2025 سال در اعداد

388 829
مشترکین
-26724 ساعت
-1 3417 روز
-5 87830 روز
آرشیو پست ها
Pushpa : The Rise (2021) MMSB
__
IMDB- 8.1/10
ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။
အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။
နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။
သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို
ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင်
ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။
အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို
မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက
CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး
အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ
သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။
Box Office မှာလည်း ၀င်ငွေများစွာ ရရှိနေပြီး အောင်မြင်မှုအပေါင်း
သရဖူဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲပြောပြော
လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်ကောင်းမကောင်း
ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။
အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကိုတော့ February 2022 မှာ
ရိုက်ကူးရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မစောင့်ရမှာသေချာပါတယ်နော်။
(ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပါတယ်)
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/80
https://t.me/bollywoodmovie789/80
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 26❤ 5😁 3
Govindudu Andarivadele [ 2014] MMSB
အဘိုးဖြစ်သူနဲ့အဖေဖြစ်သူကြားပြန်လည်သင့်မြတ်အောင် ကြိုးစားထားတဲ့ကားလေးပါ...
စည်းကမ်းကြီးမှုတွေ မိသားစုထက်ပိုပြီးရွာကောင်းကျိုးကိုကြည့်တတ်ပြီး တကယ်ကိုတယူသန်တဲ့အဘိုးဖြစ်သူနဲ့မြ်ို့ပြကြီးမှာ နေထိုင်လိုတဲ့အဖေဖြစ်သူကြားလွဲမှားနေတဲ့သဘောထားခံယူချက်ကို ပြန်လည်သင့်မြတ်အောင် မြေးဖြစ်သူအဘီ(Ram)ရဲ့ကြိုးစားပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ကားကောင်းတစ်ခုပါ။
ဒါကြောင့် USA ကနေ India မှာရှိတဲ့အဘိုးဖြစ်သူနေထိုင်နေတဲ့ရွာလေးကိုလိုက်လာခဲ့တယ်။
ဒီမိသားစုလေးကိုပြန်လည်သင့်မြတ်အောင် အဘီ(Ram)ရဲ့အနစ်နာခံပုံကြိုးစားပုံတွေကို အဘိုးဆန္ဒကိုဖြည့်ဆည်းပေးလိုတဲ့မြေးတစ်ယောက်အဖြစ်အသိမခံဘဲကူညီတတ်တဲ့ကောင်လေးတစ်ယောက်အဖြစ်နဲ့ အထမြောက်အောင်လုပ်ဆောင်ပေးခဲ့ပုံတွေကိုဒီကားလေးမှာ ခံစားရစေမှာပါ။
မိသားစုတစ်ခုရဲ့အနှစ်သာရကဘာလဲဆိုတာ ဒီကားလေးကမီးမောင်းထိုးဖော်ပြနေပါတယ်။အားလုံးပဲရွှင်လန်းကြပါစေခင်ဗျာ...
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/77
https://t.me/bollywoodmovie789/77
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 16❤ 4
Badrinath (2011)
-------------------------
IMDB ( /10)
ဇာတ်လမ်းအကျဉ်းကတော့ ဘာသာတရားအတွက် အသက်စွန့်မယ့် ဘက်ဒရီနာ့ထ်၊ ကိုယ့်အသက်ကိုထိပါးရင်တောင် ပြန်မတုံ့ပြန်ပဲ အသေခံသွားဖို့ သစ္စာဆိုထားပေမယ့် ဘုရားသခင်ကို စော်ကားမှုပြုလုပ်လာရင်တော့ မိုင်ထောင်ချီအကွာအဝေးကနေ မိုးကြိုးပစ်သလိုရောက်လာမယ့် ဘက်ဒရီနာ့ထ်
ဘုရားအတွက် အသက်တမျှချစ်ရတဲ့ ချစ်သူကိုတောင် မျက်ကွယ်ပြုရဲတဲ့ ဘက်ဒရီနာ့ထ်
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/74
https://t.me/bollywoodmovie789/74
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 12❤ 3
Aravinda Sametha Veera Raghava (2018) MMSB
၅ရူပီးရန်ကြွေးရှင်းတမ်း”
ဒီတစ်ခါတော့ တောင်ပိုင်းရုပ်ရှင်တွေနဲ့ရင်းနှီးပြီးသားသူတွေသိမယ့် Jr.N.T.R Rama Rao ရဲ့ အက်ရှင်၊ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ဖိုက်တင်တွေကို လိုအပ်သလောက်ပဲ သုံးပြီးပြောသွားတဲ့ ဒိုင်ယာလော့တွေ၊ကြည့်ရှုသူကို ပေးချင်တဲ့ မက်ဆေ့တွေကကောင်းလွန်းလို့ပါ။
ရာဂါးဗားဟာ နိုင်ငံခြားမှာ ပညာသင်ပြီး အိမ်ကို ပြန်လာတဲ့အခါမသင့်မမြတ် ဖြစ်နေတဲ့ ရွာနှစ်ရွာရဲ့ ရန်ကြွေးတွေအရရာဂါးဗားနဲ့ သူ့အဖေရဲ့ လူယုံတော်တွေ လမ်းမှာ လုပ်ကြံခံရပါတယ်။
သူ့ကိုပါ ဒီရန်ကြွေးတွေကြားထဲ ဝင်ပါဖို့ခေါ်နေသလိုပါပဲ။
ဒါပေမဲ့ ခေတ်ပညာတတ် ရာဂါးဗားဟာပညာတတ်တစ်ယောက် ပီသစွာ တုန့်ပြန်ခဲ့ပါတယ်။
ပြီးတော့ အချစ်နဲ့ တွေ့တဲ့အခါလူတိုင်းက သတ္တိခဲဖြစ်လာတတ်ကြသလိုအချစ်ကြောင့်ပဲ ကြည်နူးပျော်ရွှင်သွားတတ်တာကိုလည်းဖော်ပြထားပါတယ်။
သူ့ကြောင့်ပဲ ငါဟာ ပထမဦးဆုံးပြုံးဖူးတာပါတဲ့ ။ဒါပေမဲ့ ကံကြောင်းမလှချင်တော့…..
