fa
Feedback
Myanmar National Post

Myanmar National Post

رفتن به کانال در Telegram

သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com

نمایش بیشتر
2025 سال در اعدادsnowflakes fon
card fon
30 977
مشترکین
-1024 ساعت
-1067 روز
-32830 روز
آرشیو پست ها
Photo unavailableShow in Telegram
တွံတေးမြို့နယ်၌ မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး တွံတေး ၊ ဒီဇင်ဘာ ၂၆ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈) ရက်နေ့၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် မဲစာရင်းပါရှိပြီးဖြစ်သည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့သည် ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_318.html
نمایش همه...
👍 24 6
Photo unavailableShow in Telegram
ချောင်းဆုံမြို့နယ်၌ မဲရုံပြင်ဆင်ထားရှိမှုနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ချောင်းဆုံ ၊ ဒီဇင်ဘာ ၂၆ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ (၂၅)ရက်နေ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_273.html
نمایش همه...
👍 24 3
Photo unavailableShow in Telegram
ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာအလက်ဇီဘာရှန် ဦးဆောင်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များက လာရောက်လေ့လာကြမည်ဖြစ်ပြီး ၂၄-၁၂-၂၀၂၅ ရက်နေ့ ညပိုင်းက ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌ မစ္စတာအလက်ဇီဘာရှန် ဦးဆောင်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့သည် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိကြသည်။ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အား ပြည်​ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရှိရသည်။ #MNP #News
نمایش همه...
24👍 20
Photo unavailableShow in Telegram
မြစ်သားမြို့နယ်ကင်းစိန်ဈေးကျေးရွာအုပ်စု၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ မြစ်သား ၊ ဒီဇင်ဘာ ၂၆ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကင်းစိန်ဈေးကျေးရွာအုပ်စု ကွင်းအမှတ် (၄၈၇)ကွင်း၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်း ရရှိနေကြောင်း သိရသည်။ ဖတ်ရူရန်>>>>>> https://t.me/MyanmarNationalPost
نمایش همه...
👍 23 6
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပြင်ဦးလွင်-ဂုတ်ထိပ်ရထားလမ်းပိုင်းနှင့် ရှေးဟောင်းသမိုင်းဝင် ဂုတ်ထိပ်တံတားကြံ့ခိုင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ ၂၆ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် RBE ရထားဖြင့် ပြင်ဦးလွင်- ဂုတ်ထိပ်ကြားရှိ ရထားလမ်းပိုင်းနှင့် ရှေးဟောင်းသမိုင်းဝင် ဂုတ်ထိပ်တံတားကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် RBE ရထားဖြင့် ပြင်ဦးလွင်- ဂုတ်ထိပ်ရထားလမ်းပိုင်း အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လမ်းပိုင်းအတွင်းရှိ ရထားလမ်းနှင့်တံတားများ ကြံ့ခိုင်မှုရှိစေရေး၊ ဘူတာများသန့်ရှင်းသာယာလှပစေရေးနှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ဂုတ်ထိပ်တံတားထိပ်သို့ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်ဖြစ်သည့် ဂုတ်ထိပ်တံတား၏ထောက်တိုင်အောက်ခြေများ ကြံ့ခိုင်ရေးဆောင်ရွက်ထားမှု၊ ပြင်ဦးလွင်- ဂုတ်ထိပ်-ကျောက်မဲ-သီပေါလမ်းပိုင်းအား တောချုံခုတ်ခြင်း၊ လမ်းပိုင်း ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် တံတားဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သစ်သားဇလီဖားတုံးများအစား ပိုလီဖိုက်ဘာပလပ်စတစ်ဇလီဖားတုံးများဖြင့် လဲလှယ်တပ်ဆင်ရမည့်အခြေအနေ၊ သံလမ်းဆက် Bolt and Nut များ၊ သံလမ်းထိန်းကလစ်များအား နေ့စဉ်ကြံ့ခိုင်ရေးစစ်ဆေးရန်၊ တံတားကြံ့ခိုင်ရေးအတွက် မီးရထားဌာန လမ်းတံတား အင်ဂျင်နီယာများက သုံးလတစ်ကြိမ်စစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ရန်များရှိက ချက်ချင်းပြင်ဆင်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် RBE ရထားဖြင့် ခရီးသွားပြည်သူများ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ဂုတ်ထိပ်တံတားကို ရှုမြင်နိုင်သောရှုမျှော်ခင်းကြည့်နေရာသို့ သွားရောက်၍ လာရောက်လည်ပတ်ကြသည့် ခရီးသွားပြည်သူများ သဘာဝရှုခင်းများကို အဆင်ပြေစွာကြည့်ရှုနိုင်ရေး ရှုမျှော်ခင်းကြည့်နေရာကို စနစ်တကျဆောင်ရွက်ပေးရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ #News #MNP
نمایش همه...
