Eleven Media Group
رفتن به کانال در Telegram
2025 سال در اعداد

44 978
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
+1330 روز
آرشیو پست ها
■ ပဲပြား၊ ပဲသွေး၊ မုန့်ဖတ် အစရှိသည့် အစားအသောက်များတွင် ဖော်မလင်ထည့်သွင်းပါက အရေးယူမည်ဟု FDA ထုတ်ပြန်
ပဲပြား၊ ပဲသွေး၊ မုန့်ဖတ် အစရှိသည့် အစားအသောက်များတွင် ဖော်မလင်ထည့်သွင်းပါက အရေးယူမည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA) က ထုတ်ပြန်သည်။
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ပဲပြား၊ ပဲသွေး၊ မုန့်ဖတ် အစရှိသည့် အစားအသောက်များတွင် ကျန်းမာရေးကို ထိခိုက်စေသည့် တားမြစ်ဓာတုပစ္စည်း ဖော်မလင်ကို ထည့်သွင်းသုံးစွဲခွင့်မပြုကြောင်း၊ ဖော်မလင် (Formalin) ထည့်သွင်းအသုံးပြုထားသော အစားအသောက်များကို စားသုံးမိပါက လတ်တလောတွင် ခေါင်းမူး/ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပွားစေနိုင်ပြီး ရေရှည်စားသုံးမိပါက အစာအိမ်အနာဖြစ်ခြင်း၊ အသည်း၊ ကျောက်ကပ်များ ပျက်စီး ခြင်း၊ ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ခြင်းတို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ် များတွင် ဖော်မလင် (Formalin) အဆိပ်သင့်မှု ပိုမိုဖြစ်ပွားနိုင်ပြီး စားသုံးမိပါက သန္ဓေသားဖွံ့ဖြိုးမှု ထိခိုက်ခြင်းနှင့် ကလေးသူငယ်ကြီးထွားမှုပြဿနာများ ဖြစ်ပွားစေနိုင်ပါသဖြင့် စားသုံးခြင်းမပြုရန် အသိပေးအပ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ FDA က ထုတ်ပြန်သည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် အစားအသောက်တွင် တားမြစ် ဓာတုပစ္စည်း ဖော်မလင် (Formalin) အား လုံးဝ (လုံးဝ) ထည့်သွင်းသုံးစွဲခြင်းမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း FDA က ထုတ်ပြန်သည်။
တားမြစ်ဓာတုပစ္စည်းဖြစ်သည့် ဖော်မလင်ကို သေဆုံးပြီးသောလူများ ပုပ်ပွမှုမရှိစေရန် စိမ်သည့်နေရာတွင် လည်းကောင်း၊ ပိုးသတ်ရာတွင်လည်းကောင်း၊ ကုန်လှောင်ရုံများ သန့်ရှင်းမှုပြုလုပ်ရာတွင်လည်းကောင်း၊ ပိုးမွှားများ နှိမ်နင်းရာတွင်လည်းကောင်း၊ ပိုးချည်၊ ဆိုးဆေး၊ မှန်၊ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာတွင်လည်းကောင်း၊ အလှကုန်ပစ္စည်းများ တာရှည်ခံအောင် ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုလျက်ရှိပြီး
အစားအသောက်များကို တာရှည်ခံစေရန်အတွက် ဖော်မလင် ထည့်သွင်းမှုကို ကမ္ဘာနှင့်အဝှမ်း စစ်ဆေးကြပ်မတ်လျက် ရှိကြောင်း သိရသည်။
■ Website Link >>>>>>> https://news-eleven.com/article/307095
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍 54❤ 11👏 5🥰 1😱 1
■ မြဝတီမြို့အတွင်း၌ KK Park ဆိုဒ်များမှ အလုပ်သမားဟုယူဆရသည့် တရားမဝင်နိုင်ငံခြားသား ၁၁၈ ဦးကို စနစ်တကျ ထိန်သိမ်းထားပြီး လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်နေဟုဆို
မြဝတီမြို့အတွင်း၌ KK Park ဆိုဒ်များမှ အလုပ်သမားဟုယူဆရသည့် တရားမဝင်နိုင်ငံခြားသား ၁၁၈ ဦး ကို စနစ်တကျ ထိန်သိမ်းထားပြီး လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
တပ်မတော်က ဝင်ရောက်ရှင်းလင်းခဲ့သည့် KK Park ၏ နောက်ဆက်တွဲ အခြေအနေများနှင့်ပတ်သက်၍ BBC သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်းထည့်သွင်း ဖြေကြားထားခြင်း ဖြစ်သည်။
■ မြ၀တီမြို့မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားသည့် နိုင်ငံခြားသားများကို တွေ့ရစဥ်။ (Photo-Khaosod)
