2025 سال در اعداد

202 641
مشترکین
-12724 ساعت
-7777 روز
-3 48430 روز
آرشیو پست ها
အမ်မျေး…. ဒီမယ်
အုပ်စုလိုက်ကြီး ဝိုင်းဘူလီကြလို့ ဆူဆိုက်သွားရအောင် တို့က ကိုရီးယားမင်းသမီးလည်း မဟုတ်။
ငါတို့ အုံလိုက်ကြီး ဝိုင်းဘလိန်းတာတောင် ဒီမိန်းမကို မဖြိုနိုင်ပါလားဆိုပြီး နင်တို့ပဲ ထိုင်ငိုသွားရမယ်။
အခုတောင် အတော်ရူးနေကြပြီ။
ငိငိ
❤ 1 468😁 330👏 113🔥 12💔 1
ဒီဟာတွေ ကိုယ့်ကို သူတို့လင်တွေ သူတို့မယားတွေထက်ကို စွဲလန်းနေကြပြီထင်တယ်။
တနေ့တနေ့ ကိုယ့်ဆူဆူဆဲဆဲလေးမှ မကြားရရင် နေမထိ ထိုင်မသာ ဖြစ်နေကြပုံရတယ်။
အဆဲလာလာတောင်းရင် ထထစွန့်ကျဲမိတာကလည်း ဟော့ဒီက မိမိပန်လေးရဲ့ သဒ္ဓါတရား။
အို… ဘယ်လို
😜
❤ 1 377😁 424👏 89🔥 12😱 5💔 1
သက်သက်ခံ စောက်ကြွေးထူလို့ စောက်ရှက်ကွဲတော့ သဒ်အုပ်စုကဟာတွေက ကိုယ့်ကလည်း မဆပ်တဲ့ အကြွေးရှိပါတယ်ဆိုတဲ့ပုံစံ လုပ်ကြံတာ။
လုပ်ကြံတာကလည်း ၇၅သိန်းတဲ့။ တစ်လတစ်လ ကိုယ်ဖေ့စ်ဘုတ်မှာ ထိုင်စာရေးရုံရနေတဲ့ ဘိုနပ်လောက်တောင် မများဘူး။ နည်းနည်းပါးပါး တိုးပြောပါလား။ သိန်းပေါင်းခုနှစ်သောင်းခွဲ ဘာညာ။ လူရှိန်တာပေါ့။
၇၅ သိန်းနဲ့တော့ တက်မလာနဲ့လေ။ အရမ်းတော့ ချမ်းသာတဲ့အခြေအနေထိတော့ မရှိလှပေမယ့် နင်တို့တစ်ဖွဲ့လုံးစောက်ဆင့်တွေကိုတော့ အပြတ်ဝယ် အိမ်သာဆေးခိုင်းထားလို့ရတယ်။
တစ်ပြားမတန်တဲ့ အောက်တန်းစားတွေ။
❤ 1 562👏 426😁 98🔥 12💔 1
ပန်ဆယ်လိုက ၇၅သိန်းချေးထားတာ ပြန်မဆပ်ဘူးတဲ့။ ချေးထားတဲ့ အကြွေး ပြန်ပေးပါတဲ့။
ကိုယ့်ကို လာတောင်းတာလားဆိုတော့ မဟုတ်ဘူး။ ဘယ်ကမှန်းမသိ၊ ဘယ်သူမှန်းမသိ တင်ထားတဲ့လူရဲ့ Screenshot ကြီး တင်ပြီး သဒ်အုပ်စုတွေ ဖွနေကြမှ ကိုယ်က သိရတာ။
အဲ့လို ပိုစ့်တင်လိုက်တိုင်း ကိုယ်က ကြွေးမဆပ်သူ ဖြစ်ရကြေးဆို ကိုယ်ကလည်း မေဒီးကားက ဒေါ်ပြုံးနာမည်ကြီးတပ်ပြီး အကြွေး ဒေါ်လာခုနှစ်သန်းခွဲ လာဆပ်ပါလို့ ရေးလို့ရတာပေါ့။
ရှည်ရှည်ဝေးဝေးတွေ မပြောချင်ဘူး။ ပန်ဆယ်လိုက အကြွေးပေးစရာ ရှိပါတယ်ဆိုရင် ရစရာရှိတဲ့လူ ကိုယ်တိုင် လာတောင်း။ သက်သေနဲ့ အထောက်အထားနဲ့ လာခဲ့။ ဖွနေတဲ့ ကောင်တွေပါ ရစရာရှိပါတယ်ဆိုတဲ့လူကို ရှာဖွေပြီး ခေါ်လာခဲ့။
အဲ့လို ခေါ်လာနိုင်ရင် ၇၅ သိန်း မဟုတ်ဘူး။ သိန်း၇၅၀ မဟုတ်ဘူး။ နင်တို့ကို သိန်း၇၅၀၀ ပေးမယ်။
Social Media က ဒီပိုစ့်ကို မြင်သမျှလူတိုင်းကို သက်သေထားပြီး စိန်ခေါ်တယ်။ ပါးစပ်နဲ့ Apat အပေါ်အောက်လွဲနေတဲ့ ခွေးစကားတွေထက် ချက်နဲ့လက်နဲ့ လာခဲ့။ သိန်း၇၅၀၀ ပုံပေးမယ်။
ငါ့ဆီမှာ သူများစောက်ကြွေးဆိုလို့ စွမွှေးတစ်ပင်တောင် မရှိဘူး။
