fa
Feedback
2025 سال در اعدادsnowflakes fon
card fon
44 978
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
+1330 روز
آرشیو پست ها
👍 23 3🥰 3👏 1
■ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားအား ယနေ့(အောက်တိုဘာ ၂၇ ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 တွင် ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ထိုနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းရလဒ်များအား အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့သည်။ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်းသည် ၅၁ ဒသမ ၄ သန်းဖြစ်ပြီး စုစုပေါင်း လူဦးရေတွင် အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ ■ Read more >>>> https://news-eleven.com/article/307183
نمایش همه...
👍 27 13👏 1
■ ဒီဇင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အချို့၌ ဝင်ရောက်ယှဉ်ပြိုင်မည့်သူမရှိသဖြင့် ကိုယ်စားလှယ်လောင်း ၃၀ ကျော် အလိုအလျောက် လွှတ်တော်အမတ်ဖြစ်မည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် မဲဆန္ဒနယ်အချို့၌ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည့်သူမရှိသဖြင့် ကိုယ်စားလှယ်လောင်း ၃၀ ကျော်သည် အလိုအလျောက် လွှတ်တော်အမတ်ဖြစ်မည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည့် စာရင်းများအရ မဲဆန္ဒနယ်မြေ ၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့်သူမရှိသဖြင့် အဆိုပါ မဲဆန္ဒနယ်များတွင် ဝင်ရောက်ရွေးချယ်ခံမည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းများမှာ အလိုအလျောက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ကြေညာခံရမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် တစ်ဦးတည်းသာ ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ်မြေများသည် ကချင်ပြည်နယ်တွင် နောင်မွန်းမြို့နယ်၊ မံစီမြို့နယ်၊ ရွှေကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မင်းကင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ မော်လိုက်မြို့နယ်၊ ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ရေဦးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေဖြူမြို့နယ်၊ လောင်းလုံမြို့နယ်၊ ရှမ်းပြည်နယ်တွင် ဖယ်ခုံမြို့နယ်၊ မိုးနဲမြို့နယ်၊ မက်မန်းမြို့နယ်နှင့် အမျိုးသားလွှတ်တော်တွင် မဲအများဆုံးရသူ အနိုင်ယူ (FPTP) စနစ်ဖြင့် ကျင်းပမည့် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) တို့ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် FPTP စနစ်ဖြင့် ကျင်းပမည့် မဲဆန္ဒနယ်များဖြစ်သည့် ကချင်ပြည်နယ်တွင် ရွှေကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ တမူးမြို့နယ်၊ ဘုတလင်မြို့နယ်၊ မော်လိုက်မြို့နယ်၊ ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ရေဦးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ဂန့်ဂေါမြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ကျောက်မဲမြို့နယ်တို့သည်လည်း ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် FPTP စနစ်ဖြင့် ကျင်းပမည့် မဲဆန္ဒနယ်များဖြစ်သည့် ကချင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ကယန်း (ခ) ပဒေါင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့သည်းလည်း ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်မြေ ၃၁ နေရာအနက် ပြည်သူ့လွှတ်တော် မိုးနဲမဲဆန္ဒနယ်တွင် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းထွန်းလင်း၊ ရှမ်းပြည်နယ် အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးထွန်းအောင်နှင့် FPTP စနစ်ဖြင့် ကျင်းပမည့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် "ဝ" အမျိုးသားပါတီမှ ဦးအမ်ဇော်လတ်တို့ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။ ပြိုင်ဘက်မရှိ ဝင်ရောက်ရွေးချယ်ခံမည့် ကျန်မဲဆန္ဒနယ်မြေ ၂၈ နေရာတွင်မူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ သက်ဆိုင်ရာရွေးကောက်ပွဲဉပဒေအရ မဲဆန္ဒနယ်တနယ်တွင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းတဦးတည်းသာရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာရမည်ဟု ပြဌာန်းထားသည်။ ■ Read more >>>> https://news-eleven.com/article/307181
نمایش همه...
