Myanmar National Post
Ir al canal en Telegram
သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com
Mostrar más2025 año en números

30 974
Suscriptores
-824 horas
-937 días
-34030 días
Archivo de publicaciones
21-December-TheGlobalNewLightOfMyanmar.pdf5.73 MB
ဒီဇင်ဘာ_၂၁_ကြေးမုံသတင်းစာ.pdf3.75 MB
ဒီဇင်ဘာ_၂၁_မြန်မာ့အလင်းသတင်းစာ_2.pdf5.12 MB
ဒီဇင်ဘာ_၂၁_မြဝတီသတင်းစာ.pdf7.17 MB
👍 14❤ 5
KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား မီးရှို့ဖျက်ဆီး၊ မြဝတီမြို့အတွင်း တရားမဝင်ပြည်ပနိုင်ငံသားများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/kk-park_20.html
👍 31❤ 12👏 6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကျက်သရေဆောင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကျက်သရေဆောင်လေးဆူ ဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ ပြည်မြို့ ညနေနေဝင်ချိန်ရှုခင်းအား ကြည့်ရှုသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_393.html
👍 29🙏 12❤ 7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ မင်းပူးဦးဩဘာသခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/msme.html
👍 30❤ 12
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မကွေးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ် သီဟသူရကျင်စံခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_388.html
👍 33❤ 7
Photo unavailableShow in Telegram
စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မှုမရှိခြင်းကြောင့် ပြည်သူများတွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိရာ ယခုသန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည် ပထမခြေလှမ်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယမန်နေ့က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)တွင် စက်ရုံသစ်တည်ဆောက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_414.html
👍 33❤ 9👏 1
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် "Htet Aung Victor" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မန်းရပ်ကွက်နေ ထက်အောင်လင်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က တောင်ငူမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း၌ တရားဥပဒေ နှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
#News #MNP
👍 30❤ 7👏 4
တောင်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ၁၃၄၅ အချိန် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ သံသုမာလမ်းတွင် လမ်းလျှောက်လာသူ ဖြိုးဇော် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၄၁၅ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မရွှန်းလဲ့ဗိုလ် အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၃)ရပ်ကွက်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း၊ ၁၆၁၅ အချိန် ကျော်ကျော်မင်း အား မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ၁၇၂၅ အချိန် ကျော်ကျော်မင်း နေထိုင်သည့် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၀၀)အား လည်းကောင်း၊ ၂၁၀၀ အချိန် မခင်ချိုချိုနိုင် အား တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ၁၄၅၀ အချိန် မခင်ချိုချိုနိုင် နေထိုင်သည့် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၄၀)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဖြိုးဇော်(၄၆)နှစ်၊ မရွှန်းလဲ့ဗိုလ်(၃၁)နှစ်၊ ကျော်ကျော်မင်း(၃၈)နှစ် နှင့် မခင်ချိုချိုနိုင်(၃၃)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News #MNP
👍 36❤ 9👏 6
Photo unavailableShow in Telegram
မူဆယ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ ၁၀၅၀ အချိန် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ ထွန်းထွန်းနိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၃၇၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၅၅.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၇၅၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၆၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထွန်းထွန်းနိုင်(၃၃)နှစ်အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News #MNP
