en
Feedback
2025 year in numberssnowflakes fon
card fon
123 117
Subscribers
-3524 hours
-3017 days
-1 17530 days
Posts Archive
00:24
Video unavailableShow in Telegram
စိတ်နာမယ်ဆို .. စိတ်နာချင်စရာပဲ -
Show all...
498.MP42.09 MB
👍 373❤ 52💯 24
NLD အစိုးရရဲ့ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် ပြည်သူ့ဆန္ဒ မပါဘဲ ဖေဘုတ် စောင့်ကြည့်ရေးဆိုတဲ့ စီမံကိန်းကြီး လုပ်ချလိုက်ကတည်းက တပ်မတော်ကို ထောက်ခံတာ၊ ဒါမှမဟုတ် ကိုယ်ယုံကြည်ရာ ဘက် တဖက်ဖက်ကိုတောင် သီးခြား ရပ်လို့မရတဲ့ အခြေအနေ ကြုံခဲ့တာ ကြာခဲ့ပြီပဲ။ ဒါက တပ်မတော်ဘက်ကိုပဲ သီခြားပြောပြသေးတာ။ တပ်မတော်ဆိုတာက နိုင်ငံတခုရဲ့ တရားဝင် အင်စတီကျူးရှင်း ။ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ဘလော့လုပ်ထားပြီ ဆိုကတည်းက ဒါ ဒီမိုကရေစီ မစစ်တော့ဘူး။ သတင်းပြန်ကြားရေးနဲ့ပတ်သက်ရင် ကိုယ်တွေဆီကလည်း သိပ် ထုံတဲ့ လူတွေ မရှိလောက်တော့ပါဘူး။ Facebook ကသာ တရားမျှတရင် သတင်းညီမျှမှုက၊ သတင်းလွှမ်းမိုးမှုက အတိုင်းအတာ တစ်ရပ်အထိ ရှိမဲ့ အနေအထားပါပဲ။ ခက်တာက သိန်း ၆၀၀၀ ထောင်ကျော်အစွမ်းကလည်း ခုထိ ရှိနေတုန်း ထင်ပါတယ်။ တစ်ခုခုဆို ဖြုတ်ချတာ၊ အကောင့်ပိတ်သွားတာ၊ Report မိသွားတာတွေက များများရယ်။ အစိုးရအနေနဲ့ Facebook ပေါ်က သတင်းမှားတွေကို ကိုင်တွယ်ချင်ရင် Facebook အစားထိုး ပလက်ဖောင်း တစ်ခု မြန်မြန် အစားထိုးဖို့ပဲ လိုပါလိမ့်မယ်။ ဒါက ပြည်သူတွေကို အစိုးရထုတ် မြန်မာ့အသံ၊ မြဝတီကိုပဲ ကြည့်စေဖို့ မဟုတ်ဘူး။ ကြားထဲမှာ ကျင့်ဝတ်မရှိ၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ မီဒီယာတွေ ထိန်းချုပ်ဖို့က ဒီတလမ်းပဲရှိတာတွေ့ရတယ်။ တက်လာမဲ့ အစိုးရအနေနဲ့ ဒီပလက်ဖောင်းကို တားနိုင်ရင် ပြဿနာရဲ့ ၃ ချိုး တစ်ချိုးကို ကိုင်တွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ တချို့စနစ်က မမှန်နေရင်၊ လူထု နစ်နာစေရင် ၊ တိုင်းပြည်ထိခိုက်နေရင် ရေဆုံမျော မလိုက်နေသင့်တော့ဘူး။ ဒီလို တရားမျှတမှုမရှိ၊ တခြား အဖွဲ့အစည်း တခုခုက လွှမ်းမိုးထိန်းချုပ်နေတဲ့ ပလက်ဖောင်း တစ်ခုက ပြည်သူတွေရဲ့ အသိအမြင်တွေ လွဲမှားမှု ဖြစ်စေတယ် ယူဆရင် တန်ပြန်စီမံကိန်း တစ်ခုခု နဲ့ တုန့်ပြန်ရမှာပါပဲ။ (နရီမိုး)
Show all...
👍 277❤ 108💯 11
02:16
Video unavailableShow in Telegram
မြေရှားသိုက် ပြို - နားအေးတာပဲ -
Show all...