ရှင်းလား။
❤ 1 593👏 383😁 81🔥 4💔 1
ရွေးပဲ ကောက်ကောက်
တပြုံလုံးပဲ ကောက်ကောက်
စစ်အာဏာရှင် ကောက်သမျှ
အကုန် Lee ကောင်တွေချည်းပဲ။
လူထုက အဲ့အတိုင်း နားလည်ထားပြီးသား။
ဖက်ခွက်စားတွေ မကလို့ သိကြားမင်း ဆင်းပြီး
ဆိုင်းဘုတ်ကိုင်ပြလည်း ဘုတ်ဘုတ်ပဲ ရမယ်။
သဘောပါလားမသိ။
👏 1 910❤ 645😁 134🔥 18😱 4😢 1💔 1
ရှိသမျှ လူကုန် အကုန်ဆွဲထည့်ရိုက်လည်း ရတယ်။
စိတ်မပူနဲ့။ ငါတို့က တလျှောက်လုံး ဘောမနေတဲ့ ရေပေါ်ဆီတွေပဲ ရွေးဆဲမှာ။
ဆီက ဆီ
ရေက ရေပဲ။
ရောမွှေလည်း အချိန်တန် ပြန်ကွဲသွားမှာပဲ။
❤ 2 071👏 431😁 52🔥 13💔 1
🎵 ပြောင်းလဲမှုက မြန်ဆန်လွန်း
မင်းကြွားသွားတာ ၂၄နာရီ မပြည့်သေးပါ 🎶
😁
😁 2 063👏 241❤ 201😢 14🔥 12😱 2
တက်တက်ထိုင်ကို ဘာလို့ ဘလိန်းတာလဲ သိလား။
ဘာမှ မဖြစ်ဘူး။
စောက်မြင့်ကပ်လို့။
KBZ က စောက်ကြွေးသာ ကျေချင်ကျေသွားမယ်။ ငါတို့အမေကို အာချောင်ထားတဲ့ အကြွေးက ဆယ်သက်ဆယ်ဘဝ ဖျင်ခံဆပ်တောင် မကျေဘူး။
အားတိုင်း ဘလိန်းမှာ။
မအားလည်း တကူးတက ဘလိန်းမှာ။
အဆင်ပြေလား။
😉
👏 2 504❤ 1 008😁 171🔥 19😢 6😱 1
လူသတ်ပါတီ PPP
လင်းကွင်းချင်းချ ကြွေးထူမ
ဘဲဥမကွဲ သောက်ရှက်ကွဲ
ခွေးပေါက်ကတိုး နင့်နေနိုး
🤭
😁 1 808👏 321❤ 277🔥 11😢 5
နို့ဆီဘူးစာ အကျွေးခံရတယ် လူတွေရယ်။
သိကြတဲ့အတိုင်း ဆိုင်ကပြင်နေတယ်။ ပစ္စည်းတွေ အကုန်ပြန်နေရာချရတာ ဆိုင်ဖွင့်တုန်းကထက်တောင် ပင်ပန်းသေး။ ဆိုင်ဖွင့်တုန်းက ဆိုင်ခန်းအလွတ်ကြီးမှာ စင်တွေထိုး၊ ပစ္စည်းတွေ နေရာချရတာ။ အဲ့တုန်းကတောင် ခြေထောက်အတက်ထွက်လို့ ကုလိုက်ရသေး။ အခုက စင်တွေ ပစ္စည်းတွေကို ပြန်ချ ပြန်ဆင် ပြန်နေရာချကွာ။ စဉ်းစားသာကြည့်။
လူအင်အားလည်း မရှိတော့ ရှိတဲ့လူနဲ့ တရွေ့ရွေ့လုပ်ပေါ့ကွယ်။ ကိုယ်တိုင်ကိုယ်ကျ လုပ်ရကိုင်ရပေါ့။
ပစ္စည်းတွေ ပြန်နေရာချနေတုန်း နို့ဆီဘူးအတန်းကို စီနေစဉ်သကာလ မယ့်လျှပ်ပြာတစ်ယောက် လက်နဲ့တိုက်ချမိလိုက်တာ နို့ဆီဘူးတစ်ဘူးဟာဖြင့် ထိထိမိမိကို ခြေထောက်ပေါ် ကျလေရောသတည်းပဲ။
ဝေါကနဲရှူး ခံနေတော့ မနာဘူး စိတ်တင်းပေမယ့် နို့ဆီဘူး အောက်ဖက်ဇောင်းက ခြေသူကြွယ်ပေါ် ထိထိမိမိကျတာဆိုတော့ကာ စက္ကန့်ပိုင်းအတွင်း ခြေသူကြွယ်ကြီးဟာ စိမ်းရာက ညို၊ ညိုရာကမည်း။ တဆစ်ဆစ်ကိုက်လိုက်တာမှ အီဆိမ့်နေရော ညိုကီတို့ရေ။
အပြင်ထွက်လာရင်သာ ကြွကြွရွရွ ခြေမွှေးမီးသလောင် လက်မွှေးမီးမလောင်ရုပ်က ဘဝပေးကံအရ ရုပ်ခံကောင်းလို့လို့ ခံယူရပေမယ့် (😜)တကယ်တမ်းမှာ သုမနကျောမှာ ဒဏ်ရာဗရပွနဲ့။
အဲ့လောက်ကြီးကျ မပျော်တော့ဘူး။
😫
❤ 1 367😢 349😁 100😱 26👏 20💔 11🔥 5
