es
Feedback
2025 año en númerossnowflakes fon
card fon
123 112
Suscriptores
-3524 horas
-3017 días
-1 17530 días
Archivo de publicaciones
01:39
Video unavailableShow in Telegram
မတ်မတ်မိုး ဖော်ပီလေ -
Mostrar todo...
499.mp49.15 MB
👍 274 41😁 20
Photo unavailableShow in Telegram
🙏🙏🙏
Mostrar todo...
🙏 652 49👍 19😢 2
Repost from TgId: 2406137658
02:05
Video unavailableShow in Telegram
ကျောခင်းပေးမယ့်ကိုယ်စားလှယ်လောင်းတွေကိုနင်းလျှောက်ပြီးပြည်သူတွေလိုချင်တဲ့အနာဂတ်ကိုပုံဖော်ဖို့ပဲခူးတိုင်းဒေသကြီးလူထုတွေ့ဆုံပွဲမှာတိုက်တွန်းခဲ့ပါတယ်။ #UKhinYi #VoteUSDP #Myanmar #StrongerMyanmar #fyp
Mostrar todo...
24.55 MB
👍 215 47😁 1🤬 1
Repost from TgId: 1907154014
ဦးထုပ်လေးတွေ တန်းစီ ...... - ပဒါန်းဒေသ၊ နတ်ရေကန်တောင်ဘက်မှာ တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်တွေရဲ့ ပုံရိပ်အချို့ ❤️❤️❤️ - တိုက်ပွဲသတင်းစုံ
Mostrar todo...
343👍 195💯 4🤬 3
Repost from TgId: 1907154014
Photo unavailableShow in Telegram
ငပွေးတွေ သိဖို့ 👌 - အခါကြီးရက်ကြီးဆို တပ်က ပိုပြီး ဂရုထားတယ်ဆိုတာကို - (ပုံတွေ မရသေးလို့ .. ရရင် တင်ပေးပါမယ်) - တိုက်ပွဲသတင်းစုံ
Mostrar todo...
👍 403 102👌 13💯 2
Repost from TgId: 1907154014
Photo unavailableShow in Telegram
ညောင်ပင်ကုန်းစခန်းမှ သိမ်းပိုက်ရရှိပုံ 🏆🏆🏆 - (၁) အလောင်း ၄လောင်း။ (၂) လက်နက်မျိုးစုံ ၅လက်။ (၃) ကျည်အိမ် ၄ခု။ (၄) ၇.၆၂ကျည် ၁၀၆၂တောင့်။ (၅) ၇.၆၂၃၉ကျည် ၂၀၃တောင့်။ (၆) ကျည်ခါးပတ်တွဲ ၄ တွဲ။ (၇) ၆၀မမစိန်ပြောင်းအောက်ခံခုံ ၁ခု။ (၈)ကျည်ကာဦးထုပ် ၄လုံး။ (၉) တရုတ်လက်ပစ်ဗုံး ၈လုံး။ - (အလောင်းပုံတွေ ထပ်မံဖော်ပြပေးပါမည်) - တိုက်ပွဲသတင်းစုံ
Mostrar todo...
👍 366 77
Repost from TgId: 1907154014
Photo unavailableShow in Telegram
AA တွေကတော့ စမုံတုန်းကုန်ပြီ .. ဆေးရှိန်ကျသွားပြီ - Congratulations ပါ မြန်မာ့တပ်မတော် 🏆🏆🏆 - တိုက်ပွဲသတင်းစုံ
Mostrar todo...