497.mp44.17 MB
👍 324❤ 38👌 16🤬 1
Photo unavailableShow in Telegram
စဉ့်ကူးမှသည် စစ်ကိုင်းဆီသို့ ---------------------- (၂၀-၁၂-၂၀၂၅) စစ်ကိုင်းတိုင်းထဲမှာ လောင်စာဆီတွေ မထိန်းချုပ်လို့ အကြမ်းဖက်တွေ အသုံးပြုနေတဲ့ ယာဉ်တွေ၊ စက်တွေ အသုံးပြုလို့ ရနေကြောင်း လူတော်တော်များများ ရေးခဲ့ကြတာ ကြာပါပြီ။ ရွှေမျောဆိုက်တွေမှာ သုံးနေကြတဲ့ လောင်စာဆီတွေရဲ့ အဓိက ထောက်တိုင်နေရာတွေကို မထိန်းသိမ်းသမျှ ပီဒက်တွေရဲ့ ငွေဝင်ပေါက်တွေလည်း ပိတ်နိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ ဝက်လက် တို့လို လွတ်မြောက်နယ်မြေလို့ ကြွေးကြော်ထားတဲ့ နေရာတွေပေါ့။ တပ်အနေနဲ့လည်း စစ်ကိုင်းထဲကို ထဲထဲဝင်ဝင် မရှင်းသေးတဲ့ကာလမို့ ရွာတွေထဲကနေ အကြမ်းဖက်တွေ ခဏတိုင်း လမ်းပေါ်တက်တက်လာပြီး တိုက်ပွဲတွေဖြစ်လွန်းလို့ မန္တလေး-မြစ်ကြီးနား လမ်းက ခဏတိုင်း ပိတ်ဆို့မှုတွေ ဖြစ်နေရတယ်။ ဒီရက်ပိုင်းမှာ တပ်ဘက်က ခင်ဦးလမ်းဆုံက ဆီသိုလှောင်ရာနေရာတစ်ခုကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကို တွေ့ရပါတယ်။ တိုက်ခိုက်တဲ့နေရာမှာလည်း လိုင်းပေါ်က အော်နေကြသလို ခရီးသွားပြည်သူတွေကို အကြောင်းမဲ့ တိုက်ခိုက်တာမျိုး မရှိပါဘူး။ ခင်ဦးနဲ့ ရွှေဘိုဘက် အကြမ်းဖက်ထောက်ပို့လုပ် လောင်စာဆီဖြန့်နေတဲ့ ဆီသိုလှောင်ခြံကို တိတိကျကျတိုက်ခိုက်သွားတာပါ။ အကြောင်းရင်းအနေနဲ့ကတော့ လောလောဆယ်မှာ စဉ့်ကူးပြန်ရသွားပြီမို့ မန္တလေးတိုင်းက တစ်တိုင်းလုံး စစ်တပ်ဆီ ပြန်ရောက်သွားပြီလို့ ဆိုနိုင်ပြီး အဲ့ဒီဒေသက ပီဒက်တွေဟာ စစ်ကိုင်းထဲကို ရွှေ့နေကြပါတယ်။ တစ်ချို့ဆို မကွေးတိုင်းထဲက ရေစကြိုဘက်ကိုတောင် ရေယာဉ်တွေနဲ့ ပြေးနေကြတာ မြင်ရပါတယ်။ ဒီပုံအတိုင်းဆို မန်းလေး-မြစ်ကြီးနား ဗျူဟာလမ်း ဖွင့်ပေးဖို့အတွက် စစ်ကိုင်းထဲကို စစ်ကြောင်းထိုးလာတော့မယ်ထင်တယ်။ တော်လှန်ရေးစကတည်းက လွတ်မြောက်နယ်မြေလို့ ကြွေးကြော်ထားတဲ့ နယ်မြေတွေကို စစ်ကြောင်းထိုးတော့မယ်ဆိုရင် လော်ဂျက်စတစ်တွေ အရင် ဖြတ်မှာပါပဲ။ ပြည်သူတွေကို မှာလိုတာကတော့ အကြမ်းဖက်နဲ့ ဝေးဝေးနေကြပါ။ ဒီလေးနှစ်အတွင်းမှာ EAO တွေနဲ့ ဇာတ်လမ်းဖြတ်နေချိန်မို့ PDF တွေ ခေတ်ကောင်းနေခဲ့တာ။ တကယ်လုပ်မယ်ဆိုရင် အခု စဉ့်ကူးကို ရက်ပိုင်းနဲ့ ရသလိုမျိုး စစ်ကိုင်းလည်း ရက်ပိုင်း လပိုင်းနဲ့ ပြန်ယူသွားပါလိမ့်မယ်။ ကိုယ်တိုင်က သပြေခက်နဲ့ လက်ကမ်းလို့ကြိုပြီး ပီဒက်တွေနား တဝဲလည်လည်လုပ်နေရင်တော့ ဟိုက သတင်းရလို့ တွယ်တဲ့အချိန်ကျရင် ရောပြီး ထိခိုက်ပါလိမ့်မယ်။ မိဘပြည်သူတွေ မျှော်လင့်နေတဲ့ စစ်ကိုင်းထဲက အရှုပ်တွေကို ရှင်းထုတ်ဖို့ အချိန်ကျလာပြီထင်ပါရဲ့လေ။ (ပိုင်စိုး)
Show all...