■ Website Link >>>> https://news-eleven.com/article/307094
👍 51❤ 8😱 2👏 1
Photo unavailableShow in Telegram
■ မွန်ညီညွတ်ရေးပါတီ (MUP) လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၈) ဦး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်
မွန်ညီညွတ်ရေးပါတီ (MUP) လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၈) ဦး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ်စုစုပေါင်း (၄၅) နေရာရှိရာ၊ ပြည်သူ့လွှတ်မဲဆန္ဒနယ် (၁၀) နေရာရှိသည့်အနက် မွန်ညီညွတ်ရေးပါတီအနေဖြင့် (၇) နေရာဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီအတွင်းရေးမှူးဖြစ်သူ နိုင်စံတင်က ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ပြည်သူ့လွှတ်တောမဲဆန္ဒနယ် (၁၀) နေရာမှာ ကျိုက်ထို၊ ဘီးလင်း နဲ့ သထုံမြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါဘူး။ ဒါပေမဲ့လလည်း ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှာတော့ ကျိုက်ထိုမြို့နယ် နဲ့ သထုံမြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဘီးလင်းမြို့နယ်ကိုတော့ လက်လွှတ်လိုက်ရတဲ့ သဘောဖြစ်ပါတယ်” ဟု ပြောကြားသည်။
■ Photo Credit - မွန်ညီညွတ်ရးပါတီ (ချောင်းဆုံမြို့နယ်)
■ Website Link >>>>>>> https://news-eleven.com/article/307093
👍 43❤ 4👏 3🥰 1
■ထရန့်ခရီးစဉ်မတိုင်မီ တောင်ကိုရီးယားက စစ်မဲ့ဇုန်အတွင်း အလည်အပတ်ခရီးစဉ်များကို ရပ်နား
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကိုရီးယားကျွန်းဆွယ်ခရီးစဉ်မတိုင်မီ တောင်ကိုရီးယားက မြောက်ကိုရီးယားနှင့် ပိုင်းခြားထားသည့် စစ်မဲ့ဇုန် (DMZ) အတွင်းရှိ ပူးတွဲလုံခြုံရေးနယ်မြေ (JSA) တွင် အလည်အပတ်ခရီးသွား အစီအစဉ်များကို ရပ်နားခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ထရန့်သည် တောင်ကိုရီးယားတွင် ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေးကို တက်ရောက်ရန် တောင်ကိုရီးယားသို့ အောက်တိုဘာ ၂၉ ရက်တွင် ရောက်ရှိလာ မည်ဖြစ်သည်။
ထိုခရီးစဉ်အတွင်း ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ အစည်းအဝေးဖြစ်မြောက်ရေး အတွက် သီးသန့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိများ၏ ပြောကြားချက်ကို အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။
ထရန့်ကလည်း ယခုနှစ်အတွင်း ကင် နှင့် နောက်တစ်ကြိမ်တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
Ref:AFP
■Read More>>>>https://news-eleven.com/article/307091
👍 32❤ 16👏 1😱 1
ယင်းနောက် မြန်မာနိုင်ငံငလျင်ဘေးအကူအညီပေးရေး အပါအဝင် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်များဆွေးနွေးရန်ခေါင်းစဉ်ဖြင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Seri Utama Haji Mohamad Haji Hasan နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa တို့သည် ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်တွင် နေပြည်တော်သို့လာရောက်ခဲ့ပြီး ထိုစဉ်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နစကဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ရယူထားစဉ် ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
လက်ရှိတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Seri Utama Haji Mohamad Bin Haji Hasan သည် မြန်မာနိုင်ငံသို့လာရောက်ပြီး ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။
