fa
Feedback
India Movie Upload

India Movie Upload

رفتن به کانال در Telegram

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇 @sithuaung2006

نمایش بیشتر
2025 سال در اعدادsnowflakes fon
card fon
371 761
مشترکین
-19124 ساعت
-2997 روز
+5730 روز
آرشیو پست ها
Photo unavailableShow in Telegram
Manjhi: The Mountain Man (2015) IMDB (/10) (အချစ်အတွက်နဲ့ တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့သူ (သို့မဟုတ်) ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အံ့ဖွယ်လူသား) ကမ္ဘာပေါ်မှာ အချစ်ကိုနည်းအမျိူးမျိုးပုံဖော်ကြပါတယ် ကိုယ့်ချစ်သူ အတွက် ဘာမဆိုလုပ်ပေးမယ်..စွန့်လွတ်အနစ်နာခံရဲတယ်..တစ်ချို့က ကိုယ့်ချစ်သူအတွက်အိမ်လေးတစ်လုံး ဆောက်ပေးတာ..တစ်ချို့က ကိုယ့်ချစ်သူအတွက် ရွှေငွေရတနာတွေ အပြည့်နဲ့ ကိုယ့်ချစ်ရတဲ့သူ စိတ်ချမ်းသာအောင်ဖန်တီးပေးကြတာ အချစ်အတွက်နဲ့ တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့တဲ့သူရှိတယ်လို့ ကျွန်တော်ကပြောရင် ခင်ဗျားတို့ ယုံကြည်လိုက်ပါ အဲ့လူဟာ တကယ်ကိုပဲ တောင်တစ်လုံးလုံးကို တစ်ယောက်ထဲဖြိုခဲ့လို့ လူ့အသိုင်းအဝိုင်းမှာရော ကမ္ဘာ့အသိုင်းအဝိုင်းမှာပါ သူ့ကိုအံသြစွာနဲ့လက်ခံခဲ့ကြရပါတယ် နောက်ဆုံး သူဟာ ကမ္ဘာ့ဂင်းနစ်စံချိန်မှာ အံ့ဖွယ်လူသားအဖြစ် မှတ်တမ်းတင်ခြင်းကိုလည်း ခံခဲ့ရပါတယ် သူကတော့ အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ Dasharth Manjhi ဆိုတဲ့ သူပါပဲ အခု ကျွန်တော်ညွှန်းချင်တဲ့ ဇာတ်ကားကတော့ Manjhi အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ပါ 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1329 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
Photo unavailableShow in Telegram
Mahanati (2018 ) မြန်မာစာတန်းထိုး ===================== Telegu နဲ့ Tamil ရုပ်ရှင်တွေမှာ တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက္များခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်၊ နောက်ခံအဆိုတော်၊ အကပညာရှင် နဲ့ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့ဖူးတဲ့ Savitri ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဘဝအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့...... ဘန်ဂလောမှာ လူကြိုက္များခဲ့တဲ့ ခေတ်ဟောင်းမင်းသမီး Savitri ဟာ အိမ်ယာထက္မှာ သတိမေ့နေတာကို သူ့သားလေးကတွေ့လို့ ဆေးရုံတင်ခဲ့ပေမဲ့ ကိုမာဝင်သွားခဲ့တယ် ကိုမာဝင်နေတာ တစ်နှစ်ပြည့်တဲ့နေ့မှာဘဲ သတင်းထောက္မလေးဗန်နီဟာ အယ်ဒီတာရဲ့အဆိုင်းချမှုကြောင့် သူမသတင်းရေးရဖို့ ဖြစ်လာတယ် ဗန်နီဟာ အိမ်ကစီစဉ်ထားမှုကြောင့် မကြာခင်အိမ်ထောင်ပြုရတော့မှာ အိမ်ထောင်ပြုပြီးရင် သူမကအလုပ်လုပ်လို့မရတော့ဘူး ဒါကြောင့် ဒီသတင်းဟာသူမရဲ့နောက်ဆုံးအခွင့်အရေးဆိုလည်းဟုတ်တယ် ပထမတော့ ကိုမာဖြစ်နေတာ တစ်နှစ်ကျော်နေတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့သတင်းကို ရေးရမှာစိတ်မဝင်စားပေမဲ့ ဓါတ်ပုံဆရာကြီးဆီက ဓါတ်ပုံလေးတစ်ပုံနဲ့ သူမနောက်ဆုံးရေးခဲ့တဲ့စာလေးကို ဖတ်မိပြီးနောက်မှာတော့ လူတွေမသိသေးတဲ့ သူမဘဝရဲ့နောက်ကွယ်က အကြောင်းတွေကို ရေးသားဖို့အတွက် စတင်စုံစမ်းပါတော့တယ် Savitri ရဲ့အဖေဟာ သူမခြောက်လသမီးလေးကတည်းက သေဆုံးသွားခဲ့ပြီး အမေဖြစ်သူက သူမရဲ့အဒေါ်နဲ့ဦးလေးဖြစ်သူဆီခေါ်သွားခဲ့တယ် ငယ်ငယ်လေးကတည်းက အနုပညာဗီဇပါလာတာကြောင့် ရွာမှာအကပညာသင်ယူခဲ့ပြီး ပြဇာတ်တွေမှာလည်း ဝင်သရုပ်ဆောင်ခဲ့တယ် ပြဇာတ်ခေတ်တွေကနေ ရုပ်ရှင်ခေတ်ဆီရောက်လာချိန်ရောက်တော့ သူမဦးလေးဖြစ်သူနဲ့မြို့ပေါ်ရောက်ပြီးနောက်မှာတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ဘယ်လိုတွေကြိုးစားခဲ့လဲ…..? သူမဘဝရဲ့ဇာတ်လမ်းက အများသိတာအောင်မြင်မှုတွေ ကြွယ်ဝချမ်းသာမှုတွေဖြစ်နေပေမဲ့ နောက်ကွယ်မှာ ဘယ်လောက်တောင် ဝမ်းနည်းစရာဇာတ်လမ်းတွေရှိခဲ့လဲ….? အဆုံးသတ်မှာတော့တော့ သူမယူသွားနိုင်ခဲ့တာ ဘာတွေများလဲ….? Dramaဇာတ်ကားနှစ်သက်သူတွေ အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းတစ်ခုမို့ စောင့်မျှော်ကြည့်ရှု့ကြပါဦးနော် ဒီဇာတ်ကားမှာ မင်းသမီး Keerthy Suresh နဲ့ မင်းသား Dulquer Salmaan တို့က အဓိကပါဝင်ထားပြီး Samantha Akkineni နဲ့ Vijay Deverakonda တို့ကတော့ ဇာတ်ပို့အနေနဲ့ပါဝင်ထားကြပါတယ်..... 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1327 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
1
Photo unavailableShow in Telegram
ဟိတ် ဟိတ် 𝐒𝐡𝐰𝐞 𝐂𝐚𝐬𝐢𝐧𝐨 မှာ တစ်ပတ်လုံးမှာတနလာင်္နေ့ကနေ သောကြာနေ့အထိ မတူတဲ့ အမိုက်စားတွေနဲ့ ရှယ်ထောရှယ်တန် ပရိုမိုးရှင်းလာပါပြီ။ 💸 တနင်္လာနေ့ နဲ့ အင်္ဂါနေ့ - 𝟐𝟎% 𝐖𝐄𝐋𝐂𝐎𝐌𝐄 𝐁𝐎𝐍𝐔𝐒 💸 💸 ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ - 𝟐𝟓% 𝐇𝐀𝐏𝐏𝐘 𝐇𝐎𝐔𝐑 💸 💸 သောကြာနေ့ - 𝟓% 𝐅𝐎𝐑 𝐄𝐕𝐄𝐑𝐘 𝟏𝟎𝟎,𝟎𝟎𝟎𝐌𝐌𝐊 💸 အသေးစိတ်ဖတ်ရှုရန် 👉 https://cutt.ly/erLRboGE 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1
نمایش همه...