👍 32 8🍓 1
Photo unavailableShow in Telegram
မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးအသင်း တရုတ်-တောင်အာရှနှင့် အရှေ့တောင်အာရှ ပြည်သူ့လူမှုရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ အစည်းအဝေးကျင်းပ ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ဒေသတွင်း NGO အဖွဲ့အစည်းများ လူမှုဘဝတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ နီပေါ(၆)နိုင်ငံမှ လူမှုရေးအသင်းအဖွဲ့များက ၂၀၂၅ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ စတင်ဖွဲ့စည်းခဲ့သည့် “တရုတ်-တောင်အာရှနှင့် အရှေ့တောင်အာရှ ပြည်သူ့လူမှုရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးမဟာမိတ်အဖွဲ့ ”(China South & Southeast Asian Civil Society Organizations Development and Exchange Cooperation Alliance) ၏ တတိယအကြိမ်မြောက်ကျင်းပသည့် အွန်လိုင်းအစည်းအဝေးကို မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းက စီစဉ်လျက် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။ အဆိုပါအစည်းအဝေးသို့ တရုတ်နိုင်ငံရှိ ကူမင်းယွမ်ဒီလူမှုကူညီရေးစင်တာ (Cunming Yundi Behavior and Health Research Center)၊ Chinese Academy of Medical Sciences , Fuwai Yunnan Hospital၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ MalishaFoundation နှင့် ကမ္ဘောဒီးယား၊ လာအို၊ နီပေါနိုင်ငံတို့မှ NGO အသင်းများတက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ရန်ကင်းကလေးဆေးရုံကြီးနှင့် ဝိသာခါဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဖွဲ့စည်းထားသည့် လူမှုရေးအဖွဲ့အစည်းများက ဒေသတွင်းနိုင်ငံများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ယဉ်ကျေးမှုကဏ္ဍများကို ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်သွားရန် ရည်ရွယ်ဆွေးနွေးကြသည်။ နိုင်ငံအလိုက် အသင်းအဖွဲ့များက မိမိတို့အသင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ရန်ကင်းကလေးဆေးရုံကြီးမှ ကလေးနှလုံးရောဂါကုသရေးလုပ်ငန်းများကို တရုတ်နိုင်ငံမှ Fuwai Yunnan Hospital နှင့် ပူးပေါင်းဆောင်ရွက် ခဲ့မှုများကိုလည်းကောင်း၊ မြန်မာ - တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းက မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဝိသာခါဖောင်ဒေးရှင်းမှ လူမှုရေးလုပ်ငန်းများဆောင်ရွက်ချက်များကိုလည်းကောင်း၊ တရုတ်နိုင်ငံ Chinese Academy of Medical Sciences , FuwaiYunnan Hospital ၏ Social Service Depertment မှ Dr. Gao(ဒေါက်တာကောင်း )က Case on Child Nutrition in Congenital Heart Disease Screening in Laos ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Malisha Foundation မှ ဒေါက်တာ မာရစ်ဖ်(Dr. Maruf) က Nutritional Practice Sharing for CHD in Bangladesh ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်ပြီး တက်ရောက်လာသူများက အနာဂတ်တွင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ #News #MNP
نمایش همه...