ကိုယ့်ဘဝမှာ အိမ်ထောင်ကျချိန်ကစပြီး လုံးဝရှောင်တဲ့ လုပ်ရပ်နှစ်ခု ရှိတယ်။ တစ်ခုက လူမှုရေးကိုယ်ကျင့်တရား မပျက်ပြားတာ၊ နောက်တစ်ခုက အိမ်ထောင်ဖက်ကို လူမှုရေးကိုယ်ကျင့်တရား ထိပါးပြောဆိုတာ။
အိမ်ထောင်ကျပြီးကတည်းက တခြားအမျိုးသားတစ်ယောက်ယောက်နဲ့ ကိုယ်၊နှုတ်၊စိတ် သုံးပါးလုံး မဖောက်ပြားတာ။ အမြင်မတင့်တယ်စရာ၊ အထင်အမြင်လွဲစရာ အနေအထိုင် အပြောအဆိုမျိုး တစ်ရာရာခိုင်နှုန်း ကင်းရှင်းအောင် နေတာ။ ဒါ့ကြောင့်လည်း ဒီနေ့ထိ ကိုယ့်ကို တိုက်ခိုက်ကြသမျှ တိုက်ခိုက်မှုအစုံမှာ ဒီလိုလူမှုရေးကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ပါးစပ်သရမ်းတာအပြင် ဘာတစ်ခုမှ မထိပါးနိုင်တာ။
နောက်တစ်ခုကတော့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ဘယ်သူနဲ့မှ သမုတ်ပြောဆိုတာမျိုး ဘယ်တော့မှ မလုပ်တာ။ ခပ်ချေချေ ပြောရရင်…. ကိုယ့်အိမ်ထောင်ဖက်အတွက် ကိုယ်နဲ့ နှိုင်းယှဉ်ခံရဖွယ် ယှဉ်နိုင်တဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်ကြင်နာမှု၊ အရည်အချင်း ရှိတဲ့လူ တစ်ယောက်မှ ရှိတယ်မထင်လို့ကို ဘယ်သူနဲ့မှ မသမုတ်တာ။
အိမ်ထောင်ရေးဆိုတာက အပြတ်ပြောဆို လေကြီးလို့ မရတာမို့ ကိုယ့်လူကို အရမ်းယုံလို့ပါဆိုတာမျိုးထက် ကိုယ့်ကိုယ်ကိုယ် အရမ်းယုံလို့ကွာ။ ဒီလူအပေါ်မှာ ကိုယ့်လောက် ချစ်နိုင်တဲ့လူ၊ ကိုယ့်လောက်ကြင်နာနိုင်တဲ့လူ၊ ကိုယ့်လောက် နားလည်နိုင်တဲ့လူ၊ ကိုယ့်လောက် အရည်အချင်း ရှိတဲ့လူ ဒီလူ့ဘဝမှာ နောက်ထပ်တစ်ယောက်မှ မရှိနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံလို့ကို၊ ဘယ်သူနဲ့မှ ကိုယ့်ကိုယ်ကိုယ် မယှဉ်နိုင်လို့ကို ဘယ်သူနဲ့မှ မသမုတ်တာ။
အပြန်အလှန်အားဖြင့် ကိုယ့်လူကလည်း သမီးရည်းစားဘဝက ဆတ်စလူးထသဝန်တိုသလောက် အိမ်ထောင်ကျပြီးကတည်းက ဒီနေ့ဒီအချိန်အထိ ကိုယ့်ကို ဘယ်သူနဲ့မှ မသမုတ်ဖူးခဲ့ဘူး။ တစ်ရာရာခိုင်နှုန်းနော်။ လုံးဝပဲ။
ဟိုအုပ်စု ပန်ဆယ်လို့HD ပါဆိုပြီး တိုက်ခိုက်တာမျိုးတွေ သူတွေ့ရင်တောင် ကိုယ့်ကို တစ်ခွန်းလေးသော်မှ ပြသနာ ရှာဖို့ နေနေသာသာ မေးတောင် မမေးဖူးဘူး။ မေးစရာလည်း မလိုဘူးလေ…. အသက်၁၈ နှစ်က စပြီး သူ့ဘေးနားမှာ တစ်သက်လုံး ရှိလာတဲ့ မိန်းမပဲဟာ။ အာဏာသိမ်းစ ထွက်ပြေးနေရတဲ့ တစ်လနီးပါးလောက်အပြင် ကိုယ်တို့ဘဝမှာ ကိုယ့်အသက် ၁၈ ကနေ ၃၅ အထိ ခွဲနေဖူးခဲ့တာ အဲ့တစ်လပဲ ရှိခဲ့ဖူးတာ။
သမီးရည်းစားဘဝမှာ ရန်ဖြစ်ရတဲ့ကိစ္စ ဆယ်ခုမှာ ဆယ်ခုလုံးက သဝန်ကြောင်တဲ့ကိစ္စ ဖြစ်ခဲ့တဲ့ ကိုယ့်အမျိုးသားဆီက အိမ်ထောင်သက် ၁၀နှစ်မှာ သမုတ်တဲ့စကား တစ်ခါလေးသော်မှ မကြားခဲ့ရအောင် ကိုယ်က အနေအထိုင် မှန်ကန်ခဲ့တာ။
