en
Feedback
Myanmar National Post

Myanmar National Post

Open in Telegram

သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com

Show more
2025 year in numberssnowflakes fon
card fon
30 974
Subscribers
-824 hours
-937 days
-34030 days
Posts Archive
34👍 26
၂၀၁၀ အစိုးရထက် ပိုကောင်းအောင် ဆောင်ရွက်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတေဇကျော် ပြော မန္တလေး၊ ဒီဇင်ဘာ ၂၂ ပြည်ခိုင်ဖြိုးပါတီမှ အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတေဇကျော် က ၂၀၁၀ အစိုးရထက် ပိုကောင်းအောင် လုပ်ဆောင်သွားမည်ဟု ပြောသည်။ ယနေ့ အောင်မြေမန္တလာဘောလုံးကွင်းတွင် ကျင်းပသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်း ပြောဆိုသည်။ အခမ်းအနားတွင် ကိုယ်စားလှယ်များက ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များကို မဲပေးကြရန် မိတ်ဆက် ပြောဆိုကြပြီး အနုပညာရှင်များကလည်း တေးသီချင်းများဖြင့် ပြည်သူများကို ဖျော်ဖြေသည်။ အခမ်းအနားအပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးတေဇကျော် က "မဲဆန္ဒရှင်​တွေ လိုချင်နေတာက သူတို့ ​အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်၊ စီးပွားရေး ကောင်းချင်တယ်၊ အလုပ် လုပ်ကိုင် ရှာဖွေစားသောက်တဲ့အခါမှာ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ချင်တယ်၊ အဲဒါပဲ၊ ဒီဥစ္စာကို ကျွန်တော်တို့ ပါတီအနေနဲ့ ရည်မှန်းချက်ထားပြီး ဆောင်ရွက်ပေးမယ်။ ကတိစကား ပေးထားတယ်။ ဖြစ်အောင်လည်း ကျွန်တော်တို့ လုပ်ပါမယ်။ ကျွန်တော်တို့ကို ရွေးချယ်ပါ။ ကျွန်တော်တို့ကို မဲပေးပါ။ ဖြစ်အောင် လုပ်မယ်။ ကျွန်တော်တို့ အနိုင်ရခဲ့ရင် ၂၀၁၀အစိုးရထက် ပိုကောင်းအောင် ကြိုးစားမယ်" ဟု ဖြေကြားထားသည်။ လူထုတွေ့ဆုံပွဲအခမ်းအနားကို စိတ်ပါဝင်စားသူ ပြည်သူများ တက်ရောက်ပြီး ကိုယ်စားလှယ်လောင်းများ၏ ရှင်းလင်း ပြောကြားမှုများကို အားပေးထောက်ခံကြသည်။ #MNP #News
Show all...
👍 30 10
Photo unavailableShow in Telegram
ကျောက်တန်းမြိုနယ်၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေး ကျောက်တန်း ၊ ဒီဇင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေး "ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_531.html
Show all...
👍 20 5
Photo unavailableShow in Telegram
ကျောက်တန်းမြိုနယ်၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေး ကျောက်တန်း ၊ဒီဇင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေး "ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖတ်ရူရန်>>>>>>> https://www.mmnationalpost.com/2025/12/blog-post_531.html
Show all...
👍 23 4
Photo unavailableShow in Telegram
ဒေးဒရဲမြို့နယ်၌ တတိယအကြိမ် ထုတ်ပြန်ကြေညာမည့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးစိစစ် ဒေးဒရဲ ၊ ဒီဇင်ဘာ ၂၂ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မဲစာရင်းများ မှန်ကန်ရေးနှင့် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်နိုင်ရန် ဒုတိယကြိမ်ထုတ်ပြန် ကြေညာထားသည့်မဲစာရင်းပေါ်တွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများအတွက် မဲစာရင်းများ စိစစ်ခြင်းလုပ်ငန်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဖတ်ရူရန် >>>>>>>>>>> https://www.mmnationalpost.com/2025/12/blog-post_774.html
Show all...
👍 25 6
Photo unavailableShow in Telegram
မဟာအောင်မြေမြို့နယ်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားရန် စိစစ် ‌‌‎မဟာအောင်မြေ ၊ ဒီဇင်ဘာ ၂၂ ‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင် မဲစာရင်းများမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စိစစ်ခြင်းကို ယမန့်မွန်းလွဲပိုင်းက ပြုလုပ်သည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_949.html
Show all...
👍 24 5
Photo unavailableShow in Telegram
မုံရွာမြို့နယ်၌ ရွေးကောက်ပွဲနေ့မတိုင်မီ ခရီးဝေးတွင်တာဝန်များထမ်းဆောင်ကြမည့်ဝန်ထမ်းများ ပဉ္စမနေ့ကြိုတင်ဆန္ဒမဲပေး မုံရွာ ၊ဒီဇင်ဘာ ၂၂ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့်ဝန်ထမ်းများ ပဉ္စမနေ့ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်းက မုံရွာမြို့‌နယ်နန္န္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးအစည်းအ‌ဝေးခန်းမတွင် ဆောင်ရွက်ကြကြောင်း သိရသည်။ ဖတ်ရူရန် >>>> https://www.mmnationalpost.com/2025/12/blog-post_155.html
