Eleven Media Group
رفتن به کانال در Telegram
2025 سال در اعداد

44 978
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
+1330 روز
آرشیو پست ها
■ ပြင်သစ်သမ္မတကတော်ကို အွန်လိုင်းပေါ်မှ အသရေဖျက်နှောင့်ယှက်မှုဖြင့် လူ ၁၀ ဦး တရားရင်ဆိုင်နေရ
ပြင်သစ်သမ္မတကတော် ဘရစ်ဂျစ်မက်ခရွန်နှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်မှ မဟုတ်မမှန်သတင်းဖြန့် နှောင့်ယှက်ခဲ့မှုများ ကျူးလွန်ခဲ့သူ ၁၀ ဦး အောက်တိုဘာ ၂၇ ရက်က ပဲရစ်မြို့တွင် တရားရင်ဆိုင်လိုက်ရပြီဖြစ်သည်။
ဘရစ်ဂျစ်မက်ခရွန်က အမျိုးသားတစ်ဦးဖြစ်သည်ဆိုသည့် ကောလာဟလများ၊ မက်ခရွန်တို့ဇနီးမောင်နှံ အသက်ကွာဟနေမှုကို ဝေဖန်ပြောဆိုနေမှုများ အွန်လိုင်းတွင်ပျံ့လာပြီးနောက် ဇူလိုင်လကုန်တွင် ပြင်သစ်သမ္မတ အမ်မာနျူရယ်မက်ခရွန်တို့ ဇနီးမောင်နှံက အမေရိကန်တွင် အသရေဖျက်မှုဆိုင်ရာ တရားစွဲဆိုမှုတစ်ခုပြုလုပ်ခဲ့သည်။
ပဲရစ်ရုံးတော်သို့ ပြင်သစ်သမ္မကတော် တက်ရောက်ခဲ့ခြင်းမရှိပေ။တရားရင်ဆိုင်ရသူ ၁၀ ဦးက အမျိုးသားရှစ်ဦး ၊ အမျိုးသမီးနှစ်ဦးဖြစ်ပြီး အသက်အားဖြင့် ၄၁ နှစ်မှ ၆၅ နှစ်အတွင်းရှိကြသည်။၎င်းတို့ကို အွန်လိုင်းပေါ်မှ အသရေဖျက်နှောင့်ယှက်မှုဖြင့် စွဲချက်တင်ထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်နှစ်ကျနိုင်သည်။
တရားလိုရှေ့နေများ၏အဆိုအရ ထို ၁၀ ဦးသည် ဘရစ်ဂျစ်မက်ခရွန်၏ လိင်အမျိုးအစားနှင့်ပတ်သက်၍ အပုပ်ချပြောဆိုခဲ့ကြပြီး ဘရစ်ဂျစ်နှင့် ၄၇ နှစ်အရွယ် သမ္မတခင်ပွန်းတို့၏ အသက်ကွာခြားချက်ကို ကလေးသူငယ်များအပေါ် ကာမစိတ်ယိမ်းညွတ်မှုအဖြစ် စွပ်စွဲပြောဆိုခဲ့ကြသည်။
Photo- AP
■ Read More >>>>https://news-eleven.com/article/307209
👍 19❤ 8😱 1
■ အဆိုတော် Adino (ခ) မင်းသစ်လွှမ်း၏ ဈာပနဝတ်ပြုခြင်းကို ဟေဗြုန်ညီအစ်ကိုများ အသင်းတော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ရေဝေးသုသာန်တွင် မီးသဂြို ၤလ်
အဆိုတော် Adino (ခ) မင်းသစ်လွှမ်း၏ စျာပနဝတ်ပြုခြင်းကို ဟေဗြုန်ညီအစ်ကိုများ အသင်းတော်ခန်းမတွင်ပြုလုပ်ခဲ့ပြီး ရေဝေးသုသာန်တွင် မီးသဂြို င်္လ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စျာပနဝတ်ပြုခြင်းကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက အစီအစဉ်များအတိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုတော် Adino(ခ) မင်းသစ်လွှမ်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သော Idiots Band နှုတ်ဆက်ပွဲတွင် သီဆိုဖျော်ဖြေနေရင်း လဲကျကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက်(၃၇) နှစ်ရှိပြီဖြစ်သော အဆိုတော် Adino ၏ စျာပနသို့ ဂီတလောကသားများနှင့် မိတ်ဆွေများက လာရောက်ခဲ့ကြသည်။
■ Read More >>>>https://news-eleven.com/article/307208
❤ 4👍 4
■ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) နိုဝင်ဘာ ၁ ရက်မှစ၍ ထုတ်ယူနိုင်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) နိုဝင်ဘာ ၁ ရက်မှစ၍ ထုတ်ယူနိုင်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် Online မှ လျှောက်ထားသူများအနေဖြင့် နိုဝင်ဘာ ၁ ရက်မှစတင်၍ စာမေးပွဲဖြေဆိုသည့်နေ့အထိ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) အား ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုသည့်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) အား Color Print ထုတ်၍ ယူဆောင်လာရမည် ဖြစ်ပြီး ဖုန်းဖြင့်ပြသ၍မရကြောင်း၊ စာမေးပွဲလာရောက်ဖြေဆိုသည့်နေ့တွင် စာမျက်နှာလုံး သုံးခုလုံး color Print ထုတ်၍ ယူဆောင်လာရန် လိုအပ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် တစ်ဦးချင်းလျှောက်ထားသူများအား ဩဂုတ် ၄ ရက်မှ ဩဂုတ် ၁၄ ရက်အထိ လက်ခံခဲ့ပြီးဖြစ်သော်လည်း စာဖြေဌာနများတွင် ခုံနေရာ ထပ်မံတိုးမြင့်နေရာချထားနိုင်မည် ဖြစ်သောကြောင့် တစ်ဦးချင်းအလိုက် လျှောက်ထားမှုများအတွက် လျှောက်ထားခြင်းကာလကို ဩဂုတ် ၂၁ ရက်နှင့် ၂၂ ရက်အား မနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ တိုးမြှင့်သက်မှတ်လက်ခံခဲ့ကြောင်း သိရသည်။
■ Read More >>>>https://news-eleven.com/article/307206
ပုံစာ- JLPT စာမေးပွဲဖြေဆိုရန်အတွက် ရန်ကုန်မြို့တွင် ဖောင်တင်ရန် စောင့်ဆိုင်းနေသူများကို ယခင်နှစ်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-Dr.Yan Myo Thein Facebook)
👍 12❤ 6
■ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ယနေ့စတင်ပြီဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ဖွင့်ပွဲ ပြုလုပ်
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ကံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ယနေ့(အောက်တိုဘာ ၂၈ ရက်)စတင်ပြီဖြစ်ပြီသည်။
ထိုသို့ မဲဆွယ်စည်းရုံးရေးစတင်ရညတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့(အောက်တိုဘာ ၂၈ ရက်က)နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပါတီတာဝန်ရှိသူများ၊ ပါတီများ အပါအဝင် လူဦးရေ ၅၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
■ Read More >>>>https://news-eleven.com/article/307202
👍 21❤ 5😱 3
■ Lee Jung jae အဖြစ် အယောင်ဆောင်ချစ်သူက အမျိုးသမီးတစ်ဦးထံမှ ကိုရီးယားဝမ်သန်း ၅ဝဝ လိမ်ယူသွား
Squid Game မင်းသား Lee Jung jae အဖြစ် အယောင်ဆောင်ထားသည့် အွန်လိုင်းချစ်သူက အမျိုးသမီးတစ်ဦးကို ကိုရီးယားဝမ်သန်း ၅ဝဝ လိမ်ယူမှု ဖြစ်ပွားခဲ့ကြောင်း JTBC ရုပ်သံက ဖော်ပြသွားသည်။
သတင်းအရ ငွေလိမ်ခံရသူအမျိုးသမီးက အသက် ၅ဝ ကျော်ဖြစ်ပြီး လူလိမ်အမျိုးသားနှင့် ဆိုရှယ်မီဒီယာတွင် သိကျွမ်းခဲ့သည်။ ယင်းအမျိုးသားက ၎င်းကိုယ်၎င်း Lee Jung-jae ဟု မိတ်ဆက်ခဲ့ပြီး ပရိသတ်နှင့်ထိတွေ့ဆက်သွယ်ချင်သည်ဟုဆိုကာ တစ်ဖက်လူယုံကြည်လာစေရန် လေဆိပ်တွင်ရိုက်ကူးထားသည့် AI ဓာတ်ပုံများကို အမျိုးသမီးထံပို့ခဲ့သည်။
ထို့ပြင် အိုင်ဒီကတ်အတုကိုပါ ပြသခဲ့ပြီး လက်ရှိတွင် Squid Game 3 ရိုက်နေပြီဟု အယုံသွင်းခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ လူလိမ်က အမျိုးသမီးကို ဟန်နီ၊ ဒါလင်ဆိုသည့် အခေါ်အဝေါ်များသုံးလာပြီး ချစ်သူဆက်ဆံရေးသဖွယ် ဖန်တီးပြလာသည်။
Ref & Photo : Allkpop
■ Read More >>>>https://news-eleven.com/article/307200
👍 19😱 9❤ 5👏 2
07:47
Video unavailableShow in Telegram
အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
