es
Feedback
အေအန်န်အမ်မ်တီ

အေအန်န်အမ်မ်တီ

Ir al canal en Telegram

အကူအညီပေးသောလက်များဟာ ဘုရားစာရွတ်ဆိုသောပါးစပ်များထက် ပို၍မြင့်မြတ်တယ်။

Mostrar más
2025 año en númerossnowflakes fon
card fon
14 319
Suscriptores
-924 horas
-547 días
-20430 días
Archivo de publicaciones
ကိုခန့်ကိုကေ့စ် အပိုဒ် ၁ ကိုခန့်ကို (ကပ္ပတိန်ဇီးရိုး)ကပါ ထွက်ရှင်းပြီဆိုတော့ ကျွန်တော်လည်း ဝင်ပြောပါမယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကျွန်တော့်ကောင်မလေးဆီကို May Su Zaw (May Truly) ဆိုတဲ့အကောင့်တစ်ခုက ဖုန်းတွေခေါ် စာတွေ ss တွေပို့ပြီး ကေ့စ်တစ်ခုကိုတိုင်ပါတယ်။ ကျွန်တော်ရော မယ်ခန့်ရောက ထိုအကောင့်ကို လုံးဝမသိပါ။ မယ့်အနေနဲ့ နားမလည်တာကြောင့် ကျွန်တော့်ဆီလွှတ်လိုက်ဖို့ မယ့်ကို ပြောပြလိုက်ပါတယ်။ ခဏအကြာမှာပဲ ကျွန်တော့်ရဲ့ဖေ့စ်ဘွတ်အကောင့်ကို ရောက်လာပြီး "Hello... ညီမကို ကယ်ပါ"ဆိုတဲ့ စကားနဲ့အစချီလို့ အကြောင်းအရာအစုံ ရှင်းရှင်းလင်းလင်းပြောပြဖို့အတွက် ကျွန်တော်တုံ့ပြန်ခဲ့ပါတယ်။ အဲ့မှာ Screenshot ပေါင်းစုံပြတဲ့အပြင် သူ့မှာ အသံဖိုင်၊ ဗီဒီယိုဖိုင်တွေ သက်သေရှိကြောင်းပြောပြီး ကျွန်တော့် Telegram အကောင့်တောင်းပါတယ်၊ တယ်လီဂရမ်မှာ သူပြတဲ့ ss တွေနဲ့ သူရေးတဲ့စာတွေကို ဖတ်ရှုပြီးတဲ့နောက် နောက်ထပ် ၂ နာရီလောက်အကြာမှာပဲ ကျွန်တော့်ကို Messenger ကနေ ဖုန်းခေါ်ပါတယ်။ ပထမအစက သူလာဆက်သွယ်တုန်းကအတိုင်း ကျွန်တော်က ဘာကိုကယ်ရမလဲပေါ့၊ သူပြောပြတဲ့ အကြောင်းအရာတွေထဲမှာ ကိုခန့်ကိုက သူ့ကို အသ-က်အန္တရာယ်ခြိ-မ်းခြော-က်တယ်ဆိုတဲ့ အချက်အလက်ပါနေလို့ တကယ်တမ်းသာ ကိုခန့်ကိုဘက်က ခြိ-မ်းခြော-က်ခဲ့တာမှန်ခဲ့ရင် ကျွန်တော်က သူ့ဘက်ကနေ အပြည့်အဝ ရပ်တည်ပေးဖို့အတွက်ပါ။ သို့ပေမယ့် ကျွန်တော့်ကိုပြတဲ့ ss တွေထဲမှာ ကိုခန့်ကိုဘက်က သူ့ကို ခြိ-မ်းခြော-က်ပါတယ်ဆိုတဲ့ သက်သေတစ်ခုမှမပါခဲ့သလို၊ ကိုခန့်ကိုနဲ့ သူနဲ့ s-x chat ပါတယ်ဆိုတဲ့ ဗီဒီယိုမှတ်တမ်းတွေလည်းမပါဝင်ပဲ၊ သူနဲ့အပြန်အလှန် ရင်းနှီးကြတဲ့ အချိတ်အဆက်အပြောအဆို စာကြောင်းတွေသာ ပါဝင်ပါတယ်။ ကျွန်တော့်ရဲ့ မူရင်းရည်ရွယ်ချက်ကိုက "ခြိမ်းခြော-က်တယ်"ဆိုတဲ့ကိစ္စအတွက်သာ ရပ်တည်ချင်တာပါ။ ပြီးတော့ ကိုခန့်ကိုက "သူ့အကောင့်ထဲက မိန်းကလေးတိုင်းကို ဖွန်ကြောင်နေတဲ့သူဖြစ်ကြောင်း၊ မိန်းကလေးတိုင်းက သူ့ကိုကြိုက်နေတယ်ထင်နေတာဖြစ်ကြောင်း၊ သူ့ကိုယ်သူ အထင်ကြီးနေတာဖြစ်ကြောင်း၊ အဲ့ဒီသက်သေအချက်အလက်တွေရှိကြောင်း" ကျွန်တော့်ကို စကားအနေနဲ့ပြောပြီး အဲ့ဒါကိုသက်သေပြနိုင်တဲ့ အချက်အလက်မျိုး ကျွန်တော့်ဆီမပို့လာဘူး။ ဖုန်းထဲမှာ သူပြောပြတဲ့ အကြောင်းအရာတွေကို နာရီဝက်ကျော်လောက် စိတ်ရှည်ရှည်နဲ့နားထောင်အပြီးမှာပဲ ကိုခန့်ကိုဆီ ကျွန်တော်ထပ်မံ သွားရောက်စုံစမ်းဖြစ်ပါတယ်။ အဲ့မှာမှ အခုကိစ္စမတိုင်ခင် ဟိုယခင်ရှေ့တုန်းက သင်္ကြန်အတာဆိုတဲ့တစ်ယောက်နဲ့ ထိုအမျိုးသမီးနဲ့ ဖြစ်ခဲ့တဲ့ကိစ္စအပြင် အခြားသောဖြစ်စဥ်တွေကို သိရတာပါ။ အဲ့ကိစ္စတုန်းကလည်း ဒီတစ်ယောက်ကပဲ ဒီလိုတွေလုပ်ခဲ့ကြောင်း လွန်ခဲ့ပြီးသောအချိန်က