Show all...
👍 28 5
Photo unavailableShow in Telegram
တောင်သာမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တတိယအကြိမ်စစ်ဆေး တောင်သာ ၊ ဒီဇင်ဘာ ၂၂ မကြာမီကျင်းပတော့မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသက် ၁၈ နှစ်ပြည့်ပြီး၊ နိုင်ငံသားတိုင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်ကော်မရှင်ရုံး၌ ယနေ့နက်နံ ၁၀ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_801.html
Show all...
👍 30 4
အောင်မြေသာဇံမြို့နယ် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ
Show all...
22.52 MB
👍 25 6
Photo unavailableShow in Telegram
ကျိုက်ထိုမြို့နယ်တွင် ပြည်နယ်ရွေးကောက်ပွဲအရာရှိနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ တွေ့ဆုံပွဲပြုလုပ် ကျိုက်ထို ၊ ဒီဇင်ဘာ ၂၂ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရာပြည့်ခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_718.html
Show all...
👍 17 9
Photo unavailableShow in Telegram
မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရန်အတွက် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေး မိုင်းရယ် ၊ ဒီဇင်ဘာ ၂၂ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရန် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_835.html
Show all...
👍 19 6
Photo unavailableShow in Telegram
တောင်ငူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး တောင်ငူ ၊ ဒီဇင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှဦးဆောင်၍ တောင်ငူခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် တောင်ငူမြို့နယ်အတွင်းရှိ ပြည်သူမျာ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/one-stop-service.html
Show all...
👍 27 5
Photo unavailableShow in Telegram
ဗိုလ်တထောင်မြို့နယ်တွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဗိုလ်တထောင် ၊ ဒီဇင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားရှိမှုအား လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ဒီဇင်ဘာ ၁၉ ရက်နေ့က တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_609.html
Show all...
👍 25 6
Photo unavailableShow in Telegram
ကျွန်းစုမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက် ကျွန်းစု ၊ ဒီဇင်ဘာ ၂၂ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_619.html
Show all...
👍 22 8
01:50
Video unavailableShow in Telegram
အဂတိတိုက်ဖျက်ရေးကို ယန္တရားတစ်ခု တည်ဆောက်နှိမ်နင်ပေးမည်ဟု ဦးမြထွန်းဦး က မဲဆန္ဒရှင် ပြည်သူများကို ကတိပြု #News #MNP
Show all...
109.05 MB
👍 25 6
Photo unavailableShow in Telegram
နမ့်စန်မြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး နမ့်စန်(တ) ၊ ဒီဇင်ဘာ ၂၂ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့သည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_985.html
Show all...
👍 32 7
Photo unavailableShow in Telegram
ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲလုပ်ငန်းစဉ် ဆွေးနွေးပို့ချ သင်တန်းဖွင့်လှစ် လသာ ၊ ဒီဇင်ဘာ ၂၂ ကျောက်က်တံတားခရိုင်၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးပို့ချသင်ကြားပေးသည့် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဆန်းထွန်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဒေါ်အိအိခင်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမများ စုစုပေါင်း (၄၀) ကျော် တက်ရောက်ခဲ့ကြသည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_844.html
Show all...
👍 27 7
01:02
Video unavailableShow in Telegram
နိုင်ငံတော်အတွက် ဒေသအတွက် အတွေ့အကြုံကောင်း ရှိသူတွေကို ရွေးချယ် မိဘပြည်သူတွေ စိတ်မပျက်အောင် ပြင်ဦးလွင်အကျိုး နိုင်ငံအကျိုးကို ဆောင်ရွက်ဖို့အသင့်ပါဟု ဦးမြထွန်းဦး က ပြောသည်။ #News #MNP
Show all...
20.35 MB
👍 38 7
1:17:45
Video unavailableShow in Telegram
ဘဝနွေထဲက ဆောင်းရာသီ တရားတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ - မစိုးရိမ်)
Show all...
Tayar 03.MP41746.32 MB
🙏 80 11👍 4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့နံနက်ပိုင်းတွင် ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/msme_21.html
Show all...
👍 28 14🥰 1