en
Feedback
Top Movies

Top Movies

Open in Telegram

Ck Lottery ,Big Win လက်မခံပါ ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @kolatt009

Show more
2025 year in numberssnowflakes fon
card fon
89 369
Subscribers
-51924 hours
-2 7727 days
+24 78030 days
Posts Archive
Repost from Bollywood Cinema
Photo unavailableShow in Telegram
Repost from N/a
1:27:18
Video unavailableShow in Telegram
မာယာများ‌သော ပင်လယ်နက် (极海迷窟)Polar Sea Lost Dungeon 2024 Movie ရုပ်ရှင်
Show all...
Polar Sea Lost Dungeon 2024mmsub.mp41314.02 MB
Repost from N/a
Photo unavailableShow in Telegram
#တရုတ်စွန့်စားခန်းရုပ်ရှင်ချစ်သူတွေအတွက်မကြည့်မဖြစ် ရုပ်ရှင်ပါ။ မှောင်မည်းတဲ့ ပင်လယ်ရေနက်ပိုင်းနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂူတွေကို စူးစမ်းရှာဖွေချင်သူတွေအတွက် အကြိုက်တွေ့စေမယ့် ရုပ်ရှင်မျိုးပါ ဒီဇာတ်ကားဟာ "Tomb Raider" ဒါမှမဟုတ် "The Mummy" လိုမျိုး ရုပ်ရှင်တွေရဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ ပိုစတာကို ကြည့်ကတည်းက သိတဲ့အတိုင်းပဲ၊ ဒီဇာတ်ကားမှာ... ရှေးဟောင်းအမွေအနှစ်၊ နက်နဲတဲ့ ပင်လယ်ဂူတွေ၊ ပြီးတော့ ထူးဆန်းတဲ့ သတ္တဝါတွေကြားက အသက်လုတိုက်ပွဲတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ Sci-fi / Fantasy Action ဇာတ်ကားတွေကို ကြိုက်သူများ ပင်လယ်ရေအောက်က သည်းထိတ်ရင်ဖိုမှုတွေကို ခံစားချင်သူများ အတွက်
Show all...
Repost from Bollywood Cinema
1:41:38
Video unavailableShow in Telegram
444.99 MB
Repost from Bollywood Cinema
တကယ်ကြမ်းတဲ့ သရဲကားဆိုတာ ဘယ်လို မျိုးလဲသိချင် ဒီကားကိုသာကြည့်ပါ။ အာ ဂျင် တီး နား ဒါရိုက်တာရိုက်တဲ့ ဟော်ရာကား အလန်းစားတစ်ကားထွက်လာပါတယ်။ သိရသလောက်ဆို  ၂၀၂၃ အထိ ထွက်ခဲ့တဲ့ဟော်ရာကားတွေထဲ အလန်းဆုံးလို့ပြောလို့ရပါတယ်။ ဒီကားကလည်း လန်းသလို တခြားကားတွေကလည်း စွံမနေဘူးကိုး။ သို့ပေမဲ့လည်း Rotten Tomatoes Rating အရရော၊ IMDb Rating အရရော ကျွန်တော်တို့ဆီ မထွက်သေးတဲ့ နာမည်ကြီးကားတွေရဲ့  Rating ထက်ကို သာနေတယ်။ ဇာတ်ကလည်း ဇွတ် ဖြဲ ခြောက် မဟုတ်ဘဲ အထာကျတယ်။ ရုတ်တရက်အ လန့် တ ကြား အခန်းတစ်ခန်းပေါ်လာလို့ လန့် ဖြန့် ပြီး အကြည့်လွှဲမယ်လည်းမကြံလိုက်နဲ့။ ဇာတ်ဘာဖြစ်သွားလဲ မသိရဘဲဖြစ်သွားမယ်။ ဇာတ်ရော ခြောက် လုံး ရော ကောင်းနေတဲ့ ဟော်ရာကားလို့ပြောရမယ်။
Show all...