👍 36 16😱 5👏 4🥰 1
■ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၂၈ ချက်ပါဝင်သော ထုတ်ပြန်ချက်ကို အာဆီယံက ထုတ်ပြန် အောက်တိုဘာ ၂၇ ရက်တွင် အာဆီယံက မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ်နှင့်သက်ဆိုင်သော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ရာတွင် ယင်းထုတ်ပြန်ချက်၌ အာဆီယံခေါင်းဆောင်များ၏စိစစ်မှု၊ ဆုံးဖြတ်ချက်တို့နှင့်သက်ဆိုင်သော အချက် ၂၈ ချက်ပါဝင်လာခဲ့သည်။ ဘုံသဘောတူညီချက်ငါးချက်နှင့်စပ်လျဉ်း၍ အာဆီယံခေါင်းဆောင်များက ပြန်လည်ဆန်းစစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်နှင့် အောက်တိုဘာ ၉ ရက်တို့တွင် ကျင်းပခဲ့သော ၃၇ ကြိမ်မြောက် အာဆီယံညှိနှိုင်း ဆောင်ရွက်ရေးကောင်စီ (ACC) အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတို့မှ အကြံပြုချက်များကို မှတ်သားထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခနှင့် ဆိုးရွားနေသော လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ၊ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာ၌ တိုးတက်မှုမရှိသော အခြေအနေတို့ကို စိုးရိမ်ကြောင်း အာဆီယံခေါင်းဆောင်များက ဖော်ပြခဲ့သည်။ ထို့အပြင်အရပ်သားများ အပေါ်အကြမ်းဖက်မှု ကျူးလွန်နေခြင်းကိုလည်း ရှုတ်ချကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။ ပဋိပက္ခအရှိန်မြင့်တက်လာသော အနေအထားများ ရပ်တန့်သွားရေးအတွက် သက်ဆိုင်သူအားလုံးက အစွမ်းကုန်သည်းခံကြရန်လည်း အာဆီယံခေါင်းဆောင်များက တိုက်တွန်းထားသည်။ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီများပေးနိုင်ရေးနှင့် အားလုံးပါဝင်သော နိုင်ငံရေးဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုတို့လုပ်ဆောင်ရေးအတွက် ပတ်ဝန်းကျင် ဖန်တီးရန်လည်း တိုက်တွန်းထားသည်။ မြန်မာနိုင်ငံသည် အာဆီယံ၏အရေးပါသော အစိတ်အပိုင်းဖြစ်သောကြောင့် ဖြစ်ပေါ်နေသော အကျပ်အတည်းအတွက် ငြိမ်းချမ်း၍ တာရှည်ခံသော ဖြေရှင်းချက်တစ်ရပ် ရှာဖွေရာတွင် အာဆီယံက မြန်မာနိုင်ငံကို ဆက်လက်ကူညီသွားမည်ဟု အာဆီယံခေါင်းဆောင်များက ဖော်ပြထားသည်။ ■ Read more >>>> https://news-eleven.com/article/307179
نمایش همه...
👍 22 10😱 4🥰 2👏 1
■ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ကျောင်းရှေ့(ဓမ္မာရုံ) ကားမှတ်တိုင် တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှု မကြာခဏဖြစ်ပွားလျက်ရှိပြီး ရန်ပြုခံရမည်ကိုစိုးရိမ်၍ သိရှိသူများလည်း နှုတ်ဆိတ်နေရ ကမာရွတ်မြိုနယ်၊ လှည်းတန်းလမ်းဆုံအနီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ကျောင်းရှေ့(ဓမ္မာရုံ)ကားမှတ်တိုင်တွင်တွင် အုပ်စုဖွဲခါးပိုက်နှိုက်မှုမကြာခဏဖြစ်ပွားလျက်ရှိပြီး ရန်ပြုခံရမည်ကိုစိုးရိမ်၍ ခါးပိုက်နှိုက်နေသည်ကို သိရှိသူများလည်း နှုတ်ဆိတ်နေရကြောင်း YBS‌ နေ့စဉ်စီးနင်သူပြည်သူများ၏ ပြောကြားချက်အရ သိရသည်။ ထိုသို့ အုပ်စုဖွဲခါးပိုက်နှုက်သူများသည်YBS ယာဉ်ပေါ်တွင် နေ့စဉ်သွားလာသည့်ဝန်ထမ်းများသဖွယ် ဝတ်ဆင်ကာ ဖုန်းများကို အဓိကပစ်မှတ်ထားနှိက်ယူခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် YBS ယာဉ်ပေါ်မတက်မီ အပေါက်ဝတွင်ပင် ပေါ်တင်လုယူမှုများပင်ရှိကြောင်း သိရသည်။ ■ Read more >>>> https://news-eleven.com/article/307177
نمایش همه...
