en
Feedback
အေအန်န်အမ်မ်တီ

အေအန်န်အမ်မ်တီ

Open in Telegram

အကူအညီပေးသောလက်များဟာ ဘုရားစာရွတ်ဆိုသောပါးစပ်များထက် ပို၍မြင့်မြတ်တယ်။

Show more
2025 year in numberssnowflakes fon
card fon
14 298
Subscribers
-1024 hours
-527 days
-20030 days
Posts Archive
လီဗီဆပ်နိုင်သန်းနဲ့ ဂိုလ်ရှယ်လေးက တလေသံတည်းထွက်လာပြန်ပြီ။ အကြောင်းစုံ ကျွန်တော်ရေးတင်ပြထားပါတယ်။ အပြည့်အစုံဖတ်ရှုရန် Facebook Post... https://www.facebook.com/share/p/18xgaBw1oT/ #အေအန်န်အမ်မ်တီ Telegram Channel
Show all...
👍 63🤣 11 2🤯 1
ကျွန်တော့်ရဲ့ အာနိုး မျိုးတင့် အကောင့်က တကယ်ကျ-ပ်မပြည့်တာနော်။ အဲ့အကောင့်မှာက မောက်ခမ်းဝါနဲ့ ဖရန့်ဖြစ်နေတာ၊ မောက်ခမ်းဝါကေ့စ် စတက်လာကတည်းက ဒီကောင့်ကို Unfriend လုပ်ချင်နေတာ။ ဒါပေမဲ့ အကောင့်က ၁ လအပိတ်ခံထားရလို့ လုပ်ဆောင်ခွင့်တွေ ပိတ်ပင်ကန့်သက်ခံထားရတယ်။ Profile မှာ Note ရေးတင်လို့ ရရုံကလွဲပြီး ကျန်တာအကုန် အပိတ်ခံထားရတာ။ ခုနက ကိုခန့်ကို ရဲ့ ပို့စ်တစ်ခုဖတ်လိုက်ရတယ်၊ "ဖရန်အနေနဲ့တောင် မUnနိုင်ပဲ ဘဝထဲကထုတ်ဖို့၊ SP / BC လုပ်ဖို့ဆိုတာ ပိုလို့တောင်ဝေးသေး"ဆိုတဲ့ပို့စ် မြင်မြင်ပြီးချင်း ကိုခန့်ကို ကို Messenger မှာ သွားပြောပြတယ်။ အကောင့်အပိတ်ခံထားရလို့ Unfriend လုပ်မရကြောင်းပြောပြတော့ ဒါဆို အရင်ဆုံး Block ထားဖို့ သူကအကြံပေးတယ်။ တကယ်ဆို ကျွန်တော် ဘလော့မလုပ်ဘူးဆိုတာက အရှေ့ကာလတွေမှာ သူ့ကို မန်းရှင်းခေါ်ပြီး တည်ဖြုတ်ထားတဲ့ ပို့စ်နဲ့ကွန်မန့်တွေ မန်းရှင်းပြုတ်သွားမယ်ထင်လို့ ဘလော့မလုပ်ဖြစ်တာ။ အခု ကိုခန့်ကို ပို့စ်တွေ့အပြီး ဘလော့လုပ်တော့လည်း လုပ်ခွင့်မရဘူး၊ ခဏအကြာမှ ထပ်မံကြိုစားကြည့်ပါ ဆိုတာချည်း ထပ်တလဲလဲပို့နေရော။ သိပ်မကြာလိုက်ဘူး ဘလော့ဖြစ်သွားပြီး ဂွင်းတွေဂွတွေ ပေါ်လာရော။ စိတ်ထဲ အဆင်ပြေလောက်ပြီထင်လို့ တခြားဖုန်းအဟောင်း (အခု ဂူဂျွန်နိုး အကောင့်)ကနေ မောက်ခမ်းဝါရဲ့ friend list ထဲ ဝင်ကြည့်တော့ ကိုယ့်ရဲ့ အာနိုးမျိုးတင့်အကောင့်ချည်းက ဖရန့်အဖြစ် ပြုးပြဲနေသေးတယ်။ အဲဒါနဲ့ ကိုခန့်ကိုက အကြံထပ်ပေးတယ် "အခု ဘလော့ပြန်ဖြည်လိုက်တာနဲ့ အလိုလို Unfriend ဖြစ်သွားလိမ့်မယ်" ဆိုပြီးပြောလို့ ဘလော့ ပြန်ဖြည်လိုက်တာ။ ဒါပေမဲ့ Unfriend လည်းမဖြစ်ပါဘူး၊ အခုထိ သူ့ Friend List ထဲမှာ ကိုယ့်အကောင့်က ထီးထီးချည်းရှိနေသေးတုန်းပဲ။ တကယ်ဆို သာမန်အချိန်မှာ အခုလို block ပြန်ဖြည်တာနဲ့ Unfriend ဖြစ်ပါတယ်။ အခုကျတော့ အကောင့်အပိတ်ခံထားရ ကန့်သက်ခံထားရလို့ ဒီလိုတွေတိုင်ပတ်နေတာဖြစ်မယ်ထင်တယ်။ ဒီပို့စ်ရဲ့ဆိုလိုရင်းက ကျွန်တော် တမင်သက်သက် Unfriend မလုပ်တာမျိုးမဟုတ်ကြောင်း လာအသိပေးတာပါ။ မောက်ခမ်းဝါဆီသွားပြီး လက်အုပ်လေးချီ "ငါ့အကောင့်လေးကို Unfriend လုပ်ပေးပါကွာ"ဆိုပြီး ပြောရအောင်လည်း မတန်ဘူးလေနော်...😑 Facebook Post... https://www.facebook.com/share/p/1Ef7wvsBHQ/ #အေအန်န်အမ်မ်တီ Telegram Channel
Show all...
