es
Feedback
အေအန်န်အမ်မ်တီ

အေအန်န်အမ်မ်တီ

Ir al canal en Telegram

အကူအညီပေးသောလက်များဟာ ဘုရားစာရွတ်ဆိုသောပါးစပ်များထက် ပို၍မြင့်မြတ်တယ်။

Mostrar más
2025 año en númerossnowflakes fon
card fon
14 312
Suscriptores
-224 horas
-537 días
-19730 días
Archivo de publicaciones
မင်းကင်းမြို့နယ်က ဆရာမကို ဖ-မ်းဆီးခဲ့တဲ့ ရာဇသတ်ကြီး ပုဒ်မ - ၄၀၆၊ ၄၀၉ ဆိုတာ ဘာလဲ။ ဒီပုဒ်မတွေက ဘယ်လောက်အရေးကြီးပါသလဲ။ ပုဒ်မတွေရဲ့ အလုပ်လုပ်ပုံကို MFP က ဥပဒေရေးရာကျွမ်းကျင်သူ တရားသူကြီးဟောင်း နဲ့ မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၆ ဟာ ယုံကြည်အပ်နှံခြင်းကို ဖောက်ဖျ-က်ကျူးလွ-န်မှု (Criminal Breach of Trust) ကို ပြ-စ်ဒ-ဏ်ပေးတဲ့ ဥပဒေပုဒ်မ ဖြစ်ပါတယ်။ “တစ်စုံတစ်ဦးက သင့်ထံ ပစ္စည်းတစ်ခုခုကို ယုံကြည်စိတ်ချစွာ အပ်နှံထားတဲ့အခါ၊ ဒါမှမဟုတ် ပစ္စည်းကို စီမံခန့်ခွဲဖို့ (သို့) ကြီးကြပ်ဖို့ တာဝန်ပေးထားတဲ့အခါ၊ အဲဒီလူက အဲဒီပစ္စည်းကို မရိုးမသားသဘောထားနဲ့ အလွဲသုံးစားလုပ်တာ၊ ကိုယ်ကျိုးအတွက် သုံးပစ်တာ၊ ဒါမှမဟုတ် တခြားသူကို လွှဲပြောင်းပေးတာမျိုး လုပ်ရင် ဒီပုဒ်မနဲ့ အရေးယူနိုင်တယ်” လို့ ဥပဒေကျွမ်း ကျင်သူရှေ့နေ သတင်းရင်းမြစ် က MFP ကို ပြောပါတယ်။ ဒီပုဒ်မဟာ ရဲအရေးယူပိုင်ခွင့်ရှိသော ပုဒ်မဖြစ်ပြီး ဝရမ်းမပါဘဲ ဖ-မ်းဆီးနိုင်ပါတယ်။ ထော-င်ဒ-ဏ် (၃) နှစ်အထိ ဒါမှမဟုတ် ငွေဒ-ဏ်ချမှတ်နိုင်ပါတယ်။ ပုဒ်မ ၄၀၉ ဟာ ပုဒ်မ ၄၀၆ ရဲ့ ပြ-စ်မှုအမျိုးအစားတူ ယုံကြည်အပ်နှံခြင်းကို ဖောက်ဖျ-က်ကျူးလွ-န်မှု (Criminal Breach of Trust) ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ပုဒ်မ ၄၀၆ ထက် ပိုမိုပြင်းထ-န်တဲ့ ပြ-စ်ဒ-ဏ်နဲ့ ပြဋ္ဌာန်းထားတာဖြစ်ပြီး ထော-င်ဒဏ် ၁၀ နှစ်ကနေ တစ်သ-က်တစ်ကျွ-န်းအထိ ချမှတ်နိုင်တဲ့ အင်အားကောင်းတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီပုဒ်မကို ရာထူး၊ အနေအထား (သို့) ကျွမ်းကျင်ပညာရှင်၊ ပြည်သူ့ဝန်ထမ်း၊ အရာရှိ တွေက ကျူးလွန်တဲ့အခါမှာ အသုံးပြုပါတယ်။ ပုဒ်မ ၄၀၉ ရဲ့ ပြ-စ်ဒ-ဏ်ဟာ ပုဒ်မ ၄၀၆ (ထောင်ဒဏ် ၃ နှစ်အထိ) ထက် များစွာ ပိုမိုပြင်းထန်ရတဲ့ အဓိကအချက်ကတော့ လူထုယုံကြည်မှု (Public Trust) ကို ထိခို-က်စေခြင်းနှင့် ရာထူးကို အလွဲသုံးစားလုပ်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ တရားဝင်ရာထူး သို့မဟုတ် ပညာရပ်ဆိုင်ရာ တာဝန်ကို အသုံးချပြီး ပြ-စ်မှုကျူးလွ-န်ခြင်းဖြစ်လို့ ပြင်းထန်စွာ အရေးယူဖို့ လိုအပ်ပါတယ် လို့ တရားသူကြီးဟောင်းက ဆိုပါတယ်။ ဒေါက်တာ ခင်သူသူလွင်ဟာ မင်းကင်း ပကဖ တာဝန်ခံအဖြစ် တာဝန်ထမ်း ဆောင်စဥ်က အခွန်ငွေခွဲတမ်း ကျပ်သိန်း ၃,၃၀၀ ကျော် ကို ပြန်မအပ်ခဲ့ဘူးလို့ NUG က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဒေါက်တာခင်သူသူလွင်ရဲ့ တုံ့ပြန်ထုချေမှုကို မကြားရသေးပါဘူး။ တဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေအတွင်း သံသယတရားခံရဲ့ ထုချေခွင့်၊ အခွင့်အရေး ပီပီပြင်ပြင် ရဖို့ ရှေ့နေငှားရမ်းနိုင်ဖို့ ဆောင်ရွက်ပေးမယ်ဆိုရင် ဒီဖြစ်စဥ်မှာ တရားဥပဒေ စိုးမိုးမှုလုပ်နိုင်စွမ်းကို မြင်သာစေလိမ့်မယ်လို့ တရားရေးဝန်ထမ်းက MFP ကို ပြောပါတယ်။ ဥပဒေအရ ဖ-မ်းဆီးရာမှာ အင်အားသုံးစွဲခွင့်ကို ပြ-စ်မှုဆိုင်ရာကျင့်ထုံးဥပဒေ (Criminal Procedure Code - CrPC) နဲ့ ရဲစည်းကမ်းတွေက ကန့်သတ်ထားပါတယ်။ ဒီအချက်တွေကတော့ လိုအပ်သလောက်သာ အင်အားသုံးစွဲခြင်း _ ရဲအရာရှိဟာ ဖ-မ်းဆီးဖို့အတွက် လိုအပ်တဲ့ အင်အားပမာဏကိုသာ သုံးစွဲပိုင်ခွင့်ရှိပါတယ်။ ဆိုလိုတာက ဖ-မ်းဆီးမှုအောင်မြင်ဖို့နဲ့ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် မလွဲမရှောင်သာအောင် အင်အားကို သုံးရမှာ ဖြစ်ပါတယ်။ ခုခံတွန်းလှန်ခြင်း_ ဖ-မ်းခံရသူက အင်အားသုံးပြီး ခုခံတွန်းလှ-န်ရင် သို့မဟုတ် ထွက်ပြေးရင်၊ ရဲအရာရှိဟာ ထိုသူကို ဖ-မ်းဆီးမိဖို့အတွက် လိုအပ်တဲ့ ကျိုးကြောင်းဆီလျော်တဲ့ အင်အား (Reasonable Force) ကို ပြန်လည်သုံးစွဲပိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို ဖ-မ်းဆီးတဲ့အခါ ရဲမေ ပါဝင်မှုရှိဖို့ ရဲစည်းကမ်းတွေက ကန့်သတ် ထားပါတယ်။ NUG ပြည်ထဲရေးဌာန ကတော့ အမျိုးသမီးရဲမေ မပါဝင်ခဲ့တာ သူတို့ရဲ့ အားနည်းချက်ဖြစ်ကြောင်း ဝန်ခံထားပါတယ်။ မကြာခင်မှာတော့ ဒီအမှုကို မြို့နယ်တရားရုံးမှာ စစ်ဆေးသွားမှာဖြစ်ပြီး လူထုရဲ့ ပွင့်လင်းမြင်သာမှုရအောင် စီမံဆောင်ရွက်ဖို့ မင်းကင်းမြို့နယ်က ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ ပုဒ်မ ၄၀၆ နဲ့ ၄၀၉ ဟာ ပြည်သူပိုင်ပစ္စည်းတွေကို အလွဲသုံးတဲ့ ရာထူး (သို့) လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေ အတွက် ကြီးလေးတဲ့ အပြစ်ဒဏ်ဖြစ်ပါတယ်။ ဒီပုဒ်မနဲ့ တည့်မတ်စွာ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူနိုင်ရင် လူထုယုံကြည်မှုကို ရနိုင်တယ်လို့ MFP ရဲ့သတင်းရင်းမြစ် တရားသူကြီးဟောင်းက ဆိုပါတယ်။ ဒါ့အပြင် အခု ဒေါ်ခင်သူသူလွင်ရဲ့ ဖြစ်စဥ်ကို ဥပမာယူပြီး ရာထူးကြီးသူ၊ ပါဝါကြီးသူ၊ အစိုးရအဖွဲ့ ရဲ့ ရာထူးအမြင့်ပိုင်းက တာဝန်ရှိသူတွေကိုလည်း ဒီပုဒ်မနဲ့ ချိန်ညှိဖို့ ထိန်းကြောင်းဖို့၊ ဒီဖြစ်စဉ်ကို ဥပမာယူဖို့ သူက တိုက်တွန်းပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး https://www.facebook.com/reel/4478210382414270/?mibextid=Nif5oz
Mostrar todo...