🤬 38👍 15 8😱 3😢 1
08:52
Video unavailableShow in Telegram
■အောက်တိုဘာ ၂၇ ရက်မနက်ပိုင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) 1.ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ဆိုင်းယွတ်မြို့နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားများတင်ဆောင်လာသော ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာမှ သုံးဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိ 2.တိုက်ကြီးမြို့နယ်တွင် တစညပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးကို ၎င်း၏ခင်ပွန်းဖြစ်သူက ရွေးကောက်ပွဲ ယှဉ်ပြိုင်ခြင်းမပြုရန် ရိုက်နှက်ခြင်းနှင့် သတ်ပစ်မည်ဟုခြိမ်းခြောက်သဖြင့် ဖမ်းဆီးအရေးယူထား 3.UN အလုပ်မလုပ်ဟု ဘရာဇီးသမ္မတ လူလာမလေးရှားခရီးစဉ်တွင် ရှုတ်ချ 4.အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်တွေ့ရန် ဒေါ်နယ်ထရန့် ဆန္ဒရှိနေ 5.စီရော်နယ်လ်ဒို ကစားသမားဘ၀ ဂိုး ၉၅၀ ပြည့်မြောက်
نمایش همه...
Package 27.10 tele.mp453.91 MB
👍 35 13🥰 3
■ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လွှတ်တော်ဝန်းအတွင်းရှိ အဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှုစစ်ဆေး ■ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်လိုဟုဆို ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လွှတ်တော်ဝန်းအတွင်းရှိ အဆောက်အဦများအား ပြန်လည်ပြုပြင်တည် ဆောက်ပြီးစီးမှု အခြေအနေများကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ယနေ့( အောက်တိုဘာ ၂၆ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ■ Read More >>>>https://news-eleven.com/article/307168
نمایش همه...
👍 42 13👏 2😱 2
■စမ်းချောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ပြုတ်ကျခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်းတွင် နေအိမ်ပေါ်မှ လူတစ်ဦးပြုတ်ကျပြီး တိုက်ဘေးရှိ စရီစရီကာလီမယ်တော်ဘုရားကျောင်းအမိုးပေါ်တွင် တင်နေကြောင်းသတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ 191ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ပြီးနောက် နံနက် ၆ နာရီ ၅၆ မိနစ်ခန့်တွင် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသား တစ်ဦးအား အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ ဓာတ်ပုံ - MFSD ■ Read more >>>> https://news-eleven.com/article/307167
نمایش همه...
👍 22😢 20 6😱 4
10:18
Video unavailableShow in Telegram
အောက်တိုဘာ ၂၆ ရက်ညပိုင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) 1.မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံက ချမှတ်ပေးထားသော ဘုံသဘောတူညီချက် ငါးရပ်သည် အကောင်အထည်ဖော်ရန် မခက်ခဲလွန်းဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား 2. မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် 3. မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသွားသည့် မြောက်ကိုရီးယားစစ်သားများအတွက် အထိမ်းအမှတ် အဆောက်အအုံ တည်ဆောက် 4. မဟာမိတ်နိုင်ငံများက ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များပေးရန် ယူကေဝန်ကြီးချုပ် ကီယာစတာမားကလန်ဒန်ညီလာခံတွင် တောင်းဆို 5. ဘရန့်ဖို့ဒ်ကို အရေးနိမ့်တာဟာ အဆိုးရွားဆုံးရလဒ်တွေထဲက တစ်ခုလို့ အာနယ်ဆလော့ ဝန်ခံ
نمایش همه...