👍 106 8😁 8🥰 3🔥 2
အမေရိကန်က ဆယ်လီစော-က်yuu လီဗီဆပ်နိုင်သန်း ဆိုတဲ့ ကလိ-မ်ကကျ-စ်မရဲ့သတင်း ခုနကဖတ်လိုက်ရတာ ဝမ်းသာစရာပဲ။ https://t.me/ANMTarnoldmyotint/8872?single လွန်ခဲ့တဲ့ လအနည်းငယ်အကြာလောက်က ဒီကော-င်မနဲ့ ပွဲတခါဖြစ်သေးတယ်၊ သူ့ရဲ့ ယုတ်ညံ့မှုလုပ်ရပ်ကို ဒေတာပြန်ဖော်တော့ သူ မလုပ်ခဲ့ပါဘူး၊ မလိ-မ်ခဲ့ပါဘူးတွေ ကိုယ့်ကိုဝင်ဖြဲသေးတာ။ အခုတော့ လိမ်လ-ည်မှုနဲ့ အမေရိကန်ဒေါ်လာ ၃,၀၀၀,၀၀၀ (၃သန်း) ကယ်လီဖိုးနီးယား တရားရုံးက ဒ-ဏ်ရိုက်လိုက်ပြီ။ တကယ်ဆို နည်းသေးတယ်၊ ထော-င်ပါ ချရမှာ။ လီဗီဆပ်နိုင်သန်း ဆိုတဲ့ အဲ့ကော-င်မက ချင်းလူမျိုးအချင်းချင်းလည်း အထာမထားဘူး၊ ၂၀၁၈ ကတည်းက အမေရိကန်ရောက်ပြီ အကုန်ပတ်လိ-မ်တာ။ ဒီကောင်မအနေနဲ့ အခုတော်လှ-န်ရေးမှာလည်း အယောက်ပြလှူပြီး ဘုံးသေးတာနော်။ အဲဒါကို ဘူမသိကိုးမသိတွေက ဒီကောင်မကို တော်လှ-န်ရေးထဲကလို့ ထင်နေတဲ့သူတွေရှိသေးတယ်။ သူ့အကောင့်က ဘောနပ်ရထားလို့ ပေါက်ပန်းလေးဆယ် တင်သမျှသတင်းတွေကို ထိုင်ရှဲနေတဲ့သူ like ပေးနေတဲ့သူတွေလည်း ကျွန်တော်အကောင့်ထဲရှိသေးတယ်။ ကော-င်မက မပန်ဆယ်လိုကိုလည်း တောက်လျှောက် မဟုတ်တမ်းလျားတွေ အပု-ပ်ချတိို-က်ခို-က်သေးတာ။ ကိုယ်တွေက ဒီကော-င်မအကြောင်း လိုက်လေ့လာထားလို့ သိထားတာတွေအများချည်း။ ချပြတုန်းက မယုံသလိုလို ဘာလိုလိုလုပ်နေတဲ့ဟာတွေ အခု ဒီမှာတွေ့ပြီလား...? ကော-င်မက လက်ရှိအချိန်မှာ ထရမ့် Baw မ'နေတဲ့သူဖြစ်ပြီး ယူကရိန်းကိုတောင် Sawကား ပြောဆိုနေတာ၊ မင်းအောင်လှိုင်ကိုလည်း မသိမသာရော သိသိသာသာပါ Bawမ သေးတာ။ အခု သူ့ကို အမေရိကန် ဒေါ်လာ ၃ သန်း ဒဏ်ကြေးဆောင်ခိုင်းတဲ့ တရားသူကြီးကို သမ္မတ​ဟောင်း ဘိုင်ဒန်က ခန့်အပ်ထားသူဖြစ်လို့ ကယ်လီဖိုးနီးယားဥပဒေနဲ့ မညီဘူးဘာညာဆိုပြီး သူ့အကောင့်ကနေ ပြန်တောင်ဖြဲပ့ီး တရားရုံးကို ပြန်ခြိ-မ်းခြောက်နေတာ။ ဟိုက ဝတ္တရားနှော-က်ယှ-က်မှု၊ အသရေဖျ-က်မှုနဲ့ ထပ်စွဲတော့မှ ဟုတ်ပေ့ဖြစ်နေမယ်....😆 Facebook Post https://www.facebook.com/share/p/191E4FnfQm/ #အေအန်န်အမ်မ်တီ Telegram Channel
Show all...
👍 116 4🥰 1🤯 1
အမေရိကန်က ဆယ်လီစော-က်yuu လီဗီဆပ်နိုင်သန်း ဆိုတဲ့ ကလိ-မ်ကကျ-စ်မရဲ့သတင်း ခုနကဖတ်လိုက်ရတာ ဝမ်းသာစရာပဲ။ အပြည့်အစုံဖတ်ချင်ရင်.... https://www.facebook.com/share/p/191E4FnfQm/ #အေအန်န်အမ်မ်တီ Telegram Channel
Show all...
👍 75 10🥰 1🤯 1
မမီလိုက်တဲ့ သူတွေအတွက်ပါ။ သူပုန် ထုတ်ကုန်ကို အားပေးနေသူတွေရှိရင် ခဏနားထားပေးပါခင်ဗျာ။ မရိုးမရှင်းတဲ့ကိစ္စရပ်တွေ လက်ရှိဖြစ်ပေါ်နေလို့ပါ။ သူပုန်ထုတ်ကုန်ကို စတင်တည်ထောင်ပြီး ငွေကြေးမြှုပ်နှံတဲ့သူက ဒီနေ့ နေ့လည် ၁၂ နာရီမှာ သူပုန်ပေ့ချ်ကနေ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ ထိုပို့စ်ကို နာရီဝက် ပတ်ချာလည်လောက် အကြာမှာပဲ ပြန်ဖျက်သွားပါတယ်။ အကြောင်းကတော့ မောက်ခမ်းဝါနဲ့ လွိုင်ကော် PDF အကြား ဆက်နွယ်မှုပါ။ ကျွန်တော့်အမြင်ရဆိုရင် လွိုင်ကော် PDF ရဲ့ တနေ့က ထုတ်ပြန်ချက်မှာ မောက်ခမ်းဝါ ငွေကြေးအလွဲသုံးစားလုပ်တာတွေ တစ်ခုမှထည့်သွင်းမပြောသွားတာကို မေးခွန်းထုတ်ချင်နေတာပါ။ သူပုန်ပေ့ချ်မှာ သူပုန်တည်ထောင်သူ တင်ထားတဲ့ပို့စ်ကို အခြား Admin က ပြန်ဖျက်သွားတာလို့ ထင်မြင်မိတယ်။ ခုနက ကိုခန့်ကို တင်ထားတဲ့ ပို့စ်တစ်ခုလည်း ဖတ်လိုက်ရတယ်။ ထိုပို့စ်အပြီးမှာ အခြားပို့စ်တစ်ခု ထပ်တက်လာကြောင်း၊ ခဏအကြာမှာပဲ ပြန်ဖျက်သွားကြောင်း ရေးတင်ထားတယ်။ ဆိုတော့ ပို့စ်နှစ်ခုလုံးကို ကိုခန့်ကိုက SS ယူပေးထားလို့ ထိုပို့စ်နှစ်ခုလုံးကို စာအဖြစ်နဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သူပုန်ပေ့ချ်မှာ အက်မင် ၂ ကန့်ကွဲနေတယ်လို့ ပြောရမှာပေါ့။ အကြောင်းအရာအပြည့်အစုံကို ကျွန်တော့် Facebook အရံအကောင့်မှာ ရေးတင်ပေးထားပါတယ် (comment ထဲမှာလည်း Ss တချို့ ပြသပေးထားပါတယ်)....👇 https://www.facebook.com/share/p/1VHm3XAiLr/ #အေအန်န်အမ်မ်တီ Telegram Channel https://t.me/ANMTarnoldmyotint/8871
Show all...
