fa
Feedback
Movie world 🎥🍿

Movie world 🎥🍿

رفتن به کانال در Telegram
2025 سال در اعدادsnowflakes fon
card fon
13 534
مشترکین
اطلاعاتی وجود ندارد24 ساعت
-2617 روز
+1 53730 روز
آرشیو پست ها
V.I.P. (20/17) 📱IMDb Rating __6.6/10 မင်းသား Lee Jong-Suk ဗီလိန်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး အကြမ်းစား အမိုက်စား အက်ရှင်တွေကို မြင်တွေ့ရမဲ့ ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Lee Jong-Suk အပြင် Jang Dong-Gun , Kim Myung-Min , Park Hee-Soon အစရှိတဲ့ ဝါရင့်မင်းသားကြီးများစွာလည်း  ပါဝင်သရုပ်ဆောင်ပေးထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း.... တောင်ကိုးရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့နဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့တို့ရဲ့ စီစဉ်ပေးမှုနဲ့ မြောက်ကိုးရီးယားကနေ တောင်ကိုးရီးယားကို ရောက်လာတဲ့ ဗွီအိုင်ပီ ဧည့်သည်တော် ဂင်ဂွမ်အီ (Lee Jong-Suk)... သူကတော့ ကွင်းဆက်လူသတ်မှုကြီးတစ်ခုရဲ့ အလားအလာအရှိဆုံး သံသယရှိသူအဖြစ် သတ်မှတ်ခံထားရတဲ့သူပေါ့။ စုံထောက်ချယ်အီဒို (Kim Myung-Min) ဆိုသူကတော့ စုံထောက်တစ်ယောက်ရဲ့ ဆဌမအာရုံအရ ဂင်ဂွမ်အီက တရားခံဖြစ်ကြောင်း သေချာနေပြီး ဂင်ဂွမ်အီကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားပေမဲ့ ထောက်လှမ်းရေးအေးဂျင့်  ဘတ်ဂျယ်ဟျော့ (Jang Dong-Gun) ရဲ့ အကာအကွယ်ပေးမှုကြောင့် ဂင်ဂွမ်အီက အကြိမ်ကြိမ် သံသယရှိသူ စာရင်းကနေ လွတ်မြောက်နေခဲ့ပေမဲ့ တစ်ဖက်မှာလည်း မြောက်ကိုးရီးယား လုံခြုံရေးဌာနက လျှို့ဝှက်အေးဂျင့်တစ်ဦးဖြစ်တဲ့ ရီဒယ်ဘုမ်း (Park Hee-Soon) ကလည်း ဂင်ဂွမ်အီကို ရေကုန်ရေခန်း ခြေရာခံလိုက်နေတဲ့ အခါမှာတော့... ခေါင်းကြီးပိုင်းတွေရဲ့ အကာအကွယ်ပေးမှုကြားကနေ ဗွီအိုင်ပီ ဂင်ဂွမ်အီကို မရရအောင် ဖမ်းဆီးပြီး ကွင်းဆက်လူသတ်မှုကြီးရဲ့ အဖြစ်မှန်ကို ဖော်ထုတ်ကြပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ Crd
نمایش همه...
Photo unavailableShow in Telegram
2:04:03
Video unavailableShow in Telegram
Ba^tt*le for Se^va*st^op*ol (20/15) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
نمایش همه...