ထစ်ခနဲရှိ လင်ကို တန်းသမုတ်တတ်တဲ့ မိန်းမမျိုးတွေကို အထွေအထူး စိတ်မရှိပါဘူး။ ဒါပေမယ့် တွဲသမုတ်လိုက်တဲ့ မိန်းမက ကိုယ်တော့ မဖြစ်ဖို့ လိုတယ်။
အထူးသဖြင့် ကိုယ့်လင်နဲ့ ပရောပရီ လာလုပ်တဲ့ မိန်းမမျိုးကို သမုတ်လိုက်တာမျိုး မဟုတ်ဘဲ တစ်ခါလေးသော်မှ မသိဖူး၊ မဆုံဖူး၊ စကားမပြောဖူးတဲ့ ကိုယ်နဲ့ ပေးစားပြောဆိုတာကတော့ ပြောဆိုသူရဲ့ အဆင့်အတန်းပဲ။
ခင်ပွန်းသည်က အကြောင်းအရင်းမဲ့ တိုက်ခိုက်တဲ့လုပ်ရပ်ကြောင့် တားမြစ်တဲ့ကိစ္စမှာ အိမ်ထောင်ရေးပျက်ဆီးခံပြီး တိုက်ခိုက်ဦးမယ်ဆိုတာမျိုးထိ ဖြစ်ခဲ့တယ်လို့ ဖတ်ရတော့ ဒီမိန်းမ ရူးနေတာဟလို့ တွေးခဲ့တာ။
ကိုယ့်ဘက်ပါရမှာ စောက်ဆင့်မရှိလို့ကို ကိုယ့်လင်ကတောင် ကိုယ့်ဘက်မပါတာ။ ဒါကို ရှက်ရကောင်းမှန်း မသိဘဲ ကိုယ့်လင်ကို သူများမယားနဲ့ Social Media မှာ Public တင် သမုတ်တာ တွေ့တော့မှ ဪ… ဒီမိန်းမက ရူးနေတာ မဟုတ်ဘူး၊ မွေးရာပါ စောက်ဆင့်မရှိတာဆိုတာ သဘောပေါက်တော့တာ။
သားကြီးသမီးကြီးတွေတောင် မွေးထားတဲ့ တစ်အိပ်ရာတည်း အိပ်နေတဲ့ နင့်လင်တောင် နင်ပြောနေတဲ့ ငါနဲ့ပတ်သက်တဲ့ တိုက်ခိုက်မှုတွေကို မယုံတာ၊ ဖေ့စ်ဘုတ်မှာ နင့်နောက်ထပ်ဘယ်လင်က ယုံမယ်ထင်လို့ ပြောနေတာလဲ ကောင်မကြီး။
နယူးဇီလန်ထိ စောက်ရှက်ကို Delivery Free ပို့ကပ်ပေးရင်တောင် ကွင်းလုံးကျွတ်ကျမယ့် အရူးမ။
တစ်သက်လုံး သေသည်ထိ လောင်မီးကျနေလိုက်။
အိုခေ 😉
❤ 1 495👏 342😁 86🔥 6
ဘဝမှာ အကြောက်ဆုံးက မြွေပဲ။ မြွေကို ဘယ်လောက်ကြောက်လဲဆိုရင် ဖေ့စ်ဘုတ်မှာ ဓါတ်ပုံတွေ့ရင်တောင် စခရင်ကို ဆက်မပွတ်ရဲလို့ ပိတ်ချပစ်တာမျိုးထိ အူလှိုက်သဲလှိုက်ကြီး ကြောက်ခဲ့တာ။
ဒါပေမယ့် အဲ့လိုအကြောက်တရားကို မုန်းလွန်းလို့၊ အဲ့လိုကြီး ကြောက်စိတ်ဖြစ်နေတာကို မကြိုက်လွန်းလို့ ဘာလုပ်ပစ်လိုက်လဲဆိုရင် မြွေသားကို ရအောင်စားပစ်လိုက်တယ်။ ပြီးတော့ ကြောက်လို့ တုန်နေတဲ့ကြားကနေ မြွေကို လည်ပင်း ပတ်ကြည့်တယ်။
အရှင်းမကြောက်တော့တာတော့ မဟုတ်ပေမယ့် အရင်ထက်တော့ အကြောက်တရား လျော့သွားတယ်။
စားတောင်စားပစ်ခဲ့တဲ့ကောင်ပဲလို့ တွေးလို့ရသွားလို့။
တစ်သက်လုံး အသက်ထွက်တော့မလို ကြောက်ခဲ့တဲ့အကောင်ကိုတောင် စားပစ်ခဲ့တာ နင်တို့လို့ ပေမမီထောက်မမီတွေကို ကြောက်မယ်များ ထင်နေလားလို့ ပြောချင်တာ။
ငယ်နိုင်တွေက ကြောက်ပြီလား မေးနေတာ ရယ်ရလို့။
😉
❤ 1 339👏 289😁 96😱 9🔥 1
ကိုယ်ကတော့ ရှင်းတယ်။ အတွေးလည်း ရှင်းတော့ စိတ်လည်း ရှင်းတယ်။