👍 75🥰 1🤣 1
ကိုခန့်ကို ရဲ့ စိတ်နေစိတ်ထားကို ကျွန်တော်သိသလို၊ ကိုဇင်ဇေရဲ့ စိတ်နေစိတ်ထားကိုလည်း ကျွန်တော်သိတယ်၊ https://t.me/ANMTarnoldmyotint/8867?single ဒီထဲမှာမှ ကိုဇင်ဇေက ကျွန်တော်တို့ နှစ်ယောက်ထက် အသက်ပိုကြီးပြီး ကျွန်တော့်ကို ထိန်းကျောင်းပေးမှု များတယ်ပေါ့၊ လက်လွန်ကြက်သွန်မဖြစ်အောင် ထိန်းပေးတာမျိုးကိုဆိုလိုတာ။ ကိုခန့်ကိုကျတော့ ဘာကေ့စ်ဖော်ဖော် ဒေတာပိုပြီးတိကျတယ်၊ သူ့ဆီကနေ သင်ယူရတာလည်းရှိသလို ကိုဇင်ဇေဆီကနေ သင်ယူရတာတွေလည်းရှိတယ်။ တော်လှ-န်ရေးကာလအတွင်း လေးစားမှုထားရတဲ့လူအနည်းစုထဲမှာမှ ထိုသူနှစ်ယောက်လည်းပါတယ်။ တခါတရံ သူလွဲနေလည်း ကိုယ်ဝင်ပြော၊ ကိုယ်လွဲနေလည်း သူဝင်ပြော၊ အဲ့လိုအခြေအနေတွေတောင် ရှိတယ်။ တော်လှ-န်ရေးကာလမှာ လူလိ-မ်လုပ်စား အရှုပ်တွေကို ဖော်ထုတ်တယ်ဆိုတဲ့အထဲမှာ ကိုခန့်ကို ကို လူမုန်းပိုများစေတယ်။ အခြား ဘုံဘုံတို့ လူလိ-မ်ဖော်ထုတ်ရေးအဖွဲ့ကိုလည်း လူမုန်းများကြတာတွေရှိတယ်။ ဒီလူတွေက ပုဂ္ဂိုလ်စွဲအထာမထားဘူးဆိုတာ ကျွန်တော်ယုံကြည်တယ်။ နာမည်ကြီးလို့ လူသိများလို့ဆိုပြီး လက်ရှောင်ထားတာတွေမရှိဘူး။ ကျွန်တော်ကတော့ ယဥ်ကျေးလို့ရတဲ့သူကို ယဥ်ကျေးတယ်၊ ယဥ်ကျေးလို့မရတဲ့သူတွေကို ရို-င်းရို-င်းစိုင်းစိုင်းနဲ့ကိုဆဲတယ်ပြောတယ်၊ ဒါက ကျွန်တော့်ဖြစ်တည်မှုပဲ၊ လက်ခံချင်ခံ၊ လက်မခံချင်လည်း ဘာမှမဖြစ်ဘူး။ အခု ကိုခန့်ကို ကို ဝန်းရံပေးပါလို့တော့ ကျွန်တော်မတောင်းဆိုချင်ဘူး၊ ဒါပေမဲ့ သူ့ကို အဆုံးစွန်အထိ "အတွင်းစည်းဒလန်"ဘာညာအထိ ရည်ရွယ်ပြောဆိုနေသူတွေရှိတယ်၊ အသက်အန္တရာယ်ကို အုပ်စုဖွဲ့ ခြိမ်းခြော-က်သူတွေအထိ ရှိတယ်။ တချို့ကျတော့လည်း ပွဲရှာတယ်၊ မနာလိုဖြစ်နေတယ် ဘာညာပေါ့။ အဲ့လိုပြောဆိုနေတဲ့သူတွေက ဘာစော-က်ကြောင်းမှနားမလည်ကြတဲ့ ပုဂ္ဂိုလ်စွဲတွေလို့ ကျွန်တော့်တစ်ဦးတည်းအနေနဲ့ သတ်မှတ်တယ်။ ထောက်ပြသင့်တဲ့အရာ ချပြသင့်တဲ့အရာကို ပြောပြရေးပြတာသည် ပြောကိုပြောသင့်တဲ့က်စ္စဖြစ်တယ်၊ ပုဂ္ဂိုလ်စွဲစိတ်ကို ခဏဖျောက်ထားပြီ အချက်အလက်တွေကို သုံးသပ်ရမှာက တစ်ဦးချင်းဆီရဲ့အလုပ်ဖြစ်တယ်။ ကိုယ်ကျိုးစီးပွားမပါပဲ လူမု-န်းခံပြီးပြောပြပေးတဲ့လူစားမျိုးတွေ များစွာရှိကြပါတယ်၊ ကျွန်တော်ကတော့ ထိုသူတွေကို ဝန်းရံပေးတယ်။ ပြောချင်တာ ဒါပါပဲ။ ကိုဇင်ဇေ အကြံပြုတဲ့ပို့စ်... https://www.facebook.com/share/p/1FdvjguSSi/ #အေအန်န်အမ်မ်တီ Telegram Channel
Show all...
99👍 31🔥 1🥰 1😁 1🤣 1
ကိုဇင်ဇေ ရေးထားတဲ့ဒီကိစ္စလေး နည်းနည်းပြောပြချင်သေးတယ်။ အပြည့်အစုံဖတ်ရှုရန်...👇 https://www.facebook.com/share/p/12MX37tFd1H/ #အေအန်န်အမ်မ်တီ
Show all...