မခင်မို့မို့ရေးတင်ထားခဲ့တဲ့ အချက်အလက်တွေကိုလည်း ဖတ်လိုက်ရပါတယ်။ (ကွန့်မန့်မှာ လင့်ခ်ထည့်ပေးထားတယ်) အဲ့မှာကျွန်တော်သိလိုက်ရတာက ဒီအမျိုးသမီးက ကျွန်တော့်တစ်ဦးတည်းကိုပဲ ဒါတွေလာပြောပြတာမျိုးမဟုတ်ပဲ နောက်ကွယ်မှာ ကိုခန့်ကိုနဲ့ ပတ်သက်သမျှ အနီးပတ်ဝန်းကျင်က လူတွေ(အမျိုးသမီးအများစု)ဆီကို လနဲ့ချီပြီး လိုက်ဖြန့်ပြီးသားဖြစ်နေတဲ့ကိစ္စပါ။ ဒါဆိုရင် ကျွန်တော်နဲ့ ဖုန်းပြောတုန်းက ကိုခန့်ကိုရဲ့သိက္ခာကိုငဲ့နေလို့ public ဆီမရောက်ချင်လို့ဆိုပြီး ကျွန်တော့်ကိုပြောသလဲပေါ့။ အကြောင်းအရာတွေ ဆက်စပ်တွေးမိပြီးနောက် သူနဲ့ဖုန်းပြောပြီးကတည်းက သူ့စာတွေလည်းဝင်မကြည့်တော့ပဲ ဒီကိစ္စကသွေးရိုးသားရိုးမဟုတ်ကြောင်း ရိပ်စားမိတာကြောင့်ရယ်၊ အဲ့အချိန်က ကျွန်တော်ပြုလုပ်နေတဲ့ ကမ်ပိန်းကလည်း မပြီးသေးတာမို့ ကိုယ့်သဘောနဲ့ကိုယ် သူနဲ့မဆက်သွယ်တော့ ရှောင်ဖယ်နေလိုက်တယ်ပေါ့။ သူ့စာတွေဝင်မကြည့်တော့ပေမယ့် သူပို့တဲ့အဝင်စာတွေကို noti ဘားမှ မြင်ရပါတယ်။ ရှေ့မှာ သူပြောတုန်းကတော့ ကိုခန့်ကိုကို သူကြော-က်ကြောင်း၊ သူနဲ့မပတ်သက်ချင်တော့ဘူး၊ သူနဲ့ဝေးဝေးနေချင်တာမျိုး၊ သူ့ကို ဆက်မနှောက်ယှက်ဖို့ ဘာဘာညာညာပေါ့။ တကယ်တမ်းတော့ သူကိုယ်တိုင်က လိုက်ပတ်သက်နေတာကို သူရဲ့နောက်ပိုင်းပို့တဲ့စာတွေအပြင် အခြားအခြားသောလူတွေဆီ သူကိုယ်တိုင် ထပ်မံသွားပို့တဲ့စာတွေမှာ တွေ့ရမြင်ရတယ်။ မိမိအသ-က်အန္တရာယ်ကို ခြိ-မ်းခြော-က်နေတဲ့သူနဲ့ ဘယ်လိုလူမျိုးက ဆက်ပြီးပတ်သက်ချင်နေသလဲပေါ့။ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အသိမိတ်ဆွေအစ်ကိုတစ်ယောက်က ကိုခန့်ကိုကေ့စ်နဲ့ပတ်သက်ပြီး ပထမဦးဆုံးအကြိမ် သူ့အကောင့်မှာရေးတင်ထားတဲ့ပို့စ်ကို ဖတ်လိုက်ရပါတယ်၊ ကျွန်တော်ရှည်ရှည်ဝေးဝေး ထပ်မရှင်းပြချင်လို့ ကွန့်မန့်မှာ ss တွေနဲ့ဖော်ပြပေးထားပါမယ်။ အဲ့ပို့စ်အပြီးမှာ ကိုရီးယားက မာမီပန်(အလှလေးပန်) ဆိုတဲ့အစ်မကလည်း ပို့စ်ရေးတင်ရင်း ထိုအမျိုးသမီးရဲ့အကောင့်တွေကို သတိထားကြဖို့ Link တွေ ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။ အပိုဒ် ၂ အား အောက်တွင်ဆက်လက်ဖတ်ရှုရန်...👇 #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
30👍 4
Photo unavailableShow in Telegram
ငါပြောချင်တာ ဒါကွာ၊ PDF ရဲဘော်တစ်ယောက်ကို "ဘယ်နေ့tayမလဲမသိလို့ လိ-င်စိတ်အခက်အခဲဖြစ်နေမယ်ဆိုပြီး သဘောတူ s-x chat တယ်ပေါ့" ဆိုတဲ့စကားကို May Truly ကိုယ်တိုင် ပြောထားတာ။ ကျွန်တော့်ဆီ လာတိုင်တာတော့်မဟုတ်၊ အခြားသူဆီ သွားတိုင်ထားတာ။ ဒီကိစ္စက အခု ကိုခန့်ကိုကိစ္စမတိုင်ခင်ကတည်းက ဖြစ်ခဲ့တဲ့ကိစ္စ။ ဒီအမျိုးသမီးက တော်လှ-န်ရေးဘက်အခြမ်းက လူတွေကို သူကိုယ်တိုင် လိုလိုလားလားလုပ်ဆောင်ခဲ့ပြီးမှ သူက မတရားခံနေရသလိုမျိုး ပုံဖော်နေတာ။ သူ့ရဲ့စေတနာသဒ္ဒါတရား ကြီးမားမှုကြီးကို ကျွန်တော်တော့ တော်တော်လေးအံ့သြနေမိတာပဲ။ သာဓုတောင် ခေါ်ရမလိုလို....😑 အကြောင်းစုံသိချင်ရင် ကွန့်မန့်မှာ ဖော်ပြထားတယ်၊ ဖတ်ချင်ဖတ် မဖတ်ချင်နေ။ https://www.facebook.com/share/p/16HD4p9qZ1/ #အေအန်န်အမ်မ်တီ
Mostrar todo...
