အေအန်န်အမ်မ်တီ
Open in Telegram
အကူအညီပေးသောလက်များဟာ ဘုရားစာရွတ်ဆိုသောပါးစပ်များထက် ပို၍မြင့်မြတ်တယ်။
Show more2025 year in numbers

14 301
Subscribers
-1024 hours
-527 days
-20030 days
Posts Archive
Photo unavailableShow in Telegram
ရည်းစားဖြစ်သူအပေါ် Sexual abuse ၊ physically assault ၊ Sexual violence case ကို စိတ်ပါလက်ပါ အကြိမ်ကြိမ်ကျူးလွန်ခဲ့တဲ့သူ(Hlaing Bwar)ဟာ တကယ်တော့ ဒီနေရာမှာ ရှိနေသင့်တာတော့မဟုတ်ဘူး။ အပြည့်အစုံဖတ်ရှုရန်...
Facebook Post...
Telegram Post...
#အေအန်န်အမ်မ်တီ
👍 51❤ 2🤣 1
မရှင်းလင်းသေးတဲ့ လှိုင်သာယာဖြစ်စဉ်
TNISO - ဇူလိုင် ၂၊ ၂၀၂၅
ရုပ်ရှင်ဆန်ဆန် ပစ်ခတ်ပြီး လူကယ်တဲ့ လှိုင်သာယာဖြစ်စဉ်ဟာ မရှင်းလင်းမှုတွေနဲ့ ပြည့်နေပါတယ်။
ဇူလိုင်လ ၁ ရက် ညနေပိုင်းမှာ နိုင်ငံရေးနဲ့ အချုပ်ခံနေရတဲ့ အကျဉ်းသူ ဇွန်ပွင့်လှိုင်ကို ပြောက်ကျားတပ်ဖွဲ့တွေက ရဲတွေကို ပစ်ခတ်ပြီး ဝင်ရောက် ကယ်တင်တယ်ဆိုတဲ့ ရုပ်ရှင်ဆန်ဆန် သတင်းတွေ ဝေဝေဆာဆာ ဖော်ပြကြတယ်။
ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ အချုပ်သူပါ ကယ်တင်တဲ့အဖွဲ့ကို သန်လျင်မှာ မိတယ်ဆိုပြီး စစ်လော်ဘီတွေက ပြန်ဖော်ပြတယ်။
သိပ်မကြာခင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်း ဖြစ်စဉ် CCTV တွေ ထွက်လာတယ်။ CCTV ထွက်လာတာနဲ့ သတင်းဌာနတွေ ဇွန်လ ၁ ရက်နေ့က တင်ခဲ့တဲ့ သတင်းတွေအကုန် တလွဲတွေဖြစ်ကုန်ရော။
ဇွန်လ ၁ ရက်နေ့ ညပိုင်းမှာ နိုင်ငံရေးပြစ်မှုနဲ့ ချုပ်နှောင်ခံထားရသူ အမျိုးသမီးတဦးကို ရဲတွေက ဆေးရုံလာပို့တဲ့အချိန်မှာ ပြောက်ကျားအဖွဲ့က လမ်းခုလတ်မှာ ဝင်ရောက် ပစ်ခတ် ကယ်တင်တယ်ဆိုပြီး သတင်းဌာနတွေက ရုပ်ရှင်ဆန်ဆန် ဖော်ပြကြပါတယ်။
အဲဒီ ဖလိုး က စစ်လော်ဘီအကောင့်တွေကနေ စတင်ခဲ့တာပါ။ သတင်းဌာနအချို့ကတော့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောသည် ဆိုပြီး ပြန်တင်ကြတယ်။
ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ CCTV ထွက်လာရော သတင်းဌာနတွေရော စာဖတ်သူတွေရော ဇဝေဇဝါ ဖြစ်ကုန်တယ်။
စစ်လော်ဘီတွေကတော့ အချုပ်သူ မဇွန်ပွင့်လှိုင်ကို သူ့ရဲ့ အမျိုးသားနဲ့ ပြောက်ကျားအဖွဲ့တွေက လာကယ်သွားတယ်လို့ ထပ်ဖော်ပြပါတယ်။
အဲဒီအချိန် တပြိုင်နက်မှာပဲ သူတို့ကို ပြန်ဖမ်းမိတဲ့ ပုံတွေကို စစ်လော်ဘီတွေက တင်ကြပါတယ်။
အဲဒီပုံတွေကိုကြည့်ပြီး ကရင်ပြည်နယ်က PDF အသိုင်းအဝိုင်းက ဒီစုံတွဲဟာ ပိုက်ဆံ၊ လက်နက်တွေ ယူပြီး စစ်ကောင်စီ ဆီမှာ အလင်းဝင်သွားတဲ့သူတွေ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
အဲဒီကနေမှ ထပ်ဆင့် စိစစ်ကြရင်း အမျိုးသားဖြစ်သူဟာ National Special Force အဖွဲ့က ချစ်ဇင်လင်း ဆိုသူဖြစ်ကြောင်း၊ အမျိုးသမီးဆိုသူကလည်း ထောက်ပို့လုပ်နေတဲ့ ဇွန်ပွင့်ဖြူ ဖြစ်ကြောင်းနဲ့ သူတို့နှစ်ယောက် တော်လှန်ရေးနယ်မြေမှာ ဘယ်လို မွှေသွားကြောင်း ဖောက်သည်ချကြပါတယ်။
PDF အသိုင်းအဝိုင်းက ဖော်ပြကြတဲ့ အချက်အလက်တွေက မိုက်ပါတယ်။ နို့မို့ဆိုရင် သတင်းဌာနတွေက တင်ဆက်တဲ့ ရုပ်ရှင်ဆန်ဆန် ကယ်တင်မှုကို စာဖတ်သူတွေက ဆက်ယုံကြည်နေကြမှာပဲ။
စစ်လော်ဘီတွေ တင်တဲ့သတင်းကို ရဲသတင်းအရင်းအမြစ်က ပြောပါတယ် ဆိုပြီး သတင်းဌာနတွေက သတင်းရေးခဲ့ကြတာကိုး။
CCTV မှာ တွေ့ရတဲ့ မြင်ကွင်းအရ ရဲအမျိုးသား၊ အမျိုးသမီးနှစ်ယောက်က ရှေ့ကသွားတယ်။ အနောက်က ချစ်ဇင်လင်းတို့ စုံတွဲက ပုခုံးခက်ပြီး လိုက်လာတယ်။ ကားပါကင်ကို လာတဲ့အချိန်မှာ သူတို့ စုံတွဲနှစ်ခုရဲ့ ဦးတည်ရာက ကား နှစ်စီး ဖြစ်နေတယ်။ အဲဒါကြောင့် ရဲတွေက မွေးထားတဲ့ အင်ဖော်မာ အကြီးစားတွေ ဖြစ်နိုင်လားဆိုတာ စဉ်းစားရမယ်။ ပစ်ခတ်မှုဖြစ်ပြီး ပြောက်ကျားအဖွဲ့အဝင်တဦးက ဇွန်ပွင့်ဖြူရဲ့လက်ကို ဆွဲပြေးပြီး ထွက်သွားပြီးတော့မှ ချစ်ဇင်လင်းက အိုးရှင်းက ဝယ်လာတဲ့ အထုပ်ဆွဲပြီး အနောက်ကလိုက်တယ်။ တကယ့်စုံတွဲဆိုရင် ကိုယ့်ချစ်သူ၊ ရည်းစား၊ မိန်းမကို အခြားသူ တယောက်က လက်လာဆွဲတဲ့အခါ ပြန်မချရင်တောင် ခန္ဓာကိုယ်မှာ ဒေါသထွက်တဲ့ အမူအရာပုံစံတော့ ဖြစ်မှာပဲ။ ဒါပေမယ့် ချစ်ဇင်လင်းမှာ အဲ့ဒီလို အမူအရာမျိုး မတွေ့ရဘူး။ နှစ်စက္ကန့်လောက်အကြာမှ အထုပ်ဆွဲပြီး ပြေးလိုက်သွားတာ။
ရဲ (အမျိုးသား) နဲ့ ချစ်ဇင်လင်းတို့ ကားပါကင်ကို လာတဲ့အချိန်မှ ဖာ အပြာရောင် ကြွပ်ကြွပ်အိတ်တွေ ကိုင်လာတာတွေ့ရတယ်။ အဲဒီဟာက ငွေရှင်းကောင်တာက ဝယ်ပြီး ပစ္စည်းတွေကို ထုပ်ပေးလိုက်တာ ဖြစ်တယ်ဆိုတာ ရာခိုင်နှုန်းအရမ်းများပါတယ်။
အဲဒါကြောင့် ဇွန်ပွင့်ဖြူကို ဆေးကုဖို့ ဆေးရုံခေါ်တယ် ဆိုတဲ့အချက်က မြင်ကွင်းနဲ့ လုံးဝကွဲပြားနေပါတယ်။