👍 66 1🔥 1🥰 1😁 1
Photo unavailableShow in Telegram
မောက်ခမ်း ဆိုတာ ပန်းနာမည်မှန်း ခုနကမှသိတယ်။ မောက်ခမ်းပန်းကို ဘုရားပန်းအိုးထိုးထားတဲ့ အမျိုးသမီးတစ်ဦးက ဒါကတော့ မောက်ခမ်းနက်(အမဲရောင်)၊ ဒါကတော့ မောက်ခမ်းဝါ(အဝါရောင်)ပါ ဆိုပြီး မောက်ခမ်းဝါ ထိုးနည်းသင်ပြနေတာ။ ငါလည်း မောက်ခမ်းဝါ ကို ထိုးချင်လိုက်တာ....🙂 https://www.facebook.com/share/p/15iSLz7mGM/ #အေအန်န်အမ်မ်တီ Telegram Channel https://t.me/ANMTarnoldmyotint/8866
Show all...
🤣 110👍 18🔥 3
SH case တစ်ခုကိုပဲမီးမောင်းထိုးနေရင် တလရထဲ တစ်နည်းမဟုတ်တစ်နည်းပြန်ရှိနေပြီး ဆက်လုပ်စားနေဦးမှာ။ ဒါကြောင့်လည်း ငွေအလွဲသုံးစားမှုတွေပါလုပ်ခဲ့ကြောင်း ပြောနေကြရတာ။ သူပုန်ကော်ဖီဟာ မောက်ခမ်းဝါထုတ်တာမဟုတ်သလို လွိုင်ကော် PDF ကထုတ်တာလည်းမဟုတ်ဘူး။ အခြားစီးပွားရေးလုပ်တဲ့သူတွေက ထုတ်တာ။ အကျိုးအမြတ်ကို ၄၀ ၊ ၆၀ ရာခိုင်နှုန်း ခွဲတယ်။ ၄၀ က တော်လှန်ရေးအတွက်၊ ၆၀ ကတော့ စီးပွားရေးလိုအပ်ချက်အတွက် ပြန်သုံးတယ်ဆိုတဲ့သဘော။ အဲ့ဒီ ၆၀ ထဲကနေ မောက်ခမ်းဝါ post တင်ပြီးကြော်ငြာခဘယ်လောက်တို့၊ ဓာတ်ပုံရိုက်ခဘယ်လောက်တို့ပေးရတဲ့အပြင် ကိုယ်စားလှယ်ခဆိုပြီးလည်း ထပ်ပေးရတယ်။ ဒါတွေအပြင် တော်လှန်ရေးအတွက်ဆိုတဲ့ ၄၀ ရာခိုင်နှုန်းဆိုတာကိုလည်း မောက်ခမ်းဝါပဲယူတယ်။ လွိုင်ကော် PDF ဆိုတာ နာမည်ပဲတပ်ခံထားရတာ၊ ပြီးမှ သူပြန်ပေးသလောက်ပဲရတာမျိုး။ နောက်ပြီး အရှေ့မှာပြောထားတဲ့ ၄၀ ၊ ၆၀ သဘောတရားက "သူပုန်" page ကနေ ရောင်းတာကိုပဲသတ်မှတ်ထားတာဖြစ်လို့ မောက်ခမ်းဝါက သူ့အကောင့်ကနေ သပ်သပ် post တင်ပြီးရောင်းသေးတယ်။ Personal ရောင်းတာတင် တစ်ခေါက်ကို ဘတ် ၃ သိန်းဖိုးလောက် ကိုယ်စားလှယ်ယူပြီးရောင်းနေတာ။ အမြတ်က ၂ ဆကျော်ဖြစ်လို့ တွက်ကြည့်ပေါ့။ ဒီအမြတ်တွေဟာ page က ရောင်းတာမဟုတ်လို့ ၄၀ ရာခိုင်နှုန်း တော်လှန်ရေးအတွက်ဆိုတာလည်း မရှိတော့ဘူး။ အကုန်မောက်ခမ်းဝါအတွက်ပဲ။ သူပုန် Product အသစ်ထုတ်တိုင်းမှာလည်း မောက်ခမ်းဝါက ကိုယ်စားလှယ်ကြေးယူတယ်။ ဒါကြောင့် product တွေ တစ်မျိုးပြီးတစ်မျိုး အသဲအသန်ထုတ်ဖို့ပဲ သူကကြိုးစားတော့တာ။ ဒါကြောင့် သူပုန်ကော်ဖီရောင်းရငွေတွေအားလုံးဟာ မောက်ခမ်းဝါအတွက်ပဲဖြစ်လာပြီး မောက်ခမ်းဝါကိုယ်တိုင်လည်း ဒီအပေါ်မှာ လောဘကြီးသထက်ကြီးလာရာကနေ ကော်ဖီထုတ်တဲ့သူတွေနဲ့ အခြေအ‌တင်တွေဖြစ်ကြတယ်။ အဲ့အတွက် လွိုင်ကော် PDF ဘက်ကို တိုင်ကြတယ်။ အဲ့လိုတွေဖြစ်လာတော့ လွိုင်ကော် PDF ဘက်ကနေ သူပုန်ကော်ဖီထုတ်တဲ့သူတွေဆီက သူပုန်ကော်ဖီထုတ်လုပ်ခွင့်ကို လက်လွှဲယူလိုက်တယ်။ လက်ကျန်ကုန်ကြမ်းဖိုးတွေ၊ ထုတ်ပြီးသားတွေအတွက် ကော်ဖီထုတ်တဲ့သူတွေဘက်ကိုငွေချေပြီး ယူလိုက်တဲ့အတွက် အခုကတော့ သူပုန်ကော်ဖီဟာ လွိုင်ကော် PDF အပိုင်ဖြစ်သွားပြီ။ ဒီအကြောင်းအရာတွေကြောင့် လွိုင်ကော် PDF ဘက်က ထုတ်ပယ်တယ်လို့သိထားကြသူတွေက တစ်ယောက်နှစ်ယောက်မဟုတ်ဘူး။ အခုမှရုတ်တရက်ကြီး SH case ကြောင့်ထုတ်တာပါဆိုတော့ တလရနဲ့ မဆိုင်တာလိုလို၊ တလရအတွက်ပဲ စေတနာမှန်သလိုလိုနဲ့ တလရမှာ ဆက်လုပ်စားခွင့်ရနေဦးမယ့် သဘောဖြစ်နေတယ်။ Khant Ko #အေအန်န်အမ်မ်တီ https://t.me/ANMTarnoldmyotint/8864 မူရင်းပို့စ်... https://www.facebook.com/share/p/15fUmUyphg/
Show all...