❤ 300👍 259👌 10
Repost from TgId: 1907154014
ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံတွေမှာ သူပုန်က စစ်စခန်းလုပ်ထားတဲ့ သက်သေဗီဒီယိုများ။ - ဒီနေရာတွေကို ရှင်းလင်းခြင်းသည် ROE နဲ့ ကိုက်ညီသည်။ ROE က ခွင့်ပြုထားသည်။ - တိုက်ပွဲသတင်းစုံ
Show all...
495.mp46.90 MB
496.mp41.41 MB
👍 360❤ 61👌 13😁 3
Photo unavailableShow in Telegram
၈ ရက်ပဲ လိုတော့တယ် 😜 -
Show all...
❤ 161👍 145😁 65👌 1
Photo unavailableShow in Telegram
စဉ့်ကူး ရသွားတော့ မန္တလေး- မတ္တရာ- သပိတ်ကျင်း လမ်းမကြီး တိုက်ရိုက်ပေါက်သွားတာပေါ့။ တဖက်မှာ ဧရာဝတီ မြစ်ရိုးအတွက်လည်း လုံခြုံရေးအရ အတိုင်းအတာ တစ်ခု အထိ စိတ်ချရတာပေါ့။ အရင်တုန်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဘောင်က ဘယ်လောက်ကျယ်ခဲ့သလဲ ဆိုတော့...မန္တလေးနဲ့ကပ်ရပ်၊ ဆည်တော်လေး အထက် မတ္တရာ မြို့နယ်ကိုတောင် ထိန်းချုပ်ဖို့ အချိန်အားဖြင့်ရော၊ တော်တော်လေး ကြိုးစားခဲ့ရတယ်။ အစိုးရ ထိန်းချုပ်နယ်မြေက ရာနှုန်းပြည့် မဟုတ်သေးဘူးဆိုပေမယ့် ရွေးကောက်ပွဲ ကာလမတိုင်ခင်အထိ နယ်မြေတချို့ ပြန်ရတယ်ဆိုတာ ....အနည်းဆုံးတော့ တပ်မတော် ပုံရိပ်အတွက်၊ ကြားနေပြည်သူလူထု အတွက်တော့ ကောင်းခြင်း တမျိုးပါပဲ။ အလစ်အငိုက်ယူပြီး မြို့တွေသိမ်း၊ ရေရှည် ထိန်းချုပ်နိူင်တဲ့ အစွမ်းအစလည်း မရှိ။ မြို့ပျက်တာပဲ အဖက်တင်၊ စစ်ရှောင်တွေ ဘဝပျက်တာနဲ့ပဲ အဆုံးသတ်ရတဲ့ တော်လှန်ရေးကို စစ်အာဏာရှင် ပျက်သုန်းရေးလို့ အမည်တပ်တာကိုတော့ သဘောမကျမိတာအမှန်ပဲ။ နိုင်ငံရေး အရလည်း ပြဒါးတလမ်း၊ သံတလမ်း၊ စစ်ရေးအရလည်း တနှစ်လောက်အတွင်း တပ်က ထိုးစစ်ဆင်တာနဲ့ ခွေးပြေး ဝက်ပြေး ပြေးရတဲ့အခြေအနေ၊ ဒါတောင် တပ် က စစ်ဘောင်ကျယ်နေသေးလို့ အသေးစိတ် ကွက်ပြည့် မနင်းနိုင်သေးချိန်။ ထိန်းချုပ်ထားတဲ့ နယ်တွေမှာ အခွန်ဆက်ကြေးကောက်၊ သစ်တော ကြိုးဝိုင်းက တသက်လုံး ထိန်းသိမ်းစောင့်ရှောက်လာတဲ့ သယံဇာတတွေ ခိုးထုတ်၊ PDF အချင်းချင်း CDM သမ တွေကို မုဒိန်းကျင့် ။ ဒါတောင် ဒီတော်လှန်ရေး နိုင်မယ် ထင်တဲ့ သူတွေ ရှိသေးတယ်။ စဉ့်ကူး ပြန်ရတာ ဝမ်းသာစရာပါ။ အရေးကြီးဆုံးက တက်လာတဲ့ အစိုးရဟာ တပ်မတော်နဲ့ Inline ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ (နရီမိုး)
Show all...
