အေအန်န်အမ်မ်တီ
رفتن به کانال در Telegram
အကူအညီပေးသောလက်များဟာ ဘုရားစာရွတ်ဆိုသောပါးစပ်များထက် ပို၍မြင့်မြတ်တယ်။
نمایش بیشتر2025 سال در اعداد

14 319
مشترکین
-924 ساعت
-547 روز
-20430 روز
در حال بارگیری داده...
کانالهای مشابه
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
دسامبر '25
دسامبر '25
+14
در 0 کانالها
نوامبر '25
+6
در 0 کانالها
Get PRO
اکتبر '25
+4
در 0 کانالها
Get PRO
سپتامبر '25
+7
در 0 کانالها
Get PRO
اوت '25
+9
در 0 کانالها
Get PRO
ژوئیه '25
+8
در 0 کانالها
Get PRO
ژوئن '25
+169
در 0 کانالها
Get PRO
مه '25
+38
در 0 کانالها
Get PRO
آوریل '25
+32
در 0 کانالها
Get PRO
مارس '25
+85
در 0 کانالها
Get PRO
فوریه '25
+2
در 0 کانالها
Get PRO
ژانویه '25
+5
در 0 کانالها
Get PRO
دسامبر '24
+14
در 0 کانالها
Get PRO
نوامبر '24
+23
در 0 کانالها
Get PRO
اکتبر '24
+1 021
در 0 کانالها
Get PRO
سپتامبر '24
+41
در 0 کانالها
Get PRO
اوت '24
+773
در 0 کانالها
Get PRO
ژوئیه '24
+118
در 0 کانالها
Get PRO
ژوئن '24
+1 323
در 0 کانالها
Get PRO
مه '24
+1 482
در 0 کانالها
Get PRO
آوریل '24
+340
در 0 کانالها
Get PRO
مارس '24
+266
در 0 کانالها
Get PRO
فوریه '24
+697
در 0 کانالها
Get PRO
ژانویه '24
+70
در 0 کانالها
Get PRO
دسامبر '23
+510
در 0 کانالها
Get PRO
نوامبر '23
+192
در 0 کانالها
Get PRO
اکتبر '23
+25
در 0 کانالها
Get PRO
سپتامبر '230
در 0 کانالها
Get PRO
اوت '230
در 0 کانالها
Get PRO
ژوئیه '230
در 0 کانالها
Get PRO
ژوئن '23
+17
در 0 کانالها
Get PRO
مه '23
+239
در 0 کانالها
Get PRO
آوریل '23
+1 501
در 0 کانالها
Get PRO
مارس '23
+155
در 0 کانالها
Get PRO
فوریه '23
+3 786
در 0 کانالها
Get PRO
ژانویه '230
در 0 کانالها
Get PRO
دسامبر '220
در 0 کانالها
Get PRO
نوامبر '220
در 0 کانالها
Get PRO
اکتبر '220
در 0 کانالها
Get PRO
سپتامبر '22
+143
در 0 کانالها
Get PRO
اوت '22
+235
در 0 کانالها
Get PRO
ژوئیه '22
+2 286
در 0 کانالها
Get PRO
ژوئن '22
+1 192
در 0 کانالها
Get PRO
مه '22
+1 253
در 0 کانالها
Get PRO
آوریل '22
+1 046
در 0 کانالها
Get PRO
مارس '22
+1 193
در 0 کانالها
Get PRO
فوریه '22
+9 569
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 27 دسامبر | 0 | |||
| 26 دسامبر | 0 | |||
| 25 دسامبر | 0 | |||
| 24 دسامبر | 0 | |||
| 23 دسامبر | 0 | |||
| 22 دسامبر | 0 | |||
| 21 دسامبر | 0 | |||
| 20 دسامبر | 0 | |||
| 19 دسامبر | 0 | |||
| 18 دسامبر | 0 | |||
| 17 دسامبر | +2 | |||
| 16 دسامبر | 0 | |||
| 15 دسامبر | 0 | |||
| 14 دسامبر | 0 | |||
| 13 دسامبر | 0 | |||
| 12 دسامبر | 0 | |||
| 11 دسامبر | +3 | |||
| 10 دسامبر | +4 | |||
| 09 دسامبر | +3 | |||
| 08 دسامبر | 0 | |||
| 07 دسامبر | +1 | |||
| 06 دسامبر | +1 | |||
| 05 دسامبر | 0 | |||
| 04 دسامبر | 0 | |||
| 03 دسامبر | 0 | |||
| 02 دسامبر | 0 | |||
| 01 دسامبر | 0 |
پستهای کانال
မနေ့က သတင်းတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် တိုင်ကြားခံရတဲ့ကိစ္စ တစ်ကျော့ပြန်ပါလာတာကို တွေ့ရပါတယ်။
https://t.me/ANMTarnoldmyotint/9371
ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ နိုဝင်ဘာလ ၂၂ ရက်နေ့ကတည်းက စစ်ဆေးရေးအဖွဲ့ ဖွဲ့ခဲ့တာပါ။ တိုင်ကြားသူတွေရဲ့ အဆိုအရ စစ်ဆေးရေးအဖွဲ့က "စစ်ဆေးမှုပြီးစီးပြီး တစ်လပြည့်ရင် အမှန်တရားကို ထုတ်ပြန်ပေးမယ်" လို့ ပြောခဲ့ပေမဲ့၊ အခုအချိန်အထိ ထုတ်ပြန်ပေးတာမျိုး မရှိသေးပါဘူး။ အဲဒီအစား တိုင်ကြားသူ (၁၂) ဦးကိုပဲ ပြန်လည်တိုင်ကြားထားပြီး၊ မနေ့ကတော့ သူတို့ကို စစ်ဆေးဖို့အတွက်ဆိုပြီး ဆင့်ခေါ်စာတွေ ပို့လာတယ်လို့ သိရပါတယ်။
အဲဒီ တိုင်ကြားသူတွေအပေါ် ပြန်တပ်ထားတဲ့ ပုဒ်မတွေကတော့ အစိုးရရဲ့ လျှို့ဝှက်ချက် ပေါက်ကြားစေမှု၊ နိုင်ငံတော်နဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ လုံခြုံရေး ထိခိုက်စေမှု၊ NUG အစိုးရကို အကြည်အညို ပျက်အောင်လုပ်မှု၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စတာတွေပဲ ဖြစ်ပါတယ်။