👍 105 2🤣 2🥰 1
Photo unavailableShow in Telegram
လွိုင်ကော် PDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ မောက်ခမ်းဝါကို ထုတ်ပယ်တဲ့အကြောင်းအရာကိုဖော်ပြတာက Sexual Harassment ကေ့စ်တစ်ခုတည်းကြောင့် ထုတ်ပယ်တဲ့ပုံစံဖြစ်နေတယ်။ တကယ်က သူပုန် ထုတ်ကုန် ရောင်းချရရှိငွေကို မောက်ခမ်းဝါ ဘုံးနေတဲ့ကိစ္စ ဘာတစ်ခုမှပါမနေဘူး။ ဘာဖြစ်လို့လဲ....? #အေအန်န်အမ်မ်တီ Telegram Channel
Show all...
👍 55🤣 7 1🥰 1
ဘယ်သူမဆို ကိုယ်လုပ်မယ့်လုပ်ရပ်ကို မလုပ်ခင်ကတည်းက မှားနေလား မှန်နေလား၊ လုပ်လိုက်ရင် သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ ဆိုပြီး တွေးခေါ်နိုင်ဖို့အတွက် စော-က်ဦးနှောက်ချည်းကို ထည့်ပေးထားတာ။ မသိလို့ကျူးလွန်ခဲ့တဲ့ ကိစ္စတွေထဲမှာ ဒီလို မုဒိ-မ်းမှုတို့ Sexual Harassment တို့ လုံးဝမပါဘူး။ ဒါကျတော့ ဗီဇ ဖြစ်သွားပြီ။ လူတိုင်းမှာတော့ မကောင်းတဲ့အတွေးတွေ ခေါင်းထဲရှိတတ်ကြတယ်၊ ဒါပေမဲ့ အဲဒီစောက်တလွဲအတွေးကို အသိတရားနဲ့ ထိန်းချူပ်ပြီး ဆင်ခြင်နေထိုင်နေကြတဲ့ လူတွေချည်းပဲ။ ဆင်ခြင်နေထိုင်တယ်ဆိုတာက နောက်ဆက်တွဲ ဘာဖြစ်လာနိုင်လဲဆိုတာတွေပါ ထပ်ပြီးတွေးမြင်နိုင်ကြလို့ပဲ။ ဒါက စောင့်ထိန်းအပ်တဲ့အရာ လူကျင့်ဝတ်ဆိုတာမျိုးပေါ့။ အမှားတစ်ခုကျူးလွန်ပြီးရင် ပြန်လည်တောင်းပန်လို့ ရနိုင်တဲ့ကိစ္စတွေရှိသလို ပြန်တောင်းပန်လို့မရနိုင်တော့တဲ့ကိစ္စတွေလည်း ရှိတယ်။ လူတိုင်းက မှားတတ်ကြတာပဲဆိုပေမယ့် မမှားသင့် မမှားအပ်တာမျိုးအထိတော့ မမှားကြနဲ့ပေါ့ကွာ။ အခုလည်း မောက်ခမ်းဝါအနေနဲ့ စိတ်အရင်းနဲ့ တောင်းပန်သလားပေါ့၊ အရှေ့ကိစ္စမှာရော တောင်းပန်ခဲ့သလားပေါ့။ အရှေ့က လူပေါင်းများစွာရဲ့သိက္ခာ။ တပ်ရင်းတစ်ခုလုံးရဲ့ဂုဏ်သိက္ခာ၊ ဒါတွေကို ချိုးနှိ-မ်သွားတဲ့အပြင်၊ နစ်နာသူတွေဘက်ကနေ ရပ်တည်ပေးခဲ့ပြီး ချက်ကျလက်ကျ ထောက်ပြပေးတဲ့ ကျွန်တော်တို့တတွေကိုတောင် "လူလိ-မ်ဖော်ထုတ်နေပါတယ် ဆိုတဲ့သူတွေတောင် အလိ-မ်ခံနေရပြီ"ဆိုပြီး သူ့အကောင့်ကနေ ပို့စ်တင်သရော်ခဲ့ပါသေးတယ်။ ဒီလိုကိစ္စမျိုးမှာတောင် သူ့အမှား ထင်ရှားပေါ်လွင်နေပါလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး ယနေ့အချိန်အထိ ပြန်လည်တောင်းပန်ခြင်း တစ်စက်ကလေးမှမရှိခဲ့တဲ့သူပါ။ ဒါဆို အခု Sexual Harassment ကျမှ လူသိရှင်ကြား ထွက်တောင်းပန်တာကရော စိတ်ရင်းဖြစ်နိုင်ပါ့မလားပေါ့။ လူတိုင်းက အမှားပြင်ဆင်ခွင့်ရှိပါတယ်။ သို့ပေမယ့် ကျွန်တော်ကတော့ Boycott လုပ်မှာပါ။ သူပုန် ထုတ်ကုန်ကိစ္စနဲ့ပတ်သက်ပြီးလည်း သိရှိထားတာတွေများစွာရှိပါတယ်။ သူပုန် ထုတ်ကုန်က မောက်ခမ်းဝါရဲ့ ထုတ်ကုန်မဟုတ်ပါဘူး။ လွိုင်ကော် PDF ရဲ့ ထုတ်ကုန်ပါ။ မောက်ခမ်းဝါက တဆင့်ပြန်ယူရောင်း ကြော်ငြာတဲဲ့အဆင့်ပဲရှိပါတယ်။ သူပုန်နဲ့ မောက်ခမ်းဝါက သက်ဆိုင်မှုမရှိတော့တာ နည်းနည်းတော့ကြာပါပြီ။ ကြားထဲကဖြစ်စဥ်တွေလည်း သိပါတယ်။ ပြောချင်တာက သူပုန် ထုတ်ကုန်ကိုတော့ ဆက်လက်အားပေးလို့ရပါတယ်၊ မောက်ခမ်းဝါဆီကတော့ အားမပေးမိပါစေနဲ့။ ဒါပါပဲ။ Facebook Post... https://www.facebook.com/share/p/169YfBQ3S9/ ဒါက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ မောက်ခမ်းဝါဘက်က တပ်ရင်းတစ်ခုလုံးကို လူလိ-မ်ဒလ-န်ဆိုပြီး စွ-ပ်စွဲခဲ့ပေမယ့် သူ့ရဲ့စွ-ပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိခဲ့ကြောင်း သက်သေခိုင်လုံပါလျက်နဲ့ အခုချိန် မသိချင်ယောင်ဆောင် ပြန်လည်တောင်းပန်ခဲ့ခြင်းမရှိတဲ့ကိစ္စပါ... https://www.facebook.com/share/p/1Uv5STyBWk/ Telegram Channel
Show all...