61👍 37🤣 3
ငါအသိချင်ဆုံးအတွေးတစ်ခု ခေါင်းထဲပေါ်လာလို့ သဘောပြောပြမယ်၊ နောက်ဆုံးတော်လှ-န်ရေးအောင်ဖို့ မစ်ရှင်တစ်ခုပဲကျန်တယ်ဆိုပါစို့၊ မစ်ရှင်အဆုံးသတ်က ပြည်သူကြားထဲမှာ မင်းအောင်လှိုင်နဲ့ ကြူကြူလှတို့လင်မယား Khwayပြေးဝ-က်ပြေး ပြေးနေရတဲ့အချိန် ပြည်သူလူထုကမိသွားပြီဆိုပါစို့။ အဲ့အချိန်မှာက လူထုက နာကျ-ည်းချက်တွေများပြီး ဟိုလူက Htuမယ်ထော-င်းမယ်၊ ဒီလူက Htuမယ်ထော-င်းမယ် ဆိုပြီး ဆွဲလားရမ်းလား လုကြပြီကွာ။ အဲ့အချိန်မှာ ကြူကြူလှကိုများ ဆွမ်းကြီးဝိုင်းလောင်းကြတဲ့အခါ၊ အမျိုးသမီးတွေချည်းပဲ လွှတ်ပေးထားရမလား။ ငါတို့ယောက်ျားလေးတွေအနေနဲ့ရော တစ်ချက်နှစ်ချ-က်လောက်တောင် နှဖူးလေးဘာလေး ဝင်တောက်ခွင့်မရှိဘူးလားပေါ့။ လူထုအကုန်လုံးက နာကျ-ည်းနေကြတာမို့ အဲဒါလေး ဖြေပေးသွားကြဦးနော်...🫠 အဲ့မှာ နဖူးတောင် မတောက်လိုက်ရသေးခင် လူ့အခွင့်အရေးသမားတွေ ရောက်လာပြီး အမျိုးသမီးတွေကို အကြမ်းမဖက်ဖို့ပြောလာတဲ့အခါ၊ "ဟင့်အင်း... ကျွန်တော်တို့ ဘာမှမလုပ်ရသေးပါဘူး"ဆိုပြီး Tayလုမျောပါးဖြစ်နေတဲ့ ကြူကြူလှစော-က်ခွ-က်ကို လက်ညိုးညွှန်ပြရင်း.... "သူတို့အမျိုးသမီးတွေချည်း တီးနေကြတာပါ"လို့ ပြောမိရင်ရော၊ ဝင်မဆွဲမိလို့များ ငါ့တို့က်ို စောက်ပြစ်တင်နေကြမလားပေါ့.။ ပြီးတော့ "အမျိုးသမီးတွေကို အကြ-မ်းမဖ-က်ရ"ဆိုတဲ့ အခွင့်အရေးက ကြူကြူလှအပေါ် ချွင်းချက်အနေနဲ့ ထားပေးလို့မရဘူးလားပေါ့။ အဲ့ဒါလေး သိချင်တာပါ။ ဒီလိုကော-င်မမျိုးက ဘာအခွင့်အထူးနဲ့မှ တန်မနေဘူးလေနော်။ အကြမ်းဖ-က်သင့် မဖ-က်သင့်ပြောနေရင်း ဖက်ကြမ်းသောက်ချင်လာပြန်ပြီ၊ ခဏနော် ပြန်မလာတော့ဘူး... ဘိုင်းရီ...👋 Facebook Post https://www.facebook.com/share/p/1YwGQGb3eQ/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
🤣 74👍 19🤔 2
ထိပ်ဆုံးကထွက်အော်ကြ။ (တကယ်စိတ်ရင်းနဲ့ ထောက်ပြကြတဲ့သူတွေကို မဆိုလိုပါ) စောက်တလွဲထပ်လာမန့်ရင် အကုန်ပြန်celမယ်။ ရုပ်သံအား ကွန့်မန့်ထဲတွင်ကြည့်ရှုန်...👇 https://www.facebook.com/share/p/17pmtH7NS8/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
👍 81 17😁 2
ဒေါ်ခင်သူသူလွင်ကိစ္စက စဥ့်ကူးစတားလင့်ခ်ကိစ္စတုန်းက မိသားစုလိုမျိုးပဲ၊ ၈ မိနစ်ကြာတဲ့ Video File အရှည်ကို မိတ်ဆွေတစ်ယောက်လာပို့လို့ ညကကြည့်ပြီးပြီ၊ ရဲဘော်တွေကို သူကသာ ကိုယ်ထိလက်ရောက် ရို-က်ပုတ်ရုံတင်မဟုတ်၊ ဝ-က်အူလှည့်နဲ့တောင် Htoeမယ်တွေဆိုပြီး အကြိမ်ကြိမ် ချိန်ရွယ်ထားသေးသဗျာ့။ စလာကတည်း ရဲဘော်ခမျာ ခယနေရတာ၊ သူ့ကိုအမှုဖွင့်ထားတဲ့အကြောင်း ပုဒ်မတွေလည်းရွတ်ပြရှာတယ်၊ အခုတစ်ခေါက်က နောက်ဆုံးတခေါက်ဖြစ်ကြောင်း ရှေ့နှစ်ခေါက်မှာကတည်းက စာနဲ့လည်းအသိပေးသလို ကိုယ်တိုင်လည်း အခုလိုလာရောက်ခေါ်ခဲ့ကြောင်းတွေ ရဲဘော်ဘက်ကပြောပြတယ်၊ ဒါကိုမှ စဥ့်ကူးစတင်းလင့်ခ် ဘွားတော်ကြီးလိုမျိုး ဘေးပတ်ဝန်းကျင်ကြားအောင် မှတ်တမ်းထဲပါအောင် ခင်းလိုက်တဲ့ဒရမ်မာတွေ... "ကျွန်မကိုမဖ-မ်းပါနဲ့နော်၊ ကျွန်မကြော-က်လို့ပါ၊ ကျွန်မက ၅၀၅ နဲ့ စစ်တပ်ကဖ-မ်းမှာလည်းကြောက်လို့ပါ၊ ကျွန်မမှာ နေစရာလည်းမရှိပါဘူး၊ ကျွန်မကို မဖ-မ်းပါနဲ့နော်"ဆိုတာချည်းကို လုပ်သံချည်းနဲ့ ပြောနေတာ၊ အဲ့လိုပြောတာက အခု အရှေ့ပိုင်းရယ်၊ နောက်ပိုင်းမှာရယ်၊ နှစ်ကြိမ်တိတိပြောတာ၊ အဲ့ဒီလေသံအတိုင်း တထပ်တည်းပဲ။ ပြောနေရင်းနဲ့ကို "ငါ့ကိုမထိနဲ့"ဆိုပြီး မာန်ပါပါအသံနဲ့ ရဲဘော်ရဲ့မျက်နှာရော လက်မောင်းတွေရော ဖြ-တ်ရိုက်တာ၊ အဲ့ဒါ အသနားခံတဲ့လေသံနဲ့ ပြောနေရင်း ချက်ချင်းပြောင်းတာနော်။ ရဲဘော်တွေကို ခွေးလေးတွေဝင်ဆွဲလို့ ရဲဘော်တွေမှာ အကာအကွယ်မရှိတာကြောင့် လက်ထဲကိုင်ထားတဲ့ဂမ်းနဲ့ အကာအကွယ်ယူရတဲ့အခါ သူ့ကို ဂမ်းနဲ့ချိန်ပါတယ်ဆိုပြီး ထအော်သေးတယ်၊ ရဲဘော်တွေက လာဆွဲတဲ့အိမ်မွေးKhwayကြောင့်သာ khwayကို ခြော-က်ရတာဖြစ်ကြောင်းပြန်ပြောမှ အဲ့စားပွဲပေါ်ခုံမှာ ဝ-က်အူလှည့်ကိုသူ့ရှေ့မှာချပြီး သွားထိုင်နေတာ။ အဲ့မှာမှ သူ့ကို ဆင့်ခေါ်တဲ့သူက TaKhoeမို့ မုဒိ-န်းကောင်မို့ လိုက်တွေ့စရာမလိုဘူးဆိုပြီး လျှောက်ပြောလို့ ရဲဘော်ဘက်က "အဲ့ဒါ ဘယ်သူလဲ၊ နာမည်တပ်ပြောပါ ဆရာမကြီး"ဆိုပြီး တုံ့ပြန်တော့... "TaKhoe က Khoeတယ်ဘယ်ပြောမလဲ"တဲ့။ စော-က်ကျိုးနည်း။ အဲ့မှာရဲဘော်က ဆရာမကြီးမှန်နေရင် လိုက်ဖြေရှင်းလိုက်ပါ၊ သူတို့မှားနေရင် ဆရာမကြီးဘက်က တရားပြန်စွဲခွင့်ရှိတာပဲကို၊ ကျွန်တော် ဆရာမကြီးကို လာခေါ်တာ ၃ ကြိမ်ရှိပြီဆရာမကြီး" လို့ပြောတာကို သူက ဝက်အူလှည့်ကောက်ကိုင်လို့ ရဲဘော်ကရှေ့တိုးပြီး "ဆရာမကြီး ကျွန်တော့်ကို Htoeချင်Htoeလိုက်၊ Thetချင် Thetလိုက် ဆရာမကြီး"ဆိုတဲ့အထိ ပြောတာကိုတွေ့ရတယ်။ ဒါတွေပြီးမှ လိုင်းပေါ်တက်လာတဲ့ Video File က အဆက်ပေါ့နော်။ တစ်ခုရှိတာက အစောပိုင်း လိုင်းပေါ်တက်လာတဲ့ ရုပ်သံဖိုင်က တခြားရှုထောင့်တစ်ခုဖြစ်ပြီး၊ ကျွန်တော်ကြည့်လိုက်ရတဲ့ ဖိုင်အရှည်က နောက်ထပ် ရှုထောင့်တစ်ခုကဖြစ်တယ်။ ဆိုလိုချင်တာက လိုင်းပေါ်ပြန့်လာတဲ့ရုပ်သံကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို ရဲဘော်တွေစော-က်အပြ-စ်ဖြစ်အောင် ပြည်သူတွေအထင်လွဲအောင် သပ်သပ်မဲ့ကို ရည်ရွယ်ထားတာလို့ ကောက်ချက်ချလို့ရတယ်။ တကယ်တမ်းလုပ်ထားတဲ့ ပြစ်မှုလုပ်ထားသူက ဒေါ်ခင်သူသူလွင်သာဖြစ်တယ်၊ ရဲဘော်တွေဘက်တော့ ရဲမေမပါပဲ ဖမ်းဆီးမိတာကသာ ပြောစရာဖြစ်တာ။ ဒေါ်ခင်သူသူလွင်ဟာ ယခင်က မအဖ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်နက်ငှားရမ်း၍ ပြန်မအပ်နှံတာရယ်၊ ဒါကိုတော့ ရာဇသတ်ကြီးပုဒ်မ ၄၀၆ နဲ့ အမှုဖွင့်တိုင်းကြားခံထားရတယ်။ ပြီးတော့ မင်းကင်း ပအဖ ရဲ့ အခွန်ငွေခွဲတမ်း ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၃,၃၀၀ ကျော်ကို စာရင်းပြန်မအပ်နှံတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ အမှုဖွင့်တိုင်းကြားခံထားရလို့၊ အခုလိုရုပ်သံကေ့စ်မတက်ခင်ကတည်းက တရားဝင်အသိပေး တွေ့ဆုံညှိုနှိုင်းဖြေရှင်းဖို့ ၃ ကြိမ်ဆင့်ခေါ်ပြီးသား၊ အဲဒါကို မလာလို့ အခုလိုကေ့စ်ဖြစ်တယ်။ နောက်ထပ် ပြည်သူတွေမသိသေးတာက ပအဖ မှာ သူတာဝန်ထမ်းဆောင်စဥ်က ဝါးတားဂိတ်တွေကနေ ရွှေမျောလုပ်ကွက်တွေအထိ ပိုက်ဆံတောင်းကြမ်း၊ လာဘ်စားကြမ်းလွန်းလို့ အဂတိနာမည်ဆိုးနဲ့ ကျော်ကြားထားတဲ့သူ။ သူဖျောင်ထားတဲ့အခွန်ငွေတွေ လာဘ်ငွေတွေထဲကနေ ခါးပိုင်ဆောင်တပ်တစ်ခုဖွဲ့ခဲ့လို့ အဲ့အဖွဲကိုတောင် ခရိုင် COC အောင်ကို ထိန်းသိမ်းခဲ့ရတယ်လို့ဆိုတယ်။ ရရှိတဲ့အခွန်ငွေတွေကိုလည်း အစိုးရဌာနဆီ စာရင်းမတင်ပြ၊ ဒါတွေကို မြေပြင်အဖွဲ့တွေစုပေါင်းပြီး လက်မှတ်ထိုးတိုင်ကြားခံရလို့ ပအဖ တာဝန်ခံရာထူးကနေ ရပ်နားခံခဲ့ရတာ။ ဒါက ပြည်သူတွေလက်လှမ်းမမီလိုက်တဲ့ အကြောင်းအရာတွေမို့ သေချာရေးပြတာ။ "ပအဖ၊ ပလဖ၊ ပကဖ တွေ လာဘ်စားနေကြတယ်၊ ထိုင်ခုံမြဲနေကြတယ်၊ ဖော်ထုတ်အရေးယူပေးပါ"ဆိုပြီး အော်ကြတာလဲသူတို့။ တကယ်တမ်း ဖော်ထုတ်အရေးယူဖို့ လူနဲ့ရောစာနဲ့ရော ဆင့်ခေါ်တာ မလာလို့ဖ-မ်းဆီးတော့လည်း ဖ-မ်းတဲ့သူကို စော-က်ပြ-စ်တွေဝိုင်းတင်နေကြပြန်တယ်။ တော်လှန်ရေးကာလအချိန်မှာ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေ အရမ်းဆန်ချင်နေကြပြန်တယ်။ စဥ့်ကူးစတားလင့်ကိစ္စမှာတုန်းက ရဲမေတွေပါခဲ့တာတောင် ငါတို့ဘယ်လောက်ထိ အော်ဟစ်ကာကွယ်ခဲ့ကြရလဲ။ စော-က်ပြ-စ်တင်ကြတာကအရင်၊ ပြန်နားလည်ပေးကြတာက နောက်မှလူပြောများလာလို့။ ကြည့်လိုက်ရင် စော-က်ဆရာကြီးတွေအထာနဲ့။ PDF တွေ စော-က်အကူအညီလိုနေရင် ကူဖို့အတွက်မစဥ်းဖူးကြတဲ့ အကော-င်တွေကော-င်မတွေက PDF နဲ့ NUG ကို စော-က်ပြ-စ်တင်ရမယ်ဆိုရင်
Mostrar todo...
👍 64 13
ဒေါ်ခင်သူသူလွင် ပြန်မအပ်ခဲ့တဲ့ အခွန်ငွေက ကျပ်သိန်းပေါင်း ၃၃၂,၇၄၄,၈၄၃ ကျပ် (သိန်းပေါင်း သုံးထောင့်သုံးရာ နှစ်ဆယ့်ခုနှစ်သိန်း လေးသောင်းလေးထောင် ရှစ်ရာလေးဆယ့်သုံးကျပ်)နော်၊ ဒါဟာ နည်းတဲ့ငွေပမာဏမဟုတ်ဘူး။ ကေ့စ်တစ်ခုဂယက်ထလာတဲ့အခါ NUG အစိုးရဘက်က ဒီလိုခပ်မြန်မြန်လေး ထွက်ရှင်းတာကို ကျွန်တော်ကတော့ သဘောကျတယ်။ တချို့မီဒီယာတွေရဲ့ လုပ်ရပ်ကတော့ CDMဆိုတာချည်းရယ်၊ ရဲမေမပါဘူးဆိုတာချည်းရယ်၊ မဆီမဆိုင် ရွှေမျောလုပ်ကွက်ဆိုတာချည်းရယ်ကို ဇောင်းပေးရေးသားလို့ သတင်းဖတ်ရှူတဲ့လူထုက အပေါ်ယံကိုသာမြင်ပြီး PDF တွေနဲ့ ပအဖ ပလဖ တွေကို ဝေဖန်အပြ-စ်တင်ရှုတ်ချကြတယ်။ တချို့ကျတော့လည်း PDF ဆိုတာနဲ့ သက်သက်ဘလိ-န်းချင်နေတဲ့ စော-က်ပေါတွေလည်းရှိတယ်။ တချို့ကျတော့လည်း တော်လှ-န်ရေးအတွက် အကျိုးရှိစေမယ့် အထောက်အပံ့ဆိုင်ရာပို့စ်တွေမှာသာ ကွန့်မန့် မရေးကြတာ မရှဲကြတာ၊ အခုလို PDF ကို celရမယ်၊ NUG ကို celရမယ်ဆိုရင် public ပို့စ်တွေတင်ရတာနဲ့၊ ကွန့်မန့်ထဲ "အာဏာရှင်ဆန်လာပြီ"တွေ ဝင်ရေးရတာနဲ့။ တော်တော်တရားကျဖို့ကောင်းတဲ့ အတ-န်းအစားတွေ။ ဒေါ်ခင်သူသူလွင်အကြောင်း ပြန်ဆက်ရရင် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ သူ့ကို မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က AK 47 တစ်လက် ငှားရမ်းပေးခဲ့တာကို အခုထိပြန်မအပ်လို့ အခု ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာတစ်ကြိမ် တိုင်ကြားခံထားရတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလပနေ သြဂုတ်လအထိ မင်းကင်းပြည့်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခွန်ငွေ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သိန်းပေါင်း ၃,၃၀၀ ကျော်ကို အခုထိ ပြန်အပ်နှံခဲ့ခြင်းမရှိလို့ ယခု ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာပဲ ထပ်ပြီးတိုင်ကြားခံရတယ်။ ဒါတွေကိုဖြေရှင်းပေးဖို့အတွက် ဒီ ၂၀၂၅ မတိုင်ခင်ကြားကာလတွေမှာကတည်းက ဒေါ်ခင်သူသူလွင်ကို လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ ရုံးလုပ်ငန်းသုံး