Movie Time
رفتن به کانال در Telegram
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @phyoesithu12 Ck Lottery/Big Win လက်မခံပါ
نمایش بیشتر2025 سال در اعداد

45 950
مشترکین
-10524 ساعت
-1 0437 روز
-2 53230 روز
آرشیو پست ها
Repost from N/a
Photo unavailableShow in Telegram
Haunted Mountains: The Yellow Taboo (2025)
ထိုင်ဝမ်မှာဒဏ္ဍာရီတစ်ခုရှိတယ်လိုဆိုကြတယ်။ အဲဒါကတော့ တောင်တက်နေတဲ့အချိန် လမ်းပျောက်သွားတဲ့အခါ မိုးကာအင်္ကျီအဝါနဲ့လူတစ်ယောက်ကိုတွေ့လိမ့်မယ် သူကမြူခိုးတွေကြားမှာ လမ်းညွှန်ပြပြီးပျောက်သွားတတ်တယ်တဲ့။
ကျားမင်၊ ယွိရှင်း နဲ့အန်းဝေတိုဟာ တက္ကသိုလ်တောင်တက်အဖွဲက သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ တစ်ခေါက်မှာတော့ သူတို(၃)ယောက်ဟာ တောင်တက်ရင်းလမ်းပျောက်သွားခဲ့ပါတယ်။
လမ်းတစ်လျှောက်အဝတ်စအဖြူတွေနဲ့ အမှတ်အသားလုပ်ခဲ့ပေမယ့် တစ်နေရာထဲကိုပဲ ပြန်ရောက်ရောက်သွားပြီး အဆုံးမရှိတဲ့ သံသရာတစ်ခုမှပိတ်မိနေသလိုပါပဲ။
အားလုံးစိတ်တွေရှုပ်ထွေးနေတဲ့အချိန်မှာပဲ မြူတွေကြားထဲမှာ မိုးကာအင်္ကျီအဝါနဲ့လူတစ်ယောက်ကို ဝေဝေဝါးဝါးမြင်လိုက်ရတာကြောင့် သူတို(၃)ယောက်အတွက် မျှော်လင့်ချက်လေးတွေရှိလာခဲ့ပါတယ်။
ဒါပေမယ့် သူတိုမသိခဲ့တာက အဲဒီအချိန်မှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပြီးတော့ တကယ့်အိပ်မက်ဆိုးက အဲဒီအချိန်မှပဲ စတင်တော့မှာဖြစ်ပါတယ်။
Repost from N/a
Photo unavailableShow in Telegram
ဘုန်းကြီးဂျူ အဖြစ် Oat Pramote
ပတ်ပေါင်း အဖြစ် Pongkool
ဇာတ်လမ်းအကျဉ်း...
ဘုန်းတော်ကြီးဂျူနဲ့ပတ်ပေါင်းတို့ဟာ အရင်ဘဝတုန်းက ချစ်ခင်စုံမက်ကြတဲ့ လင်မယားတွေပါ သိပ်ချစ်ကြလွန်းလို့ သစ္စာဖောက်ပြားခဲ့ပါက မိုးကြိုးပစ်ခံရပါစေဆိုပြီး ကျိန်ဆိုခဲ့ကြတဲ့သူတွေပေါ့ ဘုန်းတော်ကြီးဂျူဟာ သူ့မယားကို မထိခိုက်စေချင်တဲ့ စိတ်ကြောင့် ပတ်ပေါင်းနဲ့သူ့ကံကြမ္မာကိုချည်နှောင်ပြီးတော့ ခံရမဲ့ဝဋ်ကြွေးတွေကို လွှဲပြောင်းယူခဲ့ပါတယ်...
ဒီသစ္စာဟာ နောက်ဘဝထိပါ အကျိုးသက်ရောက်လေတော့ လက်ရှိဘဝမှာ ပတ်ပေါင်းတစ်ယောက် ယောကျ်ားသားဘဝနဲ့ ရှိသမျှမိန်းကလေးတွေနဲ့ ပတ်သက်တဲ့အခါ ပတ်ပေါင်းရှုပ်သမျှကို ဘုန်းတော်ကြီးဂျူဘက်မှာ မကြာခဏကို မိုးကြိုးဒဏ်တွေခံရပါတယ်...
