49 421
مشترکین
-4924 ساعت
+3 6047 روز
+6 40530 روز
آرشیو پست ها
Photo unavailableShow in Telegram
The Human Centipede II :(2011)
ဒုတိယရုပ်ရှင်ကတော့ ပထမကားကိုစွဲလမ်းပြီး လူသားတွေကို ကြုံသလို ဆက်မယ့် လုံခြုံရေးသမားအကြောင်းပါ၊သူဟာ ငယ်ငယ်ကတည်းက အဖေဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုကို ခံထားရသူပီပီ ပိုကြမ်းမှာပါ။
ဒီကားကိုတော့ ဒါရိုက်တာက ကင်းခြေများကိုပဲ Focus မလုပ်ဘဲ dark theme လေး ခံစားစေချင်လို့ black and white တင်ဆက်ထားပေမယ့် ကျနော်တို့ ကတော့ Colorized Version နဲ့ တင်ဆက်လိုက်ပါတယ်။
❤ 25🥰 25👏 25🔥 23👍 20🤩 17🎉 15
Photo unavailableShow in Telegram
ကဋေရှစ်ဆယ်သူဌေးသားနဲ့ကြွက်မလေးတို့ရဲ့ဇာတ်လမ်း 😳😳
➪➪➪➪➪➪➪➪➪➪➪➪➪➪
Changle Town is Treacherous ( 2023 )
ဟူကော်ဟွာဆိုတာ ချန်လဲ့မြို့မှာ အချမ်းသာဆုံး သူဌေးသားလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။
ဘယ်သူ့ကိုမှ အထင်မကြီးတဲ့ ဟူကော်ဟွာက လောင်းတိုင်း နိုင်နိုင်မယ့်လူအရိုးနဲ့ လုပ်ထားတဲ့ အံစာတုံးကို ရရှိခဲ့ပြီးနောက် ပိုင်ဆိုင်မှုတွေ အားလုံးသုံးပြီး လောင်းခဲ့ပါတယ်။
ဒါပေမဲ့ ညသန်းခေါင်ကျော်တဲ့အထိ မလောင်းရဘူးဆိုတဲ့ တားမြစ်ချက်ကိုလျစ်လျူရှုခဲ့တဲ့အတွက် အကုန်ရှုံးသွားခဲ့ပြီး သူတောင်းစား သာသာဖြစ်သွားခဲ့ပါတယ်။
စိတ်မပြတ်နိုင်တဲ့ ဟူကော်ဟွာက သူ့အဖေရဲ့ သင်္ချိုင်းကို သွားတူးခဲ့ပြီး ဦးလေးဖြစ်သူက
သူ့အဖေဆီ အကြွေးကျန်နေတာကို သိခဲ့ရပါတယ်။ ဦးလေးဆီ အကြွေးသွားတောင်းချိန်မှာ
ဦးလေးက အိမ်ထောင်ကျပြီးမှ ပေးမယ်လို့ ပြောတဲ့အတွက်
လူသေအတွက်သုံးတဲ့ စက္ကူသတို့သမီးနဲ့လိမ်ဖို့ စီစဉ်ခဲ့ပါတယ်။စက္ကူသတို့သမီးက အသက်ဝင်လာပြီး တကယ်လက်ထပ်ဖို့ သူမရှိရာသင်္ချိုင်းကို ခေါ်တဲ့အခါ……
ဟူကော်ဟွာတစ်ယောက် ရှုံးသွားတဲ့ ငွေတွေကို ပြန်ရနိုင်မလား……
သူမြင်တွေ့ရတဲ့အရာတွေ အားလုံးကရော အစစ်အမှန်တွေ ဟုတ်ရဲ့လားဆိုတာတော့
👏 18👍 17🎉 16❤ 14🥰 14🤩 7🔥 5
Zodiac (2007)
IMBD 7.7/10
ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခ ရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာ ခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေ တုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာ ကို ရေးထားတယ်...သူ့သတင်းတွေကို သတင်းစာခေါင်း ကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှု တွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ် ဒီတော့ သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်း ဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှု တွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေ ဖြစ်နေတယ်...အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမား ကလည်းလူတွေသတ်ရင်းတရားခံကို လက်ပူးလက်ကြပ် မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှု ကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃၀ကျော်ကြာတဲ့ အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့ပါတယ်..တကယ့် ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာမလို့ ပိုလို့ကြောက်စရာကောင်း ပြီးပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်း ဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျား လှပါတယ်
🔥 26🎉 25🤩 24🥰 22❤ 20👏 18👍 16
2:14:03
Video unavailableShow in Telegram
Dong Ji Rescue (2025) 720p WEB-DL AAC2.0.mp41110.52 MB