26.10.2025 Night Package (Telegram).mp4105.69 MB
👍 31 16🥰 1
■ မိုင် ၈,၇၀၀ ရောက်သော နျူကလီးယား စွမ်းအင်သုံး ခရုစ်ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်ခဲ့သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် ကြေညာ ရုရှားသမ္မတ ဗလာဒီမာပူတင်က နျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးကျည်အသစ်ကို အောင်မြင်သော နောက်ဆုံးစမ်းသပ်မှု လုပ်ဆောင်ခဲ့သည်ဟု အောက်တိုဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။ Burevestnik ဟု အမည်ပေးထားသည့် ဒုံးကျည်သစ်သည် ထူးခြားသော နျူကလီးယားစွမ်းရည်ရှိ လက် နက်ဖြစ်ပြီး အကာအဝေး ကီလိုမီတာ ၁၄,၀၀၀ (၈,၇၀၀ မိုင်)အထိ ပစ်နိုင်သော ဒုံးကျည်ဖြစ်သည်။ “အဆုံးအဖြတ်ပေးတဲ့ စမ်းသမ်းချက်တွေဟာ အခုပြီးသွားပါပြီ” ဟု စစ်ဘက်တာဝန်ရှိသူများနှင့် ပြုလုပ်သော အစည်းအဝေးတွင် ပူတင်က ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေး၏ ဗီဒီယိုကို ရုရှားအစိုးရက ထုတ်ပြန်ပေးခဲ့သည်။ အဆိုပါ ဒုံးကျည်အသစ်ကို ရုရှားကြည်းတပ်တွင် အသုံးပြုရေးအတွက် အခြေခံအဆောက်အအုံများ ပြင်ဆင်မှုကိုလည်း ပူတင်က ညွှန်ကြားခဲ့သည်။ Ref:AFP ■ Read More>>>>https://news-eleven.com/article/307166
نمایش همه...
👍 76 20👏 7🥰 2🤬 2
06:46
Video unavailableShow in Telegram
■ အောက်တိုဘာ ၂၆ ရက် ညနေခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) ■ဆင်မကြီး 'မိုမို'၏ ၇၂ နှစ်ပြည့် မွေးနေ့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် ကျင်းပ ■သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ဃ)ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အား ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း UEC ပြောကြား ■ပါကစ္စတန်-အာဖဂန်နယ်စပ်ပိတ်ထားမှုကြောင့် မရှိမဖြစ်အသုံးလိုသောပစ္စည်းများ ဈေးတက်နေ ■မေဂျာလိဂ်ရွှေဖိနပ်ဆုကို မက်ဆီ လက်ခံရယူ
نمایش همه...
Package 26.10 tele.mp444.98 MB
👍 32 7🥰 2
Photo unavailableShow in Telegram
■TNLA ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ ဖျက်ဆီးခဲ့သည့် ဂုတ်ထိပ်တံတားအား ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိ၌ သံပေါင်သစ် ပြန်လည်တပ်ဆင်နေ TNLA ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ ဖျက်ဆီးခဲ့သည့် ဂုတ်ထိပ်တံတားအား ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိ၌ သံပေါင်သစ် ပြန်လည်တပ်ဆင်နေကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည်အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ မြန်မာ့မီးရထားမှအထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ နေပြည်တော်-သာစည် -သဲတော-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ရထားလမ်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ■ Read more >>>> https://news-eleven.com/article/307164
نمایش همه...