ဖြစ်နိုင်ခြေများ
၁။ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးတခု [ဥပမာ - မန္တလေးမြို့က လက်ဖက်ရည်ဆိုင်တွေမှာ ဝင်စီးတဲ့ ဗီဒီယိုတွေ]
၂။ နယ်မြေခံရဲတွေက ရုပ်ရှင်ရိုက်ပြီး အထက်ကို တင်တာ [စစ်တပ်ကို ရဲတွေက ပြန်ကျော်တဲ့အကွက်]
၂။ အခြား ပြောက်ကျားအဖွဲ့တခုက သတင်းအမှားတခုရပြီး ဝင်လုံးတာ။
စာဖတ်သူတွေရဲ့ အမြင်တွေကို ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
#TNISO
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8934
မူရင်းပို့စ်....
https://www.facebook.com/share/p/1DjpnycQVA/
👍 104❤ 13🤣 2🥰 1😁 1
Photo unavailableShow in Telegram
မရှင်းလင်းသေးတဲ့ လှိုင်သာယာဖြစ်စဉ်
TNISO - ဇူလိုင် ၂၊ ၂၀၂၅
ရုပ်ရှင်ဆန်ဆန် ပစ်ခတ်ပြီး လူကယ်တဲ့ လှိုင်သာယာဖြစ်စဉ်ဟာ မရှင်းလင်းမှုတွေနဲ့ ပြည့်နေပါတယ်။
အပြည့်အစုံဖတ်ရှုရန်....
#အေအန်န်အမ်မ်တီ
👍 53❤ 2👏 1🤣 1
လှိုင်သာယာတွင် စွန့်စားကယ်တင် ဖိုက်တင်ချသူတို့မှာ တော်လှန်ရန်ပုံငွေ သိန်းထောင်ကျော်ယူကာ လက်နက်ချသွားသူများဖြစ်နေ
2 July 2025 By Ko Myo/MPA
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် ရဲများကို ပစ်ခတ်ကာ အမျိုးသမီးတစ်ဦးအား ကယ်ထုတ်သွားသူ များမှာ တော်လှန်ရေးရန်ပုံငွေ သိန်းထောင်ကျော်ယူကာ စစ်ကောင်စီထံ လက်နက်ချသွားသူများဖြစ်ကြောင်း သိရသည်။
ဇူလိုင်တစ်ရက်၊ ညခုနှစ်နာရီခွဲခန့်တွင် နိုင်ငံရေးပုဒ်မအတပ်ခံထားရသော အမျိုးသမီးတစ်ဦးကို ဆေးရုံ သို့ပို့ဆောင်စဉ် လှိုင်သာယာ၊အိုးရှင်းစင်တာအနီး၌ အသင့်စောင့်နေသူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ကာ အမျိုးသမီးအား ကယ်ထုတ်ခဲ့ပြီး ၎င်းတို့ကို ယနေ့(ဇူလိုင်နှစ်ရက်)နံနက် ၁၀ နာရီခန့်၌ သန်လျင်မြို့နယ်၊ ဘော့သပြေကန်ရွာအနီးတွင် စစ်ကောင်စီက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
“လှိုင်သာယာပစ်ခတ်မှုဖြစ်စဉ်က မှန်တယ်။ကယ်ထုတ်တာလည်း မှန်တယ်။ ဒါပေမဲ့၊ပြည်သူတွေ ထင်နေသလို PDFတွေ မဟုတ်ဘူး”ဟု ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Thanlyin Media မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
၎င်းတို့အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ပြည်သူလှူဒါန်းထားသည့် လက်နက်များနှင့် ငွေသိန်း ထောင်ကျော်ယူကာ စစ်ကောင်စီထံ လက်နက်ချ ပူးပေါင်းသွားသူများဖြစ်ကြောင်း Thanlyin Media က ထုတ်ပြန်ထားသည်။
“အင်္ကျီအဖြုနဲ့က ချစ်ဇင်လင်း။ သူဘေးက သူမိန်းမပါ။ ထောက်ပို့အမည်ခံပြီး ဆက်လိမ်နေရင်း သူတိုအချင်းချင်း အဝေမတည့်ရာကနေ ပြန်ခွက်စောင်းခုတ်ကြတာပါ။တော်လှန်ရေးအင်အားစုတွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ချစ်ဇင်လင်းဆိုသူမှာ ကရင်ပြည်နယ်အတွင်း National Special Force အမည်ဖြင့် တော်လှန်ရေးတပ်ဖွဲ့ ထူထောင်ပြီးနောက် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ဒုတပ်ခွဲမှူး ရန်ကုန်(ခ)ဘုန်းမြင့်အောင်နှင့် အတူ လက်နက်နှင့်ငွေများ ယူဆောင်ကာ စစ်ကောင်စီထံ လက်နက်ချသွားသူများဖြစ်သည်။
ချစ်ဇင်လင်းနံဘေးရှိ ၎င်း၏ မိန်းမမှာ ဇွန်ပွင့်လှိုင်ဖြစ်ပြီး ထောက်ပို့အမည်ခံကာ လိမ်နေရင်း အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ စုံစမ်းသိရသလောက်က ထောက်ပို့ဆိုပြီး လိမ်ပြီး အလှူခံရင်း အဖမ်းခံရတာလို့ သိရတယ်”ဟု ၎င်းကဆိုသည်။
ဇူလိုင်တစ်ရက်နေ့ညတွင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရဲစခန်းအချုပ်၌ နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံထားရသော ဇွန်ပွင့်လှိုင်ကို လှိုင်သာယာမြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ချစ်ဇင်လင်းတို့က သေနတ်ဖြင့် ပစ်ခတ်ကယ်တင်ခဲ့ရာ ဒုရဲအုပ်အမျိုးသားတစ်ဦး ကျည်သင့်သေဆုံးပြီး ဒုရဲအုပ်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။
လှိုင်သာယာ ကယ်ထုတ်မှုဖြစ်စဉ်နှင့် သန်လျင်၌ ဖမ်းဆီးရမိခြင်းတို့ကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တို့၌ ဖော်ပြကြသည်။
ဓာတ်ပုံ-စစ်ကောင်စီလော်ဘီချန်နယ်
ပုံစာ- သန်လျင်တွင် ဖမ်းဆီးခံရသူများ။
စာတည်း-ML
#လှိုင်သာယာမြို့နယ် #ရဲများကိုပစ်ခတ် #တော်လှန်ရန်ပုံငွေ #MPA #Ko_Myo
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8932
👏 56👍 10❤ 7🤣 3
Photo unavailableShow in Telegram
လှိုင်သာယာတွင် စွန့်စားကယ်တင် ဖိုက်တင်ချသူတို့မှာ တော်လှန်ရန်ပုံငွေ သိန်းထောင်ကျော်ယူကာ လက်နက်ချသွားသူများဖြစ်နေ
2 July 2025 By Ko Myo/MPA
အပြည့်အစုံဖတ်ရှုရန်...