- ဒီဇင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အချို့၌ ဝင်ရောက်ယှဉ်ပြိုင်မည့်သူမရှိသဖြင့် ကိုယ်စားလှယ် လောင်း ၃၀ ကျော် အလိုအလျောက် လွှတ်တော်အမတ်ဖြစ်မည်
- ရန်ကုန် - ပဲခူးလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး
- မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် အိန္ဒိယနိုင်ငံသား ၁၅၀ ဦးနှင့် တောင်ကိုးရီးယားနိုင်ငံသား တစ်ဦး ထပ်မံ ထိန်းသိမ်းနိုင်ခဲ့
- မိုင် ၈၇၀၀ ရောက်သော နျူကလီးယား စွမ်းအင်သုံး ခရုစ်ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်ခဲ့သည်ဟု ရုရှား သမ္မတဗလာဒီမာပူတင် ကြေညာ
- (၂၁) ရာစုအတွင်း El Clasico မှာ (၄)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် ဘာပေ မှတ်တမ်း ဝင်
28 Morning Packate~1.mp4115.54 MB
👍 38❤ 4
■KIA နှင့် PDF များ ယာယီထိန်းချုပ်ထားသည့် ဗန်းမောက်မြို့တွင် ဌာနဆိုင်ရာအဆောက်အအုံများနှင့် နေအိမ်အချို့ မီးရှို့ခံရပြီး မြို့အား ပြန်လည်ထိန်းချုပ်နိ်ုင်ရေး တပ်မတော်က စစ်ဆင်ရေးဆောင်ရွက်နေ
KIA နှင့် PDF များ ယာယီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့တွင် ဌာနဆိုင်ရာ အဆောက်အအုံများနှင့် နေအိမ်အချို့ မီးရှို့ခံရပြီး မြို့အား ပြန်လည်ထိန်းချုပ်နိ်ုင်ရေး တပ်မတော်က စစ်ဆင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများက ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၂၆ ရက်တွင် ဗန်းမောက်မြို့၏ အနောက်ဘက်နှင့် အနောက်မြောက်ဘက်မီတာ ၂ဝဝဝ ခန့်အကွာသို့ ရောက်ရှိစဉ် KIA နှင့် PDF များက ဗန်းမောက်မြို့အတွင်းရှိ ပြည်သူလူထု၏ နေအိမ်အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
■ Read More >>>>https://news-eleven.com/article/307197
👍 50❤ 5👏 4😱 3😢 1
■ ချမ်းမြသာစည်မြို့နယ်၌ အသက် ၈၄ နှစ်အရွယ် အဘွားအိုနှင့်၎င်း၏မြေးဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ငွေများယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူကို ဖမ်းဆီးရမိ
ချမ်းမြသာစည်မြို့နယ်၌ အသက် ၈၄ နှစ်အရွယ် အဘွားအိုနှင့် ၎င်း၏မြေးဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာ စည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)နေအိမ်၌ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း သတင်းအရ ချမ်းမြသာစည် မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ပိုင်ရှင် အငြိမ်စား စာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် (၈၄)နှစ်ကို နေအိမ်မြေညီထပ် ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး အတူနေ ၎င်း၏မြေးဖြစ်သူ ဒေါ်အေးအေးခိုင် (၃၆)နှစ်အား မြေညီထပ်ဧည့်ခန်း ခုတင်ပေါ်တွင် ဦးခေါင်း၊ ဝဲနားထင်တို့၌ ပေါက်ပြဲဒဏ်ရာနှစ်ချက် ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း (ပ) ၁၈၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူသည် သေဆုံးသူ၏ တူမတော်စပ်သူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ တွဲဘက် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးထွန်း ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းအား အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီကျော်တွင် အခင်းဖြစ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် ဒေါ်စိုးစိုးထွန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်မှစ၍ နွားထိုးကြီးမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ပြင်ဦးလွင်မြို့၌ အိမ်ငှားရမ်းနေထိုင်ခဲ့ရသဖြင့် ငွေကြေး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ၂၀၂၅ ဇူလိုင်လတွင် ၎င်း၏အဒေါ်တော်စပ်ပြီး မိသားစုကဲ့သို့ ရင်းနှီး၍ ဝင်ထွက်သွားလာနေသည့် ဒေါ်ခင်စိုးမြင့်မှ မန္တလေးမြို့၊ မြို့သစ်(၅)ရပ်ကွက်ရှိ နေအိမ်အား ရောင်းချသည်ကို သိရှိရသဖြင့် ငွေချေးယူခဲ့ရာ ဒေါ်ခင်စိုးမြင့်မှ အိမ်ရောင်းရငွေ အကျေအလည် ရရှိပါက စီစဉ်ပေးမည်ဟုပြောကြားခဲ့ပြီး ငွေအကျေအလည်ရရှိပြီး အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား ပြန်လည်ဝယ်ယူပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း ၎င်း၏အခက်အခဲအား ဆောင်ရွက်ပေးမှုမရှိကြောင်း ထွက်ဆိုထားသည်။
အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်ခင်စိုးမြင့်မှ ၎င်းအား ဖုန်းဆက်ခေါ်၍ အခင်းဖြစ်နေအိမ်သို့ ထပ်မံရောက်ရှိနေထိုင်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဒေါ်ခင်စိုးမြင့်၊ တူမတော်စပ်သူ မအေးအေးခိုင်တို့နှင့်အတူ ဈေးဝယ်ထွက်ပြီးနောက် နံနက် ၁၁ နာရီခန့် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ နေ့လယ်စာ စားပြီးချိန်တွင် မအေးအေးခိုင်မှာ မြေညီထပ်ဧည့်ခန်းအတွင်းရှိ ခုတင်ပေါ် အိပ်ပျော်နေစဉ် နေအိမ်ဝင်ပေါက်အနီး သစ်သားသေတ္တာအတွင်းမှ သံရိုက်တူအား ယူဆောင်ကာ မအေးအေးခိုင်အား ၃ ချက်ခန့်ထုရိုက်ပြီး ထိုင်ခုံပေါ် ထိုင်နေသည့် ဒေါ်ခင်စိုးမြင့်၏ ဦးခေါင်းငယ်ထိပ်အား တစ်ချက်ထုရိုက်ခဲ့သည်ဟု ဖမ်းဆီးရမိထားသည့် ဒေါ်စိုးစိုးထွန်း က ထွက်ဆိုထားကြောင်း သိရသည်။
ထို့နောက် ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာအား တူဖြင့်ရိုက်ဖျက်ကာ သေတ္တာအတွင်းသိမ်းဆည်းထားသည့် "အောင်သမာဓိ" တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး တစ်တုံး၊ အိပ်ယာပေါ်ရှိ ကျပ်သိန်း ၁၀၀ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့သို့ ပြန်လာခဲ့ကြောင်း၊ အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်ခင်စိုးမြင့် နေအိမ်မှ ယူဆောင်လာသည့် ရွှေတုံးအား ရောင်းချကာ ၎င်းချေးငှားထားသည့် ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့အား သံရိုက်တူဖြင့် ထုရိုက်ခဲ့သည့် ဒေါ်စိုးစိုးထွန်းအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်း ရန်ကျန် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ Website Link >>>> https://news-eleven.com/article/307196
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍 20😱 15❤ 11🤬 4🥰 1
■၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ မိမိတို့နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်လျော့ကျခြင်းကို တွေ့ရှိရကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
■ ပြည်ပရွှေ့ပြောင်းခြင်းကလည်း မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေး အခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှုတို့အပေါ် တည်မှီနေခြင်းကြောင့် နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ထိန်းညှိနိုင်မည့် စီမံချက်များ ချမှတ်ဆောင်ရွက်သွားရမည်ဟုဆို