သူတို့နှစ်ယာက်ရဲ့ ရေစက်ကို ဖြတ်တောက်ဖို့ရာအတွက် ဘုန်းတော်ကြီးဂျူ ဘယ်လိုကြိုးစားမလဲ ပတ်ပေါင်းကရော အသာတကြည်နဲ့ယုံကြည်ပြီးတော့ ဘုန်းတော်ကြီးဂျူခိုင်းတာကို လိုက်နာမှာလားဆိုတာတွေကို ရယ်မောဖွယ်ရာ ကြည့်ရှုရမဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်...
( ဇာတ်လမ်းအကျဉ်းကို Hades မှ ရေးသားပေးထားပါတယ် )
Repost from N/a
Photo unavailableShow in Telegram
“တကယ်ချစ်မိပြီဆိုရင် ကိုယ့်ချစ်တဲ့သူကဘယ်လိုလူဖြစ်ဖြစ်ဂရုမစိုက်နိုင်တော့တဲ့ အကြောင်းရိုက်ထားတယ့်ဇာတ်ကား”
The Girl Next Door (2004)
ဒီဇာတ်ကားမှာ မင်းသမီး၊ မင်းသား (Emile Hirsch) ရဲ့သရုပ်ဆောင်မှုတွေကလည်း အထင်ကြီးစရာဖြစ်ပြီး
သူတိုအတွက်များ ဒီဇာတ်ကားဖန်တီးဖြစ်တာလားလို တွေးမိရလောက်အောင် မင်းသားရော မင်းသမီးရော နှစ်ယောက်လုံး ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားကြပါတယ်
သူတိုနဲ့ လိုက်ဖက်လွန်းတဲ့ဇာတ်ကားပါ..ဇာတ်ကားရဲ့ ရည်ရွယ်ရင်းလဲ နှစ်သက်မိသလို ဟာသရသလဲမြောက်ပါတယ်..
လူငယ် အချစ် ဟာသ ဇာတ်လမ်းလေးတွေမှာတော့ မမေ့နိုင်တဲ့ဇာတ်ကားဖြစ်ပြီး (Hit Man) မင်းသား..ဖိုက်တာကြီး (Timothy Olyphant) ကို ဂျလေဘီဆန်ဆန်မြင်ရတာလဲ သဘောကျမိပါတယ်
အချုပ်ပြောရရင် (Teen Comedy) ပရိတ်သတ်တွေ မကြည့်ဖူးသေးရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
❤ 1
Repost from N/a
Photo unavailableShow in Telegram
Liar Liar [1997]
IMDB: 6.8/10 ရထားပြီး PG 13 သတ်မှတ်ထားတဲ့The Mask မင်းသား Jim Carreyပါဝင်တဲ့ဟာသကားကိုတင်ဆက်ပေးလိုက်ပါတယ်
Review 🗒
ရိဒ် ဖလက်ချာဟာ လိမ်ပြောတဲ့နေရာမှာ ကျွမ်းကျင်တဲ့ရှေ့နေတယောက်ပါ။
လူတယောက်သား စိတ်ချမ်းသာအောင်ပဲဖြစ်ဖြစ် လိမ်ပြောတတ်ပါတယ်။
သူဟာ အိမ်ထောင်ကွဲနေပြီး သားလေးကိုချစ်ပေမယ့်အချိန်မပေးခဲ့ပါဘူး။
သားကိုကတိအမျိုးမျိုးပေးပေမယ့်မတည်တာများနေပါတယ်။
နောက်တော့သူ့သားကသူ့မွေးနေ့လာမယ်ကတိပေးပြီးမှ မလာတဲ့အဖေအတွက်မွေးနေ့မှာဆုတောင်းခဲ့ပါတယ်။
သူ့အဖေတရက်လောက်ပဲဖြစ်ဖြစ်လိမ်မပြောနိုင်ပါစေနဲ့လို့...