#အေအန်န်အမ်မ်တီ
👍 40❤ 3😱 2🥰 1🤣 1
ကိုယ့်မိတ်ဆွေတွေနဲ့ စကားမများချင် အချေအတင်မဖြစ်ချင်လို့သာ ဘာမှထပ်မရေးတော့တာ။ ဒါပေမဲ့ နည်းနည်းတော့ ပြောလိုက်ပါဦးမယ်။ မဖြူကိစ္စမှာ မဖြူကို အခြားအချက်အလက်တွေနဲ့ ကျွန်တော့်ဘက်က အောက်လုံးhtoeထားတာမျိုး တစ်ခုမှမရှိပါ။ ရာခိုင်နှုန်းယူတာတွေ မယူတာတွေ၊ ဖန်မီတင် လုပ်တာတွေညာလုပ်တာတွေ ကျွန်တော်တစ်ခုမှ မပြောထားသလို စိတ်လည်းမဝင်စားပါ။ ကျွန်တော့်ပို့စ်တွေက မဖြူပြုလုပ်ခဲ့တဲ့ပွဲတွေကို ပွဲစီစဥ်သူသက်ဆိုင်ရာအဖွဲ့အစည်း ပေ့ချ်တွေဘက်ကနေ ငွေရှင်းတမ်း (အတိအကျမဟုတ်၊ လုံခြုံရေးထိခို-က်စရာလည်း ဘာအကြောင်းမှမရှိ)ကို တင်ပြဖို့သာ အကြံပြုခဲ့တာပဲရှိပါတယ်။
ဒါကို မဖြူဘက်က ရှေ့ရက်မှာ ငွေရှင်းတမ်း တင်စရာမလိုကြောင်း၊ တောင်းယူစစ်ဆေးရအောင် အနေအထားမဟုတ်ကြောင်းရေးလို့... ဒါချည်းကတော့ ကျွန်တော့်တကိုယ်စာအရ လုံးဝ အဆင်မပြေကြောင်း၊ တော်လှ-န်ရေးလို့ ခေါင်းစဥ်တပ်ထားတာကြောင့်၊ ဘယ်လိုဘယ်ပုံဖြစ်သင့်ကြောင်း အကြံပြုထောက်ပြခဲ့တာပါ။ စာရင်းတင်ပြမှုအပိုင်းကိုတော့ ပွဲစီစဥ်သူတွေကို တည်ပြောထားတာဖြစ်ပြီး၊ အတွေးအခေါ်ပိုင်း (ငွေရှင်းတမ်းတင်စရာမလို ဆိုတဲ့ မဖြူရေးသားချက်)ကိုတော့ မဖြူကိုသာ တည်ပြောတာပါ။ ကျွန်တော့်ပို့စ်ထဲမှာ ဒီနှစ်ချက်သာ ပါဝင်ပြီး ရို-င်းပြထားတာမျိုးလည်း လုံးဝမပါပါ။
အခုက ဘာဖြစ်နေကြသလဲဆိုတော့ တချို့ချို့သောလူတွေက မဖြူကို တို-က်ခိုက်နေကြတဲ့ သပ့်ပါတီအုပ်စုနဲ့ရောပြီး ကျွန်တော့်ထောက်ပြချက်တွေကိုပါ တိုင်လာပတ်နေလို့ပါ။ ပြီးတော့ ကျွန်တော့်ပို့စ်ထဲမှာ ပါဆင်နယ် ဘာကေ့စ်မှမပါဝင်ပါ။ တချို့ကလည်းရှိသေးတယ်၊ ပွဲစီစဥ်သူတွေကို အဝင်ဘယ်လောက်၊ အမြတ်ငွေဘယ်လောက်၊ ဘယ်အဖွဲ့ကို ဘယ်လောက်ပို့ဆောင်လိုက်တယ် ဆိုတဲ့ စာရင်းအကြမ်းဖျဥ်း တင်ပြဖို့တောင်းဆိုတဲ့လူတွေကို "မင်းတို့က ထောက်ပို့သေးသေးလေးမို့၊ မဖြူက ထောက်ပို့အကြီးကြီးမို့" ဆိုတာမျိုးအထိ ခွဲခြားပြောဆိုတာမျိုးတွေ ကျွန်တော်တွေ့ရပါတယ်။ တကယ်က ပိုပြီးကြီးမားလေလေ ပိုပြီးဂရုစိုက်ရလေလေပါပဲ။ အဲ့တော့ မဆိုင်တာတွေတော့ မပြောကြနဲ့ပေါ့ဗျာ။ အခုကေ့စ်မှာ ကိုကျော်ဘက်ကနေ သူ့ဘက်ကစိတ်လောပြီး စကားကြမ်းသွားတာတွေရှိလို့ တောင်းပန်ကြောင်း ဆိုထားပေမယ့် သူတင်ပြခိုင်းတဲ့ ပွဲစီစဥ်သူစာရင်းဇယားအပိုင်းကတော့ မှားမနေပါဘူး။
ဘယ်သူမဆို မိမိလေးစားရတဲ့သူ၊ မိမိတန်ဖိုးထားရတဲ့သူ၊ မိမိက စံပြအဖြစ််ထားသူကို ဘယ်သူ့ဘယ်သူရဲ့အပြောအဆိုမှ မခံချင်ကြပါဘူး။ အဲ့ထဲမှာ ကျွန်တော်လည်းအပါအဝင်ပါပဲ။ သို့ပေမယ့် အပြောအဆိုမခံရဖိူ့အတွက် ကိုယ့်ရဲ့ Idol ဘက်က လုပ်ဆောင်ချက်တချို့ လွဲချော်နေတယ်၊ အဲဒါကို ကျွန်တော့်လိုကောင်စားတွေက ဝင်ပြီး အမု-န်းခံထိန်းကျောင်းတယ်။ မဖြူရဲ့ပိူ့စ်က လူလိမ်အုပ်စုတွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာစေမယ့်ကိစ္စမှန်း တချို့တွေ နည်းနည်းလေးတောင် မတွက်ချက်မိကြဘူးထင်ပါတယ်။ နောက်ပိုင်းပြုလုပ်လာမယ့် အခြားအခြားသော အုပ်စုတွေက ငွေရှင်းတမ်းမတင်တဲ့အခါ ဘာလို့မတင်သလဲ သွားမေးရင်..., သူတို့က "မဖြူရဲ့ ပို့စ် link သော်၎င်း၊ Screenshot သော်၎င်း ထုတ်ပြလာတဲ့အခါ ခင်ဗျားတို့ကျွန်တော်တို့ ပါးစပ်အဟောက်းသားနဲ့ ဖြစ်သွားလိမ့်မယ်။