တရားစီရင်ရေး လုပ်ထုံးလုပ်နည်းအရဆိုရင် စစ်ဆေးရေးအဖွဲ့ဟာ မူလတိုင်ကြားချက်တွေက မှန်သလား၊ ကျူးလွန်မှု ရှိသလားဆိုတာကို အရင်ဆုံး စစ်ဆေးရမှာပါ။ အဲဒီနောက် စစ်ဆေးတွေ့ရှိချက်ကို NUG ကက်ဘိနက်ကို တင်ပြ၊ အများပြည်သူသိအောင် ထုတ်ပြန်ပြီးမှ အပြစ်ရှိရင် အရေးယူ၊ အပြစ်မရှိရင်လည်း တိုင်ကြားသူတွေဘက်က လုပ်ကြံတာဖြစ်ကြောင်း ရှင်းလင်းရမှာ ဖြစ်ပါတယ်။ အဲဒီလို အဆင့်ဆင့် လုပ်ပြီးမှသာ တိုင်ကြားသူတွေကို ပြန်ပြီး အရေးယူချင်ရင် သင့်တော်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်သင့်တာပါ။
အခုကတော့ မူလအမှု မပြီးသေးခင်မှာပဲ တိုင်ကြားသူတွေကို ပြန်ပြီး အရေးယူဖို့ လုပ်နေတာက တရားစီရင်ရေး မူတွေနဲ့ ကိုက်ညီရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ လူထုက အာဏာရှင်ကို တော်လှန်နေကြတာဟာ ဥပဒေမဲ့ လုပ်ရပ်တွေကို ရွံရှာလို့ပါ။ ဒါကြောင့် NUG အနေနဲ့လည်း ဒီကိစ္စကို ကိုင်တွယ်တဲ့အခါမှာ ကျောသားရင်သား မခွဲခြားဘဲ အဂတိကင်းကင်းနဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့ လိုပါတယ်။
ကိုယ့်လူ၊ ကိုယ့်အဖွဲ့ဆိုပြီး ဘက်လိုက်တာမျိုး၊ အောက်လက်ငယ်သားတွေအပေါ် ဖိနှိပ်တာမျိုး ဖြစ်ခဲ့ရင် အစိုးရတစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သလို လူထုရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတကာရဲ့ လေးစားမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။ အပ်နဲ့ ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ပေါက်ရတဲ့အထိ မဖြစ်အောင် တရားသဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ အများက စောင့်ကြည့်နေကြပါတယ်။
Zin Thaw Naing
မူရင်းပို့စ်
https://www.facebook.com/share/p/183B7vhNT7/
#အေအန်န်အမ်မ်တီ
Telegram Channel
1 38024
| 2 | "အပ်နဲ့ ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ပေါက်ရတဲ့အထိ မဖြစ်အောင် တရားသဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ အများက စောင့်ကြည့်နေကြပါတယ်"
အပြည့်အစုံဖတ်ရှုရန်...
မူရင်းပို့စ်...
https://www.facebook.com/share/p/183B7vhNT7/
တယ်လီဂရမ်ပို့စ်...
#အေအန်န်အမ်မ်တီ | 1 161 |
| 3 | ဦးစိုင်းလုံးဆိုင်ကို NUG အစိုးရရဲ့ အကြ-မ်းဖ-က်တိုက်ဖျက်ရေးက အကြ-မ်းဖ-က်အဖြစ်သတ်မှတ်ပြီး ဖ-မ်းဆီးမယ့်စာရင်းထဲ တွေ့လိုက်ရတယ်။ ဦးစိုင်းလုံးဆိုင်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌဟောင်း။ ပြည်နယ်လွှတ်တော်မှာ လွှတ်တော်သက်တမ်း နှစ်ဆက် (၂၀၁၀ မှ ၂၀၂၀) လွှတ်တော်ဥက္ကဌအဖြစ် ကြံဖွတ်ကနေ လုပ်ခဲ့တာ။ စကစ က ဦးစိုင်းလုံးဆိုင်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်ပြီးတော့ ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလထဲမှာ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းလိုက်တယ်။
ဆိုလိုတာက ၂၀၂၃ ခုနှစ်နောက်ပိုင်း စစ်ကောင်စီက ကျူးလွ-န်တဲ့ စစ်ရာဇဝ-တ်မှုတွေမှာ တာဝန်အရှိဆုံးလူတွေထဲက တယောက်ဖြစ်တယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်ကျတော့ ကျန်းမာရေးအကြောင်းပြပြီး စကစအဖွဲ့ဝင်ထဲကနေရော ဗဟိုအကြံပေးအဖွဲ့ဝင်ထဲကနေရော ထုတ်ခံလိုက်ရတယ်။ NUG ရဲ့စတိတ်မန့်ထဲ အဲ့ဘိုးတော်ပါလာတာ သဘောကျလိုက်တာ ပြောမနေနဲ့။ Ma Aဘေးတွေ လုပ်ချင်တာလုပ်ပြီးမှ ထွက်လည်း ခံရမှာပဲ၊ အခုနေကြိတ်မရရင် Back date နဲ့ကြိတ်ခံရမယ်ဆိုတာကို ဒီဘဲတွေသိမှာပဲ။
Siang Khun U
မူရင်းပို့စ်...
https://www.facebook.com/share/p/1K72Pf55hw/
#အေအန်န်အမ်မ်တီ | 1 319 |
| 4 | မြစ်ဆုံစီမံကိန်းကို မလုပ်သင့်ဘူးလို့ပြောခဲ့တဲ့ ဦးသိန်းစိန်အစိုးရ ဝန်ကြီးဟောင်းဦးစိုးသိန်းရဲ့ ပြောကြားချက်သတင်းဟောင်းပါ။
မင်းအောင်လှိုင်နဲ့ သူတို့အချင်းချင်းကြားမှာ မျက်နှာပျက်စရာတွေဖြစ်ပြီး ဖမ်းကြဆီးကြဖြစ်ရင်လည်း မနည်းဘူးလေ။ ကိုယ်ကတော့ စိတ်ကောင်းကောင်းပဲထားတယ်။
https://youtu.be/sHyLTHoIyhE?si=3WV-54ko8ZquS22X
N Kham Aung | 1 030 |
| 5 | "Justice For Myanmar" အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် ဆိုရှယ်မီဒီယာတွေမှာ Khwayနေရာမရဖြစ်ခဲ့ရတဲ့ မြန်မာအကြမ်းဖက်စစ်တပ်။ တရားမဝင်ရွေးကောက်ပွဲပြုလုပ်ပြီး နိုင်ငံတကာကိုဂျင်းထည့်ချင်ပေမယ့်လည်း ဘယ်ဆိုရှယ်မီဒီယာကနေ ဝါဒဖြန့်ရမလဲမသိဖြစ်နေတဲ့ မြန်မာစစ်တပ်အတွက်တော့ နဂိုကတည်းက မရှိတဲ့စော-က်ရှက်တွေ ထပ်ကွဲရပါပြီ။
သြစတြေးလျပိုင် Kick ပလက်ဖောင်းက ဝါဒဖြန့် စစ်အုပ်စုချန်နယ် ၇ ခုဖြစ်တဲ့
MRTV HD ၊ MITV ၊ MRTV News ၊ MRTV Farmers ၊ MRTV Sports ၊ MRTV NRC ၊ MRTV Entertainment တို့ကို ၂၄ နာရီမပြည့်ခင်မှာပဲ ဖယ်ရှားခံရ။
https://www.facebook.com/share/p/1AP4SKZfHv/
Youtube ကလည်း ဝါဒဖြန့် စစ်အုပ်စုချန်နယ်များအား ဖယ်ရှား...