👍 388 106👌 3
NUG ထောက်ခံတဲ့သူတွေက တဖြည်းဖြည်း ဘာနဲ့ သွားတူလဲ ဆိုတော့ ဆူးလှည်း နဲ့ အလား သဏ္ဍန် တူလာကြတာ။ တိုင်းပြည်တစ်ခုဟာ ဒီမိုကရေစီဆိုတဲ့ စနစ်တစ်ခုကို လက်ခံရင် ရွေးကောက်ပွဲက မဖြစ်မနေ ဖြတ်သန်းရမယ့် အဆင့်တစ်ခုပဲ။ ရွေးကောက်ပွဲဟာ ဘယ်သူ့ လက်ထက်မှာ ကျင်းပလို့၊ ဘယ်သူက ကျင်းပ ပေးလို့ ဆိုတာတွေက အကြောင်းမဲ့ ဆင်ခြေ သပ်သပ်ပဲ။ ရွေးကောက်ပွဲတစ်ခုမှာ ကိုယ်ထောက်ခံတဲ့ အနီ ပါတီမှ မဟုတ်ရင် တခြားပါတီကို လှောင်ပြောင်တတ်တဲ့ စရိုက်ဆိုးတွေ ရှိနေတတ်တာကလည်း ပညာသာတတ်ပြီး အပေါ်ယံ ဒီမိုကရေစီစနစ် ၊ ဟန်ပြ ဒီမိုကရေစီ ဖြစ်နေတာ တွေ့ရလိမ့်မယ်။ သေချာတာတော့ တပြည်လုံး အတိုင်းအတာနဲ့ နှိုင်းယှဉ်ကြည့်ရင်....ပါတီတိုင်းမှာ အတိုင်းအတာ ပမာဏ တစ်ခုစီ ရှိတဲ့ ထောက်ခံသူတွေ ရှိနေကြမှာပါပဲ။ ဒီပါတီတွေကို ထောက်ခံကြမဲ့ ပြည်သူလူထုရဲ့ စိတ်ဆန္ဒကိုကို ဓားမိုး၊ သေနတ်ထောက်ပြီး ရွေးကောက်ပွဲ မကျင်းပရ၊ ရွေးကောက်ပွဲ မထောက်ခံရဆိုတော့ တသက်လုံး တပ်က ထိန်းချုပ်တဲ့ စနစ်တစ်ခုကိုပဲ သွားကြ‌ဖို့ စိတ်ပိုင်း ဖြတ်ထားကြတာလားလို့ မေးစရာရှိလာတယ်။ ဒီလိုသွားကြရင်ဖြင့် ဒေသကိုယ်စားပြု အစိုးရမရှိ၊ လွှတ်တော် မပါ၊ လိုအပ်သလောက်သာ ဖွင့်ပေးထားမယ့် အထိမ်းအကွပ်ကာလနဲ့ပဲ တသက်လုံး ရှေ့ဆက်သွားကြမှာလားပေါ့။ တကယ်တော့ လက်ရှိ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး၊ အတုအယောင် ရွေးကောက်ပွဲ လို့ ဆိုနေကြသူတွေကိုယ်တိုင်က အထူးသဖြင့် NUG ‌တို့လို အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကနေ အစိုးအသစ် တက်လာတာနဲ့ ဘေးရောက်သွားမယ့် အခင်းအကျင်းမျိုး ဖြစ်လာနိုင်တာသိလို့ ဒီရွေးကောက်ပွဲကို အသဲအသန် ဆန့်ကျင် နေကြတာလည်း ဖြစ်တယ်ပေါ့။ နောက်ဆုံး ....တပ်မတော်ကို ဆန့်ကျင်ရင်း တဖြည်းဖြည်း လမ်းလွဲ လာတဲ့ ကိစ္စတွေမှာ LPDF တွေဟာ NUG ရဲ့ ထိန်းချုပ်ခံ မဖြစ်သလို ဒလံခေါင်းစဉ်တပ်၊ အကြောင်းအမျိုးမျိုးပြပြီး လူသတ်နေတဲ့ ကိစ္စတွေဟာ ပြည်သူလူထုနဲ့ ပိုအလှမ်းကွာဝေးစေတာ တွေ့မိတယ်။ ပိုဆိုးတာက သူတို့ကို မထောက်ခံရင် လူသတ်ပြီး ဖိအားပေးတယ်။ တပ်မတော်နဲ့ အစိုးရကို ထောက်ခံရင် Boycott လုပ်ပြီး ဖိအားပေးတဲ့ ပုံစံ ကျင့်သုံးပေးမယ့် ဒီစနစ်ကြောင့်လည်း တဖြည်းဖြည်း ဘေးရောက်လာစေတာ တွေ့ရတယ်။ သေချာတာကတော့ နီပေါ လူတန်းစားတွေမှာ ပါးစပ်ကသာ ဒီမိုကရေစီတွေ ပြောနေပေမယ့် လက်တွေ့လုပ်ရပ်တွေကတော့ ကွန်မြူနစ် ဆန်နေတာ ထင်ရှားတယ်။ ဒါကပဲ သူတို့ကို ကြားနေပြည်သူတွေက လူမုန်းများလာစေတယ်။ ဒီအကြောင်းတရားတွေကြောင့်ပဲ နွေဦးတော်လှန်ရေးက ကျရှုံး တော်လှန်ရေးလို့ ပြောလာကြတာလည်း ဖြစ်တယ်။ (နရီမိုး)
Mostrar todo...