👍 24 15🍓 1
00:36
Video unavailableShow in Telegram
ပြင်ဦးလွင် ပွဲကောက်ရေတံခွန်အနီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိ #News #MNP
نمایش همه...
13.44 MB
28👍 17
02:40
Video unavailableShow in Telegram
ကိုယ်စားလှယ်တွေကို ခေါင်းခေါက်ရွေးချယ်ကြဖို့ မိန့်ကြားချက် #News #MNP #2025Election
نمایش همه...
217.MP460.49 MB
👍 33🙏 18🍓 1
02:14
Video unavailableShow in Telegram
မေမြို့ နှင်းဆီဥယာဉ် ၂၆-၁၂-၂၀၂၅
نمایش همه...
57.38 MB
👍 32 13
04:12
Video unavailableShow in Telegram
၂၆-၁၂-၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၃ ပြင်ဦးလွင်ဒေသ အခြေအနေ
نمایش همه...
107.50 MB
👍 33 23
Photo unavailableShow in Telegram
ဂျာမန်ကွန်မြူနစ်တွေရဲ့ ဘဏ်အကောင့်တွေ အပိတ်ခံရတော့မယ် ဒီဇင်ဘာ - ၂၅ ( ကြာသပတေးနေ့ ) ဘဏ်တစ်ခုက ကွန်မြူနစ်ပါတီကို မကြာမီ ပိတ်တော့မယ်လို့အကြောင်းကြားပြီးနောက် ဂျာမနီတွင် ကန့်ကွက်တဲ့ အသံများကိုဆန့်ကျင်တဲ့ ဖိနှိပ်မှု တိုးမြင့်လာနေတယ် လို့ ပြောနေကြပါတယ်။ ယခုလအစောပိုင်းတွင်၊ GLS ဘဏ်က ကွန်မြူနစ်ပါတီ (DKP) အကောင့်အားလုံးကို ဒီဇင်ဘာ ၃၁ ရက်အထိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပါတီ သို့ အကြောင်းကြားခဲ့ပါတယ်။ DKP ရဲ့ အဆိုအရ GLS ဘဏ်သည် ၎င်းရဲ့ ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက် တစ်စုံတစ်ရာ မပေးခဲ့တဲ့အပြင် ကျူးဘားနိုင်ငံအတွက် ပါတီ ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုနှင့်ပတ်သက်တဲ့ အချက်အလက်များကို ယခင်က တောင်းဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။ GLS ဘဏ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဘဏ်အနေဖြင့် ကျနော်တို့တို့လိုက်နာရမယ့် တရားဝင်စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များ" ကြောင့် ပါတီရဲ့အကောင့်များကို ပိတ်သိမ်းထားကြောင်း ပြောကြားခဲ့ပါတယ်။ ကွန်မြူနစ်ပါတီက ယင်းလှုပ်ရှားမှုကို “နိုင်ငံရေးအရ လှုံ့ဆော်မှု” လို့ ရှုတ်ချခဲ့ပါတယ်။ DKP ဘဏ္ဍာရေးကော်မတီ အကြီးအကဲ ကလက် လီဂျာ က ဘဏ်ကိုယ်စားလှယ်များက သူနှင့်ဖုန်းပြောဆိုမှုတွင် ပြင်ပဖိအားများရှိနေခဲ့ပြီး၊ ပိတ်သိမ်းမှုများသည် GLS ဘဏ်၏ အချုပ်အခြာအာဏာပိုင် ပြည်တွင်းရေးဆုံးဖြတ်ချက်အပေါ် အခြေခံထားခြင်း မဟုတ်ကြောင်း မီဒီယာသို့ ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလအစောပိုင်းလောက်ကစပြီး ကွန်မြူနစ်ပါတီဝင် အလွတ်သတင်းထောက်တွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံခဲ့ရကြောင်း ပါတီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း ဂျူးဆန့်ကျင်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ 'အရှေ့အလယ်ပိုင်းရှိ Just Peace for Justice' အဖွဲ့ရဲ့ ဘဏ်ကောင့်လည်း အပိတ်ခံလိုက်ရပါတယ်။ အလားတူပိတ်ဆို့မှုများစွာလည်း အလုပ်ခံနေရပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုအချိန်က ပြည်ထဲရေးဝန်ကြီး က လက်ယာအစွန်းရောက်ဝါဒကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အချက် ၁၃ ချက်ကို ထုတ်ဖော်ပြသခဲ့ပြီး အစွန်းရောက်ဝါဒီများရဲ့ ဘဏ်စာရင်းများကို ရပ်တန့်ပါက ဂျာမနီအာဏာပိုင်များအတွက် ပြဿနာတွေကို ဖြေရှင်းရတာ ပိုမိုလွယ်ကူစေမယ်လို့ ဖော်ပြခဲ့ပါတယ်။ REF: RT #News #MNP
نمایش همه...