👍 29 1
Photo unavailableShow in Telegram
ကိုခန့်ကို (ကပ္ပတိန်ဇီးရိုး)ကပါ ထွက်ရှင်းပြီဆိုတော့ ကျွန်တော်လည်း ဝင်ပြောပါမယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကျွန်တော့်ကောင်မလေးဆီကို May Su Zaw (May Truly) ဆိုတဲ့အကောင့်တစ်ခုက ဖုန်းတွေခေါ် စာတွေ ss တွေပို့ပြီး ကေ့စ်တစ်ခုကိုတိုင်ပါတယ်။ Facebook တွင် အပြည့်အစုံဖတ်ရှုရန်... https://www.facebook.com/share/p/1GCxTNuA8p/ #အေအန်န်အမ်မ်တီ
Mostrar todo...
👍 33 4
Photo unavailableShow in Telegram
သူငယ်ငယ် (မွေးကင်းစ)တုန်းက သူ့ အမေရဲ့လက်ထဲကနေ မြေကြီးပေါ်ကို ငယ်ထိ-ပ်နဲ့ ပြု-တ်ကျတာဖြစ်ရင်ဖြစ်၊ အဲ့လိုမှမဟုတ်ရင် ပုခတ်ကြိုးပြ-တ်ကျတာပဲဖြစ်မယ်...🙂 #အေအန်န်အမ်မ်တီ Telegram Channel https://t.me/ANMTarnoldmyotint/9341
Mostrar todo...
😁 83 2
https://t.me/ANMTarnoldmyotint/9337?single တော်လှန်ရေး အဖွဲ့ ၁၉ ဖွဲ့နဲ့ စုဖွဲ့လိုက်တဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ပေါ်ပေါက်လာတာဟာ ၂၀၂၅ ခုနှစ်နှောင်းပိုင်း မြန်မာ့တော်လှန်ရေး အခင်းအကျင်းအတွက် တော်တော်လေး အရေးပါတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ စစ်ရေးအမြင်အရကြည့်ရင် လက်တွေ့ အကျိုးဆက်ကတော့ စစ်ဆင်ရေးပိုင်းဆိုင်ရာ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု (Operational Synergy) ပါပဲ။ အရင်က ဒီအဖွဲ့တွေဟာ သီးခြားစီ သို့မဟုတ် အနည်အကျဥ်းသာ ပူးပေါင်း လှုပ်ရှားခဲ့ကြတာပါ။ အခုလို တရားဝင် မဟာမိတ် ဖွဲ့လိုက်တဲ့အတွက် ထောက်ပို့ကိစ္စတွေ စနစ်တကျ လုပ်လာနိုင်မယ်၊ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖလှယ်နိုင်ပြီး စစ်ဆင်ရေးတွေကို ပူးပေါင်းဖော်ဆောင်လာနိုင်ပါတယ်။ KNDF လို မြို့သိမ်းတိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်နေတဲ့ အဖွဲ့တွေနဲ့ BPLA၊ မကွေး/စစ်ကိုင်း PDF တွေ ပေါင်းစပ်လိုက်တဲ့အတွက် တိုက်ခိုက်ရေးစွမ်းရည်နဲ့ ဗျူဟာပိုင်းဆိုင်ရာ ဗဟုသုတတွေ ပိုပြီး လျင်လျင်မြန်မြန် ဖလှယ်နိုင်လာပါလိမ့်မယ်။ ပြည်နယ်နဲ့ တိုင်း နယ်နိမိတ်တွေကို ကျော်ပြီး (ဥပမာ - ကရင်နီကနေ ရှမ်း၊ ဒါမှမဟုတ် အညာဘက်အထိ) စစ်ဆင်ရေးကြီးတွေ ဖော်ဆောင် လာနိုင်တဲ့အတွက် စစ်ကောင်စီတပ်တွေ အနေနဲ့ ပိုမို ဗျာများသွားနိုင်ပါတယ်။ နိုင်ငံရေးအမြင်အရ ကြည့်ရင် ဒီတပ်တွေဟာ NUG ရဲ့ ကွပ်ကဲမှုအောက်မှာ မရှိပေမယ့် အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှုတွေ လုပ်သွားမယ်၊ NUG နဲ့ဆွေးနွေးမှုတွေ ရှိထားပြီး အားကောင်းတဲ့ပူးပေါင်းဆောက်ရွက်မှုတွေ လုပ်မယ်လို့ ပြောရေးဆိုခွင့် ရှိသူက မီဒီယာကို ပြောတဲ့အချက်က အတော်လေး အရေးကြီးပါတယ်။ ဒါဟာ တော်လှန်ရေးမှာ အားကောင်းတဲ့ တတိယ အင်အားစု (Third Bloc) တစ်ခု ပေါ်လာတာပါပဲ။ အဲဒါဟာ NUG အပေါ်တော့ ဖိအား သက်ရောက် နိုင်ပါတယ်။ တကယ်လို့များ SRA က MOD တပ်ရင်းတွေထက် စွမ်းဆောင်ရည် ပိုကောင်းနေရင် NUG အနေနဲ့ စစ်ရေးကဏ္ဍမှာ အရေးပါမှု လျော့ကျသွားနိုင်ပါတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဘက် ကောင်းကောင်း ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ ဒါဟာ အထက်စီးက အမိန့်ပေးတာမျိုး မဟုတ်ဘဲ အောက်ခြေကနေ စုဖွဲ့လာတဲ့ ဖက်ဒရယ် တပ်မတော် ပုံစံမျိုး ဖြစ်လာနိုင်ပါတယ်။ မကွေး PDF၊ စစ်ကိုင်း PDF၊ ယော (YDF) နဲ့ 96 Soldiers တို့ ပါဝင်လာတာဟာ သော့ချက်တစ်ခု ဖြစ်ပါတယ်။ အညာဒေသဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုဒဏ်ကို အခံရဆုံး ဖြစ်ပေမယ့် လက်နက်တပ်ဆင်မှုနဲ့ ကွပ်ကဲမှုအပိုင်းမှာတော့ အကွဲကွဲအပြားပြား ဖြစ်နေခဲ့တာပါ။ အခုလို မဟာမိတ်ဖွဲ့လိုက်တာက ဗမာပြည်မ အလယ်ပိုင်းမှာ ညီညွတ်တဲ့ တပ်ပေါင်းစုတစ်ခုကို ဖြစ်လာစေပါတယ်။ KNDF တို့၊ ချင်းညီနောင်တို့ ဘက်ကနေသာ အရှေ့ အနောက် လမ်းကြောင်းပွင့်ပြီး အညာအဖွဲ့တွေကို လက်နက် လုံလုံလောက်လောက် ဖြည့်တင်းပေးနိုင်ရင် စစ်ကောင်စီအနေနဲ့ အလယ်ပိုင်းဒေသမှာ အသာစီးရနေတာတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါဟာ စစ်ကိုင်းနဲ့ မကွေးမှာ ဖြစ်နေတဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ (Stalemate) ကို ဖြိုခွင်းနိုင်မယ့် နည်းလမ်း ဖြစ်လာနိုင်ပါတယ်။ အဖွဲ့ဝင်တွေရဲ့ ဖွဲ့စည်းပုံကို ကြည့်ရင် ဖက်ဒရယ်ရဲ့ သဘောတရားကို လက်တွေ့မြင်ရမှာပါ။ ချင်း (CB)၊ ပအိုဝ်း (PNDF)၊ ဓနု (DPLF)၊ မွန် (MSRF)၊ ကရင်နီ (KNDF) နဲ့ ဗမာအဖွဲ့တွေ အားလုံးက ပဋိညာဉ်တစ်ခုတည်းအောက်မှာ စုစည်းလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်ကို တကယ် တော်လှန်နေတဲ့ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ မဟာမိတ်တပ်ဆိုတာကို ပေါ်လွင်စေပါတယ်။ ဒါ့အပြင် မိုးကုတ်/မိုးမိတ် ကိစ္စလိုမျိုး မဟာမိတ် အချင်းချင်း သဘောထား ကွဲလွဲတာတွေ ရှောင်လွှဲ နိုင်ပါလိမ့်မယ်။ အချုပ် ပြောရရင် SRA ဖွဲ့စည်းလိုက်တာဟာ NUG ရဲ့ ဗဟိုထိန်းချုပ်မှုအတွက် စိန်ခေါ်မှုတချို့ ရှိနိုင်ပေမယ့် တော်လှန်ရေး တစ်ခုလုံးအတွက်တော့ အပေါင်း လက္ခဏာ ဆောင်ပါတယ်။ မကြာခင်မှာ ရှမ်း၊ ကယား နဲ့ အညာဒေသ ဆက်စပ်နေတဲ့ L of C လမ်းကြောင်းတွေကို ပစ်မှတ်ထားတဲ့ ဟန်ချက်ညီ တိုက်ခိုက်မှုတွေ ပိုမြင်လာရနိုင်ပါတယ်။ ရေရှည်မှာ SRA နဲ့ NUG သာ အချိတ်အဆက် မိမိ ပူးပေါင်းပြီး စစ်ဆင်ရေးတွေဖော်ဆောင်နိုင်မယ် ဆိုရင် ပြင်းထန်တဲ့ စစ်ရေးလှိုင်း ကြီးတွေကို မြင်ရဖို့ ရှိပါတယ်။ Zin Thaw Naing မူရင်းပို့စ်... https://www.facebook.com/share/p/17xH5WQmRU/ #အေအန်န်အမ်မ်တီ Telegram Channel https://t.me/ANMTarnoldmyotint/9340
Mostrar todo...
54👍 4🥰 2
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင်များ၏ တော်လှန်ရေးကတိကဝတ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၃ ရက် မူရင်းပို့စ်... https://www.facebook.com/share/p/14VAudBU6nk/ #အေအန်န်အမ်မ်တီ Telegram Channel https://t.me/ANMTarnoldmyotint/9337?single
Mostrar todo...
52🥰 4👍 2
“ပြည်သူလူထု၏ စစ်မှန်သောရွေးချယ်မှုကို အချက်အလက်များနှင့်တကွ ကမ္ဘာကသိရှိနိုင်ရန် True Choice Myanmar ပြည်သူ့ဆန္ဒသဘောထား ကောက်ယူမှု စတင်ခြင်း” https://t.me/ANMTarnoldmyotint/9335 ချစ်ခင်လေးစားရပါသော မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ လက်ရှိမှာ နိုင်ငံတကာက မြန်မာပြည်သူတို့၏ဆန္ဒ၊ မြန်မာပြည်သူတို့၏ ရွေးချယ်မှုတွေကို စစ်မှန်သော အချက်အလက်နှင့်တကွ သိနိုင်ဖို့ လိုအပ်လျှက်ရှိပါသည်။ ထိုကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့ True Choice Myanmar အစီအစဥ်ကို ပြုလုပ်ရခြင်းဖြစ်ပါသည်။ မြန်မာပြည်သူတို့ရဲ့အသံကို ကမ္ဘာက သက်သေနဲ့တကွ ကြားနိုင်ဖို့ True Choice Myanmar website မှတဆင့် ပြည်သူ့ဆန္ဒသဘောထားကောက်ယူမှုကို ယနေ့မှ စတင်လိုက်ပါသည်။ True Choice Myanmar သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်ဟောင်း၊ ယခင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြောရေးဆိုခွင့်ရှိသူနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဆာဆာ ကိုယ်တိုင် ဦးဆောင်ပြုလုပ်သော လွတ်လပ်ပြီး ပြည်သူကို ဗဟိုပြုသည့် အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။ ဒီအစီအစဉ်ကို နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း မိတ်ဖက်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ပြီးနောက် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ မိတ်ဆွေတို့၏ ဖြေကြားချက်များသည် နိုင်ငံတကာမိတ်ဖက်များအတွက် အကျဉ်းချုပ် အစီရင်ခံစာများနှင့် မဟာဗျူဟာမြောက် အမြင်များကို ပြုစုရာတွင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။ ကောက်ယူရရှိသော အချက်အလက်များကို True Choice Myanmar ၏ ခေါင်းဆောင်ပိုင်း၊ အချက်အလက် ခွဲခြမ်းစိတ်ဖြာရေးအဖွဲ့နှင့် အချက်အလက် ပုံဖော်တင်ပြရေးအဖွဲ့ (Data-visualisation team) တို့ကသာ ကြည့်ရှုခွင့်ရှိမည်ဖြစ်ပြီး ကောက်ယူထားသည့် အချက်အလက်များကို ကာကွယ်ရန်အတွက် လုံခြုံရေးဆိုင်ရာ အမြင့်ဆုံး စံချိန်စံညွှန်းများကို ကျင့်သုံးထားပါသည်။ အသက် (၁၈) နှစ်နှင့်အထက် မြန်မာပြည်သူများ ပြည်တွင်း၌ နေထိုင်သည်ဖြစ်စေ၊ ပြည်ပ၌ ရောက်ရှိနေသည်ဖြစ်စေ အားလုံးကို ပါဝင်ဖြေဆိုကြရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ စစ်တမ်းဖြေဆိုရန် ➡️ www.truechoicemyanmar.org မိမိတို့ မိသားစု မိတ်ဆွေ သူငယ်ချင်းတို့လည်း ကိုယ်ရဲ့ အသံကို ဖော်ထုတ်နိုင်ဖို့ ဤပို့စ့်ကို RCS လုပ်ပေးခြင်းဖြင့် ကူညီပေးကြပါစို့ Follow us Facebook - https://www.fb.com/truechoicemyanmar Instagram - https://www.instagr.am/truechoicemyanmar X (Twitter) - https://x.com/truechoicemm YouTube - https://youtube.com/@truechoicemyanmar LinkedIn - https://www.lnkd.in/in/truechoicemyanmar/ Telegram - https://t.me/truechoicemyanmar/ #TrueChoiceMyanmar #YourVoice #YourChoice #YourFuture #ပြည်သူ့ဆန္ဒသဘောထား #သင့်အသံသင့်ရွေးချယ်မှုသင့်အနာဂတ် #မြန်မာ့အသံကမ္ဘာကကြားစေဖို့ #ဖက်ဒရယ်ဒီမိုကရေစီ
Mostrar todo...
47👍 12
Photo unavailableShow in Telegram
“ပြည်သူလူထု၏ စစ်မှန်သောရွေးချယ်မှုကို အချက်အလက်များနှင့်တကွ ကမ္ဘာကသိရှိနိုင်ရန် True Choice Myanmar ပြည်သူ့ဆန္ဒသဘောထား ကောက်ယူမှု စတင်ခြင်း” အသက် (၁၈) နှစ်နှင့်အထက် မြန်မာပြည်သူများ ပြည်တွင်း၌ နေထိုင်သည်ဖြစ်စေ၊ ပြည်ပ၌ ရောက်ရှိနေသည်ဖြစ်စေ အားလုံးကို ပါဝင်ဖြေဆိုကြရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ စစ်တမ်းဖြေဆိုရန် ➡️ www.truechoicemyanmar.org Follow us Facebook - https://www.fb.com/truechoicemyanmar Instagram - https://www.instagr.am/truechoicemyanmar X (Twitter) - https://x.com/truechoicemm YouTube - https://youtube.com/@truechoicemyanmar LinkedIn - https://www.lnkd.in/in/truechoicemyanmar/ Telegram - https://t.me/truechoicemyanmar/ မူရင်းပို့စ်.. (RCS လုပ်ရန်)...👇 https://www.facebook.com/share/p/17XDmxffCi/ #TrueChoiceMyanmar #YourVoice #YourChoice #YourFuture #ပြည်သူ့ဆန္ဒသဘောထား #သင့်အသံသင့်ရွေးချယ်မှုသင့်အနာဂတ် #မြန်မာ့အသံကမ္ဘာကကြားစေဖို့ #ဖက်ဒရယ်ဒီမိုကရေစီ
Mostrar todo...
39👍 2🤣 1
တဆင့်ခံ ရက်တိုကမ်ပိန်း "Project 25" ငွေရှင်းတမ်း၊ ၂၁ သိန်း ရရှိခဲ့။ https://t.me/ANMTarnoldmyotint/9333 People's Guerilla Force - ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ အတွက် M4 တစ်လက်နှင့် ခဲယမ်းဖိုးရရှိစေရန် တဆင့်ခံပြုလုပ်ခဲ့သော ရက်တိုကမ်ပိန်းတွင် မိတ်ဆွေ ၃၃ ဦး လာရောက်ပါဝင်ထောက်ပံ့၍ မြန်မာငွေကျပ် ၂,၀၉၇,၀၀၀ (နှစ်ဆယ်သိန်း ကိုးသောင်း ခုနှစ်ထောင်ကျပ်) တိတိ လက်ခံရရှိခဲ့ပါတယ်။ တကယ်တော့ ဒီအကောင့်က ကမ်ပိန်းလုပ်ဆောင်တဲ့ အကောင့်မဟုတ်ပါဘူး၊ မိန်းအကောင့်ဖြစ်တဲ့ အာနိုး မျိုးတင့် အကောင့်ကနေသာ ကမ်ပိန်းတွေလုပ်ဆောင်တာဖြစ်ပြီး ထိုအကောင့်က တစ်လတိတိအပိတ်ခံထားရလို့ ဒီအကောင့်ကနေ ပထမဦးဆုံးအကြိမ် ကမ်ပိန်းပြုလုပ်လိုက်ရခြင်းဖြစ်ပါတယ်။ ရရှိငွေစုစုပေါင်း ဒီဇင်ဘာ ၈ ရက်နေ့ (၄ ဦး) _ ၂၁၈,၀၀၀ ဒီဇင်ဘာ ၉ ရက်နေ့ (၁၀ ဦး) _ ၃၆၃,၀၀၀ ဒီဇင်ဘာ ၁၀ ရက်နေ့ (၇ ဦး) _ ၈၀၀,၀၀၀ ဒီဇင်ဘာ ၁၁ ရက်နေ့ (၁၀ ဦး) _ ၆၁၆,၀၀၀ ဒီဇင်ဘာ ၁၂ ရက်နေ့ (၀ ဦး) _ ၀ ဒီဇင်ဘာ ၁၃ ရက်နေ့ (၁ ဦး) _ ၅၀,၀၀၀ ဒီဇင်ဘာ ၁၄ ရက်နေ့ (၁ ဦး) _ ၅၀,၀၀၀ . --------------------------------------- စုစုပေါင်း (၃၃ ဦး) ၂,၀၉၇,၀၀၀ ကျပ် ယခုပို့စ်ရဲ့ကွန့်မန့်ထဲမှာ ကမ်ပိန်းကာလအတွင်း ပါဝင်ခဲ့သူတိုင်းရဲ့ လုံခြုံရေးမထိခို-က်စေသော အမည်နှင့် ငွေအမောက်အတိအကျများကို နေ့စွဲအမှတ်စဥ်များနှင့်တကွ ပူးတွဲဖော်ပြပေးထားပါတယ်။ ထိုစာရင်းအတွင်း၌ မိမိနာမည်မပါရှိတာမျိုး၊ ငွေအမောက်မှားယွင်းနေတာမျိုးတွေ ရှိခဲ့ပါက အားမနာတမ်း ဝင်ရောက်ထောက်ပြနိုင်ပါတယ်ခင်ဗျာ။ ကမ်ပိန်းအတွက် ငွေကြေးပါဝင် ထည့်ကူခဲ့သူတွေအပြင်၊ ကမ်ပိန်းပို့စ်များအား ရိချ်တက်စေအောင် RCS လုပ်ဆောင်ပေးခဲ့သူ တစ်ဦးချင်းဆီတိုင်းအား ကျွန်တော် အေအန်န်အမ်မ်တီ မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။ 📌📍 မှတ်ချက် ။ ။ ကျွန်တော့် တဆင့်ခံကမ်ပိန်းက ပြီးဆုံးသွားပြီဆိုပေမယ့် Diary of Comrade ပေ့ချ်မှာတော့ "Project 25"ကမ်ပိန်းက အခုဒီဇင်ဘာ ၂၅ ရက်နေ့အထိ ရှိနေဦးမှာဖြစ်ပြီး အခုအချိန်အထိ ကမ်ပိန်းတားဂတ်ရဲ့ ၂၃ ရာခိုင်နှုန်းသာ ရရှိသေးတာဖြစ်လို့ အားဖြည့်ပါဝင်ပေးကြဖို့ အကြံပြုချင်ပါတယ်ခင်ဗျာ။ Facebook Post https://www.facebook.com/share/p/1BvvsBkERw/ #အေအန်န်အမ်မ်တီ
Mostrar todo...
40👍 9
Photo unavailableShow in Telegram
တဆင့်ခံ ရက်တိုကမ်ပိန်း "Project 25" ငွေရှင်းတမ်း၊ ၂၁ သိန်း ရရှိခဲ့။ ရရှိငွေစုစုပေါင်း ဒီဇင်ဘာ ၈ ရက်နေ့ (၄ ဦး) _ ၂၁၈,၀၀၀ ဒီဇင်ဘာ ၉ ရက်နေ့ (၁၀ ဦး) _ ၃၆၃,၀၀၀ ဒီဇင်ဘာ ၁၀ ရက်နေ့ (၇ ဦး) _ ၈၀၀,၀၀၀ ဒီဇင်ဘာ ၁၁ ရက်နေ့ (၁၀ ဦး) _ ၆၁၆,၀၀၀ ဒီဇင်ဘာ ၁၂ ရက်နေ့ (၀ ဦး) _ ၀ ဒီဇင်ဘာ ၁၃ ရက်နေ့ (၁ ဦး) _ ၅၀,၀၀၀ ဒီဇင်ဘာ ၁၄ ရက်နေ့ (၁ ဦး) _ ၅၀,၀၀၀ . --------------------------------------- စုစုပေါင်း (၃၃ ဦး) ၂,၀၉၇,၀၀၀ ကျပ် Facebook Post... https://www.facebook.com/share/p/1BvvsBkERw/ #အေအန်န်အမ်မ်တီ
Mostrar todo...
46👍 5
Vero Nika (ဘလော်နီကာ)က သူ့ကို Boycott မယ့်အကြောင်း မိထော်ကရေးတင်တော့ မိထော်ပို့စ်ကိုရှဲပြီး စစ်Khway Ballမတွေ မန့်ထားကြတဲ့ "ထောက်ပို့ThaKhoe၊ အလှူငွေဘုံးတယ်၊ လ-င်ကောင် မပေါ်"ဆိုတဲ့ အောက်လုံးတွေကို သူ့ဖန်တွေမြင်စေဖို့ မိထော်ရဲ့ပို့စ်ကွန့်မန့်ထဲ ဝင်ဖတ်ကြဖို့ တိုက်တွန်းထားတာကိုတွေ့ရတယ်။ https://t.me/ANMTarnoldmyotint/9330?single မိထော်ဆိုတာ PDF ရဲဘော်တစ်ဦးဖြစ်တဲ့အပြင် သူ့ရဲ့တပ်ရင်းအတွက် ထောက်ပို့ရေးအပိုင်းကို တာဝန်ယူထားပြီး တပ်ရင်းတစ်ခုလုံးရဲ့ အားကိုးအားထားခံရသူဖြစ်ပါတယ်။ မိထော်ဆိုတာ လူလိ-မ်လူယု-တ်တွေဘက်ကနေ နာမည်ဆင်တူ အကောင့်အတု ပေ့ချ်အတု အများဆုံးအဖွင့်ခံရလောက်တဲ့အထိ တော်လှန်ပြည်သူရဲ့ထောက်ပို့မှုအင်အားကို ရထားတဲ့သူဖြစ်ပါတယ်။ မိထော်ကို ဘလော်နီကာ မသိတာက ကိစ္စမရှိပေမယ့် စစ်Khway Ballမတွေ အောက်လုံးHtoe အပု-ပ်ချထားတဲ့စကားလုံးတွေကို အမှန်တရားယောင်ယောင် သူ့ဖန်တွေကို မှတ်ယူခိုင်းတာကတော့ တော်တော်outတန်းကျတဲ့လုပ်ရပ်ပါပဲ။ မသိရင် စုံစမ်းလို့ရပါတယ်။ ခင်ဗျားကို BC/SP လုပ်ဖို့ပြောနေတဲ့သူတွေက မိထော်တစ်ယောက်တည်းမဟုတ်ပါ၊ ခင်ဗျားလုပ်ရပ်တွေက သက်သေအဖြစ်ရှိနေလို့ပါ။ မိထော်ကို ခင်ဗျား ပြန်တုံ့ပြန်တာကျတော့ သူများယောင်လို့လိုက်ယောင်တဲ့အကွက်၊ ဟုတ်မှန်းမသိ၊ မဟုတ်မှန်းမသိ၊ လူယုတ်မာတွေရဲ့စကားတွေကို ဇွတ်တွေ ပရိုမိုးရှင်းဆင်းတော့တာပဲ။ #အေအန်န်အမ်မ်တီ မိထော်ကို မသိတာက ပြဿနာမဟုတ်ပါ။ ဒါပေမဲ့ စစ်Khwayတွေရဲလေသံအတိုင်း သံယောင်လိုက်တာကတော့ ပြဿနာဖြစ်သွားပါပြီ... Vero Nika ရှဲထားတဲ့ပို့စ်... https://www.facebook.com/share/p/1Dmrod793z/ မိထော် မူရင်းပို့စ်... https://www.facebook.com/share/p/18DHSeAhoW/
Mostrar todo...
