Movie selection
رفتن به کانال در Telegram
2025 سال در اعداد

27 531
مشترکین
-11824 ساعت
+3 5707 روز
+3 57030 روز
آرشیو پست ها
Photo unavailableShow in Telegram
Tanhaji
ဇာတ်လမ်းလေးအနေနဲ့ကတော့
တန်ဟာဂျီ စစ်သူကြီး ဟာ မာရာသာရဲ့ ဘုရင်ဖြစ်တဲ့ ရှီဗာထံတွင်တာဝန်ထမ်းဆောင်နေတဲ့ ညာလက်ရုံးလည်းဖြစ် သူငယ်ချင်းလည်းဖြစ်တဲ့သူပါ။ရှိဗာဘုရင်ဟာ ခံတပ် ၂၃ သုံးခုအား တစ်ဘက်နိုင်ငံထံသို့ ပေးအပ်လိုက်ရတဲ့အထဲမှာ အနစ်နာဆုံးခံတပ်ဟာ ကွန်ဟာနာ ခံတပ်ပင်ဖြစ်ပါတယ်။
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+8dGLXojkCZY5NzNl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2351601923/1257
Photo unavailableShow in Telegram
Need For Speed
ဇာတ်လမ်းအကျဉ်းကတော့
တိုဘီမာရှယ်ဟာ မြို့ငယ်လေးက ကျွမ်းကျင်တဲ့ ပြိုင်ကားဆင်သူတစ်ဦးဖြစ်ပြီး တရားမဝင် street race တွေမှာ ဝင်ပြိုင်လေ့ရှိပါတယ်။ ဂျူလီယာကတော့ ကားပွဲစားတစ်ဦးဖြစ်ပြီး မြန်ပေ့ဆိုတဲ့ကားတွေကိုမှ အရောင်းဝယ်လုပ်သူပါ။ ဒီနိုကတော့ ကားပြိုင်ပွဲ အကြီးစားတွေထိဝင်ပြိုင်ပြီး နိုင်ပွဲတွေလည်းရခဲ့တာကြောင့် စိတ်ကြီးဝင်နေသူတစ်ယောက်ဖြစ်ပါတယ်။ကားပြိုင်ပွဲတစ်ခုနဲ့ပတ်သက်ပြီး ဒီနိုရဲ့ ချောက်ချမှုကြောင့် ထောင်ကျခဲ့ရတဲ့တိုဘီဟာ ဂျူလီယာအကူညီနဲ့ နာမည်ကြီး ဒဲလီယွန်ကားပြိုင်ပွဲမှာ ဒီနိုကို လက်စားချေဖို့ဖြစ်လာပါတော့တယ်။ ထောင်ထွက် မျက်နှာမွဲလေး တိုဘီတစ်ယောက် နောက်ခံအင်အားတောင့်တင်းတဲ့ ဒိုဘီကို ကားပြိုင်ပွဲကြီးမှာ အနိုင်ယူပြီး အမှန်တရားကို သက်သေပြနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားလိုက်ကြပါဦးနော်။
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+8dGLXojkCZY5NzNl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2351601923/1117
Photo unavailableShow in Telegram
Pet Sematary
ဇာတ်လမ်းအကျဉ်းလေးကတော့နယ်မြို့လေးတမြို့ ကိုမိသားစု ၄ယောက် နဲ့ကြောင်တစ်ကောင်နဲ့ ပြောင်းလာခဲ့ပါတယ်သူတို့ပြောင်းလာခဲ့တဲ့နေရာက တိရိစ္ဆာန်သင်္ချိုင်း နဲ့ နီးနေတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ တိရိစ္ဆာန်သင်္ချိုင်းနဲ့ အနောက်နားလေးမှာ သေတဲ့အရာကိုပြန်ရှင်အောင်လုပ်နိုင်တယ်ဆိုတဲ့ အရာကရော တကယ်ရှိတာလား ??? သူတို့ မိသားစု ဒီကို ဘာ့ကြောင့်ပြောင်းလာခဲ့တာလဲ သူတို့မိသားစု နောက်ဆုံး ဘယ်လို တွေ ဆက်ဖြစ်ကကြမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရူရမဲ့ ဇတ်လမ်းလေးပေါ့နော်။
Photo unavailableShow in Telegram
Independence Day