https://www.facebook.com/share/p/16wibHs8tD/
Amazon ပိုင် ဗွီဒီယိုပလက်ဖောင်း Twitch ကလည်း ဝါဒဖြန့် စစ်အုပ်စုအကောင့်များအား ဖယ်ရှား...
https://www.facebook.com/share/p/19fMudeEdN/
Facebook နှင့် ဖိုင်ထိန်းသိမ်းမျှဝေရာ MediaFire ဝဘ်ဆိုက်ကလည်း ဝါဒဖြန့် စစ်အုပ်စုအကောင့်များအား ဖျက်သိမ်း...
https://www.facebook.com/share/p/17nsEPRdak/
#အေအန်န်အမ်မ်တီ
Telegram Channel | 961 |
| 6 | 👏🏽 BREAKING: ဩစတြေးလျ တိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်း Kick က မြန်မာစစ်အုပ်စုကို ၂၄ နာရီ ပြည့်အောင်ပင်လက်မခံဘဲ ကန်ထုတ်ခဲ့
https://t.me/ANMTarnoldmyotint/9364
ဩစတြေးလျ နည်းပညာကုမ္ပဏီ Kick သည် တရားမဝင်မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များမှ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့ပြီး နာရီပိုင်းအတွင်းတွင်ပင် အဆိုပါအကောင့်များကို ဖယ်ရှားပိတ်သိမ်းခဲ့သည်။
Justice For Myanmar က ကုမ္ပဏီထံ စာရေးသားပေးပို့၍ ဒဏ်ခတ်ပိတ်ဆို့မှုများအား လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကို မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် ကုမ္ပဏီက ထိုသို့ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုသည် ၎င်းတို့၏အကောင့်များ Amazon ပိုင် ရုပ်သံလွှင့်ပလက်ဖောင်း Twitch မှ ဖယ်ရှားခံရပြီးနောက် Kick သို့ ပြောင်းရွေ့အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယခုအခါ စစ်အုပ်စုအတွက် ၎င်းတို့၏ အတုအယောင်ရွေး ကောက်ပွဲမတိုင်မီ နေ့ရက်များကို တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းမရှိဘဲ ထပ်မံဖြတ်သန်းရဦးမည် ဖြစ်သည်။
Kick က ဖယ်ရှားလိုက်သည့် ချန်နယ်များမှာ -
၁။ MRTV HD
၂။ MITV
၃။ MRTV News
၄။ MRTV Farmers
၅။ MRTV Sports
၆။ MRTV NRC
၇။ MRTV Entertainment
MITV နှင့် MRTV တို့အားလုံးကို စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ထုတ်လွှင့်နေခြင်းဖြစ်သည်။ MRTV သည် အဓိကအားဖြင့် မြန်မာပရိတ်သတ်များအတွက် ဗမာဘာသာစကားဖြင့် ထုတ်လွှင့်ပြီး၊ MITV သည် နိုင်ငံခြားပရိတ်သတ်များထံ သက်ရောက်မှုရှိစေရန် ရည်ရွယ်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည်။
စစ်အုပ်စုသည် MRTV ဝဘ်ဆိုဒ်နှင့် အပ်ပလီကေးရှင်းတို့မှ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ရန် Kick ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ Kick ၏ အရေးယူဖယ်ရှားမှုသည် စစ်အုပ်စု၏ ဝါဒမှိုင်းများ၊ သတင်းမှားများနှင့် အမုန်းစကားများ တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းအား ကန့်သတ်ဖြတ်တောက်လိုက်ခြင်းလည်းဖြစ်သည်။
လက်ရှိတွင် MRTV ဝဘ်ဆိုဒ်နှင့် အပ်ပလီကေးရှင်းများတွင် ထည့်သွင်းထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များတွင် “ယခုချိတ်ဆက်မှု မှားယွင်းနေပုံရပါသည်” ဟူသော Kick ၏ မှားယွင်းမှုပြစာတန်းကို ဖော်ပြနေသည်။
Kick သည် မဲဘုန်းမြို့အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ဩစတြေးလျဘီလီယံနာသူဌေးကြီး Ed Craven နှင့် ၎င်း၏ စီးပွားဖက် BiJan Tehrani တို့က ပိုင်ဆိုင်သည်။ Twitch ကဲ့သို့ပင် Kick ကိုလည်း ဂိမ်းကစားခြင်းများကို တိုက်ရိုက်ထုတ်လွှင့်ရာတွင် အဓိကအသုံးပြုသည်။
နည်းပညာကုမ္ပဏီအားလုံးအနေဖြင့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၄င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmar က ဆက်လက်တောင်းဆိုပါသည်။
#JusticeForMyanmar #Kick
မူရင်းပို့စ်...
https://www.facebook.com/share/p/1AzuySuJkP/
#အေအန်န်အမ်မ်တီ
Telegram Channel | 907 |
| 7 | 👏🏽 BREAKING: ဩစတြေးလျတိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်း Kick က မြန်မာစစ်အုပ်စုကို ၂၄ နာရီ ပြည့်အောင်ပင်လက်မခံဘဲ ကန်ထုတ်ခဲ့
"Justice For Myanmar" Facebookပေ့ချ်တွင် အပြည့်အစုံဖတ်ရှုရန်...
https://www.facebook.com/share/p/1AP4SKZfHv/
#အေအန်န်အမ်မ်တီ
Telegram Channel | 897 |
| 8 | ငါအဖ-မ်းခံရတာ ငါကိုယ်တိုင်တောင် မသိလိုက်ဘူး၊ တော်တော်များများသိကြတယ်လို့ သူကပြောတယ်၊ ယူတို့သိကြလား...🥴
မျိုးရန်နောင်သိန်း ပို့စ်အောက်မှာ အဲ့လိုစော-က်ပေါတွေ တသီချည်းပဲ... ငါloeမ စော-က်ပေါတွေ သွားစုနေတယ်...