👍 65 7
မိထော်ကို မသိတာက ပြဿနာမဟုတ်ပါ။ ဒါပေမဲ့ စစ်Khwayတွေရဲလေသံအတိုင်း သံယောင်လိုက်တာကတော့ ပြဿနာဖြစ်သွားပါပြီ... Vero Nika ရှဲထားတဲ့ပို့စ်... https://www.facebook.com/share/p/1Dmrod793z/ မိထော် မူရင်းပို့စ်... https://www.facebook.com/share/p/18DHSeAhoW/
Mostrar todo...
👍 54
ကဲ... ဒါကတော့ ရွံစရာဖြစ်သွားပြီမို့ Follow သာ ဖြုတ်ကြပါ၊ ကျွန်တော်ကတော့ ဘလော့ပါဘလော့ပါပြီ။ ဖြစ်ကြောင်းကုန်စဥ်ကို အောက်က link ထဲမှာဝင်ဖတ်နိုင်ပါတယ်၊ မန့်တွေထဲမှာလည်း အချက်အလက် ss တွေ ထည့်သွင်းပေးထားပါတယ်... https://www.facebook.com/share/p/1CsdntDYgq/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
👍 55 6🤣 2
Photo unavailableShow in Telegram
တော်လှ-န်ရေးမှာ Boycott နဲ့ Social Punishment ပြုလုပ်တတ်ဖို့ဆိုရင် အဓိကလိုအပ်တဲ့ အရည်အချင်းကတော့ "နိုင်ငံရေးသမား"ဖြစ်ရပါမယ်....😩 ပုံ - ဗလော်နီကာ https://www.facebook.com/share/p/1C2P15xFke/ #အေအန်န်အမ်မ်တီ
Mostrar todo...
👍 51😁 10 6
ပြီးခဲ့တဲ့ ၁ နှစ်ကျော်လောက်မှာ Vero Nika (Vero Nika) ကို စမိုင်းလ်ပို့စ်အောက်မှာ တွေ့လိုက်ကတည်းက ကျွန်တော် လုံးဝဆက်အားမပေးတော့ပေမယ့် သူ့ကိုတော့ တို-က်ခို-က်မှု တစုံတရာမှမပြုလုပ်ခဲ့ဘူး။ ဒီတစ်ကြိမ်ကတော့ တော်လှ-န်ပြည်သူတရပ်လုံး တော်တော်လေး စိတ်အချ-ဥ်ဖောက်စေမယ့်လုပ်ရပ်ကို မနေ့က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ သူ့အကောင့်ကနေ တင်ခဲ့ပါတယ်။ အဲဒါကတော့ အာဏာသိမ်းအကြ-မ်းဖ-က် စစ်ကောင်စီလက်အောက်ကနေ ပြိုင်ပွဲဝင်နေကြတဲ့ ဆီးဂိမ်း (Sea Game) ပြိုင်ပွဲဝင်တွေကို သူက Live လွှင့်ပြီးတော့ အားပေးဝန်းရံခဲ့တဲ့အပြင် ဓါတ်ပုံတွေပါ တွဲရို-က်ပြီးတင်ထားတာပါ။ အဲ့အခြေအနေအထိကို နားလည်ပေးကြတဲ့သူတွေ အနည်းငယ်ရှိကြပေမယ့် ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ သူရေးတင်တဲ့ပို့စ်ကတော့ တော်တော်လေးကို လွ-န်တယ်လို့ပြောရပါမယ်။ "ကျွန်မက နိုင်ငံရေးသမားမဟုတ်လို့၊ ကျွန်မက ကျွန်မလူမျိုးတွေကို ကမ္ဘာ့ချန်ပီယံဖြစ်စေချင်လို့"ဆိုတာကတော့ အခုအချိန်မှာ အဖြေမဟုတ်ဘူး။ အာဏာသိမ်းစမှာတင် လက်ဝှေ့သမားတူးတူးကတော့ စစ်ကြောရေးရောက်ပြီး အကြ-မ်းဖ-က်နှိ-ပ်စက် သ-တ်ဖြ-တ်ခံခဲ့ရတဲ့အပြင်၊ MMA သမား ဖိုးသော်ကလည်း စစ်တပ်ရဲ့လုပ်ရပ်ကို ဆန့်ကျင်မိလို့ မတရားဖ-မ်းဆီးအကျ-ဥ်းချခံခဲ့ရပြီး လွတ်ရက်စေ့ခါနီးအချိန်မှာ နောက်ထပ်အမှုတွေပုဒ်မတွေ ထပ်တိုးပြီး ထပ်မံချူပ်နှောင်ခံရပါတယ်။ လက်ဝှေ့သမားတူးတူးရော ဖိုးသော်ရော၊ သူတို့နှစ်ဦးလုံးက နိုင်ငံရေးသမားမဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်တပ်ကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မိလို့ ဖမ်းဆီးအကျ-ဥ်းချခံရ၊ သတ်ဖြတ်ခံရတာပါ။ ဒါတွေက သူတို့ ဖိုက်တာလောကက အနီးစပ်ဆုံး သာဓကတစ်ခုကိုထုတ်ပြောပြတာပါ။ ဒီ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာလက်ဝှေ့သမားတွေကို