👍 114 7🔥 1🥰 1😁 1
ငါလည်း နိုင်ငံပေါင်းစုံကို ရောက်နေတော့တာပဲ၊ ဟန်ငြိမ်းဦးကကျတော့ ငါက ထိုင်းနိုင်ငံကမိတ္တူစက်ရုံမှာ အလုပ်လုပ်နေတဲ့ကောင်မို့ ထိုင်းသံရုံးကတဆင့် ဗီဇာတောင်လှမ်းသိ-မ်းခိုင်းသေးတာ။ သပ့်ပါတီ အားပေးကောင်တွေကျတော့ အမေရိကားမှာ ရေကူးကန်ပါတဲ့အိမ်နဲ့ နှပ်နေတဲ့ကောင်ဆိုပြီး လုပ်သေး။ ဟိုမရောက်ဒီမရောက် ခွထိုင်တွေကျတော့ မုံရွာမှာ ခြံဝယ်တာတွေရော၊ တောင်ကြီးမှာ ကွန်ဒိုဝယ်တာတွေရော။ ဟော အခု သက်ငယ်မုဒိ-မ်းအားပေး အုပ်စုကြောင့် မလေးရှား ထပ်ရောက်သွားရပြန်ပြီ။ မလေးရှားရောက် ကိုရီးယားတစ်ယောက်ရဲ့ဘဝကို နင်တို့တွေ လွယ်ထင်တယ်နေလား....? ငါ့မွေးရပ်မြေ ဆိုးလ်မြို့ကို ငါဘယ်လောက်လွမ်းသလဲ နင်တို့သိလား...? နင်တို့မသိဘူးမဟုတ်လား...? ဂင်ချားနား... ဂင်ချားနား... 🎼တိန်..တိန့် တိန့် တိန် တိန်း....🎼 #အေအန်န်အမ်မ်တီ ကျွန်တော်နဲ့ နေရိုင်းကေ့စ်မှာ ကျွန်တော်ပြောတဲ့အတိုင်း ပေါ်သွားပြီ...🙂 https://www.facebook.com/share/v/1C9QpRCs3z/ Telegram Channel
Show all...
😁 90👍 47 6🔥 3🤣 2
ဒီနေ့ လူပြောများနေတဲ့ကေ့စ်၊ ဒီပို့စ် ၃ ခုနဲ့ဆို လုံလောက်မယ်ထင်ပါတယ်။ မသိသေးတဲ့သူတွေအတွက်ပါ။ မောက်ခမ်းဝါကျူးလွန်တဲ့ Sexual Harassment ကေ့စ်ကြောင့် လက်တွဲဖြုတ်လိုက်တဲ့ Burma Podcast Network https://www.facebook.com/share/p/1C1YqJ66Tc/ မောက်ခမ်းဝါကေ့စ်ကြောင့် သူပုန်ထုတ်ကုန်ကို ဘာလုပ်ရမလဲဆိုတဲ့ သူတွေအတွက် အဖြေပါ... https://www.facebook.com/share/p/15gg1BjAoG/ ဆရာမလင်းရေးတဲ့ "တော်လှန်ရေးထဲက ချီးတုံးတွေ"အကြောင်း... https://www.facebook.com/share/p/192mZ9kZjv/ #အေအန်န်အမ်မ်တီ Telegram Channel
Show all...
51👍 37🤣 2🥰 1😢 1
CDM ဆက်ပိုင်မင်း ကျူးလွန်ခဲ့တဲ့ မုဒိ-မ်းမှုကေ့စ်မှာ နေရိုင်း (မရှိခဏမုဆိုး) နှင့် ဘာဘူကြီးတို့ပါ ပါဝင်ပတ်သက်ခဲ့ကြောင်း သဲသဲအေးရဲ့ Live မှာ စကားကျွံထွက်လာတဲ့ ရုပ်သံသက်သေဖိုင်ပါ။ Video File ထဲမှာလည်း ပွိုင့်တွေကို ကျွန်တော်ရေးထားပါတယ်၊ ဒီမုဒိ-မ်းမှုကေ့စ်မှာ နေရိုင်းနဲ့ ဘာဘူကြီးက အသည်းအသန် သူတို့မပတ်သက်ကြောင်း ရေးနေပြောနေတာက ဘာကြောင့်လဲ...? မုဒိ-မ်းကောင်ရဲ့ ဖြေရှင်းချက် comment ထဲမှာ နေရိုင်းတို့ ဘာဘူကြီးတို့ သဲသဲအေးတို့ မပတ်သတ်ပါဘူးလို့ ရေးထားတဲ့ screenshot ကို နေရိုင်းက ယူလာပြီး "ကာယကံရှင်က မပတ်သက်ကြောင်းဖြေရှင်းပြနေပြီမို့ သူ့အနေနဲ ဖြေရှင်းစရာမလိုဘူး"ဆိုပြီး ဆာကေရဲ့ပို့စ်အောက်မှာ ဝင်ရေးပါတယ်။ ဘာဘူကြီးကျတော့ "ပတ်သက်ခဲ့တယ်ဆိုတာ သက်သေပြ၊ မပြနိုင်ရင် ကျွန်တော်နဲ့ မလေးရှားက ,NLD OC ရုံးကို ဘာပြုမယ်ညာပြုမယ်ဆိုပြီး ကျွန်တော့်ကို လာခြိ-မ်းခြော-က်ပါတယ်။ အခု သဲသဲအေး ကိုယ်တိုင်က သူ့ရဲ့ Live မှာ နေရိုင်းရော ဘာဘူကြီးရော ပတ်သက်ပါတယ်ဆိုပြီး စကားကျွံသွားပါတယ်။ ဒီမှာတင် ဒီအမှုကေ့စ်မှာ ဘယ်သူတွေက မရိုးမသားလုပ်ဆောင်နေသလဲ အထင်သားမြင်နိုင်ပါတယ်။ ကျွန်တော်လိုချင်တဲ့အချက်က နေရိုင်းအနေနဲ့ "ကျွန်တော် ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်၊ အဲ့အတွက် ထိခို-က်န-စ်နာသူတွေရှိခဲ့ရင် တောင်းပန်ပါတယ်"ဆိုတဲ့ စကားတစ်ခွန်း ထုတ်ပြောလာရင်တောင် ကျွန်တော်သူ့ကို ဘာမှဆက်ပြောနေမှာမဟုတ်ပါဘူး။ နားလည်ခွင့်လွှတ်ပေးဖို့အထိ တွေးပေးထားပါတယ်။ သို့ပေမယ့် အမှုကိစ္စအတွက်ကတော့ အမှန်တရားကို ချကိုချပြရမယ်လို့ ခံယူချက်ထားထားတာမို့ ကျွန်တော်ကြိုးစားဖော်ထုတ်နေတာပါ။ အခု ဒီ live