■ Website Link >>>>>>> https://news-eleven.com/article/307089
👍 38❤ 4🥰 1
■ အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ရုရှားနိုင်ငံသမ္မတပူတင်နှင့် မြန်မာနိုင်ငံယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ်ပြောကြား
ယခုလကုန်ပိုင်း၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင်ပြုလုပ်မည့် ၄၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာနိုင်ငံ၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်လိမ့်မည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အောက်တိုဘာ ၂၂ ရက်တွင် အတည်ပြုခဲ့ကြောင်း Malay Mail သတင်းဌာနက ဖော်ပြမှုအရ သိရသည်။
ထိုအစည်းအဝေးတွင် ရုရှားက ပူတင်ကိုယ်စား လက်ထောက်ဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်ကို စေလွှတ်သွားလိမ့်မည်ဟု အန်ဝါက ပြောကြားခဲ့သည်။
ထိုကဲ့သို့ အတည်ပြုမှုကြောင့် အာဆီယံအစည်းအဝေးတွင် ပူတင် တက်ရောက်ဖွယ်ရှိ၊ မရှိ ထင်ကြေးပေးမှုများကို အဆုံးသတ်သွားစေခဲ့သည်။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာပြုလုပ်မည့် အာဆီယံအစည်းအဝေးတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များတက်ရောက်မည်ဖြစ်သည်။
ထိုအစည်းအဝေးကို မြန်မာယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မည်မဟုတ်ကြောင်း အန်ဝါက အတည်ပြုခဲ့ပြီး အာဆီယံသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ကို ခိုင်မာစွာလေးစားလိုက်နာကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ပူးပေါင်းပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှခေါင်းဆောင်များနှင့် အာဆီယံ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် နိုင်ငံတကာမှ ခေါင်းဆောင်အချို့ တက်ရောက်မည်ဖြစ်ကြောင်း မလေးရှားသတင်းဌာန News Straits Times ၏ ကနဦးသတင်းဖော်ပြမှုတွင် အစည်းအဝေးတက်ရောက်မည့် နိုင်ငံခေါင်းဆောင်များစာရင်းတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမည်ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါသတင်း၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမည်ကိုပြန်လည် ပယ်ဖျက်ခဲ့သည်ကို တွေ့ရသည်။
ယခု ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် တီမောလက်စ်တီနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးဝင်ရောက်ရန်ရှိရာ အဖွဲ့ဝင်မြန်မာနိုင်ငံ၏ သဘောတူညီချက်လိုအပ်သဖြင့် မြန်မာနိုင်ငံကိုယ်စားပြု အခြားမည်သည့်ပုဂ္ဂိုလ်တက်ရောက်မည်ကို ကွဲကွဲပြားပြားမသိရပေ။
(၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအပြီးတွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။
မြန်မာတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်တွင် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ထိုစဉ်ကနစကဥက္ကဋ္ဌတာဝန်ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တစ်ကြိမ်တက်ရောက်ခဲ့ကာ ယင်းအစည်းအဝေးတွင် အာဆီယံက ဘုံသဘောတူညီချက်ငါးချက်ကို ချမှတ်ခဲ့သည်။
ထို့နောက် ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဆောင်မှု အားနည်းသည်ဟုဆိုကာ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲတွင် အာဆီယံက မြန်မာခေါင်းဆောင်များကို အာဆီယံထိပ်သီးညီလာခံများနှင့် အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးပွဲများ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့ပြီး ထိုအစား နိုင်ငံရေးနှင့်မသက်ဆိုင်သော ကိုယ်စားလှယ်များ စေလွှတ်ရန် ဖိတ်ကြားခဲ့သည်။