👍 382❤ 100💯 17👌 1
Repost from TgId: 2406137658
01:40
Video unavailableShow in Telegram
ဒေသခံတိုင်းရင်းသားပြည်သူတွေနဲ့ ကျွန်တော်တို့ပါတီလက်တွဲပြီးဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်မယ်ဆိုရင်ဒေသအားလုံး ငြိမ်းချမ်းသာယာဝပြောဖို့အချိန်သိပ်မလိုတော့ဘူးလို့ယုံကြည်ပါတယ်ခင်ဗျာ။ #VoteUSDP #UKhinYi #StrongerMyanmar #myanmarfyp #USDP
Show all...
19.29 MB
👍 194❤ 47🤬 1
Repost from TgId: 1935904760
02:53
Video unavailableShow in Telegram
ဇာတိချက်ကြွေမွေးရပ်မြေ စစ်ချောင်းကျေးရွာသို့ သွားရောက်ခဲ့သော ခရီးတစ်ခု ဦးကံမြင့်သန်း မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
Show all...
စစ်ချောင်း draft 2.mp4148.33 MB
👍 175❤ 26😁 2🤬 1
ဒီဇင်ဘာ ၁၉ ရက်နေ့က ထိုင်ဝမ်မှာ ဓါးနဲ့ တိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဓါးကိုင်ဆောင်ထားသူဟာ တိုင်ပေမြို့လယ်က အဓိကကျတဲ့ ရထားဘူတာရုံတခုနားမှာ မီးခုံးဗုံးတွေကို ဖောက်ခွဲခဲ့ပြီးနောက် ရမ်းကားတိုက်ခိုက်ခဲ့တာပါ။ သူဟာ လူအုပ်ကြားထဲသွားခဲ့ပြီး လိုက်လံထိုးခဲ့တာလည်းဖြစ်ပါတယ်။ တိုက်ခိုက်ခဲ့သူဟာ အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး ခန္ဓာကိုယ်မှာ အကာအကွယ်အပြည့်အစုံဝတ်ဆင်ခဲ့ကာ မျက်နှာဖုံးလည်း စွပ်ထားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက် သူကိုယ်တိုင်လည်း အဆောက်အအုံတခုပေါ်ကနေ ခုန်ချခဲ့ကာ သေဆုံးခဲ့တယ်လို့ မြို့တော်ဝန်က ပြောဆိုခဲ့ပါတယ်။ NOM
Show all...
493.mp422.14 MB
494.mp42.61 MB
😢 146👍 94❤ 33🤬 19🙏 2
Photo unavailableShow in Telegram
🙏🙏🙏 -
Show all...