တည်ငြိမ်သွေးအေးတဲ့ ဇာတ်ရုပ်မှာပီပြင်သလို ရက်စက်ပြီဟေ့ဆိုရင်နှစ်ယောက်မရှိတဲ့ ဗီရား ရာဂါးဗားဆိုတဲ့ဇာတ်ရုပ်ကို Jr.N.T.R Ramarao ကအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားသလိုသူနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးကနာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့Hritik Roshan ရဲ့Mohenjo Daro နဲ့Allu Arjun ရဲ့ DJ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတဲ့မင်းသမီးချော Pooja Hegde ဖြစ်ပြီးနောက်ထပ်ထွက်ရှိလာမယ့်Akshay Kumar ရဲ့ Housefull 4 နဲ့Mahesh Babu ရဲ့ Maharshi ဇာတ်ကားတို့မှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။
ဘက်ဂျက် 95 crore အသုံးပြုပြီးရိုက်ကူးခဲ့တဲ့ ဒီကားက Box Office မှာ 158 crore ပြန်လည်ရရှိခဲ့တာမို့ အထိုက်အလျောက် အောင်မြင်မှု ရခဲ့တယ်လို့ ဆိုရမှာပါ။
တစ်ခုပြောချင်တာက ဒီမင်းသားရဲ့ နာမည်တစ်ခုရှိပါသေးတယ်။Young Tigerပါ။
နာမည်နဲ့လိုက်အောင် သွက်လက်မြန်ဆန်မှုကို မြင်တွေ့ရပါလိမ့်မယ်။
အိန္ဒိယတောင်ပိုင်းကားဖြစ်လို့အိုဗာအက်ရှင်တွေကို မကြိုက်ဘူးဆိုရင်တောင် ဒီကားကို ကြိုက်မိပါလိမ့်မယ်။
မြင်ဖူးနေကျ တောင်ပိုင်းကားတွေမှာလိုသတ်ဖြတ်နေရုံနဲ့ ဇာတ်လမ်းအဆုံးမသတ်ဘဲဒီကားမှာတော့ ထူးခြားနေပါတယ်။
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/indiamovieonly11/40
https://t.me/indiamovieonly11/40
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 21❤ 3
FAN (2016)
Fan (2016) MMSB
=================
IMDB 7/10 ရထားတဲ့
ရှရွတ်ခန်းမင်းသားရဲ့ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတဲ့ ကားဖြစ်ပါတယ်…
တစ်ယောက်ကတော့ စူပါစတား ကြယ်ပွင့်တစ်ဦး Aryan Khanna ဖြစ်ပြီး…
နောက်တစ်ယောက်ကစူပါစတားကြယ်ပွင့်ရဲ့ ပရိတ်သတ်တစ်ဦး Gaurav Chanda ဖြစ်တယ်…
ပရိတ်သတ်ဖြစ်တဲ့အပြင် Aryanအပေါ် ငယ်စဉ်ထဲက လွန်စွာ ရူးသွပ်သူ တစ်ဦးလည်းဖြစ်ခဲ့တယ်… Aryanနဲ့ရုပ်ချင်းဆင်ပြီး သူတို့မြို့လေးရဲ့ (သရုပ်ဆောင်)ပြိုင်ပွဲတိုင်းကို ပထမဆုပဲအမြဲရလေ့ရှိတယ်…
တစ်နေ့ Aryanရဲ့မွေးနေ့ကို အရောက်သွားခဲ့ရာမှ သူ့ရဲ့ရူးသွပ်မှုကို စိတ်ဝင်စားဖွယ်တွေ့မြင်ရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်…
ပရိတ်သတ်တစ်ဦးဖြစ်တဲ့ Gauravက သူရဲ့ရူးသွပ်မှုက အဆုံးစွန်ထိ လုပ်သွားခဲ့တာပါ…
စတားတစ်ယောက်ဖြစ်တဲ့ Aryanကလဲ မာနကြီးကြီး တုန်ပြန်ခဲ့ပါတယ်…
သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုက အဆုံးသတ်မှာဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပါ…
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/indiamovieonly11/16
https://t.me/indiamovieonly11/16
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 8
Prohibited content
Major(2022) MM SUB
**
IMDb...8.7
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ
အစွန်းရောက်အကြမ်းဖက်တွေဟာ မွန်ဘိုင်းမြို့ရဲ့ Iconic တစ်ခုလိုဖြစ်တဲ့
Taj Mahal Palace Hotel ကို ဝင်ရောက်စီးနင်းခဲ့တယ်...
အလွှာပေါင်း ၄၄ လွှာ ၊အခန်းပေါင်း ၅၆၀ရှိတဲ့ ဒီဟော်တယ်ကြီးဟာ
စစ်အတွင်းမှာတောင်ကုတင် ၆၀၀ဆံ့ ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ဖူးတယ်လို့
ဆိုတယ်...
ဒီဟော်တယ်ကြီး စီးနင်းခံရတဲ့အဖြစ်အပျက်ကတော့ အတော်ထိတ်လန့်စရာကောင်းပါတယ်..
အဆိုးကတော့ အကြမ်းဖက်အဖွဲ့တွေဟာ ဧည့်သည်တွေကို
အထိန်းအကွပ်မဲ့ပစ်သတ်ခဲ့သလို အဆောက်အဦးကိုလည်း အတော်ဖျက်ဆီးခဲ့ပါတယ်..
ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ ဓားစာခံ ပြည်သူတွေကို ကယ်ထုတ်ပြီး အကြမ်းဖက်အဖွဲ့ကို
နှိမ်နှင်းဖို့ ဆန်ဒီဗ်အွန်နီခရစ်ရှနန်းဆိုတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့မှ
မေဂျာအဆင့်ရှိသူဦးစီး တပ်စိတ်တစ်စိတ်ဟာ ဝင်ရောက်ခဲ့တယ်..
ဒီနေရာမှာအကြမ်းဖက်အဖွဲ့ဟာ ခပ်ညံညံအဖွဲ့မဟုတ်ခဲ့ဘဲ
သေချာထရိန်းပြီး တိုက်ပွဲအတွေ့အကြုံတွေများစွာရှိနေတဲ့သူတွေဖြစ်တယ်...
ဒီတော့ မေဂျာတို့အဖွဲ့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာကတော့
ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..
မေဂျာအဆင့်ဖြင့်တာဝန်ထမ်းဆောင်စဉ် ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်ခဲ့
မှုကြီးကို ကယ်ဆယ်ခဲ့တဲ့ Major Sandeep Unnikrishnan အကြောင်းကို
ရိုက်ပြထားခြင်းဖြစ်လို့ ခံစားကြည့်ကြပါဦး...
သမိုင်းဝင်ဖြစ်ရပ်မို့ ဘက်ဂျက်အများကြီ:အကုန်ကျခံထားသလို
အက်ရှင်ခန်းတွေလည်း တော်တော်ကြည့်ကောင်းပါတယ်..
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/indiamovieonly11/13
https://t.me/indiamovieonly11/13
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 13😁 2
KGF -Chapter 1 ( 2018)
KGF -Chapter 1 ( 2018)
-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
ဒီဇာတ်ကားဟာ 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားဖြစ်တဲ့ ရုရွတ်ခန်းရဲ့ Zero နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။အိန္ဒိယနိုင်ငံ ခန်နားဒါးပြည်နယ်က မင်းသား Yash ရဲ့အရင်ထွက်ပြီးတဲ့ ဖန်စီအချစ်ကားတွေနဲ့ မတူ တမူထူးခြားနေတော့ အားပေးမှုတော်တော်လေးရခဲ့ပါတယ်။
ဇာတ်ကားလေးမှာတော့….