ထိုသို့ ကန့်သတ်မှုအပေါ် မြန်မာဘက်ကလည်း အာဆီယံထိပ်သီးအစည်းအဝေးများသို့ ကိုယ်စားလှယ်စေလွှတ်ရန် ငြင်းဆန်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် လာအိုနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် အာဆီယံ ထိပ်သီ၏းအစည်းအဝေးများတာဝန်ယူကျင်းပချိန်မှသာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ ဒေါ်မာလာသန်းထိုက်အား စေလွှတ်၍ အာဆီယံထိပ်သီးအစည်းအဝေးများတွင် ပြန်လည်ပါဝင်တက်ရောက်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြင်းထန်သော ငလျင်ဖြစ်ပွားပြီးနောက်၌ ငလျင်ဘေးသင့်ရာ ဒေသများတွင် လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ်အစည်းအဝေးကို မြန်မာနိုင်ငံမှ ထိုစဉ်က ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်ခွင့်ပြုခဲ့သည်။
❤ 33👍 26🥰 1👏 1
■ မြဝတီမြို့ရှိ KK Park မှ နိုင်ငံခြားသားများ ထိုင်းဘက်သို့ ထွက်ပြေးလာပြီး လက်ရှိတွင် ၅၀၀ ကျော်ရှိလာကာ အရေအတွက် ထပ်မံတိုးလာနိုင်ဟု ထိုင်းသတင်းများတွင် ဖော်ပြ
မြဝတီမြို့ရှိ KK Park မှ နိုင်ငံခြားသားများ ထိုင်းဘက်သို့ ထွက်ပြေးလာပြီး လက်ရှိတွင် ၅၀၀ ကျော်ရှိလာကာ အရေအတွက် ထပ်မံတိုးလာနိုင်ဟု ထိုင်းအခြေစိုက် khaosod English တွင် သတင်းဖော်ပြထားသည်။
ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အဆောက်အအုံများကို မြန်မာတပ်မတော်က ဝင်ရောက်စီးနင်းပြီးနောက်တွင် အဆိုပါ ဝင်းအတွင်း ကျန်ရှိနေသည့်အဆောက်အအုံများမှ နိုင်ငံခြားသားများမှာ ထွက်ပြေးလာခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် မဲဆောက်ခရိုင်အတွင်း ထိုင်းလုံခြုံရေးအာဏာပိုင်များက ယာယီတည်ဆောက်ပေးထားသည့် ယာယီတဲများအတွင်း နိုင်ငံခြားသား ၅၀၀ ကျော် ခိုလှုံလျက်ရှိပြီး အရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ အောက်တိုဘာ ၂၃ ရက်နေ့ တစ်လျှောက်လုံးတွင် ခိုလှုံလာသူများရှိနေသဖြင့် အရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်သည်ဟု ထိုင်းသတင်းတွင် ဖော်ပြထားသည်။
■ Website Link >>>>>>> https://news-eleven.com/article/307086
👍 46❤ 8😱 1🤬 1
■ မြဝတီမြို့တောင်ဘက်ရှိ KK Park လုပ်ငန်းခွင်မှ ရှောင်တိမ်းလာသူ Online လုပ်သားရာနှင့်ချီ ထိုင်းဘက်သို့ ဖြတ်သန်းခွင့်ရရန် စောင့်ဆိုင်းနေ
မြဝတီမြို့တောင်ဘက်ရှိ KK Park လုပ်ငန်းခွင်မှ ရှောင်တိမ်းလာသူ Online လုပ်သား ရာနှင့်ချီ၍ ထိုင်းဘက်သို့ ဖြတ်သန်းခွင့်ရရန် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတား အမှတ်(၁) ထိပ်တွင် အောက်တိုဘာ ၂၃ ရက်နံနက်က စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
KK Park (ကျားဖျန့်) ခေါ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းခွင်အား တပ်မတော်မှ ဝင်ရောက်စီးနင်းဖမ်းဆီမည်ဆိုသော သတင်းကြောင့် ထောင်နှင့်ချီသော နိုင်ငံခြားသားအလုပ်သမားများမှာ မြဝတီမြို့သို့ အောက်တိုဘာ ၂၂ ရက်ကပင် ရှောင်တိမ်းထွက်ပြေးလာနေကြကြောင်း သိရသည်။
