fa
Feedback
တပ်ကြပ်ကြီး ဖိုးစီ🇲🇲

တပ်ကြပ်ကြီး ဖိုးစီ🇲🇲

رفتن به کانال در Telegram
2025 سال در اعدادsnowflakes fon
card fon
58 945
مشترکین
اطلاعاتی وجود ندارد24 ساعت
-1487 روز
-63930 روز
آرشیو پست ها
Repost from N/a
မှုခင်းသတင်းတွေမှာတော့ ဓားပြမှုတွေ ပေါများခဲ့ပြီး ဟင်္သာတမြို့က ဆရာဝန်လင်မယားနှစ်ဦး အသတ်ခံရတဲ့ သတင်းလည်း ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဘုရားသီချင်းကို ကလပ်မှာ ဖွင့်တဲ့ DJဗိုင်အိုလတ် အဖမ်းခံရတဲ့ သတင်းကလည်း ရေးသားမှုအများဆုံး သတင်းဖြစ်ခဲ့ပါတယ်။ ၁၁ နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်တဲ့ Local PDF တွေကို ပြည်သူတွေဆန္ဒပြတဲ့ သတင်းတွေလည်း တွေ့ရပါတယ်။ ———- အရင်အပတ်ကတော့ နိပေါဂျန်ဇိသတင်းပတ်ဖြစ်ခဲ့ပြီး ဒုတိယ ဒီဂျေဗိုင်အိုလက်သတင်းတွေ အများဆုံးဖြစ်ခဲ့ပါတယ်။ လေကြောင်းဗုံးကျဲတာနဲ့ စာသင်ကျောင်းဆိုပြီး ဖွတဲ့ပုံစံဟာ အရင် ရတီအုန်းတို့ "လေယာဉ်ပေါ်က သီချင်းဖွင့်တယ်" ဆိုကတည်းက လူထုက အမှန်လို့ မယုံကြည်ရဲတော့တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း လူငယ်တွေ ဒီအချိန် ကျောက်တော်မှာ စုနေတာဟာ စာသင်ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြည်သူလူထုကပါ ကွန်မန့်တွေ တုန့်ပြန်လာတာကို တွေ့ရတာကတော့ ပြည်သူတွေရဲ့ နိုင်ငံရေး တွေးခေါ်မှု မြင့်တတ်လာပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။ FBတွင်ဖတ်ရန် https://www.facebook.com/profile.php?id=61577847126142 News Analytics Channel #newsanalyticschannel #NAC
نمایش همه...
👍 104 36👎 1🔥 1👏 1
Repost from N/a
(၆-၉-၂၀၂၅) မှ (၁၂-၉-၂၀၂၅) အတွင်း သတင်းများ စိစစ် လေ့လာတွေ့ရှိချက် ပြီးခဲ့တဲ့ အပတ်မှာတော့ သတင်းတင်ဆက်မှုအများဆုံး(၅)ဌာနထဲမှာ DVB TV News က အပုဒ်ရေ (၄၄၃) ပုဒ်နဲ့ အများဆုံးသတင်းတင်ဆက်ခဲ့ပြီး One News Myanmar က သတင်းပုဒ်ရေ (၃၅၇) ပုဒ် ၊ ၊ People's Spring က အပုဒ်ရေ( ၃၁၅ ) ပုဒ်၊ Mizziama က (၂၅၁) ပုဒ် နဲ့ ဧရာဝတီ က အပုဒ်ရေ (၂၃၈) ပုဒ် အသီးသီး တင်ဆက်ခဲ့ကြပါတယ်။ နိုင်ငံရေးသတင်း ပျံ့နှံမှုအများဆုံးသတင်း (၅) ပုဒ် ———————————- (၁) NDF ပါတီဒုဥက္ကဋ္ဌ၊ သတ်မှတ်ပါတီဝင်ဦးရေမပြည့်မီလို့ဆိုပြီး ပါတီဖျက်သိမ်းခံခဲ့ရတာနဲ့ပတ်သက်လို့ ကော်မရှင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တွေ့ဆုံပြီး ရှင်းပြဆွေးနွေးနိုင်ဖို့ ကြိုးစားနေ (၂) ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို လိုလားတဲ့ PDF တွေနဲ့ ရည်မှန်းချက် တူတာကြောင့် နိုင်ငံအကျိုးအတွက် ဆန္ဒရှိရင် လာရောက်ပူးပေါင်းကြဖို့ စစ် တပ်က မနေ့က ထုတ်ပြန် (၃) ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာ့အခြေအနေကိုနားလည်ပြီး ရပ်တည်ထောက်ခံကြဟု မြန်မာနိုင်ငံတော်ယာယီသမ္မတပြော (၄) နယူးယောက်မြို့မှာ ကျင်းပမယ့် သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်လက်ရယူနိုင်ရေး ထောက်ခံပွဲ (၅)ရွေးကောက်ပွဲ လုံခြုံရေး နိုင်ငံရေးပါတီတွေ စိုးရိမ် ပြီးခဲ့တဲ့အပတ် နိုင်ငံရေးသတင်းတွေမှာ နီပေါ ဂျန်ဇိအရေးအခင်းအကြောင်းက ပျံ့နှံ့မှုအများဆုံးသတင်းတွေဖြစ်ခဲ့ပါတယ်။ မြန်မာသတင်းတွေထဲမှာတော့ သတင်းလို့ ပြောရလောက်တဲ့ ခေါင်းစဉ်မျိုးရှိမနေပဲ အတင်းဆန်တဲ့ ဆောင်းပါးတွေ အင်တာဗျူးတွေသာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ပွဲဆူခဲ့တာကတော့ NDF ပါတီ သတ်မှတ်လူဦးရေမပြည့်လို့ ဖျက်သိမ်းခံရတဲ့ သတင်းဖြစ်ပြီး ဒီအပေါ်ကိုလည်း အမြတ်ထုတ်ပြီး ရွေးကောက်ပွဲကို မတရားသယောင် သတင်းတွေ ရေးနေကြပါတယ်။ တကယ်လည်း မပြည့်လို့ ဖျက်သိမ်းတဲ့အပေါ်မှာ ပါတီတာဝန်ရှိသူတွေက မတရားပါဘူးလို့ ထုတ်ဖော်မပြောကြတာဖြစ်ပါတယ်။ စစ်ရေးသတင်း ပျံ့နှံမှုအများဆုံးသတင်း (၅) ပုဒ် ————————————————————- (၁) စစ်ကောင်စီစစ်ကြောင်းဟာ မြဝတီမြို့တောင်ဘက်က ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ ကြိုးစား (၂) လူ ၂၀ကျော် သေဆုံးခဲ့တဲ့ ကျောက်တော်က ကိုယ်ပိုင်အထက်တန်းကျောင်း ဗုံးကြဲခံရမှု (၃) ကျောင်းသားတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးသွားတဲ့ သရက်တပင်ရွာ ဗုံးကြဲခံရမှု (၄) ဝိုင်း‌မော်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးအင်အားသုံး‌တိုက်ခိုက် (၅) KIA၊ AA နှင့် PDF ပူးပေါင်းအဖွဲ့ ယာယီထိန်းချုပ်ထားသည့် ဗန်းမော်မြို့အနီးရှိ တပ်ဌာနချုပ်များ၊ တပ်စခန်းများနှင့် ရပ်ကွက် ကျေးရွာအချို့အား တပ်မတော်က ပြန်လည်ထိန်းချုပ် စစ်ရေးသတင်းမှာတော့ ကျောက်တော်က အထက်တန်းကျောင်းဆိုတဲ့ သတင်းပျံ့နှံ့မှုအားကောင်းပါတယ်။ ပြန်ပြီး ဖြစ်နိုင်မဖြစ်နိုင်သုံးသပ်တဲ့နေရာမှာ အေအေထိန်းချုပ်မှုအောက် မြို့တွေမှာ ကျောင်းတွေ ဖွင့်ဖို့ အနိုင်နိုင်၊ စားဝတ်နေရေးတောင် ချိန်စားနေရပြီး အများစုက ဘယ်အချိန် တပ်မတော်ဘက်က တိုက်လာမလို့လို့ တောတွေ တောင်တွေထဲ နေကြရတာများပါတယ်။ ဒီလိုအရွယ်ကောင်းလေးတွေကို တစ်နေရာထဲမှာ စုထားတယ်ဆိုတာ လူသစ်စုတာက လွဲပြီး ကျန်တာမဖြစ်နိုင်ပါ။ တပ်မတော်ဘက်က ဗုံးကျဲတိုက်ခိုက်တယ်ဆိုကတည်းက သတင်းမရပဲ ထင်ရာမြင်ရာပစ်နေတာမျိုး မဟုတ်ပဲ တိကျသေချာတဲ့ သတင်းတွေရှိတဲ့နေရာကိုသာ တိုက်ခိုက်မှာပါ။ ကျန် စစ်ရေးသတင်းတွေအနေနဲ့ ဗန်းမော်တစ်မြို့လုံးနီးပါး တပ်မတော်က ပြန်လည်ထိန်းချုပ်တဲ့သတင်း၊ ကရင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့သတင်းတွေ ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ မှုခင်းသတင်း ပျံ့နှံမှုအများဆုံးသတင်း (၅) ပုဒ် ————————————————————- (၁) ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု CCTV ရုပ်သံဖိုင် ထွက်ပေါ် (၂) "PDF လို့ပြောပြီး ဖမ်းခိုင်းမယ်" ဆိုပြီး စစ်တပ် တပ်ကြပ်ကြီးစိုးဝင်းဆိုသူက ပြင်ဦးလွင်ရှိ ဖုန်းဆိုင်တခုထဲ ဝင်ရောက်ခြိမ်းခြောက်ကြိမ်းမောင်း (၃) မြစ်ကြီးနားမြို့မှာ ရွှေဆိုင်တစ်ဆိုင်ဓါးပြတိုက်ခံရ (၄) PDF တပ်ဖွဲ့ဝင်တစ်ဦးက (၁၁) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် (၅) “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အားချိတ်ပိတ်အရေးယူ
نمایش همه...