အရင်ကတည်းက အတိုက်အခိုက် များသူဆိုပေမယ့် အာဏာသိမ်း ငါးနှစ်နီးပါးကာလမှာ ကိုယ့်ဘဝမှာ အဆိုးတကာ့အဆိုးဆုံးပါဆိုတဲ့ ယုတ်ကန်းအောက်တန်းကျ တိုက်ခိုက်မှုအားလုံးကို မကြုံဖူးတာ မရှိအောင်ကို ကြုံခဲ့ပြီးပြီ။
ပြောရရင် ဒီလောကမှာ လူတစ်ယောက်ကို တိုက်ခိုက်ထိုးနှက်နိုင်ပါတယ်ဆိုတဲ့ စကားလုံး၊ လုပ်ရပ် အားလုံး ကုန်ပြီ။ ကိုယ်က အကုန်ရခဲ့ဖူးပြီ။ ဒီ့ထက် အောက်တန်းကျကြချင်ပါတယ်ဆိုရင်တောင် ထပ်အောက်တန်းကျနိုင်စရာ မရှိတော့အောင်ကို ကိုယ့်ကို အုံလိုက်ကျင်းလိုက် ဝိုင်းအောက်တန်းကျကြတာ ကြုံဖူးခဲ့ပြီ။
ဘဝမှာ သိပ်ဂုဏ်ယူတာက အဲ့လိုအရာတွေကြားမှာ ခံယူချက်ရော စာရိတ္တရော မပျက်သုဉ်းဘဲ အခုလိုအခြေအနေမျိုးနဲ့ ပြင်ပဘဝမှာရော လူမှုကွန်ယက်ပေါ်မှာရော ဆက်တောက်ပနိုင်တာကိုပဲ။ အဲ့ဒါကို ဂုဏ်အယူဆုံးပဲ။
ကိုယ် လုပ်ချင်သမျှကို လုပ်မယ်လို့ ဆုံးဖြတ်ချိန်မှာ ဘယ်လောက်တိုက်ခိုက်တားဆီးနေပါစေ အအောင်မြင်ဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ပြီး ရပ်မယ်လို့ ဆုံးဖြတ်ချိန်မှာလည်း ဘယ်လိုတားဆီးနေပါစေ အောင်မြင်စွာ တိခနဲ ရပ်ချနိုင်ခဲ့တယ်။ လုပ်ဆောင်ခဲ့တဲ့ကိစ္စတွေအတွက် ဘာနောင်တမှ မရှိသလို ရပ်တန့်ခဲ့တဲ့ကိစ္စကိုလည်း ဘာနောင်တမှ မရှိအောင် လိပ်ပြာသန့်တဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။
ဒါဆို ဒေါ်ပန်ရယ်…. တိုက်ခိုက်သူတွေက ရပ်သွားလို့လားလို့ မေးစရာ ရှိတယ်။ ရပ်မသွားပါဘူး…. သူတို့က သူတို့စိတ်ဓါတ်ရဲ့ တန်ရာကို ဆက်လုပ်ကြမှာပဲ။ သူတို့ရဲ့ စိတ်ဓါတ် လုပ်ရပ်ကို ရောင်ပြန်ဟပ်မှာက အများပြည်သူရဲ့ ဒီလူတွေပေါ် မြင်တဲ့အမြင်။ အဲ့ဒါကပဲ ဒီလူတွေရဲ့ သမိုင်းဖြစ်သွားမှာ။
Comment Box ပိတ်ပြီး ကိုယ့်ရဲ့ အမှန်တကယ် ဖြစ်တည်မှုအဆင့်အတန်းကို လူတွေဆီက မကြားရဲလို့ ပြောခွင့်မပေးလည်း ဒီလူတွေဟာ ဘယ်လိုအောက်တန်းစားဖြစ်နေတယ်ဆိုတဲ့ သမိုင်းက ဖျောက်ဖျက်လို့ ရမှာမှ မဟုတ်တာ။
ဒါကိုပဲ ကိုယ်က ကျေနပ်တယ်။ ကိုယ့်အပေါ် မနာလိုမုန်းထားမှုကို အခြေခံတဲ့စိတ်နဲ့ အောက်တန်းကျပြရင်း အရင်က Vcase နဲ့ တစ်နိုင်ငံလုံးက ဆရာ/ဆရာ ခေါ်ကြတဲ့လူက အခု သူ့နာမည်ကြားတာနဲ့ ဒီကောင် အောက်တန်းစားလို့ တွဲမြင်သွားကြတာမျိုး။
အရင်က အနုပညာရှင်/မင်းသား၊ LGBT အနေနဲ့ လူအထင်ကြီးမှုမရတောင် လူအထင်သေးမခံရတဲ့နေရာမျိုးက ကောင်က အခု သူ့နာမည်ကြားတာနဲ့ ဒီလောက်အောက်တန်းကျတဲ့အချော်မမြင်ဖူးဘူးလို့ တန်းမှတ်ချက်ပေးတဲ့အထိ နိမ့်ဆင်းသွားတာမျိုး။
