြည့်ရှုနေမှု၊ အမှတ်(၁၀)အခြေခံပညာအထက်တန်း ကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၂)နှင့် အမှတ်(၅)တို့တွင် မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ နှင်းဆီကိုးခန်းဓမ္မာရုံတွင် မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြင့်မော်ထွန်း(အောင်စံ) #News #MNP #2025Election
Show all...
👍 17❤ 4
Photo unavailableShow in Telegram
နောင်ချိုမြို့နယ်တွင် MEVMမဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများစနစ်တကျ ထုတ်ပေး နောင်ချို၊ ဒီဇင်ဘာ ၂၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက စတင်၍ နောင်ချိုမြို့ မဏိရတနာခန်းမတွင် ထုတ်ပေးခဲ့သည်။ အဆိုပါ MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအားရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇)အုပ်စုမှ မဲရုံ(၅၆)ရုံအတွက် မဲရုံတာဝန်ခံများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စနစ်တကျအပ်နှံထုတ်ပေးခဲ့ကြောင်း သိရသည်။ #MNP #News #2025Election
Show all...
👍 20❤ 2
ပုဇွန်တောင်မြို့နယ်၌ ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက်ရှိနေသူများ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက် ပုဇွန်တောင်၊ ဒီဇင်ဘာ ၂၆ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ရွေးကောက်ပွဲ နည်း ဥပဒေ ၉၂ (ခ)အရ မိမိလက်ဝယ်ရရှိထားသည့် ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက်ရှိနေသူများ ဆန္ဒပြုထားသောကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်ခြင်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်း၊ ပြည်တော်သစ်အိမ်ရာရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကြိုတင်မဲများဖွင့်ဖောက်ရေတွက်ရာသို့ အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်သန်းနှင့်အဖွဲ့၀င်များ၊ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ က ပါတီကိုယ်စားပြုကိုယ်စားလှယ်များရှေ့၌ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့်တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ကြိုတင်မဲများကို ဖွင့်ဖောက်ရေတွက်ခဲ့ကြကြောင်း သိရသည်။ ဟန်စုယဉ် #News #MNP #2025Election
Show all...
❤ 13👍 11
11:53
Video unavailableShow in Telegram
ရွေးကောက်ပွဲသတင်း ကောက်နှုတ်ချက် ၂၆-၁၂-၂၀၂၅ ရုပ်သံဖော်ပြချိန် 26-12-2025 (8:00PM) #MNP
Show all...
1235.mp4738.70 MB
👍 31❤ 7
မဲမသမာမှုမဖြစ်ပေါ်စေရန် UEC မှ ဆောင်ရွက်ထားရှိမှု အခြေအနေ ဖြေကြားချက် နေပြည်တော်၊ ဒီဇင်ဘာ ၂၆ ဂျပန် သတင်းဌာန Asahi Shimbun သတင်းဌာနက မဲရလဒ်ရေတွက်တာနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေးမြန်းရညတွင် ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲရုံပိတ်ပြီးချိန်မှာ မဲရလဒ်တွေကို မဲပေးစက်က မှတ်တမ်းတင်ထားတဲ့ ရလဒ်ကိုပဲ အတည်ပြုမှာလား။ ကော်မရှင်က ပြုလုပ်တဲ့ မဲပေးစက်ရှင်းလင်းပွဲမှာ စက်ကနေ အလိုအလျောက်ရေတွက်နိုင်တဲ့ စနစ်ပါတဲ့အတွက် မေးရခြင်း ဖြစ်ပါတယ်။ ဒါမှမဟုတ် ပုံးထဲကမဲတွေကို ထပ်မံရေတွက်ပြီး အတည်ပြုမှာပါလား။ မနက်မဲရုံ မဖွင့်ခင်ရောက်လာတဲ့ ကြိုတင်မဲတွေကို မဲရုံပိတ်ပြီးရင် ရေတွက်မှာပါလား ဟု မေးမြန်းထားသည့်အပေါ် UEC က ပြန်လည် ဖြေကြားထားသည်။ UEC ၏ ဖြေကြားချက်တွင် "ရွေးကောက်ပွဲကျင်းပမည့်နေ့ မဲရုံတွင် မဲပေးခြင်းပြီးဆုံးပါက မဲရုံမှူးသည် MEVM စက်ရှိထိန်းချုပ်စက်ပါ ( on / off ) ခလုတ်ကို နှိပ်၍ မဲပေးခြင်း ပိတ်သိမ်းရမည်ဖြစ်ပြီး ထိန်းချုပ်စက်ရှိ Print ခလုတ်ကိုနှိပ်၍ မဲရလဒ်စာရင်းဖော်ပြသည့် စက္ကူဖြတ်ပိုင်းကို မဲပေးချက်ဖော်ပြစက်မှ ထုတ်ယူရမည်ဖြစ်ပါသည်။ ယင်းစက္ကူဖြတ်ပိုင်း၏ ကျောဘက်တွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များက မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ အတည်ပြုမည်ဖြစ်ပါသည်။ MEVM စက်တွင် ပါရှိသည့် မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်း များအား ပြန်လည်ရေတွက်ခြင်း မပြုပါ။ ဆက်လက်၍ မဲရုံမဖွင့်မီ ရောက်ရှိထားသည့် ကြိုတင်မဲများကို အသိသက်သေများ၊ ပြည်သူများ၊ မဲရုံကိုယ်စားလှယ်များရှေ့မှောက်၌ ရေတွက်မည်ဖြစ်ပြီး သတ်မှတ်ပုံစံတွင် ဖြည့်သွင်း၍ မဲရုံတွင် ကပ်ထားကြေညာမည် ဖြစ်ပါကြောင်း" ဖြေကြားထားသည်။ #MNP #News
Show all...