🙏 558❤ 45👍 4😢 1
Repost from TgId: 1907154014
Photo unavailableShow in Telegram
စစ်သူရဲများအကြောင်း (၃၀) ဗိုလ်ကြီး သူရ ပြည့်စုံအောင်.. - ဗိုလ်ကြီး သူရ ပြည့်စုံအောင်ကို ၁၉၉၁ ခုနှစ်တွင် အဖ ဦးမောင်သန်း၊ အမိဒေါ်စန်းမြိုင်တို့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မွေးဖွားခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၄)သို့ တက်ရောက်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ အမှတ်(၁၀၉)ခြေမြန်တပ်ရင်းတွင် တပ်စုမှူး၊ တပ်ခွဲမှူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ - 🎖(သူရဘွဲ့ရရှိခဲ့မှု)🎖 အမှတ်(၁ဝ၉)ခြေမြန်တပ်ရင်း၌ တာဝန်ထမ်းဆောင်စဉ် တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး ကောင်းမြတ် ဦးစီးစစ်ကြောင်းရုံး တပ်ခွဲ(၂)ခွဲ ခန့်မှန်း မြေပုံညွှန်း(အယ်လ်ဂျီ------) ၌ KIA သောင်းကျန်းသူများနှင့် ရင်ဆိုင် လျက်ရှိရာမှ အခြေပြုနေရာနှင့် ရေဆိပ်လုံခြုံရေးနေရာများသို့ ၂၁-၁-၂၀၁၃ ရက် ၁၂၂၀ ချိန် KIA သောင်းကျန်းသူအင်အား ၂၅၀ ဦးခန့်သည် ညာဘက်ခန့်မှန်းမြေပုံညွှန်း (အယ်လ်ဂျီ------) နှင့် ခန့်မှန်းမြေပုံညွှန်း (အယ်လ်ဂျီ------)တို့မှ လက်နက်ကြီး/ လက်နက်ငယ်/ လောင်ချာတို့ဖြင့် အင်အားသုံး တိုက်ခိုက်ရာတွင် ရွပ်ရွပ်ချွံချွံပြန်လည်ခုခံတိုက်ခိုက်ရင်း ဦးခေါင်း၊ ဘယ်ပေါင်လောင်ချာစထိမှန်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ပါသည်။ - သူ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ရန်သူမှာ စစ်ဦးကျိုးပြီး ဆုတ်ခွာသွားခဲ့ပါတယ်။ ထို့ကြောင့် ဗိုလ်ကြီးပြည့်စုံအောင်ကို နိုင်ငံတော်က သူရဘွဲ့ချီးမြှင့်ခဲ့ပါသည်။ - (အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်) - တိုက်ပွဲသတင်းစုံ
Show all...
👍 280❤ 123💯 3🤬 2
Photo unavailableShow in Telegram
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မတ် ၁၁ ရက်မှစတင်ဖြေဆိုရမည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအား လာမည့် ၂၀၂၆ ခုနှစ်၊ မတ် ၁၁ ရက်မှစတင်ကာဖြေဆိုရမည်ဟု ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။ မတ် ၁၁ ရက်တွင် မြန်မာစာဘာသာ၊ မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာ၊ မတ် ၁၃ ရက်တွင် သင်္ချာဘာသာ၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒဘာသာနှင့် ပထဝီတင်ဘာသာ၊ မတ် ၁၆ ရက်တွင် ရူပဗေဒဘာသာနှင့် သမိုင်းဘာသာ၊ မတ် ၁၇ ရက်တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတိုအားဖြေဆိုရမည်ဖြစ်သည်။ ထိုသို ဖြေဆိုရာ၌ နေ့စဥ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိဖြစ်ကာ မတ် ၁၅ ရက်သည် တနင်္ဂနွေနေ့ဖြစ်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုအား ပိတ်ရက်အဖြစ်သတ်မှတ်ပေးခဲ့သည်။ -
Show all...
👍 236❤ 60🤬 1
Repost from TgId: 1935904760
02:43
Video unavailableShow in Telegram
(၈၈) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့ပါတယ်။ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။ ဦးကံမြင့်သန်း မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
Show all...
ကရင်နှစ်သစ်ကူး draft 3.mp4142.38 MB
👍 175❤ 37👌 4🤬 1
Photo unavailableShow in Telegram
မြစ်ကြီးနားမြို့ပေါ်က ဒေသခံတွေ စီးပွားရေးလုပ်ကိုင်နေတဲ့ ဆိုင်ခန်းအသေး၊ အကြီးအားလုံးကို KIA အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်စာတွေပေးပို့ပြီး အဓမ္မဆက်ကြေးတောင်းနေတယ်လို့ သိရပါတယ်... - တောင်းတဲ့ဆက်ကြေးပမာဏအတိုင်း မပေးရင် မိုင်းခွဲအကြမ်းဖက်တာတွေ ပြုလုပ်သွားမယ်လို့ ခြိမ်းခြောက်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်.. - လက်နက်နဲ့ အနိုင်ကျင့် ဓားပြတိုက်လုပ်စားနေတဲ့ KIA အကြမ်းဖက်အဖွဲ့ကို လက်မခံကြပါနဲ့.. သတင်းသာတိတိကျကျပေးကြပါ KIA တွေခေါင်းမဖော်ရဲအောင်ကို ဆော်ပစ်လို့ရပါတယ်... -
Show all...
