Eleven Media Group
رفتن به کانال در Telegram
2025 سال در اعداد

44 978
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
+1330 روز
آرشیو پست ها
Photo unavailableShow in Telegram
■ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွင် ဒေသအချို့၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွှဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
■ မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်မှုရှိစေရေးနှင့် မဲပေးပိုင်ခွင့်မရှိသူများ မပါဝင်စေရေးအတွက် အလေးထားကြပ်မတ် စိစစ်ဆောင်ရွက်ကြရမည်ဟု ဆို
ပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းတွင် အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရကြောင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
■ Read More >>>>https://news-eleven.com/article/306804
👍 33❤ 9👏 2
■ အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို သွေးတိုးရောဂါများကြောင့် မျက်စိမမြင်ခြင်း ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား
အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို သွေးတိုးရောဂါများကြောင့် မျက်စိမမြင်ခြင်း ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။
အောက်တိုဘာ ၁၀ ရက်က “၂၀၂၅ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်-၄ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
■ Read More >>>>https://news-eleven.com/article/306803
👍 28❤ 15😢 2😱 1
16:35
Video unavailableShow in Telegram
အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ်
- ၂၀၁၅ ခုနှစ်မှ လက်ရှိအထိ AA အဖွဲ့နှင့် ဆက်စပ်နေသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၆ ကြိမ်ရှိခဲ့ပြီး ကာလ တန်ဖိုး ကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလျံရှိ
- ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်ကိုပုံတူကူး၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များသို့ ဆက်သွယ် ကာ ငွေကြေးတောင်းခံခြင်းနှင့် သွေးဆောင်ဖြားယောင်းခြင်းများ ရှိသဖြင့် သတိပြုရန် ထုတ်ပြန်
- ဆားကြမ်းတစ်ပိဿာ ကျပ် (၁၀၀၀) အထိ စံချိန်တင်ဈေးနှုန်းပေါက်ဈေးရှိသော်လည်း တောင်သူများထံတွင် ဆား မရှိ
- အိန္ဒိယရဲတပ်ဖွဲ့က ကလေး ၂၁ ဦး သေဆုံးမှုဖြစ်စဉ်နှင့်ဆက်နွှယ်၍ ဆေးကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီး
- အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်လ်ဒို၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၄ ဘီလျံရှိပြီး ဘောလုံးသမားများ အနက် ပထမဆုံးဘီလျံနာအဖြစ် မှတ်တမ်းဝင်
Packate M tele.mp4178.99 MB
👍 47❤ 11👏 3🥰 2
■ကျောက်မဲမြို့၌ ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၇၅၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့ပြီး စုစုပေါင်း ၁၉၇၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ
ကျောက်မဲမြို့၌ အောက်တိုဘာ ၁၀ ရက်တွင် ကျောင်းသား/ကျောင်းသူ ၇၅၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့ပြီး စုစုပေါင်း ၁၉၇၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအား အောက်တိုဘာ ၈ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၇၅၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၉၇၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထပ်မံကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ နှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်း ပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
■Read More >>>>https://news-eleven.com/article/306798
❤ 55👍 31👏 5🥰 1
■ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၅)သင်တန်းဆင်းပွဲများ တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပ
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၅)သင်တန်းဆင်းပွဲများအား တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၅) သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့(အောက်တိုဘာ ၁၀ ရက်)တွင် တိုင်းစစ်ဌာနချုပ် များအလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီး၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြကြောင်း သိရသည်။
■Read More >>>>https://news-eleven.com/article/306797
👍 35❤ 20👏 5🥰 1
■မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်း အခမ်းအနားသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်
မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်း အခမ်းအနားသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေး(ဒလ) တံတား ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့(အောက်တိုဘာ ၁၀ ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး Controller အသုံးပြု၍ ကွန်ကရစ်လောင်း တံတားဆက်ခြင်းအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
■Read More >>>>https://news-eleven.com/article/306796
❤ 27👍 23👏 7🥰 1
■ မွေ့ယာပေါ်တွင် ဖုန်းအားသွင်းရန်အတွက် ယာယီမီးပလပ်ခုံ သွယ်တန်းထားရာမှ ပလပ်ခုံ အပူလွန်ကဲပြီး မွေ့ယာမှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွား
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်း၊ ၃၉D လမ်းနှင့် ၃၉E လမ်းကြားရှိ ၃၅ ပေ ×၂၀ ပေ ၊ သွပ်မိုး၊ ထရံကာ၊ တစ်ထပ် အဆောက်အဦလူနေအိပ်ခန်းအတွင်း မွေ့ယာပေါ်တွင် ဖုန်းအားသွင်းရန်အတွက် ယာယီမီးပလပ်ခုံ သွယ်တန်းထားရာမှ ပလပ်ခုံ အပူလွန်ကဲပြီး အောက်ခြေရှိ မွေ့ ယာမှတဆင့် မီးလောင်ကျွမ်းမှု အောက်တိုဘာ ၁၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိသည်။
အဆိုပါ မီးလောင်မှုကြောင့် ၃၅ ပေ ×၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ တစ်ထပ် အဆောက်အဦ၊အတွင်းပစ္စည်းများ၊ ဆိုင်ကယ် နှစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဆက်လက် သတင်းရရှိသည်။
■ သက်ထွန်းအောင်
■ ဓာတ်ပုံ-ကိုသန်းဌေး
■ Website Link >>>>> https://news-eleven.com/article/306795
😱 25👍 20❤ 7😢 6
08:17
Video unavailableShow in Telegram
အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
- နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့်မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ပြီး အာဆီယံနှင့်နိုင်ငံတကာမျက်နှာစာ တွင်အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စများ ဆွေး နွေး
- ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ လဝက အချုပ်ဆောင် IDC မှ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းမြို့သို့ ပြန်ပို့
- အမေရိကန်သမ္မတ ကြေညာခဲ့သည့် ဂါဇာငြိမ်းချမ်းရေးအစီအမံအရ အစ္စရေးနှင့် ဟားမာ့စ်တို့ အပစ်အခတ်ရပ်စဲရန်၊ ဓားစာခံ များနှင့် ပါလက်စတိုင်းအကျဉ်းသားများဖလှယ်ရန် သဘောတူညီ
- ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသည့် နယ်နိမိတ် ပြဿနာနှင့်ပတ်သက်၍ ဒေါ်နယ်ထရန့်က ထိုင်းဝန်ကြီးချုပ်ထံ ပေးစာတစ်စောင် ပေးပို့
- အယ်လ်ဂျီးရီးယားအသင်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်
10 Night Packate~1.mp4121.52 MB
👍 30❤ 4🥰 1
■နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းများရှင်းလင်းနေမှုကို ဆိုင်းငံ့ရန် ကမ္ဘောဒီးယားက ထိုင်းကို တောင်းဆို
နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းနေမှုကို ဆိုင်းငံ့ရန် ကမ္ဘောဒီးယားက ထိုင်း၏ အမှတ် ၁ စစ်ဒေသကို အောက်တိုဘာ ၁၀ ရက်က စာတစ်စောင်ရေးသားပေးပို့ပြီး တောင်းဆိုခဲ့သည်ဟု The Nation Thailand သတင်းတွင် ဖော်ပြထားသည်။