👍 307 66💯 5
Photo unavailableShow in Telegram
ဖင်ဆော်ခါးသီးတဲ့ နံမယ်က 🥴 -
Mostrar todo...
😁 237👍 40 20
Repost from TgId: 1894149415
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ သားဖွားဆရာမ ၁ ဦးအပါအဝင် အပြစ်မဲ့ ဒေသခံပြည်သူ ၆  ဦးတို့အား ရက်စက်စွာလုပ်ကြံသတ်ဖြတ် နေပြည်တော်၊ ဒီဇင်ဘာ - ၂၀
Mostrar todo...
😡 183😢 107👍 32🤬 31 27
Repost from TgId: 1680800842
Photo unavailableShow in Telegram
nug ကိုယ်တိုင်က အွန်လိုင်းကနေ ဘွန်းတွေရောင်း၊ မိုးကုတ် ပတ္တမြား လုပ်ကွက်တွေရောင်း၊ ကွန်ဒိုတွေရောင်း။ ticket တွေ ရောင်း၊ ထီတွေရောင်းပြီး လိမ်နေတဲ့ ကျားဖြန့်တွေပဲ။ (၂) နှစ် ဘွန်းတွေလဲ ပြန်မရဘူး။ ကွန်ဒိုတွေလဲ မရဘူး။ မိုးကုတ် ပတ္တမြား လုပ်ကွက်တွေလဲ မရဘူး ဆိုထဲက လိမ်တာပဲ။ nug ကို အွန်လိုင်း လိမ်လည်မှု ဂိုဏ်းအနေ နဲ့ ကြေညာပြီး တိုက်ဖျက်ပေးပါ။
Mostrar todo...
👍 281😁 85 32💯 13
31:08
Video unavailableShow in Telegram
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမျိုးဇော်သိမ်းနှင့် Eleven Media Group အယ်ဒီတာချုပ်တို့၏ ဆွေးနွေးမေးမြန်းမှု အပိုင်း(၂) -
Mostrar todo...
USDP 02.mp4458.46 MB
👍 190 39
00:24
Video unavailableShow in Telegram
စိတ်နာမယ်ဆို .. စိတ်နာချင်စရာပဲ -
Mostrar todo...
498.MP42.09 MB
👍 373 52💯 24
NLD အစိုးရရဲ့ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် ပြည်သူ့ဆန္ဒ မပါဘဲ ဖေဘုတ် စောင့်ကြည့်ရေးဆိုတဲ့ စီမံကိန်းကြီး လုပ်ချလိုက်ကတည်းက တပ်မတော်ကို ထောက်ခံတာ၊ ဒါမှမဟုတ် ကိုယ်ယုံကြည်ရာ ဘက် တဖက်ဖက်ကိုတောင် သီးခြား ရပ်လို့မရတဲ့ အခြေအနေ ကြုံခဲ့တာ ကြာခဲ့ပြီပဲ။ ဒါက တပ်မတော်ဘက်ကိုပဲ သီခြားပြောပြသေးတာ။ တပ်မတော်ဆိုတာက နိုင်ငံတခုရဲ့ တရားဝင် အင်စတီကျူးရှင်း ။ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ဘလော့လုပ်ထားပြီ ဆိုကတည်းက ဒါ ဒီမိုကရေစီ မစစ်တော့ဘူး။ သတင်းပြန်ကြားရေးနဲ့ပတ်သက်ရင် ကိုယ်တွေဆီကလည်း သိပ် ထုံတဲ့ လူတွေ မရှိလောက်တော့ပါဘူး။ Facebook ကသာ တရားမျှတရင် သတင်းညီမျှမှုက၊ သတင်းလွှမ်းမိုးမှုက အတိုင်းအတာ တစ်ရပ်အထိ ရှိမဲ့ အနေအထားပါပဲ။ ခက်တာက သိန်း ၆၀၀၀ ထောင်ကျော်အစွမ်းကလည်း ခုထိ ရှိနေတုန်း ထင်ပါတယ်။ တစ်ခုခုဆို ဖြုတ်ချတာ၊ အကောင့်ပိတ်သွားတာ၊ Report မိသွားတာတွေက များများရယ်။ အစိုးရအနေနဲ့ Facebook ပေါ်က သတင်းမှားတွေကို ကိုင်တွယ်ချင်ရင် Facebook အစားထိုး ပလက်ဖောင်း တစ်ခု မြန်မြန် အစားထိုးဖို့ပဲ လိုပါလိမ့်မယ်။ ဒါက ပြည်သူတွေကို အစိုးရထုတ် မြန်မာ့အသံ၊ မြဝတီကိုပဲ ကြည့်စေဖို့ မဟုတ်ဘူး။ ကြားထဲမှာ ကျင့်ဝတ်မရှိ၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ မီဒီယာတွေ ထိန်းချုပ်ဖို့က ဒီတလမ်းပဲရှိတာတွေ့ရတယ်။ တက်လာမဲ့ အစိုးရအနေနဲ့ ဒီပလက်ဖောင်းကို တားနိုင်ရင် ပြဿနာရဲ့ ၃ ချိုး တစ်ချိုးကို ကိုင်တွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ တချို့စနစ်က မမှန်နေရင်၊ လူထု နစ်နာစေရင် ၊ တိုင်းပြည်ထိခိုက်နေရင် ရေဆုံမျော မလိုက်နေသင့်တော့ဘူး။ ဒီလို တရားမျှတမှုမရှိ၊ တခြား အဖွဲ့အစည်း တခုခုက လွှမ်းမိုးထိန်းချုပ်နေတဲ့ ပလက်ဖောင်း တစ်ခုက ပြည်သူတွေရဲ့ အသိအမြင်တွေ လွဲမှားမှု ဖြစ်စေတယ် ယူဆရင် တန်ပြန်စီမံကိန်း တစ်ခုခု နဲ့ တုန့်ပြန်ရမှာပါပဲ။ (နရီမိုး)
Mostrar todo...
👍 277 108💯 11
02:16
Video unavailableShow in Telegram
မြေရှားသိုက် ပြို - နားအေးတာပဲ -
Mostrar todo...
497.mp44.17 MB
👍 324 38👌 16🤬 1
Photo unavailableShow in Telegram
စဉ့်ကူးမှသည် စစ်ကိုင်းဆီသို့ ---------------------- (၂၀-၁၂-၂၀၂၅) စစ်ကိုင်းတိုင်းထဲမှာ လောင်စာဆီတွေ မထိန်းချုပ်လို့ အကြမ်းဖက်တွေ အသုံးပြုနေတဲ့ ယာဉ်တွေ၊ စက်တွေ အသုံးပြုလို့ ရနေကြောင်း လူတော်တော်များများ ရေးခဲ့ကြတာ ကြာပါပြီ။ ရွှေမျောဆိုက်တွေမှာ သုံးနေကြတဲ့ လောင်စာဆီတွေရဲ့ အဓိက ထောက်တိုင်နေရာတွေကို မထိန်းသိမ်းသမျှ ပီဒက်တွေရဲ့ ငွေဝင်ပေါက်တွေလည်း ပိတ်နိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ ဝက်လက် တို့လို လွတ်မြောက်နယ်မြေလို့ ကြွေးကြော်ထားတဲ့ နေရာတွေပေါ့။ တပ်အနေနဲ့လည်း စစ်ကိုင်းထဲကို ထဲထဲဝင်ဝင် မရှင်းသေးတဲ့ကာလမို့ ရွာတွေထဲကနေ အကြမ်းဖက်တွေ ခဏတိုင်း လမ်းပေါ်တက်တက်လာပြီး တိုက်ပွဲတွေဖြစ်လွန်းလို့ မန္တလေး-မြစ်ကြီးနား လမ်းက ခဏတိုင်း ပိတ်ဆို့မှုတွေ ဖြစ်နေရတယ်။ ဒီရက်ပိုင်းမှာ တပ်ဘက်က ခင်ဦးလမ်းဆုံက ဆီသိုလှောင်ရာနေရာတစ်ခုကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကို တွေ့ရပါတယ်။ တိုက်ခိုက်တဲ့နေရာမှာလည်း လိုင်းပေါ်က အော်နေကြသလို ခရီးသွားပြည်သူတွေကို အကြောင်းမဲ့ တိုက်ခိုက်တာမျိုး မရှိပါဘူး။ ခင်ဦးနဲ့ ရွှေဘိုဘက် အကြမ်းဖက်ထောက်ပို့လုပ် လောင်စာဆီဖြန့်နေတဲ့ ဆီသိုလှောင်ခြံကို တိတိကျကျတိုက်ခိုက်သွားတာပါ။ အကြောင်းရင်းအနေနဲ့ကတော့ လောလောဆယ်မှာ စဉ့်ကူးပြန်ရသွားပြီမို့ မန္တလေးတိုင်းက တစ်တိုင်းလုံး စစ်တပ်ဆီ ပြန်ရောက်သွားပြီလို့ ဆိုနိုင်ပြီး အဲ့ဒီဒေသက ပီဒက်တွေဟာ စစ်ကိုင်းထဲကို ရွှေ့နေကြပါတယ်။ တစ်ချို့ဆို မကွေးတိုင်းထဲက ရေစကြိုဘက်ကိုတောင် ရေယာဉ်တွေနဲ့ ပြေးနေကြတာ မြင်ရပါတယ်။ ဒီပုံအတိုင်းဆို မန်းလေး-မြစ်ကြီးနား ဗျူဟာလမ်း ဖွင့်ပေးဖို့အတွက် စစ်ကိုင်းထဲကို စစ်ကြောင်းထိုးလာတော့မယ်ထင်တယ်။ တော်လှန်ရေးစကတည်းက လွတ်မြောက်နယ်မြေလို့ ကြွေးကြော်ထားတဲ့ နယ်မြေတွေကို စစ်ကြောင်းထိုးတော့မယ်ဆိုရင် လော်ဂျက်စတစ်တွေ အရင် ဖြတ်မှာပါပဲ။ ပြည်သူတွေကို မှာလိုတာကတော့ အကြမ်းဖက်နဲ့ ဝေးဝေးနေကြပါ။ ဒီလေးနှစ်အတွင်းမှာ EAO တွေနဲ့ ဇာတ်လမ်းဖြတ်နေချိန်မို့ PDF တွေ ခေတ်ကောင်းနေခဲ့တာ။ တကယ်လုပ်မယ်ဆိုရင် အခု စဉ့်ကူးကို ရက်ပိုင်းနဲ့ ရသလိုမျိုး စစ်ကိုင်းလည်း ရက်ပိုင်း လပိုင်းနဲ့ ပြန်ယူသွားပါလိမ့်မယ်။ ကိုယ်တိုင်က သပြေခက်နဲ့ လက်ကမ်းလို့ကြိုပြီး ပီဒက်တွေနား တဝဲလည်လည်လုပ်နေရင်တော့ ဟိုက သတင်းရလို့ တွယ်တဲ့အချိန်ကျရင် ရောပြီး ထိခိုက်ပါလိမ့်မယ်။ မိဘပြည်သူတွေ မျှော်လင့်နေတဲ့ စစ်ကိုင်းထဲက အရှုပ်တွေကို ရှင်းထုတ်ဖို့ အချိန်ကျလာပြီထင်ပါရဲ့လေ။ (ပိုင်စိုး)
Mostrar todo...
300👍 259👌 10
Repost from TgId: 1907154014
ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံတွေမှာ သူပုန်က စစ်စခန်းလုပ်ထားတဲ့ သက်သေဗီဒီယိုများ။ - ဒီနေရာတွေကို ရှင်းလင်းခြင်းသည် ROE နဲ့ ကိုက်ညီသည်။ ROE က ခွင့်ပြုထားသည်။ - တိုက်ပွဲသတင်းစုံ
Mostrar todo...
495.mp46.90 MB
496.mp41.41 MB
👍 360 61👌 13😁 3
Photo unavailableShow in Telegram
၈ ရက်ပဲ လိုတော့တယ် 😜 -
Mostrar todo...