👍 241🤬 38❤ 17
11:39
Video unavailableShow in Telegram
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမျိုးဇော်သိမ်းနှင့် Eleven Media Group အယ်ဒီတာချုပ်တို့၏ ဆွေးနွေးမေးမြန်းမှု အပိုင်း(၁)
"အခုရွေးကောက်ပွဲမှာဆိုရင် NLD ပါတီက ပါဝင်ခြင်းမရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲပြီးတဲ့နောက် အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီးတော့ အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ ပြောဆိုမှု၊ ယူဆမှုတွေရှိနေပါတယ်။ဒါ့ကြောင့် ရွေးကောက်ပွဲပြီးနောက် ပြည်ခိုင်ဖြိုးက အစိုးရဖွဲ့နိုင်တဲ့အခါကျလို့ရှိရင် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကနေပြီးတော့ ကွဲလွဲပြီးတော့ ဘာတွေလုပ်ပြနိုင်မလဲပေါ့နော်"
ဦးကျော်ဇောလင်း(အယ်ဒီတာချုပ်) Eleven Media Group ===
" လက်ရှိအခြေအနေက ထူးထူးခြားခြားဘာပြောင်းလဲအောင် ဖော်ဆောင်မလဲဆိုရင် လက်ရှိအခြေအနေကနေ အခြေခံအကျဆုံးကတော့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှု ပဏာမအရင် မရ၊ရအောင် လုပ်ဆောင်သွားမယ်။ လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နိုင်ငံအတွင်းမှာ အကောင်းဆုံးအခြေအနေရောက်အောင် ပြန်ပြီး ဦးစားပေးဖော်ဆောင်ရမှာ"
ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမျိုးဇော်သိမ်း (ဒုတိယဥက္ကဋ္ဌ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ===
" ၂၀၂၅ အလွန်နိုင်ငံရဲ့အခင်းအကျင်းမှာ စိန်ခေါ်မှုတွေကလည်း အများကြီးရှိနေတယ်ပေါ့။ အဲဒီစိန်ခေါ်မှုတွေကို အရင် ၂၀၁၀ နဲ့ ၂၀၁၅ အတွင်းမှာ လုပ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ခေတ်က ပြည်ခိုင်ဖြိုးပါတီက ရှိခဲ့တဲ့အတွေ့အကြုံတွေ၊ အဲဒီက အားသာချက်တွေနဲ့ လက်ရှိအခြေအနေကို ဘယ်လိုလွန်မြောက်ဖို့ စဉ်းစားထားသလဲ။ ဘယ်လို ကျော်ဖြတ်မယ် စဉ်းစားထားသလဲ"
ဦးကျော်ဇောလင်း(အယ်ဒီတာချုပ်) Eleven Media Group ===
"၂၀၁၀ - ၂၀၁၅ အခင်းအကျင်းနဲ့ အဲဒီက အခြေအနေနဲ့ လက်ရှိ ၂၀၂၅ အလွန်အခင်းအကျင်းနဲ့မှာ ပေးထားချက်တွေကတော့ မတူညီနိုင်ပါဘူး။ စိန်ခေါ်မှုတွေအများကြီး ရှိပါလိမ့်မယ်။ ဒီစိန်ခေါ်မှုတွေကို ကြည့်တဲ့အခါကျတော့ ကျွန်တော်တို့က စိန်ခေါ်မှုရှိမှလည်း ပိုပြီးတော့မှ ထူးချွန်ပြောင်မြောက်တဲ့ တောက်ပလာမယ်ဆိုတာမျိုးပေါ့။ စိန်ခေါ်မှုဆိုတာ ကျွန်တော်တို့က ရင်ဆိုင်ပြီး ကျော်လွှားဖို့ဆိုပြီး ဒီလိုပဲယူဆပါတယ်။"
ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမျိုးဇော်သိမ်း (ဒုတိယဥက္ကဋ္ဌ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
Show all...