1996 ခုနှစ်က ရုပ်ရှင်ကားမို့ Graphic တွေကို အထင်မသေးလိုက်နဲ့နော် ယနေ့ခေတ် CGI တွေကို ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပြီး Best Visual Effect Award ရရှိခဲ့တဲ့ကား ဖြစ်ပါတယ်။ကမ္ဘာမြေကို ဂြိုဟ်သားတွေ သိမ်းပိုက်ဖို့ လာရောက်တိုက်ခိုက်မှုကို အမေရိကန်သမ္မတအနေနဲ့ ဘယ်လို ကာကွယ်လဲ...Area 51 အကြောင်းလေ့လာချင်သူတွေအတွက်လည်း Area 51ရဲ့ မြှပ်ကွက်တွေကို တွေ့မြင်ရမဲ့အပြင် Pilot တစ်ဦးဖြစ်တဲ့ Will Smith အနေနဲ့ရော ဂြိုလ်သားတွေကို ဘယ်လိုပြန်လည်တိုက်ခိုက်မလဲဆိုတာတွေကို သိချင်တယ်ဆိုရင်တော့ အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+3MXnIVaYeZsxMjZl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2333449399/2821
Photo unavailableShow in Telegram
( ၈ )နှစ်အရွယ် ကလေးလေးကို မုဒိန်းကျင့်ပြီး
ကလေးလေးက ယောကျာ်းဆို အဖေကိုရောပါ
မုန်းတီးပြီး အဖေက အရုပ်ထဲကနေ ဝင်ပြီး
သမီးလေးကို လိုက်စောင့်ရှောက်ပေးသောအခါ 🙂↕️🥺🥺
ဖြစ်ရပ်မှန်ဇာတ်လမ်း
Na-Youngဆိုတဲ့ ၈နှစ်အရွယ်သာရှိသေးတဲ့ကလေးငယ်လေးကို ၅၆နှစ်အရွယ် အမျိူးသားတစ်ယောက်ကပြန်ပေးဆွဲပြီး အဓ္ဓမ ပြုကျင့်ခဲ့ပါတယ်၊ကလေးလေးရဲ့ ဘဝဟာစုတ်ပြတ်သတ်သွားပြီးမိသားစုကဒီလူကြီးထောင်ထဲရောက်အောင်အမှု့ရင်ဆိုင်ခဲ့ကြပါတယ်။သူဟာထောင်ဒဏ်(၁၂)နှစ်သာ ကျခဲ့ပြီး၂၀၂၀မှာတော့ ပြန်လည်လွတ်မြောက်လို့လာခဲ့ပါပြီ။
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+3MXnIVaYeZsxMjZl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2333449399/5723
Photo unavailableShow in Telegram
Curve
လက်ထပ်ခါနီး သတို့သမီးလောင်းတစ်ယောက်ဖြစ်တဲ့မယ်လိုရီဟာ လက်ထပ်ပွဲလုပ်မယ့် ဒန်ဗာမြို့ကိုဆန်ဖရန်စစ်စကိုမြို့ကနေတစ်ယောက်တည်းကားမောင်းလာခဲ့ပါတယ်။ မောင်းနေရင်းနဲ့လမ်းခွဲတစ်ခုကိုရောက်တော့ လင်ကိုစိတ်ကောက်နေတဲ့မယ်လိုရီက လမ်းအတည့်ကမသွားပဲ တကွေ့တပတ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ လမ်းတစ်၀က်အရောက်မှာကားက စက်ထိုးရပ်သွားပြီးတော့ အကူအညီတောင်းဖို့လူတွေမရှိတဲ့အပြင် ဖုန်းလိုင်းကပါမမိနေတဲ့အတွက်မယ်လိုရီတစ်ယောက်တိုင်ပတ်ပါတော့တယ်။ဒါပေမယ့်ကံကြမ္မာကပဲ အကြောင်းဖန်လေသလားတော့မသိ၊ယောက်ျားတစ်ယောက်ဟာ ရုတ်တရက်ဆိုသလိုကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ဆုံတွေ့ကြတာဟာရေစက်တစ်ခုလား။ ကောင်းသောဆုံတွေ့ခြင်းလား။မြို့တွေရဲ့အဝေးမှာ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာကိုကြည့်ရှုခံစားပြီး လင်ကိုစိတ်ကောက်တာကောင်းလား၊မကောင်းလား ဆိုတာကိုသဘောပေါက်သွားမှာပါ။
Photo unavailableShow in Telegram
Gatta Kusthi
ရည်းစား စဖြစ်ကြရင် တစ်ယောက်ကိုတစ်ယောက် အရမ်း ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲHoneymoon period ပေါ့အချိန်ကြာတွဲလာရင်း အိမ်ထောင်သည်ဘဝ ကူးပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူတွေ ဘယ်လောက်ရှိမလဲတချိုဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူးလေနော့အိမ်ထောင်သက်ကြာလာလေလေ မိသားစုအရေး စီးပွားရေး လူမှုရေးကိစ္စတွေကြားမှာ မချစ်တော့တာမဟုတ်ပေမယ့် မချစ်ပြတတ်ကြတော့ပါဘူး ပရိသတ်ကြီးတိုကော “အိမ်ထောင်သည်ဘဝကနေ ဘာတွေများမျှော်လင့်ထားကြပါသလဲ”ပျော်ရွှင်သောအိမ်ထောင်ရေးဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်ရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်။အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+iHPwNMdROdM1MDg1