👍 63 22👏 8🥰 6
■ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ထရန့်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ချီးကျူး အောက်တိုဘာ ၂၆ ရက်က ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံတို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဒေါ်နယ်ထရန့်က တက်ရောက်ကြီးကြပ်ခဲ့ပြီး လက်မှတ်မရေးထိုးမီ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ်က ငြိမ်းချမ်းရေးသဘောတူညီချက် အမှန်တစ်ကယ်ဖြစ်မြောက်လာအောင် ဒေါ်နယ်ထရန့်၏ ပြတ်ပြတ်သားသားဦးဆောင်ကြိုးပမ်းခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်ဟွန်မာနတ်က မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်၏ ကူညီမှုအတွက်လည်း ကျေးဇူးတင်စကားဆိုခဲ့ပြီး ပဋိပက္ခတစ်ခုက မည်မျှခက်ခဲရှုပ်ထွေးနေပါစေ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရမည်ဟု ပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ်ကလည်း ကမ္ဘောဒီးယားနှင့်အပစ်ရပ်စဲရေးအတွက် ထရန့်၏ကူညီအားထုတ်မှုများကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ကာ လက်နက်များဖယ်ရှားရေး ၊ စစ်သုံ့ပန်းများလွှတ်ပေးရေးတို့ကို ချက်ချင်းစတင်ရမည်ဟု ဆိုခဲ့သည်။ Ref: BBC Photos : Reuters ■ Read more >>>> https://news-eleven.com/article/307162
نمایش همه...
👍 42 10🤬 2🥰 1
Photo unavailableShow in Telegram
■ UN အလုပ်မလုပ်ဟု ဘရာဇီးသမ္မတ လူလာ မလေးရှားခရီးစဉ်တွင် ရှုတ်ချ UN ကုလသမဂ္ဂအဖွဲ့အလုပ်မလုပ်ဟု မလေးရှားရောက် ဘရာဇီးသမ္မတလူလာဒါ ဆီဗာက အောက်တိုဘာ၂၅ ရက်တွင် ရှုတ်ချပြောဆိုလိုက်သည်။ ကွာလာလမ်ပူတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် တွေ့ ဆုံပြီးနောက်ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် လူလာက UN အလုပ်မလုပ်တော့ကြောင်း ၊ UN က ရှေ့ဆက်အရေးမပါ တော့သည့် အခြေအနေကိုရောက်နေပြီး ထိုအတိုင်းဆက်သွား၍ မဖြစ်ကြောင်း ဝေဖန်သတိပေးခဲ့သည်။ ''အခုဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အလုပ်မလုပ်တော့ဘူး။ နောက်ပိုင်းဖြစ်လာတဲ့ စစ်ပွဲတိုင်းဟာ အဲဒီလုံခြုံရေးကောင်စီအဖွဲ့ဝင်ပါဆိုတဲ့ နိုင်ငံတွေကပဲ ညှိနှိုင်းမှုမရှိ ၊ တာဝန်ခံမှုမရှိဘဲ စတင်ခဲ့တာ'' ဟု ဘရာဇီးသမ္မတက သုံးသပ်ပြောသည်။ ■ Read more >>>> https://news-eleven.com/article/307157
نمایش همه...
👍 74👏 23 4🥰 1
■ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ လျှိုပိတ်တမံ အမှတ်(၄)တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ လျှိုပိတ်တမံ အမှတ်(၄)တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့‌ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ ရက် နံနက် ၅ နာရီခွဲခန့်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ကုမုဒြာကြာပန်းအဝိုင်းအနီး၊ လျှိုပိတ်တမံ အမှတ်(၄)တွင် အမျိုးသားတစ်ဦး ရေနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသိုါဆောင်ရွက်ရာ နံနက် ၇ နာရီခွဲတွင် ရေနစ်သေဆုံးသူ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ပေးဆပ်သူများပရဟိတအသင်းယာဉ်ဖြင့် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဓာတ်ပုံ-MFSD ■ Read more >>>> https://news-eleven.com/article/307156
نمایش همه...