ဒီနေ့ မဖြူထပ်တင်ထားတဲ့ပို့စ်တွေကိုလည်း ဖတ်ပါတယ်။ ရှင်းပြထားတာတွေလည်းကောင်းတယ်၊ သို့ပေမယ့် အဲဒါက သက်သက်ပါပဲ။ ကျွန်တော် အကြံပြုထောက်ပြထားတဲ့ အချက်အလက်တွေနဲ့ ဘာမှမသက်ဆိုင်သေးပါဘူး။ တကယ်က မဖြူပွဲကို စီစဥ်သူတွေအနေနဲ့ ငွေရှင်းတမ်းပို့စ် တင်ခြင်းမတင်ခြင်းက ကျွန်တော့်အတွက် လုံးဝအရေးမပါဘူး။ ဒါက သူတို့ရဲ့ ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိသလဲ၊ ငွေကြေးပိုင်းနဲ့ပတ်သက်ပြီး public ပေါ်မှာ ဘယ်လောက်အထိ ပိုင်နိုင်တိကျသလဲ၊ လက်မှတ်ဝယ်ပြီး မကြည့်နိုင်ခဲ့ပမေယ့် ပွဲမတွက် ပရိုမုပေါင်းများစွာ ပြုလုပ်ပေးခဲ့ကြတဲ့ အနယ်နယ်အရပ်ရပ်က တော်လှ-န်ပြည်သူတွေအပေါ် ဘယ်လောက်အထိ လေးစားသမှုရှိသလဲ ဆိုတဲ့ အရေးနဲ့သာသက်ဆိုင်ပါတယ်။ ကျွန်တော်ကတော့် ကျွန်တော်လေးစားခဲ့ရသူတွေကို အပြစ်အနာအဆာ ပိုပြီး အမြင်ရှင်းချင်တဲ့စိတ်နဲ့ (ပါဆင်နယ်မု-န်းတီးမှုမပါ) ရေးနေပြောနေမိတာပါပဲ။ ဒါကို မိတ်ဆွေတို့မကြိုက်လည်း မတတ်နိုင်ဘူး။ ဒါပါပဲ။
Facebook Post...
https://www.facebook.com/share/p/16kTUBK1Z6/
#အေအန်န်အမ်မ်တီ
Telegram Channel
👍 94❤ 20🥰 1🤣 1
ကျွန်တော် ဥပမာအနေနဲ့ တစ်ခုပြောပြမယ်၊ နောက်လာမယ့်ကာလတွေမှာ ကျွန်တော့်အနေနဲ့ ရက်တိုကမ်ပိန်းတွေ တစ်ခုပြီးတစ်ခုထပ်လုပ်နေမယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ စနစ်ကို ပြောင်းလိုက်မယ်၊ ဆိုကြပါစို့... လုပ်နေကျအတိုင်း ရက်တိုကမ်ပိန်းတစ်ခု စတင်တဲ့အခါ ကမ်ပိန်းကာလတလျှောက် လာရောက်ပါဝင်သူတွေရဲ့ လုံခြုံရေးမထိခို-က်စေတဲ့ အမည်နဲ့ငွေအမောက်စာရင်းကို ကျွန်တော့်ရဲ့ကမ်ပိန်းပို့စ်အောက်မှာ ငွေရှင်းတမ်းပို့စ်အောက်မှာရော နေ့စွဲအမှတ်စဥ်နဲတကွ ဖော်ပြနေကျကိစ္စကို ကျွန်တော် လုံးဝမလုပ်တော့ဘူး။ ရရှိငွေ စုစုပေါင်းကိုပဲ ကြေညာမယ်၊ ထိုရရှိငွေ စုစုပေါင်းကို ဘယ်ကိုလွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း မှတ်တမ်းလွှာနဲ့တကွ တင်ပြမယ်။ ဒီမှာတင် ထောက်ပို့(တဆင့်ခံ)တစ်ယောက်ရဲ့တာဝန်က ပြီးသွားပြီ။
ကျွန်တော့်အနေနဲ့ အဲ့ဒီလို ပုံစံပြောင်းလဲလိုက်ရင်တောင် ကျွန်တော့်ကိုယုံကြည်တဲ့မိတ်ဆွေတွေက ကျွန်တော့်ကမ်ပိန်းတွေမှာ အမြဲ လာရောက်ပါဝင်နေမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့စိတ်ဓါတ်နဲ့ ရပ်တည်ချက်ကို သိရှိထားကြပြီးသားမို့လို့။
အပေါ်ကစာသားတွေက စကားအဖြစ်ပြောတာပါ၊ အဲ့လို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ ဆိုလိုရင်းက ဗျာ..., ကျွန်တော်က ထောက်ပို့(တဆင့်ခံ)တာဝန်ကိုပဲ ယူချင်တာမဟုတ်ဘူး၊ စာရင်းဇယား တိတိကျကျဖော်ပြပေးတယ်ဆိုတာ ကမ်ပိန်းအတွင်း လာရောက်ပါဝင်သူ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီကမ်ပိန်းနဲ့ပတ်သက်ပြီး ငါတို့ဘယ်လောက်ရထားပြီးဆိုတာကို လေးစားသမှုနဲ့ဖော်ပြတာဖြစ်သလို၊ စာရင်းဇယားဆိုတာ ဒီလိုလုပ်ရတယ်ကွ ဆိုပြီး ပွင့်လင်းမြင်သာမှုကို ကျင့်သုံးပြတာ။ ဒါသည် ဘယ်သူ့ကိုမဆို မြင်မိလိုက်ရုံနဲ့ စိတ်ရှင်းလင်းစေသလို၊ ကျွန်တော်ကိုယ်တိုင်လည်း ငွေကြေးအရှုပ်အရှင်းကင်းကြောင်း သက်သေထူပြတာဖြစ်တယ်။ စာရင်းလာစစ်ရအောင် မင်းက ဘာကောင်လဲ ညာကောင်လဲဆိုတာမျိုး ဖြစ်စရာမလိုအောင် "ရော့... ဒီမှာကြည့်၊ ငွေရှင်းတမ်းပို့စ်၊ မင်း ဝေဖန်တောင်းဆိုစရာမလိုအောင် အစကတည်းက ထင်ထင်ပေါ်ပေါ် ငါလုပ်ပြီးသား" တစ်ခွန်းတည်းပြောလိုက်ရုံပဲ။
အမြဲပြောနေကျစကားပါပဲ..., တော်လှ-န်ရေးအတွက်လို့ ခေါင်းစဥ်တပ်ထားရင် မင်းဘာကောင်ချည်းပဲဖြစ်နေဖြစ်နေ စာရင်းဇယားကိုတော့ တင်ပြရမှာပဲ။ ဒါက ထောက်ပို့အဖွဲ့အစည်းတိုင်း၊ တဆင်ခံထောက်ပို့လုပ်ဆောင်သူတိုင်း မလုပ်မနေရ လုပ်ကိုလုပ်ရမယ့်ကိစ္စ။ အဲ့လိုမလုပ်ချင်ရင် တော်လှ-န်ရေးခေါင်းစဥ်မတပ်ပဲ လုပ်ကြည့်၊ ပြောရတာ အာပေါက်တယ်။
Facebook Post...