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2268184496/4304
Photo unavailableShow in Telegram
ငယ်ငယ်က ကိုယ့်ကို သားသမီးအရင်းလို့ စောင့်ရှောက်ခဲ့တဲ့ အမယ်အိုက ပညာသင်ပြီး ပြန်ရောက်တဲ့အချိန်မှာ ဘိုးဘွားရိပ်သာမှာရောက်နေတာကို သိလိုက်ရသောအခါ 🙂↕️🙂↕️🥺
Swades
Swades ကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ အမိတိုင်းပြည်" ပေါ့ဗျာ။ ကဲ "အမိတိုင်းပြည်" လို့ဆိုရင် နိုင်ငံခြားကိစ္စပါလာမယ်။ အဲ.. နိုင်ငံခြားကိစ္စပြောရင် ပြောင်းရွှေ့နေထိုင်မှု(migration) အကြောင်း ပါပြီ၊ အဲဒီ (migration) ဆိုတာကြီးကို မွေးထုတ်ပေးလိုက်တဲ့့ လက်သည်တွေက အများကြီးကိုး... အဲ (migration) ကြောင့်ဘာဖြစ်လာသလဲ အဖြေက ဦးနှောက်ယိုစီးမှု (Brain Drain) ပေါ့ဗျာ ....
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+iHPwNMdROdM1MDg1
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2268184496/2888
Photo unavailableShow in Telegram
Karungaapiyam
ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့ စာကြည့်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲအပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ.. သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ.. စတာတွေကိုအသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်း ဟာသလေးတွေနှောပြီးဇာတ်အိမ်ကောင်းကောင်း နဲ့ရိုက်ကူးထားပါတယ်။
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+8dGLXojkCZY5NzNl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2351601923/229
Photo unavailableShow in Telegram
Accepted
ကောလိပ် ကျောင်းတွေဟာ အထက်တန်း ကျောင်းသားဘဝ က နေအမှီအခိုကင်းကင်းရပ်တည်နိုင်တဲ့ ဘဝ တွေဆီ ရောက် အောင်သွားကြရာမှာမဖြစ်မ နေဖြတ် ကျော်ကြရတဲ့အရာပါ။ဒါ တွေကြောင့်ပဲ ကောလိပ်ဝင်ခွင့် တွေဟာ နိုင်ငံ တော် တော်များများမှာ တော့လူငယ် တွေအတွက်အိပ်မက်ဆိုးလိုဖြစ် နေတာပါပဲ။society က သတ်မှတ်ထားတဲ့စံညွှန်း တွေ ကလည်း ကောလိပ် ကျောင်း ကောင်း ကောင်းတက် ရောက် ရေးဖိအား တွေ ပေးကြပါတယ်။ဒီဇာတ်ကားထဲမှာလည်း ကျောင်းဝင်ခွင့် တွေ အကြိမ်ကြိမ်ပယ်ခံရတဲ့လူငယ် လေး တွေ ဟာ ကြံမိကြံရာကြံကြရင်းသတ်မှတ်ချက် ဘောင် တွေကို ချိုးဖြတ်ဖို့ဖြစ်လာကြပါတယ်။လူငယ် တွေကို အကန့်အသတ်မဲ့ ပျံသန်းခွင့် ပေးလိုက်ရင်အံ့အားသင့်စရာ တွေဖြစ်လာနိုင်တယ်ဆိုတာပြထားတာပါ။ ပညာ ရေးစနစ်ကြီးရဲ့အလွဲ တွေကို ထောက်ပြထားပြီးမူဝါဒ တွေကိုလည်းသ ရော်ထားပါ သေးတယ်။
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+8dGLXojkCZY5NzNl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2351601923/1299