ထဲမှာဆိုရင် သဲသဲအေးက... ကျွန်တော်သည် မလေးရှား ,NLD OC ရုံးက လူပါဆိုပြီး ပေါ-က်လွ-တ်ပဲစားတွေ လျှောက်ပြောပါတယ်။ တကယ်က သူတို့အုပ်စုနဲ့ အဲဒီ NLD OC ရုံးအကြားမှာ ပုဂ္ဂိုလ်ရေးငြိစွန်းမှုတွေ ရှိနေမယ်၊ ဒါက ကျွန်တော်နဲ့ မည်သို့မှမဆိုင်ပါ။ ကျွန်တော်က ပြည်တွင်းကနေ တော်လှ-န်နေသူဖြစ်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ 21.22 MHz ရေဒီယိုမယ်လို အစီအစဥ်ကို အားပေးကြည့်ရှုသူတွေအပြင်၊ ပြည်တွင်းက ထောက်ပို့တော်တော်များများရော၊ UG တွေ PDF တွေ သိကြပါတယ်။ အခု မုဒိ-မ်းမှူကေ့စ်မှာ တရားလိုပြုတိုင်ကြားတဲ့သူက အဲဒီ NLD OC ရုံးရဲ့ အဖွဲ့ဝင်ဖြရ်တဲ့အပြင် မုဒိ-မ်းမှုပြုကျင့်ခံရတဲ့ ၁၃ နှစ်အရွယ် သမီးလေးရဲ့ အုပ်ထိန်းသူလည်းဖြစ်ပါတယ်။ ဒီအမှုစဖြစ်တော့ တရားလိုအုပ်ထိန်းသူနဲ့သာ ကျွန်တော်တိုက်ရိုက်ချိတ်ဆက်ပြီး ဖုစ်စဥ်တွေကိုဖော်ထုတ်တာက အဲဒီ NLD OC ရုံးနဲ့မည်သို့မှ သက်ဆိုင်မှုမရှိပါဘူး။ အခု ဒီ video file ကို တင်ပြတယ်ဆိုတာ နေရိုင်းတို့ ဘာဘူကြီးတို့ ပတ်သက်ခဲ့တယ်ဆိုတဲ့အကြောင်း လူအများသိအောင် လာတင်ပြတာပါ။ ဒါဆိုရင် ကျွန်တော် ဘာကိုရည်ရွယ်ပြီး ဘယ်လိုကြောင့် ဒီကေ့စ်မှာ မားမားမတ်မတ်ရပ်တည်ပေးနေသလဲဆိုတာ ဒီပို့စ်ကို မြင်သူတွေ သိကြမယ်ထင်ပါတယ်။ #အေအန်န်အမ်မ်တီ Telegram Channel https://t.me/ANMTarnoldmyotint/8857
Show all...
👍 103 14🔥 5🥰 1
Photo unavailableShow in Telegram
CDM ဆက်ပိုင်မင်း ကျူးလွန်ခဲ့တဲ့ မုဒိ-မ်းမှုကေ့စ်မှာ နေရိုင်း (မရှိခဏမုဆိုး) နှင့် ဘာဘူကြီးတို့ပါ ပါဝင်ပတ်သက်ခဲ့ကြောင်း သဲသဲအေးရဲ့ Live မှာ စကားကျွံထွက်လာတဲ့ ရုပ်သံသက်သေဖိုင်ပါ။ Video File ထဲမှာလည်း ပွိုင့်တွေကို ကျွန်တော်ရေးထားပါတယ်၊ ရုပ်သံဖိုင်အား ကြည့်ရှုရန် Facebook Link...👇 https://www.facebook.com/share/v/1J6s59NKwv/ #အေအန်န်အမ်မ်တီ
Show all...
👍 72🔥 6 2🥰 1
ကျွန်တော့် အာနိုး မျိုးတင့် Facebook အကောင့် ၁ လ တိတိ အပိတ်ခံထားရပါတယ်၊ မုဒိမ်းကောင်ကို အားပေးအားမြှောက်အုပ်စုက ထုသွားတာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ အရံအကောင့်ဖြစ်တဲ့ ဂူဂျွန်နိုး အကောင့်မှာ ရှိနေပါမယ်...👇 https://www.facebook.com/share/1CaCijThqx/ အဲ့အကောင့်ကနေ Video File တစ်ခုတင်ပြသွားပါမယ်။ မုဒိမ်းမှုမှာ နေရိုင်း (မရှိခဏမုဆိုး) ပါဝင်သတ်နေကြောင်း သူ့အဖွဲ့သား သဲသဲအေး စကားကျွံထားတဲ့ရုပ်သံဖိုင်ပါ။ စောင့်ကြည့်ပေးကြဦးနော်။ #အေအန်န်အမ်မ်တီ Telegram Channel
Show all...
👍 94🥰 6 4🤣 4🔥 3
ကျွန်တော် နည်းနည်းတော့စိတ်ပျက်မိတယ်၊ ဘယ်ကောင်တွေ ဘယ်လိုပဲ မတရားသဖြင့်လုပ်နေလုပ်နေ ကျွန်တော်ဝင်မပါပဲနေလို့ရတယ်။ ဒါပေမဲ့ ဒီကာလတလျှောက်မှာ သူကတော့လူသိများလို့၊ သူကတော့ တော်လှ-န်ရေးအတွက်လုပ်နေလို့ဆိုပြီး သူတို့တတွေမတရားသဖြင့် လုပ်နေတာကို ရဲရဲဝံ့ဝံ့ထွက်ပြောရဲတဲ့သူက လူနည်းစုပဲရှိတယ်။ ဒီထဲမှာမှ မိမိယုံကြည်ရတဲ့ မိတ်ဆွေတွေနဲ့ အချေအတင်မဖြစ်ချင်တာတော့ စိတ်ရင်းအမှန်ပါပဲ။ ဒီလိုထုတ်ပြောတဲ့ကေ့စ်တွေကို နားလိုက်ပြီး တော်လှ-န်ရေးအတွက် ပိုက်ဆံရှာဖွေတာချည်းပဲ သီးသန့်လုပ်ဆောင်လို့ရတယ်။ ကျွန်တော် နားသင့်သလား မနားသင့်သလား ဆိုတာကို တစ်ယောက်တစ်ခွန်းလောက်ဖြေပေးသွားစေချင်တယ်။ ဒါသည် မျက်ရည်ခြူတာမဟုတ်ဘူး၊ တကယ် စိတ်ပျက်မိလာလို့ပဲ။ Facebook Post... https://www.facebook.com/share/p/19UaPUSEZv/ #အေအန်န်အမ်မ်တီ Telegram Channel https://t.me/ANMTarnoldmyotint/8854
Show all...
