es
Feedback
Myanmar National Post

Myanmar National Post

Ir al canal en Telegram

သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com

Mostrar más
2025 año en númerossnowflakes fon
card fon
30 969
Suscriptores
-824 horas
-937 días
-34030 días
Archivo de publicaciones
Photo unavailableShow in Telegram
မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ မိတ္ထီလာ ၊ ဒီဇင်ဘာ ၂၃ မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ပန်းလေပြေဟိုတယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_383.html
Mostrar todo...
👍 24 11
Photo unavailableShow in Telegram
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မိုးညှင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အရာထမ်း အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံ မိုးညှင်း ၊ ဒီဇင်ဘာ ၂၃ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဉီးခင်ဇော်သည် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မိုးညှင်းမြို့နယ်တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အရာထမ်း အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/mevm_23.html
Mostrar todo...
👍 21 2
Photo unavailableShow in Telegram
ငါန်းဇွန်မြို့၌ တတိယအကြိမ် မဲဆန္ဒရှင်လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ ငါန်းဇွန် ၊ ဒီဇင်ဘာ ၂၃ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ငါန်းဇွန်မြို့ပေါ် ရပ်ကွက် (၄) ခုရှိ မဲရုံ (၅) ရုံအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးရာ ဒေသခံပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_719.html
Mostrar todo...
👍 17 3
Photo unavailableShow in Telegram
ဇီးကုန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ(တတိယအကြိမ်) ကပ်ထားကြေညာ ဇီးကုန်း ၊ ဒီဇင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင် အမည်စာရင်းများအား အများပြည်သူကြည့်ရှုနိုင်‌ရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့နံနက်ပိုင်းကစ၍ ကပ်ထားကြေညာထားရှိကြောင်း သိရသည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_896.html
Mostrar todo...
👍 19 2
Photo unavailableShow in Telegram
ငွေဆောင်မြို့တွင် ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများအား တာဝန်ရှိသူများမှ ဆက်လက်ကွင်းဆင်းစစ်ဆေး ငွေဆောင် ၊ ဒီဇင်ဘာ ၂၃ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများအား (၂၀.၁၂.၂၀၂၅)ရက်နေ့မှ စတင်၍ မြို့အုပ်ချုပ်ရေးမှူးဦးဝင်းမင်းကိုနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်သို့ ကွင်းဆင်း၍ မဲရုံများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_380.html
Mostrar todo...
👍 20 6
Photo unavailableShow in Telegram
မချမ်းဘော၌ တတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာနိုင်ရေး မဲစာရင်းများထုတ်ပေး မချမ်းဘော ၊ ဒီဇင်ဘာ ၂၃ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရန် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာနိုင်ရေးအတွက် မဲစာရင်းများကိုရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကနှင့် အတွင်းရေးမှူးများထံသို့ ဆန္ဒမဲစာရင်းများ ထုတ်ပေးခြင်းကို ဒီဇင်ဘာ ၂၂ ရက် နေ့မွန်းလွဲ ၂ နာရီကမြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_552.html
Mostrar todo...
👍 19 3
Photo unavailableShow in Telegram