"စကစ သူလျှို"လို့ သူပြောတဲ့သူက စကစသူလျှိုမဟုတ်ပဲ၊ သူ့ပို့စ်အောက်မှာ ဝင်မန့်နေတဲ့သူအများစုက စကစသူလျှိူအကောင့်တွေ ဖြစ်နေသောအခါ။ သူလျှိူတွေကိုသတိထားဖို့ ရေးတင်တဲ့ပို့စ်ကွန့်မန့်ထဲမှာ သူလျှိူ(အများစု)တွေချည်း ဝင်မန့်နေတာကို သူမသိရှာဘူး။ စော-က်ပေါကြီး...🙂↔️
#အေအန်န်အမ်မ်တီ | 975 |
| 9 | ကို Myo Yan Naung Thein ရေ၊ ကျူပ်က ခင်ဗျားထက် အသက်ငယ်တယ်၊ ဒါပေမဲ့ ဒီတော်လှ-န်ရေးကာလ ခင်ဗျားဖော်ထုတ်တဲ့ လူလိ-မ် သူလျှို အရေအတွက်ဆိုတာ ကျူပ်ခြေဖျားတောင် မမီသေးဘူး။
https://t.me/ANMTarnoldmyotint/9361
တော်လှ-န်ရေးအစကတည်းက လူအများကိုးကွယ်နေတဲ့ ဆယ်လီစော-က်ပေါ လူလိမ် သူလျှိုတွေကအစ ရဲရဲဝံ့ဝံ့ထုတ်ဖော်လာခဲ့တဲ့သူ။ ရှင်းရှင်းပြောရရင် ခင်ဗျားထက် လူရည်ပိုလည်လို့ အခုအချိန်အထိ ပြည်တွင်းမြို့ပြထဲမှာပဲ တော်လှ-န်ရေးလုပ်နေတာ။ ခင်ဗျားပို့စ်ထဲထည့်ရေးထားသလို ကျူပ်က စော-က်တုံးစော-က်အ မဟုတ်ဘူး။ ကျူပ်ဆီကနေ သတင်းနှိုက်လို့ရလောက်အောင် ကျူပ်က ဘယ်သူ့ဘယ်သူနဲ့မှ ယနေ့အချိန် စစ်ရေးအကြောင်းလည်းမပြောဖူးသလို မြို့ပြ UGတွေအကြောင်းလည်း မပြောဖူးဘူး၊ ထိုနည်း၎င်းပဲ ကျူပ်နဲ့ ရဲဘော်ချေနဲ့ ယနေ့အချိန်အထိ စစ်ရေးအကြောင်းလည်းမပြောဖူးသလို UG တွေအကြောင်းလဲမပြောဖူးဘူး။
ကျူပ်ဆီကနေ သတင်းနှိုက်တိုင်း ထုတ်ပြောရအောင် ခင်ဗျားကျင်လည်ဖူးတဲ့အသိုင်းအဝိုင်းနဲ့ ကျူပ်ကို လာယှဥ်မပြောနဲ့ဗျာ့။ ကျူပ်လို တော်လှန်ရေးအတွက် ထောက်ပို့လုပ်ဆောင်နေတဲ့သူတစ်ယောက်၊ UG လုပ်ခဲ့ဖူးသူတစ်ယောက်က လက်ရှိအချိန်အထိ ပြည်တွင်းမှာပဲ၊ ဒါခင်ဗျားသိအောင် ထပ်ပြောပြတာ။ ခင်ဗျားအနေနဲ့ ကြမ်းပိုးကိုလိပ်ဖြစ်အောင် ဇွတ်တွေ လျှောက်ပြောမနေနဲ့၊ ခင်ဗျားကို လူကြီးလူကောင်းနေရာမှာ ထားထားတယ်၊ ဒါပေမဲ့ ဘောင်တော့ ဇွတ်တွေကျော်မလာနဲ့။ ရဲဘော်ချေက NUG ကို ပြည်သူလူထုအထင်အမြင်လွဲအောင် လုပ်ထားတာရှိရင် ကျူပ်ကို အခုသက်သေပြ။ ထင်တလုံးနဲ့ လျှောက်ရမ်းမနေနဲ့။ ခင်ဗျားအနေနဲ့ ဘာစော-က်သက်သေမှ အခိုင်အလုံမရှိပဲ တော်လှ-န်ရေးဘက်အခြမ်းက လူတစ်ယောက်ကို ဒလန် သူလျှိူဆိုပြီး စွပ်စွဲနေတာကမှ တော်တော်လေး စော-က်ကျက်သရေသုဥ်းတာ။
ခင်ဗျားကိုယ်ခင်ဗျား ငါသိငါတတ် ဆိုတဲ့ စော-က်အတွေးကိုလျှော့လိုက်၊ "ကျွန်တော်ပြောတာကို ထောက်ခံရင် Yes လို့ ရေးသွားပေးသွား"ဆိုတဲ့ အကွက်ကလည်း တောသီးဆန်နေတယ်။ ခင်ဗျားကို တော်လှန်ရေးထဲက လူအများစု ဘယ်လိုသတ်မှတ်ထားကြသလဲဆိုတာ နည်းနည်းပါးပါး လိုက်တီးခေါက်ကြည့်ဦး။ တချို့ကိစ္စတွေ တချို့သုံးသပ်ချက်တွေမှာ ခင်ဗျားအယူအဆတွေက ကောင်းပေမယ့်၊ တချို့ကိစ္စတွေမှာတော့ ငါရေးတာအမှန်၊ ငါပြောတာအမှန် ဆိုပြီး ဖော်လိုဝါတွေကို ဘရိန်းဝှက်ချ်လုပ်နေတာတွေကို ဘေးကကြည့်နေသူတွေအကုန်သိတယ်။ ခင်ဗျားကိုယ်ခင်ဗျား ဟုတ်လှပြီထင်မနေနဲ့။ ခင်ဗျားကို လေးစားမှုပေးတာ ဒီပို့စ်နောက်ဆုံးပဲ။
Facebook Post...
https://www.facebook.com/share/p/17jPjSGeMi/
#အေအန်န်အမ်မ်တီ
Telegram Channel | 1 207 |
| 10 | ကို Myo Yan Naung Thein ရေ၊ ကျူပ်က ခင်ဗျားထက် အသက်ငယ်တယ်၊ ဒါပေမဲ့ ဒီတော်လှ-န်ရေးကာလ ခင်ဗျားဖော်ထုတ်တဲ့ လူလိ-မ် သူလျှို အရေအတွက်ဆိုတာ ကျူပ်ခြေဖျားတောင် မမီသေးဘူး။
အပြည့်အစုံဖတ်ရှုရန်...
https://www.facebook.com/share/p/17jPjSGeMi/
ဒီ Screenshot ထဲက အရေးအသားကြောင့် အခုပို့စ်ကိုရေးပါတယ်၊ လေးစားမှုပြုခြင်းက ဒီပို့စ်နောက်ဆုံးပါပဲ
ကိုမျိုးရန်နောင်သိန်း ရဲ့ စောက်တလွဲ ထင်တလုံးနဲ့ရေးတဲ့ပို့စ်အပြည့်အစုံ link...
https://www.facebook.com/share/p/1ErPWS9511/
___
ဒါက ကိုမျိုးရန်နောင်သိန်း စွပ်စွဲထားတဲ့ပို့စ်ပါ (ရှေ့မှာ ပို့စ်၂ခုနဲ့ တဆုံးစွပ်စွဲထားပါသေးတယ်)...
https://www.facebook.com/share/p/17uibFqGrW/
ဒါကတော့ ရဲဘော်ချေဘက်ကနေ ကိုဇင်ဇေလွင် ရပ်တည်တဲ့ ပို့စ်ပါ...
https://www.facebook.com/share/p/1JmCSL5Zmd/
ဒါကတော့ ကျွန်တော့်ပို့စ်ပါ...
https://www.facebook.com/share/p/1C8y6Vnn3w/
ရဲဘော်ချေရဲ့ ပို့စ်...
https://www.facebook.com/share/v/1AKyALXgmj/
ရဲဘော်ချေ ထပ်မံချပြတဲ့အချက်အလက်များ...