အောက်တိုဘာ ၂၃ရက်နံနက်တွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ အာဖရိကအပါအဝင် နိုင်ငံပေါင်းစုံမှလာသော နိုင်ငံခြားများသည် ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းခွင့်ရရန် မျှော်လင့်ချက်ဖြင့် စုရုံးရှိနေစဉ် မြန်မာအစိုးရတာဝန်ရှိသူများက စစ်ကားများဖြင့် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“မနက်ကတော့ နိုင်ငံခြားသားတွေအများကြီးပဲ၊ အစုံပါပဲ၊ တရုတ်တွေရော၊ အိန္ဒိယတွေကော၊ အာဖရိက၊ အီသီယိုဖီးယားတောင်ပါသေးတယ်။ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကားတွေနဲ့လာခေါ်သွားတယ်၊ အရင်လို ထိန်းသိမ်းပြီးမှ သက်ဆိုင်ရာနိုင်ငံသံရုံးတွေနဲ့ချိတ်ဆက် ပို့ဆောင်ဖို့ ခေါ်သွားတာဖြစ်မှာပါ” ဟု ချစ်ကြည်ရေးတံတားအနီးနေသူတစ်ဦးက ပြောသည်။
ချစ်ကြည်ရေးတံတားအနီးနေသူတစ်ဦးကလည်း"မနေ့ ညကလည်း နိုင်ငံခြားသားငါးရာလောက်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ခေါ်ဆောင်သွားတာ တွေ့ရပါတယ်၊ ဖမ်းတာတော့မဟုတ်လောက်ဘူး"ဟု ဆိုသည်။
■ Website Link >>>>>>> https://news-eleven.com/article/307085
👍 40❤ 7😱 2🤬 2
■ SpaceX ကုမ္ပဏီက မြန်မာနိုင်ငံရှိ ကျားဖျန့်စင်တာများတွင် အသုံးပြုနေသည့် Starlink ပစ္စည်း ၂၅၀၀ ကျော်ကို ဝန်ဆောင်မှုဖြတ်တောက်
SpaceX ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ကျားဖျန့်စင်တာများတွင် အသုံးပြုနေသည့် Starlink ပစ္စည်း ၂၅၀၀ ကျော်ကို ဝန်ဆောင်မှုဖြတ်တောက်ခဲ့ကြောင်း SpaceX ကုမ္ပဏီ၏ လက်ထောက်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ကျားဖျန့်စင်တာများတွင် ဂြိုဟ်တုအင်တာနက် ဆက်သွယ်ရေး ပစ္စည်းများဖြစ်သည့် Starlink စက်များကို တွင်ကျယ်စွာအသုံးပြုနေကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြခဲ့ပြီးနောက် Starlink ကုမ္ပဏီက ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ကျားဖျန့်စင်တာများ အများအပြားရှိနေကြောင်း သတင်းများထွက်ပေါ်နေမှုနှင့်အတူ ဖေဖော်ဝါရီလကစပြီး အဆိုပါ ကျားဖျန့်စင်တာများကို စတင်နှိမ်နင်းခဲ့ပြီး အဓမ္မစေခိုင်းခံရသည့် လုုပ်သား ၇၀၀၀ ခန့်ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ထိုင်းနိုင်ငံကလည်း နယ်စပ်ဒေသတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံသဖြင့် ထိုကျားဖျန့်စင်တာ အများစု၏ ခေါင်မိုးများပေါ်တွင် Starlink အင်တာနက် စက်များ တပ်ဆင်ပြီး အသုံးပြုခဲ့ကြခြင်းဖြစ်သည်။
SpaceX ၏ Starlink စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက်ဥက္ကဋ္ဌဖြစ်သူ လော်ရန် ဒရေယာက ၎င်းတို့ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းရှိ သံသယဖြစ်ဖွယ် ကျားဖျန့်စင်တာများတွင်တပ်ဆင်ထားသည့် Starlink စက်များကို ဝန်ဆောင်မှုဖြတ်တောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော်မည်သည့်အချိန်က ထိုအင်တာနက်ဝန်ဆောင်မှုမျ
■ Website Link >>>>>>> https://news-eleven.com/article/307084
👍 42👏 14❤ 12🥰 1
■ အမရပူမြို့နယ်ရှိ စာသင်ကျောင်းတွင်းသို့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးမှ ဓားဖြင့် ဝင်ထိုးမှုကြောင့် ကျောင်းသား ကျောင်းသူ သုံးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ
မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်မြို့ရှိ အထက်တန်းကျောင်းတွင်းသို့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးမှ ဓားဖြင့်ဝင်ထိုးမှုကြောင့် ကျောင်းသား ကျောင်းသူ သုံးဦး ဒဏ်ရာရရှိမှု အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ် ဝိုင်းဝိုင်းဆိုသူလူငယ်တစ်ဦးသည် ညီမဖြစ်သူအား အအေးဘူးပေးမည်ဟုဆိုကာ ကျောင်းဝင်းအတွင်း ဝင်ရောက်လာပြီး Grade-11တွင် ပညာသင်ကြားနေသူ ကျောင်းသူအား လည်ပင်းညှစ်ကာ ဓားဖြင့်ထိုးခဲ့သဖြင့် ညာဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ဝင်ရောက်ဆွဲသူများလည်း ထိုးခဲ့ရာ Grade-11ကျောင်းသူ ညာဘက်လက်ခုံ ပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာဘက်လည်ပင်း ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် Grade – 11 ကျောင်းသားတစ်ဦးတွင်လည်း လက်ဝဲဘက်လက်ခုံ ပြတ်ရှဒဏ်ရာတစ်ချက်၊ လက်ဝဲဘက်လည်းပင်း ပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။
