fa
Feedback
Movie_Max_Myanmar_Channel

Movie_Max_Myanmar_Channel

رفتن به کانال در Telegram

🚩 Channel was restricted by Telegram

نمایش بیشتر
2025 سال در اعدادsnowflakes fon
card fon
354 990
مشترکین
-15324 ساعت
-1 1517 روز
-5 16330 روز
آرشیو پست ها
Prohibited content
I Sell the Dead (2008) ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
1
Prohibited content
Mutant Chronicles (2008) IMDB: 5.2/10 “တစ်ခါတုန်းက လူသားမျိုးနွယ်တွေကို သန္ဓေပြောင်းသတ္တဝါကောင်တွေအဖြစ် ပြောင်းလဲပစ်တဲ့စက်ကြီးတစ်ခု အာကာသကနေ ကျလာခဲ့တယ်။ ဒါပေမဲ့ Neachdainn ဆိုတဲ့ ကယ်တင်ရှင် စစ်သည်တော် ပေါ်ပေါက်လာပြီး သူ့ညီအစ်ကိုတွေနဲ့အတူ အဲဒီစက်ယန္တရားကြီးကို မြေအောက်ထဲ မြှပ်နှံနိုင်ခဲ့တာကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တယ်။”ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒါပေမဲ့ 2707 ခုနှစ် အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပြီး အဲဒီစက်ယန္တရားကြီး ပြန်ပွင့်သွားတာကြောင့် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ကပ်ဆိုက်လာပါတော့တယ်။ မှတ်တမ်းစာအုပ်ရဲ့ဟောကိန်းဖြစ်တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်လာပြီး အဲဒီစက်ယန္တရားကို ဖျက်ဆီးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့ ဘရာသာ Samuel က လူအနည်းငယ်ကိုစုဆောင်းပြီး သေစေနိုင်တဲ့ စက်ယန္တရားကြီးကိုဖျက်ဆီးဖို့ ကမ္ဘာ့မြေအောက်ကို ခရီးထွက်ဖို့ကြံစည်ခဲ့တယ်။ ပြန်လမ်းမရှိတဲ့ ဒီမစ်ရှင်မှာ Samuel နဲ့ သူ့လူတွေ ဟောကိန်းအတိုင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာတော့ ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
Warriors of the Future [2022] ဟောင်ကောင်ရဲ့ နာမည်ကျော် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားတွေကလည်း နာမည်ကြီး ဘိုးတော်တွေပါပဲ။ ဇာတ်လမ်းကလည်း အတော်စိတ်ဝင်စားဖို့ကောင်းပါ တယ်။ အနာဂတ်အချိန်ကို အခြေတည်ထားတာပါ အနာဂတ်မှာ လူတွေဟာ နည်းပညာတွေတိုးတက်လာပြီး စက်ရုပ်တွေကိုပါ စစ်ပွဲတွေမှာ သုံးနိုင်တဲ့အဆင့်ဖြစ်လာပါပြီ ဒါပေမဲ့ စစ်ပွဲတွေများလာတာနဲ့အတူ ကမ္ဘာကြီးလဲညစ်ညမ်းပျက်စီးလာပြီး နောက်ဆုံးမှာ လေထုပါ အဆိပ်သင့်သွားတဲ့အခြေအနေဖြစ်လာပါတယ် လူတွေကလည်း စကိုင်းနက်လို့ ခေါ်တဲ့ လေသန့်စင်စနစ်ကြီးတွေတည်ဆောက်ပြီး နေကြရတာပါ တစ်နေ့မှာတော့ ကမ္ဘာပေါ်ကို ဥက္ကာခဲတစ်ခု ကျလာပြီး အဲဒီအထဲကနေ အခြားဂြိုလ်က အပင်တစ်ပင်ပေါက်ထွက်လာပါတယ်။ အဲဒီအပင်ဟာ ရေနဲ့တွေ့လေကြီးထွားလေဖြစ်ပြီး အဖျက်စွမ်းအားလည်း မြင့်လာပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပင်ဟာ ကမ္ဘာပေါ်လေတွေကို သန့်စင်ပေးနိုင်စွမ်းရှိတာမို့ မီးစတစ်ဖက် ရေမှုတ်တစ ဖက် ဖြစ်နေတာပါ ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