====================
KGF ဆိုသော ရွှေတွင်းကြီးအကြောင်းကို ဒီအပိုင်း ၁ မှာ တင်ဆက်ပြီးတော့ ဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားပါ..ကေဂျီအက်ဖ် ဆိုသော ရွှေတွင်းကြီးစတင် ဖြစ်ပေါ်လာချိန်မှာ ရွှေတွင်းအားလောဘတတ်ပြီး အဲဒီရွှေကြောကြီးတစ်ခုလုံးကို
လက်နက်ကိုင်သိမ်းပိုက်လိုက်ပါတယ်…အဲဒီရွှေတွင်းကြီး စတင်ဖြစ်ပေါ်လာချိန်မှာပဲ တစ်ချိန်တည်း ရောကီ မွေးဖွားခဲ့တာ ကံတရားကြီးတစ်ခုလား ဆိုတာကတော့ ….ရော့ကီ ဟာ ငယ်စဉ်ကအရမ်းဆင်းဆင်းရဲရဲနေထိုင်ခဲ့ရသူတစ်ဦးဖြစ်ပြီး သူ့အမေဟာ လည်း ဆေးဖိုးဝါးခ မတတ်နိုင်ခြင်းကြောင့်
ဆုံးပါးသွားခဲ့တာပါ…သူ့ရဲ့အမေ မဆုံးခင်မှာကြားခဲ့တာကတော့ ရော့ကီကို အောင်မြင်အောင်နေ သူဌေးဖြစ်အောင်နေ လူတွေအပေါ်လွမ်းမိုးနိုင်အောင်နေ
ဆိုပြီး မှာကြားခဲ့ပါတယ်…အဲဒီနောက်ပိုင်း ရော့ကီ ဟာ ဘွန်ဘေက ဂိုဏ်းတစ်ခုတွင်အားကိုးရသူ နာမည်ကြီးတစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာ…….ကေဂျီအက်ဖ် ရွှေတွင်းနဲ့ ရော့ကီနဲ့ ကံတရားနှစ်ခု ဘယ်လိုဆက်စပ်သွားမလဲ…..ရော့ကီ ရဲ့အောင်မြင်မှုလမ်းစဉ်ဟာ ကေဂျီအက်ဖ်ရွှေတွင်းနဲ့ စတင်မလား…ဘယ်လိုမျိုး စတင်မလဲဆိုတာကို
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/indiamovieonly11/5
https://t.me/indiamovieonly11/5
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 17❤ 2😁 1
Thuppakki (2012) MM SUB
=============================
ဒီကားလေးက English လို "Indian Soldier Never On Holiday - အိန္ဒိယစစ်သားဆိုတာ အားလပ်ရပ်သည်မရှိ"
ဇာတ်ကားခေါင်းစဉ်အတိုင်း
အိန္ဒိယစစ်တပ်ကို ဂုဏ်ပြုရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်
အထက်လူကြီးက အမိန့်မပေးမချင်း
အချိန်ကြာမြင့်စွာ ဇာတ်မြှုပ်နေထိုင်ပြီး အမိန့်ကျလာတဲ့အခါ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ကိုင်လေ့ရှိတဲ့ Sleeper Cell ဆိုတဲ့အဖွဲ့ကို အကွက်ချချေမှုန်းတဲ့ အိန္ဒိယစစ်သားတစ်ယောက်အကြောင်းနဲ့ ဇာတ်အိမ်တည်ဆောက်ထားပါတယ် အဓိက ဇာတ်ဆောင်တွေအနေနဲ့ မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ မင်းသားကြီး Vijay,Vidyut Jammwal နဲ့ မင်းသမီး Kajal Aggarwal တို့ဖြစ်ပါတယ်
အိန္ဒိယစစ်သားတစ်ယောက်
တပ်ထဲက ခွင့်ရလို့ မိမိနေထိုင်ရာချန်နိုင်းမြို့ကို ပြန်ရောက်ချိန်
မြို့ထဲက ကျောင်းဘတ်စ်ကားတစ်စင်း
ဗုံးဖောက်ခွဲခံလိုက်ရပြီး
ကလေးငယ်တွေ အပါအဝင်
လူသုံးဆယ်ကျော်သေသွားပါတယ်
ဒီအဖြစ်အပျက်ကို လက်တွေ့ကြုံလိုက်ရတဲ့ ကပ္ပတိန်ဂျာဒစ်ရ်ှဟာ
မိမိရဲ့ တပ်ဖွဲ့နဲ့အတူ ဖောက်ခွဲမှု တရားခံနောက်ကိုလိုက်ရင်း
နောက်ထပ် လူစည်ကားတဲ့ နေရာ ၁၂ခုမှာ ဖောက်ခွဲမှုတွေဆက်လုပ်ဦးမယ့် Sleeper Cellတွေရဲ့ လက်ချက်မှန်းသိသွားတဲ့အခါ. . .
ဇာတ်လမ်းက စိတ်ဝင်စားစရာတွေ အပြည့်နဲ့. . .မင်းသားနဲ့ လူကြမ်း ဥာဏ်ကစားပြီး အပြိုင်ကြဲထားတဲ့ကား ဖြစ်ပါတယ်
ဖောက်ခွဲမှု ၁၂ခုကို ဖြေရှင်းနိုင်မလား. . .
Sleeper Cell ခေါင်းဆောင်က ဘယ်သူလဲ. . .
ပါဝင်ပက်သက်သူတွေဟာ ဘယ်သူတွေလဲ. . .
ဘာကြောင့်အဖျက်လုပ်ငန်းတွေ ဖြစ်ပေါ်လာရသလဲ. . .
ဆက်လက် အားပေးလိုက်ပါခင်ဗျာ. . .