https://www.facebook.com/share/p/18CvQAcoep/
#အေအန်န်အမ်မ်တီ | 1 199 |
| 11 | ကို Myo Yan Naung Thein ကတော့ တကယ့်ငစားပဲဗျာ၊
https://t.me/ANMTarnoldmyotint/9359
ရဲဘော်ချေက သူ့ရဲ့အကြောင်းကြောင်းကြောင့် ရုပ်မပြတာကိုပဲ ဖိန-င်းပြီး သူများကိုယ်ရေးကိုယ်တာကို ဇွတ်တွေစိန်ခေါ်နေတော့တာပဲ။ သူက ပြည်ပမှာဆိုပေမယ့် ပြည်တွင်းမှာ မိသားစုသို့မဟုတ် ခင်ရာဆွေမျိုးတွေ ကျန်နေလို့ သူ့ရဲ့ပါဆင်နယ်ကို ထုတ်မပြတာလည်းဖြစ်ချင်ဖြစ်မယ်၊ ဒါက သူ့အခွင့်အရေးပဲ။ ခင်ဗျားရဲ့ပေ့ချ်မဟုတ်တဲ့ အရံအကောင့် Myo Yan Naung Thein ကနေ ဟိုးရှေ့ကာလတွေမှာ Yebaw Che ဆီ သွားဆက်သွယ်ထားတာတွေ၊ ခင်ဗျားရေးထားတဲ့ပို့စ်တွေကို အကြံပြုပေးဖို့ဆက်သွယ်ထားတာတွေ ကျူပ်တွေ့မြင်ရပြီးပြီ။ ဟိုက ခင်ဗျားမျှော်လင့်သလောက် ဖက်လဲတကင်းမပြုတော့ အခုမှ ဒလန်တွေ ဒလွတ်တွေဆိုပြီး ထင်တလုံးနဲ့ တဆုံးhtoeချတာကတော့ များတာပေါ့ဗျာ။
ကျွန်တော်ပြောပြမယ်၊ ရဲဘော်ချေက NUG ကို ပြည်သူအထင်အမြင်လွဲမှားအောင် ရေးထားတဲ့အချက်အလက်ပို့စ်တွေ သတင်းအမှားတွေရှိရင် ကျူပ်ကို အခုသက်သေပြပေးပါ။ NUG ကို မဟုတ်တမ်းလျား ဆဲဆိုနေတဲ့သူတွေကိုတောင် ကျူပ်မျက်စိရှေ့ အခါခါတွယ်နေတာမမြင်ချင်မှအဆုံး။ ပြီးတော့ ရဲဘော်ချေဘက်က သူ့အကောင့်ကနေရတဲ့ ဘောနပ်ငွေတွေအပြင် သူ့ရဲ့ကိုယ်ပိုင်ငွေကြေးနဲ့ပါ မြေပြင်တပ်ရင်းတွေ စစ်ရှောင်တွေဆီ ကူပေးနေတာ ကျူပ်အသိဆုံးပဲ။ ဒါကို ခင်ဗျားက အမေစုကျန်းမာရေးသတင်းကိစ္စနဲ့ပတ်သက်ပြီး ရဲဘော်ချေရေးတင်တဲ့ပို့စ်တစ်ခုနဲ့ စစ်ကောင်စီသူလျှိူဆိုပြီး အကုန်ထိုးချပစ်တာကတော့ လူကြီးလူကောင်းမဆန်တဲ့လုပ်ရပ်ပါပဲ။
ကျွန်တော့်အနေနဲ့ ခင်ဗျားကို မကြိုက်တာတွေရှိတယ်၊ ကြိုက်တာတွေရှိတယ်၊ ဒါပေမဲ့ လိုက်ပြီးရောထွေးမနေဘူး၊ ရဲဘော်ချေသာ စစ်ကောင်စီဘက်က သူလျှိူသာဆိုရင် ကျုပ်လည်း အခုအချိန်အထိ အသက်ရှင်နေမှာမဟုတ်တော့ဘူး၊ သူ့ကို ယုံလားမေးရင် "ယုံတယ်" ဆိုပြီး ခင်ဗျားလို ထင်တလုံးနဲ့စွပ်စွဲနေသူတွေကို ထုတ်ပြောနေဦးမယ်။ အရေးထဲ တချို့ ဘူမသိကိုးမသိတွေက ရဲဘော်ချေနဲ့ အေအန်န်အမ်မ်တီ နဲ့က တဖွဲ့တည်းတွေဆိုပြီး လုပ်ကြသေးတာ။ ပြောချင်တာက ရဲဘော်ချေက သူလျှိုဆိုရင် ကျွန်တော်လည်း သူလျှို့ပဲ၊ မယုံကြည်ရဘူး ဘာညာပေါ့။ သမိုင်းလည်း စုံစမ်းကြည့်လိုက်ကြပါဦး။
Facebook Post...
https://www.facebook.com/share/p/1K4YZDdMBu/
#အေအန်န်အမ်မ်တီ
Telegram Channel | 1 434 |
| 12 | ဒီအကြောင်းနည်းနည်ပြောမယ်၊ ရဲဘော်ချေ ကို ကျွန်တော်ယုံကြည်ကြောင်း....
Facebook Post...
https://www.facebook.com/share/p/1K4YZDdMBu/
#အေအန်န်အမ်မ်တီ | 1 220 |
| 13 | "စစ်ကိုင်းကို တပ်မသုံးခုလွှတ်ပေး၊ PDF တွေကို ကြုံးချင်နေပြီ"လို့ပြောခဲ့တဲ့ စစ်ကောင်စီတပ်သား ပါးတဖက်ကျည်ထိပြီး ဆေးရုံပြန်ရောက်လာ
ဒီဇင်ဘာ ၊ ၂၁ ရက်
The Justice Wave
စစ်ကိုင်းတိုင်းဒေသကြီးကို တပ်မ သုံးခုလောက်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုကြုံးမယ်လို့ ပြောဆိုခဲ့တဲ့ စစ်ကောင်စီတပ်သားတဦးဟာ ပါးတဖက်ကျည်ထိဒါဏ်ရာနဲ့ ရွှေဘိုကနေ မန္တလေးနန်းတွင်းက တပ်ဆေးရုံကို ပြန်ရောက်ရှိလာတယ်လို့ သိရပါတယ်။
သူက ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ဆေးရုံရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက အနားမပေးပဲခိုင်းစေနေတဲ့အကြောင်း အမှိုက်ပုံးထမ်းရင်း ပြောဆိုခဲ့ပါသေးတယ်။
လက်ရှိ သူဟာ ရရှိထားတဲ့ပါးကဒါဏ်ရာကြောင့် ပါးတဖက်ရွဲ့ပြီး စကားသေချာမပြောနိုင်တာကိုလည်း သူတင်ထားတဲ့လူမှုကွန်ယက် စာမျက်နှာကရုပ်သံထဲမှာ တွေ့ရပါတယ်။
#thejusticewave
#စစ်ကောင်စီတပ်သား
#PDF
Write to The Justice Wave | 1 308 |
| 14 | Vero Nika (ဘလော်နီကာ) ကို ဒဲ့ပြောလိုက်တဲ့
KNDF စစ်ဦးစီးချုပ် ကိုမာဝီ...🤭
Facebook တွင်ကြည့်ရှုရန်...
https://www.facebook.com/share/r/1AwCbDasFz/
#အေအန်န်အမ်မ်တီ
_
Vero Nika ရဲ့ ပေ့ချ်နဲ့ အကောင့်ကို Follow ဖြုတ်ကြပါ။ ကိုမာဝီ ပြောသလို ရန်ငါပြတ်ကြဖို့ လိုအပ်ပါတယ်...🙂
Follow ဖြုတ်ရန် (သို့မဟုတ်) Block လုပ်ရန်...
