es
Feedback
မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

Ir al canal en Telegram

🚩 Channel was restricted by Telegram

Mostrar más
2025 año en númerossnowflakes fon
card fon
459 603
Suscriptores
-33624 horas
-1 7127 días
-7 68430 días
Archivo de publicaciones
Prohibited content
P_R-E_Y [2022] အညွှန်း* 🔽🔽🔽 Predator ရုပ်ရှင်စီးရီးထဲက အသစ်... တစ်ကားလာပါပြီ။ The Predator (2010) နဲ့ The Predator (2018) ဆိုပြီး တင်ထားပေးပါတယ်။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။အက်ရှင်အသားပေးမို တစ်ကားလုံးကြုံးနေကြတာပါပဲ။ ကြည့်လိုအတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။ #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/moviezonee11/64 https://t.me/moviezonee11/64 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 24 3🤔 2🤣 1
Prohibited content
T_h-e L_a-s_t K_i-n_g-d_o-m (2023) အညွှန်း* 🔽🔽🔽 IMDb Rating - 7.7/10 နာမည်ကြီး The Last Kingdom ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်း ရုပ်ရှင်ထွက်လာပါပြီ ။ Vikings နဲ့ Game of Thrones fan တွေဆိုရင် သေချာပေါက်အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ် ။ ၀က်ဆက်ရဲ့ဘုရင် အက်ဒ်၀က်ကျဆုံးပြီးနောက်မှာ အရိုက်ရာဆက်ခံသူအဖြစ် သားဖြစ်သူ အဲသည်စတန် နန်းတက်လာ ပါပြီ။ ဖခင်ရဲ့ မပြီးပြတ်သေးတဲ့ဆန္ဒဖြစ်တဲ့ အင်္ဂလန်ပြည်ကြီးကိုတည်ဖို့အတွက် ဆက်လက်ကြိုးစားနေဆဲပါ။ အက်ဒ်၀က်ဘုရင် ကျရှုံးပြီးနောက်မှာ အရင်က အူထရက် အကူညီနဲ့ မဟာမိတ်ဖွဲ့ပေးခဲ့တဲ့ နော့သမ်းဘီးယား၊ ၀င်ချက်စတာ၊စကော့တလန်၊ ဝေလ အစရှိတဲ့ဘုရင့်နိုင်ငံတော်များကလည်းခွဲထွက်ရေးအတွက် မဟာမိတ်ဖွဲ့ပြီး ၀က်ဆက်နန်းတက်ဘုရင်ကို တော်လှန်ကြပါတယ်။ ဒါကို လက်ပိုက်ကြည့်နေလို့မဖြစ်တော့တဲ့ ဇာတ်လိုက်ကျော်ကြီး ဘီဘာမ်ဘာ့ရဲ့ အူထရက်က ၀င်ပါ ရပါတော့တယ်။The last Kingdom ဇာတ်လမ်းတွဲရဲ့နောက်ဆုံးအဆုံးသတ် ဖြစ်သလို အူထရက်နဲ့ ၀က်ဆက်ပြည်ကြီး ဘယ်လိုအဆုံးသတ်သွားမလဲ၊ အင်္ဂလန်ပြည်ကြီးရောတည်ထောင်သွားမှာလား ဆိုတာကိုတော့ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/moviezonee11/66 https://t.me/moviezonee11/66 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 23 3👏 1
Prohibited content
T_h-e V_i-l_l-a_i-n_e-s_s (2017) အညွှန်း* 🔽🔽🔽 တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသ!တ်ဖြတ်ရေးပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကိုဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ ကတိပဲဖြစ်ပါတယ်။ ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး။ အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့.... ဒီကားက ဟိုးအရင်က ဂျက်မတို့လို အမျိုးသမီးအက်ရှင်ကားတွေကို ပြန်သတိရသွားစေတယ်။ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျုးသံတွေကိုလဲ အများကြီး ရထားတဲ့ ကားလေးပါ... #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/newmoviemyar/58 https://t.me/newmoviemyar/58 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 36 4