Repost from Bollywood Cinema
Photo unavailableShow in Telegram
Repost from Bollywood Cinema
2:29:02
Video unavailableShow in Telegram
1549.52 MB
Repost from Bollywood Cinema
#2015ခုနှစ်ကထွက်ခဲ့တဲ့ခါးကုန်းကြီးကား1ဆိုတာကိုကြည့်ဖူးရင် . . . #ဒီကားထဲကမင်းသားကြီးVikramရဲ့ #သရုပ်ဆောင်မှုကိုခန့်မှန်းမိမယ်ထင်ပါတယ်။ စင်စစ် ဒီကားက .. ဟိုး 2003ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Saamy ကားရဲ့ အဆက်ပါ။ 2015 ခုနှစ်က ထွက်ခဲ့တဲ့ခါးကုန်းကြီးကား "I" ဆိုတာကို ကြည့်ဖူးရင် . . . ဒီကားထဲက မင်းသားကြီး Vikram ရဲ့ သရုပ်ဆောင်မှုကို ခန့်မှန်းမိမယ်ထင်ပါတယ်။ Vikram ဟာ လူလတ်ပိုင်း တမီးလ်အနုပညာရှင်တွေထဲမှာ ကျွန်တော့်အကြိုက်ဆုံး မင်းသားပါ။ တမူထူးခြားတဲ့ ဇာတ်အိမ်နဲ့ ရိုက်ကူးမှုပုံစံတွေ ကွဲထွက်နေတာဟာ Vikram ရွေးချယ်ထားတဲ့ စတိုင်လ်တစ်ခုလို့တောင် ဆိုချင်ပါတယ်။ ကဲ ဇာတ်လမ်းအကျဉ်းကို ဆက်ရအောင်. . . အာရွန်းဆာမိဆိုတာ Singam လိုမျိုး ထက်မြက်တယ်၊ဥာဏ်ပြေးတယ်၊ဖြောင့်မတ်တယ်၊ ဒေါသလည်း ကြီးတယ်။ တကယ့် ဇက်ဇက်ကြဲ သတ္တိဗျတ္တိရှိတဲ့သူပါ။ ဇာတ်လမ်းရဲ့ စစချင်း တမီးလ်နာဒူးပြည်နယ်က တီရူးနဲလ်ဝေလီလို့ ခေါ်တဲ့ ဒေသမှာ အာရွန်းဆာမိဟာ ရာဇဝတ်သား လူမိုက်ကြီးတစ်ယောက်ရဲ့ နောက်ကို သဲကြီးမဲကြီး လိုက်နေပါတယ်။ လူမိုက်ကြီး နာမည်က ပီရူးမဲလ်ပီချိုင်းတဲ့။ တကယ့်ကို လက်ရဲဇက်ရဲနဲ့ တီရူးလ်နဲဝေလီ ဒေသကို လက်ဝါးကြီးအုပ်ထားသူပေါ့။ မတရားမှုပေါင်းများစွာကို ကျူးလွန်ထားတဲ့ ပီရူးမဲလ်ပီချိုင်းကို တီရူးနဲလ်ဝေလီ ဒေသခံ ရဲတွေ နိုင်ငံရေးသမားတွေအခွန်ကောက် အရာရှိတွေ ဘယ်သူမှ မထိပါးရဲပေမယ့်အာရွန်းဆာမိကတော့ ပီးရူးမဲလ်ကို ရိုက်နှက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ပစ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်က နှစ်ပေါင်း 28 နှစ် ကြာသွားခဲ့ပြီ။ အာရွန်းဆာမိနဲ့ ဇနီးသည် ဘူဝနာတို့ကနေ ရမ်ဆာမိကို မွေးဖွားခဲ့လို့ယခုဆိုရင် ရမ်ဆာမိဟာ အရွယ်ရောက်ပြီး IAS စာမေးပွဲ ဖြေဖို့ ဒေလီမြို့က ဝန်ကြီးရုံးမှာ အလုပ်လုပ်ရင်း စောင့်ဆိုင်းနေပါတယ်။ ဖခင်နဲ့ စိတ်သဘောထားချင်း ချွတ်စွပ်တူတဲ့ ရမ်ဆာမိကို အဖိုးနဲ့ အဘွားတို့က ဒေလီကို ခေါ်လာပြီး ဗြဟ္မဏအဖြစ် ပြုစုပျိုးထောင် ပေးထားတာပါ။ လိမ္မာယဉ်ကျေးပြီး အေးဆေးနေတတ်တဲ့ ရမ်ဆာမိဟာ ရဲယူနီဖောင်းနဲ့ ထိတွေ့မိရင် ဖခင်ရဲ့ စိတ်တွေ ဝင်လာတတ်ပြီးမတရားတဲ့သူတွေကို ရိုက်နှက်တတ်ပါတယ်။ မသိစိတ်ထဲမှာ ဖခင်သွေး အပြည့်ပါနေသူပေါ့။ သူ့အလုပ်ရှင် ဝန်ကြီး ဗစ်ရ်ှဝါနသန်ရဲ့ သမီး ပြန်ပေးအဆွဲခံရမှုကို အမှတ်မထင် လိုက်ကူညီရင်း ဒိတ်ဒိတ်ကြဲ လူဆိုးလူမိုက်ကြီး ရာဝဏ္ဏပီချိုင်းနဲ့ ငြိမိပါတယ်။
Show all...
Repost from Bollywood Cinema
Photo unavailableShow in Telegram
Repost from Bollywood Cinema
2:55:46
Video unavailableShow in Telegram
1883.26 MB
Repost from Bollywood Cinema
ဒီ ရုပ်ရှင်က ဘတ်ဂျတ် ရူပီး ကုဋေ ၄၀၀ ရင်းပြီး ရိုက်ကူးထားကာ ကုဋေ ၇၀၀ ပြန်ရခဲ့လို့ ဘဟူးဘလီထွက်ပြီးကတည်းက ရုပ်ရှင် ၃ကား ဆက်တိုက် အရှုံးပေါ်ခဲ့တဲ့ ပရာဘာစ် အတွက် Comeback လို့ ပြောလို့ရပါတယ်။ IMDB rating 6.6 ရထားတဲ့ Salaar က Part I ဖြစ်တာမို့ အပိုင်း ၂ အတွက် ဇာတ်အိမ် ပိုခိုင်မာအောင် နောက်ကြောင်းပြန်ထားတဲ့အပိုင်း အများစုကိုပဲ တွေ့ရမှာဆိုပေမဲ့ overpowered ဖြစ်တာမျိုး ကြိုက်သူ‌‌တွေ၊ လူဆိုး အယောက် ၁၀၀ နဲ့ တယောက် ချတဲ့စော်တဲ့အခန်းတွေကိုမှ အားရပါးရ ကြည့်ချင်သူတွေ အတွက် Salaar က ပိတ်ရက်မှာ အပန်းဖြေလို့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နယ်ပိုင်ရဲ့သား ဒီဗာ (Prabhas) ငယ်ဘဝတုန်းက ကန်ဆာဘုရင်ရဲ့သား ဗရက်ဟာနဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်းတွေပါ။ နောက်ပိုင်း နယ်မြေတွေလုကြ‌ရင်း ဒီဗာရဲ့ အဖေ အသတ်ခံလိုက်ရပြီး ဒီဗာတို့မိသားစုကို နယ်မြေလုတဲ့ကောင်တွေက သတ်အံ့ဆဲဆဲဖြစ်နေချိန် ဗရက်ဟာ ရောက်လာပြီးတော့ သူပိုင်တဲ့နယ်နဲ့ ဒီဗာတို့ သားအမိကို လဲပြီး ကယ်လိုက်တယ်။
Show all...
Repost from Bollywood Cinema
Photo unavailableShow in Telegram
Repost from Bollywood Cinema
2:50:20
Video unavailableShow in Telegram
1263.11 MB
Repost from Bollywood Cinema
တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်း ဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတိုအပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်.... တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်း ဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်.... ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်း လိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ် ကွင်းဆက်လူသတ်သမားအဖွဲတစ်ဖွဲရှိရှိနေတယ်.... လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါ လူသတ်‌ဗီဒီယိုကို ရိုက်ပိုတဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲတဖွဲရှိတယ်... ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လိုကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲပါ..
Show all...