၁။ https://www.facebook.com/share/1KNSNqYaN5/
၂။ https://www.facebook.com/share/1Azpnva9uw/
__
ဖြစ်စဥ်အစအဆုံး
၁။ ဒါက ရှေ့က ဖြစ်ကြောင်းကုန်စဥ်ပါ၊ မန့်တွေထဲမှာ အချက်အလက် ss တွေ ထည့်သွင်းပေးထားပါတယ်။ https://www.facebook.com/share/p/1CsdntDYgq/
၂။ https://www.facebook.com/share/p/195PKRzZ8n/
၃။ https://www.facebook.com/share/p/1CGuihwKpq/
၄။ https://www.facebook.com/share/v/1AHqtjvhQj/
၅။ သွေးစွန်းနေတဲ့ အားကစားသမားများ....
https://www.facebook.com/share/p/1WT1Hqapbp/ | 1 486 |
| 15 | အောက်မှာ တပ်ရင်းကမ်ပိန်း ၃ ခုကို လင့်ခ်ထည့်သွင်းပေးထားပါတယ်။ ထိုကမ်ပိန်းပို့စ်တွေက မိတ်ဆွေတို့ရဲ့ ငွေကြေးအထောက်အပံ့၊ RCS အထောက်အပံ့တွေကို များစွာလိုအပ်နေပါတယ်။ ငွေကြေးမတတ်နိုင်ရင်တောင် RCS နဲ့ ပါဝင်အားဖြည့်ပေးကြပါဦးလို့ တိုက်တွန်းအကြံပြုချင်ပါတယ်ခင်ဗျာ။
၁။ People's Guerilla Force - ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ အတွက် Diary of Comrade အဖွဲ့မှ ပြုလုပ်သော M4 တစ်လက်နဲ့ ခဲယမ်းဖြည့်တင်းရန် "Project 25" ကမ််ပိန်း...👇
https://www.facebook.com/share/p/1A8mor7i9N/
၂။ Bago District People's Defense Organization - ပဲခူးခရိုင် ပကဖ မှ ပြုလုပ်သော "စနိုက်ပါ၊ ရိက္ခာ စစ်ဝတ်တန်ဆာ" ကမ်ပိန်း...
https://www.facebook.com/share/p/14QLLfTMMEq/
၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၃၊အာဠာဝကစစ်ကြောင်း မှ ပြုလုပ်သော "မကြွေမီက ကြိုကာ သိန်း ၁,၅၀၀" ကမ်ပိန်း....
https://www.facebook.com/share/v/1A6mFfhcv4/
#အေအန်န်အမ်မ်တီ
Telegram Channel | 1 274 |
| 16 | https://www.facebook.com/share/p/14QrZWX7Bit/
https://t.me/ANMTarnoldmyotint/9214
#အေအန်န်အမ်မ်တီ | 1 322 |
| 17 | ကျွန်တော့်ပထမပို့စ်ထဲမှာပဲ Edit နဲ့ ထပ်ဖြည့်ထားလိုက်ပြီ...
ကိုခန့်ကို ကို တဆုံးဆွဲချနေတဲ့ May Truly (May Su Zaw) ဆိုတာ သင်္ကြန်အတာနဲ့ ကေ့စ်ဖြစ်တဲ့ ၂၀၂၅ ဖေဖော်ဝါရီလထဲမှာပဲ နောက်ထပ် PDF ရဲဘော်တစ်ယောက်ကိုလည်း အလားတူကေ့စ်မျိုး လုပ်ဆောင်ထားတာကိုတွေ့ရှိရပြီး ထိုရဲဘော်ရဲ့အကောင့်ထဲက အမျိုးသမီးရဲမေတွေကိုလည်း မို-က်မို-က်ရို-င်းရို-င်းတွေ ပြောထားတာပါ။ ဆိုတော့ တစ်လထဲမှာပဲ ကေ့စ်နှစ်ခုလုပ်ဆောင်ထားတာကို စစ်ဆေးတွေ့ရှိရပါတယ်။
နောက်ထပ် PDF ရဲဘော်လေးတစ်ယောက်ကိုဆိုရင် "ဘယ်နေ့Tayမယ်မှန်းမသိလို့ လိ-င်စိတ်အခက်အခဲဖြစ်နေလို့ သဘောတူS-x Chatပေးခဲ့ပါတယ်"ဆိုပြီး ထိုရဲဘော်နဲ့ သူနဲ့ အပြန်အလှန်ချက်ထားကြတာတွေကို မဖုံးမကွယ်ပဲ သူကိုယ်တိုင် လိုက်တိုင်ကြားထားတဲ့ ss တွေကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်ပြောချင်တာက ဒီကိစ္စတွေက ဘာမှတောင်မကြာသေးတဲ့ကာလတွေကြားမှာ သူ့အနေနဲ့ ဒီလောက်အကြိမ်အရေများများ ရည်ရွယ်ချက်ရှိရှိ လုပ်ဖို့ဆိုတာ သာမန်ဖြစ်ရိုးဖြစ်စဥ်လို့ တွေးပေးလို့မရဘူးဆိုတာပဲ။
Facebook တွင် အပြည့်အစုံဖတ်ရှုရန်...