1
Photo unavailableShow in Telegram
Manikarnika [2019] မြန်မာစာတန်းထိုး =============== Manikarnika [သို့မဟုတ်] စစ်ပွဲတို့၏သခင်မ ” ကျောထက်မှာ သားကို ပိုးလို့ ၊ လက်ဖဝါးမှာလည်း ဓားကို ဆုပ်လို့ “ဤမြင်ကွင်းသည် မြင်နေကြ ရှုခင်းမဟုတ်။ လှပစွာ စုက်ချက်ထွင်းထားသည့် ပန်းချီကား ဟုလည်း မဆိုနိုင်။ သို့ပင် နှစ်လိုဖွယ် ကောင်းလှသည်။ ဤသည်ကားတိုက်ခိုက်ရေး အသွင်မှ ထင်းလင်းလာသည့် ပုံရိပ်ဖြစ်သည်။ ထိုအချိန်ဝယ် ရှိရင်းစွဲ စန္ဒကူး ရနံ့ တို့လည်း သင်းပျံ့မည် မထင်။ ရဲရဲစွေး ပေကျံနေသော သွေးညီနံ့ တလိမ်းလိမ်း ဖြင့်သာ ထုံလွှမ်းနေပေလိမ့်မည်။ သူမ၏ ကျောထက်မှ သား သည် တိုင်းပြည် ၏ အသက် ဖြစ်သည်။ သူမ လက်ဖဝါးတို့သည် နူးညံ့စွာ တည်ရှိရမည့်အစား ရဲရင့်လှသည် ထို့နှင့် သွေးကြော အမျှင် တန်းတို့ သည်လည်း အညံ့မခံလိုသော စိတ်တို့ ကို လစ်ဟနေသည်။ ထိုအချိန်တွင် တိုင်းသူ့ပြည်သား တို့သည် သူမအတွက် အသက်ပင် စွန့်ပစ်ရပါစေ ပေးဆပ်ဖို့ အသင့်ဖြစ်နေကြလေပြီ။ သူမကား အခြားသူမဟုတ်။ လက်ရုံးရည် နှလုံးရည် ပြည့်ဝလှသော မိန်းမကောင်း မိန်းမမြတ် စာရင်းဝင် ” လက်ရ်ှမီးဘိုင် “ပင်ဖြစ်တော့သည်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1314 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
2
Photo unavailableShow in Telegram
သူတောင်းစားဖြစ်တာတောင် စော်ကြည်နေတဲ့ ဂင်ချားနား 🤣🤣 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ ၂ ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့် သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါ..ဒီလိုထူးခြားမှုတွေကြောင့် တစ်နေ့တော့ နိုင်ငံရဲ့လျှိဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့အဖွဲရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်..အဲ့လိုကနေ ဂင်ဘုံဂျွန်တယောက် အေးဂျင့်ဂျွန်အဖြစ်နဲ့ လုပ်ကြံသူအဖွဲရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ်..ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ အေးဂျင့်အလုပ်ကို ငြီးငွေ့လာတဲ့ ဂျွန်က အဲ့လောကကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့ ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်.. ၁၅ နှစ်အကြာမှာ သူ့ရဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ လုပ်ကြံသူအေးဂျင့်ဘဝဇာတ်ကြောင်းကာတွန်းက နာမည်ကြီးလာခဲ့ပြီး လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်က ဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာတော့.. အေးချမ်းတဲ့ဘဝမှာ ကိုယ်ယောင်ဖျောက်နေတဲ့ အေးဂျင့်ဂျွန်တယောက် ဒီလောကအရိပ်မည်းလက်ထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာ.. 😍ကြည့်ရန်နှိပ်ပါ👇 t.me/+YqpEGvot7sI3OGI1 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
Photo unavailableShow in Telegram
ဟိတ် ဟိတ် 𝐒𝐡𝐰𝐞 𝐂𝐚𝐬𝐢𝐧𝐨 မှာ တစ်ပတ်လုံးမှာတနလာင်္နေ့ကနေ သောကြာနေ့အထိ မတူတဲ့ အမိုက်စားတွေနဲ့ ရှယ်ထောရှယ်တန် ပရိုမိုးရှင်းလာပါပြီ။ 💸 တနင်္လာနေ့ နဲ့ အင်္ဂါနေ့ - 𝟐𝟎% 𝐖𝐄𝐋𝐂𝐎𝐌𝐄 𝐁𝐎𝐍𝐔𝐒 💸 💸 ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ - 𝟐𝟓% 𝐇𝐀𝐏𝐏𝐘 𝐇𝐎𝐔𝐑 💸 💸 သောကြာနေ့ - 𝟓% 𝐅𝐎𝐑 𝐄𝐕𝐄𝐑𝐘 𝟏𝟎𝟎,𝟎𝟎𝟎𝐌𝐌𝐊 💸 အသေးစိတ်ဖတ်ရှုရန် 👉 https://cutt.ly/erLRboGE 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1
نمایش همه...