ပစ္စည်းများနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များညှိုနှိုင်းရှင်းလင်းဖို့ နှစ်နဲ့ချီပြီးစောင့်ပေးခဲ့ပေမယ့် သူ့ဘက်ကနေ စာမလာသတင်းမကြား စော-က်ဂရုမစိုက်သလိုနေခဲ့လို့ မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က သွားရောက် ဖ-မ်းဆီးထိန်းသိ-မ်းခဲ့တာဖြစ်ကြာင်း၊ ဖမ်းဆီးထိန်းသိမ်းရာမှာ အမျိုးသမီးရဲမေတွေ မပါခဲ့လို့ ဝေဖန်မှုတွေအပေါ် အလေးထားပြီးတောင်းပန်ကြောင်းကို NUG အစိုးရဘက်က တရားဝင်ထုတ်ပြန်ထားတယ်။ အခု ဘာကြောင့်ဖ-မ်းဆီးရတယ်ဆိုတဲ့ ဒီလိုသတင်းအချက်အလက်တွေ ဖတ်ပြီးတဲ့အချိန်မှာ လုပ်သင့်လုပ်ထိုက်လို့ လုပ်တယ်လို့ ကျွန်တော့်ဘက်က အပြည့်အစနားလည်ပေမယ့် ဘယ်လိုအရေးယူမလဲဆိုတာကိုလည်း ဆက်ပြီးနားစွင့်နေမယ်။ ပြန်မအပ်နှံတဲ့ အခွန်ငွေ သိန်း ၃,၀၀၀ ကျော်ဆိုတဲ့တစ်ခုနဲ့တင် ကျွန်တော်ကတော့ တော်တော်ချ-ဥ်နေပြီ။ video အထဲမှာကတည်းက ဒီဘွားတော် စောက်ပြ-စ်လုပ်ထားတယ်ဆိုတာ အသိသာချည်းပဲကို။ တော်လှ-န်ရေးမှာ ငွေကြေးအလွဲသုံးစားလုပ်သူတွေကို ကျွန်တော်က cheeထက်ရွံလို့ ပြတ်ပြတ်သားသားအရေးယူပေးဖို့ပဲတောင်းဆိုချင်တယ်။ Facebook Post... https://www.facebook.com/share/p/1FkfPVjnQi/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
👍 102 10😁 1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ရက်စွဲ၊ ၁.၁၂.၂၀၂၅ https://t.me/ANMTarnoldmyotint/9267?single ၁။ ‌ဒေါက်တာ ဒေါ်ခင်သူသူလွင် (ခ) Dr တူး (CDM ဆေးရုံအုပ်) သည် ၁၁.၄.၂၀၂၁ ရက်နေ့မှ ၁၇.၉.၂၀၂၄ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံအဖြစ် ရပ်နားပြီးချိန်တွင် လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ ရုံးလုပ်ငန်းသုံး ပစ္စည်းများနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များအား မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ခံ (လက်ရှိ)ထံသို့ လုပ်ငန်း ဆိုင်ရာ စာရင်းဇယားများ ရှင်းလင်းလွဲပြောင်းပေးရန် အကြိမ်ကြိမ် တရားဝင်စာပေးပို့ ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။ ၎င်း၏ပြည်သူ့ဖက်သို့မျက်နှာမူ၍ CDM ပြုလုပ်ခဲ့မှုနှင့် တော်လှန်ရေးတွင် ပူးပေါင်း ဆောင်ရွက်မှု အပေါ်အလေးထားပြီး မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နှစ်နှင့်ချီ၍ ညှိနှိုင်း ရှင်းလင်းရန်စောင့်ဆိုင်းခဲ့သော်လည်း လာရောက် ညှိနှိုင်းဖြေရှင်းခြင်း မရှိခဲ့ပါ။ ၂။ သို့သော်ဒေါက်တာဒေါ်ခင်သူသူလွင်ကို မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ အဖြစ်တာဝန်ထမ်းဆောင်စဉ် မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ၁၀.၇.၂၀၂၃ ရက်နေ့ တွင် ငှားရမ်းပေးထားရှိခဲ့သော AK 47 သေနတ်(၁)လက်အား ပြန်လည်အပ်နှံခြင်းမရှိသဖြင့် ၁၃.၁၀.၂၀၂၅ ရက်နေ့တွင် မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံမှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့သဖြင့် မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့စခန်း (ပ) ၉/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၄၀၆ ဖြင့်လည်းကောင်း၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အခွန်ငွေ ၃၀ရာခိုင်နှုန်းဖြစ်သော (၃၃၂၇၄၄၈၄၃) ကျပ်အား ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် ၂၈.၁၁.၂၀၂၅ ရက်နေ့တွင် မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံမှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့သဖြင့် မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့စခန်း (ပ) ၁၀/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့်လည်းကောင်း အမှုဖွင့်လှစ်ထားရှိခဲ့ပါသည်။ အဆိုပါအမှုများဖြင့် ဒေါတ်တာ ဒေါ်ခင်သူသူလွင် အား မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ သွားရောက် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါသည်။ ၃။အဆိုပါဖမ်းဆီးထိန်းသိမ်းမှုတွင် အမျိုးသမီးရဲမေ မထည့်ပေးနိုင်ခဲ့ခြင်းနှင့် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရခြင်းတို့ လူမှုကွန်ယက်တွင် ပြန့်နှံ့လျက်ရှိသည့် ကိစ္စနှင့် ပါတ်သက်၍ ပြည်သူလူထု စိတ်မချမ်းမြေ့မှုများဖြစ်စေခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မှ အနူးအညွတ် တောင်းပန်အပ်ပါကြောင်းနှင့် ဒေါက်တာ ဒေါ်ခင်သူသူလွင် ၏ အမှုနှင့်ပါတ်သက်၍ ဥပဒေအညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မူရင်းပို့စ်... https://www.facebook.com/share/p/17TpExP69K/ #အေအန်န်အမ်မ်တီ
Mostrar todo...
👍 48 10🤣 1
ဒေါ်ခင်သူသူလွင် ကိစ္စနဲ့ပတ်သက်ပြီး NUG အစိုးရရဲ့ ထုတ်ပြန်အသိပေးချက် မူရင်းပို့စ်... https://www.facebook.com/share/p/17TpExP69K/ #အေအန်န်အမ်မ်တီ
Mostrar todo...