https://www.facebook.com/share/p/1JRXQ2sTTM/
#အေအန်န်အမ်မ်တီ
Telegram Channel | 2 488 |
| 18 | တကိုယ်ရေ BC လုပ်ထားပြီးသားမို့လို့ ဒီအကြောင်းတွေ မပြောတော့ဘူးလို့ နေနေပေမယ့် လေးစားရတဲ့ ကိုမာဝီက အခုလို ပြောလို့ နည်းနည်းတော့ လျှာရှည် ပါရစေဦး။ အမှန်တော့ ကိုမာဝီလို အနေအထားနဲ့က ဒီလို ဘာလို့ပြောရသလဲ နားလည်ပါတယ်။ သူတို့ ကရင်နီ တပ်ဖွဲ့ဝင် အချင်းချင်း ကြားထဲမှာကို အငြင်းပွါးစရာဖြစ်နေလို့ လူကြီးတစ်ယောက်အနေနဲ့ စကားနည်း ရန်စဲ ဖျန်ဖြေတဲ့သဘောမျိုး ပြောတာဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ကိုမာဝီ တစ်ခုလိုသွားတာက ဇာတ်ရည်ကို သေချာမလည်ဘဲ ဝင်ပြောသလို ဖြစ်သွားတာပဲ။ အမှန်တော့ ဗရော်နီကာ နေရာမှာ တခြားသူဆိုရင် ဒီလိုတွေ ဖြစ်စရာမရှိပါဘူး။ သူနဲ့ တွဲရိုက်တဲ့ နော်ဥမ္မာစိုးတို့၊ စူပါရေချမ်းတို့ ဆိုတာ ဘယ်သူတွေ မှန်းတောင် အရင်က သေချာမသိပါဘူး။ သူတို့ ဆီးဂိမ်း ဝင်ပြိုင်နေတာ မသိသလို၊ သိရင်လည်း ဘာမှ အများကြီး ပြောဖြစ်မှာမဟုတ်ဘူး။ သူတို့ကို ကိုယ့်ဘက်ကလူလို့ သတ်မှတ် ထားတာမှမဟုတ်တာ။
ဗရော်နီကာကိုကျတော့ သူ့ရဲ့ထူးချွန်မှုအပြင် ကိုယ့်ဘက်ကလူ ဆိုတဲ့အတွေးနဲ့ အားပေးကြတာ။ အခုလို ခေတ်ပျက်နေတဲ့ ကာလကြီးမှာ အားကစားတွေ၊ ပြိုင်ပွဲတွေဆိုတာ ဘာမှ အရေးမပါဘူးလို့ သဘောထားကြပေမယ့် တော်လှန်ရေးနဲ့ ပတ်သက် ခဲ့တဲ့သူတစ်ယောက် နိုင်ငံတကာအဆင့်မှာ အောင်မြင်နေတာဆိုပြီး ဂုဏ်ယူကြတာ။ ဒီလိုလူမျိုးက စစ်ကောင်စီ ကိုယ်စားပြု ပြိင်နေတဲ့သူတွေကို ပေါ်ပေါ်ထင်ထင် ဂုဏ်ပြုနေတာမြင်ရတော့ ရင်ဘတ်ထဲက နည်းနည်းတော့ အောင့်တာပေါ့။
အဲဒါလောက်နဲ့တင် မပြီးသေးဘူး။ သူ့ကို ချစ်လို့၊ နှမျောလို့ ဝိုင်းသတိပေးကြတဲ့သူတွေ၊ ထောက်ပြကြတဲ့ သူတွေကို မထေမဲ့မြင် လှောင်ပြောင် ရိထေ့တာတွေပါ လုပ်သေးတယ်။ အဆိုးဆုံးက သူ့ကို ဝေဖန်တဲ့ ကရင်နီက အမျိုးသမီးစစ်သည်(မိထော်)တစ်ယောက်ကို follower တွေ အားကိုးနဲ့ အနိုင်ကျင့် Bully လုပ်ခိုင်းတာပဲ။ ဒါတွေကြောင့် တကိုယ်ရည်စာ BC လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။ ဒါဟာ ရန်သူအဖြစ်ရော၊ မိတ်ဆွေအဖြစ်ပါ သတ်မှတ်တာမဟုတ်ဘဲ လုံးဝ ဥပေက္ခာပြုလိုက်တဲ့သဘောပါ။
နောက်ပြီး သူ့လုပ်ရပ်ကြောင့် တော်လှန်ရေးကြီး မထိခိုက်သွားဘူး ဆိုတာကလည်း နည်းနည်းတော့ လွဲနေသလို ခံစားရတယ်။ ဘာကြောင့်ဆို #ကိုမာဝီ_ကိုယ်တိုင်_၂၀၂၄_ခုနှစ်တုန်းက #လေးဖြူကိစ္စနဲ့ပတ်သက်ပြီး #Boycott_ဆိုတာ_အဖိနှိပ်ခံပြည်သူလူထုကို #ပျက်ရယ်ပြုတဲ့သူတွေအပေါ်_လုပ်ဖို့_ရေးခဲ့ဖူးတယ်လေ။ အခု ကျွန်တော်တို့လည်း ကိုမာဝီ စကားအတိုင်း အဖိနှိပ်ခံ ပြည်သူလူထုကို ပျက်ရယ်ပြုလို့ ဗရော်နီကာကို BC လုပ်တာပါဗျာ။ ကျွန်တော်တို့ လုပ်ရပ်ကို နားလည်ပေးလိမ့်မယ်လို့ ယူဆပါတယ်။
လေးစားလျက် …
(PS. ဒီစာဟာ ကိုယ်လေးစားတဲ့ လူတစ်ယောက် အမှား မဖြစ်စေဖို့ friendly reminder လုပ်တာ ဖြစ်ပါတယ်။ ဒီပို့စ်အောက်မှာ ကိုမာဝီကို ရိုင်းစိုင်း စော်ကားတဲ့ ကွန်မန့်များ လာပေးပါက စိမ်းစိမ်းကျက်ကျက် block မှာ ဖြစ်ပါတယ်)
Zin Thaw Naing
မူရင်းပို့စ်...
https://www.facebook.com/share/p/18DksfFpc2/
#အေအန်န်အမ်မ်တီ
Telegram Channel
https://t.me/ANMTarnoldmyotint/9346?single | 1 811 |
| 19 | ကိုမာဝီပြောတဲ့ "Vero Nika ရဲ့လုပ်ရပ်ကြောင့် တော်လှ-န်ရေးကြီး မထိခိုက် သွားဘူး" ဆိုတာကလည်း နည်းနည်းတော့ လွဲနေသလို ခံစားရတယ်။ ဘာကြောင့်ဆို ကိုမာဝီ ကိုယ်တိုင် ၂၀၂၄ ခုနှစ်တုန်းက လေးဖြူကိစ္စနဲ့ပတ်သက်ပြီး BC ဆိုတာ အဖိနှိပ်ခံ ပြည်သူလူထုကို ပျက်ရယ်ပြုတဲ့ သူတွေအပေါ် လုပ်ဖို့ ရေးခဲ့ဖူးတယ်လေ။ အခု ကျွန်တော်တို့လည်း ကိုမာဝီ စကားအတိုင်း အဖိနှိပ်ခံ ပြည်သူလူထုကို ပျက်ရယ်ပြုလို့ ဗရော်နီကာကို BC လုပ်တာပါဗျာ။ ကျွန်တော်တို့ လုပ်ရပ်ကို နားလည်ပေး လိမ့်မယ်လို့ ယူဆပါတယ်။
Zin Thaw Naing
အပြည့်အစုံဖတ်ရှုရန်...