https://www.facebook.com/share/p/1AzGCisd4s/
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8930
❤ 105👍 25🤣 3🥰 1
မဖြူတင်တဲ့ပို့စ်ကို အခုမှ ဖတ်ရတယ်၊ Screenshot အပြည့်အစုံအား ကြည့်ရှုချင်ပါက အောက်က link ကို နှိပ်ပါ...👇
https://t.me/ANMTarnoldmyotint/8925?single
ပွဲစီစဥ်သူတွေအနေနဲ့ သူတို့က အရင်းအနှီးစိုက်ထုတ်တယ်၊ အသုံးစရိတ်၊ အရင်းအနှီး၊ အမြတ်ငွေ၊ အမြတ်ငွေထဲကနေ ဘယ်ကိုစီးဆင်းတယ်တွေဘာတွေက ဒီစီစဥ်သူအဖွဲ့အစည်းနဲ့ပဲဆိုင်ကြောင်း၊ အခြားဘယ်သူဘယ်ဝါမှ စာရင်းစစ်သလို ရစ်သလို လာတောင်းဆိုစရာမလိုကြောင်း၊ အဲ့ဒီသဘောကို ကျွန်တော်မြင်ရတယ်။ မဖြူပြောတဲ့စနစ်မျိုးက တခြားအချိန်မှာဆိုရင် ဟုတ်တာပေါ့၊ အခုက တော်လှ-န်ရေးဆိုတဲ့ ခေါင်းစဥ်အောက်ဖြစ်နေလို့ ပွဲလုပ်ခဲ့တဲ့ နိုင်ငံတကာ ပွဲစီစဥ်သူတွေအနေနဲ့ စာရင်းဇယားက အသေးစိတ်မဟုတ်ရင်တောင် အကြမ်းဖျဥ်းတော့ ချကိုချပြရမှာပါ။ အရှေ့ကာလမှာတုန်းက ကိုအာဇာနည် ပွဲမှာလည်း ပွဲစီစဥ်သူတွေ ဘယ်လိုတလွဲလုပ်သွားသလဲဆိုတာ လူထုအကြားမှာ ပြောစရာတွေဖြစ်ခဲ့တာကို သတိပြုရမယ်မဟုတ်လား...?
မဖြူရဲ့ စိတ်ဓါတ်ကို နဂိုကတည်းက ချစ်ခင်လေးစားတဲ့သူဆိုပေမယ့် ဒီကိစ္စလေးမှာ မဖြူရဲ့တင်တဲ့ပို့စ်က တခြားသူတွေအတွက်တော့မသိဘူး၊ "တော်လှန်ရေးခေါင်းစဥ်အောက်မှာ ပြုလုပ်တဲ့ဘယ်ပွဲမဆို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ချပြရမယ်"ဆိုတဲ့ စနစ်တစ်ခု စည်းမျဥ်းတစ်ခုကို လိုလိုဘားလား တောင်းတနေတဲ့ ကျွန်တော့်လိုလူမျိုးအတွက်တော့ မဖြူပို့စ်က အဆင်မပြေပါဘူး။ ထိုပို့စ်ကို ထောက်ခံနေတဲ့ မိတ်ဆွေတွေကိုလည်း ကျွန်တော့်အနေနဲ့ အမြင်စောင်းခြင်းမျိုး လုံးဝမရှိတာတော့အမှန်ပါ။ ထိုနည်းအတူ မဖြူကိုလည်း အထင်အမြင်စောင်းခြင်းမျိုး လုံးဝမရှိပါဘူး။
တော်လှ-န်ရေးခေါင်းစဥ်အောက်မှာပြုလုပ်တဲ့ မည်သည့်ပွဲမဆို ပွဲတစ်ခုဖြစ်မြောက်ပြီးစီးသွားတဲ့နောက်မှာ ပွဲစီစဥ်သူတွေအနေနဲ့ ငွေရှင်းတမ်းကို (အသေးစိတ်ချပြခိုင်းတာမဟုတ်) ဘယ်သူမှမတောင်းဆိုလည်း လုပ်ကိုလုပ်ဆောင်စေဖို့သာ ရည်ရွယ်ပါတယ်။ ဒီပို့စ်က ကျွန်တော်တစ်ဦးတည်းရဲ့ ခံစားချက်အပေါ် ထုတ်ဖော်ရေးပြတာမျိုးပါ။ ကျွန်တော့်မိတ်ဆွေတို့နဲ့ အမြင်မတူတာ သဘောထားကွဲလွဲတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆိုလိုရင်းက အကောင်းဘက်ကိုဦးတည်နေတာလား အဆိုးဘက်ကိုဦးတည်နေတာလားဆိုတာလေးကို ပုဂ္ဂိုလ်အစွဲတွေဖယ်ပြီး ခေါင်းအေးအေးနဲ့ သေချာလေးစဥ်းစားစေချင်ပါတယ်။
Facebook Post...
https://www.facebook.com/share/p/19KoQa1VpN/
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8929
👍 77❤ 10🥰 1🤣 1
မဖြူတင်တဲ့ပို့စ်ကို အခုမှ ဖတ်ရတယ်၊ ဒီပို့စ်နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပြချင်ပါသေးတယ်...
Facebook မှာ အပြည့်အစုံဖတ်ရှုရန်....👇
https://www.facebook.com/share/p/19KoQa1VpN/
#အေအန်န်အမ်မ်တီ
Telegram Channel
👍 34🥰 2❤ 1😱 1🤣 1
တော်လှ-န်ရေးကာလမှာ အခြား လုပ်စားသူတွေကို သက်သေနဲ့တကွ မေးခွန်းထုတ်တဲ့အခါ၊ စာရင်းစစ်တဲ့အခါ၊ ကေ့စ်တွေဖော်တဲ့အခါမှာကျတော့ "ကွာနိုးရေ... အဲ့လိုလူတွေ များများဖော်ထုတ်ပေးပါ" ဘာညာဆိုပြီး ဝိုင်းအားပေးကြတာနော်။ အံမယ်... သူတို့ လေးစားရတဲ့သူ၊ သူတို့ရဲ့ Idol၊ သူတို့ခင်မင်တဲ့သူ၊ သူတို့ယုံကြည်နေတဲ့သူကို ကိုယ့်က သက်သေနဲ့တကွ ဖော်ထုတ်လိုက်မိတဲ့အခါကျတော့ "ပါလေရာကောင်၊ မနာလိုနေတာ၊ မအေloe Khwayသား"တွေဘာတွေ ဖြစ်ကုန်ရော။ နင်တို့ စော-က်ကျင့်ချည်းကလဲ....🥴
https://www.facebook.com/share/p/16STkRqH8j/
#အေအန်န်အမ်မ်တီ
Telegram Channel
😁 73👍 33🤣 6❤ 2
Photo unavailableShow in Telegram
သြော်... ငါ Loe ကျနေတာပဲ...🙂
မလေးရှားမှာ ၁၃ နှစ်အရွယ် ကလေးမလေးကို မုဒိ-မ်းမှုကျူးလွ-န်တဲ့ဆက်ပိုင်မင်း အား အမှုပေါ့လျော့အောင် လွတ်မြောက်အောင် နေရိုင်း(မရှိခဏ)၊ သဲသဲအေးနဲ့အတူ ကူညီပေးခဲတဲ့ ဘာဘူကြီးအပေါ်တောင် ငါက ကျေးဇူးတွေဘာတွေရှိနေပြီပေါ့၊ စော-က်ကျိုးနည်း...🥴
ကေ့စ်အတွက် ဒီမှာ သက်သေတွေ..