1🥰 1🤩 1
Prohibited content
Paper Lives (2022) IMDb - 6.6/10 Mehmetဟာ အစ္စတန်ဘူးဆင်းရဲသားရပ်ကွက်မှာ ဘူးခွံပလုံးခွံတွေကတ်ထူစက္ကူတွေကို အမှိုက်ပုံးထဲကလိုက်ကောက်ရင်း ပိုက်ဆံစုကာကျောက်ကပ်အစားထိုးဖို့ အလှူရှင်ကိုစောင့်ဆိုင်းနေသူပေါ့။ တွယ်တာစရာသိပ်မရှိလှပေမဲ့ ဘဝတူဆင်းရဲသားတွေနဲ့ ညီအစ်ကိုလိုနေရင်း ပတ်ဝန်းကျင်ကိုကူညီတတ်သူဖြစ်ပြီး အသက်ရှင်နေဖို့ သိပ်စိတ်ပါလှတယ်တော့မဟုတ်ပါဘူး။တစ်နေ့တော့ ဆာလာအိတ်ထဲမှာ ၈နှစ်အရွယ်ကောင်လေးတစ်ယောက်ပါလာပါတယ်။ ကောင်လေးကို ဘယ်ကလာလဲ မင်းအိမ်ဘယ်မှာလဲမေးပေမဲ့ခေါင်းတွင်တွင်ခါရင်း ကျွန်တော်ပိုက်ဆံရှာချင်တယ် အမေ့ကိုကယ်မယ်ပဲပြောနေပါတယ်။ Mehmetလည်း ကောင်လေးကို ခဏခေါ်ထားပြီး နောက်မှသူ့အမေဆီပြန်ပို့မယ်ဆိုတဲ့အကြံနဲ့ ခဏတာလက်ခံထားပြီးနောက်မှာသူ့ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။ Spoilerမမိစေချင်တာကြောင့်ဒီအထိပဲပြောပြပါရစေ။ငယ်ဘဝစိတ်ဒဏ်ရာတွေ၊ ဆေးသုံးစွဲမှုတွေ၊ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ စိတ်အခြေအနေတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ပုံဖော်လို့သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တင်မက ရုပ်ရှင်ဓာတ်ပုံပိုင်းကပါဒီဇာတ်ကားကို အပြည့်ဖြည့်ပေးထားပါတယ်။ ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
1
BloodRayne (2005) #720p ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
State of Emergency (2011) ဒီဇာတ်လမ်းကိုတော့ ဆိုးဆိုးရွားရွားအရာတစ်ခုဆီကနေ ပုန်းရှောင်ထွက်ပြေးနေကြတယ်လို့ယူဆရတဲ့လူအုပ်စုတစ်စုနဲ့အစပျိုးထားပါတယ်… ဒီလိုနဲ့ ဒီအရာဟာဘာမှန်းမသိလိုက်ခင်မှာပဲ ဇာတ်ကားဟာ လွန်ခဲ့တဲ့ ၄ ရက်ကို နောက်ကြောင်းပြန်သွားပါတော့တယ်… ဒီမှာတော့ စောစောတုန်းက လူအုပ်စုထဲကတစ်ယောက်ဖြစ်တဲ့ ဂျင်မ်ဆိုတဲ့ကောင်လေးဟာ သူ့ကောင်မလေးဖြစ်သူကိုချီပြီးပြေးလာတာကိုတွေ့ရမှာပါ… သူ့ကောင်မလေးမှာ ဒဏ်ရာရနေတာဖြစ်ပြီး သိပ်မကြာခင်မှာပဲဆုံးပါးသွားပါတော့တယ်… အဲဒီနောက်မှာတော့ ပတ်ဝန်းကျင်မှာ လူသူခြောက်ကပ်နေပြီး မူမမှန်ဖြစ်နေတာကို ဂျင်မ်တစ်ယောက်သတိထားမိသွားပါတယ်… ဒီလိုနဲ့ဂျင်မ်တစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ၊ ပတ်ဝန်းကျင်မှာလည်း ဘာတွေဘယ်လိုဖြစ်နေတာလဲ၊ ဇာတ်လမ်းအစမှာတွေ့ရတဲ့ သူတိ့ပုန်းရှောင်နေကြတဲ့အရာကရော ဘာဖြစ်နိုင်မလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကိုတော့ ဒီ “State of Emergency” ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှရင်းနဲ့ပဲအဖြေရှာကြည့်လိုက်ပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ ) Credit CM ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
Tazza; The Hidden Card (2014) ကိုရီးယားဖဲလောကမှာ ဖဲဝိဇ္ဇာသုံးဆူရှိပါတယ် .. Pyung, Agwi နဲ့ Jjakgwi ပါ Pyung က‌တော့ ပထမကားက ဇာတ်လိုက်Goniရဲ့ဆရာ Agwi ကတော့ Goni ကြောင့် လက်တစ်ဖက်အဖြတ်ခံလိုက်ရတဲ့ ‌အကောက်ကျစ်ဆုံးဖဲဝိဇ္ဇာပါပဲ Jjakgwi ကတော့ “one eye jack”ထဲက Lead actor ရဲ့အဖေပါ Hidden Card ဟာ Goni‌ နောက်ပိုင်း သူ့တူရဲ့ဇာတ်လမ်းပါပဲ။ ဖဲလိမ်ရိုက်တဲ့အကွက်တွေ အကွက်ဆင်ပြီး ရှိသမျှသဲ့ယူတာတွေ လိမ်ရိုက်တာမိရင် လက်ဖြတ်တာတွေ အကြွေး‌မပေးနိုင်ရင် ကိုယ်အင်္ဂါတွေ ရောင်းပစ်တာတွေလို အကြမ်းပတမ်း‌တွေအပြင် နောက်ပြန်ရစ်ပြီး ပြန်ပြန်ကြည့်ရမယ့် Shin Se Kyungနဲ့Lee Ha Neeရဲ့ အလှအပတွေနဲ့ Hidden Card ဟာ ရှားရှားပါးပါး ကိုရီးယားဖဲကားတွေထဲက အကောင်းဆုံးတစ်ခုလိုပြောရင်မလွန်ပါဘူး ...... ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
1
The Informer (2019) IMDb 6.8/10 action Crime Drama Thriller ကိုစလိုဆိုတဲ့သူဟာလူသတ်မှုနဲ့ထောင်နှစ်နှစ်ဆယ်ကျနေပေမယ့်FBIကသူ့ကိုထောင်ကနေထုတ်ပေးပြီးဘိန်းအရောင်းအဝယ် ခေါင်းဆောင်ကြီးကိုဖမ်းဖို့သူလျှိုအဖြစ်စေလွှတ်ပါတော့တယ် ဒါပေမယ့်လည်းသူသူလျှိုအဖြစ်လုပ်နေတုန်းမှာပဲ NYPDရဲတွေဘက်ကလည်း သူလျှိုတစ်ယောက်လွှတ်ရင်း အဲဒီရဲအသတ်ခံလိုက်ရတာနဲ့ပဲ ကိုစလိုတစ်ယောက်အမှုပတ်ပါတော့တယ် သူ့ကိုဘိန်းခေါင်းဆောင်ကသူနေခဲ့တဲ့ထောင်ထဲပြန်ပို့ပြီး ဘိန်းအရောင်းအဝယ်တွေလုပ်ခိုင်းလိုက်တယ် အဲဒါကိုFBIကလည်း မကူညီပဲထောင်ထဲထိသွားခိုင်းပြီး အဲဒါတွေဖြန့်ဖြူးတဲ့လူတွေကိုပါထပ်ရှာခိုင်းတော့တယ် တစ်ဖက်မှာလည်း NYPDဘက်ကသူတို့ရဲအသတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး ကိုစလိုနောက်ကိုလိုက်နေတဲ့အချိန်ဖြစ်နေတယ် ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
Prohibited content
Control (2022) ============ သိပ္ပံကားတွေ စူပါပါဝါကားတွေကို ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ့် ကားလေးပါ။ Thriller ဆန်ဆန်လည်း ရင်တသိမ့်သိမ့်တုန်ရသလို မင်းသမီးကလည်း ဝိုဗာရင်းထဲက ကလေးမလေးရုပ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဘတ်ဂျက်သိပ်မသုံးထားပေမဲ့ အတော်လေးဆန်းပြီး လှပအောင်ရိုက်ပေးထားပါတယ်။ စူပါပါဝါကားပေမဲ့ Saw လိုလို ဘာလိုလိုနဲ့ ရင်ဖိုစရာလည်း တော်တော်ကောင်းပါတယ်။စိတ်နဲ့ အရာဝတ္တုတွေကို ထိန်းချုပ်နိုင်တဲ့ စူပါပါဝါရှိတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သူ့မှာ အဲဒီအစွမ်းရှိလို့ ရှိမှန်းတောင် သူမသိရှာဘူး။ ဒီလိုနဲ့ သူ့ကို အခန်းတစ်ခန်းထဲထည့်ပြီး မလုပ်နိုင်ရင် သူ့သမီးကို သတ်မယ်လို့ ခြိမ်းခြောက်ပြီး အမျိုးမျိုး စမ်းသပ်တယ်။ ခုံမှာ သံကြိုးနဲ့ချည်ပြီး ခဲတံကို ချိုးခိုင်းတာတို့ ဘာတို့ပေါ့။ အဲဒီလိုစမ်းသပ်ခံရရင်း သူ့အစွမ်းက ကြီးသည်ထက်ကြီးလာတာပါပဲ။ ဒီလိုနဲ့ သူ့အစွမ်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်လာတဲ့အခါမှာတော့…(ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
Prohibited content
نمایش همه...