👏 19🎉 15👍 13🥰 13🤩 13🔥 12❤ 10
Photo unavailableShow in Telegram
Dong Ji Rescue (2025) 720p WEB-DL AAC2.0
👍 22🎉 21❤ 13🥰 13🔥 12👏 10🤩 9
Photo unavailableShow in Telegram
Pamali (2023)
အခေါင်အများကျတဲ့ ရွာတစ်ခုမှာ အမည်မသိ ပလိပ်ကပ်ရောဂါတစ်ခုကြောင့် လူသေဆုံးမှုတွေများနေပြီး မပြင်းထန်ဘူးယူဆတာကြောင့်ခရိုင်ရုံးက ဝန်ထမ်း ၃ယောက်ကိုသာ စေလွှတ်လိုက်ရာအစမှာ အရာရာက ပုံမှန်ဆိုပေမယ့် တဖြည်းဖြည်းထူးဆန်းတဲ့
အရာတွေဖြစ်လာပါတယ်။
ညဘက်ဆို အစ္စလာမ်ဘာသာအယူအရ သေသူကို အဝတ်နဲ့စည်းနှောင်ထားတဲ့ပုံစံနဲ့သရဲရုပ်အလောင်းကောင်တွေက ခြောက်လှန့်လာပါတော့တယ်။
👏 17❤ 16👍 16🥰 16🔥 15🤩 14🎉 10
1:34:56
Video unavailableShow in Telegram
The Home (2025) WEB-DL,720p (MW).mp4618.24 MB
👍 16👏 16🥰 15🎉 14🤩 14🔥 12❤ 9
Photo unavailableShow in Telegram
The Home (2025)
ဒီကားရဲ့ ဒါရိုက်တာဟာ နာမည်ကျော်"The Purge" ဇာတ်ကားကို ပုံဖော် အသက်သွင်းခဲ့သူ ဖြစ်တာမို့ ဒီကားမှာလည်း ဘယ်လို ရင်တမမ
ကြည့်ရမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဒီဇာတ်ကားမှာ မက်စ်အဖြစ် သရုပ်ဆောင်ထားတဲ့ Pete Davidson က SBC ရဲ့ SNL အစီအစဉ်မှာ ဟာသဖျော်ဖြေရေးအလုပ်နဲ့ နာမည်ရလာခဲ့သူဖြစ်ပြီး
ရုပ်မချောပေမယ့် Kim Kardashian၊ Ariana Grande လို နာမည်ကြီး အဆိုတော် သရုပ်ဆောင် မင်းသမီးတွေနဲ့ တွဲခုတ်ဖူးသူ မို့
လူအများစုက သူ့ကို သတိထား လာခဲ့မိကြတာပါ။
ဒီဇာတ်ကားမှာ သူ့ရဲ့ မှုံတေတေ သရုပ်ဆောင်ချက်တွေနဲ့ သည်းထိတ်ရင်ဖို ရိုက်ကွက်တွေကို ကြည့်ရှု ခံစားရမှာပါ။
ဇာတ်ကားအစပိုင်းက အေးသလို ရှိပေမယ့် နောက်ဆုံး ဇာတ်ဝင်ခန်းကြည့်ရတာနဲ့တင် တန်တယ်လို့ ခံစားရစေမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ မက်စ်ဟာ ပေပေတေတေနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုကြောင့် ထောင်ကျရမယ့် အစား ဘိုးဘွား
ပြုစုစောင့်ရှောက်ရေး အိမ်ယာတစ်ခုမှာ လူမှုအကျိုးပြု အလုပ်တွေ လေးလကြာ လုပ်ဖို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။
🎉 19🔥 15👍 14🥰 14🤩 14❤ 13👏 12
Photo unavailableShow in Telegram
Paranormal Attraction [2020]
မြန်မာစာတန်းထိုး
ဒီဇာတ်ကားလေးက Horror အမျိုးအစားပေမယ့် ပုံမှန် horror ကားတွေလို scary jump တွေနဲ့ခြောက်လှန်နေတဲ့ ဇာတ်ကားမျိုးမဟုတ်ဘဲ story line နဲ့ ပုံမှန်လေး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းမျိုးလေးပါ။
Horror လဲကြည့်ချင် ကြောက်လဲကြောက်တတ်တဲ့သူတွေအတွက်လည်း ကြည့်လို့အဆင်ပြေမှာပါ။ အချစ်အတွက်နဲ့ မှားခဲ့ကြပြီး စွဲလမ်းတဲ့စိတ်ကြီးနဲ့ မကျွတ်လွတ်နိုင်ပဲရှိနေတဲ့အခါ…
ဇာတ်လမ်းအကျဉ်းတော့
ဆာရာ မိုင်ယာ ဆိုတဲ့ကောင်မလေးတစ်ယောက် သူရဲ့အရင်ရည်းစားနဲ့ ပြဿနာဖြစ်ကြပြီး အိမ်ပြောင်းလာခဲ့တယ်။ မယ်လနီဆိုတဲ့ အိမ်ပွဲစားမိန်းမကြီးရဲ့ အကူအညီနဲ့ အိမ်တစ်ခုရခဲ့တယ်။ အဲ့ဒီအိမ်မှာ ပစ္စည်းတွေရှင်းပေးရင်း နေစရာလဲရ လခလဲရဆိုတော့ ဆာရာအတွက် နေဖို့အဆင်ပြေခဲ့တယ်။ ဖြစ်ချင်တော့ အဲ့ဒီအိမ်မှာက အရင်သေသွားခဲ့တဲ့ ဝိညာဉ်ကစွဲကပ်နေတော့… ဆာရာနဲ့ သူ့သူငယ်ချင်းတွေ ဘယ်လိုဖြေရှင်းလိုက်ကြလဲ…ဘာဆက်ဖြစ်သွားလဲသိချင်ရင်တော့ဒီကားလေးဆက်ကြည့်လိုက်ပါ
(ဇာတ်လမ်းထဲမှာ ဆာရာနဲ့ သူ့ရဲ့ ရဲမေလေးကို lesbian couple အနေနဲ့ မြင်ရမှာပါ) ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူက Yair Minn Aung (Frost) ပါ
🔥 19🎉 19🥰 18❤ 17👍 16👏 16🤩 16

