အိန္ဒိယဇာတ်ကားကောင်းများ🎬🎥
رفتن به کانال در Telegram
2025 سال در اعداد

46 619
مشترکین
-8624 ساعت
-8897 روز
+26 88530 روز
آرشیو پست ها
Photo unavailableShow in Telegram
မြန်မာစာ မြန်မာကြေးနဲ့ 555mix ⚽️
ကစားချင်သူများ နေ့စဉ်ယူနစ်ဖြည့် 5%
အကောင့်သစ်၁၀%ဘောနပ်နဲ့အတူ 🥰
Sir Zinထံမှာ 5000ကျပ်မှစ၍ ငွေကြေးပိုင်းယုံကြည်စိတ်ချစွာ ကစားလို့ ရပါတယ်ဗျ 💯💯💯
Agent လုပ်သက် 4️⃣နှစ်ကျော်အတွင်း နာမည်ပျက်မရှိ ငွေကြေးခိုင်မာစွာ ရပ်တည်နေသူ တစ်ဦးပါ 💵✅
🌟Viber No - 09266111550
🌟Telegram Link- http://t.me/Boom742
Messenger _https://m.me/sirzinibet789
ဘောလုံးပွဲပေါက်ကြေးများ လေ့လာရန်
Telegram channel Link
👇👇👇
https://t.me/soegyitip789
❤ 2🔥 1
2:24:16
Video unavailableShow in Telegram
Sat.. yapr.. em Ki Kat.. ha [20.. 23]
[Runtimeအဆုံးထိမပါရင်ဒေါင်းပြီးမှ
ဖုန်းထဲကိုSaveပြီးကြည့်ပါ]
Satyaprem Ki Katha (2023) Hindi WEB-DL - 720p(CM).mp41176.65 MB
❤ 2🔥 1🥰 1
Photo unavailableShow in Telegram
Sat.. yapr.. em Ki Kat.. ha [20.. 23]
ဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။
အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့
သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။
သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး
ကာသာ။
ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့
ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။
တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့
အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ
တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ
မန်နေဂျာဘ၀ရောက်သွားပါလေရော။
သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့
မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။
❤ 3🔥 1🥰 1
2:35:03
Video unavailableShow in Telegram
𝕊_𝕙-𝕪_𝕒-𝕞 𝕊_𝕚-𝕟_𝕘-𝕙_𝕒 ℝ-𝕠_𝕪 [ 𝟚+𝟘/𝟚+𝟙 ]
-------------------------------------------
1223.46 MB
❤ 2🔥 1🥰 1
Photo unavailableShow in Telegram
𝕊𝕙*𝕪*𝕒𝕞 𝕊𝕚*𝕟𝕘*𝕙𝕒 ℝ*𝕠𝕪 [ 𝟚+𝟘/𝟚+𝟙 ]
-------------------------------------------
Vasu ဟာဆော့ဝဲလ်ကုမ္ပဏီကနေအလုပ်ထွက်ပြီး ဝါသနာပါတဲ့
ရုပ်ရှင်ဒါရိုက်တာအလုပ်ကို ကူးပြောင်းနေတဲ့လူငယ်တစ်ယောက်ပေါ့
တစ်နေ့မှာ ရုပ်ရှင်ရိုက်ဖို့ရာ အရင်းနှီးထုတ်ပေးမယ့်သူနဲ့တွေ့တော့
ရုပ်ရှင်အတွက်ကိုယ်တိုင်ဇာတ်ညွှန်းဖန်တီးပြီး ရိုက်ကူးခဲ့ပါတယ်။
အဲ့ရုပ်ရှင်ကတော်တော်လေးပေါက်သွားပြီး အောင်မြင်လုဆဲဆဲဖြစ်နေတဲ့ချိန်မှာပဲ
မူပိုင်ခွင့်ပြဿနာနဲ့တရားစွဲခံရပါတော့တယ်။
ကိုယ်တိုင်စိတ်ကူးစိတ်သန်းကနေရေးသားထားတဲ့ဇာတ်ညွှန်းကို ခိုးချပါတယ်ဆိုပြီး
အစွပ်စွဲခံရတော့ အဖြေရှာဖို့ကြိုးစားတဲ့အချိန်မှာ အဲ့ဖြစ်ရပ် နောက်ကွယ်အမှန်တရားက
အတိတ်ဘဝနဲ့ထူးဆန်းစွာ ဆက်နွယ်နေမှန်းသိလိုက်ရတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို
ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်....