👍 37 13😁 1
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၄၉၉ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျ ဆက်လက်မီးရှို့ဖျက်ဆီး နေပြည်တော်၊ ဒီဇင်ဘာ ၂၅ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး(KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၃ လုံး၊ ၃ ထပ်အဆောက်အအုံ ၂ လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၉၉ လုံး ကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ KK Park နယ်မြေ အတွင်းရှိ အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင် အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီး ခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၄ ထပ် အဆောက်အအုံ ၃ လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း အဆောက်အအုံ ၄၉ လုံးကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် KK park နှင့်ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများ အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
نمایش همه...
👍 28 11👏 2
ရွေးကောက်ပွဲ အပိုင်း (၃)ကြေညာပြီ
نمایش همه...
👍 43 9
03:51
Video unavailableShow in Telegram
ပြင်ဦးလွင် မှ ဂုတ်ထိပ် သို့ ရထားပြေးဆွဲပေးနေပြီ ပြင်ဦးလွင်မှ ရထားစင်းလုံးငှား၍လည်း သွားနိုင်ပြီး ဂုတ်ထိပ်သို့ ကားဖြင့်လာရောက်၍ ဂုတ်ထိပ်ဘူတာမှ သမိုင်းဝင်ဂုတ်ထိပ်တံတားပေါ် ရထားငှား၍ ဖြတ်သန်း လည်ပတ်နိုင်ကြောင်း သိရသည်။ #News #MNP
نمایش همه...
1232.mp4184.48 MB
50👍 35
06:00
Video unavailableShow in Telegram
တိုင်းပြည်တည်ဆောက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရင်မကောင်းဘူးလား ဦးမြထွန်းဦး #MNP #News
نمایش همه...
1231.mp4372.60 MB
👍 47 4🥰 1
Photo unavailableShow in Telegram
ကျောက်ဆည်မြို့နယ် မဲရုံများ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ဝတ်စုံများ ထောက်ပံ့ ကျောက်ဆည် ၊ ဒီဇင်ဘာ ၂၅ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံများတွင် မီးဘေးလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မီးသတ်ဝတ်စုံများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_346.html
نمایش همه...
👍 46 5🙏 2
Photo unavailableShow in Telegram
မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ မကွေး ၊ဒီဇင်ဘာ ၂၅ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် မဏ္ဍိုင်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဖတ်ရူရန် >>>>>>> https://www.mmnationalpost.com/2025/12/blog-post_400.html
نمایش همه...
👍 48 5
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ နေပြည်တော်၊ ဒီဇင်ဘာ ၂၄ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် "Mo Mo Aung" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ မိုမိုအောင်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၅ မိနစ်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ #MNP #News
نمایش همه...
👍 47 9
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ)ဖွဲ့စည်းတည်ထောင်မှု(၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
نمایش همه...
👍 27 9👏 2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့်နှင့် စွမ်းအင်ပြတိုက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
نمایش همه...
25👍 16👏 2