Prohibited content
T_h-e P_u-r_s-u_i-t of H_a-p_p-i_n-e_s-s (2006) အညွှန်း* 🔽🔽🔽 ဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ…ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ…ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​… ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​…​​​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​…ဘဝဆိုတာ ​”ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်” ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို…သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ “The Pursuit of Happyness” ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ… #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/newmoviemyar/60 https://t.me/newmoviemyar/60 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 21 7
Prohibited content
T_h-e H_e-i_s-t o_f t-h_e C_e-n_t-u_r-y(2020) အညွှန်း* 🔽🔽🔽 မာရီယိုဆိုတာ မီးခံသေတ္တာလေးတွေလိုက်ဖောက်လိုက် …မမိရင် သုံးလိုက်ဖြုန်းလိုက်..မိပြန်တော့ ထောင်ထဲလေ လေးချွန်ဝင်လိုက်နဲ့ပေါ့… တစ်နေ့တော့ သူတို သူခိုးအသိုင်းအဝန်းက လူတစ်ယောက်ကလာကမ်းလှမ်းတယ်…လက်တစ်ကိုင်စာ ပိုက်ဆံလေးအတွက်စွန့်စားမဲ့အစားအချီချဖို လာစည်းရုံးတယ်… ဘဏ်ကြီ:တစ်ခုကိုဓားပြတိုက်ဖိုပါပဲ…အတော်ကို မလွယ်ကူတဲ့အလုပ်ပါ..သိုပေမဲ့အသက်အရွယ်လည်းရသလို အတွေ့အကြုံတွေလည်းများခဲ့ဖူးတဲ့ ဒီဘိုးတော်တွေဟာဒီဘဏ်ကြီးကိုစနစ်တကျ ဓားပြတိုက်ဖို  သွေးအေးအေးနဲ့ အစီအစဉ်တွေဆွဲပြီးဗျင်းဖိုကြိုးစားကြတယ်… တခြားဇာတ်လမ်းတွေနဲ့  မတူတာကတော့ သူကbased on true story ဖြစ်ရပ်မှန်ပါပဲ။ Heist of century ဆိုတာ 2006 ခုနှစ်January 13 ရက်နေ့က အာဂျင်တီးနားမှာ ဖြစ်ခဲ့တဲ့အကြီးမားဆုံးဘဏ်ဖောက်မှုကြီးကို အခြေတည်ပြီးရိုက်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။သူခိုးပါရဂူကြီးတို ဦးဆောင်ပြီး ရဲတွေ ဘဏ်ဝန်ထမ်းတွေကိုဘယ်လိုလှည့်ဖြားကြမလဲဆိုတာ ကြည့်ရမှာပါ။ကိုင်း ခံစားကြည့်ကြပါဦ:… #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/channelmmoviesone/88 https://t.me/channelmmoviesone/88 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 33❤‍🔥 2
Prohibited content
T_h-e V_a-u_l-t ( 2021 ) အညွှန်း* 🔽🔽🔽 Thomဆိုတဲ့ကောင်လေးက Cambridgeတက္ကသိုလ်ကအရမ်းတော်တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ပါ….ဉာဏ်ပြေးတဲ့Thomကို လစာဒေါ်လာသိန်းချီပြီးကမ်းလှမ်းတဲ့ကုမ္ပဏီကြီးတွေရှိခဲ့ပေမဲ့Thomကတော့ Walter Morelandရဲ့ကမ်းလှမ်းမှုကိုသာ စိတ်ဝင်စားခဲ့ပါတယ်…. Walter Morelandတို့အဖွဲ့က နှစ်တရာကျော်သက်တမ်းရှိတဲ့စပိန်ဘဏ်အဆောက်အဦးကမြေအောက်ဘဏ္ဍာတိုက်တစ်ခုကိုဖွင့်ဖို့ ကြိုးစားနေတာပါ….. အဲ့ဒီစပိန်ဘဏ်က ကမ္ဘာ့အလုံခြုံဆုံးစနစ်နဲ့တည်ဆောက်ထားတဲ့ဘဏ်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးထိုးဖောက်မရနိုင်တဲ့ အံ့မခန်းအင်ဂျင်နီယာအစွမ်းလို့ ပြောစမှတ်တွင်ပါတယ်….. လိုအပ်နေတဲ့ အင်ဂျင်နီယာဉာဏ်ကြီးရှင်Thomက Walterတို့အဖွဲ့ထဲရောက်လာတဲ့အချိန်မှာတော့ ပျောက်ဆုံးနေတဲ့ရတနာသိုက်ကိုအရယူဖို့အတွက် ဘဏ္ဍာတိုက်ဖောက်ဖို့အစီအစဉ်ဆွဲကြပါတယ်….