နည်းပြအဖြစ်တာဝန်ယူထားတဲ့သူက ballမ ယုန်လေးရဲ့ မြို့ပြထဲကလမ်းမများ ရုပ်ရှင်ကို တကူးတကပွဲတက်ပြီး ကြော်ငြာပေးခဲ့တဲ့သူ ထွန်းထွန်းမင်းဖြစ်တဲ့အပြင်၊ အခု ပြိုင်ပွဲဝင်သူတိုင်းက မြန်မာနိုင်ငံကို ကိုယ်စားပြုနေတာမဟုတ်ပဲ အကြမ်းဖက်စစ်ကောင်စီကိုသာ ကိုယ်စားပြုနေတဲ့သူတွေဖြစ်ပါတယ်။ တော်လှန်ပြည်သူတွေ လိုအပ်နေတာက သူတို့တတွေ ဘယ်လောက်ထိဖို-က်တာကျသလဲ ဆိုတာမျိုးမဟုတ်ပဲ ပြည်တွင်းမှာ မြန်မာစစ်တပ်ကြောင့် အတိဒုက္ခေရာက်နေတဲ့ ပြည်သူတွေအကြောင်းကို ကမ္ဘာကြီးတစ်ခုလုံးမှာရှိတဲ့ နိုင်ငံတကာမှ နိုင်ငံသားတွေတိုင်း သိရှိကြစေဖို့ Speak out လုပ်ပေးဖို့ကိုသာ လိုအပ်နေကြတာပါ။ ဗန်ဆိုရင် ဘယ်လိုလုပ်ပေးသွားသလဲပေါ့။ အခု Vero Nika ရဲ့ပို့စ်အရ သူပြောသလိုသာ ပြောကြေးဆိုရင်၊ အနုပညာသမားတွေဖြစ်ကြတဲ ရုပ်ရှင်လောက၊ ဂီတလောက၊ သဘင်လောက၊ စသည့် နယ်ပယ်အစုံကလူတွေလည်း ဒီတော်လှ-န်ရေးထဲ ဘာဝင်လုပ်နေတော့မှာလဲ...? ကိုယ့်ဘာသာကိုယ် စစ်တပ်လက်အောက်မှာ စစ်တပ်ကြိုးဆွဲရာ ကခုန်ပြီး သူတို့အနုပညာကိုပဲ နယ်ချဲ့နေကြတော့မှာပေါ့။ CDM တွေလည်း ဘယ်လုပ်ကြတော့မလဲ။ မေးချင်တာက ဒီဆီးဂိမ်းကို အားပေးမှ ဖြစ်မှာလားပေါ့...? နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မတရား ဖ-မ်းဆီးသ-တ်ဖြ-တ်နေတဲ့ မြန်မာစစ်တပ်၊ စစ်ရေးမဟုတ်တဲ့ အရပ်သားတွေကို ပ-စ်မှ-တ်ထားပြီး နေ့စဥ်နဲ့အမျှ --ုံးကြဲသ-တ်ဖြ-တ်နေတဲ့ မြန်မာစစ်တပ်က အခုဆိုရင် နိုင်ငံတကာမှာဝင်ဆန့်အောင် နည်းလမ်းပေါင်းစုံနဲ့ ဝင်တိုးနေတာကို ဥာဏ်လေးနဲ့တော့ ဆင်ခြင်သင့်ဖို့ကောင်းပါတယ်။ သို့ပေမယ့် သူ့ရဲ့ပို့စ်ထဲမှာ ဒါသည် သူ့ရဲ့ခံယူချက်ဖြစ်ကြောင်း ထည့်ရေးထားတဲ့အတွက် ကျွန်တော်ကတော့ သူ့ကို ကျွန်တော့်တကိုယ်စာအရ Boycott နဲ့ Social Punishment လုပ်ပါတယ်။ မပြတ်မသား အိယောင်ဝါးတွေ လုံးဝအလိုမရှိပါ။ မိတ်ဆွေတို့လည်း သူ့ကို Unfollow လုပ်ချင်လုပ်၊ မလုပ်ချင်နေကြ။ ကျွန်တော်ကတော့ ပြည်သူနဲ့အတူ ရှိမနေသူမှန်သမျှ အကုန်ဂျောင်းပဲ။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ Facebook Post... https://www.facebook.com/share/p/14N8MhnEUGS/ #အေအန်န်အမ်မ်တီ Telegram Channel https://t.me/ANMTarnoldmyotint/9321?single
Mostrar todo...
51👍 28😁 1🤣 1
Vero Nika ကို ကျွန်တော့်တကိုယ်စာအရ Boycott & Social punishment ပြုလုပ်ပြီဖြစ်ကြောင်း စတင်အသိပေးအပ်ပါတယ်။ အကြောင်းအစုံကို Facebook မှာ ရေးတင်ပေးထားပါတယ်....👇 https://www.facebook.com/share/p/1C2P15xFke/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
👏 38 11👍 10😁 2🤣 2
Silent Strike နေ့မှာမြင်တွေ့ရသော လမ်းမပေါ်က Khwayတိရစ္တာန်များ။ နောက်ဆုံးက Khwayတိရစ္ဆာန်တွေကတော့ နည်းနည်းထူးဆန်းတယ်...😄 Faceboook Post... https://www.facebook.com/share/r/1BrTCC4poF/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
3.37 MB
🤣 74👍 11 3