အမေရိကန်က တတိယမြောက် ဗင်နီဇွဲလားရေနံတင်သင်္ဘောကို ဖမ်းဖို့လုပ်နေပြီ ဒီဇင်ဘာ - ၂၃ ( အင်္ဂါနေ့ ) အမေရိကန်တာဝန်ရှိသူများက ရိုက်တာနဲ့ အခြားသတင်းဌာနတွေကို အမေရိကန်နိုင်ငံအနေနဲ့ ဗင်နီဇွဲလားနိုင်ငံ နဲ့ ပတ်သက်နေတဲ့ တတိယမြောက် ရေနံတင်သင်္ဘောနောက်တစ်စီးကို နိုင်ငံတကာရေပိုင်နက်ထဲမှာ ရပ်ခိုင်းထားပြီး စီးနင်းရှာဖွေ ဖမ်းဆီးရန် စီစဉ်ထားကြောင်း ဆိုလိုက်ပါတယ်။ သင်္ဘောသည် အတုအယောင်အလံအောက်တွင် ရွက်လွှင့်နေတယ်လို့ အမေရိကန်အရာရှိများက အခိုင်အမာ ဆိုကာ ၀ါရှင်တန်ရဲ့ တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် အသုံးပြုခဲ့တဲ့ ဗင်နီဇွဲလားရဲ့ “အမှောင်ရေယာဉ်” ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြကာ တရားစီရင်ရေးအရ ဖမ်းအဆီးအမိန့်ကို ချမှတ်ရမယ် လို့ ဆိုပါတယ်။ သင်္ဘောပေါ်ကို မတက်ရသေးပေမဲ့ စစ်ဆေးမှုတွေလုပ်ဖို့ အောင်မြင်သွားပါက ယခုတစ်ခေါက် စစ်ဆင်ရေးက ဒီဇင်ဘာ ၁၀ ရက်ကစပြီး ဖမ်းဆီးတဲ့ တတိယမြောက်ရေနံတင်သင်္ဘော ဖြစ်မှာပါ။ အမေရိကန်တပ်ဖွဲ့ဝင်များက ရေနံတင်သင်္ဘော Skipper ကို ဖမ်းဆီးခဲ့ပြီး နောက်တွင် အခြားရေယာဉ် Centuries ကိုလည်း စနေနေ့တွင် ဖမ်းမိဆီးထားပြီ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအောက်တွင် ဗင်နီဇွဲလားသို့ ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်းလုပ်တဲ့ ရေနံတင်သင်္ဘောများကို “စုစုပေါင်းနှင့် အလုံးစုံ” ပိတ်ဆို့ထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပြီးနောက် ရက်ပိုင်းအတွင်း နောက်ဆုံးဖမ်းဆီးရမိရန် ကြိုးပမ်းမှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ တာဝန်ရှိသူများက အဆိုပါရေယာဉ်အား ဖော်ထုတ်နိုင်ခြင်းမရှိသေးသော်လည်း မီဒီယာများရဲ့ ဖော်ပြချက်အရ ယခုဖမ်းဆီးရမိနေတဲ့ ရေနံတင်သင်္ဘောမှာ အီရန်ရေနံသယ်ယူပို့ဆောင်ရေးအတွက် ယခင်က ဒဏ်ခတ်အရေးယူခံထားရသည့် Bella 1 အမျိုးအစားဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်အရာရှိများရဲ့ ပြောကြားချက်အရ သင်္ဘောက စစ်ဆေးတဲ့အဖွဲ့မှာ သင်္ဘောပေါ်ကို မတက်လာဖို့နဲ့ သူတို့ဆက်သွားမယ်ဆိုပြီး ငြင်းဆိုထားပါတယ်။ REF: RT #News #MNP #International
Mostrar todo...
👍 17😱 9 4🍌 1
Photo unavailableShow in Telegram
ချမ်းအေးသာစံမြို့နယ်တွင် တတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေငြာမှူများနှင့် မဲရုံပြင်ဆင်ထားရှိမှုများအား ဝန်ကြီးချုပ် ဦးမျိုးအောင်မှ လိုက်လံကြည့်ရှု ချမ်းအေးသာစံ ၊ ဒီဇင်ဘာ ၂၃ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် ဆန္ဒမဲပေးကြမည့်ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ တတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာမှုများားနှင့် မဲရုံပြင်ဆင်ထားရှိမှုများအား ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_532.html
Mostrar todo...
👍 17 2
Photo unavailableShow in Telegram
တောင်ကြီးမြို့၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက် တောင်ကြီး ၊ဒီဇင်ဘာ ၂၃ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံးပါဝင် မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ (Sticker) စတစ်ကာများ ကပ်ပေးခြင်း ကမ်ပိန်းကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ချုပ်ပန်းခြံရှေ့ မီးပွိုင့်လမ်းဆုံနှင့် ပြည်နယ်မိုးလုံးလေလုံး အားကစားလေ့ကျင့်ရေးရုံတွင် ဆောင်ရွက်ကြသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_171.html
Mostrar todo...
👍 16 4
Photo unavailableShow in Telegram
ကြို့ပင်ကောက်မြို့၌ မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး ပေါင်းစပ်ညှိနှိုင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက် ကြို့ပင်ကောက် ၊ ဒီဇင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများမဲပေးနိုင်ရေး မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_667.html
Mostrar todo...