အရင်က နိုင်ငံရေးသမိုင်းကောင်းရှိခင်ပွန်းရဲ့ ဇနီးမယားအဖြစ် ကျက်သရေရှိနိုင်ပါလျက်နဲ့ ကိုယ့်ကို အချက်အလက်မဲ့တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဒီလိုလူက ဒီလိုမယားဆိုးရထားရှာပါလား၊ ဒီလိုအောက်တန်းကျတဲ့မိန်းမပါလားလို့ တွဲခံစားမိတဲ့အထိ Role ကျသွားတာမျိုး။
ကိုယ်က လူတွေကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ကိုယ်က သရုပ်မှန်ပေါ်အောင်ပဲ လုပ်ပေးနိုင်တာ။ အဆင့်အတန်းရှိတဲ့လူတစ်ယောက်ကို အဆင့်အတန်းနိမ့်သွားအောင် မလုပ်နိုင်ပါဘူး။ အဆင့်အတန်းရှိချင်ယောင် ဆောင်ထားကြသူတွေကိုတော့ အဆင့်အတန်းအမှန်ပေါ်အောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းမျိုး ပါရမီမျိုး ပါလာပုံရတယ်။
အချုပ်ပြောရရင် စကားတစ်ခု ကြားဖူးတယ် မဟုတ်လား။ “ငါတို့က သရဲတွေ၊ ငါတို့က သေပြီးသား၊ ငါတို့ကို ထပ်သတ်လို့ မရဘူး” ဆိုတာ။
ကိုယ်ကလည်း ဒီလိုပဲ။ ကိုယ်က သရဲပဲ၊ ကိုယ်ကသေပြီးသား။ တိုက်ခိုက်မှုပေါင်းစုံ အောက်တန်းကျမှုပေါင်းစုံနဲ့ အခါခါ သတ်ခံရပြီးသား။ ကိုယ့်ကို ထပ်သတ်လို့ မရဘူး။ ကိုယ်က အခုလိုပဲ ဆက်ရှင်သန်နေဦးမှာ။
ကိုယ်လိုလူက အတိုက်အခိုက်ခံနေကျမို့ တစ်ယောက်တိုးလာလည်း မထူးဘူး။ တစ်ထောင်တိုးလာလည်း မတိုးဘူး။ အဆိုးဝါးဆုံးပါဆိုတဲ့အရာတွေကိုလည်း ကြုံခဲ့ပြီးပြီမို့ ကိုယ့်ကို ဘာနဲ့မှ ထပ်သတ်မရတော့ဘူး။
သူတို့သတ်နေတာ ကိုယ့်ကို မဟုတ်တော့ဘူး။ သူတို့ကိုယ်သူတို့ သတ်နေကြတာ။
ဒါကပဲ ကိုယ့်ရဲ့ ဂုဏ်ကျက်သရေ ဖြစ်သလို ဒါကပဲ ကိုယ့်ရဲ့ အောင်မြင်မှု ဖြစ်ရဲ့။
သူတို့ အားလုံးရဲ့ တစ်ဘဝလုံး အတွေးတစ်ခုလုံးကို အချိန်အကြာကြီး စိုးမိုးထားနိုင်တာကိုက ကိုယ့်ရဲ့ ပြောင်မြောက်လှစွာသော အရည်အသွေးပဲ။
အွန်း…. တို့အဇမ်း ဂုဏ်ယူတယ်။
😌
❤ 1 730👏 328😁 62🔥 3😢 3😱 2
နယူးဇီလန်က ဥမ္မာရွှေက တအားမိုက်ရိုင်းလွန်းတယ်။ ဘာရန်ညှိုး ရန်စမှ မရှိဖူး၊ ထိခိုက်နစ်နာအောင် လုပ်ဖူးဖို့ မပြောနဲ့ ဖြတ်သွားဖြတ်လာ ပတ်သက်မှုတောင် မရှိဖူးတာကို နေ့စဉ်ဖက် အချက်အလက်မဲ့ အချိန်တိုင်း တိုက်ခိုက်အောက်တန်းကျနေတာ။
သူ့အမျိုးသား ကိုမိုးမြတ်သူက သူ့မိန်းမနဲ့ပတ်သက်ပြီး ကိုယ့်ကို နာမည်တပ် ပိုစ့်တင်ပြီးကို တောင်းပန်ခဲ့ဖူးတာမို့ ဒီမိန်းမ အောက်တန်းကျနေသမျှ သူ့အမျိုးသားနဲ့ သူ့ယောင်းမ မျက်နှာကြောင့် ပြန်မတုံ့ပြန်ဘဲ စိတ်ဝေဒနာ ရနေတဲ့သူကို နားလည်ပေးသလိုမျိုး နားလည်ပေးထားခဲ့တာ။
ကိုယ် ပြင်းပြင်းထန်ထန် ပြန်တုန့်ပြန်ရင် ကိုယ့်ကို တောင်းပန်ထားဖူးတဲ့ ကိုမိုးမြတ်သူတို့ မိသားစု စိတ်ထိခိုက်ရမှာစိုးလို့၊ ကိုမိုးမြတ်သူရဲ့ တောင်းပန်ပိုစ့်ထဲမှာ ကိုယ့်ကို တိုက်ခိုက်တဲ့ ကိစ္စကို တားတာကြောင့် လင်မယားချင်း ကွဲမလို ဖြစ်နေတယ်ဆိုတဲ့အချက်ကြောင့် ကိုယ်က အိမ်ထောင်သည်ချင်း ကိုယ်ချင်းစာပြီး ပြန်မတုံ့ပြန်တော့တာ။