“ကျောင်းသူတစ်ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်။ ကျန်နှစ်ဦးကတော့ မစိုးရိမ်ရဘူး။ ကျူးလွန်သူကိုယ်တိုင်လည်း ဆေးရုံမှာဒဏ်ရာနဲ့ပါ။ သူ့ကိုယ်သူ ဓားနဲ့ပြန်လှီးထားတယ်လို့သိရတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီး တာဝန်ရှိသူတွေ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယဒဏ်ရာရရှိသူများကို မန္တလေးပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
■ Website Link >>>>>>> https://news-eleven.com/article/307083
😱 24👍 15😢 6❤ 4🤬 4🥰 1
■ မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များတွင် အကျိုးတူပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် တူးဖော်ရေးဆိုင်ရာကိစ္စရပ်များ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး မြန်မာ-တရုတ် ဆွေးနွေး
မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များတွင် နှစ်ဖက်အကျိုးတူပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် တူးဖော်ရေးဆိုင်ရာကိစ္စရပ်များ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး မြန်မာ-တရုတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ် တက်ရောက်ရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၂ ရက်က ပေကျင်းမြို့ရှိ နိုင်ငံပိုင် China National Oil & Gas Exploration and Development Corporation (CNODC) ဧည့်ခန်းမဆောင်၌ CNODC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အလားအလာကောင်းမွန်သော ကမ်းလွန်လုပ်ကွက်များတွင် နှစ်ဖက်အကျိုးတူပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ကမ်းလွန်စီမံကိန်းများနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲမှု၊ စီးပွားရေးနှင့် ဥပဒေရေးရာကဏ္ဍများတွင် သင်တန်းများစေလွှတ်၍ သင်ယူလေ့လာရေး၊ နှစ်ဖက်နီးကပ်စွာ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် Working Group များ အပြန်အလှန်စေလွှတ်ရေး၊ မြန်မာ့စွမ်းအင်ကဏ္ဍတွင် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးလာစေရေးအတွက် လိုအပ်သည့်အကူအညီဖြည့်ဆည်းပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
ထို့နောက် Canadian Foresight Group (CFG) နှင့် China Oilfield Services Limited (COSL) တို့၏ ဥက္ကဋ္ဌများ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး နှစ်ဖက်အလားအလာကောင်းမွန်သော ကမ်းလွန်လုပ်ကွက်တွင် တူးဖော်ရေးဆိုင်ရာကိစ္စရပ်များ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
■ Website Link >>>>>>> https://news-eleven.com/article/307082
👍 34❤ 8👏 3🥰 1😢 1
08:44
Video unavailableShow in Telegram
■ အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
- အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် သုံးနှစ်မှ ငါးနှစ်အထိသက်တမ်းရှိသည့် ချေးငွေများအား သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးသွားမည်
- ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၂၇ ရက် စတင်ကျင်းပမည်
- တရုတ်သည် တရုတ် (တိုင်ပေ) ကို ကျူးကျော်ရန် ဆန္ဒမရှိကြောင်း အမေရိကန်သမ္မတထရန့် ပြောကြား
- နယူးဒေလီမြိုတော်တွင် မီးခိုးမြူများ ဖုံးလွှမ်း
- ဘိုင်ယန်အသင်းနဲ့ ကွန်ပနီ နှစ်နှစ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၉ ခုနှစ်အထိ ဆက်ရှိမယ်
Packate M tele.mp483.34 MB
👍 40❤ 11🥰 1
■ ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန် ဖြူထိုင်းပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်
ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန် ရှင်နာဝပ်သည် အောက်တိုဘာ ၂၂ ရက်က ဖြူထိုင်းပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
အသက် ၃၉ နှစ်အရွယ် ပေတုန်တန်သည် ဩဂုတ်လက ကျင့်ဝတ်သိက္ခာချိုးဖောက်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။
ဖြူထိုင်းပါတီကလည်း ပေတုန်တန်သည် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ကြောင်း အောက်တိုဘာ ၂၂ ရက်တွင် ကြေညာခဲ့ပြီး ပါတီအနေဖြင့် အလုံးစုံ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခွင့်ရရှိလိမ့်မည်ဖြစ်ကြောင်း ပေတုန်တန်၏ ပြောကြားချက်ကို ရည်ညွှန်းထုတ်ပြန်ခဲ့သည်။
"ကျွန်မရဲ့ နုတ်ထွက်မှုကြောင့် ပါတီဟာ အဆင့်မြင့်တင်ခွင့်ရရှိလာပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်မတို့တွေ ရွေးကောက်ပွဲ အနိုင်ရနိုင်ပါတယ်" ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့ပြင် ပေတုန်တန်က သူသည် ပါတီဝင်တစ်ဦးအဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွက် ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ပေတုန်တန်သည် ယခုနှစ်အတွင်း ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် (Hun Sen) နှင့် ဖုန်းပြောခဲ့သည့် အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက် လူထု၏ ဝေဖန်မှုများကို ခံခဲ့ရသည်။
ထိုအသံဖိုင်အတွင်း ပေတုန်တန်သည် ထိုင်းစစ်တပ်အကြီးအကဲတစ်ဦးကို ၎င်း၏ ပြိုင်ဘက်အဖြစ် ပြောဆိုခဲ့သဖြင့် အခြေခံဥပဒေဆိုင်ရာတရားရုံးက ၎င်းအား ကျင့်ဝတ်သိက္ခာချိုးဖောက်မှုဖြင့် ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
သက်ဆင်သည် ၁၉၉၀ ပြည့်နှစ်ကျော်ကာလများက ဖြူထိုင်းပါတီ၏ နောင်တော်ပါတီဖြစ်သည့် ထိုင်းရက်ထိုင်း ပါတီကို ထူထောင်ခဲ့ပြီး ထိုင်းရက်ထိုင်းပါတီ ပိတ်ပင်ခံရသည့် ၂၀၀၇ ခုနှစ်တွင် ဖြူထိုင်းပါတီကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
ရှင်နာဝပ် မိသားစုသည် ထိုင်းနိုင်ငံ၏ စစ်တပ်လိုလားသည့် အင်အားစု၊ ဘုရင်စနစ်လိုလားသည့် အင်အားစုများနှင့် ဆယ်စုနှစ် ၂ စုကြာ ထိပ်တိုက်တွေ့ခဲ့သည်။
သို့သော် ရှင်နာဝပ်မိသားစုဝင်များသည် တရားရေးနှင့် နိုင်ငံရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
သက်ဆင်သည် ၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းမှုနှင့် ဖြုတ်ချခံခဲ့ရကာ ၎င်း၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ်သည်လည်း ၂၀၁၄ ခုနှစ်တွင် အခြေခံဥပဒေဆိုင်ရာ တရားရုံး၏ စီရင်ချက်ဖြင့် ဝန်ကြီးချုပ်ရာထူးမှဖယ်ရှားခံခဲ့ရသည်။
ကျွမ်းကျင်သူများကမူ ပေတုန်တန်သည် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မှုသည် ထိုင်းနိုင်ငံရေးလောကတွင် ရှင်နာဝပ်မိသားစု၏ အဆုံးသတ်ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သော်လည်း အချို့ကမူ ရှင်နာဝပ်မိသားစုများသည် ဖြူထိုင်းပါတီကို နောက်ကွယ်မှ ကြိုးကိုင်နေဦးမည်ဟု ယူဆနေကြသည်။