❤ 3🔥 1👏 1
2:12:35
Video unavailableShow in Telegram
Thir.. uchit.. ramb.. alam [20.. 22]
1090.02 MB
❤ 2🔥 1🥰 1👏 1
Photo unavailableShow in Telegram
သီရူချီထရမ်ဘာလမ် (ဒါနုရှ်) ဟာ အမေနဲ့ ညီမ ဆုံးရှုံးသွားမှုကြောင့်ပျော်စရာတွေပါ ဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ပေါ့
သူ့ကို သားလို့သတ်မှတ်ရမှာရှက်ပြီး၊ စကားမပြောဖြစ်တာနှစ်နဲ့ချီပြီဖြစ်တဲ့ အဖေနဲ့ တစ်ယောက်တည်းသော စကားပြောဖော်အဘိုးနဲ့အတူ တစ်အိမ်တည်းမှာ နေပေမယ့်
အိမ်နဲ့တူတယ်လို့ မခံစားနေရတဲ့သူပေါ့
ဘဝကို ရိုးရှင်းစွာနဲ့ ပါဆယ်ပို့သမားအဖြစ် လုပ်ကိုင်နေရင်းသူ ကျောင်းတုန်းက ကြိတ်ကြိုက်ခဲ့တဲ့ ကောင်မလေးနဲ့ပြန်ဆုံခဲ့ရတော့တယ်
ဒါပေမယ့် အဲဒီကောင်မလေးနဲ့ သူ့ဘဝက မိုးနဲ့မြေလို ကွာခြားပြီး သူတို့ပြန်ဆုံတော့
ကောင်မလေး သူ့ကိုဆက်ဆံပုံတွေက တကယ်ပဲခင်လို့လား ဒါမှမဟုတ် အထင်အမြင်သေးပြီး နှိမ်ကြောနေတာလားဆိုတာတော့
သူတစ်ယောက် မသိတတ်နိုင်ခဲ့ပါဘူး
ဒါပေမယ့် ခွဲခြားသိနေတဲ့ သူတစ်ယောက်တော့ရှိတယ်
အဲဒါကတော့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း ကောင်မလေးပါပဲ အဲဒီလိုနဲ့ သူ့ရဲ့ရိုးရှင်းနေတဲ့ ဘဝထဲ ကောင်မလေးနှစ်ယောက်နဲ့အတူ ဘယ်လိုရှုပ်ထွေးမှုတွေဘယ်လိုစိတ်လှုပ်ရှားစရာတွေနဲ့ဘယ်လို ဘဝအလှည့်အပြောင်းတွေကို ကြုံတွေ့ရမလဲဆိုတာပရိသတ်ကြီးကိုယ်တိုင်ပဲ ရှုစားခံစားကြည့်ပေးပါဦးနော်
❤ 4👍 1🔥 1
2:08:07
Video unavailableShow in Telegram
𝐉𝐨*𝐦𝐛*𝐢𝐞*𝐥𝐚*𝐧𝐝 (𝟐𝟎𝟐𝟓)
Jombieland Ads.mp41461.27 MB
❤ 2👍 1🔥 1🥰 1
Photo unavailableShow in Telegram
𝐉𝐨*𝐦𝐛*𝐢𝐞*𝐥𝐚*𝐧𝐝 (𝟐𝟎𝟐𝟓)
================
သာမန် action ကားတွေပဲ ကြည့်ရတာ ပျင်းနေတဲ့လူတွေအတွက် ထူးထူးခြားခြား အိန္ဒိယဇွန်ဘီကားလေးကို ဒီနေ့တင်ဆက်ပေးပါမယ်။ဇွန်ဘီကားကိုမှ ဟာသနှောပြီးရိုက်ထားတဲ့ကားလေးမို့ ရယ်လိုက် သေရေးရှင်ရေးအတွက်ပြေးလွှားနေတာကို ကြည့်လိုက်နဲ့ ကြည့်ရမဲ့ကားလေးပါ။
ဇာတ်ကားအညွှန်း