Photo unavailableShow in Telegram
Voice of Silence
ကြက်ဥအရောင်းအဝယ်ဗန်းပြပြီးလူဆိုးဂိုဏ်းတွေက လူသတ်တာတွေအတွက် တာဝန်ယူအလောင်းဖျောက်ပေးရတဲ့ ကြေးစား အလောင်းဖျောက်ပေးတဲ့သူနှစ်ယောက်အကြောင်းကိုအဓိကဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်တစ်ရက်မှာသူတို့အတွက်ပုံမှန်အလောင်းဖျောက်နေကြအလုပ်မျိုးနဲ့ မတူတဲ့တခြားသော အော်ဒါတစ်ခုကို လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ကစေခိုင်းလာခဲ့ပါတယ်စေခိုင်းပြီးနောက်ဒီလူဆိုခေါင်းဆောင်ကလည်း သေဆုံးသွားတဲ့အခါ ဒီအလုပ်ကိုလက်ခံပြီးနောက် ဘယ်လိုအကြောင်းအရာမျိုးတွေဆက်ဖြစ်လာမယ်ဆိုတာတော့ စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+8dGLXojkCZY5NzNl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2351601923/1188
Photo unavailableShow in Telegram
The Lone Ranger
Pirates of the Caribbean ဇာတ်ကား ဖန်တီးရှင် ထုတ်လုပ်သူ Jerry Bruckheimer နဲ့ ဒါရိုက်တာ Gore Verbinski တိုရဲ့ လက်ရာ ဖြစ်ပြီးTonto အဖြစ် မင်းသား Johnny Depp ၊ Lone Ranger ခေါ် John Reid အဖြစ် Armie Hammer ၊ Latham Cole အဖြစ် Tom WilkinsoButch Cavendish အဖြစ် William Fichtner ၊ Red Harrington အဖြစ် Helena Bonham Carter ၊ Dan Reid အဖြစ် James Badge Dale နဲ့
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+8dGLXojkCZY5NzNl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2351601923/1404
Photo unavailableShow in Telegram
သီရိစံလေးတွေနဲ့ သိုင်းကွက်စုံခင်းတဲ့ ဆက်ဒက်ရှင်း 🌚
၂၀၂၅ ထွက် အသစ်
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
မိန်းမတစ်ယောက်ရဲ့ ကြောက်စရာအကောင်းဆုံးအချိန်က သူ့ရဲ့အလှတရားနဲ့ မိန်းမမာယာကို လက်နက်တစ်ခုလို ကျွမ်းကျွမ်းကျင်ကျင် အသုံးချတတ်သွားချိန်ပါပဲတဲ့။
ခုတစ်ခါတင်ဆက်ပေးမှာကတော့ တော်ဝင်မျိုးနွယ်တွေ မြို့စားတွေနဲ့ မိန်းမလှတွေကြားက steamy and sexy ဇာတ်လမ်းတွေ မျိုးရိုးမြင့်တွေကြား အာဏာလုပွဲတွေကို ခံစားရမဲ့ အလန်းဇယား best seller novel ကိုအခြေခံထားတဲ့ အိတ်ခ်ျဘီအိုမက်စ်ရဲ့ အလွင့်စီးရီးလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ ရုပ်ကလေးလည်းချော စိတ်ထားကလည်းဖြူစင်သလို နှလုံးသားကလည်း အဖြူထည်သက်သက်ဖြစ်နေတဲ့ အစ္စဘယ်ဆိုတဲ့ ကောင်မလေးကနေ စခဲ့တာပေါ့။
သိပ်ကိုချောမောလှပတဲ့ အစ္စဘယ်လေးဟာ ဘိုကာယူးဆိုတဲ့ စကားကြွယ်တဲ့ သခင်လေးတစ်ယောက်ကိုမှ ရူးရူးမိုက်မိုက်ချစ်မိသွားပြီး နှစ်ကိုယ်တည်း တိတ်တဆိတ် ဘုရားကျောင်းမှာ လက်ထပ်ခဲ့တဲ့အထိ အချစ်ကိုယုံမှတ်လို့ ပုံအပ်ခဲ့တာပေါ့။
ဒါပေမဲ့ ဘိုကာယူးဆိုတာ တကယ်တော့ မြို့စားငယ်ဗဲလ်မွန့်ဖြစ်ပြီးတော့ အစ္စဘယ်တစ်ယောက် လှည့်စားခံလိုက်ရပြီဆိုတာ သိလိုက်ရပြီး အချစ်ကိုစိတ်နာသွားတဲ့အချိန်...