ကိုယ့်ကိုတိုက်ခိုက်ဖို့ သူ့အိမ်ထောင်ရေး၊ သူ့သားသမီးတွေ မျက်နှာတောင် မကြည့်နိုင်တော့အောင် ရူးနေတဲ့အထိ ကိုယ့်ကို မုန်းနေရအောင် ကိုယ်ကသူ့ကို ထိခိုက်အောင်လည်း ဘာမှ မလုပ်ခဲ့ဘူး။ ကိုယ့်ကို တိုက်ခိုက်တဲ့အချက်အလက်တွေမှာ အခြားလူမပြောနဲ့ သူ့ငယ်ပေါင်း လင်ယောကျ်ားကတောင် မယုံကြည်တဲ့ မိန်းမတစ်ယောက်ရဲ့ ရှက်စရာကောင်းမှု၊ သိမ်ငယ်စရာကောင်းမှုကိုလည်း သနားတာ ပါတယ်။ ဒါ့ကြောင့် အခြားတိုက်ခိုက်သူတွေကို ပြန်တုန့်ပြန်ရင်တောင် ဒီမိန်းမကို လျှော်ပေးခဲ့တာ။
ဒါကို ဒီမိန်းမကြီးက သူ့ကိုယ်သူ အဟုတ်ကြီး ထင်နေပုံရတယ်။ ကိုယ့်ကို မဆီမဆိုင် အချက်အလက်မဲ့ နေ့စဉ်အောက်တန်းကျနေရတာကို သူ့မိသားစုဘဝနဲ့ပါ လဲယူစောက်ရူးထနေတာကို သူ့အဆင့်အတန်း ဘယ်လောက်လို့ လူတွေက သတ်မှတ်နေကြလဲ စဉ်းစားနိုင်ဟန်လည်း မတူဘူး။
ယူထားတဲ့ ခင်ပွန်း၊ မွေးထားတဲ့ သားသမီးတွေအတွက် ရှက်စရာဇနီး၊ ရှက်စရာ အမေတစ်ယောက်ဖြစ်နေတာကိုလည်း ရှက်နိုင်တဲ့ ဥာဏ်ရည် ရှိနိုင်တော့ပုံ မရဘူး။
နိုင်ငံရေးနောက်ခံသမိုင်းကောင်းရှိတဲ့ ခင်ပွန်းနဲ့ ခင်ပွန်းဖြစ်သူရဲ့မိသားစုအသိုင်းအဝိုင်းမှာ နေထိုင်ရှင်သန်နေရင်းနဲ့ကို အောက်တန်းစားဇ ပြနိုင်တာမျိုးကတော့ အံ့ဩစရာပဲ။ မိသားစုနဲ့ထပ်တူ အံ့ဩရပါသည်ပဲ။
ပက်လက်လှန် တံတွေးထွေးနေကြသူတွေရဲ့ မျက်နှာမှာ တံတွေးဗရပွနဲ့။
❤ 1 357👏 304😁 56😱 10🔥 8
အတည်ပြောမယ်နော်။ အတော်စိတ်နာစရာကိစ္စမို့။
အခုနောက်ပိုင်း ဘောမဖက်ခွက်စားအချို့ အတော်လေးကို ပေါ်ပေါ်တင်တင် ဇောင်းထလာကြတာ သိသိသာသာပဲ။ ဖိအားတွေကြောင့် ဘာကြောင့် ညာကြောင့် ကိုယ်တွေဘက်က အများကြီး နားလည်ပေးခဲ့ပါတယ်။
စင်ပေါ်ကနေ မိုက်ကိုင်ပြီး တော်လှန်ရေးကို လှောင်ပြောင်တဲ့ စကားတွေ ပြောတာ၊ အတွေးအခေါ် အလွဲတွေနဲ့ ပြည်သူကို အဆိပ်ခတ်တာ (ဒီနေ့ဆိုရင် J Fire ဆိုတဲ့ကောင်)
ဒီလို စင်ပေါ်ကနေ ပြော၊ မပြောရင် ဖမ်းမယ်လို့ ဖိအားပေးတာမျိုး ရှိစရာ အကြောင်းမရှိဘူး။ ဘာမှလည်း ဘောင်ဝင်နေတဲ့ကောင်တွေ မဟုတ်ဘူး။ ဂနိုင်မြိုင်တော အကြိုက်အဆင့်တွေ။
တမင်သက်သက်ကို ပြောချင်လို့ ပြောတာ၊ စော်ကားချင်လို့ စော်ကားတာ။ ပြည်သူလူထုက ဘာမှ မလုပ်နိုင်ဘူးလို့ စောက်ထင်သေးလို့ကို ပြောတာ။
ပိုပြီး ရင်နာစရာကောင်းတာက လူငယ်တွေရဲ့ အသက်တွေ သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့၊ ပေးဆပ်နေတဲ့ ဒီတော်လှန်ရေးကို စောက်ထင်သေးကြလို့ ရေပေါ်ဆီတွေက ပေါ်ပေါ်တင်တင် စော်ကားရဲလာတာ။