Battle for Sevastopol 2015.mp41406.15 MB
" ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်း သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ ဖြစ်သလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော ယူကရိန်းသူ ဆိုဗီယက် အမျိုးသမီးစနိုက်ပါ " Battle for Sevastopol (20/15) 📱IMDb Rating ___7.2 /10 ဒီနေ့မှာတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘဝဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။ သမ္မတ ရူးစဗဲ့ကတော်နဲ့ ခင်မင်ခဲ့ပြီး သမ္မတကတော်ကြီးက ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ ပြသသွားပါတယ်။ သူတို့လာရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကို အမေရိကန်ကလဲ စစ်မျက်နှာဖွင့်ပေးဖို့ တောင်းဆိုရာမှာ ဒါကို မလိုလားတဲ့လူတွေ အတွက် တွန်းအားဖြစ်စေမဲ့ နာမည်ကျော်စကားတစ်ခွန်းကို ပြောခဲ့ပုံလေးနဲ့ သူ့ဘ၀ အနိမ့်အမြင့် အခက်အခဲတွေနဲ့ သေလုနီးနီးအချိန်တွေ သူချစ်ရတဲ့ သူတွေအကြောင်းကို ပြသွားတာကို တွေ့ရမှာပါ။ တကယ်လဲ သမိုင်းမှာ သူပြောခဲ့တဲ့ ” ကျွန်မ အသက် ၂၅ နှစ်မှာ ဖက်ဆစ် ၃၀၉ ယောက် သုတ်သင်ခဲ့ပြီးပါပြီ။ လူကြီးမင်းတို့၊ ရှင်တို့တွေ ကျွန်မနောက်ကျောမှာ ပုန်းကွယ်နေခဲ့တာ အချိန်အတော်ကြာပြီလို့များ မတွေးမိကြဘူးလား” ဆိုတဲ့စကားဟာ အမှတ်တရဖြစ်ကျန်ခဲ့ပါပြီ။ သူ့ဘဝနဲ့အတူ နာမည်ကျော် ဆီဗာစတာပိုစစ်ပွဲကြီးရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ ခံစားကြည့်နိုင်ပါပြီ။ Crd
نمایش همه...
1
Photo unavailableShow in Telegram
1:59:51
Video unavailableShow in Telegram
Th*e Unjust (20/10) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
نمایش همه...
The Unjust.mp4945.68 MB
😍 1
The Unjust (20/10 ) 📱 IMDb Rating 6.6/10, Rotten 60% ကျောင်းသူ၅ယောက်မုဒိမ်းကျင့်အသတ်ခံရတဲ့ အမှုကြီးကြောင့် ကိုရီးယားပြည်သူတစ်ရပ်လုံးဒေါသထွက်ကြရလို သမ္မတကြီးပါ ပါဝင်ပတ်သတ်လာပြီး ကိုရီးယားရဲဌာနကို တရားခံအစစ် မိရေးအတွက် ဖိအားပေးထားပါတယ်။ ရဲဌာနက ချွဲအရာရှိဟာ ထက်မြက်တဲ့ရဲသားတစ်ဦးဖြစ်ပေမယ့် အကယ်ဒမီကျောင်းဆင်းမဟုတ်လို ရာထူးမတက်နိုင်ရသေးသူ လဲဖြစ်တယ်။ တစ်ဖက်မှာလဲ အဓိကသံသယရှိသူ တရားခံတစ်ဦးကို မစစ်ဆေးရသေးခင်ပစ်ခတ်မှုတွေကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ရတယ်။ အထက်ကဖိအားတွေနဲ့ ရဲဌာနမှူးဟာအကယ်ဒမီကျောင်းဆင်းမဟုတ်တဲ့ ချွဲအရာရှိကိုတရားခံအဖြ စ်သရုပ်ဆောင်ရှာခိုင်းလိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲ။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကြားက လာဘ်ပေးလာဘ်ယူကိစ္စတွေကနေ လူသတ်မှုတွေဖြစ်စေတဲ့ထိ ကြီးထွားလာတာတွေ ညီနောင်သံယောဇဉ်နဲ့ တစ်ကိုယ်ကောင်းဆန်စွာ ရာထူးတက်ရေးဘာကို ရွေးချယ်မလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ Crd
نمایش همه...
Photo unavailableShow in Telegram
1
2:11:17
Video unavailableShow in Telegram
Pa*ci*fic Ri*m (20/13) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
نمایش همه...