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/67
https://t.me/bollywoodmovie789/67
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 31❤ 5
Theri (2016) MMSB
***
Top-rated Indian Movies တွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ Theri ဟာ Top-rated ဆိုတဲ့အတိုင်း ဇာတ်လမ်းဇာတ်အိမ် ခိုင်ခံ့ကောင်းမွန်ပြီးသား၊ ကြည့်ရှုသူကို အကောင်းဆုံး entertain လုပ်ပေးနိုင်မယ့် Movie ဖြစ်တယ်လို့ ညွှန်းဆိုပါရစေခင်ဗျ။ Indian Movie Soundtrack ခပ်လန်းလန်းလေးတွေ ပါ၀င်တဲ့အပြင် ဗီလိန်သရုပ်ဆောင်တွေပါ မကျန်... စိတ်နှစ်ပြီး ကြိုးစားအားဖြည့်ထားရတာကိုတွေ့ရှိရတဲ့အတွက်ကြောင့်... ကြည့်ရတာ တန်တယ်ကွာ..လို့ .. မှတ်ချက်ချမိကြမှာမလွဲပါဘူးခင်ဗျ။
Theri ဆိုတဲ့တမီလ် ဘာသာစကား ခေါင်းစဉ်လို အစိတ်စိတ်အမြွာမြွာ ကွဲထွက်မနေတဲ့ Theri ရဲ့ ဇါတ်ကြောင်းဟာ.. Hollywood ရဲ့ မင်းသားကြီး Liam Neeson ပါ၀င်တဲ့ Taken movie sequel နဲ့ ယောင်ယောင်လေး တူပါတယ်။ အဓိက ကွဲပြားတာကတော့ Theri က Drama နဲ့ Action ကို သင့်တင့်မျှတအောင် ပေါင်းစပ်ထားတဲ့အပြင်... ရသမျိုးစုံပေးစွမ်းနိုင်အောင် ကြိုးစားထားတဲ့အတွက် အရှေ့တိုင်းရဲ့ Action ဇါတ်ကားတစ်ကား အထူးသဖြင့် တမီလ် ရုပ်ရှင်တွေထဲမှာ အတော်ကြီးကို အဆင့်အတန်းမြင့် တန်း၀င်တဲ့ Movie တစ်ခု အဖြစ် စာရင်းတို့ထားရမှာဖြစ်ပါတယ်။ အာဏာရှင် ဆန်ဆန် လူတစ်စုကြောင့် မိသားစု၀င်အတော်များများနဲ့ သေကွဲကွဲခဲ့ရတဲ့ ရဲအရာရှိတစ်ယောက်ဟာ... အသက်လိုချစ်ရတဲ့ သမီးငယ်ကလေးဆီကို အန္တရာယ် ကျရောက်လာတဲ့အခါ... သက်စွန့်ဆံဖျား ကြိုးစားကာကွယ်ရင်းက... အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်တဲ့ အရိပ်မည်းတစ်ချို့ထည့်ပေါင်းပြီး သွေးကြွေး၊ ရန်ငြိုး၊ ကလဲ့စားတွေနဲ့ .. မီးဟုန်းဟုန်းတောက်နေတဲ့ ဖခင်တစ်ယောက်အဖြစ်၊ ရိုးသားကြိုးစားတဲ့ အရာရှိကောင်းတစ်ယောက်ဘ၀ကနေ.. ဒုစရိုက်လောကထဲကို ခြေစုံပစ်၀င်ပြီး မွှေနှောက်ထိုးဖောက်၀င်ရောက်လာတဲ့.. ခပ်ကြမ်းကြမ်း လူတစ်ယောက်အဖြစ် မင်းသား Joseph Vijay ကို စိတ်အားရကျေနပ်စရာ ရှုစားကြရမှာဖြစ်ပါတယ်။
ဒါ့အပြင် မင်းသမီး Samantha နဲ့ Amy Jackson တို့ကလည်း အကောင်းဆုံးပါဝင်အားဖြည့်ပေးထားပါတယ်။
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/62
https://t.me/bollywoodmovie789/62
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 9❤ 1👏 1
Prohibited content
Bigil (2019) MMSB **
Genere- Drama,Sport,Action
IMDb - 7.5/10
တစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။
တနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။
မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓားချက်ထိခဲ့ရတယ်။
ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဉ်မှာတော့.....
-------------------------------------
ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။
အဖေ ပေးတဲ့ အိပ်မက်ကို သားမက်ခွင့်ရခဲ့ပေမဲ့... လွဲချော်ခဲ့ရတယ်။
ဒီအိပ်မက်တွေကို သူ ပြန်လည် အကောင်အထည်ဖော်ဖို့.. ကြိုးစားရင်း ထပ်လွဲချော်ခဲ့တယ်။
သို့ပေမဲ့.... 'တချို့အိပ်မက်တွေကို ကိုယ်မဖြစ်ခဲ့လို့ သူတပါးကို ဖြစ်စေချင်မိတာ လူတိုင်းရဲ့ ဆန္ဓပါ' 'ဒါပေမဲ့ ကိုယ့်အိပ်မက်ကိုတော့ ကိုယ်တိုင်ပဲ အကောင်အထည်ဖော်ရတာပဲမလား'
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/59
https://t.me/bollywoodmovie789/59
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 19
Prohibited content
Agneepath [2012] MM SUB
===========================
ဆန်ဂျေးဒတ်ကြီးမိုက်ချက်♥️
အိန္ဒိယနိုင်ငံရဲ့ကျွန်းဆွယ်ရွာလေးတရွာဖြစ်တဲ့ မန်ဒွာရွာလေးမှာ ကိုကင်းပေါများလျက်ရှိပြီး ရွာသားတွေကတော့ ဗဟုသုတနည်းပါးလှပါတယ်။
ဒီအချက်ကိုအခွင့်ကောင်းယူပြီး အမြတ်ထုတ်ချင်နေတဲ့ စီးပွားရေးသမား ကန်ချာက ရွာထဲမှာဆားစက်ရုံဆောက်မယ်ဆိုပြီး ရွာသားတွေရဲ့လယ်ယာတွေကို စတင်ငှားရမ်းပါတော့တယ်။