Photo unavailableShow in Telegram
Shootout at Wadala [2013] အိန္ဒိယရဲ့ ဒုစရိုက်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဘုံဘေ မြို့(ယခုအခေါ် မွမ်ဘိုင်းမြို့)ဟာ သိပ်ကို အရှုပ်ထွေးဆုံးပါပဲ.... ဂိုဏ်းတွေအချင်းချင်းပြိုင်ဆိုင်သတ်ဖြတ်ကြတာတွေ နည်းနည်းလေးမှ သေးသေးတင်မခံတဲ့ ဂိုဏ်းစတားတွေကြောင့် လူသတ်ပွဲဆိုတာတွေ မမြင်ချင်မှအဆုံးပါပဲ.. နောက်ပြီးရဲတွေဆိုတာ အဲ့ဒီခေတ်မှာ အရာမရောက်ခဲ့ကြဘူး...အခုခေတ်စကားနဲ့ပြောရမယ်ဆို ဘောင်မဝင်ကြဘူးပေါ့ဗျာ.. ရဲတစ်ယောက်က လူမိုက်တစ်ယောက်ကို သွားဖမ်းဖို့ ဆိုရင် ဝရမ်းပါမှ ရမယ်တို့မျက်မြင်သက်သေရှိလားတို့နဲ့ ရဲတွေဟာ လုပ်ပိုင်ခွင့် ဆုံးရှုံးခဲ့ကြတယ်.. အကယ်၍မျက်မြင်သက်သေရှိနေတယ်ဆိုရင်တောင် ဂိုဏ်းတွေကို ကြောက်ကြတဲ့အတွက် ဘယ်သူကမှ သက်သေမထွက်ဆိုရဲကြဘူး... အဲ့လိုနဲ့ ရဲတွေရဲ့ သိက္ခာဟာထိုခေတ်ထိုအချိန်က ဟိုးအောက်ဆုံးထိ ရောက်ခဲ့ရတယ်... အဲ့ဒီအချိန်မှာအဓိကဇာတ်ဆောင် မင်းသားက ရိုးရိုးကုတ်ကုတ် တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ပဲ ရှိသေးတာပေါ့ ပထွေးရဲ့နှိပ်စက်ခံရတဲ့ဘဝကနေ ရုန်းထွက်ဖို့အတွက် စာကိုကြိုးစားနေရင်းကနေ ပထွေးရဲ့သားဖြစ်သူသူ့အကိုလူမိုက်ကို ကယ်ခဲ့လို့ လူသတ်မှု ကြံရာအဖြစ်ထောင်ကျခဲ့ရတယ်... 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1298 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
2
Photo unavailableShow in Telegram
ဟိတ် ဟိတ် 𝐒𝐡𝐰𝐞 𝐂𝐚𝐬𝐢𝐧𝐨 မှာ တစ်ပတ်လုံးမှာတနလာင်္နေ့ကနေ သောကြာနေ့အထိ မတူတဲ့ အမိုက်စားတွေနဲ့ ရှယ်ထောရှယ်တန် ပရိုမိုးရှင်းလာပါပြီ။ 💸 တနင်္လာနေ့ နဲ့ အင်္ဂါနေ့ - 𝟐𝟎% 𝐖𝐄𝐋𝐂𝐎𝐌𝐄 𝐁𝐎𝐍𝐔𝐒 💸 💸 ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ - 𝟐𝟓% 𝐇𝐀𝐏𝐏𝐘 𝐇𝐎𝐔𝐑 💸 💸 သောကြာနေ့ - 𝟓% 𝐅𝐎𝐑 𝐄𝐕𝐄𝐑𝐘 𝟏𝟎𝟎,𝟎𝟎𝟎𝐌𝐌𝐊 💸 အသေးစိတ်ဖတ်ရှုရန် 👉 https://cutt.ly/erLRboGE 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1
نمایش همه...