မွေးနေ့ဆုတောင်းက အမှန်ဖြစ်လာတယ့်အချိန်မှာတော့…
ဘယ်လိုတွေတောင် ဗရုတ်သုတ်ခဖြစ်ကုန်မလဲရှုစားကြည့်ကြပါဦးခင်ဗျာ
❤ 1
Repost from N/a
Photo unavailableShow in Telegram
My Best Summer
ငယ်ငယ်တုန်းက အချစ်ဦးကိုပြန်အမှတ်ရစေမယ့် ဇာတ်ကားလေး 😍😍
➪➪➪➪➪➪➪➪➪➪➪➪➪➪
ကိန်ကိန်ဆိုတဲ့သာမန်ကျောင်းသူလေးက
တရုတ်ပြည်မှာနံပါတ်၁ကျောင်းဖြစ်တဲ့ ကျိန့်ဟွာအထက်တန်းကျောင်းကို
ဝင်ရောက်ခဲ့တဲ့ပထမနေ့မှာပဲ ရူပဗေဒဉာဏ်ကြီးရှင် ယွီဟိုင်တို့တွေ့ဆုံပြီး
တစ်ခုံတည်းအတူထိုင်ဖို့ဖြစ်လာတဲ့အခါ.. သူတို့နှစ်ယောက်ကြားမှာ
သူငယ်ချင်းသံယောဇဉ်တွေခိုင်မာလာပြီး အပြန်အလှန်သဘောကျနေပေမယ့်
မျိုသိပ်ပြီးရင်ထဲမှာသိမ်းဆည်းထားကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ..
.သူတို့နှစ်ယောက်ဆုံဆည်းနိုင်ပါ့မလား ဒီကားလေးထဲမှာ
သူတို့နှစ်ယောက်အပြင် သူငယ်ချင်းတစ်သိုက်ကြားက
အဖြစ်အပျက်လေးတွေကိုပြန်မြင်ရပြီး အထက်တန်းကျောင်းသား/သူဘဝကိုပြန်ပြီး
အမှတ်ရစေမှာအမှန်ပါပဲ..
Repost from N/a
1:54:23
Video unavailableShow in Telegram
My Daughter is a Zombie (2025)
815.91 MB
Repost from N/a
Photo unavailableShow in Telegram
My Daughter is a Zombie (2025)
***
IMDb..... 7.0
ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ရုပ်ရှင်ကတော့ ဒီနှစ်ထွက်တဲ့ ကိုရီးယားရုပ်ရှင်တွေထဲမှာ ရုံဝင်အကောင်းဆုံးဖြစ်တဲ့
M*y Dau*ghter is a Z*om*bie ဆိုတဲ့ ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။
နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့ Yun-chang Lee ရဲ့ နာမည်တူ webtoon ကို ရုပ်ရှင်အဖြစ်
ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး ဇွန်ဘီဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သမီးလေးကို ကာကွယ်ဖို့အတွက်
မိခင်ဖြစ်သူရဲ့ ကျေးလက်အိမ်မှာ ခိုလှုံရင်း ရုန်းကန်နေရတဲ့ ဖခင်တစ်ဦးရဲ့ ဇာတ်လမ်းလေးကို ဟာသနှောပြီး
ပုံဖော်ထားပါတယ်။ Cast တွေအနေနဲ့လည်း ထွက်သမျှကားတိုင်း ပေါက်တဲ့ Jo Jung-suk, Lee Jung-eun,
Cho Yeo-jeong, Yoon Kyung-ho နှင့် Choi Yoo-ri တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
❤ 2
Repost from N/a
Photo unavailableShow in Telegram
The Running Man (2025)
==============
IMDb Rating (6.7) / Rotten Tomatoes (64%)
Stephen King ရဲ့ ဝတ္ထုတွေကိုအခြေခံပြီး ရိုက်ကူးတဲ့ရုပ်ရှင်တွေထဲကမှ သရုပ်ဆောင် Glen Powell ရဲ့ The Running Man ကားအသစ်ထွက်လာပါပြီ။
သားနို့စ်သရုပ်ဆောင် Josh Brolinနဲ့ A list သရုပ်ဆောင်တွေအများကြီးပါဝင်ထားတာပါ။ ဒါရိုက်တာကလည်း Baby Driver နဲ့ Last Night in Soho တို့ကို ရိုက်ကူးတင်ဆက်ထားတဲ့ Edgar Wrightဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး ခပ်မြူးမြူးနဲ့ Non stop actionတွေဘက်ကိုသွားထားတာပါ။