👍 32👏 5❤ 1
Photo unavailableShow in Telegram
အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာညီလာခံကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Intercontinental Bangkok ဟိုတယ်၌ ကျင်းပသည်။
ညီလာခံဖွင့်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ပြီး ရဝမ်ဒါ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ တောင်ဆူဒန်၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံပေါင်း ၅၈ နိုင်ငံနှင့် UNODC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_834.html
👍 29👏 4❤ 2
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲသို့တက်ရောက်
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်တို့သည် ကရင်တိုင်းရင်းသားတို့၏ ဖိတ်ကြားချက်အရ ၁၉-၁၂-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် ဇေယျာသီရိမြို့နယ် ပုပ္ပားကုန်းရပ်ကွက်တွင် ကျင်းပပြုလုပ်သော ကရင်အမျိုးသားနှစ်သစ်ကူးပွဲသို့ တက်ရောက်ခဲ့ပြီး ကရင်ရိုးရာယဉ်ကျေးမှုအကများအားပေးခြင်း၊ ဆုတောင်းမေတ္တာချီးမွမ်းခြင်းတို့အား ခံယူပြီး ကရင်တိုင်းရင်းသားများနှင့်အတူ ရင်းနှီးချစ်ခင်စွာဖြင့် ဆင်နွဲခဲ့ကြောင်း သိရသည်။
#News #MNP
👍 28❤ 6
လစ်လပ်လျက်ရှိသည့် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် (၂)ပါးနေရာတို့အတွက် အစားထိုးရွေးချယ်ပွဲ အခမ်းအနား ကျင်းပ
မောက်မယ်၊ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်နှင့် မိုးနဲမြို့နယ်တို့တွင် လစ်လပ်လျက်ရှိသည့် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် (၂)ပါးနေရာတို့အတွက် အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက ကမ္မဋ္ဌာန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ လဲချားမြို့ ဟော်ခမ်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဘောဂါဘိပါလ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က အစည်းအဝေးဖွင့် သြဝါဒကထာမြွက်ကြားတော်မူပြီး လစ်လပ်လျက်ရှိသော မောက်မယ်မြို့နယ်နှင့် မိုးနဲမြို့နယ် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် (၂)ပါးနေရာတို့အတွက် အခမ်းအနားမှူးဆရာတော်မှ အမည်စာရင်းဖတ်ကြားခြင်း၊ အစားထိုးရွေးချယ်နိုင်ရန် ဆရာတော်ကြီးများ၏ အမည်စာရင်းတင်သွင်းခြင်းနှင့် အတည်ပြုခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
#MNP #News #2025Election
👍 30🙏 14❤ 1
18:27
Video unavailableShow in Telegram
လူတွေရဲ့ ရှင်သန်မှုကို ဖျက်ဆီးလိုသူ မဖြစ်ပါစေနဲ့၊
လျှပ်စစ်ဓာတ်အား ပြည့်စုံလုံလောက်ရေး မြစ်ဆုံစီမံကိန်း အမြန်ဆုံးဆောင်ရွက်ပေး၊
မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်ခန့်မယ်၊
ကိုယ်စားလှယ်တော်ကြီးများကို ဘယ်လိုခေါင်းခေါက် ရွေးချယ်ကြမလဲ၊
(၂၀-၁၂-၂၀၂၅ ရက်နေ့ ဆွေးနွေးတင်ပြချက်)
#News #MNP
218.MP4415.86 MB
👍 37❤ 18
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ သားဖွားဆရာမ ၁ ဦးအပါအဝင် အပြစ်မဲ့ ဒေသခံပြည်သူ ၆ ဦးတို့အား ရက်စက်စွာလုပ်ကြံသတ်ဖြတ်
နေပြည်တော်၊ ဒီဇင်ဘာ - ၂၀
😢 35🤬 16❤ 5👍 4😱 2
Photo unavailableShow in Telegram
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများပြုပြင်နေမှုနှင့် အိမ်ရာအသစ်များ တည်ဆောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများပြုပြင်နေမှုနှင့် နိုင်ငံတော်ကအိမ်ရာအသစ်များ တည်ဆောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ လိမ္မော်အရောင်အဆင့် သတ်မှတ်ထားသော အဆောက်အအုံများပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအဆင့်အလိုက် အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်အဆင့် ခွဲခြားသတ်မှတ်၍ အဆင့်အလိုက် ပြင်ဆင်ဆောင်ရွက်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_412.html
👍 35❤ 10
Photo unavailableShow in Telegram
ရုရှား-တရုတ် ဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးသော အကြောင်းရင်းဖြစ်သည်ဟု ပူတင် ဆို
မော်စကို၊ ဒီဇင်ဘာ ၂၀
ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပသော “နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်း” အခမ်းအနား၌ ဆင်ဟွာသတင်းထောက်တစ်ဦး၏ မေးခွန်းကို ဖြေကြားရာတွင် ရုရှားသမ္မတ ဗလာတီမာပူတင်က ရုရှား-တရုတ် ဆက်ဆံရေးသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး ရုရှား-တရုတ် ဆက်ဆံရေးသည် ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးသော အကြောင်းရင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှား-တရုတ် နှစ်နိုင်ငံ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၀ မှ ၂၅၀ ဘီလီယံအထိရှိသော အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် အဆင့်မြင့်နည်းပညာသုံး ထုတ်လုပ်မှုလုပ်ငန်း၊ သိပ္ပံ ပညာရေး၊ လူမှုယဉ်ကျေးမှု၊ အာကာသစူးစမ်းလေ့လာရေး ကဏ္ဍတို့တွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများရရှိခဲ့ရာ ယင်းမှာ နှစ်နိုင်ငံအကြား အဆင့်မြင့် အပြန်အလှန်ယုံကြည်မှုကို ထင်ဟပ်စေခဲ့ကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။
“ဒါတွေအားလုံးက ကျွန်တော်ထပ်တလဲလဲ အလေးပေးပြောကြားခဲ့သလိုပဲ ရုရှား-တရုတ် ဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးတဲ့ အကြောင်းရင်းဖြစ်တယ်ဆိုတာကို ပြသနေတယ်” ဟူ၍ ပူတင်က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် အနာဂတ်တွင် တရုတ်နှင့် မိတ်ဆွေဖြစ် ဆက်ဆံရေးကို ဆက်လက်တိုးတက်သွားစေရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref - (Xinhua)
#News #MNP #International
👍 38❤ 15👏 1
ရုရှား - မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ စတင်တည်ဆောက်
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အထောက်အပံ့အဖြစ် ရုရှားနိုင်ငံ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက် Agriculture Development ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် ရုရှား - မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ ပန္နက်တင်မင်္ဂလာနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာအုပ်စု အကွက်အမှတ်(၁၆၆၂)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ FUND RC-Investments မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Artemi Alimov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ Embassy Counsellor Mr. Andrei Lunak နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက်ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_430.html
👍 32❤ 17👏 2
Photo unavailableShow in Telegram
သီလဝါဆိပ်ကမ်းတွင် သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘော (Floating Storage Unit – FSU) ဆိုက်ကပ်၊ သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦး ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေ
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့်အတူ ယမန်နေ့က ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံဆောင်ရွက်နေသော သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော (Floating Storage Unit – FSU)၊ သဘာဝဓာတ်ငွေ့ရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) နှင့် သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦးဓာတ်အား ပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/floating-storage-unit-fsu.html
👍 38❤ 14👏 1
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ ပြည်သူများအား အနုပညာရှင်များ ဖျော်ဖြေတင်ဆက်
ကျောက်မဲ၊ ဒီဇင်ဘာ ၂၀
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ပြည်သူများအား ဖျော်ဖြေတင်ဆက်ရန်အတွက် ယမန်နေ့က နေပြည်တော်မှထွက်ခွာရာ ညနေပိုင်းတွင် ကျောက်မဲမြို့သို့ ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ကျောက်မဲမြို့နယ် ပြည်သူများနှင့် ဝန်ထမ်းများက ကျောက်မဲမြို့အဝင်မုခ်ဦး၌ လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး အနုပညာရှင်များနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမ၌ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး တွေ့ဆုံပွဲကိုကျင်းပရာ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” Video Clip ကို ဦးစွာ ဖွင့်လှစ်ပြသသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_623.html
❤ 17👍 16
02:40
Video unavailableShow in Telegram
ကိုယ်စားလှယ်တွေကို ခေါင်းခေါက်ရွေးချယ်ကြဖို့ မိန့်ကြားချက်
#News #MNP #2025Election
217.MP460.49 MB
👍 37🙏 24❤ 8