1
Photo unavailableShow in Telegram
ဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ် ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊ လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေ ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့ သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် သွားရောက် ပူဇော်ရမယ်ဆိုတဲ့ ဂုရုကြီးရဲ့ပြောကြားချက်ကြောင့်နဲ့ ဒီမိသားစုဟာ ဘိုးဘေးတွေကိုးကွယ်တဲ့ ဘုရားကျောင်းရှိရာမြို့လေးဆီကို လာရဖို့ ဖြစ်လာတဲ့အခါမှာ သူတို့ တစ်မိသားစုလုံး နေထိုင်နိုင်ဖို့အတွက် ဘုရားကျောင်းနဲ့လည်း နီးတဲ့ စံအိမ်ကြီးတစ်ခုကို ငှားလိုက်ရာကနေ အဲဒီစံအိမ်ကြီးထဲကို သူတို့တွေ ရောက်လို့လာခဲ့ကြတဲ့အခါမှာတော့..... 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1279 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
1
Photo unavailableShow in Telegram
အခြေခံ ဘဏ်စာရင်းကိုင်တစ်ဦးအဖြစ်နဲ့တစ်မိသားစုလုံးရဲ့တာဝန်ကိုယူထားရတဲ့ဘာစကာဟာ မိသားစုဆင်မပြေမှုတွေ ငွေရေးကြေးရေးကိစ္စတွေအတွက် လက်ထောက်မန်နေဂျာရာထူးကိုအချိန်တော်ကြာစောင့်ဆိုင်းခဲ့ရတယ် ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူလိုချင်တဲ့ရာထူးကိုစွန့်လွှတ်လိုက်ရပေမဲ့ တစ်ဖက်မှာ ရာထူးထက်ပိုက်ဆံပိုရတဲ့နည်းလမ်းကိုရှာတွေ့သွားပါတော့တယ်... နေ့ချင်းညချင်း ဆင်းရဲတွင်းထဲကနေ ထွက်ခွာနိုင်ခဲ့ပြီး မိသားစုကို အရာအားလုံးဖြည့်ဆည်းနိုင်ခဲ့ပေမယ် သူ့ရဲ့လုပ်ငန်းတွေဟာ ဘဏ်ငွေကြေးခဝါချမှုတွေနဲ့ပတ်သတ်နေတော့ ဘာစကာတစ်ယောက် ဘဏ်ငွေရှင်းတမ်းအရှုပ်တော်ပုံထဲကနေ ဘယ်လိုရုံးထွက်မလဲ ဘယ်လိုလူတွေက သူ့ကိုမသမာနည်းလမ်းဘက်ကိုတွန်းပို့ခဲ့တာလဲဆိုတာ အလယ်လတ်တန်းစားသမားတွေရဲ့မခံချင်စိတ် ငွေကြေးဥစ္စာမရှိရင် အသုံးမဝင်တာတွေကိုပြသပေးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1277 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
Photo unavailableShow in Telegram
ဟိတ် ဟိတ် 𝐒𝐡𝐰𝐞 𝐂𝐚𝐬𝐢𝐧𝐨 မှာ တစ်ပတ်လုံးမှာတနလာင်္နေ့ကနေ သောကြာနေ့အထိ မတူတဲ့ အမိုက်စားတွေနဲ့ ရှယ်ထောရှယ်တန် ပရိုမိုးရှင်းလာပါပြီ။ 💸 တနင်္လာနေ့ နဲ့ အင်္ဂါနေ့ - 𝟐𝟎% 𝐖𝐄𝐋𝐂𝐎𝐌𝐄 𝐁𝐎𝐍𝐔𝐒 💸 💸 ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ - 𝟐𝟓% 𝐇𝐀𝐏𝐏𝐘 𝐇𝐎𝐔𝐑 💸 💸 သောကြာနေ့ - 𝟓% 𝐅𝐎𝐑 𝐄𝐕𝐄𝐑𝐘 𝟏𝟎𝟎,𝟎𝟎𝟎𝐌𝐌𝐊 💸 အသေးစိတ်ဖတ်ရှုရန် 👉 https://cutt.ly/erLRboGE 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1
نمایش همه...