Prohibited content
The Ghoul: Horror At The Howling Field (2020) ဝေးလံခေါင်သီလှတဲ့ ( ထွန့်မာဟွန် ) ဆိုတဲ့ ကျေးရွာလေးမှာ ( ဖုတ်ကောင် )တွေ ကျက်စားနေလို ထူးဆန်းတဲသတင်းကို ကြားခဲ့ရတယ် ။ဒါကြောင့် အမှန်တရားကိုစုံစမ်းစစ်ဆေးရန်အတွက် မြိုမစခန်းမှုးမှ ကျွမ်းကျင်အရာရှိတပ်ကြပ် ဆတ်ဂျထွန် ကို သွားဖိုစေလွှတ်ခဲ့တယ် ။တပ်ကြပ်ဆတ်ဂျထွန် က စုံစမ်းစစ်ဆေးရေးမှာ ကျွမ်းကျင်ပေမယ့် ထိုကျေးရွာမှ ကြားရတဲ့ ဆိုးရွားလှတဲ့သတင်းတွေကြောင့် သွားဖို တွန့်ဆုတ်နေတာပေါ့ ။ နောက်ဆုံးမှာတော့ အဲ့ကျေးရွာမှာနေဖူးတဲ့ အိုက်ကင်မ် ကို အကူလက်ထာက်အဖြစ်ထည့်ပေးတာကြောင့် ငြင်းမရတော့ဘဲ သွားရပါတော့တယ် ။ သူတိုရောက်ရောက်ချင်း နေ့မှာတော့ ကျေးရွာလေးက ပုံမှန်လိုပါပဲတဖြည်းဖြည်းနဲ့ ညဘက်ရောက်တဲ့အခါမှာတော့….ဘာတွေဖြစ်လာမလဲ…ဒီကားဟာ ထိုင်းနိုင်ငံမှာ ရုံတင်ချိန်က ကြည့်ရှူသူများတာကြောင့် ၂ပတ်ကျော်ကျော်ထိ ရုံတင်ခဲ့ပြီး တစ်ပတ်တာ ရုံဝင်ငွေအများဆုံးရခဲ့ပါတယ် ။ဇာတ်လမ်းက ထိုင်းတွေရဲ့ထုံးစံအတိုင်း ဟာသတွေနဲ့ နှောပြီးရိုက်ထားတာမိုတဟီးဟီးတဟားဟားကိုမှ ဆန့်တငင့်ငင့် ကြောက်ရမှာမို ကြည့်ရှူကြပါဦးနော် ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
👏 3
Prohibited content
I Saw The Devil. [2010] ကိုရီးယား အက်ရှင်ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဒီကားအနေနဲ့ကတော့ ဆိုးဟွန်းဆိုတဲ့ အဓိကဇာတ်ကောင်က သူ့ကောင်မလေး ဂျူယွန် မတရားအသတ်ခံရမှုနဲ့လက်စားချေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သူ့အနေနဲ့က အရမ်းချစ်ခဲ့ရတဲ့ မိန်းမတစ်ယောက်ဖြစ်လို့လက်စားချေတာလဲဖြစ်တယ်။ လူသတ်သမားဖြစ်တဲ့  ကျောင်ချဲ အနေနဲ့ကလဲ စိတ္တဇပုံစံနဲ့ကောင်မလေးတွေကို လိုက်ဖမ်းပြီး ဖျက်စီးသတ်ဖြတ်တဲ့ပုံကို ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ အရမ်းကြီးကြောက်ဖို့ မကောင်းပေမယ့် နည်းနည်းလန့်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
Prohibited content