The Running Man စာအုပ်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်မှာလည်း ပိုက်ဆံလိုနေတဲ့ လူတစ်ယောက်က The Running Man လို့ခေါ်တဲ့ TV အစီအစဥ်မှာ ဝင်ပါတယ်။ ရက် ၃၀ ကြာမယ့် ဒီပြိုင်ပွဲမှာ ရက်ကြာကြာ အသ-က်ရှ-င်လေလေ ငွေသားဆုကြေး ကြီးကြီးရလေပဲ။
ဒီ ရက် ၃၀ အတွင်းမှာတော့ သူနဲ့ တခြားပြိုင်ပွဲဝင်တွေကို Hunters လို့ခေါ်တဲ့ မုဆိုးတွေကရက် ၃၀ မခံအောင် ဝို-င်းရှ-င်းကြတာမျိုးပေါ့။ ဒါပေမဲ့ ဘန်ရစ်ချတ်ဆိုတဲ့လူကတော့ ဒီမုဆိုးတွေကို-ပြ-န်ဖြု-တ်-ရင်း သားကောင်ကနေ မုဆိုးဖြစ်ကာ ပရိတ်သတ်အကြိုက်ဆုံး Reality Show ဇာတ်ကောင်ဖြစ်လာတယ်။
ကြည့်ရတဲ့ ပရိတ်သတ်အတွက် တီဗီအစီအစဉ်ဆိုပေမဲ့ အထဲမှာပါတဲ့လူတွေအတွက်တော့ တကယ့် Survival င-ရဲတွင်းကြီးပါပဲ။ ရစ်ချတ်တစ်ယောက်ဂိမ်းရဲ့စည်းမျဉ်းတွေကိုဖော-က်ထွက်ပြီး ဘယ်လိုအောင်မြင်အောင်ဆော့ပြသွားမလဲဆိုတာကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားပါ။
Repost from N/a
Photo unavailableShow in Telegram
Moon River အပိုင်း ( 12) ရပါပြီ
ကြည့်ရန်👇👇👇
https://t.me/Mm44246
ဇာတ်ကားလင့်👇👇👇
https://t.me/Mm44246/735
Repost from N/a
Photo unavailableShow in Telegram
Playdate (2025)
++++++++
ဂျက်ရိချာ စီးရီးထဲမှာ ဗလတောင့်တောင့်နဲ့ ခပ်ကြမ်းကြမ်း အားမာန်ပါပါလက်သီးတွေနဲ့ လူသိများခဲ့တဲ့ Alan Ritchson
မင်းသားကြီးရဲ့ Action အလန်းစား ကားသစ်ပါနော် ...
ဇာတ်လမ်းအကျဉ်း
++++++++++
ဘရိုင်ယန် (Kevin James)ဟာ အလုပ်-ပြု-တ်-သွားပြီးတဲ့နောက် အိမ်နေအဖေတစ်ယောက်အဖြစ်
ကလေးထိန်းဖို့ ဖြစ်လာပါတယ်။ ပန်းခြံထဲမှာကလေးထိန်းရင်း ဂျက်ဖ် (Alan Ritchson)ဆိုတဲ့
သူ့လိုမျိုးအိမ်နေအဖေတစ်ယောက်နဲ့ တွေ့ဆုံရာက အိမ်အလည်လိုက်ဖို့ အဖိတ်ခံလိုက်ရတယ်။
ဒီလိုနဲ့ ဘရိုင်ယန်တို့သားအဖဟာ မရည်ရွယ်ပဲနဲ့ ဂျက်ဖ်တို့သားအဖနဲ့အတူ တစ်နေ့တာစွန့်စားခန်းထဲ
အတူပါဝင်လာရပါတော့တယ်။
Repost from N/a
Photo unavailableShow in Telegram
Palestine 36 (2025)
IMDb Rating (7.2) / Rotten Tomatoes (100%)
Palestine 36 ဟာ ၁၉၃၆–၁၉၃၉ ခုနှစ်က “1936–1939 အာရပ်တော်လှန်ရေး”အကြောင်းတွေ — အစိုးရရဲ့ British colonial rule ဆန့်ကျင်ရေး ပုန်ကန်မှုတွေကို အခြေခံထားတယ်။
ဇာတ်လမ်းမှာ ပါလက်စတိုင်းပြည်သူ တွေရဲ့ဘဝ ဗြိတိသျှကိုလိုနီတွေရဲ့ ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းတွေ ပေါင်းစပ်ထားတယ်။
အရေးပါတဲ့ historical drama တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး၊ ပရိသတ်/သုတေသနရှင်များ ရဲ့ စဉ်းစားစရာကောင်းမယ့် လူမျိုးရေးသိပ္ပံ-လူမှုဆိုင်ရာ topics တွေကို ထည့်ထားပါတယ်။