👍 96 25🔥 2🥰 2🤣 2
အရင်ဦးဆုံး အဲဒီ CDM စစ်သား မုဒိမ်းကောင်အကြောင်း ရာဇဝင်သိအောင် အရင်စုံစမ်းလိုက်ပါဦးဗျာ့။ ပြီးမှ နေရိုင်း ရပ်တည်ပေးခဲ့တာ မှန်/မမှန် ထပ်ဆုံးဖြတ်ပေါ့။ အခုက Sar K ရဲ့ပို့စ်က အမှန်တရားကို လိုက်ဖုံးပေးနေတဲ့လုပ်ရပ်နဲ့ ဘာမှမကွာဘူး။ ကျွန်တော်ပြောနေတာကလည်း နေရိုင်းက ပေါ်တင်လိမ်နေလို့ ဒီကိစ္စတစ်ခုတည်းကိုပဲပြောတာ။ သူရဲ့ အခြားတော်လှန်ရေးဘယ်လုပ်ရပ်ကိုမှ စော်ကားထားတာမရှိဘူး။ "အစဥ်အမြဲ ရဲရဲတောက်ပြီး ဖောက်လွှဲဖောက်ပြန်မရှိတဲ့ အမေ့သားသမီး မည်သူကိုမဆို HtoeချHtoeနှက်နေခြင်းများ ဖြစ်ပေါ်မယ်ဆိုလျှင် လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး" ဆိုတာစကားက အထာထားတဲ့ သတိပေးစကားလို့ ကျွန်တော်မထင်ဘူး၊ ဒါက သက်သက် မို-က်ကြေးခွဲတယ်လို့မြင်တယ်။ CDM စစ်သား မုဒိမ်းကောင် ဘယ်နေရာမှာ ဘာတွေကျူးလွန်ခဲ့သလဲသိချင်ရင် AAC ကိုYe Min ဆီမှာ Sar K စုံစမ်းနိုင်တယ်။ ဒါမှမဟုတ် KNU တပ်မဟာ ၇ တစ်ခုလုံးဆီမှာ စုံစမ်းနိုင်တယ်။ ဒီလိုပြစ်မှုပေါင်းစုံနဲ့ကောင်ကို နေရိုင်းတို့က အခုကျူးလွန်မှုမှာလည်း အာမခံပြီးကာကွယ်ပေးခဲ့လို့ ကျွန်တော်တို့က အမှန်တရားတိုင်းချပြတာကို Sar K က ကျွန်တော်တို့ပါးစပ်ကို လာပိတ်နေတာလား? ဒါမှမဟုတ် ဒလန်ပါဆိုပြီး ဒလန်ဇာတ်သွင်းချင်တာလား? #အေအန်န်အမ်မ်တီ
Show all...
👍 76 5🔥 5🥰 1
ဟုတ်တယ် စကားတွေဖောင်းပွနေတယ်၊ ကျွန်တော်တို့လိုချင်တဲ့ အဓိကအချက်ကို ဝေ့ရှောင်နေတယ်။ ဒါကိုမြင်အောင်ကြည့်ပေးဖို့လိုတယ်။ အခုလို ထောက်ပြအကြံပြုပေးလို့ ကျေးဇူးပါဘရားသား... ကိုဝါနုသော် ရေးတဲ့ မူရင်းပို့စ်... https://www.facebook.com/share/p/16dm73TX5v/ #အေအန်န်အမ်မ်တီ Telegram Channel
Show all...
80👍 33🥰 1🤣 1
02:26
Video unavailableShow in Telegram
"ဟ... မိုက်သွားပြီ၊ ဒီမှာ ခေါ-င်းပိုင်းခေါ-င်းပိုင်းဟေ့၊ ဦးနှော-က်တွေ ဦးနှော-က်တွေ၊ ဒီမှာ လေယာဥ်ဘီး" ဆိုတဲ့ အသံကို နားထဲကမထွက်ဘူး။ ပျော်လားမေးရင် ပျော်တာပေါ့ဗျာ။ ဒါပေမဲ့ အပျော်ကိုခဏမေ့ပြီး လေယာဥ်ကျရာ ထိုမြေပြင်နေရာမှာ စုဝေးနေတဲ့ ရဲဘော်တွေအတွက် စိတ်ပူမိသွားပြန်တယ်။ ပတ်ဝန်းကျင်ကတော့ မီးလုံးတွေမီးခိုးတွေ အူနေတော့ မြေပြင် တော်တော်ဝေးဝေးကကြည့်ရင်လည်း မြင်တွေ့နိုင်တာမို့၊ ဝေဟင်ကဆို ပိုလိုတောင်မြင်သာနိုင်တယ်။ သို့ပေမယ့် မိုးတွင်းကာလမို့ စိတ်နည်းနည်းအေးရပြန်တယ်။ ပစ်ချတယ်လို့တော့ကြားတယ်။ ဘာနဲ့ပ-စ်ချချ ကျေနပ်တယ်။ ယနေ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ ၁၂ နာရီ ၃၀ မိနစ်အချိန်မှာ စစ်ကူတက်လာတဲ့ ဂျက်ဖိုင်တာတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပွို့င့်ဖိုက်နဲ့ပစ်ချလို့ ပျက်ကျလောင်ကျွမ်းနေတဲ့ မှတ်တမ်းရုပ်သံဖိုင်ဖြစ်ပါတယ်။ #အေအန်န်အမ်မ်တီ Telegram Channel
Show all...
75.08 MB
100👍 27👏 6🤣 4🥰 1