နောင်ချန်းနှင့် နောင်ယာကေအို နယ်စပ်ကျေးရွာများတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းနေမှုသည် အထွေထွေ နယ်စပ်ရေးရာကော်မတီ သဘောတူညီချက်၏ဆိုလိုရင်းနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် နောက်ဆုံး ဆုံးဖြတ် ချက်ကို ထိပ်သီးအာဏာပိုင်များက ချမှတ်ရမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား၏ ပေးစားထဲတွင် ရေးသား ခဲ့သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကတ်ကောကမူ ကမ္ဘောဒီးယားနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး အတွက် ထိုင်းနိုင်ငံဘက်မှ သတ်မှတ်ချက် လေးခုကို ထပ်လောင်း ပြောဆိုခဲ့သည််။
■Read More >>>>https://news-eleven.com/article/306792
👍 31😱 7❤ 6👏 2🥰 1
■၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလားဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မာချာဒိုရရှိ
၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလားဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မာရီယာကော်ရီနာမာချာဒိုက ရရှိခဲ့သည်။
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သည့် မာချာဒိုသည် ဗင်နီဇွဲလားပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးများကို ရှေ့တန်းတင်လုပ်ဆောင်ခဲ့ပြီး အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။
ဗင်နီဇွဲလားဒီမိုကရေစီ အင်အားစုဖြစ်သည့် မာချာဒိုသည် လက်တင်အမေရိကတွင် အရပ်သားတစ်ဦး၏ ရဲစွမ်းသတ္တိ၏ အထူးခြားဆုံး ဥပမာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း နိုဘယ်ကော်မတီ၏ ဥက္ကဌက ပြောကြားခဲ့သည်။
Ref:BBC
Photo:AFP
■Website Link >>>>https://news-eleven.com/article/306790
👍 40👏 7😱 6❤ 4🥰 1
07:35
Video unavailableShow in Telegram
■ အောက်တိုဘာ ၁၀ ရက် နောက်ဆုံးရညနေခင်းသတင်း (တိုက်ရိုက်ထုတ်လွှင့်မှု)
■ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ပြီး အာဆီယံဟာမြန်မာ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးပြီး ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကို လည်း စေလွှတ်ပေးမည်ဟုဆို
■ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကားအတွင်းညပ်နေသည့်အမျိုးသားကို ကယ်ဆယ်နိုင်ခဲ့
■ ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူတစ်ဦးထက်မနည်း သေဆုံး
■ အာမိုရင်မ်ကို သုံးနှစ်အချိန်ပေး စောင့်ကြည့်မယ်
Package 10 tele.mp434.50 MB
👍 33😢 4❤ 3🥰 1
■ မြန်မာ-မလေးရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပြီး အာဆီယံ၌ မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိစေရေး မြန်မာဘက်ကတိုက်တွန်း
■ အာဆီယံတူညီဆန္ဒငါးချက်ကို မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်မှုများကို ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆပြီး ပူးပေါင်းဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြောကြား
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး မစ္စတာာ မိုဟာမတ်ဟာဆန်တို့သည် အောက်တိုဘာ ၉ ရက်က နေပြည်တော်ရှိ Jasmine ဟိုတယ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးနေမှုများ၊ စစ်မှန်ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အာဆီယံထုတ်ပြန်ကြေညာချက် (အာဆီယံတူညီဆန္ဒ) ငါးချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများအတွက် အိမ်နီးချင်းနိုင်ငံများနှင့် သာမက ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများတွင် အပြုသဘောပူးပေါင်းဆောင်ရွက်မှုများ၊ အဖွဲ့ဝင်ဖြစ်ချိန်မှစတင်၍ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ထမ်းဆောင်ရမည့် တာဝန်နှင့်ဝတ္တရားများကို မပျက်မကွက်ထမ်းရွက်ခဲ့မှုများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအပေါ် ခွဲခြားချန်လှပ်ခြင်းများသည် သင့်လျော်မှုမရှိကြောင်း ထောက်ပြကာ အာဆီယံ၌ မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိစေရေး တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကာလအလွန် ပြန်လည်ထူထောင်ရေးနှင့် ငလျင်ဘေးသင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့ပါဝင်သည့် သုံးပွင့်ဆိုင်ပင်မအဖွဲ့(Tripartite