တစ်ဖက်ကလည်း ကူရာကယ်ရာမဲ့ အလှပဂေး အစ္စဘယ်ကို အသုံးဝင်ပုံကို မြင်သွားတဲ့ ဗဲလ်မွန့်ရဲ့အဒေါ်က အစ္စဘယ်ကို ကိုယ်တိုင်လေ့ကျင့်ပေးပြီး ပြင်သစ်မြို့စား အထက်တန်းလွှာတွေရဲ့ အာဏာလုပွဲအကြား နယ်ရုပ်တစ်ခုလို အသုံးချဖို့ လုပ်လာချိန်မှာတော့...
သီရိစံလေးတွေနဲ့ သိုင်းကွက်စုံခင်းတဲ့ steamy series ဖြစ်တာမလို့ မိသားစုနဲ့အတူ မကြည့်ဖို့တော့ တိုက်လွန်းလိုက်ပါရစေခင်ဗျာ။
➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
❗️❗️❗️❗️❗️❗️❗️
https://t.me/+PSOE-14dnnk0MjU1
➡️ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/c/2524489734/519
Photo unavailableShow in Telegram
မှားယွင်းထောင်ချခံရတဲ့သားဖြစ်သူအတွက် လျှို့ဝှက်သူလျှိုလုပ်ပြီး ကယ်တင်ရမယ့် အဖေ့ရဲ့မစ်ရှင်
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
အဖေတယောက်ရဲ့မေတ္တာကိုဖော်ကြူထားတဲ့ဇာတ်ကားလေးတစ်ကားကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဗျပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသားကြီးကလည်း Dw*ay*ne Jo*hn*so*n ဆိုတော့ ကောင်းလားမကောင်းလားပြောမနေတော့ပါဘူး ဇာတ်ကြမ်းကြိုက်တဲ့သူတွေဆိုရင်တော့လက်လွတ်မခံသင့်တဲ့ဇာတ် ကားလေးဖြစ်ပါတယ်ဗျ
ဇာတ်လမ်းအကျဉ်းလေးကတော့ သားဖြစ်သူဟာဆေးမှောင်ခိုသယ်မှုမှာ မထင်မှတ်ပဲ ၀င်ပါမိပြီးအဖမ်းခံရရာမှ အဖေဖြစ်သူက ရတက်ပွေရပြီးသားဖြစ်သူကို ပြန်လည်ကယ်တင်ပြီးသားဖြစ်သူရဲ့ ဇာတ်လမ်း အရှူပ်တော်ပုံတွေကိုဖြေရှင်းပေးနိုင်မလားဆိုတာကိုတော့
➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
❗️❗️❗️❗️❗️❗️❗️
https://t.me/+Gs35JxN20QRlMDk1
➡️ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/c/2206546915/5569
အပေါ်က 📱 ချန်နယ်ကို𝐉𝐨𝐢𝐧မထားပဲ ဇာတ်ကားကြည့်ရန်ကိုပဲနိပ်ရင်ဇာတ်ကားမပေါ်ပါဘူးခမျာ⚠️
🔠🔠🔤🔠🔠 🔠🟢🔠
Photo unavailableShow in Telegram
ယောကျ်ားလေးများရဲ့မုဒိန်းကျင့်ခံလိုက်ရတဲ့ဖြစ်ရပ်မှန် မှုခင်းကား
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
အထက်တန်းကျောင်းသူလေး၂ယောက်ဟာမုဒိန်းကျင့်ခံရပါတယ် ။ မုဒိန်းမှုလို့ကြားရင်ကို စိတ်ထဲမခံချိမခံသာဖြစ်နေရပါပြီ
ဒါပေမယ့်ပိုဆိုးတာက
တစ်ယောက်တည်းကကျင့်တာမဟုတ်ပဲအုပ်စုဖွဲ့ပြီး တစ်ဒါဇင်သော ယောင်္ကျားလေးများကအလှည့်ကျကျင့်တာခံလိုက်ရတာပါကောင်မလေးတစ်ယောက်ကတော့ လောကကြီးကိုနှုတ်ဆက်ပြီးသတ်သေသွားပါတယ်