လုံခြုံရေးအထပ်ထပ်ကာထားတဲ့ဘဏ်ကို သူတို့ဘယ်လိုကြိုးစားပမ်းစားဖောက်ကြမလဲဆိုတာကိုတော့…ဒီကားက ထင်မထားလောက်အောက် နင်းကန်လန်းပါတယ်…ဒါ့ကြောင့်မို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ…….. #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/channelmmoviesone/90 https://t.me/channelmmoviesone/90 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 25❤‍🔥 4
Prohibited content
A Quiet Place Part II (2020) အညွှန်း* 🔽🔽🔽 IMDb Rating – 7.8/ အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင် လူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ….Quiet Place 1 အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင် သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ ရက်တွေကြာလာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင် စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/actionmoviemyar/59 https://t.me/actionmoviemyar/59 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 26 6
Prohibited content
A Tale of Legendary Libido (2008) IMDB (5.4/10) အညွှန်း* 🔽🔽🔽 ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ကတည်းက မိဘဖြစ်သူတွေ မရှိတော့လို့ အစ်ကိုဖြစ်သူနဲ့သာ ကြီးပြင်းနေထိုင်ခဲ့ရတဲ့ ဗြောင် ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူနဲ့မတူဘဲ အင်္ဂါသေးပြီး ဗုဒ္ဓဟူးကြီးနေရှာတာပါ ဒီလိုနဲ့ တနေ့မှာ ကံကြမ္မာအလှည့်ပြောင်းပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ဖော်စပ်ထားတဲ့ ဆေးတော်ကြီးနဲ့ တွေ့လိုက်တဲ့အခါမှာတော့ အဲ့ကောင်လေးရဲ့ မြုံနေတဲ့ပန်းကြီးပွင့်လန်းလာခဲ့ပါတော့တယ် တိုက်ဆိုင်ချင်တော့ ရွာထဲမှာ ယောကျာ်းတွေအကုန်နီးပါး စစ်မှုထမ်းဖို့ တစ်အိမ်တစ်ယောက်နဲ့ စစ်ထဲပါသွားကြပြီး တစ်ရွာလုံး မိန်းမတွေချည်းသာ ကျန်ခဲ့ပါတော့တယ် နတ်ဆေးတွေ့ထားတဲ့ ဗြောင်ဆိုတဲ့ကောင်လေးနဲ့ တရွာလုံးက မိန်းမတွေ တွေ့ကြတဲ့အခါမှာတော့... #Credit ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/actionmoviemyar/61 https://t.me/actionmoviemyar/61 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 29 2😁 1
Prohibited content
T_h-e B_a-d G_u-y_s: R-e_i-g_n of C_h-a_o-s (2019) IMDB (6.3/10) အညွှန်း* 🔽🔽🔽 အခုတစ်ခါတော့ အက်ရှင်ကားကောင်းလေးတွေ ကြိုက်နှစ်သူတွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးမှာ အံ့သြစရာကောင်းတာက ထောင်ကျနေတဲ့ သူတွေ ကအမှုကို ဖော်ထုတ်စုံစမ်းဖြေရှင်းပေးသွားတာပါပဲ ..... ဇာတ်လမ်းလေးကတော့ ထောင်ကျအကျဉ်းသားတွေကို ရဲအစောင့်အကြပ်နဲ့ ပြောင်းရွှေ့တဲ့ အချိန်မှာပဲ အက်စီးဒင့်တစ်ခု ဖြစ်ရာက အစပျိုးခဲ့တာပါ ။ ဒီအက်စီးဒင့်ကလည်းလူဆိုးဂိုဏ်းတစ်ခုက ပြုလုပ်ခဲ့တာပေါ့လေ ။ နိုင်ငံတစ်ခု ဟာ အုပ်ချုပ်သူ စောင့်ရှောက်သူ ပျက်စီးရင် ပြည်သူတွေ ပျက်စီးလာတယ် ။ ဒီထဲမှာမှ လောကကြီးအတွက် အမှန်တရားကို ရှာဖွေပေးပြီး တရားမျှတမှု ဥပေဒေကိုအကောင်အထည်ဖော်ပေးသွားမယ့် လူတစ်စုရဲ့ ကြိုးပမ်းမှုကို ဒီကားလေးထဲမှုပဲ …ဘာပြီးရင် ဘာဖြစ်လာမယ်ဆိုတဲ့ အက်ရှင် ကားတို့ရဲ့ထုံးစံအတိုင်း ရင်ခုန်အားပေးရင်း ကြည့်ရှုပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ် ..... ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/sartanhtoemovie/53 https://t.me/sartanhtoemovie/53 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 40 3🤔 1