https://www.facebook.com/share/p/18DksfFpc2/
#အေအန်န်အမ်မ်တီ | 1 425 |
| 20 | ကိုခန့်ကိုကေ့စ် အပိုဒ် ၂
ဖြစ်ချင်တော့ မနေ့က ဒီဇင်ဘာ ၁၅ ရက်နေ့ညပိုင်းမှာ ထိုအမျိုးသမီးက ကျွန်တော့်နဲ့ မယ်ခန့်ရဲ့ပို့စ်တွေထဲဝင်မန့်ပါတယ်၊ သူ့ (May Su Zaw)အကောင့်မှာတင်ထားတဲ့ My Day တွေထဲမှာ မပန်ဆယ်လိုတို့ ကိုဝင်းထင်တို့ View ဖြစ်နေတာ ကျွန်တော်တို့ကြောင့်၊ ကျွန်တော်တို့က နောက်ကွယ်မှာ သူ့ကိုလု-ပ်ကြံတာဆိုပြီး ဝင်မန့်တဲ့အပြင်၊ မန်းရှင်းခေါ်ပြီး ပို့စ်တင်ထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် သူအခု ကိုယ့်ကိုကိုယ် သ-တ်Tayတော့မယ်၊ သူဒီလိုလုပ်တာ ကျွန်တော်နဲ့မယ်ခန့်ကြောင့်ပါဆိုပြီး မယ့်ဆီကို စာတွေပို့လို့ အတော်လေး စိတ်တိုသွားတာနဲ့ မနေ့ညကပဲ ဘလော့ပစ်လိုက်ရတယ်။ ဒါဟာ သက်သက်မဲ့ ကျွန်တော်တို့ကို စိတ်အနှော-က်အယှ-က်ပေးတာ၊ သူကိုယ်တိုင် ကျွန်တော့်ဆီ လာရောက်မတိုင်ကြားခင်ကတည်းက ပို့စ်ရေးတင်ထားတဲ့ "အသိမိတ်ဆွေအစ်ကိုတစ်ယောက်"ဆိုတဲ့သူနဲ့ အကြိမ်ရေမနည်း ချိတ်ဆက်ဖူးတဲ့ကိစ္စ။ အဲ့ဒါကို မဆီမဆိုင် ကျွန်တော်နဲ့မယ်ခန့်ဆီ မြှားဦးတ-ည်လာတာမျိုးတော့ လက်ခံမပေးနိုင်ဘူး။
သူ့အကြောင်း ကျွန်တော်စုံစမ်းသိရှိထားတာတွေက သက်သေနဲ့တကွ အတိအကျရှိပါတယ်၊ အမျိုးသားတွေကို လိ-င်ကိစ္စနဲ့ပတ်သက်ပြီး ပစ်မှတ်ထားခဲ့တဲ့ဖြစ်စဥ်က အခုကိုခန့်ကိုတစ်ယောက်တည်းမဟုတ်ကြောင်း လေ့လာတွေ့ရှိရတာမျိုးပါ။ PDF ရဲဘော်လေးတစ်ယောက်ကိုဆိုရင် "ဘယ်နေ့Tayမယ်မှန်းမသိလို့ လိ-င်စိတ်အခက်အခဲဖြစ်နေလို့ သဘောတူS-x Chatပေးခဲ့ပါတယ်"ဆိုပြီး ထိုရဲဘော်နဲ့ သူနဲ့ အပြန်အလှန်ချက်ထားကြတာတွေကို မဖုံးမကွယ်ပဲ သူကိုယ်တိုင် လိုက်တိုင်ကြားထားတဲ့ ss တွေကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်ပြောချင်တာက ဒီကိစ္စတွေက ဘာမှတောင်မကြာသေးတဲ့ကာလတွေကြားမှာ သူ့အနေနဲ့ ဒီလောက်အကြိမ်အရေများများ ရည်ရွယ်ချက်ရှိရှိ လုပ်ဖို့ဆိုတာ သာမန်ဖြစ်ရိုးဖြစ်စဥ်လို့ တွေးပေးလို့မရဘူးဆိုတာပဲ။
ပြီးတော့ ဟိုတလောက အုပ်စုလိုက်ရ-န်ဖြစ်ကြတဲ့ လူငယ်အုပ်စုအကြား ball မယုန်လေးကြားဝင်ခဲ့လို့ ဟော့ပ်ဖြစ်သွားတဲ့ကိစ္စ၊ အဲ့ကိစ္စမှာ အဓိက ညှိနှိုင်းပေးခဲ့တဲ့ ဝေယံထက်ရှိုင်းနဲ့ May Truly (May Su Zaw) နဲ့လည်း အပြန်အလှန် Tag တွဲပြီး ရင်းနှီးတဲ့အချိတ်အဆက်ရှိနေတာပါ။ ဝေယံထက်ရှိုင်းက တော်လှ-န်ရေးရှေ့ကာလတွေမှာ ဘယ်လိုတွေဘုံးခဲ့ကြောင်း ဘယ်လိုဒလန်လုပ်ခဲ့ကြောင်း ကိုခန့်ကိုဖော်ထုတ်ရေးသားဖူးပါတယ်။ ဒါကြောင့် အခုကိစ္စက သာမန်လို့မှတ်ယူမရပါဘူး။
ပြီးတော့ ကျွန်တော်အခု တဆင့်စကား တဆင့်နားနဲ့ ပြန်ကြားထားရတဲ့စကားလုံးတွေဆိုရင် ကျွန်တော့်အပါအဝင်၊ ကိုဇင်ဇေလွင်၊ ဒေါက်တာဖြိုးသီဟတို့က ကိုခန့်ကို ငွေချူစားတာတွေအပြင် အခြားသော ကိုခန့်ကိုရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ဖုံးဖိပေးထားပါတယ်ဆိုပြီး သတင်းလိုက်လွှင့်ထားတဲ့ စကားလုံးတွေပါ။ ကျွန်တော့်သက်တမ်းတလျှောက် သူ့လူမို့ ကိုယ့်လူမို့ဆိုပြီး ဘက်လိုက်ရပ်တည်ပေးတာမျိုး တကြိမ်တခါမှမလုပ်ခဲ့ဖူးဘူးဆိုတာ ကျွန်တော့်လုပ်ရပ်တွေကို ကြည့်ပြီး သုံးသပ်နိုင်ပါလိမ့်မယ်။ အခု ဒီပို့စ်ရေးရတဲ့ ရည်ရွယ်ချက်ကလည်း ကာယကံရှင်ကိုယ်တိုင် ထွက်ရေးမယ့်အချိန်ကို စောင့်နေခဲ့တာပါ။ ကျွန်တော့်စိတ်နဲ့ကျွန်တော်ဆို ရေးတင်ပြောဆိုပြီးတာကြာပေါ့။ အခုလည်း သတိထားလို့ရအောင် တင်ပြတဲ့သဘောပါ။ ကွန့်မန့်မှာ Link တွေ ထည့်သွင်းပေးထားပါတယ်၊ အပြည့်အစုံနားလည်ချင်ရင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
မှတ်ချက် ။ ။ အဓိကမိန်းပွိုင့်က ဘာလဲဆိုတာကသာ အရေးကြီးတယ်လို့ မှတ်ယူတာကြောင့် ဒီပို့စ်ထဲမှာ မိသားစုရေးကိစ္စ တစ်လုံးမှထည့်သွင်း ပြောစရာမလိုဘူးထင်လို့ ထည့်မပြောပါဘူး။
#အေအန်န်အမ်မ်တီ | 1 191 |