ဂျစ်တီးဆိုတဲ့သူကတော့ Motivation Speaker ယောင်ယောင်နဲ့ လူတွေကိုလိုက်အယုံသွင်းပြီး Member အဖွဲ့ဝင်များလာအောင်လုပ်ရတဲ့စီးပွားရေးတစ်ခုကို လုပ်နေတဲ့သူတစ်ယောက်ပါ။တစ်နည်းပြောရမယ်ဆိုရင် MLM စီးပွားရေးပုံစံပေါ့။ ဒါပေမဲ့ သူ့စီးပွားရေးက မအောင်မြင်ပါဘူး။ဒါ့အပြင် သူ့ချစ်သူလေး ကိုးကိုးကလည်း သူနဲ့တစ်ရွာတည်းမဟုတ်ဘဲ တခြားရွာကဖြစ်တာမို့ ညနေတိုင်းသူ့ရည်းစားမျက်နှာလေးကို သူ့ရွာကနေတစ်ဖက်ရွာအထိ သွားသွားဖူးမြော်ရတာပါ။
မထင်မှတ်ဘဲ ကျွဲ၊နွားတွေကတစ်ဆင့် ဗိုင်းရပ်စ်ပိုးက ပျံ့နှံ့လာပါတော့တယ်။ရောဂါဖြစ်နေတဲ့နွားတွေရဲ့နို့တွေကို သောက်သုံးမိလိုက်တဲ့လူတွေက ဒီဇွန်ဘီးဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာဖြစ်ပါတယ်။ တစ်ဘက်ရွာက ချစ်သူလေးကိုးကိုးဆီရောက်အောင် ဂျစ်တီးက ဘယ်လိုကြိုးစားအားထုတ်သွားမလဲဆိုတာကို ဇွန်ဘီကားဆန်ဆန်ကြည့်ရမှာဖြစ်ပါတယ်။
❤ 3🔥 1
2:31:44
Video unavailableShow in Telegram
Pa...... thu...... Tha...... la [ 2 0 2 3 ]
-------------------------------------------
1145.92 MB
❤ 3👍 1🔥 1🥰 1
Photo unavailableShow in Telegram
Pa...... thu...... Tha...... la [ 2 0 2 3 ]
-------------------------------------------
ဒီဇာတ်ကားမှာတော့ ဝန်ကြီးချုပ်ပျောက်ဆုံးသွားမှုကြောင့် အိန္ဒိတစ်ခွင်လုံး တုန်လှုပ်သွားပြီးတော့ ပျောက်ဆုံးနေတဲ့ ဝန်ကြီးချုပ်ကိုရှာဖွေဖို့အတွက် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
အထူးတပ်ဖွဲ့ခေါင်းဆောင်က ဝန်ကြီးချုပ်ပျောက်ဆုံးမှုဟာ AGRဆိုတဲ့ နာမည်ကြီးလူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ ပတ်သတ်နေတယ်လို့ ယုံကြည်နေတဲ့အတွက် UndercoverရဲSathiကိုလျို့ဝှက်ထောက်လှမ်းစေခဲ့တယ်။
SathiဟာGunaဆိုတဲ့နာမည်နဲ့ AGRအဖွဲ့ထဲကို ဝင်ရောက်သွားပြီးတော့ သဲလွန်စရှာဖို့ ကြိုးစားနေရင်းနဲ့ ပျောက်ဆုံးနေတဲ့ ဝန်ကြီးချုပ်က AGRရဲ့ယောက်ဖဖြစ်နေမှန်း သိသွားခဲ့ပါတယ်။