Prohibited content
T_h-e S_w-o_r-d_s-m_a-n (2020) အညွှန်း* 🔽🔽🔽 IMDb…7.0ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်…စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်…. တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ…ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်…ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကိုစားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီးကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်…ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့…ဒီဇာတ်ကားက မင်းသားကြီး Hyuk Jang အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှအဆုံးထိရှယ်ဗျင်းကြတဲ့အက်ရှင်ဇာတ်ကားပါ..ရိုက်ချက်တွေလည်း တော်တော်ကြီးမိုက်သလိုနောက်ခံတီးလုံးတွေလည်းလန်းပါတယ်..ခံစားကြည့်ကြပါဉီး…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hana ပဲြဖစ်ပါတယ်… https://t.me/sartanhtoemovie/51 https://t.me/sartanhtoemovie/51 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 22 4
Prohibited content
P_a-r_k-e-r (2013) အညွှန်း* 🔽🔽🔽 Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlake ရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ် အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ် ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသား Statham ဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ် လူဆိုးက သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်းကျ မဖြစ်မချင်း Jason က ငါးခါခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ် ဒါရိုက်တာကြီး Hackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ရင်ခုန်ကြောင်းဖွင့်ပြောပါတယ် (film-noir) ဆိုတာက ၁၉၆၀ ပြည့်နှစ်တွေက ခေတ်စားတဲ့ ပြင်သစ်အဖြူ-အမည်းစုံထောက်ဇာတ်ကားတွေဖြစ်ပါတယ်..... ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/sonehtout/35 https://t.me/sonehtout/35 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 35 4
Prohibited content
T_r_a_i_n to B_u-s-a-n (2) (2020) အညွှန်း* 🔽🔽🔽 ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့ပါပြီ။ အထဲမှာ အသက်ရှင်ရက် ကျန်ခဲ့သူတွေက လွတ်မြောက်ဖို့ ကြိုးစားနေသလို လောဘသားတွေကလည်း ပိုင်ရှင်မဲ့နေတဲ့ ငွေတွေ ရတနာတွေကို ယူဖို့ ခိုးဝင်နေကြပါတယ် ကိုရီးယားနိုင်ငံတစ်ခုတည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို ပြသလို ပြထားပြီး အရင်ရုပ်ရှင်လိုပဲ Survival အတွက် စွန့်စားခန်းတွေ ဖွင့်တာကို တွေ့ရမှာပါပဲ အရင်က Train To Busan ပထမပိုင်းအနေနဲ့ထွက်ရှိထားပြီး လင့်ကိုတော့ အောက်မှာထည့်သွင်းဖော်ပြပေးထားပါတယ် အခုကားကတော့အပိုင်း ၂ အနေနဲ့ထွက်ရှိလာတာမို့ အားလုံးပဲခံစားကြည့်ရှုပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်.... ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/sonehtout/37 https://t.me/sonehtout/37 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 14🤔 2