😢 17👍 9😱 6 2
■အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်တွေ့ရန် ဒေါ်နယ်ထရန့် ဆန္ဒရှိနေ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်း၏အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်နှင့် တွေ့ဆုံလိုကြောင်း အောက်တိုဘာ ၂၄ ရက်က အဲဖို့စ်ဝမ်းလေယာဉ်ပေါ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ထို့ပြင်ကင်နှင့်၎င်းတို့ကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိသည်ဟုလည်း ထရန့်ကပြောသည်။ ထရန့်သည် သမ္မတအဖြစ်ပထမအကြိမ် တာဝန်ယူစဉ် ၂ဝ၁၉ ခုနှစ်က ကင်ဂျုံအွန်နှင့်လက်ဆွဲနှုတ်ဆက်ခဲ့ပြီး မြောက်ကိုရီးယားမြေပေါ်ခြေချလိုက်သည့် ပထမဆုံး အမေရိကန်သမ္မတအဖြစ် သမိုင်းဝင်ခဲ့သည်။ ကိုရီးယားနှစ်နိုင်ငံကိုပိုင်းခြားထားသည့် နယ်စပ်စစ်မဲ့ဇုန်တွင် ၎င်းတို့ နောက်ဆုံးတွေ့ဖြစ်ကြခြင်းဖြစ်သည်။ မြောက်ကိုရီးယားဘက်က နှစ်နိုင်ငံဆွေးနွေးပွဲအတွက် ကြိုတင်သတ်မှတ်ချက်အဖြစ် ၎င်းတို့ကို နျူကလီးယားနိုင်ငံအနေနှင့် အသိအမှတ်ပြုရန် တောင်းဆိုလာမည်ဆိုပါက ထရန့်လက်ခံရန်ရှိ ၊ မရှိကို သတင်းထောက်များကမေးမြန်းရာ ''သူတို့က နျူကလီးယား နိုင်ငံလိုမျိုးပါပဲ။သူတို့ဆီမှာ နျူကလီးယားလက်နက်တွေအများကြီးပဲ'' ဟု ပြန်ဖြေခဲ့သည်။ ■ Read more >>>> https://news-eleven.com/article/307155
نمایش همه...
👍 49 12👏 2😱 2
09:00
Video unavailableShow in Telegram
အောက်တိုဘာ ၂၆ ရက်မနက်ပိုင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) 1. မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း မီးပွိုင့်တွင် အောက်ဆိုက်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိ 2. ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားများ ထပ်မံဖမ်းဆီးခံရ 3. ပြင်ဦးလွင်မှာ အမျိုးသမီးတစ်ဦး အများသုံးရေတွင်းထဲ ပြုတ်ကျပြီး သေဆုံး 4. အမေရိကန်က ဖမ်းဆီးရန်အလိုရှိသည့် တရုတ်နိုင်ငံသား မူးယစ်မှောင်ခိုကူးသူကို ကျူးဘားတွင် ဖမ်းဆီးရမိ 5. မိမိကို လွှမ်းမိုးနိုင်တဲ့ တိုက်စစ်မှူး(၄)ဦးမှာ ရော်နယ်လ်ဒို၊ ရွန်နီ၊ ရာအူးလ်နဲ့ ရှရင်ဂမ်တို့ဖြစ်ကြောင်း ဟာရီကိန်း ပြောကြား
نمایش همه...
26.10.2025 Morning Package (Telegram).mp491.64 MB
28👍 23😢 2🥰 1
■ Idiots Farewell Tour တွင် တေးသံရှင် အဒီနို သီချင်းသီဆိုဖျော်ဖြေနေစဉ် ရုတ်တရက်လဲကျကာ ကွယ်လွန် Idiots Farewell Tour တွင် တေးသံရှင် အဒီနို သီချင်းသီဆိုဖျော်ဖြေနေစဉ် ဇန်နဝါရီ ၂၅ ရက် ညပိုင်းတွင် ရုတ်တရက်လဲကျကာ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ Idiots Farewell Tour တွင် တေးသံရှင် ရေမွန်၏ ‘ မငိုနဲ့တော့’ သီချင်းအား သီဆိုဖျော်ဖြေနေစဉ်တွင် ရုတ်တရက်လဲကျကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ Idiots Farewell Tour ကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် Eastern Yangon Event Park တွင် ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းမှ စတင်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။
نمایش همه...