Sathiတစ်ယောက် AGRအကြောင်း စုံစမ်းနေရင်းနဲ့ AGRဟာ သူတို့ထင်ထားသလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်မဟုတ်မှန်းကို သိသွားခဲ့ပြီးတော့ Sathiတစ်ယောက် ပျောက်ဆုံးနေတဲ့ ဝန်ကြီးချုပ်ကိုရှာတွေ့ပြီးတော့ AGRကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။
❤ 3👍 1🥰 1
2:14:46
Video unavailableShow in Telegram
-------------------------------------------
Kiss (2025) Tamil WEB-DL - 720p - AVC(Edit).mp41086.62 MB
❤ 3👍 1🔥 1
Photo unavailableShow in Telegram
K*i*s*s (2025)
"အနမ်းတစ်ပွင့် ကံကြမ္မာ"
IMDb - 7/10
အသစ်ထွက်ရှိလာတဲ့ တမီလ်ထူးခြားဆန်းကြယ်အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဟိုးရှေးရှေးတုန်းက တိုင်းရေးပြည်ရာမှာ အရမ်းကြပ်မတ်ခဲ့တဲ့ ဘုရင်တစ်ပါးရှိသတဲ့။ နိုင်ငံကိုကာကွယ်ဖို့
အချစ်ရေးတိုင်းကို ပိတ်ပင်ထားသတဲ့ ချစ်မိသွားရင် အာရုံမစိုက်နိုင်မှာစိုးတဲ့ဘုရင်က အတွဲတိုင်းကို
သေကွဲကွဲအောင် ခွဲခဲ့တာပေါ့ ဒါပေမဲ့ အချစ်စစ်ဆိုတာကလည်း အတားအစီးတွေကြားကကို
ပေါက်ဖွားလာတတ်တာပဲမလား စစ်သည်တော်တစ်ဦးက မိန်းမပျိုလေးတစ်ဦးနဲ့ ချစ်မိပါလေရော
မိန်းမပျိုလေးက ဘယ်လောက်ချစ်မိသွားလဲဆိုရင် သူ့ချစ်သူစစ်တိုက်ရတဲ့နေရာတိုင်းကို စစ်သည်တော်ဝတ်စုံဝတ်ပြီး
လိုက်သတဲ့လေ ဒါပေမဲ့လည်း ဖြစ်ရမဲ့ကံပါရင် ရှောင်လွှဲလို့မရလေတော့ ဘုရင်ကသိသွားပြီး
အရှင်လတ်လတ်မီးရှို့စေခဲ့တယ် ဒီ၂ယောက်ရဲ့ နောက်ဆုံးအချိန်မှာ ဘုရင်ကို ဘဝအဆက်ဆက်
အချစ်ရေးနဲ့ပတ်သက်ပြီး ကျိန်စာတိုက်ခဲ့တယ် ချစ်ရေးချစ်ရာကို အယုံအကြည်မရှိတဲ့ ဘုရင်ကတော့ အဲဒီဘဝမှာ လှောင်ရယ်နေခဲ့တာပေါ့။။
မျက်မှောက်ခေတ် -နယ်ဆင်က အိမ်ထောင်ရေးပြိုပျက်ခဲ့တဲ့မိသားစုက လာသူမို့ အချစ်ဆိုတာကို အယုံအကြည်မရှိတဲ့သူ။
တစ်နေ့မှာတော့ ဆာရာပေးလိုက်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့စာအုပ်တစ်အုပ်ကြောင့်
ထူးခြားတဲ့ စွမ်းအားတစ်ခု ပိုင်ဆိုင်သွားခဲ့တယ်။
အဲဒါကတော့ အနမ်းခြွေနေတဲ့ချစ်သူတွေကိုမြင်လိုက်ရင် သူတို့ရဲ့ အနာဂတ်အချစ်ရေးကံကြမ္မာကိုမြင်နိုင်စွမ်းရှိသွားတာပါ။
ဒါပေမဲ့ သူမြင်လိုက်သမျှ အနာဂါတ်ကံကြမ္မာက ခွဲခွာခြင်းတွေချည်းဖြစ်နေခဲ့တယ်။