👍 17 3
မိဘပြည်သူများနဲ့အတူတူ လက်တွဲပြီး အနာဂတ်နိုင်ငံတော်ကြီး၊ အနာဂတ်ပြင်ဦးလွင်ကို တည်ဆောက်သွားချင်ပါတယ်ဟု ဦးမြထွန်းဦး ပြော ပြင်ဦးလွင်၊ ဒီဇင်ဘာ ၂၃ အနာဂတ်ပြင်ဦးလွင်မြို့ကြီးကို ပြည်သူများနှင့်အတူ တည်ဆောက်သွားချင်ပါတယ်ဟု ပြောဆိုပြီး မဲဆန္ဒရှင်ပြည်သူများကို ဦးမြထွန်းဦးက မဲဆွယ်လိုက်ပါတယ်။ ပြင်ဦးလွင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြထွန်းဦးသည် ရပ်ကွက်ကြီး ၁၉ ငါးရံ့ချောင်းကျေးရွာနေ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။ ဦးမြထွန်းဦးက မိဘပြည်သူတွေ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်တွေသည် အနာဂတ်ပြင်ဦးလွင် ငါးနှစ်အတွက်ကို အကောင်အထည်ဖော်နိုင်တဲ့သူ ဖြစ်ရမယ်၊ နိုင်ငံရဲ့ အနာဂတ်ငါးနှစ်အတွက် အကောင်အထည်ဖော်နိုင်တဲ့သူ ဖြစ်ရမယ်၊ နောင်လာနောက်သားတွေအတွက် အကောင်းဆုံးအမွေတွေ ချန်ပေးနိုင်တဲ့သူတွေ ဖြစ်ရမယ်ဆိုပြီး ပြောကြားခဲ့တာပါ။ ဦးမြထွန်းဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်ကြီးရာထူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအစိုးရအဖွဲ့တွင်လည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး တာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။ ယင်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားပြုဝင်ရောက် အရွေးချယ်ခံရခြင်းမှာ နိုင်ငံတော်ကို တည်ဆောက်တဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ပါတီ၊ အစဉ်အလာရှိတဲ့ပါတီဖြစ်တာကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြည်သူများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။ စိုက်ပျိုးရေးသမားများ၊ တောင်သူများ၏ လူမှုဘဝကို မြှင့်တင်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လူငယ္မ်ား၏ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ဆောင်ရွက်ပေးမည့်အကြောင်းများ၊ ပြင်ဦးလွင်မြို့သူမြို့သားများ၏ ကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် ဆောင်ရွက်မည့် အကြောင်းများကိုလည်း ဦးမြထွန်းဦးက ပြောဆိုရှင်းလင်းခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာ လိုတော့တဲအချိန်မှာ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးမှုတွေကို အားသွန်ခွန်စိုက် ပြုလုပ်နေကြတာပါ။ ၂၀၂၅ ခုနှစ် ပါတီစုံအေထြေထြဒီမိုကေရစီ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ကာ အပိုင်းလိုက်ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ #News #MNP
Mostrar todo...
👍 26 4
Photo unavailableShow in Telegram
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အစည်းအဝေး ကျင်းပ မိုင်းယောင်း ၊ ဒီဇင်ဘာ ၂၃ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_518.html
Mostrar todo...
👍 17 2
Photo unavailableShow in Telegram
ငဖဲမြို့နယ်တွင် နောက်ဆုံးအကြိမ် မဲစာရင်းများကပ်ထားကြေညာ ငဖဲ ၊ ဒီဇင်ဘာ ၂၃ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက် ၇ နာရီမှစတင်၍ တတိယအကြိမ်(နောက်ဆုံးအကြိမ်)အဖြစ် မဲစာရင်းများကပ်ထား ကြေညာထား ရှိပြီးဖြစ်သည်။ ဖတ်ရူရန် >>>>. https://www.mmnationalpost.com/2025/12/blog-post_658.html
Mostrar todo...
👍 19 3
Photo unavailableShow in Telegram
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံးမှူးများ ဆင့်ပွားသင်တန်း ဖွင့်လှစ် ကြာအင်းဆိပ်ကြီး ၊ဒီဇင်ဘာ ၂၃ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်မြို့တွင် မဲရုံမှူး၊ဒုမဲရုံမှူးများ၏ ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီက အ‌‌ခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_319.html
Mostrar todo...
👍 17 2
Photo unavailableShow in Telegram
စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရန်အတွက် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေး စေတုတ္တရာ ၊ ဒီဇင်ဘာ ၂၃ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာရန် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ ဖတ်ရူရန် >>> >>>>>> https://www.mmnationalpost.com/2025/12/blog-post_840.html
Mostrar todo...
👍 17 5
Photo unavailableShow in Telegram
ပေါက်ခေါင်းမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေါက်ခေါင်း ၊ ဒီဇင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတိုင်း မဲပေးနိုင်မည့်အခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ "ဒို့အတူတူမဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_384.html
Mostrar todo...
👍 24 4
Photo unavailableShow in Telegram
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး ပြည်ကြီးတံခွန် ၊ ဒီဇင်ဘာ ၂၃ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSS ရုံးခန်း၌ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများတိကျမှန်ကန်မှုရှိစေ‌‌ရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဆောင်ရွက်ခဲ့သည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_113.html
Mostrar todo...
👍 17 3
Photo unavailableShow in Telegram
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး တာချီလိတ် ၊ ဒီဇင်ဘာလ ၂၃ ‎ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်(ရှမ်းအရှေ့တာဝန်ခံ)သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းစိစစ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_701.html
Mostrar todo...
👍 25 3
Photo unavailableShow in Telegram
ချောက်မြို့နယ်တွင် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး ချောက် ၊ ဒီဇင်ဘာ ၂၃ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မဲရုံလုံခြုံ‌ရေး တာဝန်ကျသည့်သူများသည် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြိုတင်ဆန္ဒမဲပေးခဲ့‌ကြောင်း သိရသည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_524.html
Mostrar todo...
👍 34 5
34👍 26