ကန်ချာရဲ့ရည်ရွယ်ချက်က ကိုကင်းစက်ရုံဆောက်ဖို့အတွက်ပဲဖြစ်ပါတယ် ကန်ချာရဲ့အကြံကိုရွာကကျောင်းဆရာက ရိပ်မိသွားပြီး လယ်ယာမြေတွေကန်ချာကိုမငှားကြဖို့ ရွာသားတွေကိုတိုက်တွန်းတဲ့အခါ ကန်ချာအလွန်ဒေါသထွက်သွားပြီး ကျောင်းဆရာအကွက်ဆင်ကာ ရွာထိပ်ကသစ်ပင်ကြီးမှာ ဆွဲကြိုးချသတ်ပစ်လိုက်ပါတယ်။
ဒီဖြစ်ရပ်ကိုကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ ကျောင်းဆရာရဲ့၁၂နှစ်အရွယ်သားဖြစ်သူ ဗီဂျေးက ကိုယ်ဝန်ဆောင်မိခင်နဲ့အတူ ရွာကထွက်ပြေးလာခဲ့ရပါတယ်။
15နှစ်ကြာပြီးတဲ့အခါ ဗီဂျေးက ကန်ချာကိုလက်စားချေဖို့ မွန်ဘိုင်းက ကန်ချာရဲ့ပြိုင်ဘက်မူးယစ်ဆေးလုပ်ငန်းရှင်ကြီး လာလာဆီမှာအလုပ်လုပ်ပေးရင်း လာလာအတွက်သားအရင်းတယောက်လိုဖြစ်လာခဲ့တယ်။
ကန်ချာကိုလက်စားချေဖို့အတွက် 15နှစ်လုံးလုံးကြိုးစားခဲ့တဲ့ဗီဂျေးတယောက် အောင်မြင်နိုင်ပါ့မလားဆိုတာတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ကြပါ
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/57
https://t.me/bollywoodmovie789/57
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 7😁 1
Prohibited content
Kaabil (2017) MM SUB
======================
ဇာတ်လမ်းအညွှန်း
------------
ရိုဟန်ဟာ မျက်မမြင်တစ် ယောက်ဖြစ်ပြီး ရုပ်သံနောက်ခံ စကားပြောအလုပ်နဲ့ အသက်မွေး ဝမ်းကျောင်းနေသူပါ။ သူ့ချစ်သူ ဆူပရီရာကလည်း အမြင်အာရုံချို့တဲ့သူ ဖြစ်ပေမယ့် ကိုယ်ပိုင် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးကအစပိုင်းမှာတော့ လက်ထပ်ဖို့ တုံ့ဆိုင်းနေကြ ပေမယ့်လည်း သံယောဇဉ်ခိုင်မာ နေပြီမို့ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။
တစ်ည ရိုဟန်တို့နှစ်ယောက် ညစာစားပြီး ပြန်လာတုန်း ကြေး စားလူမိုက်အမစ်ရှယ်လာနဲ့ နာ မည်ကြီး နိုင်ငံရေးသမားတစ် ယောက်ရဲ့ ညီရယ်၊ ဝါဆင်ဆိုတဲ့ လူတို့ရဲ့နှောင့်ယှက်တာ ခံခဲ့ရပါတယ်။
နောက်နေ့မနက် ရိုဟန်အ လုပ်သွားတုန်း အမစ်နဲ့ ဝါဆင်တို့ ဟာ ရိုဟန်တို့အိမ်ကို တိတ်တ ဆိတ်ဝင်လာပြီး တစ်ဦးတည်း ကျန်ခဲ့တဲ့ ဆူပရီရာကို မတရား ပြုကျင့်ခဲ့ကြပါတော့တယ်။ ရိုဟန် သိသိချင်း ရဲဌာနကို အကြောင်း ကြားတဲ့အခါ ဆေးရုံက စစ်ချက် ယူပြီး အမှုဖွင့်ဖို့ အကြံပြုခဲ့တာ ကြောင့် ဆေးရုံကို သွားနေတုန်း လမ်းမှာ အမစ်ရဲ့လူတွေက ဖမ်း ခေါ်သွားခဲ့ပါတယ်။
ဆူပရီရာက ဖြစ်ပျက်သမျှ ကို မေ့ပျောက်ပြီး အရင်လိုပြန်နေ ဖို့ ကြိုးစားခဲ့ပေမယ့် ရိုဟန်က တော့ ဆူပရီရာ့အတွက် စိတ်ထိ ခိုက်ခံစားခဲ့ရပါတယ်။ နောက် တစ်နေ့မနက်မှာ ရိုဟန်ဟာ အ လုပ်သွားပြီး အိမ်ပြန်အရောက်မှာ တော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီ ရင်ခဲ့တဲ့ ဆူပရီရာနဲ့သာ တွေ့ခွင့် ရပါတော့တယ်။ ဇနီးဆုံးရှုံးခဲ့ရတဲ့ ရိုဟန်ဆီကို နိုင်ငံရေးသမားမက် ဟာဗရာအိုရောက်လာပြီး သူ့ညီ ဖြစ်တဲ့ အမစ်က ဆူပရီရာကို စော်ကားမော်ကားလုပ်တာဟာ တစ်ကြိမ်မကကြောင်း ပြောပြခဲ့့ပြီး ဖြစ်သမျှကို အကုန်မေ့ပစ်လိုက်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။
တစ်ရက်မှာတော့ ဆူပရီရာ ရေးထားတဲ့မျက်မမြင်စာတစ်ခု ကို ရိုဟန်တွေ့ခဲ့ပြီး ဒုတိယ မြောက် မတရားကျင့်ခံရတဲ့ အ တွက် သတ်သေသွားတာဖြစ်တယ်ဆိုတာ သိခဲ့ပါတယ်။ ရိုဟန် မခံမရပ်နိုင်ဖြစ်ပြီး ဇနီးသည်မတရားခံရမှုအတွက် အမှုသွား ဖွင့်ခဲ့ပြီးလက်တုံ့ပြန်ဖို့ပါကြိုးပမ်းခဲ့ပါတယ်။
အမြင်အာရုံ ချို့ယွင်းပေ မယ့် အသံစွမ်းရည်မှာတော့ သူ မတူတဲ့ ရိုဟန်ဟာ ဝါဆင်နဲ့ အမစ် ကို အသံတုမျိုးစုံနဲ့ လှည့်စားပြီး အပြတ်ရှင်းခဲ့ပါတော့တယ်။ နိုင်ငံ ရေးသမား မက်ဟာဗရာအိုကလည်း ရိုဟန်ကို ရှင်းပစ်ဖို့ကြိုးစား ပေမယ့် ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ရိုဟန်ကို မယှဉ်နိုင်ဘဲ နောက်ဆုံး မှာ သေပွဲဝင်ခဲ့ရပါတယ်။
ရိုဟန်တစ်ယောက် ဇနီး သည်ရဲ့ မတရားမှုအတွက် ဘယ် လိုနည်းလမ်းတွေနဲ့ လက်တုံ့ပြန် မှာလဲ။ ကိုယ်ကျင့်တရားမကောင်း သူတွေရဲ့ သွားရာလမ်းက ဘယ် လိုဖြစ်မလဲဆိုတာ ဆက်လက် ကြည့်ရှုလိုက်ပါဦး။