Photo unavailableShow in Telegram
Raavana Kottamဆိုတဲ့ အိန္ဒိယပညာပေးဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အိန္ဒိယမှာ နှစ်တိုင်း နိုင်ငံရေးသမားတွေရဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကြောင့်နစ်နာခဲ့ရတဲ့ လူငယ်တွေအများကြီးရှိနေပါတယ်။ အမျိုးဇာတ်အဓိကရုဏ်းလို နာမည်တပ်ပြီးသူတို့လုပ်ချင်ရာလုပ်ကြတဲ့ အတ္တသမားနိုင်ငံရေးသမားတွေရဲ့ ရက်စက်ပုံကိုရိုက်ကူးပြသထားတာပါ။ ရွာနှစ်ရွာပေါင်းပြီး အုပ်ချုပ်စီမံခန့်ခွဲနေတဲ့ ရွာလေးမှာ နိုင်ငံခြားကုမ္ပဏီတွေကသတ္ထုကြောတွေ့ထားလို့ဆိုပြီး အဲ့နေရာကိုအပိုင်စိုးချင်နေကြပါတယ်။ အဲ့တော့ နည်းအမျိုးမျိုးနဲ့ရွာသားတွေကို ရွာမှာမနေနိုင်အောင် လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် ရွာသားတွေကအရမ်းစည်းလုံးနေကြတာမို့လို့ အရာမရောက်ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီစည်းလုံးမှုကိုမရရအောင်ဖြိုခွဲခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ။ရွာသားတွေအကုန်ရွာကထွက်သွားမှာလား။ အစိုးရကိုပဲ ပြန်လည်တိုက်ခိုက်မလားဆိုတာကိုရိုက်ကူးပြသသွားတာပါ။ရိုမန့်အရောလေးနဲ့အတူ ပညာပေးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြည့်ရတာ အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်မှာပါ။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1252 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
1
Photo unavailableShow in Telegram
အိန္ဒိယ နိုင်ငံမှာ ဝင်ငွေစံချိန်တင်ခဲ့ပြီး IMDb rating 6.6 ထိရရှိထားတဲ့ သည်းထိပ်ရင်ဖိုဒရာမာကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်… တောင်တက်လမ်းပြအဖြစ် တစ်ဘဝလုံး နှစ်မြုပ်ထားတဲ့ ရှီဗား …သူ့ဘဝကတောင်တက်သမားတွေကို လမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြု ပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် …တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကို 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1250 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
Photo unavailableShow in Telegram
ဟိတ် ဟိတ် 𝐒𝐡𝐰𝐞 𝐂𝐚𝐬𝐢𝐧𝐨 မှာ တစ်ပတ်လုံးမှာတနလာင်္နေ့ကနေ သောကြာနေ့အထိ မတူတဲ့ အမိုက်စားတွေနဲ့ ရှယ်ထောရှယ်တန် ပရိုမိုးရှင်းလာပါပြီ။ 💸 တနင်္လာနေ့ နဲ့ အင်္ဂါနေ့ - 𝟐𝟎% 𝐖𝐄𝐋𝐂𝐎𝐌𝐄 𝐁𝐎𝐍𝐔𝐒 💸 💸 ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ - 𝟐𝟓% 𝐇𝐀𝐏𝐏𝐘 𝐇𝐎𝐔𝐑 💸 💸 သောကြာနေ့ - 𝟓% 𝐅𝐎𝐑 𝐄𝐕𝐄𝐑𝐘 𝟏𝟎𝟎,𝟎𝟎𝟎𝐌𝐌𝐊 💸 အသေးစိတ်ဖတ်ရှုရန် 👉 https://cutt.ly/erLRboGE 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1
نمایش همه...