Wolf Totem (2015) အညွှန်း* 🔽🔽🔽 ၁၉၆၇ ခုနှစ်မှာ ချန်ကျန့်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ မွန်ဂိုဒေသမှာ ၂ နှစ်ကြာ စာပေသင်ကြားပေးဖို့ စေလွှတ်ခံခဲ့ရပါတယ်… ချန်ကျန့်ဟာ မွန်ဂိုလွင်ပြင်ဒေသမှာနေထိုင်းရင်း ဝံပုလွေတွေရဲ့ သဘာဝကိုလည်း လေ့လာခဲ့ပါတယ် ၊ တစ်နေ့မှာတော့ လောဘကြီးတဲ့ လူတစ်စုကြောင့် ဝံပုလွေအုပ်စုတွေ ဒုက္ခတွေ့ခဲ့ရပါတယ်… ဝံပုလွေသားပေါက်လေးတွေကို သတ်ပစ်ဖို့ အစိုးရက အမိန့်ပေးလိုက်တဲ့အခါမှာ မွန်ဂိုတွေဟာ ဝံပုလွေ သားပေါက်လေးတွေကို သတ်ပစ်ခဲ့ပါတယ် ၊ ဒါပေမယ့် သားပေါက်တွေထဲက တစ်ကောင်ကို ချန်ကျန့်က တိတ်တဆိတ်မွေးမြူထားခဲ့ပါတယ်… ဒါကို အထက်လူကြီးတွေ သိသွားတဲ့အခါမှာ ဘာဆက်ဖြစ်မှာလဲ… ချန်ကျန့်ကရော ဝံပုလွေသားပေါက်လေးကို လွင်ပြင်ဆီပြန်လွှတ်မှာလား… ဝံပုလွေအုပ်စု မျိုးတုံးသတ်ဖြတ်ခံရမှုကို တားဆီးပေးနိုင်မှာလား… ဝံပုလွေအုပ်စုတွေ ဘယ်လို အခက်ခဲတွေနဲ့ ကြုံရမှာလဲဆိုတာကို ..... ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/moviestudio10/60?single https://t.me/moviestudio10/60?single ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 44 6
Prohibited content
She's on Duty (2005)  အညွှန်း* 🔽🔽🔽 ဒီဇာတ်ကားလေးထဲမှာတော့ အဓိကဇာတ်ဆောင် မင်းသမီး ချွန်ဂျယ်အင်းက ကျောင်းတုန်းက ဖိုက်တာလိုနာမည်ကြီးခဲ့ပါတယ်။ သူကျောင်းပြီးလို ရဲစုံထောက်တစ်ယောက်ဖြစ်လာတဲ့အခါမှာတော့ ကျောင်းမှာကျောင်းသူယောင်ဆောင်ပြီး စုံစမ်းရေးတွေလုပ်ဖိုတာဝန်ကျပါတော့တယ်။ တစ်ခုခုဆိုဆတ်ဆတ်ထိမခံနိုင်တဲ့သူမက ကျောင်းသူအဖြစ်ဟန်ဆောင်ပြီးတရားခံကိုဖမ်းဆီးဖိုတာဝန်ကျတဲ့အခါ အတန်းဖော် ကလေးတွေနဲ့ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ပျော်ရွှင်ဖွယ်ကြည်ရှုရမှာဖြစ်ပြီး၊ တကယ့်တရားခံဖမ်းဆီးတဲ့အခါမှာ နှောင့်ယှက်အဟန့်တားတွေကြားထဲက ဘယ်လိုကြိုးစားမလဲဆိုတာတွေကိုရင်သက်ရှုမောဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။ ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/moviestudio10/55 https://t.me/moviestudio10/55 ဘော်လုံးဝါသနာအိုးတွေအတွက် မဖြစ်မနေJoinထားသင့်တဲ့ Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 28 1😁 1
Taken(1+2+3) အညွှန်း* 🔽🔽🔽 ဖခင်တယောက်ရဲ့ မေတ္တာကိုပုံဖော်ထားတဲ့ Actionဇတ်ကားပါ ဒီဇာတ်လမ်းက စ၊လယ်၊ဆုံး မနားတမ်း Action Scene တွေ၊ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေအပြင်၊ သတိထား ပညာယူရမယ့်အချက်တွေနဲ့ ပရိတ်သတ်ကိုစွဲဆောင်နိုင်ပါတယ်။ ဇာတ်လမ်းကသာမန် အားဖြင့်ရိုးရှင်းတယ်လိုထင်ရပေမယ့် တကယ်တမ်း ကြည့်ရင်၊ ကြည့်နေကြ Action/Revenge ကားတွေ၊ Action/Detective ကားတွေထက် ထူးခြားပါတယ်။ ဇာတ်လမ်းဆုံးသည် အထိ စိတ်လှုပ်ရှားမှုရသအပြည့်အဝပေးနိုင်တဲ့အပြင်၊ အက်ရှင်တွေလည်း မရိုးနိုင်အောင် တဝကြီးကြည့်ရပါတယ်။ သာမန်သိုင်းကားတွေလို အဓိပ္ပါယ်မရှိ မင်းသားနဲ့လူဆိုးတွေ ချခန်းကြီးပဲ ကြည့်နေရတာ မျိုးလည်းမဟုတ်ပဲ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းမျိုးပါ။ မကြည့်ရသေးတဲ့သူများ ကြည့်ဖြစ်အောင်ရှာပြီးကြည့်ပါ။ မိသားစုတူတူကြည့်ဖိုသင့်တော်ပါတယ်။ Rated PG-13 ပါ။ ဇာတ်ကားတစ်ကားလုံး မပျင်းမရိပဲကြည့်ရမယ့်ကားမျိုးပါ။ ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/movienew010/37?single https://t.me/movienew010/37?single ဘော်လုံးဝါသနာအိုးတွေအတွက် နောက်ဆို မင်မင်အချိန်ကုန်ခံပြီး Bodyလေးတွေ သေချာရွေးပေးပြီးတင်ပေးမယ့်Channelလေးပါ အကျိုးမယုတ်စေရဘူးလို့ အာမခံတယ်ဗျာ သူများတွေဆီမှာ Menber ဝင်မှ ရမယ့်ပွဲတွေကို မင်မင်သေချာရွေးပြီးတင်ပေးမှာမို့လို့ပါ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 38
34.Hot Fuzz (2007) အညွှန်း* 🔽🔽🔽 ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာ အသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်... သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်.... ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ် နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့ ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာ ကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့..... ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/movienew010/43?single https://t.me/movienew010/43?single ဘော်လုံးဝါသနာအိုးတွေအတွက် နောက်ဆို မင်မင်အချိန်ကုန်ခံပြီး Bodyလေးတွေ သေချာရွေးပေးပြီးတင်ပေးမယ့်Channelလေးပါ အကျိုးမယုတ်စေရဘူးလို့ အာမခံတယ်ဗျာ သူများတွေဆီမှာ Menber ဝင်မှ ရမယ့်ပွဲတွေကို မင်မင်သေချာရွေးပြီးတင်ပေးမှာမို့လို့ပါ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 28 2
The Monkey King (3) (2018) အညွှန်း* 🔽🔽🔽 IMDB (5.5/10) ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာအုပ်တွေယူဆောင်ဖို့ အနောက်ဘက်ကို ခရီးဆန့်ကြရင်း စုလစ်မွမ်းချွန်တွေနဲ့ ခမ်းနားတဲ့ မိန်းမလှကျွန်းနေရာကို ရောက်ရှိခဲ့ပါတယ် အဲဒီကိုရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော်ရှန်ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ် ဒါပေမယ့် ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ရောက်လာတဲ့ ဘယ်ယောကျ်ားသားကိုမဆို သတ်ပစ်ဖို့လုပ်ခဲ့တာမို့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့တယ် အဲဒါနဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်း တို့တွေဟာ လွတ်မြောက်မယ့် နည်းလမ်းရှာတဲ့အခါမှာ မိန်းမလှနိုင်ငံကို ဖုံးအုပ်ထားတဲ့ ဧရာမမှော်ပိုက်ကွန်ရှိနေတယ်ဆိုတာသိခဲ့ပြီး အန္တရာယ်ဂိတ်တံခါးကို ကျော်ဖြတ်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာဆိုတဲ့ သောနဲ့ ဖွင့်မှပဲ ဖြစ်ပါတယ် ဆရာတော် ရှန်ကျန်းအဖို့ ကျမ်းစာတွေသယ်ဖို့ ခရီးဆက်ထွက်မလား၊ အချစ်အတွက် ပေးဆပ်မလားဆိုတာ ဝေခွဲမရဖြစ်နေချိန်မှာ ကွမ်ရင်မယ်တော်ရောက်လာပြီး အမှန်မြင်နိုင်ဖို့ လမ်းပြခဲ့ပါတယ် ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/yathasonemovie11/17?single https://t.me/yathasonemovie11/17?single ဘော်လုံးဝါသနာအိုးတွေအတွက် နောက်ဆို မင်မင်အချိန်ကုန်ခံပြီး Bodyလေးတွေ သေချာရွေးပေးပြီးတင်ပေးမယ့်Channelလေးပါ အကျိုးမယုတ်စေရဘူးလို့ အာမခံတယ်ဗျာ သူများတွေဆီမှာ Menber ဝင်မှ ရမယ့်ပွဲတွေကို မင်မင်သေချာရွေးပြီးတင်ပေးမှာမို့လို့ပါ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 28 2