ဒီဇာတ်ကားမှာ ရိုဟန်အဖြစ် ဟရီသစ်ရိုရှန်၊ ဆူပရီရာအဖြစ် ရာမီဂေါ်တမ်၊ မက်ဟာဗရာအို အဖြစ် ရွန်နစ်ရွိုင်း စသူတွေပါဝင် ထားကြပါတယ်။
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/55
https://t.me/bollywoodmovie789/55
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 19❤ 6👎 1
Prohibited content
A Flying Jatt (2016)MM SUB
_
IMDB ( /10)
ဒီကားလေးက အိန္ဒိယစူပါဟီးရိုးကားလေးပါ
မယ်ဟိုသာဆိုတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ ရေကန်အနီးမှာစက်ရုံတစ်ခုကိုပိုင်ဆိုင်ထားပါတယ်
ဒါပေမယ့် အဲ့ဒီရေကန်နားမှာရှိတဲ့မြေကိုတော့ဝယ်လို့ မရခဲ့ပါဘူး..ဘာလို့လဲဆိုတော့ အဲ့ဒီမြေပေါ်မှာ ဆုတောင်းပြည့်သစ်ပင်တစ်ခုရှိနေတဲ့အတွက်နဲ့ ပိုင်ရှင်ဖြစ်သူ ဒီလွန်မိသားစုက မရောင်းတာဖြစ်ပါတယ်
ဒီလွန်မိသားစုကို ဦးဆောင်နေတာက
မစ္စဒီလွန်ဖြစ်ပီးတော့ သူ့မှာ အာမန်နဲ့ ရိုဟစ်ဆိုတဲ့ သားနစ်ယောက်ရှိပါတယ်
မယ်ဟိုသာက သစ်ပင်ကို ဖျက်စီးပီးတော့ သူလိုချင်တဲ့ မြေနေရာကိုဝယ်လို့ရအောင် ကြံစည်နေခဲ့ပါတယ်
သစ်ပင်ကိုဖျက်စီးဖို့အတွက် ရာကာဆိုတဲ့ ကြေးစားလူဆိုးတစ်ယောက်ကိုဌားရမ်းခဲ့ပါတယ်
အာမန်သစ်ပင်နားမှာရှိနေတဲ့အချိန်မှာ
ရာကာက သစ်ပင်ကိုဖျက်စီးဖို့လုပ်တဲ့အတွက် အာမန်က တားဆီးခဲ့ပါတယ်
ဒါပေမယ့် ရာကာက အာမန်ကိုအေးအေးဆေးဆေးဘဲ အနိုင်ယူနိုင်ခဲ့ပီးတော့ လွှစက်ကိုအသုံးပြုပီးသတ်ပစ်ဖို့ လုပ်ခဲ့ပါတယ်
ဒါပေမယ့် အဲ့ဒီအချိန်မှာတော့ မိုးကြိုးမုန်တိုင်းတွေဖြစ်လာခဲ့ပီးတော့ သစ်ပင်ကနေတဆင့် ရာကာရော အာမန်ပါ မိုးကြိုးထိမှန်ခဲ့ပါတယ်
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/53
https://t.me/bollywoodmovie789/53
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 11
Prohibited content
" အာဂမင်းခေါင် "
ဇာတ်လမ်းတွဲ 🎥🎥
အာဂမင်းခေါင် " အပိုင်း ( ၁ )
https://t.me/arrghamingaung/4
အာဂမင်းခေါင် " အပိုင်း ( ၂ )
https://t.me/arrghamingaung/6
အာဂမင်းခေါင် " အပိုင်း ( ၃ )
https://t.me/arrghamingaung/8
အာဂမင်းခေါင် " အပိုင်း ( ၄ )
https://t.me/arrghamingaung/10
အာဂမင်းခေါင် " အပိုင်း ( ၅ )
https://t.me/arrghamingaung/12
အာဂမင်းခေါင် " အပိုင်း ( ၆ )
https://t.me/arrghamingaung/14
အာဂမင်းခေါင် " အပိုင်း ( ၇ )
https://t.me/arrghamingaung/16
အာဂမင်းခေါင် " အပိုင်း ( ၈ )
https://t.me/arrghamingaung/18
အာဂမင်းခေါင် " အပိုင်း ( ၉ )
https://t.me/arrghamingaung/20
အာဂမင်းခေါင် " အပိုင်း ( ၁၀ )
https://t.me/arrghamingaung/22
အာဂမင်းဂေါင် " အပိုင်း ( ၁၁ )
https://t.me/arrghamingaung/24
အာဂမင်းဂေါင် " အပိုင်း ( ၁၂ )
https://t.me/arrghamingaung/26
အာဂမင်းခေါင် " အပိုင်း ( ၁၃ )
https://t.me/arrghamingaung/28
အာဂမင်းခေါင် " အပိုင်း ( ၁၄ )
https://t.me/arrghamingaung/30
အာဂမင်းဂေါင်” အပိုင်း ( ၁၅ )
https://t.me/arrghamingaung/32
အာဂမင်းဂေါင်” အပိုင်း ( ၁၆ )
https://t.me/arrghamingaung/33
အာဂမင်းဂေါင်” အပိုင်း ( ၁၇ )
https://t.me/arrghamingaung/34
အာဂမင်းဂေါင်” အပိုင်း ( ၁၈ )
https://t.me/arrghamingaung/35
👍 8❤ 1🤣 1
War (2019) MMSB
ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။
နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်.... ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။
တိုက်ဂါးနဲ့ ရီသိတ်ဟာ တပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။
ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။
သူ ဘာကြောင့် ပစ်ခဲ့တာလဲ....
ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ...
သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့... တိုက်ဂါးပါ။
ကဲ.... ဆရာနဲ့ တပည့်.... ရန်သူနဲ့ တပ်မတော်ဘက်တော်သား.... ဘယ်လို ဆက်ဖြစ်ကြမလဲ.....
အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ.... ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။
(စာအနည်းငယ်လိုအပ်ချက်ရှိရင် ခွင့်လွှတ်ပေးပါဗျာ)
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Translated by Nyi Koe And Myint Thu
Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/51
https://t.me/bollywoodmovie789/51
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 16❤ 5
Prohibited content
Bhaag Milkha Bhaag [2013]MM SUB
---------------------------------------------
IMDb – 8.2/10,Rotten – 72%
၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပါတယ်။ အကုန်လုံးပျော်နေကြပေမယ့် မပျော်နိုင်တဲ့ လူမျိုးတစ်မျိုးရှိပါတယ်။
သူတို့ကတော့ ပန်ဂျပ် (Punjab) တွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတဲ့အခါ ပါကစ္စတန်က ပန်ဂျပ်ပြည်နယ်တစ်ခြမ်းကို တောင်းပါတယ်။
အင်္ဂလိပ်ကခွင့်ပြုလိုက်တဲ့အတွက် ပန်ဂျပ်ပြည်ဟာ နှစ်ခြမ်းကွဲပြီး တစ်ခြမ်းက အိန္ဒိယထဲမှာ၊ နောက်တစ်ခြမ်းကတော့ ပါကစ္စတန်ထဲရောက်သွားပါတယ်။
ပါကစ္စတန်ပိုင်နက်ထဲရောက်သွားတဲ့ ပန်ဂျပ်တွေကို မွတ်စလင်ဘာသာ အတင်းပြောင်းခိုင်းပါတယ်။ မပြောင်းနိုင်တဲ့သူတစ်ချို့က ကိုယ့်လယ်ယာ၊ အိုးအိမ်တွေကိုစွန့်ပြီး အိန္ဒိယဘက်ခြမ်းကို ရွှေ့ကြပါတယ်။
ကိုယ့်မြေကိုမစွန့်နိုင်တဲ့သူတစ်ချို့ကတော့ ရရာလက်နက်စွဲပြီး တွန်းလှန်ကြပါတယ်။ အဲဒီလိုတိုက်တဲ့အခါ မေခါဆင်း (Milkha Singh) ဆိုတဲ့ ကောင်လေးရဲ့မိသားစုတစ်စုလုံး အသတ်ခံလိုက်ရပါတယ်။
တွယ်ရာမဲ့ဖြစ်သွားတဲ့ မေခါဆင်းတစ်ယောက် အိန္ဒိယဘက်ခြမ်းကို ပြေးရပြီပေါ့။ သူ့ဘဝဟာ အဲသလိုပဲ အပြေးနဲ့စခဲ့ရရှာပါတယ်။
အရွယ်ရောက်လာတဲ့အခါ ဒီမေခါဆင်းလေးဟာ အိန္ဒိယစစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းပါတယ်။ တစ်နေ့ကျတော့ သူတို့တပ်မှာ အပြေးပြိုင်ပွဲတစ်ခုလုပ်ပါတယ်။
အဲဒီပြိုင်ပွဲဟာ တကယ်တော့ လူသစ်ရှာတဲ့ပွဲပါပဲ။ အခြေအနေကောင်းတဲ့သူတွေကို ရွေးပြီးတော့ လက်ရွေးစင်အပြေးအသင်းအတွက် လေ့ကျင့်ပေးမှာပါ။
တပ်သားတွေ ဝင်ပြိုင်ချင်အောင် ဆာဂျင်ကြီးက မက်လုံးပေးပါတယ်။
ပထမဆုံးပန်းဝင်တဲ့သူ ၁၀ ယောက်ကို ကြက်ဥနှစ်လုံးနဲ့ နွားနို့တစ်ခွက်တိုက်ပါမယ်တဲ့။ ပြီးတော့ ဖက်ထိပ် (Fatigue) ၁၄ ရက် မလုပ်ရဘူးတဲ့။ မေခါဆင်းဟာ နွားနို့အရူးအမူးကြိုက်သူပါ။ ဒါကိုမက်ပြီး ဝင်ပြိုင်တာ ပထမရပါတယ်။ ဒီတော့ လက်ရွေးစင်အသင်းအတွက် သူ့ကိုပဲ ရွေးသွားပါတော့တယ်။
ဒါဟာ သူ့ဘဝအတွက်တော့ အကြီးမားဆုံး အပြောင်းအလဲတစ်ခုပါပဲ။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်တယ်ဆိုတာကို Bhaag Milkha Bhaag ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားလေးမှာ ကြည့်ကြရမှာပါ။
ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် မေခါဆင်းအဖြစ် Farhan Akhtar က သရုပ်ဆောင်ထားပါတယ်။ Farhan Akhtar ဟာ လူသစ်ပါ။ သူ့ဘဝဟာလည်း စိတ်ဝင်စားဖို့၊ အတုယူဖို့ အင်မတန်ကောင်းပါတယ်။ အင်မတန်ကိုကြိုးစားတဲ့ ပါရမီရှင်တစ်ယောက်ပါ။ သူ့အကြောင်း နောက်အလျဉ်းသင့်လျှင် တင်ပြပေးပါ့မယ်။
ဒီဇာတ်ကား Bhaag Milkha Bhaag နဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ပြောစရာတွေ အများကြီးရှိနေပါတယ်။ အိန္ဒိယ-ပါကစ္စတန် တွဲရေးခွဲရေးကိစ္စကို ကျွန်တော်အပေါ်မှာ ထည့်ရေးခဲ့ပါတယ်။ ဘာသာရေးအရှုပ်အထွေးတွေဖြစ်အောင် တမင်ရေးတာမဟုတ်ပါဘူး။
ဒီအကြောင်းအရာကို မသိလျှင်၊ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ မေခါဆင်း ရင်ထဲက ခံစားချက်ကို နားမလည်လျှင်၊ ဒီဇာတ်ကားကို ကြည့်ရတာ အရသာအင်မတန်ပေါ့သွားပါလိမ့်မယ်။ ဇာတ်ကားကိုကြည့်ရင်းနဲ့ ကျွန်တော်ထည့်ရေးခဲ့တဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားကြမှာပါ။
နောက်တစ်ချက်က ဒီဇာတ်ကားဟာ စိတ်ခွန်အား အင်မတန်ဖြစ်စေတဲ့ ဇာတ်ကားပါ ကြည့်ရင်းနဲ့ကိုယ်ပါ အားတွေတက်လာတယ်။
သူ့လိုကြိုးစားချင်စိတ်တွေ ပေါက်လာတယ်။ အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူမရဘူး။ ဘယ်လောက်တောင်ခက်ခဲတယ်ဆိုတာမျိုးကို နားလည်လာမှာပါ။
မေခါဆင်းရဲ့ စိတ်ဓာတ်ပြတ်သားပုံမျိုးကို အတုယူစေချင်ပါတယ်။
သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာ လေ့လာစေချင်ပါတယ်။
သူဟာ အပြေးလေ့ကျင့်ရင်းနဲ့ ပင်ပန်းလွန်းလို့ ပါးစပ်က သွေးတောင်အန်ထွက်ပါတယ်။
တော်ရုံတန်ရုံလူဆို ဒီအဆင့်တောင် ရောက်မလာဘူး ချွေးလေး နည်းနည်းရွဲလာရင်ပဲ ရပ်ပစ်လိုက်တော့မှာ။ မေခါဆင်းက သွေးအန်နေတာတောင် မရပ်ဘူး။ ကြုံးထပြီး ပြန်ပြေးတယ်။
ဒီလိုမျိုးကြိုးစားမှုမျိုး အတုယူစေချင်တာပါ။
လူငယ်တွေ အဓိကကြည့်သင့်ပါတယ်။ ဒါ့ကြောင့် ဒီလောက်အရှည်ကြီးရေးပြီး ညွှန်းနေရတာပါ။ ကြည့်စေချင်လွန်းလို့ပါ။
၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ဘောလိဝုဒ်မှာ အင်မတန်အောင်မြင်ခဲ့ပါတယ်။
ဘောလိဝုဒ်သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးဇာတ်ကား နံပါတ် ၅ ထိ တက်ချိတ်ထားပါတယ်။
မေခါဆင်း (Milkha Singh) ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ‘The Race Of My Life’ ကိုမှီငြမ်းပြီး ပြန်ရိုက်ကူးထားတာပါ။
ကဲ…ကြည့်ဖြစ်အောင် ကြည့်ကြပါဦးဗျာ...