Photo unavailableShow in Telegram
Vaathi (2023) ------------------- IMDb-7.6/10 သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ် အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီး အဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့ သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့..... ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1240 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
1
Photo unavailableShow in Telegram
စမ်းသပ်ကုတင်ပေါ်မှာ ကလီစာတွေ ဖြုတ်ထုတ်ခံခဲ့ရတဲ့ တတိယနှစ် ဆေးကျောင်းသူလေးတစ်ယောက်ရဲ့ လူမသိတဲ့ ဖြစ်ရပ် နဲ့ တစ္ဆေတစ်ကောင်ရဲ့ နာကျည်းမှုနောက်ကွယ်က တန်ပြန်ဂလဲ့စား..... ဘယ်လောက်မိုက်လဲဆိုတာတော့ … ဇာတ်လမ်းအကျဉ်းကတော့ .... အချိန်က ၁၉၅၂ ခုနှစ်၊ ဘုံဘေမှာ ကားမတော်တဆဖြစ်ခဲ့တဲ့ လူနာအတွက်ကိုက်ညီတဲ့ သွေးအမျိုးအစား မရရှိခဲ့ဘူး အဆိုပါ သွေးအမျိုးအစားအတွက် သွေးအုပ်စုအသစ်တစ်ခု ပေါ်လာခဲ့တယ်. " ဘုံဘေသွေးအုပ်စု " ရှားပါးတဲ့ ဘုံဘေသွေးအုပ်စု ပိုင်ဆိုင်ထားတဲ့ တောင်ပေါ်ရွာလေးတစ်ရွာရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်ကြီးမှာ မည်သူတွေ စတေးခံရမလဲ.? ဆေးပညာကို အသုံးချပြီး ဘုံဘေသွေးအုပ်စုပိုင်ရှင်တွေရဲ့ အတွင်းကလီ စာတွေ ဖြုတ်ထုတ်ခဲ့သူတွေအတွက် သွားရာလမ်းက ဘယ်လဲ.? 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1238 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
Photo unavailableShow in Telegram
ဟိတ် ဟိတ် 𝐒𝐡𝐰𝐞 𝐂𝐚𝐬𝐢𝐧𝐨 မှာ တစ်ပတ်လုံးမှာတနလာင်္နေ့ကနေ သောကြာနေ့အထိ မတူတဲ့ အမိုက်စားတွေနဲ့ ရှယ်ထောရှယ်တန် ပရိုမိုးရှင်းလာပါပြီ။ 💸 တနင်္လာနေ့ နဲ့ အင်္ဂါနေ့ - 𝟐𝟎% 𝐖𝐄𝐋𝐂𝐎𝐌𝐄 𝐁𝐎𝐍𝐔𝐒 💸 💸 ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ - 𝟐𝟓% 𝐇𝐀𝐏𝐏𝐘 𝐇𝐎𝐔𝐑 💸 💸 သောကြာနေ့ - 𝟓% 𝐅𝐎𝐑 𝐄𝐕𝐄𝐑𝐘 𝟏𝟎𝟎,𝟎𝟎𝟎𝐌𝐌𝐊 💸 အသေးစိတ်ဖတ်ရှုရန် 👉 https://cutt.ly/erLRboGE 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1
نمایش همه...
1
Photo unavailableShow in Telegram
ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ် မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါ ဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ် အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့ အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကို အကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူး ဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ် ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ.... 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1209 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
2
Photo unavailableShow in Telegram
ဟိတ် ဟိတ် 𝐒𝐡𝐰𝐞 𝐂𝐚𝐬𝐢𝐧𝐨 မှာ တစ်ပတ်လုံးမှာတနလာင်္နေ့ကနေ သောကြာနေ့အထိ မတူတဲ့ အမိုက်စားတွေနဲ့ ရှယ်ထောရှယ်တန် ပရိုမိုးရှင်းလာပါပြီ။ 💸 တနင်္လာနေ့ နဲ့ အင်္ဂါနေ့ - 𝟐𝟎% 𝐖𝐄𝐋𝐂𝐎𝐌𝐄 𝐁𝐎𝐍𝐔𝐒 💸 💸 ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ - 𝟐𝟓% 𝐇𝐀𝐏𝐏𝐘 𝐇𝐎𝐔𝐑 💸 💸 သောကြာနေ့ - 𝟓% 𝐅𝐎𝐑 𝐄𝐕𝐄𝐑𝐘 𝟏𝟎𝟎,𝟎𝟎𝟎𝐌𝐌𝐊 💸 အသေးစိတ်ဖတ်ရှုရန် 👉 https://cutt.ly/erLRboGE 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1 🔰 Shwe App ဒေါင်းရန်👉 https://cutt.ly/5rDbe0X1
نمایش همه...
2
Photo unavailableShow in Telegram
12th Fail (2023) "ရိုးဂုဏ်" ဇာတ်ကားသစ် =================== IMDb - 9.2/10 2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး... 😍ကြည့်ရန်နှိပ်ပါ👇 t.me/indiamovie4/1144 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl
نمایش همه...
3🥰 2