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ မိမိတို့နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်လျော့ကျခြင်းကို တွေ့ရှိရကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
■ Read More >>>>https://news-eleven.com/article/307195
👍 19❤ 13👏 4
06:40
Video unavailableShow in Telegram
အောက်တိုဘာ ၂၇ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ လျှိုပိတ်တမံ အမှတ် (၄) တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး
- ဂန့်ဂေါမြို့၏ အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး အင်အား ၃ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်
- စမ်းချောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရရှိ
- အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် ၁၄ နှစ်ကြာ ကြိုးပမ်းခဲ့ပြီးနောက် အရှေ့တောင်အာရှ၏ သက်တမ်းအနုဆုံး အရှေ့ တီမော အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာ
- ပဲလေ့စ်ကို အနိုင်ရတာက ဒီရာသီအတွက် တန်ဖိုးအကြီးဆုံးနိုင်ပွဲလို့ အာတေတာ ပြောကြား
27 Nightr Packate~1.mp499.10 MB
👍 34👏 6❤ 3🥰 1
■ ယူကရိန်းစစ်ပွဲပြီးဆုံးအောင်မလုပ်ဘဲ ဒုံးကျည်အသစ်စမ်းသပ်သော ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လုပ်ရပ်သည် မသင့်တော်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဝေဖန်
နျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးကျည် စမ်းသပ်မှုနှင့်ပတ်သက်၍ ရုရှားသမ္မတဗလာ ဒီမာပူတင်၏ ထုတ်ပြန်ချက်သည် မသင့်တော်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားသမ္မတဗလာဒီမာပူတင်က နျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးကျည်အသစ်ကို အောင်မြင်သော နောက်ဆုံးစမ်းသပ်မှု လုပ်ဆောင်ခဲ့သည်ဟု အောက်တိုဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။
“သူက (ယူကရိန်းမှာဖြစ်ပွားနေတဲ့) စစ်ပွဲကို အဆုံးသတ်သင့်ပါတယ်။ တစ်ပတ်နဲ့ပြီးသင့်တဲ့ စစ်ပွဲဟာ မကြာမီမှာပဲ လေးနှစ်ထဲကို ရောက်လာပါပြီ။ ဒုံးကျည်တွေကို စမ်းသပ်နေမယ့်အစား သူလုပ်သင့်တဲ့ အရာဟာ စစ်ပွဲပြီးသွားဖို့ပါ”ဟု ထရန့်က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ရုရှားကစွမ်းသပ်ခဲ့သော Burevestnik ဟုအမည်ပေးထားသည့် ဒုံးကျည်သစ်သည် ထူးခြားသော နျူကလီးယားစွမ်းရည်ရှိ လက်နက်ဖြစ်ပြီး အကာအဝေး ကီလိုမီတာ ၁၄,၀၀၀ (၈,၇၀၀ မိုင်)အထိ ရောက်နိုင်သော ဒုံးကျည်ဖြစ်သည်။
■ Read More >>>>https://news-eleven.com/article/307192
👍 45❤ 13🥰 7😱 2🤬 1
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် နေ့လွှတ် အရုပ်များ စတင် လွှတ်တင် ၊ ပထမရက်တွင် နေ့လွှတ် အလုံး ၃၀ လွှတ်တင်