The International (2009) IBBC ဆိုတဲ့ဘဏ်က ဘဏ်နဲ့မဆိုင်တဲ့ သန်းရာချီ လက်နက်တွေဝယ်ယူနေတဲ့လို့ သတင်းရပြီးနောက်ပိုင်းအေးဂျင့် လူးဝစ် နဲ့ သူ့အဖွဲ့က IBBC ကို ဆက်တိုက်လိုက်စုံစမ်းပါတယ်… အချက်အလက်တွေ အချိန်တွေ အများကြီးယူပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဟာ အရေးပါတဲ့သူတစ်ယောက်နဲ့ ဆက်သွယ်မိကြတယ်…ခက်တာက အဲ့ဒီသူနဲ့တွေ့တဲ့ လူးဝစ်တို့အဖွဲ့က တစ်ယောက် မတော်တဆမှုနဲ့သေဆုံးခဲ့သလို အချိန်တစ်ရက်မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်မိတဲ့သူဟာလည်း မတော်တဆမှုနဲ့ထပ်မံ့ပြီးသေဆုံးခဲ့ပါတယ်.. အထက်ကလူကြီးတွေကလည်း မရေရာမသေချာတဲ့ ဒီကိစ္စကြီးကိုလက်ရှောင်ချင်နေကြတယ်.. လူးဝစ်အတွက်တော့ လုပ်ဖော်ကိုင်ဖက်လည်းဆုံးရှုံးရသလို အင်အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်နေရလို့ လက်ရှောင်ချင်တဲ့သူတွေကြားမှာတော့ အကြီးအကျယ် ဒေါသထွက်နေတယ်… သို့ပေမဲ့ သူအစွမ်းရှိသလောက် ရအောင်ဖော်ထုတ်မယ်ဆိုပြီ:ကြိုးစားတဲ့အခါမှာတော့… ဒီကားဟာ BOX Office မှာ ဝင်ငွေကောင်းခဲ့သလို  မင်းသားကြီး  နဲ့ မင်းသမီ:ကြီး  တို့ က အဓိက သရုပ်ဆောင်ထားပြီ: ဇာတ်လမ်းအစမှ  အဆုံး အီနေတာမျိုးမရှိဘဲ တော်တော်လန်းတဲ့ဇာလမ်းမို့ ကြည့်ကြပါ ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
Soldier Boy (2019) ---------------------- ရုရှားနဲ့ ဂျာမန်စစ်ပွဲတွေကြားက မိဘနဲ့ အစ်ကိုကို ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက် သူ့ရွာကို စစ်တပ်တွေဝင်လို့ ထွက်ပြေးရင်း တောထဲမှာ ရုရှားကင်းထောက်တွေက ရှာတွေ့ခဲ့ပြီး တပ်ရင်းကိုခေါ်သွားခဲ့ပါတယ် အဲ့ဒီမှာပဲ ကလေးကိုပြုစုပေးကြပြီး တပ်ကလူတွေနဲ့ သံယောဇဉ်တွယ်လာခဲ့ပါတယ်..ဒါနဲ့ပဲ ကလေးကို အဝေးကိုပို့မယ့် တပ်မှူးရဲ့အကြံကို ဝိုင်းဝန်းဖျောင်းဖျပြီး ကလေး‌ကိုသူတို့နဲ့ပဲအတူထား‌စေပြီး တပ်မှူးက သူ့သားအဖြစ်မွေးစားလိုက်ပါတော့တယ် ဒီကလေးလေး တပ်ရင်းထဲမှာ တပ်သားတွေကို ဘယ်လိုကူညီပေးသွားမလဲဆိုတာကို ချစ်စဖွယ်အမူအရာလေးတွေနဲ့ အတူ ခံစားကြည့်ရူ့လိုက်ကြပါနော်  ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
نمایش همه...
🔥 1