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/48
https://t.me/bollywoodmovie789/48
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 12
Prohibited content
Kal Ho Naa Ho (2013)
ရှာရွခ်ခန်း၊ ဆေ့ဖ်အလီခန်း၊ ပရီသီး
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/46
https://t.me/bollywoodmovie789/46
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 7❤ 2
1691. Antlers (မြန်မာစာတန်းထိုး)🔰🔰
ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့ခေါ်တဲ့ ခပ်ပိန်ပိန်ကောင်လေးတစ်ယောက်ရှိတယ်
ဘယ်သူနဲ့မှလည်း အပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံနေရတယ်
တစ်နေ့ ဂျူလီက ပုံပြင်ပြောပြဖို့ ရေးခဲ့ပါဆိုပြီး အိမ်စာပေးလိုက်တယ်..တခြားကလေးတွေက သာမန် နတ်သမီးပုံပြင်တွေ ပြောပေမယ့် အဲ့ကောင်လေးကတော့
မတူထူးဆန်းနေတယ်
ဝက်ဝံ ၃ ကောင်ဟာ တောင်ပေါ်က အေးစက်တဲ့ ဂူမှာနေတယ်..ဝက်ဝံကြီးရယ် ဝက်ဝံလေးရယ် ဝက်ဝံပေါက်လေးရယ်ပေါ့..ဝက်ဝံကြီးက အားလုံးကို စောင့်ရှောက်ရတာပေါ့
တစ်နေ့ ဝက်ဝံလေးပြန်လာတော့ ဝက်ဝံကြီးနဲ့ ဝက်ဝံပေါက်လေးက ထူးဆန်းနေတယ်..ဝက်ဝံကြီးက နေမကောင်းဖြစ်နေပြီး စားစရာ အသားလည်းမရှိတော့ဘူး
လူးကတ်ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီးနောက် အိမ်တွင်းအကြမ်းဖက်ခံနေရတယ် အထင်နဲ့ စိုးရိမ်ပြီး ကိစ္စတွေကို စုံစမ်းဖော်ထုတ်ရင်း လူသားတွေရဲ့ ပုံမှန် ပြသာနာမဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/52
https://t.me/akaungkarmyar/52
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 21❤ 2
Prohibited content
" Deep Sea Python " ဆိုတဲ့ ဇာတ်ကားကို gold channel ကနေ တင်ဆက်ပေးလိုက်ပါတယ်၊ ဒီကားက 2023 မှာထွက်ရှိခဲ့ပြီး Adventure/Action/Thriller အမျိုးအစားပါ၊ IMDb rating 5.5 ရထားတဲ့ ကားလည်း ဖြစ်ပါတယ်၊
ဒီဇာတ်လမ်းမှာတော့ ပရော်ဖက်ဆာ ကျုံးနဲ့ ဒေါက်တာ ကောင်းတို့မှာ ကျုံးမင်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ် လင်မယားနှစ်ယောက်ဟာ ရှာဖွေစမ်းသပ်မှုတစ်ခုအတွက် ထူးဆန်းတဲ့ကျွန်းကို ထွက်သွားခဲ့ကြပြီး သမီးဖြစ်သူကျုံးမင်ကို ပြန်လာခဲ့မယ့်အကြောင်း ကတိတွေ ပေးခဲ့ကြပါတယ်၊ ဒါပေမယ့် 16 နှစ်ကြာတဲ့အထိ ပြန်မရောက်လာခဲ့ကြပါဘူး ဒါကြောင့် အရွယ်ရောက်လာတဲ့ ကျုံးမင်ဟာ ထူးဆန်းတဲ့ကျွန်းကိုသွားဖို့ ကျွန်းပေါ်အရင်ရောက်ဖူးခဲ့တဲ့ ချန်ယွဲ့ဆိုတဲ့လူကိုငှားပြီး မိဘနှစ်ပါးကို ရှာဖို့ထွက်လာခဲ့ပါတော့တယ်၊ ချန်ယွဲ့နဲ့ကျုံးမင်တို့ ကျွန်းပေါ်မှာ ဘယ်လိုအခက်ခဲတွေကြုံရမလဲ ကျုံးမင်ရဲ့မိဘနှစ်ပါးကလည်း ဘယ်လိုဖြစ်သွားကြတာဆိုတာ ဒီဇာတ်ကားထဲမှာ စောင့်ကြည့်ပေးကြပါဦး
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/47
https://t.me/akaungkarmyar/47
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 8
Prohibited content
Unstoppable (2018) MMSB
ဒုန်ချွဲ နဲ့ ဂျီဆူး တို့ဟာ သာယာပျော်ရွှင်နေတဲ့ ဇနီးမောင်နှံဖြစ်ပြီးအေးအတူ ပူအမျှ နေတက်ကြသူတွေပါဒုန်ချွဲ က အရမ်းရိုးသားလွန်းတော့ အမြဲတမ်းလူလိမ်ခံရပါတယ်ချစ်ဇနီးလေး ဂျီဆူး အချိန်ပြည့်အလုပ်လုပ်နေရတာ မကြည့်ရက်တဲ့အတွက်သူကိုယ်တိုင်လဲ အပင်ပန်းခံပြီး ပိုက်ဆံရှာနေရပါတယ်…
ဒုန်ချွဲဟာ ဂျီဆူး နဲ့ မတွေ့ခင်တုန်းက လူတိုင်းတုန်လှုပ်ရတဲ့အတိုက်အခိုက်သမား တစ်ယောက်ဖြစ်ပြီး မတရားတာမြင်ရင်မနေတက်သလို စိန်ခေါ်ရင် ရေမြေဆုံးထိ လိုက်တက်သူပါမိန်းမ ရပြီးမှ အရင်လို မဟုတ်တော့ပဲ ငါးရောင်းပြီးအေးဆေးနေတက်သူ ဖြစ်သွားခဲ့တာပါ…တစ်ရက်မှာတော့ ဒုန်ချွဲ တို့ ဇနီးမောင်နှံဆီကိုကံကြမ္မာဆိုး တစ်ခု ဝင်ရောက်လာပါတယ်…ဒုန်ချွဲ ငွေတွေ အလိမ်ခံရလို့ နှစ်ယောက်သားစကားများကြပြီး ဂျီဆူး က အိမ်ကို အစောကြီးပြန်သွားခဲ့ပါတယ်….စိတ်ကောက်နေတဲ့ ဂျီဆူး ကိုချော့ဖို့ ဒုန်ချွဲရောက်လာခဲ့ပေမဲ့ နောက်ကျသွားခဲပါပြီအိမ်ထဲထိ ဝင်ရောက်ပြီး လူဆိုးဂိုဏ်းတစ်ခုကဂျီဆူး ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်….ဒုန်ချွဲ တစ်ယောက် ရဲတိုင်ခဲ့ပေမဲ့ တကယ်အလုပ်မလုပ်တဲ့ရဲတွေကြောင့်
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/walovemardonesort/7
https://t.me/walovemardonesort/7
👍 18❤ 4