ကဲ ဒီသဘာဝလွန်စွမ်းအားတွေကို သူဘယ်လိုများ အသုံးချသွားမလဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ ။
❤ 2👍 1🥰 1👏 1
2:36:02
Video unavailableShow in Telegram
Br...... oth...... ers [ 2 0 1 5 ]
-------------------------------------------
1121.35 MB
❤ 3🔥 1🥰 1
Photo unavailableShow in Telegram
Br...... oth...... ers [ 2 0 1 5 ]
-------------------------------------------
၂၀၁၅ ရဲ့ကားကောင်းတွေထဲက တစ်ကားပါ. IMDb 6.8 ရထားပါတယ်။
အမေကိုသတ်မှုနဲ့ထောင်ထဲဝင်သွားတဲ့ အဖေကို မုန်းတီးနေတဲ့ အလတ်တန်းစားတိုက်ခိုက်ရေးသမားဟောင်း ကျောင်းဆရာအစ်ကိုကြီးဟာ သူ့မိသားစုအတွက်မဖြစ်မနေငွေရှာရတော့မယ့်အခြေအနေမှာ ဘယ်လိုမှ နိုင်ဖို့ မျှော်လင့်ချက်မရှိတဲ့ ကြီးကျယ်တဲ့ တိုက်ခိုက်ရေးပြိုင်ပွဲကြီးကို ဝင်ပြိုင်ပါတော့တယ်။
တချိန်တည်းမှာပဲ ထောင်ကလွတ်လာတဲ့အဖေရဲ့ အကူအညီနဲ့ အဖေတူအမေကွဲ ညီငယ်လေးကပါ ပြိုင်ပွဲထဲမှာ ပါဝင်လာတဲ့အခါ…….
တကယ်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေကြားထဲမှာ မေတ္တာတရားကို ပီပြင်အောင်ရိုက်ပြထားတာကိုတော့ တကယ်ချီးကျူးးမိပါတယ်ဗျာ။
❤ 5🔥 1
2:29:05
Video unavailableShow in Telegram
Etha.. rkkum Th.. unin..dhavan (20.. 22)
1479.60 MB
❤ 3🥰 1
Photo unavailableShow in Telegram
Etha.. rkkum Th.. unin..dhavan (20.. 22)
===========================
ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသား Suriya ၊ မင်းသမီး Priyankaတို့ ပါဝင်သရုပ်ဆောင်ထားပြီး imdb 8.4 / 10ရထားတဲ့အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်
မြို့နှစ်မြို့ရဲ့ရန်ငြိုးရန်စတွေကို အခြေခံထားတဲ့ ဒီဇာတ်လမ်းမှာ သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းကောင်းတွေကိုလည်းမြင်တွေ့ရမှာမို့ အက်ရှင်ဇာတ်ကားကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါ
သန်နာဒူနဲ့ ဗာဒါနာဒူ မြို့နှစ်မြို့ဟာ အရင်တုန်းက ချစ်ချစ်ခင်ခင်နဲ့ တစ်မိသားစုတည်းလို နေခဲ့ကြတဲ့ ကပ်လျှက်မြို့နှစ်မြို့ပါနှစ်ဖက်မြို့က ယောက်ျားလေးနဲ့ မိန်းကလေးတွေကလည်း အိမ်ထောင်ကျကြတာတွေများပါတယ်
ဒါပေမယ့် တစ်နေ့မှာတော့
ဗာဒါနာဒူမြို့သား ခင်ပွန်းသည်ကနှိပ်စက်တာကြောင့် သန်နာဒူမြို့သူ မိန်းကလေးတစ်ယောက်ဟာ ကြိုးဆွဲချသေဆုံးသွားခဲ့ပါတယ်
အဲဒီအချိန်ကတည်းက မြို့နှစ်မြို့ကြားမှာ အမုန်းတရားတွေက ပိုမိုကြီးထွားလာခဲ့ပြီး ဟိုဘက်မြို့က မြို့သား မြို့သူနဲ့ မကြိုက်ရဘူးတွေဖြစ်လာတာပေါ့ အဲဒီအချိန်မှာ သန်နာဒူမြို့သား ရှေ့နေလေး ကန်နာက ဗာဒါနာဒူမြို့သူကို ကြိုက်မိသွားပါတယ်
မြို့နှစ်မြို့ရဲ့ ရန်ငြိုးရန်စတွေကြားမှာ သူတို့ အချစ်ရေး ဘယ်လိုဖြစ်လာမလဲ ၊ တစ်ဖက်မှာလည်း ကန်နာဟာလူတွေကိုကူညီတတ်တဲ့ ရှေ့နေဖြစ်ပါတယ်
ဝန်ကြီးသားဦးဆောင်တဲ့ဂိုဏ်းဟာ မြို့နှစ်မြို့က မိန်းကလေးအပျိုလေးတွေကိုဖျက်စီးနေတာ
ကန်နာသိလိုက်တဲ့အခါ ဒါတွေကိုဘယ်လိုဖော်ထုတ်အပြစ်ပေးမလဲဆိုတာ ဒီဇာတ်ကားမှာ စောင့်ကြည့်ရမှာပဲဖြစ်လို့ ကြည့်ရူအားပေးကြပါဦးနော်
❤ 3🔥 1
Photo unavailableShow in Telegram
ဒီဇာတ်ကားဟာ အလယ်အလတ်ပိုင်းအရွယ်ရှိတဲ့ နပန်းချန်ပီယံတစ်ယောက် Olympic မှာ India ကိုယ်စားပြုဝင်ပြိုင်ပြီး လက်ဝှေ့လောကကို ပြန်လာဖို့ ကြိုးပမ်းတဲ့အကြောင်းဖြစ်ပါတယ်။
တစ်ချိန်က ပြိုင်စံရှားအောင်မြင်ကျော်ကြားလှတဲ့ နပန်းသမားကြီး Sultan ခုတော့ အကြောင်းအမျိုးမျိုးကြောင့် အရှုံးသမားဖြစ်နေရာက ဆုံးရှုံးသွားသမျှကို ပြန်ယူဖို့အတွက် ကြိုးဝိုင်းအတွင်းကို ပြန်ဝင်ဖို့ဖြစ်လာပါတော့တယ်။
ဒီကားကို စသိမိတာကတော့ ထုံးစံအတိုင်း ရုပ်ရှင်ရုံမှာပြတဲ့ trailer ကြောင့်ပေါ့။ ပုံစံကမဆိုးဘူး၊ ရိုက်ချက်လေးတွေ မိုက်တယ်၊ တအားကြီးမကောင်းတောင် ထူးထူးခြားခြားနဲ့ အပန်းပြေနိုင်တယ် ကြည့်ဦးမှဆိုပြီးတော့ ဖြစ်ခဲ့တယ်ပေါ့ဗျ။
ဘယ်လိုကောင်းမယ် ဘာဖြစ်တယ်ညာဖြစ်တယ်မျိုး မှန်းထားတာမျိုးမရှိခဲ့ဘူးဇာတ်လမ်းပိုင်းမှာ S_u-l_t-a_n ဟာ S_o-u_t-h_p-a_w နဲ့ နည်းနည်းလေးသွားဆင်တယ်။
❤ 2👍 1🥰 1