👍 63 41🔥 1
Repost from N/a
Photo unavailableShow in Telegram
(၆-၉-၂၀၂၅) မှ (၁၂-၉-၂၀၂၅) အတွင်း သတင်းများ စိစစ် လေ့လာတွေ့ရှိချက်
نمایش همه...
👍 60 13🔥 1
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၇)။ https://t.me/Phoesi01233
نمایش همه...
👍 145 46👏 1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၁၀၄ / ၂၀၂၅ )အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်။ https://t.me/Phoesi01233
نمایش همه...
👍 119 22👏 8
Photo unavailableShow in Telegram
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာ။ https://t.me/Phoesi01233
نمایش همه...
👍 71 40
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၇)။ https://t.me/Phoesi01233
نمایش همه...
122👍 97🥰 4👏 3
ကောက်နုတ်ချက်။ https://t.me/Phoesi01233
نمایش همه...
👍 124 32🥰 9
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲ။ https://t.me/Phoesi01233
نمایش همه...
👍 168 56🥰 10👏 3
02:10
Video unavailableShow in Telegram
မနက်ဖြန်တိုင်းလှပစေဖို ပါတီစုံဒီမိုကရေစီစနစ်သို အရောက်လှမ်းစို။ True Story Production #Truestoryproduction #election #2025 https://t.me/Phoesi01233
نمایش همه...
Election Is Your Right(1).mp433.00 MB
👍 124 23
ဗန်းမော် ဆိုပါတော့။ https://t.me/Phoesi01233
نمایش همه...
👍 189 66👏 7😁 1
Photo unavailableShow in Telegram
ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် နိုင်ငံရေးပါတီ(၆)ပါတီစာရင်းနှင့် ပါတီဝင်ဦးရေ/ရုံးခန်းများ မပြည့်မီသဖြင့် ဖျက်သိမ်းခံရသည့် ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးမည့်ပါတီ(၃)ပါတီအပါအဝင် နိုင်ငံရေးပါတီ(၄)ခု စာရင်း… https://t.me/Phoesi01233
نمایش همه...
👍 140 38🤔 3
ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်။ https://t.me/Phoesi01233
نمایش همه...