👍 43 4🤣 1
ပအဖ တာဝန်ခံ​ဟောင်း CDM ဆရာဝန်ကို ပလဖအင်အားသုံးဖမ်းဆီးတဲ့အ​ပေါ်ပြည်သူ​တွေ​ဝေဖန်၊ ဖမ်းဆီးတာမှာ ပြည်သူ​ဝေဖန်စရာဖြစ်ခဲ့တဲ့အ​​ပေါ် NUG ပြည်ထဲ​ရေးဒုဝန်ကြီး​တောင်းပန်၊ ■ငှားရမ်းထားတဲ့​သေန-တ်​တွေ ပြန်မအပ်တာ၊ အခွန်ခွဲတမ်း​တွေမသွင်းလို့ အမှုဖွင့်တိုင်ကြားခံထားရတာ​လို့ NUG ​ပြော ဒီဇင်ဘာ-၁၊၂၀၂၅။မိထက်၊ဒီးဒီ/People's Spring သတင်းအပြည့်အစုံ ဒီမှာဝင်ဖတ်... https://www.facebook.com/share/v/1AnrkYKygd/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
29👍 23😁 1🤣 1
Photo unavailableShow in Telegram
ပအဖ တာဝန်ခံ​ဟောင်း CDM ဆရာဝန်ကို ပလဖအင်အားသုံးဖမ်းဆီးတဲ့အ​ပေါ်ပြည်သူ​တွေ​ဝေဖန်၊ ဖမ်းဆီးတာမှာ ပြည်သူ​ဝေဖန်စရာဖြစ်ခဲ့တဲ့အ​​ပေါ် NUG ပြည်ထဲ​ရေးဒုဝန်ကြီး​တောင်းပန်၊ ■ငှားရမ်းထားတဲ့​သေန-တ်​တွေ ပြန်မအပ်တာ၊ အခွန်ခွဲတမ်း​တွေမသွင်းလို့ အမှုဖွင့်တိုင်ကြားခံထားရတာ​လို့ NUG ​ပြော ဒီဇင်ဘာ-၁၊၂၀၂၅။မိထက်၊ဒီးဒီ/People's Spring သတင်းအပြည့်အစုံ ဒီမှာဝင်ဖတ်... https://www.facebook.com/share/v/1AnrkYKygd/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
Photo unavailableShow in Telegram
မင်းကင်း ပလဖ ကိစ္စမှာ ရဲဘော်တွေကို ကာကွယ်ပြီးဖာတေးပေးနေတာ လုံးဝမဟုတ်ဘူးနော်၊ ရဲမေတွေမပါပဲ ဖ-မ်းဆီးတာကို မှားတယ်လို့ သုံးကြိမ်ထက်မနည်း ကျွန်တော့်ပို့စ်ထဲထည့်ရေးထားတယ်။ ဒါက နောက်နောင်ဆိုရင် ဆင်ခြင်ပြုပြင်ရမယ့်အရာဆိုတာကိုလည်း ဟိုးအရှေ့က စဥ်းကူးစတားလင့်ခ်ကေ့စ်မှာကတည်းက ထည့်ပြောပြီးသားကိစ္စ။ အဖ-မ်းခံရတဲ့ ဒေါက်တာ ဒေါ်ခင်သူသူလွင်ကလည်း ပြည်သူတွေတိုင်ကြားထားတဲ့ တိုင်ကြားစာတွေကြောင့် စုံစမ်းစစ်ဆေးဖို့ခေါ်ထားတာ အကြိမ်ရေမနည်းတော့ဘူး၊ ဒါကို ရှောင်နေလို့ အခုကေ့စ်ငြိတာပဲ။ အကြောင်းစုံကို လင့်ခ်ချပေးထားတယ်၊ စိတ်ဝင်စားရင်ဝင်ဖတ်ပေါ့၊ ဘူမသိကိုးမသိနဲ့ ရဲဘော်တွေကို တဆုံးHtoeချနေတဲ့ စော-က်စကားလုံးတွေကို လက်မခံနိုင်လွန်းလို့ ဝင်ပါဖြစ်တာ။ လာcelရင် ပြန်celမယ်။ Facebook Post https://www.facebook.com/share/p/1DRDJPKxLm/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
👍 60 10😁 1🤣 1
ဒေါ်ခင်သူသူလွင်(CDM)ကို မင်းကင်းပလဖ ဖ-မ်းဆီးခေါ်ဆောင်တဲ့ကိစ္စမှာ ရဲဘော်တွေကို "အာဏာရှင်ဆန်တယ်၊ အကြ-မ်းဖ-က်စစ်တပ်နဲ့ ဘာမှမထူးဘူး" ဆိုတာမျိုးတွေ ရေးနေပြောနေကြတာကတော့ တော်တော်လေး ဘောင်ကျော်တယ်လို့ဆိုရမယ်။ ရဲဘော်တွေဘက်က အမှားဖြစ်သွားတာတစ်ခုက အမျိုးသမီးကို အရေးယူဖို့ဆိုရင် အမျိုးသမီးရဲမေ ခေါ်ဆောင်လာရမယ်၊ တကယ်က ဘယ်လိုအရေးယူမှုမဆို ရဲမေတွေအမြဲပါနေရမယ်။ အခုကမပါလာဘူး၊ ဒီတစ်ချက်ပဲ အမှားလို့မြင်တယ်။ ရုပ်သံကြည့်ရှုရန်... https://t.me/ANMTarnoldmyotint/9258 သို့ပေမယ့် လုံးလုံးလျားလျား အမှားချည်းပဲမဟုတ်ဘူး၊ စခန်းမှာ အေးဆေးရှင်းဖို့ အသာတကြည် ခေါ်ဆောင်တယ်၊ ရုပ်သံအစမှာ ရဲဘော်တွေဘက်က ယဥ်ကျေးစွာနဲ့ပြောခဲ့တာက အကုန်မျက်မြင်သက်သေပဲ။ ထပ်ပြောမယ်၊ ရဲမေတွေမပါပဲ ဖ-မ်းတာက မှားတယ်။ အမျိုးသမီးအခွင့်အရေး အပြည့်အဝပေးရမယ်။ ဒေါ်ခင်သူသူလွင်ဘက်ကလည်း မှားတာတွေရှိတယ်၊ အရှေ့ဖြစ်စဥ်တွေကို ခဏထားဦး၊ video file ထဲမှာ "ငါ့ကိုမထိနဲ့"လို့ အကြိမ်ကြိမ်ပြောနေပြီး "လာခဲ့လိုက် လာခဲ့လိုက်"ဆိုပြီး လက်ယက်စိန်ခေါ်နေတဲ့မြင်ကွင်းရယ်၊ ဓါတ်ဗူးကို ရို-က်ခွဲတဲ့မြင်ကွင်းရယ်၊ အဲ့အနေအထားရောက်မှ ရဲဘော်တွေဘက်က နောက်တဆင့်တက်ပြီး လက်ကိုချုပ်ဖ-မ်းတာ၊ ကြားထဲမှာ အိမ်က တိလေးတွေက ရဲဘော်ကိုဝိုင်းဆွဲလို့ ရဲဘော်တွေဘက်က ရုတ်တရက်ဒေါသထွက်တာမျိုးတွေရှိမယ်၊ ဒေါ်ခင်သူသူလွင် ဘက်က ရုန်းကန်တဲ့အပြင် ရဲဘော်တချို့ကို ခြေထောက်နဲ့က-န်တာမျိုးတွေလည်း မြင်ရတယ်။ ထပ်ပြောမယ် ရဲမေတွေမပါပဲ ဖ-မ်းဆီးတာက မင်းကင်းပလဖ မှားတယ်။ ဒေါ်ခင်သူသူလွင်ဟာ ဟိုယခင်က မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ခံဟောင်းဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကို စာဖတ်သူတွေမေ့ထားလို့မရဘူး။ ကနဦးကြားရတဲ့အကြောင်းအရာက မင်းကင်း ပ.အ.ဖ မှာ သူတာဝန်ယူစဥ်အချိန်တုန်းက ဂမ်း ၃ လက်ငှားထားတာ တစ်နှစ်ကျော်ကြာတဲ့အထိ (ယခု ပ.အ.ဖ တာဝန်ခံကနေ နှုတ်ထွက်ပြီးတဲ့အချိန်အထိ) စခန်းလာရှင်းဖို့ခေါ်ထားပေမယ့် ဘာမှအကြောင်းမပြန်တာမို့ အခု သူဆေးခန်းဖွင့်ထားတဲ့ရွာအထိ လာရောက်ခေါ်ဆောင်တယ်ပေါ့။ ဒါက ကြားထားမိသလောက် ပြောပြတာ။ နောက်ထပ် ရွာခံတွေပြောနေကြတဲ့ နှစ်ချက်ရှိတယ်၊ ပထမတစ်ချက်က မင်းကင်းနယ်အတွင်းမှာရှိတဲ့ ရွှေမျောလုပ်ကွက်တွေနဲ့ပတ်သက်ပြီး ဒေါ်ခင်သူသူလွင်က ဆန္ဒပြလို့ဆိုပြီး လာဖ-မ်းတယ်ဆိုတဲ့အချက်ရယ်၊ ဒုတိယအချက်က ပ.အ.ဖ မှာ သူတာဝန်ခံလုပ်ခဲ့တုန်းက ကိစ္စကြောင့်ဆိုတဲ့အချက်ရယ်၊ ဒီအချက်ကတော့ ကျွန်တော်အပေါ်မှာပြောထားတဲ့ကေ့စ်ပေါ့။ ဆိုတော့ ပြောချင်တာက မင်းကင်း ပလဖရဲဘော်တွေသာ ဒေါ်ခင်သူသူလွင်အပေါ် မတရားနို-င့်ထက်စီးနှ-င်း အမှန်တကယ်ပြုလုပ်ချင်တဲ့ ရည်ရွယ်ချက်သာရှိမယ်ဆိုရင် အဲဒီရုပ်သံဖိုင်က အွန်လိုင်းပေါ် တက်လာစရာအကြောင်းမရှိဘူး။ အဲ့နေရာမှာတင် မှတ်တမ်းတင်နေတဲ့သူကိုပါ တခါတည်းဆွဲခေါ်ပြီး အမှုတွဲနေလောက်ပြီ။ ရဲဘော်တွေဘက်က မဟုတ်တာလုပ်တယ်ဆိုရင်၊ အာဏာရှ-င်ဆန်တယ်ဆိုရင်၊ စစ်တပ်နဲ့ မထူးမခြားနားဘူးဆိုရင် အပေါ်ကအချက်တွေကို မြင်အောင်ကြည့်စေချင်တာမျိုးပါ။ တစိတ်ရှိတာနဲ့ ရဲဘော်တွေကို ပစ်စလက်ခတ် ဝိုင်းပြောတာမျိုးတွေကိုတော့ ထိန်းကျောင်းပေးကြဖို့ လိုအပ်ပါတယ်။ ကေ့စ်တွေရှိလို့ အသာတကြည်လာခေါ်တယ်၊ အဲ့မှာ မလိုက်ဘူး၊ ထိရဲထိကြည့်တွေ စိန်ခေါ်ပြီး ထသောင်းကျန်းလို့ ရဲမေတွေမပါပဲ ဖ-မ်းဆီးတယ်။ အခုကိစ္စမှာ ရဲဘော်တွေ အလုံးစုံမှန်နေတယ်လို့ ပြောချင်တာမဟုတ်၊ ဒေါ်ခင်သူသူလွင်ဘက်ကလည်း ရိုးရှင်းမနေဘူးဆိုတာလည်း သိစေချင်တယ်။ အကယ်၍ ရဲမေတွေပါခဲ့ရင်တောင် စော-က်ဖောင်းHtuချင်တဲ့ကောင်က Htuနေဦးမှာပဲ။ #အေအန်န်အမ်မ်တီ
Mostrar todo...