Pacific rims 1.mp41128.75 MB
Pacific Rim (20/13) IMDb Rating 6.9/10, Rotten 72 % အမေရိကန် စိတ်ကူးယဉ်သိပ္ပံ Monster ရုပ်ရှင် ဖြစ်တဲ့ Pacific Rim ဟာ 2013 မှာစတင်ထွက်ခဲ့ပြီး Monster ရုပ်ရှင်ကြိုက်တဲ့ သူတွေကြားမှာ အရမ်းအောင်မြင်မှုရရှိခဲ့ဖူးပါတယ်။ အကြောင်းအရာကတော့ အနာဂတ်ကာလမှာ Kaiju လိုခေါ်တဲ့ ပင်လယ်သမုဒ္ဓရာထဲ ဧရာမ မွန်းစတားကြီးတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို လူသားတွေဟာ ဧရာမစက်ရုပ်ကြီး (Jaegers) တွေ တည်ဆောက်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ အကြောင်းပါ။ 2013 မှာ ထွက်ရှိခဲ့တဲ့ Pacific Rim ဟာ visual effects၊ action scene တွေနဲ့ ပတ်သက် အများအပြား ချီးကျူးခံခဲ့ရပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့လည်း အရမ်းအောင်မြင်မှု ရခဲ့တဲ့အပြင် ဝင်ငွေ စုစုပေါင်း $411 million ထိ ရရှိခဲ့ပါတယ်။ Monster ကားကြိုက်တတ်တဲ့သူမျိုးဆိုရင် ချန်ထားလိုမရတဲ့ ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားမျိုးဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်ဖို တိုက်တွန်းချင်ပါတယ်.. Crd
نمایش همه...
Photo unavailableShow in Telegram
1:41:08
Video unavailableShow in Telegram
Bo**ss Le*ve*l (20/20) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
نمایش همه...
Boss Level (2020) (Action, Sci-fi , Thriller).mp41448.74 MB
Boss Level (20/20) IMDb Rating 6.8/10, Rotten _74% Time Loop ကားကောင်းကောင်းလေးတွေ ကြည့်ချင်လို့စောင့်မျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက် ကားကောင်းကောင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဥ်း..... ရွိုင်ဆိုတာကတော့ တစ်နေ့တည်းကိုပဲထပ်ကာထပ်ကာနိုးထနေရတဲ့ စစ်သားတစ်ဦးပါ။ ထူးဆန်းတာက သူနိုးလာတာနဲ့ သူ့ကိုအသေအကြေသတ်မယ့်လူတွေက ဆီးကြိုနေတာပါပဲ။ တစ်ယောက်လက်ကလွတ်ရင် တစ်ယောက်က ထပ်ပြီးတော့ သတ်ဖို့ကြိုးစားနေတဲ့ ဒီဘ၀ကြီးမှာ သူကလည်း ကြိုးစားရှင်သန်နေထိုင်ပေမယ့် အချိန်တန်ရင် အသတ်ခံရတာပါပဲ။ ဒီလိုနဲ့ရက်ပေါင်းများစွာ ကြာလာခဲ့ချိန်မှာတော့ သူချစ်ရတဲ့အမျိုးသမီးအသတ်ခံလိုက်ရကြောင်း သူသိလိုက်ရပါတော့တယ်။သူကိုယ်တိုင်ကလည်း ရန်သူတွေပတ်လည်၀ိုင်းနေချိန် ဇနီးသည်ချန်ထားခဲ့တဲ့ သဲလွန်စလေးတွေနောက်ကိုလိုက်ရင်း လက်စားချေဖို့ကြိုးစားပါတော့တယ်။ အထပ်ထပ်၀ိုင်းနေတဲ့ လုပ်ကြံသူတွေလက်ကဘယ်လိုပြေးပြီး ဒီပိတ်မိနေတဲ့အချိန်ထဲကနေ ဘယ်လိုလွတ်အောင်ကြိုးစားမလဲ....? လွတ်မြောက်ဖို့ရောဖြစ်နိုင်မှာလား....? ဆိုတာ အရမ်းကိုစိတ်၀င်တစားနဲ့ကြည့်ရှုရမှာပါ။ Crd
نمایش همه...