#အေအန်န်အမ်မ်တီ
Telegram Channel
🤣 34👍 22🥰 5❤ 3
တော်လှန်ရေးအတွက်လို့ ခေါင်းစဥ်တပ်ထားရင် မင်းဘာသာမင်း ဘာကောင်ချည်းပဲဖြစ်နေဖြစ်နေ ငွေအဝင်အထွက် စာရင်းဇယားကို တိတိကျကျ ပြည်သူလူထုဆီ ချပြရမှာပဲလေ။ ဒါက ဘယ်သူမှတောင် တောင်းဆိုနေစရာမလိုပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ဆောင်နေရမယ့်အရာတွေဖြစ်တယ်။ အခု ကိုကျော်ထောက်ပြနေတာကလည်း မဖြူကိုမဟုတ်ဘူး၊ ပွဲစီစဥ်သူတွေကို "မင်းတို့ ဒီစာရင်းဇယားတွေ ချပြ၊ နိုင်ငံအလိုက် လုပ်ခဲ့သမျှပွဲတိုင်းရဲ့ စာရင်းဇယားတိုင်းကို ပြည်သူလူထုဆီ ချပြ"လို့ ပြောတာ။ ဒါက မှားမနေဘူးလေ။
ကျွန်တော့်အနေနဲ့ဆို အဖြုရဲ့ စိတ်ဓါတ်ကိုပဲသိရှိနားလည်တာ၊ ပွဲစီစဥ်သူတွေ အဖွဲ့သားတွေရဲ့ စိတ်ဓါတ်တွေကို ကျွန်တော်မသိဘူး။ ဆိုတော့ မဖြူကိုချစ်တဲ့စိတ်နဲ့ အကုန်လုံးကို ရောချစ်လို့ မရဘူး။ အခုက ခေါင်းစဥ်တစ်ခုအောက်ကို ပို့ဆောင်မယ့် ငွေကြေးပိုင်းဖြစ်တာမို့ လုပ်ခဲ့သမျှ ပွဲတိုင်းရဲ့ ငွေရှင်းတမ်းကိစ္စကို သက်ဆိုင်ရာအစုအဖွဲ့တွေက ပွင့်ပွင့်လင်းလင်းချပြရမယ်။ ဒါလည်း မှားမနေဘူးလေ။
Facebook Post
https://www.facebook.com/share/p/16sfduXN1s/
#အေအန်န်အမ်မ်တီ
Telegram Channel
👍 116❤ 16🔥 1🥰 1
ရဲဘော်တို့ မဖြေနဲ့ သတိ မလုပ်နဲ့ သတိ သတင်းမပေးမိစေနဲ့ သတိ
======================
- ရန်သူဟာ မိတ်ဆွေယောင်ဆောက်တတ်သည်။
- ငါတို့ကို ဝတ်စုံဖိုးပေးမယ်၊ ထမင်းဖိုးပေးမယ်၊ လိုတာလေးတွေအတွက် နည်းသည် များသည် ပံ့ပိုးပေးမယ်။
- တကယ်စိတ်ရင်းနဲ့ ပေးတဲ့ တော်လှန်အကျိုးကိုပဲ ကြည့်တဲ့သူတွေရှိသလို၊
- အချို့ကရန်သူပါ အဲ့လိုပံ့ပိုးပေးပြီး အပြီးအပိုင် မင်းတို့ငါတို့ကို ဝယ်ထားသလိုလုပ်သွားမယ်။
- မင်းတို့ငါတို့ကို သူပေးထားတော့ သူသတင်းတွေ မေးမယ်၊ လက်နက်ကြီးဘယ်မှာကျ၊ လေယာဥ်ဘယ်မှာကြဲ၊ ဘယ်နှစ်ယောက်သေ၊ စသဖြင့် သူတို့လုပ်ရပ်ကို ပြန်ထောက်လှန်းတာ။
- အဲ့တော့ မင်းတို့ ငါတို့ကလည်း ကိုယ့်ကို ပံ့ပိုးနေတဲ့သူပဲဆိုပြီး အကုန်ဖြေ၊ အဲ့နားမှာ ဘယ်လူကြီးနေတာ ဘယ်တပ်ရင်းရှိတာ၊ ဘယ်အဖွဲ့နဲ့နီးတာ ဗုံးကျတာက မီတာ ၅၀ လောက် မီတာ ၁၀၀ လောက် ကျော်သွားလို့ ဘာညာ အဲ့မှာ သတင်းပေါက်ပြီ။
- ရန်သူက သိသွားပြီး နောက်တစ်ခါ တိုက်ခိုက်ရော ထပ်ပြီးထိခိုက်ကျရော။
- ထောက်ရဲဘော်တွေလည်း သတိရှိပါ၊ ကိုယ့်တပ်ရင်းက ရှေ့တန်းသွားရမယ်၊ မိုးကာလေး ဖိနပ်လေးလိုတော့ လူတွေကို လိုက်အကူအညီတောင်း၊ မိမိတပ်ရင်းက လူဘယ်နှစ်ယောက် ဘယ်တော့ ဘယ်မှာ စစ်သွားတိုက်ရမှာမလို့ ဘာလိုလို့ ညာလိုလို့ အဲ့မှာ သတင်းကပေါက်။
- တချို့ကလာလိမ့်မယ်၊ ရှေ့တန်း ဘယ်နေရာအတွက် ဟင်းလေးလှူချင်လို့၊ ထမင်းကျွေးချင်လို့ လူဦးရေ ဘယ်လောက်ရှိလဲဆိုပြီး မင်းတို့ငါတို့ကလည်း ရှေ့မှာ ထမင်းဟင်းမကောင်းတော့ ဝမ်းသာပြီး ဘယ်နေရာရှေ့တန်းမှာတော့ လူဘယ်လောက်ရှိတယ်၊ နွားတစ်ကောင်မှလောက်မှာ ဝက်တစ်ကောင်မှလောက်မှာဆိုပြီးလုပ်၊ အဲ့မှာသတင်းကပေါက်။ တချို့ဆို စားနေတဲ့ဓါတ်ပုံတောင်တောင်းလိမ့်မယ်။
- မင်းတို့ငါတို့ဟာ ကိုယ့်ရဲဘော်ထိခိုက်တဲ့အခါ ကျတဲ့အခါ ဝမ်းနည်းပြီး ပုံတွေတင်၊ စာတွေတင်။ ရန်သူက ဝမ်းနည်းချင်ယောင်ဆောင်ပြီး ဘယ်နှစ်ယောက်ကျသွားလဲ ထိသွားလဲ မေး၊ မင်းတို့ငါတို့ကဖြေ၊ အဲ့ပေါ်မှာမူတည်ပြီး ရှေ့တန်းရန်သူက တန်ပြန်လှုပ်ရှား၊ ငါတို့လုပ်နေတာတွေ လိုသလောက်ခရီးမရောက်၊ အဲ့လိုတွေဖြစ်။