Core Group) ဖွဲ့စည်းရေးကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ ရှင်းလင်းပြောကြားမှုများကို သိရှိမှတ်သားရကြောင်း၊ ၎င်းအနေဖြင့် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများကို တတ်စွမ်းသည့် တစ်ထောင့်တစ်နေရာမှ ကူညီပေးနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ ပင်မအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အာဆီယံထုတ်ပြန်ကြေညာချက် (အာဆီယံတူညီဆန္ဒ)ငါးချက်အကောင်အထည်ဖော်မှုတွင် ပိုမိုကောင်းမွန်သော ရလဒ်များရရှိစေရေးအတွက် မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်မှုများကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Read More >>>>> https://news-eleven.com/article/306789
👍 36❤ 11👏 1
■ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံး
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အောက် တိုဘာ ၁၀ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၄ ပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးလူ နှစ်ဦးထက်မနည်းသေဆုံးခဲ့ကာ ဒေသဆိုင် ရာဆူနာမီသတိပေးချက်များထုတ်ပြန်ထား သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
အင်ဒါနာအိုဒေသရှိ မာနေးကမ်းလွန်မှ ၁၂ မိုင်ခန့်အကွာတွင် ဒေသစံတော်ချိန်နံနက် ၉ နာရီ ၄၃ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု အမေရိကန်ဘူမိတိုင်းထွာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ငလျင်ဗဟိုချက်အနီးရှိ လူဦးရေအချက် အချာကျသော မာတီမြို့တွင် နံရံတစ်ခုပြိုကျ သောကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ငလျင်ကြောင့် ထိတ်လန့်ပြီး နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း ရဲ တပ်ဖွဲ့က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်အာဏာပိုင်များက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး လှိုင်းအမြင့်သုံး မီတာ (၁ဝပေ)အထိ ရှိနိုင်သည်ဟုယူဆရ သောနိုင်ငံအရှေ့ဘက်ပင်လယ် ကမ်းရိုးတန်း ရှိ ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းနေ ထိုင်ကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။
■Photo-AFP
■ Read More >>>>> https://news-eleven.com/article/306788
😢 32👍 11❤ 4😱 4
■ ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များသို့ ဆက်သွယ်ကာ ငွေကြေးတောင်းခံခြင်းနှင့် သွေးဆောင်ဖြားယောင်းခြင်းများ ရှိသဖြင့် သတိပြုရန် ထုတ်ပြန်
ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များသို့ ဆက်သွယ်ကာ ငွေကြေးတောင်းခံခြင်းနှင့် သွေးဆောင်ဖြားယောင်းခြင်းများ ရှိသဖြင့် သတိပြုရန် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက်ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ဦးစီးဌာန၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ကြောင်း ဦးစီးဌာနက တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းကလည်း ပြည်တွင်းအခွန်ဦးစီးဌာနမှဟုဆိုကာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများ များပြားခဲ့ပြီး ငွေကြေးဆုံးရှုံးရခြင်းများ ရှိခဲ့ကြောင်း သိရသည်။
အခွန်ဆောင်ရန်ဟုဆိုကာ စီးပွားရေးလုပ်ငန်းရှင်အချို့၏ Viber နံပါတ်များသို့ ကနဦး ဆက်သွယ်အကြောင်းကြားလာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဖုန်းခေါ်ဆိုမှုများပြုလုပ်ကြောင်း၊ Viber မှတစ်ဆင့် ပေးပို့ထားသည့်အချက်အလက်များ မှန်ကန်မှုရှိမရှိ စစ်ဆေးပေးရန်ပြောကြားကြောင်း၊ ယင်းနောက် ပေးပို့ထားသည့် Link ထဲဝင်ရောက်ကာ စစ်ဆေးပေးရန် ပြောကြားကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့လိမ်လည်မှုများတွင် စီးပွားရေးလုပ်ငန်းကြီးများသာမက လုပ်ငန်းငယ်များတွင်လည်း အလားတူပုံစံဖြင့် အွန်လိုင်းလိမ်လည်မှုများ ဖြစ်ပွားခဲ့ပြီး ငွေကြေးဆုံးရှုံးများရှိခဲ့ကြောင်း သိရသည်။
Read More >>>>> https://news-eleven.com/article/306780
👍 31❤ 6😱 6🤬 4🥰 1
■၂၀၁၅ ခုနှစ်မှ လက်ရှိအထိ AA အဖွဲ့နှင့် ဆက်စပ်နေသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၆ ကြိမ်ရှိခဲ့ပြီး ကာလတန်ဖိုး ကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလျံရှိ
၂၀၁၅ ခုနှစ်မှ ယခုအချိန်အထိ AA အဖွဲ့နှင့်ဆက်စပ်နေသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၆ ကြိမ် ရှိခဲ့ပြီး ကာလတန်ဖိုး ကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလျံအထိ ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
AA အဖွဲ့၏ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ရောင်းချနေသော လုပ်ငန်းများနှင့်ပတ်သက်၍ ပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
■Read More >>>>https://news-eleven.com/article/306772
👍 61😱 8❤ 7👏 2🥰 1
Photo unavailableShow in Telegram
■နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး တို့ တွေ့ဆုံခဲ့ပြီး အာဆီယံနှင့် နိုင်ငံတကာ မျက်နှာစာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် ကိစ္စများ ဆွေးနွေး
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ပြီး အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားမည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၉ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) ဧည့်ခန်းမ၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Dato' Seri Utama Haji Mohamad Bin Haji hasan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်
■Read More>>>>https://news-eleven.com/article/306771
👍 32❤ 17👏 3🥰 1
■ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ နေရာအချို့တွင် ရေကြီးရေလျှံပြီး အချို့နေရာများတွင် ညပိုင်းအထိယာဥ်ကြောပိတ်ဆို့မှုများဖြစ်ပွား
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ နေရာအချို့တွင် ရေကြီးရေလျှံပြီး အချို့နေရာများတွင် ညပိုင်းအထိယာဥ်ကြောပိတ်ဆို့မှုများလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက်တွင် ရွာသွန်းလျက်ရှိသည့် မိုးကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
" တောင်ဥက္ကလာမှာတော့ ရေတော်တော်ကြီးတယ်။ ကားတွေလည်းပိတ်နေတာ။ ပြီးတော့ တာမွေဈေးကနေ အရှေ့မြင်းပြိုင်ကွင်းလမ်းကို သွားတာ တစ်နာရီလောက်ကြာတယ်" ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းရှိ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ တာမွေ၊ မရမ်းကုန်း၊ သဃ်န်းကျွန်း အစရှိသည့်မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ယာဉ်လမ်းကြောပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
" မြန်မာပလာဇာနားမှာဆိုရင်လည်း လမ်းတွေပိတ်နေတယ်" ဟု အဌားယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။
👍 51😱 14❤ 8😢 1
■ ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ လဝက အချုပ်ဆောင် IDC မှ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းမြို့သို့ ပြန်ပို့
ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ လဝက အချုပ်ဆောင် IDC မှ မြန်မာ နိုင်ငံသား ၉၀ ဦးကို ကော့သောင်းမြို့သို့ပြန်ပို့ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ရနောင်းမြို့၊ လူဝင်မှု ကြီးကြပ်ရေးရဲစခန်းအချုပ်ဆောင် IDC ( Immigration Detention Center )၌ ထိန်းသိမ်းထားရှိသောမြန်မာနိုင်ငံသားများကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးမှပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများမှာအကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၏တည်ဆဲဥပဒေများကိုဖောက်ဖျက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသူများဖြစ်ပြီးအမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၉၀ ဦးဖြစ်ကြောင်း သိရသည်။
■Website Link >>>> https://news-eleven.com/article/306769
👍 41❤ 10👏 1