Repost from Bollywood Cinema
Photo unavailableShow in Telegram
Repost from Bollywood Cinema
2:33:23
Video unavailableShow in Telegram
693.40 MB
Repost from Bollywood Cinema
ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အီဖန်အာမက်‌ဆိုတဲ့ ဓာတုအင်ဂျင်နီယာလေးဟာ မွတ်စလင်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ နေရာတကာမှာ ရှယ်အနှိမ်ခံနေရတာက စပါတယ်။ အိန္ဒိယရဲ့ ဒီဘာသာရေးပြဿနာတွေအကြောင်း‌ကတော့ ကျွန်တော်မပြောပြလည်း အားလုံးသိကြမယ်ထင်ပါတယ်။ ဒီလိုနဲ့ သူဟာ သူ့ရဲ့ဓာတုအင်ဂျင်နီယာအလုပ်ရဲ့ကိစ္စတစ်ခုလုပ်ပြီးလို့ လေဆိပ်ကနေ အိမ်ပြန်မယ်လုပ်တဲ့အချိန်မှာ သူဖုန်းပျောက်သွားပါတော့တယ်။ ပျောက်သွားတဲ့သူ့ဖုန်းကို လေဆိပ်ရဲတွေက မရှာပေးတဲ့အပြင် လေယာဉ်ပေါ်အတက်မခံတဲ့အခါ သူကဗုံးခွဲမယ့်သူများမှတ်နေလို့လားလို့စိတ်ပေါက်ပေါက်နဲ့ပြောမိတဲ့အခါ သူ့ကိုဖမ်းလိုက်ပြီး စစ်ဆေးကြ၊ အပြစ်မရှိတော့မှ ပြန်လွှတ်ကြပါတယ်။ ဒါပေမဲ့ ပြန်လွှတ်နေတုန်းမှာပဲ အဲလေဆိပ်မှာ တကယ်ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့အပြင် ဗုံးထိန်းတဲ့ဖုန်းကလည်း သူ့ဖုန်းဖြစ်နေတဲ့အခါ သူ့ကို အိုင်အက်စ်အဖွဲ့ဝင်ဖမ်းထားလိုက်ကြပါတော့တယ်၊ ဒီတော့ အီဖန်ရဲ့ဖုန်းဟာ ဘယ်လိုလုပ်အဲလိုဖြစ်သွားရတာလဲ၊ အီဖန်ဟာတကယ်ပဲ အိုင်အက်စ်အကြမ်းဖက်သမားလား၊ ဇာတ်ရှုပ်ဇာတ်ပွေတွေဘယ်လိုရောက်လာမှာလဲဆိုတာကို အဆုံးထိဇာတ်ရှိန်တက်တဲ့ကားလေးကို ရှု့စားပေးကြပါဦး။
Show all...
Repost from Bollywood Cinema
Photo unavailableShow in Telegram
Repost from N/a
1:34:46
Video unavailableShow in Telegram
The Ghost Game (2025) WEB-DL 720p 🎥ဇာတ်ကားကောင်းလေးတွေကြည့်ရှုဖို့အတွက် မင်မင် Channel လေးတွေကို Join ထားကြပါအုံးနော်🥰🙏🏻
Show all...
The Ghost Game (2025) WEB-DL 720p.mp4455.79 MB
Repost from N/a
Photo unavailableShow in Telegram
The Ghost Game (2025) *** IMDb..... 6.7 နောက်ဆုံးတော့ Red Velvet အဖွဲ့ဝင် Yeri ရဲ့  Screen Debut Movie လေးဖြစ်တဲ့ ရုံတင်သရဲကားသစ်လေး ထွက်ရှိလာပါပြီ။ - ဇာတ်လမ်းအကျဉ်း - ဂယ်ဆန်းအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးတွေ ဖြစ်ကြတဲ့ ဂျာယောင်း (Yeri) အပါအဝင် ဒုံဂျွန်း၊ ဂီဟို၊ ယယ်အွန်း၊ မီယွန်းတို့ သူငယ်ချင်း ၅ ဦးဟာ ဆုကြေးငွေ သိန်း ၅၀၀ ရရှိမဲ့ Youtube ဗီဒီယိုပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ဝိညာဉ်ခေါ်တဲ့ ဗီဒီယိုကို ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဝိညာဉ်ဝင်ပူးခံဖို့အတွက်ကိုတော့ ဂျာယောင်းရဲ့ ညီမဖြစ်သူ ဆောအူကို အကူအညီတောင်းပြီးနောက်မှာ ဗီဒီယိုရိုက်ကူးဖို့အတွက် ၆ ယောက်အတူ မြေအောက်ရေလှောင်ဆည်ကြီး ရှိရာ အဆောက်အအုံပျက်ကြီးဆီ ဦးတည်ထွက်ခွာလာကြတဲ့အခါမှာတော့... များစွာသော စွန့်စားမှုတွေ အခက်အခဲတွေကြားကနေ သူတို့ ၆ ဦး ဝိညာဉ်ခေါ်ဗီဒီယိုကို အောင်မြင်စွာ ရိုက်ကူးနိုင်သွားမလား.... ဘယ်လိုအလှည့်အပြောင်းလေးတွေ ဖြစ်ပေါ်လာဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရင်ဖိုစွာနဲ့ ကြည့်ရှုလိုက်ကြပါဦး။
Show all...