USDP 01.mp4842.10 MB
👍 141❤ 63💯 2
Repost from TgId: 1907154014
🏆ပဒါန်းဒေသ၊ ဂုတ်ကြီးရွာအနီးရှိ AA သူပုန်စခန်းများအား ချေမှုန်းမှုမှတ်တမ်း🏆 ပဒါန်းဒေသ၊ နတ်ရေကန်တောင်စခန်း၏ အရှေ့မြောက်ဘက် မီတာ ၇၀၀၀ ခန့်မှာရှိသည့် ဂုတ်ကြီးရွာအနီးရှိ AA သူပုန် စခန်းများအား ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းတွင် အောင်မြင်စွာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့သည်။ - ရန်သူအခိုင်အမာ ခံစစ်ဆင်ထားတဲ့ ဂုတ်ကြီးရွာ တာဝါတိုင်စခန်း၊ ရဲစခန်း၊ ဘုရားကုန်း၊ စာသင်ကျောင်းနှင့် ရွာအတွင်းအား စစ်ကြောင်းများဖြင့် ဒီ ၁၅ ရက်နေ့မှစ၍ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက် AA သူပုန်ဘက်ကလည်း စိတ်ကြွဆေးစားပြီး အပြင်းအထန် ခုခံလျက်ရှိ၍ တစ်ဆင့်ချင်း ခြေကုတ်ရယူပြီး ချဉ်းကပ် ပိတ်ဆို့ထားခဲ့သည်။ - စိတ်ကြွဆေးရှိန် ကျဆင်းလာချိန် ရန်သူမှာ ပြင်းပြင်းထန်ထန် ခုခံနိုင်ခြင်းမရှိတော့ဘဲ ဖရိုဖရဲဖြစ်နေချိန်တွင် စစ်ကြောင်းများက မိမိရည်မှန်းချက်နေရာများအား ရဲဝံ့စွန့်စားစွာ ကျားတက်ထိုးပြီး တိုက်ခိုက်ခဲ့ရာ ဂုတ်ကြီးရဲစခန်းနှင့် စာသင်ကျောင်းအား ဒီ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်တွင်လည်းကောင်း၊ တာတိုင်စခန်းအား ဒီ ၁၇ ရက် ညနေ ၅ နာရီခန့်တွင်လည်းကောင်း၊ ဘုရားကုန်းအား ဒီ ၁၇ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း ၃ ရက်(နီးပါး) တိုင်တိုင် ဆေးရှိန်နဲ့တောင့်ခံနေသည့် ရန်သူ့စခန်းကုန်းများအား အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့ပြီး ရွာအား အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။ - တိုက်ပွဲတွင် မိမိစစ်သည် ၁ ဦး အသက်ပေးလှူခဲ့ရပြီး စစ်သည် ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ရန်သူ့ထံမှ အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၇ လက် (RPG အပါ)၊ ကျည်မျိုးစုံ ၅၀၀ ခန့်၊ ကျည်အိမ် ၁၀ ခု၊ လက်ပစ်ဗုံး ၁၀ လုံး၊ ဗုံးသီး ၅ လုံး၊ ပစ်ကျင်း/ဘန်ကာ အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ပါသည်။ - ရန်သူသည် မြန်မာ့တပ်မတော်သားများ၊ ပြည်သူ့စစ်ထမ်းများ၏ ရဲစွမ်းသတ္တိများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီး တုန်လှုပ်ခြောက်ခြားကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။ - ထိုတိုက်ပွဲမှ သူရဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်လက်မှတ်များ၊ စစ်မြေပြင်အဆင့်တိုးများ၊ ချီးကျူးဂုဏ်ပြုလက်မှတ်များအား မကြာမီ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားရန်ရှိသည်ဟု သိရပါကြောင်း ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ပါသည်။ - Congratulations ပါ မြန်မာ့တပ်မတော်သားများ - တိုက်ပွဲသတင်းစုံ
Show all...
❤ 288👍 208💯 5👌 4🤬 1
Repost from TgId: 1907154014
🏆Congratulations ပါ ဂုတ်ကြီး🏆 - အလောင်းပုံများနှင့် သတင်းအသေးစိတ် ထပ်မံဖော်ပြပါမည်။ - တိုက်ပွဲသတင်းစုံ
Show all...
❤ 280👍 199👌 3💯 2🤬 1
Repost from TgId: 1907154014
Photo unavailableShow in Telegram
Congratulations ပါ စဉ့်ကူး 🏆🏆🏆 - တိုက်ပွဲသတင်းစုံ
Show all...