👍 50 14😁 1
04:26
Video unavailableShow in Telegram
ဒေါ်ခင်သူသူလွင်(CDM)ကို မင်းကင်းပလဖ ဖ-မ်းဆီးခေါ်ဆောင်တဲ့ကိစ္စကို ပြောပြချင်ပါတယ်။ အပြည့်အစုံဖတ်ရှုရန်.... https://www.facebook.com/share/p/1NHJRiMvZ9/ #အေအန်န်အမ်မ်တီ
Mostrar todo...
60.37 MB
👍 43🤬 3
Photo unavailableShow in Telegram
Project 25 လို့အမည်ပေးထားတဲ့ ကမ်ပိန်းတစ်ခုရှိပါတယ်၊ တားဂတ် သိန်း ၂၅၀ သတ်မှတ်ထားပြီး မြေပြန့်မှာခြေကုပ်ယူထားတဲ့ အဖွဲ့တစ်ဖွဲ့အတွက် လ-က်န-က်ထောက်ပံ့နိုင်ဖို့ Diary of Comrade ပေ့ချ်ကနေပြုလုပ်နေတဲ့ ကမ်ပိန်းလေးဖြစ်ပါတယ်။ ထောက်ပံ့ကူညီချင်ပါက အောက်ကပေ့ချ်လင့်ခ်မှာတိုက်ရိုက်ဆက်သွက်ပေးပါနော်၊ ငွေကြေးမတတ်နိုင်ဘူးဆိုရင်တောင် ဖော်ပြထားတဲ့လင့်ခ်ထဲဝင်ပြီး RCS ပြုလုပ်ပေးဖို့ တောင်းဆိုပါရစေခင်ဗျာ။ RCS လုပ်ရန် ကမ်ပိန်းလင့်ခ်...👇 https://www.facebook.com/share/v/1BYnBCMqbz/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
42👍 14🥰 2
စော-က်ပေါ Leeအတွေးအခေါ်၊ ရပ်တည်ချက်ခံယူချက်မရှိတဲ့ ဖောက်ပြန်ရေးသမားဆိုတာ မင်းပို့စ်ဖတ်ကြည့်တာနဲ့ သိသာတယ်။ CDM လုပ်ခဲ့တယ်ဆိုတာ သူများယောင်လို့လိုက်ယောင်ခဲ့တယ်လို့ ပွင့်ပွင့်လင်းပြောရင်တောင် လက်ခံပေးလိုက်ဦးမယ်၊ မအေloe စော-က်ပေါ... မူရင်းပို့စ် .. https://www.facebook.com/share/p/17cz9t9NZ7/ သူ့အကောင့်... https://www.facebook.com/share/1GfKSShKTd/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
👍 68 3🔥 1
အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို Nude နဲ့ခြိမ်းခြောက်နေတဲ့ ပဲခူးမြို့က ဦးအောင်သူရဲ့သား ကောင်းထက်မြင့်ကေ့စ်မှာ တော်တော်အံ့ဩပြီး ရွံစရာကိစ္စတစ်ခုလည်း ရှိတယ်။ ကောင်းထက်မြင့်နဲ့အတူ သူ့ဘော်ဒါ မိန်းကလေး ဆုမွန်ခိုင်ကပါ အလိုတူအလိုပါ ခြိ-မ်းခြော-က်နေတဲ့ကိစ္စပဲ။ Ssတွေဖတ်ရတာ အတော်လေး အသည်းပေါက်စရာကောင်းတယ်၊ မိန်းကလေးချင်းကို Nude ဖြန့်ဖို့ ကောင်းထက်မြင့်ကို အားပေးနေတာတွေ၊ စစ်တပ်လက်ကိုင်တုတ် ပျူစောတွေနဲ့ဖမ်းပြီး သ-တ်ခိုင်းမယ် ဆိုတာတွေကို အဲဒီအလိုတူ အလိုပါ မိန်းကလေးနှုတ်ကနေ ဘယ်လို ရည်ရွယ်ချက်နဲ့ ပြောထွက်တယ်မသိဘူး။ မိန်းကလေးဖြစ်နေလို့ အမဲစက်နဲ့ ဘဝ သေတဲ့အထိ ဖြစ်မှာဆိုးလို့ public မထုတ်ပြသေးတာဖြစ်တယ်။ ကျနော်နဲ့ ခု ဒီကောင်မလေးနဲ့ စကားပြောနေတယ်၊ နစ်နာသူ ကာယကံရှင်မိန်းကလေးဆီကို တောင်းပန်ဖို့နဲ့ နောက်နောင် မဖြစ်စေရပါဘူး ကတိပေးဖို့ အတွက်ပါ။ ဒီအခြေနေကိုမှ တာဝန်ယူမှုရှိရှိ မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ လုပ်ငန်းစဉ်အတိုင်း ရှေ့ဆက်ပါမယ်။ Aung ZaBu Kyaw Hein #ASVteam အားပေးအားမြှောက်သူ ဆုမွန်ခိုင်အကောင့်... https://www.facebook.com/share/1AH5bNC4qs/?mibextid=wwXIfr #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
👍 52🤬 16
ဥရောပပါလီမန်ရဲ့ (၂၇/၁၁/၂၀၂၅) ပူးတွဲဆုံးဖြတ်ချက်ကို အနှစ်ချုပ် ဖော်ပြပေးလိုက်ပါတယ်။ . "ဤပူးတွဲဆုံးဖြတ်ချက်သည် ဥရောပပါလီမန်၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ချမှတ်ခဲ့သော ပူးတွဲဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ရိုဟင်ဂျာလူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို အဓိကထား၍ အရေးယူဆောင်ရွက်ရန် ဖော်ပြထားသည်။ . အဆိုပါ ဆုံးဖြတ်ချက်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကာ အရပ်သားများ၊ တိုင်းရင်းသားလူနည်းစုများနှင့် နိုင်ငံရေးသမားများအပေါ် တပ်မတော်မှ ကျူးလွန်သည့် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို ရှုတ်ချထားသည်။ . ဥရောပပါလီမန်သည် လာမည့် ၂၀၂၅/၂၀၂၆ ခုနှစ်များတွင် စီစဉ်ထားသည့် တရားမဝင် ရွေးကောက်ပွဲများကို လုံးဝလက်မခံကြောင်း အခိုင်အမာ ပြောကြားပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ တရားဝင် ကိုယ်စားလှယ်အဖြစ် ထောက်ခံရပ်တည်သည်။ . ထို့ပြင် နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံရသူများအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုလိုက်သည်။ . ဤဆုံးဖြတ်ချက်က မြန်မာစစ်အစိုးရအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို တိုးမြှင့်ရန်နှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှု ချမှတ်ရန် အရေးတကြီး တိုက်တွန်းထားသည်။ ၎င်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက်ပေးအပ်ရန်ကိုလည်း အလေးပေးဖော်ပြထားသည်။" . စာမျက်နှာ ၁၀မျက်နှာ ရှိတဲ့ ဆုံးဖြတ်ချက်စာတမ်း ထဲမှာတော့ ကိန်းဂဏန်းတွေ၊ သက်သေအချက်အလက်တွေနဲ့ အတော်ပြည့်ပြည့်စုံစုံရေးထားပါတယ်။ စစ်တပ် အကြမ်းဖက်လုပ်ရပ်များ ကိုလည်း အခုလို ဖော်ပြထားပါတယ်။ . "ဖမ်းဆီးထိန်းသိမ်းမှုများ - အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ အစိုးရအရာရှိများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် သတင်းသမားများကို တရားမဝင် ဖမ်းဆီးခြင်း သို့မဟုတ် နေအိမ်အကျယ်ချုပ်ချထားခြင်းများ ပြုလုပ်ခဲ့သည်။ . နိုင်ငံရေးအကျဉ်းသားများ - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ လူပေါင်း ၃၀,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်မှာ အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်းခံထားရသည်။ . အကျဉ်းထောင်အတွင်း သေဆုံးမှုများ- အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အတွင်း သေဆုံးသူ အနည်းဆုံး ၁,၈၅၃ ဦး ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နောက်ထပ် လူ ၇၀ ကျော် သေဆုံးခဲ့သည်။ . စစ်ဆင်ရေးများ - စစ်ကောင်စီသည် အရပ်သားအဆောက်အအုံများဖြစ်သော စာသင်ကျောင်းများ၊ ဆေးခန်းများ၊ ဘုန်းကြီးကျောင်းများနှင့် နေအိမ်များကို ပစ်မှတ်ထား၍ ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ဖြင့်ပစ်ခတ်မှုများနှင့် မီးရှို့မှုများကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ . အရပ်သား ထိခိုက်သေဆုံးမှု - အာဏာသိမ်းပြီးနောက် အရပ်သားနေအိမ် ၁၀၀,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး အရပ်သား အနည်းဆုံး ၇,၃၀၀ သေဆုံးခဲ့သည်။ . အခြားသော ချိုးဖောက်မှုများ - အဓမ္မ စစ်သားစုဆောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ တရားလက်လွတ် ကွပ်မျက်ခြင်း၊ အဓမ္မလူဖျောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်။" . ဥရောပသမဂ္ဂအနေနဲ့တော့ သူတို့ရဲ့ သဘောထားကို အခုလို ပြတ်ပြတ်သားသား ဖော်ပြထားပါတယ်။ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘူး။ ဒီရွေးကောက်ပွဲကို လေ့လာသူတွေလည်း မလွှတ်ဘူး။ လက်နက်ကုန်သွယ်မှုတွေကိုလည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆက်ပြီးပိတ်ထားမယ်။ စစ်ကောင်စီအား နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ပံ့ပိုးပေးနေသော နိုင်ငံတွေကိုလည်း ရှုတ်ချထားပါတယ်။ သူတို့လိုပဲ တခြားကမ္ဘာနိုင်ငံတွေကို လုပ်ကြဖို့ ဥရောပသမဂ္ဂကနေ တိုက်တွန်းထားပါတယ်။ _ AKMoe 2025/11/28 (မူရင်း အင်္ဂလိပ်ဘာသာနဲ့ ကြေညာချက် ကို ကော်မန့်မှာ ယူနိုင်ပါတယ်။) ရုပ်သံကြည့်ရှုရန်... https://t.me/ANMTarnoldmyotint/9248 #အေအန်န်အမ်မ်တီ
Mostrar todo...