- ရန်သူဟာ သိန်းပေါင်းများစွာသုံးနိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာ မမေ့နဲ့။ သူက သတင်းရဖို့ မင်းတို့ငါတို့ကို သိန်း၅၀ လည်းလှူနိုင်တယ်၊ သိန်း ၅၀၀ လည်း ပေးနိုင်တယ်။
- မင်းတို့ငါတို့က ကိုယ့်ကို ၁၀ ကဏန်းလောက်ပေးလိုက်တာနဲ့ တော်တော်ရင်းရင်းနှီးနှီးလုပ်ကြတယ်၊ တအားကိုခင်ပစ်လိုက်တယ်၊ အချို့ဆိုအရာရာတွေတိုင်း အဲ့လူတွေကို ပြောပြတိုင်ပင်ကြဖြစ်ကုန်တယ်။ အဲ့လိုနဲ့ ရန်သူက မင်းတို့ငါတို့ကို ဝယ်သွားပြီ။
- ဘယ်လောက်များများ ပံ့ပိုးထားတဲ့သူမို့လို့ဆိုပြီး ငါတို့က ဘာမှ ပြောပြစရာမလိုဘူး။
- တကယ်လူထု သိသင့်သိထိုက်တာတွေဆိုရင် နည်းနည်းပဲဖြစ်ဖြစ် ဘာမှမပံ့ပိုးပေးသူတွေပဲဖြစ်ဖြစ် အသိပေးရမှာပဲ၊ ပြောပြရမှာပဲ။
- အဲ့တော့ မေးသူတွေကော ဖြေသူတွေကော သတိရှိကြပါ၊ ကိုယ့်ပါးစပ်ကြောင့် ကိုယ့်လုပ်ရပ်ကြောင့် သတင်းတွေ မပေါက်ပါစေနဲ့၊ တော်လှန်ရေးကိုမထိခိုက်ပါစေနဲ့။
- အပေါ်မှာရေးထားတာတွေက အမှန်တကယ်တော်လှန်စိတ်ရင်းရှိကြသူတွေကို မဆိုလိုပါဘူး။
- တကယ်ဆို အမှန်တော်လှန်ထောက်ပံ့နေသူတွေကိုတောင် စည်းအဆင့်ဆင့်နဲ့ ပြောသင့်သလောက်ပဲ ပြသင့်သလောက်ပဲ ပြောရ၊ ပြရမှာဖြစ်ပါတယ်။
- နောက်တစ်ခုက တိုက်ပွဲက မပြီးသေးဘူး၊ လိုင်းပေါ်မှာ ကိုယ်ပစ်နေတဲ့ဗီဒီယိုတွေ ကိုယ်နေတဲ့နေရာတွေမှာ တစ်တော့ဆော့တာတွေ၊ ကိုယ်ဘယ်လိုစားနေရ အိပ်နေရတာတွေကို တင်တာတွေ သတိရှိပါ။
- ရန်သူက အဲ့ဒါတွေကို သေချာလိုက်ကြည့်ပြီး ဒီနေရာကို ဘယ်လိုတိုက်ရင်ရတယ်၊ ဘယ်ဗုံးနဲ့ ကြဲမှ ပြိုမယ်၊ လူဘယ်လောက်နဲ့ ထိုးမှရမယ်ဆိုတာမျိုး ပြန်တွက်ချက်နိုင်ပါတယ်။
- အချို့နာမည်ရထားပြီးသား ရန်သူကလည်းစောင့်ကြည့်နေတဲ့သူအချို့ဆို ပိုပြီးသတိထားရပါမယ်၊ ပေါ့ပေါ့လေးမဟုတ်ဘူး။
- ခင်ဗျားက မြေပြင်မှာကော လိုင်းပေါ်မှာကော လူတွေရိပ်စားမိနေတဲ့သူတစ်ယောက်ဆိုပါတော့၊ ပြီးတော့တိုက်ပွဲတိုင်းလည်းပါမယ်၊ အရေးကြီးတဲ့အခမ်းအနား event တွေလည်း ခဏခဏရောက်တယ်ဆိုရင် ကိုယ့်အသွားအလာကို လိုင်းပေါ်လုံးဝမတင်ပါနဲ့၊ အရိပ်အမွက်တောင်မတင်ပါနဲ့။ ရန်သူဟာအဲ့ဒါတွေအပေါ်လိုက်ပြီး သတင်းသုံးသပ်ချက်တွေလုပ်သွားနိုင်လို့ပါ။
- ကျွန်တော်တို့အားလုံး ကိုယ့်ကိုကိုယ်တောင်မသိပဲ ရန်သူသတင်းပေးတွေမဖြစ်ဖို့ ကျွန်တော်တင်ပြတာတွေလုပ်မိနေရင် ရပ်ပေးပါ၊ ဆင်ခြင်ပေးပါ။
Maui Karenni
မူရင်းပို့စ်...
https://www.facebook.com/share/p/1PnutF9YGJ/
#အေအန်န်အမ်မ်တီ
Telegram Channel
👍 138❤ 17🥰 2🤣 1
YRF ရဲဘော်တွေအတွက် မိုးကာအင်္ကျီ အထည် ၅၀ ရက်တိုကမ်ပိန်းလေးကို မယ်က လက်ရှိပြုလုပ်နေပါတယ်။ ပြီးတော့ Light Of The Future Group က ပြုလုပ်နေတဲ့ တန်ဖိုးကြီး မဲများစွာပါဝင်သော မဲကမ်ပိန်းတစ်ခုလည်း ရှိပါတယ်။ ထို ကမ်ပိန်း ၂ ခုကို အောက်မှာ လင့်ခ်ချပေးထားပါတယ်။ ငွေကြေးမတတ်နိုင်ရင်တောင် RCS လေး ကူပေးပါဦးနော်...❤
၁။ YRF ရဲဘော်များအတွက် မိုးကာအင်္ကျီ အထည် ၅၀ ပို့ဆောင်မယ့်ကမ်ပိန်း (၅ ရက်ပဲပြုလုပ်တဲ့ ရက်တိုကမ်ပိန်း၊ ပြီးဆုံးဖို့ ၃ ရက်လို၊ ၁၀ ထည်လောက်သာရရှိသေး)
https://www.facebook.com/share/p/1Eoo32FLjo/
၂။ "Light Of The Future" အဖွဲ့က ပြုလုပ်တဲ့ မဲကမ်ပိန်း...