👍 376❤ 107👌 2🤬 1
Photo unavailableShow in Telegram
အားလုံးပါဝင်... လူငယ့်အမြင် NSPNC က ကြီးမှူးပြီး မကြာခင်မှာ ကျင်းပဖို့ စီစဥ်ဆောင်ရွက်နေတဲ့ Peace Youth Forum 2026 မှာ လူငယ်တွေကို ဘယ်လို ဖိတ်ကြားမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ =============== ဟိုရက်က Facebook ပေါ်မှာ ကချင်​ပြည်နယ်က Peace Youth Forum 2026 ကို တက်ရောက်ချင်တဲ့ ၁၈-၃၅ ကြား လူငယ်တွေကို လျှောက်လွှာတွေ ခေါ်ယူပြီးရွေးခြယ်မယ်လို့လဲ မြင်လိုက်တယ်။ အလွန်ကောင်းတာပဲလို့တော့ တွေးမိပါရော်။ =============== Forum က လူငယ်တိုင်းပါသင့်တယ်။ သို့သော်.. သို့သော်ပေါ့လေ။ အခမ်းအနားကျင်းပတဲ့ နေရာနဲ့ အချိန်က အကန့်အသတ်ဖြစ်တယ်။ ဒါကြောင့် လူငယ်တိုင်းပါဝင်နိုင်ဖို့ဆိုတာတော့ အလွန်ခဲယဥ်းတယ်။ =============== ဒါကို NSPNC ကလဲ တတ်နိုင်သလောက် စီမံပေးထားတယ်။ လူငယ်အင်အား ၃၅၀ ဖိတ်ဖို့ လျာထားပြီး ဆွေးနွေးမဲ့ ခေါင်းစဥ် ၁၀ ခုတောင် စီမံထားတယ်လို့ ကနဦးသိရတယ်။ =============== ဖိတ်ကြားမှု အဆင်ပြေစေရေးအတွက် အားကစားနှင့်လူင​ယ်​ရေးရာ ဒုဝန်ကြီး ဦးစီးပြီး အစည်းအဝေးတောင် လုပ်တယ်ကြားတယ်။ ================ အေးပေါ့လေ... All inclusive ဖို့အတွက် တတ်နိုင်သလောက်​ ကြိုးစားနေတာကိုကြားရတော့ ဒီတစ်ခေါက် Peace Youth Forum မှာ လူငယ့်အသံ တွေ ဘက်ပေါင်းစုံ အမြင်ပေါင်းစုံကနေ ကြားရမယ်လို့ မျှော်လင့်မိတယ်။ ================= ကချင်ပြည်နယ်၊ ကရင်ပြည်နယ် ဘက်ကလူငယ်တွေ (ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်လုပ်ဆောင်နေသူတွေ) နဲ့ တချို့ IDPs ကလူငယ်တွေလဲထည့်ဝင် ဖိတ်ကြားထားတာမို့ငြိမ်းချမ်းခြင်း မငြိမ်းချမ်းချင်းရဲ့နေရာဒေသအစုံကလူငယ်တွေအသံစုံကြားရမယ်လို့လဲတွေးနိုင်ပါတယ်​။ =================== အဲ... တစ်ခုကြားထားသေးတယ်။ မပါဝင် မတက်ရောက်နိုင်သော လူငယ်တွေအတွက် Servey ကောက်မယ်တဲ့။ မေးခွန်းတွေကို 5 Point Likest Skill နဲ့ဖြေဆိုပြီး သူတို့ရဲ့ အသံတွေကိုပါ Out Come ထုတ်မယ်ဆိုရင်တော့ အောအင်မလုစ် စရာ ကိုမရှိတော့ပါဘူးလို့ယူဆရင်း ================== "Peace Youth Forum 2026 အောင်မြင်ပါစေ လူငယ်တွေရဲ့ အသံတွေပိုကြားသိနိုင်ပါစေ NSPNC ရဲ့ ဆောင်ရွက်ချက်အောင်မြင်ပါစေ" လို့ ဆုမွန်ကောင်းတောင်းပါသည်ခင်ဗျာ မင်းထက်ကျော်ဇော Telegram Link : https://t.me/minhtetkyawzaw Tik Tok Link : https://www.tiktok.com/@minhtetkyawzaw?_r=1&_t=ZS-92LQjOdGtng
Show all...
👍 181❤ 50