62👍 8🤣 1
05:32
Video unavailableShow in Telegram
ဥရောပပါလီမန်ရဲ့ (၂၇/၁၁/၂၀၂၅) မြန်မာနိုင်ငံအပေါ် ပူးတွဲဆုံးဖြတ်ချက် ကို AI အကူအညီနဲ့ ဗီဒီယိုလုပ်ပြီး တင်ပေးလိုက်ပါတယ်။ ဗီဒီယိုမှာ စာလုံးပေါင်း အမှား၊ အသံထွက် အမှားတွေပါတာတော့ရှိပေမယ့် တင်ဆက်ထားတာက ထိထိမိမိနဲ့ နားလည်လွယ်ပါတယ်။ ငါးမိနစ်လောက် အချိန်ရရင် နားထောင်ကြည့်ပါ။ (ပူးတွဲဆုံးဖြတ်ချက်အပေါ် အတိုချုပ် စာနဲ့ ရေးထားတာတော့ နောက်မှ တင်ပေးပါ့မယ်။ AKMoe 2025/11/28 မူရင်း ကြေညာချက် (အင်္ဂလိပ်ဘာသာ) https://www.europarl.europa.eu/doceo/document/RC-10-2025-0508_EN.pdf မူရင်း Facebook Post https://www.facebook.com/share/v/1KMcVA2zKk/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
5.40 KB
34👍 7
ကို Melvin Moe ရေးထားတဲ့ပို့စ်လေး ခုနကပဲဖတ်လိုက်ရပြီး အချက်လက်တချို့ လွဲမှားနေလို့ပါ။ ပြောချင်တာက တာမွေအပိုင် လူမို-က်အဖွဲ့ကို သကေတလူမို-က်(ဝင်းထွဋ်ဝင်း)အဖွဲ့က ဝင်ခု-တ်လို့ ထော-င်ကျခဲ့တာမျိုးမဟုတ်ပဲ၊ ထော-င်ကျနေတဲ့ကောင်က ထော-င်အပြင်ထွက်ပြီး အေးအေးလူလူ လူမို-က်ဆက်လုပ်ခွင့်ရနေခဲ့တာလို့ ပြောချင်တာပါ။ https://t.me/ANMTarnoldmyotint/9243?single သာကေတလူမိုက် ဝင်းထွဋ်ဝင်းဆိုတာ ဟိုးယခင်က နယ်ထိန်းကို Darခု-တ်မှုနဲ့ ထော-င်(၇)နှစ်ကျပြီး ပြန်ထွက်လာခဲ့သူ၊ ထော-င်ကထွက်လာပြီးနောက်ပိုင်း ထော-င်ထွက်တပည့်တွေမွေးပြီး ရပ်ကွက်ထဲမှာ လူမို-က်ခေါင်းဆောင်လုပ်နေတဲ့သူပါ။ ဒါဟာ သူ့ရဲ့လူမို-က်ဘဝအစပျိုးတဲ့ဖြစ်စဥ်လို့ ပြောရမယ်။ ၂၀၁၆ ခုနှစ် ဇွန်လ ၁၆ ရက်တုန်းကလည်း ဆိုင်ခန်းပိုင်ဆိုင်မှုအငြ-င်းပွားနေတဲ့ ရန်ကုန်မြို့ အနော်ရထာလမ်းရှိ ပစိဖိတ်ဓာတ်ပုံတိုက်က ဆိုင်ရှင်ဖြစ်သူအမျိုးသားကို လမ်းမတော် ၁၀ လမ်းမှာDarနဲ့ထောက် အငှားယာဉ်တစ်စီးနဲ့ခေါ်ဆောင်ပြီး ကမာကြည်တံတားအနီး ငမိုးရိပ်ချောင်းဘေးတွင် ရို-က်နှ-က် ခြိ-မ်းခြော-က်၊ ဓာတ်ပုံဆိုင်ဖယ်ရှားပေးဖို့ စာချုပ်မှာ အတ-င်းလက်မှတ်ရေးထိုး စေခို-င်းခဲ့​လို့ နောက်တစ်ကြိမ် ထော-င်ကျခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း တာမွေကျောက်မြောင်း သတိပဌာန်ထိပ်က 777Game ဆိုင်ရှေ့ဖြစ်ခဲ့ကြတဲ့ အု-ပ်စုလိုက် Darခု-တ်သ-တ်ဖြ-တ်မှုမှာ ဝင်းထွဋ်ဝင်းနဲ့ အခြားနာမည်ကျော် လူမို-က်ဖြစ်တဲ့ ယဉ်မိုးအပါအဝင် လူမို-က်ရှစ်ဦးတို့ ပါဝင်ခဲ့ကြပြီး ထိုသို့ပြ-စ်မှုကျူးလွ-န်သူများကို ရဲတပ်ဖွဲ့က သေန-တ်ဖြင့် ပ-စ်ခ-တ်ဖ-မ်းဆီးခဲ့ရသည်အထိ ဖြစ်ခဲ့တယ်ဆိုတာ တချို့တွေမှတ်မိကြပါလိမ့်မယ်။ ဝင်းထွဋ်ဝင်းက ၂၀၁၆ မှာထော-င်ကျခဲ့ပေမယ့် စစ်အုပ်စုရဲ့လ-က်ပါးစေအဖြစ် သဘောတူညီမှုရယူခါ ထော-င်တွင်းသို့လူစားထိုး ဝင်ရောက်စေပြီး၊ အပြင်လောကမှာ အေးရာအေးကြောင်း နေလာခဲ့တာဖြစ်ပါတယ်၊ ၂၀၁၈ ခုနှစ် တာမွေ 777 ဂိမ်းဆိုင်ရှေ့ Darခု-တ်မှုကိစ္စမှာ ထိုအကြောင်းအရာက လူသိရှင်ကြားဖြစ်ခဲ့လို့ ပြည်ထဲရေးရဲတပ်ဖွဲ့တစ်ခုလုံး သောက်ရှ-က်ဟက်တက်-ကွဲခဲ့ရတဲ့ကိစ္စပါ။ ထောင်ဒဏ်ကျနေတဲ့သူက အပြင်ထွက်ပြီး လူသ-တ်ပြလိုက်လို့ ဟိုးလေးတကျော်ကျော်ဖြစ်တော့မှ ၂၀၁၈ ဝင်းထွဋ်ဝင်းကို ရုံးထုတ်စစ်ဆေးရာမှာ ကားအကောင်းစားနဲ့ ရုံးထုတ်ပေးသည့်အပြင် သတင်းမီဒီယာတွေမှာပါ ဝင်းထွဋ်ဝင်းမျက်နှာမပေါ်စေရန် စစ်အုပ်စုလ-က်ပါးစေ ရဲတပ်ဖွဲ့ဝင်များက ထီးတွေနဲ့တောင် ကွယ်မိုးပေးခဲ့ကြပါသေးတယ်။ ဒါဟာ NLD အစိုးရလက်ထက်မှာ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအပိုင်းမှာ အရပ်သားအစိုးရနဲ့စစ်အစိုးရ နှစ်ခုဖြစ်နေပြီး စစ်အုပ်စုဘက်ကသာ တရားရေးဌာနအများစုကို အုပ်စိုးထားခဲ့တယ်ဆိုတဲ့ မီးမောင်းတစ်ခုပဲဖြစ်ပါတယ်။ အခု Ballမ ယုန်လေး သိန်း၆,၀၀၀ အကုန်ကျခံပြီး ရိုက်းကူးရုံတင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားက မြန်မာနိုင်ငံက မူးယ-စ်ဆေးဝါးနဲ့ပတ်သက်ပြီး လူငယ်တွေက်ု အသိပညာပေးတဲ့ဇာတ်ကားလို့ ဆိုကြတာကိုတွေ့ရပါတယ်။ တကယ့်လက်တွေ့ အပြင်လောကမှာ မူးယ-စ်ဆေးဝါးဖြ-န့်နေတဲ့ လူမို-က်အု-ပ်စုနဲ့အတူ မူးယ-စ်ပညာပေးဇာတ်ကားရိုက်ကူးခွင့်ပေးပြီး ရုံတင်ပြခွင့်ပေးတဲ့ကောင်တွေကိုတော့ ဘာမှအံ့သြစရာမရှိပါဘူး။ ကြေးစားလူသ-တ်၊ မို-က်ကြေးKhwal၊ ဆက်ကြေးကောက်၊ လိုင်းကြေးယူ၊ မူးယ-စ်ဆေးဝါး ကိုယ်တိုင်ဖြ-န့်ဖြူး၊ ဖြန့်ဖြူးသူတွေကို အကာအကွယ်ပေးတဲ့ကောင်တွေကိုမှ ရုပ်ရှင်ထဲထည့်ရို-က်ပြီး မြို့မေတ္တာခံယူခိုင်းတဲ့လုပ်ကွက်ကို ပြည်သူအကုန်လုံးက ရိပ်စားမိနေလို့ မင်းတို့ဇာတ်ကားကျရှူံးတာပဲ။ ဒီဘက်ရဲ့ Boycott အားကလည်း သေးမှမသေးပဲကို။ အဲ့တော့ ကိုယ့်စော-က်ဆင့်ကိုယ်သိကြပေါ့၊ Facebook Post... https://www.facebook.com/share/p/1B9MfnbXKQ/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