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် နေ့လွှတ်အရုပ်များ စတင် လွှတ်တင် ၊ ပထမရက်တွင် နေ့လွှတ်အလုံး ၃၀ လွှတ်တင်ခဲ့ကြောင်း မီးပုံးပျံပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်း ၁၀ နာရီ အချိန်မှ စတင်၍ မီးပုံးပျံ နေ့လွှတ် အရုပ်များကို စတင် လွှတ်တင်နေခြင်း ဖြစ်ကာ ၊ ပထမရက်တွင် နေ့လွှတ်အရုပ် မီးပုံးပျံပေါင်း အလုံး ၃၀ လွှတ်တင်ပေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်း ၉ နာရီခွဲ အချိန်တွင် ဆရာတော် သံဃာတော် ၅ ပါးကို ပင့်ဖိတ်ကာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော် ကျင်းပရေး ၊ အမှတ်ပေး အကဲဖြတ်ဒိုင် စင်မြင့် ပေါ်တွင် အန္တရာယ်ကင်း တရားနာ ၊ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ဆရာတော်၊ သံဃာတော်များ တရားတော်နာယူပြီးနောက် မနက်ပိုင်း ၁၀ နာရီ အချိန်တွင် နေ့လွှတ် အရုပ်များကို စတင် လွှတ်တင်ခြင်း ဖြစ်ကာ ၊ပထမရက် နေ့လွှတ် အရုပ်ပေါင်း ၃၀ ကို လွှတ်တင် ခဲ့ခြင်း ဖြစ်ကြောင်း အမှတ်ပေး အကဲဖြတ်ဒိုင် အဖွဲ့ထံမှ သိရသည်။
ညလွှတ်မီးပုံးပျံ စာရင်းမှာ စိန်နားပန် ၃၇ လုံး ၊၂၂ ပေ ၂၅ လုံး ၊ ၂၅ ပေ ၁၈ လုံး စုစုပေါင်း ညလွှတ် အလုံး ၈၀ ဖြစ်ကြောင်း သိရသည်။ ထိုပြင် ဂု ပြုလွှတ်တင်မည့် ဖျော်ဖြေရေး မီးပုံးပျံ ၊ ဖွင့်ပွဲ ပိတ်ပွဲတွင် လွှတ်တင်မည့် မီးပုံးပျံ စုစုပေါင်း ၇ လုံး ရှိကြောင်း သိရသည်။
ယခုနှစ်တွင် နေ့လွှတ် မီးပုံးပျံ အရုပ် စာရင်းသည် ခြေနှစ်ချောင်း ၁၉၁ လုံး ၊ ခြေလေးချောင်း ၁၀၄ လုံး ၊ အုပ်စုအလုံး ၆၆ လုံး ၊ စုစုပေါင်း ၃၆၁ လုံးရှိ ကြောင်း အမှတ်ပေး အကဲဖြတ်ဒိုင် အဖွဲ့ထံမှ သိရသည်။
■ Read more >>>> https://news-eleven.com/article/307190
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍 34👏 6❤ 5🥰 1
■၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၌ လူဦးရေ ၅၁ သန်းကျော်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းရှိ
■ ပြည်ပရွှေ့ပြောင်းသွားလာမှုအနေဖြင့် စာရင်းကောက်ယူခဲ့သော အိမ်ထောင်စုများ၏ဖြေဆိုမှုအရ ပြည်ပတွင်နေထိုင်သူ မြန်မာနိုင်ငံသား ၁ ဒသမ ၁၂ သန်းကျော် ရှိဟုဆို
၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်းသည် ၅၁ ဒသမ ၄ သန်းဖြစ်ပြီး စုစုပေါင်း လူဦးရေတွင် အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၂၇ ရက်)နံနက်ပိုင်းက ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားအား နေပြည်တော်ရှိ MICC-1 တွင်ကျင်းပခဲ့သည်။
■ Read more >>>> https://news-eleven.com/article/307189
👍 35❤ 11👏 1
■ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အသုံးစရိတ်ကို UEC ကတိုးမြှင့်ခွင့်ပြု
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အသုံးစရိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုးမြှင့်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၆ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေနှင့် ရွေးကောက်ပွဲနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ ထုတ်ပြန်ရာတွင် ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် တစ်ဦးလျှင် ကျပ်သိန်း ၁၅၀ အစား ကျပ်သိန်း ၃၀၀ သို့လည်းကောင်း၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် ကျပ်သိန်း ၃၀၀ အစား ကျပ်သိန်း ၅၀၀ သို့လည်းကောင်း ရွေးကောက်ပွဲအသုံးစရိတ်ကို တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးခဲ့သည်။
■ Read more >>>> https://news-eleven.com/article/307187
👍 24❤ 9👏 1