😱 31😢 13👍 10 7
■ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာသွားကားလမ်း၌ ရာအိမ်မှူးတစ်ဦးကို PDF များက ဖမ်းဆီး​ခေါ်​ဆောင် မ​ကွေးတိုင်း​ဒေသကြီး မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာသွားကားလမ်း၌ ရာအိမ်မှူးတစ်ဦးကို PDF များက ဖမ်းဆီး​ခေါ်​ဆောင်သွား​ကြောင်း သတင်းရရှိသည်။ ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ်၊ သရက်အုပ်ကျေးရွာတွင် ရာအိမ်မှူး ဦးသက်နိုင်လင်းသည် မင်းတုန်းမြို့သို့ သွားရောက်ရန် ဒလယ်ပြင်ကျေးရွာအနီး ပုသိမ်-မုံရွာသွားကား လမ်းဘေး၌ ကားကြုံစောင့်နေစဉ် ဆိုင်ကယ် နှစ်စီးဖြင့် PDF လေးဦးက ရောက်ရှိလာပြီး ဦးသက်နိုင်လင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ဖမ်းဆီးခံရသည့် ရာအိမ်မှူး ဦးသက်နိုင်လင်းအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာနေ ကိုကျော်စိုးသူရသည် ညီမဝမ်းကွဲတော်စပ်သူတစ်ဦးနှင့်အတူ ပြည်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် တောင်ကုတ်-မအီ-သပြေရုံ-ကံပျော-ငှက်ပျင်း-ဇွန်းကျ-မှန်ကျေးရွာ တောလမ်းအတိုင်း ခြေလျင်ထွက်ခွာလာစဉ် မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာအနီးအရောက်၌ နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ကိုကျော်စိုးသူရတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် အောက်တိုဘာ ၂၂ ရက်တွင် မင်းတုန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်​ရောက်ကုသလျက်ရှိ​ကြောင်း သိရသည်။ ■ Website Link >>>> https://news-eleven.com/article/307148 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
نمایش همه...
😢 21👍 8 5🤬 5
09:10
Video unavailableShow in Telegram
အောက်တိုဘာ ၂၅ ရက်ညပိုင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) 1. UEC က ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ဒေါက်တာသက်သက်ခိုင် မပါဝင်ဟု သတင်းထွက်ပေါ်ခဲ့ပြီး အဆိုပါ သတင်းမှာ သတင်းအမှားဟု ပါတီတာဝန်ရှိသူတစ်ဦး ငြင်းဆို 2. ဆိပ်ဖြူမြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦး၊ ၎င်း၏ ခင်ပွန်းနှင့်အရပ်သားတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင် 3. ထိုင်းဘုရင်၏ မယ်တော် သီရီခေတ် သက်တော် ၉၃ နှစ်အရွယ်တွင် ကံတော်ကုန်သွားသဖြင့် တစ်နှစ်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်မည် 4. မယ်တော်ကြီး သီရိခေတ်ကံတော်ကုန်သွားသောကြောင့် ထိုင်းဝန်ကြီးချုပ်က အာဆီယံအစည်းအဝေးတက်ရန် ယနေ့မလေးရှားသို့သွားမည့်ခရီးစဉ် ကိုပယ်ဖျက် 5. ဝက်စ်ဟမ်းအသင်း ၃၂ နှစ်အတွင်း အဆိုးရွားဆုံးရာသီအစရလဒ်နဲ့ ရင်ဆိုင်နေရ
نمایش همه...
25 Night Packate~1.mp4134.02 MB
👍 32 6🥰 3👏 1