စစ်အာဏာရှင်ကပဲ နိုင်မှာ၊ တော်လှန်ရေးက အောင်မြင်မှာ မဟုတ်ဘူးလို့ ယူဆကြလို့ ဒီကောင်တွေ ပေါ်ပေါ်တင်တင် ပြောဆိုစော်ကားလာကြတာ။
အန္တရာယ်ကင်းကင်း၊ အန္တရာယ်တစ်စက်လေးမှ မရှိတဲ့ Boycott လို အရာမျိုးကိုတောင် စိတ်မခိုင်ကြသူတွေကြောင့် ဒီလိုမျိုး ပြောရဲဆိုရဲ စော်ကားရဲကြတာ။
အခုလို စင်ပေါ်ကနေ မပြောလည်း ဖြစ်တဲ့ ဘယ်ကောင်မှ ဓါးမိုးပြောခိုင်းနေတာမဟုတ်ဘဲ စိတ်ပါလက်ပါလို့ကို ပြောနေတဲ့ စကားတွေဟာလေ
မနာတတ်ရင်တော့ မသိဘူး။ ဒါဟာ လူထုတော်လှန်ရေးကို စောက်ထင်သေးလို့ကို ဘာဖိအားကြောင့်မှ မဟုတ်ဘဲ ပထွေးမျက်နှာလိုမျက်နှာရ လုပ်ပြကြတာမျိုး။
ဘာခံယူချက်မှ ရှိတဲ့ကောင်တွေ မဟုတ်ဘူး။ ဒီနေ့ တော်လှန်ရေးနိုင်၊ နောက်နေ့ ပြည်သူ့အတွက် ပရိတ်သတ်ကြီးအတွက်ဆိုပြီး စောက်ရှက်မရှိ ထွက်လာကြဦးမယ့် MaALoe တွေ။
အနုပညာရှင်လို့ ပြောပြီး နူရွဲစုတ်ပြတ်နေတဲ့ နှလုံးသားအပုတ်တွေ။
အောက်တန်းစား ဖက်ခွက်စား ခွေးကျွန်တွေ။
❤ 2 355👏 680😁 104🔥 25😢 14😱 6💔 2
ပြောသွားတဲ့ စကားထဲမှာ ထင်ဟပ်နေတာပါပဲ။ တစ်ဘို့တည်း နွားဆိုတာ။
ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ရှိခံပြီး အနာခံတိုက်ကြတဲ့ ကောင်တွေကပဲ မှားနေသလိုလို။ တစ်ကိုယ်စာ အတ္တသမားတွေကပဲ မှန်နေသလိုလို စောက်ချိုး။
ကျွန်စော်နံစကားလုံးတွေကို ဘယ်လိုဂုဏ်ယူပြီး ပြောရဲနေတာလဲ။
အနုပညာသမားဆိုပြီး ဦးနှောက်မပါကြဘူး။
ပိုဆိုးတာက နှလုံးသား မပါကြဘူး။
အပုတ်အအဲ့တွေ။
🤮
❤ 1 419👏 387😁 54🔥 15😱 3😢 1
ကိုယ်တွေဘက်က ဟာတွေကသာ
BC ရမှာ အားပဲနာသလိုလို
သနားပဲ သနားချင်သလိုလို
မေ့ပဲ မေ့သလိုလိုနဲ့။
သူတို့ဘက်က ဟာတွေက Love React ပေးတာတောင် အမှုတပ်ပြီး ဖမ်းတာဟေ့။
နည်းနည်းပါးပါး နာတတ်ကြဦး။
❤ 1 845👏 421😁 110🔥 12😢 9😱 4💔 3
လူတွေ ထင်စေချင်တာက
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ။
လုပ်နေတာက
Love React ပေးလို့ ဖမ်းထည့်။
သာဓု သာဓု စွဂျပုရေ။
❤ 1 311😁 494👏 108😱 12🔥 11
Love React ပေးခြင်းသည်လည်း
နံဂံဒေါ် ပုံကန်မှုကြီး ဖြစ်ပေတော့သည် တမုံ့။
စောက်ဆန်းကြီးတို့ တိုင်းပြည်ဟဲ့။
❤ 1 321😁 512👏 61🔥 15😱 10
မလုံခြုံတာမို့ အသံမထွက်နိုင်တာလည်း နားလည်တယ်။ ပြည်တွင်းမှာမို့ လက်သီးလက်မောင်းမတန်းနိုင်တာကိုလည်း လက်ခံတယ်။
ဒါပေမယ့် ဓမ္မကို အဓမ္မက တိတိကျကျသတ်နေတဲ့ မျက်မြင်ခေတ်ဆိုးထဲမှာ စိတ်ထဲကတောင် ဘယ်ဘက်မှ မပါပါဘူး၊ ကြားနေတာ အပြစ်လားလို့ တွေးနေရင် ……
နင်တို့ ကြားနေတာ အဘဘောကြားဟေ့။
မော့ကြည့်…. ဘောပဲရှိ။
❤ 1 954👏 538😁 156🔥 13😱 2