"ဖြူထိုင်းပါတီကို ဘယ်သူကပဲ ဦးဆောင်ပါစေ။ ဒါက အရေးမကြီးပါဘူး။ အဲဒီပါတီဟာ အမြဲတမ်း မိသားစုတစ်စုရဲ့ကြိုးကိုင်မှုကို ခံရပါလိမ့်မယ်" ဟု Sukhothai Thammathirat Open တက္ကသိုလ်မှ နိုင်ငံရေးကျွမ်းကျင်သူ ယုတ္တပွန်း အစ္စာရာချိုင်း (Yuttaporn Issarachai) က ပြောကြားခဲ့သည်။
ထို့ပြင် ပေတုန်တန် ပါတီခေါင်းဆောင်အဖြစ်မှ ထွက်ခွာမှုသည် ဖြူထိုင်းပါတီအတွက် တရားရေး စိန်ခေါ်မှုများ ရင်ဆိုင်ရမည့်အရေးမှ ကာကွယ်ပေးရန်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
■ Ref:AFP
■ Photo: AFP
■ Website Link >>>>>>> https://news-eleven.com/article/307079
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍 33❤ 18👏 5🥰 2😱 1
10:07
Video unavailableShow in Telegram
■အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- မြန်မာနိုင်ငံတွင်သေဆုံးသွားကြောင်း သတင်းထွက်ခဲ့သည့် ဘီလာရုစ်မော်ဒယ်သည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာ နိုင်ငံအတွင်းသို့ ပြန်ပေးဆွဲခံခဲ့ရခြင်းမဟုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ငြင်းဆို
- ဒဿမအကြိမ်မြောက် အင်းသား အမျိုးသားနေ့ လူထုအခမ်းအနား ညောင်ရွှေတွင် ကျင်းပ
- တောင်ကြီး - ဟိုပုံးပြည်ထောင်စုလမ်းမကြီးတွင် ဆီဘောက်ဆာ ၂၂ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်း မှောက်ပြီး ရပ်ထားသည့် ၁၂ ဘီးယာဉ်ကိုတိုက်မိခဲ့ရာ တစ်ဦးသေဆုံး
- ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ကို ရွေးကောက်တင်မြှောက်
- နံပါတ် (၁၄) ဂျာစီထဲမှာ သွင်းဂိုးများစွာရှိနေတယ်လို့ ယိုကယ်ရက်စ် ပြောကြား
Packate N tele.mp4103.81 MB
👍 36❤ 11🥰 1
Photo unavailableShow in Telegram
■ ညောင်ဦးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အောက်တိုဘာ ၁၆ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
ညောင်ဦးမြို့နယ် ယမ်းဆမ်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သူ ဦးမြင့်ကျော် (၆၉ နှစ်) သည် အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလွင်ကိုသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦးခန့်က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။
■ Read More >>>>https://news-eleven.com/article/307074
🤬 41👍 11❤ 6😢 4😱 2
Photo unavailableShow in Telegram
■ ပေါက်ခေါင်းမြို့နယ် စိုင်ပစ်အင်းကျေးရွာအနီးတွင် အမျိုးသားတစ်ဦးကို PDF များက သေနတ်ဖြင့်ပစ်သတ်
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် စိုင်ပစ်အင်းကျေးရွာအနီးတွင် အမျိုးသားတစ်ဦးကို PDF များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပေါက်ခေါင်းမြို့နယ် စိုင်ပစ်အင်းကျေးရွာအနီးတွင် အောက်တိုဘာ ၁၈ ရက် ည ၁၀ နာရီခွဲခန့်က အဆိုပါကျေးရွာနေ ကိုချမ်းမြေ့အောင် (၂၆ နှစ်) သည် ၎င်း၏ ဇနီးဖြစ်သူ မဖြူဖွေး (ခ) စန်းသီတာအောင် (၂၇ နှစ်) နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF ခုနစ်ဦးခန့် ရောက်ရှိလာပြီး ကိုချမ်းမြေ့အောင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ကျေးရွာ၏ အနောက်ဘက် လေးဖာလုံခန့်အကွာအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
■ Read More >>>>https://news-eleven.com/article/307073
🤬 23👍 9😢 5❤ 3😱 1