161👍 145😁 65👌 1
Photo unavailableShow in Telegram
စဉ့်ကူး ရသွားတော့ မန္တလေး- မတ္တရာ- သပိတ်ကျင်း လမ်းမကြီး တိုက်ရိုက်ပေါက်သွားတာပေါ့။ တဖက်မှာ ဧရာဝတီ မြစ်ရိုးအတွက်လည်း လုံခြုံရေးအရ အတိုင်းအတာ တစ်ခု အထိ စိတ်ချရတာပေါ့။ အရင်တုန်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဘောင်က ဘယ်လောက်ကျယ်ခဲ့သလဲ ဆိုတော့...မန္တလေးနဲ့ကပ်ရပ်၊ ဆည်တော်လေး အထက် မတ္တရာ မြို့နယ်ကိုတောင် ထိန်းချုပ်ဖို့ အချိန်အားဖြင့်ရော၊ တော်တော်လေး ကြိုးစားခဲ့ရတယ်။ အစိုးရ ထိန်းချုပ်နယ်မြေက ရာနှုန်းပြည့် မဟုတ်သေးဘူးဆိုပေမယ့် ရွေးကောက်ပွဲ ကာလမတိုင်ခင်အထိ နယ်မြေတချို့ ပြန်ရတယ်ဆိုတာ ....အနည်းဆုံးတော့ တပ်မတော် ပုံရိပ်အတွက်၊ ကြားနေပြည်သူလူထု အတွက်တော့ ကောင်းခြင်း တမျိုးပါပဲ။ အလစ်အငိုက်ယူပြီး မြို့တွေသိမ်း၊ ရေရှည် ထိန်းချုပ်နိူင်တဲ့ အစွမ်းအစလည်း မရှိ။ မြို့ပျက်တာပဲ အဖက်တင်၊ စစ်ရှောင်တွေ ဘဝပျက်တာနဲ့ပဲ အဆုံးသတ်ရတဲ့ တော်လှန်ရေးကို စစ်အာဏာရှင် ပျက်သုန်းရေးလို့ အမည်တပ်တာကိုတော့ သဘောမကျမိတာအမှန်ပဲ။ နိုင်ငံရေး အရလည်း ပြဒါးတလမ်း၊ သံတလမ်း၊ စစ်ရေးအရလည်း တနှစ်လောက်အတွင်း တပ်က ထိုးစစ်ဆင်တာနဲ့ ခွေးပြေး ဝက်ပြေး ပြေးရတဲ့အခြေအနေ၊ ဒါတောင် တပ် က စစ်ဘောင်ကျယ်နေသေးလို့ အသေးစိတ် ကွက်ပြည့် မနင်းနိုင်သေးချိန်။ ထိန်းချုပ်ထားတဲ့ နယ်တွေမှာ အခွန်ဆက်ကြေးကောက်၊ သစ်တော ကြိုးဝိုင်းက တသက်လုံး ထိန်းသိမ်းစောင့်ရှောက်လာတဲ့ သယံဇာတတွေ ခိုးထုတ်၊ PDF အချင်းချင်း CDM သမ တွေကို မုဒိန်းကျင့် ။ ဒါတောင် ဒီတော်လှန်ရေး နိုင်မယ် ထင်တဲ့ သူတွေ ရှိသေးတယ်။ စဉ့်ကူး ပြန်ရတာ ဝမ်းသာစရာပါ။ အရေးကြီးဆုံးက တက်လာတဲ့ အစိုးရဟာ တပ်မတော်နဲ့ Inline ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ (နရီမိုး)
Mostrar todo...
👍 382 100💯 17👌 1
Repost from TgId: 2406137658
01:40
Video unavailableShow in Telegram
ဒေသခံတိုင်းရင်းသားပြည်သူတွေနဲ့ ကျွန်တော်တို့ပါတီလက်တွဲပြီးဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်မယ်ဆိုရင်ဒေသအားလုံး ငြိမ်းချမ်းသာယာဝပြောဖို့အချိန်သိပ်မလိုတော့ဘူးလို့ယုံကြည်ပါတယ်ခင်ဗျာ။ #VoteUSDP #UKhinYi #StrongerMyanmar #myanmarfyp #USDP
Mostrar todo...
19.29 MB
👍 194 47🤬 1