👍 128 21👏 7🔥 4😱 3
Repost from N/a
(၃၀-၈-၂၀၂၅) မှ (၅-၉-၂၀၂၅) အတွင်း သတင်းများ စိစစ် လေ့လာတွေ့ရှိချက် ပြီးခဲ့တဲ့ အပတ်မှာတော့ သတင်းတင်ဆက်မှုအများဆုံး(၅)ဌာနထဲမှာ One News Myanmar က သတင်းပုဒ်ရေ (၄၁၅) ပုဒ် ၊ DVB TV News က အပုဒ်ရေ (၃၈၉) ပုဒ်၊ People's Spring က အပုဒ်ရေ( ၃၁၉) ပုဒ်၊ Popular News က (၂၆၀) ပုဒ် နဲ့ ဧရာဝတီ က အပုဒ်ရေ (၂၃၁) ပုဒ် အသီးသီး တင်ဆက်ခဲ့ကြပါတယ်။ နိုင်ငံရေးသတင်း ပျံ့နှံ့မှုအများဆုံးသတင်း (၅) ပုဒ် ———————————- (၁) ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ထောက်ခံဆန္ဒပြုပွဲကို တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့မှာ ပြုလုပ် (၂) တရုတ်နိုင်ငံက (SCO) ထိပ်သီး အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ် သမ္မတ၊ အိန္ဒိ ယ ဝန်ကြီးချုပ်တို့နဲ့ သီးခြားစီ တွေ့ဆုံ (၃) ကျောက်ဖြူ-ကူမင်းရထားလမ်းအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ မြန်မာ စစ်ခေါင်းဆောင် ပြောဆို (၄) ဗိုလ်ချုပ်မှူးကြီးနှင့် ပူတင်တို့ စကားလက်ဆုံကျ (၅) စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲကို လက်မခံဖို့ ဝါရှင်တန်ဒီစီ တရုတ်သံအမတ်နေအိမ်နဲ့ မြန်မာသံရုံးရှေ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေက တောင်းဆိုဆန္ဒပြ နိုင်ငံရေးသတင်းတွေမှာ ထိပ်ဆုံးရောက်ခဲ့တာကတော့ နိုင်ငံတော်ယာယီသမ္မတ တရုတ်နိုင်ငံအစည်းအဝေးတက်ရောက်တဲ့ သတင်းတွေဖြစ်ခဲ့ပြီး ဒီသတင်းကို ဖုံးလွှမ်းနိုင်ဖို့အတွက် သတင်းတုတွေ ထုတ်ရတဲ့အထိ နိုင်ငံရေးရိုက်ခတ်မှုကြီးမားခဲ့တာကို တွေ့ရပါတယ်။ တစ်ဖက်က နိုင်ငံရေးအရေးတယူရှိသလောက် တစ်ဖက်မှာတော့ ကုလမှာ နေရာတစ်နေရာရဖို့အရေး အရပ်ကူပါ၊ လူဝိုင်းပါဖြစ်နေတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ စစ်ရေးသတင်း ပျံ့နှံ့မှုအများဆုံးသတင်း (၅) ပုဒ် ————————————————————- (၁) လုံးခင်းဂေါက်ကွင်းအနီးတိုက်ပွဲဖြစ်လို့ ဂေါက်ရိုက်နေသူတွေထွက်ပြေးရ (၂) AA က မကြာခင်မှာ ပန်းတိုင် ရောက်ရှိမည်ဟု မြင်မိကြောင်း KNDF ဒုစစ်ဦးစီချုပ် မာဝီ ပြော (၃) စစ်တပ်ထိုးစစ်ကြောင့် ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းနဲ့လမ်းဟောင်းမှာ တိုက်ပွဲပြင်းထန် (၄) မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးလို့ တရုတ်ကို စစ်ခေါင်းဆောင်ကျေးဇူးတင် (၅) ကရင်နီတော်လှန်ရေးတပ်အများစု အခြေစိုက်တဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ် ထိုးစစ်ဆင် စစ်ရေးသတင်းမှာတော့ တပ်မတော်ဘက်က ဖားကန့်၊ မြဝတီအာရှလမ်း၊ ဒီးမော့ဆို နဲ့ ကျောက်ဖြူမြို့တွေမှာ တိုက်စစ်ဆင်လာတဲ့သတင်းတွေ ကြီးစိုးလာခဲ့ပါတယ်။ တကယ်လည်း မြေပြင်မှာ တပ်မတော်ဘက်က မြို့တွေပြန်လည်သိမ်းယူနေတာဖြစ်လို့ တစ်ဖက်မီဒီယာတွေအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေ ဆုတ်ခွာနေရတဲ့သတင်းတွေ တင်နေရခြင်းဖြစ်ပါတယ်။ မှုခင်းသတင်း ပျံ့နှံ့မှုအများဆုံးသတင်း (၅) ပုဒ် ————————————————————- (၁) ရဲမိပြီး ပြန်လွှတ်ပေးသည့် ဆိုင်ကယ်ခိုးသူ ၂ ဦး ထိုင်းဘတ်ငွေတစ်ထောင်တန်အတုများဖြင့် ဈေးလာဝယ် (၂) ချမ်းမြသာစည်မြို့နယ်တွင်း လမ်းမတွေအပေါ် လောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင်လုပ်ကိုင်နေ (၃) ခိုးဝင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို ဖမ်းမိတဲ့ ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (၄) လူမှုကွန်ရက်တွင် နတ်သမီး ခေါ်ဖြိုးအိအိဇော်အမည်ရှိအမျိုးသမီး ဖမ်းဆီးခံရ (၅) မန္တလေးမြို့တွင် လူသေဆုံးသည်ထိဖြစ်ပွားခဲ့သည့် ဆိုင်ကယ်လုယက်မှုမှ ကျုးလွန်သူများကို ဖမ်းဆီးရမိ မှုခင်းသတင်းတွေမှာတော့ တစ်ဖက်မီဒီယာတွေဟာ မြန်မာနိုင်ငံအတွင်းမှာ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားနေသယောင် အရေးအသားတွေနဲ့ သတင်းခေါင်းစဉ်တွေ တပ်လာကြတာကို တွေ့ရပါတယ်။ မှုခင်းတစ်ခုဖြစ်လာပြီဆိုတာနဲ့ အဲ့ဒီမှုခင်းကို သတင်းဆန်ဆန်မရေးသားပဲ နိုင်ငံရေးခေါင်းစဉ်တွေနဲ့ ကိုယ်လိုသလို စွဲကပ်ပြီး နိုင်ငံ့အတွင်းမှာ ဥပဒေမဲ့ဖြစ်ရပ်တွေ ဖြစ်နေပါတယ်လို့ ကမ္ဘာကို လိမ်လည်အဆိပ်ဖြန့်နေတာ တွေ့ရပါလိမ့်မယ်။ တကယ်ဆို မှုခင်းဆိုတာ ဘယ်ခေတ်မဆို ခေတ်အဆက်ဆက်ရှိခဲ့ကြတာဖြစ်ပြီး ဒီဘက်ခေတ်လို မှောင်ခိုလက်နက်တွေ ပေါပေါများများ ရှိနေတဲ့ခေတ်မျိုးမှာ ပိုပေါလိမ့်မယ်ဆိုတာ သာမာန်လူတွေတောင် သိနိုင်တဲ့အရာပါ။ အရင်အပတ် မှုခင်းသတင်းတွေထဲမှာဆိုရင်လည်း သမာသမတ်ရှိတဲ့ သတင်းဌာနတွေကြောင့်သာ မကောင်းတာလုပ်စားတဲ့ မိန်းကလေးဖမ်းမိတာ၊ ဆိုင်ကယ်လုသူတွေ ဖမ်းမိတာကို စတဲ့ ရဲဌာနရဲ့ လုပ်ဆောင်ချက်တွေကို သိရပါတယ်။ ပြည်ဖျက်မီဒီယာတွေကတော့ အဲ့လိုဖမ်းဆီးရရှိတွေကို တင်လေ့တင်ထမရှိပါဘူး။ ———- အရင်အပတ် သတင်းတွေကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် နိုင်ငံတော်ယာယီသမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်သတင်းတွေပဲ ကြီးစိုးခဲ့ပြီး ဒီသတင်းတွေဖုံးလွှမ်းနိုင်ဖို့ တိုက်ပွဲသတင်းဘက်ကလည်း တပ်မတော်တိုက်စစ်တွေကြောင့် ကောင်းသတင်းမရှိတဲ့ တစ်ဖက်မီဒီယာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို ခုတုံးလုပ်ဖို့ ကြိုးစားခဲ့တာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် တရုတ်ခရီးစဉ်ကတော့ သတင်းတွေ ဖုံးသည်ဖြစ်စေ မဖုံးသည်ဖြစ်စေ နိုင်ငံအတွက် အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့တာကို တွေ့ရှိရပါတယ်။ FBတွင်ဖတ်ရန် https://www.facebook.com/profile.php?id=61577847126142 News Analytics Channel #newsanalyticschannel #NAC😽
نمایش همه...
102👍 55🥰 3👎 2
Repost from N/a
Photo unavailableShow in Telegram
👍 41 19
ပြည်သူလူထုက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည့် မြင်ကွင်းပုံရိပ်များ..... https://t.me/Phoesi01233
نمایش همه...
5.07 MB
5.78 MB
👍 194 82🥰 8😁 8
တရုတ်နိုင်ငံ ချန်ဒူးမြို့မှ မြန်မာနိုင်ငံသို့ ယနေ့ ပြန်လည်ထွက်ခွာလာခဲ့ https://t.me/Phoesi01233
نمایش همه...
👍 160 48🥰 4
တရုတ်စီးပွားရေးလုပ်ငန်းရှင်များအား ချန်ဒူးမြို့ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံ https://t.me/Phoesi01233
نمایش همه...
👍 118 69
ချန်ဒူးမြို့ရှိ China Southwest Architectural Design and Research Institute Corporation (CSWADI) သို့ သွားရောက်လေ့လာ https://t.me/Phoesi01233
نمایش همه...
👍 113 38👎 1🥰 1
စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် တွေ့ဆုံဆွေးနွေး https://t.me/Phoesi01233
نمایش همه...
👍 135 55🔥 1🥰 1