👍 37❤ 8
ရန်ကုန်တိုင်းဒေသကြီး အတွင်း ညမထွက်ရအမိန့် ပယ်ဖျက်လိုက်ပြီ နေပြည်တော်၊ ဒီဇင်ဘာ ၂၆ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ်(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီ ဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။ #News #MNP
Show all...
👍 31❤ 6
Photo unavailableShow in Telegram
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး ကျင်းပ ပဲခူး ၊ ဒီဇင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်ခဲ့သည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_665.html
Show all...
👍 20❤ 5
Photo unavailableShow in Telegram
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး အောင်မြေသာစံ ၊ ဒီဇင်ဘာ ၂၆ ၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_219.html
Show all...
👍 22❤ 3
Photo unavailableShow in Telegram
နောင်ချိုမြို့နယ်တွင် MEVMမဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများစနစ်တကျ ထုတ်ပေး နောင်ချို ၊ ဒီဇင်ဘာ ၂၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက စတင်၍ နောင်ချိုမြို့ မဏိရတနာခန်းမတွင် ထုတ်ပေးခဲ့သည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/mevm_50.html
Show all...
👍 29❤ 7
Photo unavailableShow in Telegram
👍 20❤ 6
04:09
Video unavailableShow in Telegram
ပြည်သူတွေရဲ့ ရှေ့က မားမားမတ်မတ် ရပ်တည်သွားမယ် ဦးမြထွန်းဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပြင်ဦးလွင် ၂၄-၆-၂၀၂၅ ရက်နေ့ ပြင်ဦးလွင် လူထုတွေ့ဆုံပွဲမှာ ဦးမြထွန်းဦးက ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ရုပ်သံဖော်ပြချိန် - (6:00) 26-12-2025 #MNP #News
Show all...
1233.mp4257.87 MB
👍 25❤ 8
Photo unavailableShow in Telegram
ထားဝယ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေး ထားဝယ် ၊ ဒီဇင်ဘာ ၂၆ တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးနေမှုကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသ ဖတ်ရူရန် >>>>>. https://www.mmnationalpost.com/2025/12/mevm_26.html
Show all...
👍 33❤ 3🍓 1
Photo unavailableShow in Telegram
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်သူ့စစ်မှုထမ်းစစ်သည်များနှင့်အတူ အထူးနေ့လယ်စာစားပွဲ တက်ရောက် စစ်တွေ ၊ ဒီဇင်ဘာ ၂၆ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက နယ်မြေခံတပ်ရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်းစစ်သည်များနှင့်အတူ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_108.html
Show all...
👍 27❤ 5🙏 2
Photo unavailableShow in Telegram
တွံတေးမြို့နယ်၌ မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး တွံတေး ၊ ဒီဇင်ဘာ ၂၆ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈) ရက်နေ့၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် မဲစာရင်းပါရှိပြီးဖြစ်သည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့သည် ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_318.html
Show all...
👍 23❤ 5
Photo unavailableShow in Telegram
ချောင်းဆုံမြို့နယ်၌ မဲရုံပြင်ဆင်ထားရှိမှုနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ချောင်းဆုံ ၊ ဒီဇင်ဘာ ၂၆ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ (၂၅)ရက်နေ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_273.html
Show all...
👍 24❤ 3
Photo unavailableShow in Telegram
ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာအလက်ဇီဘာရှန် ဦးဆောင်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များက လာရောက်လေ့လာကြမည်ဖြစ်ပြီး ၂၄-၁၂-၂၀၂၅ ရက်နေ့ ညပိုင်းက ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌ မစ္စတာအလက်ဇီဘာရှန် ဦးဆောင်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့သည် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိကြသည်။ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အား ပြည်​ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရှိရသည်။ #MNP #News
Show all...
❤ 24👍 17