မဲဝယ်ဝယ် မဝယ်ဝယ်၊ မူရင်းပို့စ် ၂ ခုလုံးမှာ RCS လုပ်ပေးပါနော်...👇
https://www.facebook.com/share/p/177DgxfiWj/
https://www.facebook.com/share/p/15RvHRUUfW/
#အေအန်န်အမ်မ်တီ
Telegram Channel
❤ 67👍 17🤣 3🥰 2
Photo unavailableShow in Telegram
ဒီပုံကိုဆွဲထားတဲ့သူ (JIMMY's Artiverse)က ဒီလိုအလားတူဖြစ်ရပ်မျိုးတွေ လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ အခုဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတွေကို ဝင်ဆန့်ကျင်နေတဲ့ထဲကတချို့က ဒီစကားတွေပြောဖို့ထိုက်တန်တဲ့ လူတွေမဟုတ်ပါဘူး။ သူတို့လုပ်ခဲ့တာတွေ၊ ဖြစ်ခဲ့တာတွေက လက်တွေ့မှာရှိနေပြီး အွန်လိုင်းမှာတော့ တခြားပုံစံဖြစ်နေကြတာပါ။ အခုလှိုင်းမှာ ကြောင်သူတော်တွေလည်း ရောယောင်ပြီးလက်ခမောင်းခတ်နေကြတာပါ။
ဖြစ်စဥ်အကြောင်း မူရင်းပို့စ်....
https://m.facebook.com/story.php?story_fbid=pfbid0UxNcjFwvqSqCiWubzKu1QjbPxyj2dz5PfZq4kiAkjMCM1F3DFQUMHAiLgCqVrTeZl&id=100064810879067&mibextid=Nif5oz
ဂျင်မီက လူမှုရေးလက်တစ်လုံးခြားတွေ အမြဲပြုလုပ်တတ်တဲ့သူဖြစ်ကြောင်း ဟယ်ရီထုတ်ပြောပို့စ်...
https://m.facebook.com/story.php?story_fbid=pfbid0sEL3JpTmSzKGEWuScN2d5YDHoEf95vT4GWDnafvYMUy69HepXqez94RU1Yemvo5dl&id=100035138853205&mibextid=Nif5oz
ဂျင်မီဘက်မှ ပြန်လည်ဖြေရှင်းတဲ့ပို့စ်...
https://m.facebook.com/story.php?story_fbid=pfbid0hMrEeS9Aw8vCydN22HV6VemXSne12QQefoncb4YYm53DXK9xmq8BjH4ymTM5wHg2l&id=100063529578317&mibextid=Nif5oz
#အေအန်န်အမ်မ်တီ
👍 68❤ 2🥰 1🤣 1
မိုးတွင်းကုန်သွားရင်တောင် ဆောင်းတွင်းမှာပါ ကောင်းကောင်းချည်းနွေးထွေးစေမယ့် မိုးကာအနွေးထည်လေး။ ရဲဘော်တွေကို လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်၊ အသိမိတ်ဆွေတွေကို အမှတ်တရပေးချင်တာပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် ဝတ်ဆင်ချင်တာပဲဖြစ်ဖြစ်၊ အဲ့လိုအတွေးဝင်ခဲ့ရင် ဒီပေ့ချ် chatbox ကို ပြေး...❤
ဝယ်ယူအားပေးချင်ပါက ဆက်သွယ်ရန်ပေ့ချ်...👇
https://m.facebook.com/story.php?story_fbid=pfbid0BqmCRDALtGzmkS2SxACMvY6AtBaSoT4TjQg1zx1VDp1FyDbVota8f3rKJ7jJ5Z9nl&id=61569072914155&mibextid=Nif5oz
#အေအန်န်အမ်မ်တီ
Telegram Channel
❤ 89🥰 5🤣 1
05:02
Video unavailableShow in Telegram
ကိုလင်းထက်အောင် ရယ်သံနဲ့တင် အူတက်...😆
မူရင်းပို့စ်...👇
https://fb.watch/AslfFUqAc5/
#အေအန်န်အမ်မ်တီ
Telegram Channel
23.27 MB
🤣 73👍 16🤯 6❤ 3
Photo unavailableShow in Telegram
မဲအစောင်ရေ ၈၀၀ လောက် ကျန်နေသေးလို့ အောက်ဖော်ပြပါ Link ထဲ မှာ တိုက်ရိုက်ဝယ်ယူအားပေးကြပါဦးခင်ဗျာ။ ဆုမဲတွေကတော့ တန်းဖိုးကြီးပစ္စည်းတွေများပြီး ဆုအရေအတွက်လည်း များပါတယ်။ မဲပေါက်တဲ့အခါ ယူပဲယူယူ၊ ပြန်ပဲလှူလှူ မိမိစိတ်ကြိုက် လုပ်ချင်ရာလုပ်ဆောင်နိုင်ပါတယ်။ မဲရောင်းချပေးနေတဲ့ "Light Of The Future" အဖွဲ့ဆိုတာကလည်း တော်လှန်ရေးအတွက် တကယ့်ကို ထိထိရောက်ရောက် ထောက်ပို့နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တာမို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာ။ မူရင်းပို့စ်မှာ RCS ပြုလုပ်ပေးသွားပါဦးနော်။
မဲဝယ်ဝယ် မဝယ်ဝယ်၊ မူရင်းပို့စ် ၂ ခုလုံးမှာ RCS လုပ်ပေးပါနော်...👇
https://www.facebook.com/share/p/177DgxfiWj/
https://www.facebook.com/share/p/15RvHRUUfW/
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/8910
❤ 78👍 25🤣 2🥰 1
Repost from TgId: 1784017831
မန္တလေးတိုင်း ၃ မြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်
----------------------
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများပြင်းထန်နေသော မတ္တရာနယ်မြေကိုသာမက ကပ်လျက် စဉ့်ကူးမြို့နယ်၊ နွားထိုးကြီးမြို့နယ် များကို လေတပ်က ပစ်မှတ်ထားတိုက်ခိုက်နေသည်။
ယနေ့ နံနက်အစောက နွားထိုးကြီးမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်း တည်ထားကိုးကွယ်သည့် ရှေးဟောင်း သမိုင်းဝင်ဘုရားတစ်ဆူဖြစ်သော ရှင်မင်သာထွန်းဦးဘုရား ဗုံးကြဲခံရပြီး စေတီသာမက ဘုရားပရဝုဏ်ရှိ အဆောက်အဦအများအပြား ပြိုကျပျက်စီးခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော အချက်အလက် များအရ စစ်ကောင်စီလက်ချက်ကြောင့် ဇွန် ၁ ရက်မှ ၂၀ ရက်နေ့အထိ ၃၆ ဦး သေဆုံးခဲ့သည်၊ ထိုအထဲမှ ၁၆ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64503/
🔥 41👍 16🤬 4❤ 2😢 2
Photo unavailableShow in Telegram
တော်လှ-န်ရေးထဲ ဘယ်ချောင်ကလောင်ကနေ ဝင်လာမှန်းမသိတဲ့ စော-က်ပေါတွေက ကျွန်တော့်ကို မျက်နှာမပြလို့ ဘာညာဆိုပြီး အာချောင်နေတာ။ ကိုယ်ကတော့ ကိုမင်းကိုနိုင်နဲ့ရော ကဝတပ်ရင်းတစ်ခုလုံးနဲ့ရော Zoomမီတင်မှာ စကားတွေလက်ဆုံပြောလို့...🤭
Facebook Post
https://www.facebook.com/share/p/1Lk8bsFeXD/
#အေအန်န်အမ်မ်တီ
Telegram Channel
❤ 127🥰 4👍 3🤣 2