👏 38👍 20 11
ယုန်လေးရို-က်ကူထားတဲ့ ရုပ်ရှင်ပေါကားမှာပါဝင်တဲ့ လူမို-က်ဝင်းထွဋ်ဝင်းကေ့စ်လေးပြောချင်လို့။ ကို Melvin Moe ရေးထားတဲ့ပို့စ်လေး ခုနကပဲဖတ်လိုက်ရပြီး အချက်လက်တချို့ လွဲမှားနေလို့ပါ။ အပြည့်အစုံဖတ်ရှုရန် Facebook Post... https://www.facebook.com/share/p/1B9MfnbXKQ/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
👍 32 8
အနွေးထည်ကမ်ပိန်း ငွေရှင်းတမ်း၊ ၉၈ သိန်းကျော် ရရှိခဲ့။ https://t.me/ANMTarnoldmyotint/9234?single သာယာဝတီခရိုင် တပ်ရင်း(၃) အတွက် CDM တွေချူပ်လုပ်ထားသည့် ကွာလတီကောင်းမွန်သော အနွေးထည်များပို့ဆောင်နိုင်စေရန် "ကြယ်ငါးကောက်မယ် အနွေးဓါတ်ပေးမယ်" ကမ်ပိန်းကို နိုဝင်ဘာလ ၁၉ ရက်မှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ (၁၁)ရက်တာကမ်ပိန်း ပြုလုပ်ခဲ့ရာမှာ မိတ်ဆွေ ၇၉ ဦးတိတိ လာရောက်ပါဝင်ထောက်ပံ့၍ မြန်မာငွေကျပ် ၉,၈၅၅,၇၇၀ (ကိုးဆယ့်ရှစ်သိန်း ငါးသောင်းငါးထောင် ခုနှစ်ရာ့ခုနှစ်ဆယ်ကျပ်) တိတိ လက်ခံရရှိခဲ့ပါတယ်။ ထိုရရှိငွေများကို ခွဲခြမ်းစိတ်ဖြာရာမှာ အနွေးထည်စုစုပေါင်း ၁၇၉ ထည် ရရှိမှာဖြစ်ပြီး တန်ဆာခတော့ လုံးဝထည့်မတွက်ရသေးပါဘူး။ သာယာဝတီခရိုင် တပ်ရင်း(၃)အတွက် အနွေးထည်အထည် ၁၀၀ ပို့ဆောင်မှာဖြစ်ပြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် သေမင်းတမန် အဖွဲ့ထံကိုတော့ အထည် ၅၀ ပို့ဆောင်သွားမှာဖြစ်ပါတယ်၊ ကျန်ရှိနေတဲ့ ပိုလျှံထည်တွေကိုတော့ နောက်ထပ်တဖွဲ့ဆီ ပို့ဆောင်သွားပါမယ်။ တန်ဆာတင်ခကတော့ စုစုပေါင်း ၅ သိန်း ပတ်ချာလည်လောက် ပိုပိုလိုလို ဖယ်ထားလိုက်ပါတယ်။ ဆိုလိုချင်တာက တန်ဆာခဖယ်လိုက်မယ်ဆိုရင် ရရှိထားတဲ့ ၁၇၉ ထည်အထဲကနေ ၈ ထည် (သို့မဟုတ်) ၉ ထည်စာလောက် လျော့သွားမယ်လို့ ဆိုလိုချင်တာပါ။ ရက်စွဲအလိုက် စုစုပေါင်းရရှိငွေ နိုဝင်ဘာ ၁၉ ရက် (၂ ဦး) _ ၁၇၀,၀၀၀ နိုဝင်ဘာ ၂၀ ရက် (၂ ဦး) _ ၁၆၀,၀၀၀ နိုဝင်ဘာ ၂၁ ရက် (၅ ဦး) _ ၁၉၀,၀၀၀ နိုဝင်ဘာ ၂၂ ရက် (၂ ဦး) _ ၁၀၀,၀၀၀ နိုဝင်ဘာ ၂၃ ရက် (၃ ဦး) _ ၁၀၅,၀၀၀ နိုဝင်ဘာ ၂၄ ရက် (၅ ဦး) _ ၄၅၉,၅၀၀ နိုဝင်ဘာ ၂၅ ရက် (၂ ဦး) _ ၂,၁၉၈,၀၀၀ နိုဝင်ဘာ ၂၆ ရက် (၁၆ ဦး) _ ၁,၆၆၀,၀၀၀ နိုဝင်ဘာ ၂၇ ရက် (၁၆ ဦး) _ ၁,၅၁၅,၀၀၀ နိုဝင်ဘာ ၂၈ ရက် (၂၁ ဦး) _ ၂,၉၇၈,၅၀၀ နိုဝင်ဘာ ၂၉ ရက် (၅ ဦး) _ ၃၁၉,၇၇၀ . -------------------------- Total (၇၉ ဦး) ၉,၈၅၅,၇၇၀ ထိုစာရင်းအားလုံးဟာ ကျွန်တော့်ကောင်မလေးမယ်ခန့် နှင့် ကြယ်ငါးကောက်သူများပေ့ချ်ထံသို့ တိုက်ရိုက်ပို့ဆောင်သောသူများအပြင်၊ ကျွန်တော်ထံသို့ လာရောက်ပါဝင်များအား အကုန်ဖော်ပြထားခြင်းဖြစ်ပါတယ်။ ယခုပို့စ်ရဲ့ ကွန့်မန့်ထဲမှာလည်း လာရောက်ပါဝင်သူများ၏ လုံခြုံရေးမထိခိုက်စေသော အမည်နှင့် ငွေအမောက်အတိအကျများအား နေ့စွဲအမှတ်စဥ်များနှင့်တကွ ပူးတွဲဖော်ပြပေးထားပါတယ်။ ထိုစာရင်းထဲတွင် မိမိနာမည်မပါရှိတာမျိုး၊ ငွေအမောက်မှားယွင်းနေတာမျိုးတွေ ရှိခဲ့ပါက အားမနာတမ်း ဝင်ရောက်ထောက်ပြနိုင်ပါတယ်ခင်ဗျာ။ တပ်ရင်းတပ်ဖွဲ့တွေထံသို့ အနွေးထည်ရောက်ရှိသွားခဲ့တာနဲ့ ၎င်းတို့ဘက်မှ လက်ခံရရှိကြောင်း ရုပ်သံဖိုင်ရိုက်ကူးပြီး ပေးပို့တာပဲဖြစ်ဖြစ်၊ တပ်ရင်းဂုဏ်ပြုမှတ်တမ်း ပြန်ပို့ပေးတာပဲဖြစ်ဖြစ်၊ တစ်ခုခုပို့ဆောင်ခဲ့ပါက ဒီပ်ို့စ်ထဲမှာပဲ Edit post လုပ်ပြီး လာရောက်ဖော်ပြပေးထားပါမယ်ခင်ဗျာ။ ယခုကမ်ပိန်းနှင့်ပတ်သက်ပြီး ငွေကြေးပါဝင်ထောက်ပံ့သူတွေအပြင် ကမ်ပိန်းပို့စ်များအား ရိချ်တက်စေအောင် RCS လုပ်ဆောင်ပေးသူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျွန်တော် အေအန်န်အမ်မ်တီ အပါအဝင်၊ မယ်ခန့်နှင့် ကြယ်ငါးကောက်သူများမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။ Facebook Post https://www.facebook.com/share/p/185hNaBFtq/ #အေအန်န်အမ်မ်တီ Telegram Channel
Mostrar todo...
51👍 10🥰 1