The Monkey King (1) (2014) အညွှန်း* 🔽🔽🔽 IMDB (4.9/10) 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး အထူးသဖြင့် မြန်မာပရိတ်သက်အများအပြားအထူးကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ စွန်းဝူခုန်းဇာတ်ကားလေးပါ Visual Effect အလန်းစားတွေနဲ့စွန်းဝူခုံး မွေးဖွားလာပုံကနေစပြီး နဂါးပြည်သို့သွားရောက်မွှေနှောက်ပြီး သူ့ရဲ့လက်စွဲတော်ရွှေတုတ်တံ ရှာပုံတော်ဖွင့်ပုံ နတ်ပြည်သို့သွားရောက်ပြီး မွှေနှောက်ခဲ့ပုံများကို အလန်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမယ့်ကားလေးပါ နောက်ဆုံးမှာ မိစ္ဆာတွေနှိမ်နှင်းပြီးတဲ့နောက်မှာတော့ နတ်ပြည်ကိုဖျက်ဆီးခဲ့မှုတွေကြောင့် ဘုရားရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပြီး လက်ငါးချောင်းတောင်အောက်မှာ အနှစ် ၅၀၀ တိတိ ချုပ်နှောင်ခံခဲ့ရပါတယ် အနောက်ဘက်ကိုသွားပြီး ကျမ်းစာတွေကိုသွားရောက်ပင့်ဆောင်မယ့် ဘုန်းကြီးနဲ့တွေ့မှသာ လက်ငါးချောင်းတောင်အောက်ကလွတ်ပြီး အနောက်ဘက်ကကျမ်းစာတွေပင့်ဆောင်ပြီးမှသာ အပြီးလွတ်ကျွတ်ဖို့ သတ်မှတ်ခံခဲ့ရပါတယ် ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/yathasonemovie11/7?single https://t.me/yathasonemovie11/7?single ဘော်လုံးဝါသနာအိုးတွေအတွက် နောက်ဆို မင်မင်အချိန်ကုန်ခံပြီး Bodyလေးတွေ သေချာရွေးပေးပြီးတင်ပေးမယ့်Channelလေးပါ အကျိုးမယုတ်စေရဘူးလို့ အာမခံတယ်ဗျာ သူများတွေဆီမှာ Menber ဝင်မှ ရမယ့်ပွဲတွေကို မင်မင်သေချာရွေးပြီးတင်ပေးမှာမို့လို့ပါ Body Free Tip Channel Joinရန် 🔽🔽 https://t.me/myogyifreetip https://t.me/myogyifreetip
Mostrar todo...
👍 15
The Monkey King (1) (2014) အညွှန်း* 🔽🔽🔽 IMDB (4.9/10) 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး အထူးသဖြင့် မြန်မာပရိတ်သက်အများအပြားအထူးကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ စွန်းဝူခုန်းဇာတ်ကားလေးပါ Visual Effect အလန်းစားတွေနဲ့စွန်းဝူခုံး မွေးဖွားလာပုံကနေစပြီး နဂါးပြည်သို့သွားရောက်မွှေနှောက်ပြီး သူ့ရဲ့လက်စွဲတော်ရွှေတုတ်တံ ရှာပုံတော်ဖွင့်ပုံ နတ်ပြည်သို့သွားရောက်ပြီး မွှေနှောက်ခဲ့ပုံများကို အလန်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမယ့်ကားလေးပါ နောက်ဆုံးမှာ မိစ္ဆာတွေနှိမ်နှင်းပြီးတဲ့နောက်မှာတော့ နတ်ပြည်ကိုဖျက်ဆီးခဲ့မှုတွေကြောင့် ဘုရားရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပြီး လက်ငါးချောင်းတောင်အောက်မှာ အနှစ် ၅၀၀ တိတိ ချုပ်နှောင်ခံခဲ့ရပါတယ် အနောက်ဘက်ကိုသွားပြီး ကျမ်းစာတွေကိုသွားရောက်ပင့်ဆောင်မယ့် ဘုန်းကြီးနဲ့တွေ့မှသာ လက်ငါးချောင်းတောင်အောက်ကလွတ်ပြီး အနောက်ဘက်ကကျမ်းစာတွေပင့်ဆောင်ပြီးမှသာ အပြီးလွတ်ကျွတ်ဖို့ သတ်မှတ်ခံခဲ့ရပါတယ် ဇာတ်ကားကြည့်ရန် 🔽🔽🔽
Mostrar todo...