Photo unavailableShow in Telegram
2:28:07
Video unavailableShow in Telegram
Bu^rn^in^g (20/18) Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
نمایش همه...
Burning (Beoning) [2018] (MM Sub).mp41125.42 MB
Burning (20/18) IMDb Rating __ 7.4/10, Rotten _95% ဒီဇာတ်ကားလေးကတော့ Rating 7.5/10 ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ် အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ် အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ် အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီ ဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ် နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလား ကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတဲ့ ဆန်းကြယ်လှပြီး စိတ်ဝင်စားစရာဇာတ်လမ်းလေးကို Burning (2018)ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်လိုက်ရအောင်နော် Crd
نمایش همه...
1
Photo unavailableShow in Telegram
2:00:14
Video unavailableShow in Telegram
Ha_unt_ed.U_nive_rsit_ie_s.3.2024 Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
نمایش همه...
Haunted.Universities.3.2024.720p.NF.WEB-DL (CM).mp4969.56 MB
Photo unavailableShow in Telegram
Haunted university 3 (2024) အဲ့တော့ ဒီတစ်ခေါက် Haunted university 3 လေးကလည်း အရင် Haunted university တွေလိုပါပဲ တက္ကသိုလ်ကျောင်းမှာ ထူးထူးခြားခြား ဖြစ်ပျက်ခဲ့တဲ့ သရဲဇာတ်လမ်းတွေကို ဇာတ်လမ်း ၃ ပိုင်းနဲ့ ရိုက်ကူးပြသထားတာပါ၊ ဆိုတော့ ရုပ်ရှင်တစ်ကားထဲကို ပျင်းအီနေအောင် အကြာကြီးကြည့်ရတာမျိုး မဟုတ်ပဲ ဇာတ်လမ်းတိုတိုနဲ့ ထိထိမိမိ‌ ဇာတ်လမ်းလေးတွေကို ကြည့်ရမှာဆိုတော့ ပျင်းစရာတော့ လုံးဝမကောင်းမှာသေချာပါတယ်။ ဒီထဲကဇာတ်လမ်းသုံးခုရဲ့ အကျဉ်းကို ပြောပြရရင်တော့ ပထမအပိုင်းမှာဆိုရင် တက္ကသိုလ်ကျောင်းသားတွေ သွားနေကျ ဆုတောင်းပြည့်နတ်နန်းမှာ ကျိန်စာသင့်နေတဲ့ ခေါင်းပြတ်သရဲရဲ့ သောင်းကျန်မှုတွေကို မြင်ရမှာပါ၊ ဒုတိယအပိုင်းမှာဆိုရင်တော့ ထိုင်းကား ပရိတ်သတ်တွေ ရင်းနှီးပြီးသားဖြစ်မယ့် sotus စနစ်ရဲ့ စီနီယာဂျူနီယာကြားက အစွဲအလမ်းကြီးပုံနဲ့ ဝမ်းနည်းဖွယ်ဇာတ်လမ်းကို ခံစားရပြီးတော့၊ နောက်ဆုံးအပိုင်းမှာဆိုရင် မင်းသားချောလေး Mark Siwat ပါဝင်ထားပြီးတော့ “မမြင်ရတဲ့နတ်ကွန်း” ရှာပုံတော်ကို ကြည့်ရှုရမှာပါ။ Thai horror ဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဆိုတော့ ကြောက်ဖို့လည်းကောင်း ရယ်လည်းရယ်ရနဲ့ ပျော်စရာကားလေးလို့တောင် ပြောလို့ရပါသေးတယ်။ Crd
نمایش همه...
1:59:13
Video unavailableShow in Telegram
Disclaimer: No copyright infringement intended. Do not own these videos. We credit to rightful owners and these videos are shared for entertainment purpose only.
نمایش همه...
Wall to Wall (2025) WEB-DL 1080p (CM).mp41565.80 MB