ကျန်ခဲ့တဲ့ ကောင်မလေးတစ်ယောက်အတွက်တရားဥပဒေက ဘယ်လောက်လုံခြုံမှုပေးမှာလဲအသံချိုချိုလေးနဲ့သီချင်းတွေဆိုတတ်တဲ့ကောင်မလေးရေကူးရတာကြိုက်တဲ့ကောင်မလေး မထုံတတ်တေးနဲ့သိပ်ပြီးမတွေးတတ်တဲ့ အချိန်ပိုင်းတွေပဲလုပ်ပြီးပိုက်ဆံရှာနေချင်တဲ့ကောင်မလေးဒီလိုကောင်မလေးကို သူငယ်ချင်းအရင်းအချာဆိုတဲ့သူတွေကအုပ်စုဖွဲ့ပြီးမုဒိန်းကျင့်ခဲ့တာပါ
ဒါပေမယ့်ပြန်ရလိုက်တာကရောတရားရဲ့လားငွေများငွေနိုင် အာဏာရှိတဲ့သူတွေအနိုင်ရတဲ့ခေတ်ကြီးထဲကအင်အားမဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့အနာဂတ်ကို ဘယ်လိုများရှေ့ဆက်သွားနိုင်မလဲ
➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
❗️❗️❗️❗️❗️❗️❗️
https://t.me/+Gs35JxN20QRlMDk1
➡️ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/c/2206546915/5563
အပေါ်က 📱 ချန်နယ်ကို𝐉𝐨𝐢𝐧မထားပဲ ဇာတ်ကားကြည့်ရန်ကိုပဲနိပ်ရင်ဇာတ်ကားမပေါ်ပါဘူးခမျာ⚠️
🔠🔠🔤🔠🔠 🔠🟢🔠
Photo unavailableShow in Telegram
ထူးဆန်းတဲ့ နံရံကြီးကြားမှာ ပိတ်မိသွားတဲ့ တိုက်ခန်းနေလူများ 😳😳
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
တင်မ်နဲ့ အိုလီဗီယာက ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ တိုက်ခန်းတစ်ခန်းဝယ်ထားပြီး အတူနေထိုင်နေတဲ့စုံတွဲဖြစ်ပါတယ်။
တင်မ်ဟာ ဂိမ်းအက်ပလီကေးရှင်းတွေကို ဖန်တီးတဲ့ အိုင်တီပညာရှင်ဖြစ်ပြီးတော့ အလုပ်ရှင်ကုမ္မဏီက ဂိမ်းပွဲဦးထွက်ရမဲ့သတ်မှတ်ရက်ကို ရှေ့တိုးလိုက်လို့ အကြပ်ရိုက်နေပါတယ်။
အိုလီဗီယာကလည်း သူမကို အချိန်မပေးပဲ အလုပ်ပဲဇွတ်လုပ်နေတဲ့တင်မ်ကို သူမကို ကတိပေးထားတဲ့အတိုင်း ပဲရစ်ကို ခေါ်သွားဖို့ ပြောပေမဲ့ အချိန်မရှိတဲ့ တင်မ်က နောက်မှသွားဖို့ပြောလိုက်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။
မနက်လင်းတော့ တင်မ်ကို စိတ်ကုန်သွားတဲ့ အိုလီဗီယာဟာ တင်မ်ကိုလမ်းခွဲပြီး ထွက်သွားဖို့ပြင်ပါတော့တယ်။
အဲအချိန်မှာ ထူးဆန်းစွာပဲ သူတို့အဆောက်အဦးရဲ့ လေးဖက်လေးတန်လုံးမှာ ထူးဆန်းတဲ့နံရံကြီးတစ်ခုက ထွက်ပေါက်မရှိပဲ ပိတ်ဆို့ထားပါတော့တယ်။
အဲအချိန်မှာ ဘေးအခန်းမှာနေတဲ့သူတွေရဲ့အသံကိုကြားလို့ အခန်းတွင်း ဘေးနံရံကို ဖောက်ထွင်းလိုက်တော့ အခန်းဖော်တွေကို တွေ့လိုက်ရပြီး သူတို့လည်း ဘာဖြစ်လို့ဖြစ်နေမှန်းမသိပါဘူး။
အဲတော့ သူတို့တွေ ဒီအဆောက်အဦးထဲက ဘယ်လိုထွက်ပေါက်ရှာကြမလဲ...
➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
❗️❗️❗️❗️❗️❗️❗️
https://t.me/+Gs35JxN20QRlMDk1
➡️ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/c/2206546915/5559
အပေါ်က 📱 ချန်နယ်ကို𝐉𝐨𝐢𝐧မထားပဲ ဇာတ်ကားကြည့်ရန်ကိုပဲနိပ်ရင်ဇာတ်ကားမပေါ်ပါဘူးခမျာ⚠️
🔠🔠🔤🔠🔠 🔠🟢🔠
Photo unavailableShow in Telegram
အထူးလူသား ၂၀၂၅ ထွက်ရှယ်ကြီး
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
ဟယ်ရီပေါ်တာကားထဲက ဆံဖြူလေး ဒရာကို မယ်ဖွိုင်းပရိသတ်တွေရှိလားဗျ.. အခုတင်ဆက်ပေးမဲ့ဇာတ်ကားက ဒရာကိုမယ်ဖွိုင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Tom Felton ရဲ့ နောက်ဆုံးထွက် သိပ္ပံလွန်ဇာတ်ကားပါ..
ဒီဇာတ်ကားဟာ ကမ္ဘာကြီးပျက်သုဉ်းသွားပြီးနောက်ပိုင်းခေတ်မှာ ဖြစ်ပျက်နေတာပါ။ ဒီကမ္ဘာမှာ လူအများစုဟာ မွေးကတည်းက မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားကြပြီး အထူးစွမ်းရည်တွေ ကိုယ်စီရှိကြပါတယ်။ မျိုးရိုးဗီဇမပြုပြင်ထားတဲ့ သာမန်လူတွေကိုတော့ "အထူးလူသား" လို့ခေါ်ပြီး လူ့အဖွဲ့အစည်းကနေ ဖယ်ကြဉ်ခံထားရတဲ့လူတန်းစားအဖြစ် သတ်မှတ်ထားပါတယ်။
တစ်နေ့မှာတော့ နိုင်ငံရေးသမားတစ်ယောက်ဟာ လူတန်းစားခွဲခြားမှုကိုပယ်ဖျက်ဖို့ အထူးလူသားတွေအတွက် ဆေးအသစ်တစ်မျိုးတီထွင်ထားပြီးပြီဖြစ်ကြောင်း ကြေညာမဲဆွယ်ခဲ့ပါတယ်။ အဲဒီမဲဆွယ်ပွဲအတွက် ကမ္ဘာ့အကောင်းဆုံးအသံစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ မီရာဆိုတဲ့အဆိုတော်မလေးက အထူးလူသားတွေအတွက် သီးသန့်ဖျော်ဖြေပေးမှာပါ။ Tom Felton သရုပ်ဆောင်ထားတဲ့ လီယွန်ဆိုတဲ့ဇာတ်ကောင်ဟာ အန်တီဂျနက်တစ်လို့ခေါ်တဲ့ စွမ်းရည်ရှိလူသားတွေကို လိုက်လံသတ်ဖြတ်နေသူတွေက မီရာ့ကို ပစ်မှတ်ထားကြောင်း အမှတ်မထင်သိလိုက်ရတဲ့အခါမှာတော့....
ဒီဇာတ်ကားမှာ Tom Felton ကို ဟယ်ရီပေါ်တာဇာတ်ကားတွေတုန်းကနဲ့ မတူတဲ့ ပုံစံသစ် စူပါဟီးရိုးဆန်ဆန်ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်လို့ Sci-Fi ဇာတ်လမ်းကြိုက်သူတွေနဲ့ Tom Felton ပရိသတ်တွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်ဗျ။
➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
❗️❗️❗️❗️❗️❗️❗️
https://t.me/+PSOE-14dnnk0MjU1
➡️ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/c/2524489734/503
Photo unavailableShow in Telegram
Mary Kom
ဒီဇာတ်ကား က အထွေအထူး ပြောစရာမလို ပါဘူး။ India ရဲ့ အိုလံပစ် လက်ဝှေ့ကျော် မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင် ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားတာပါ။အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေး တစ်ကား ရှာတွေ့ထားပါတယ်။ ချင်းပြည်နယ် နယ်စပ်တစ်ဖက်ခြမ်း အင်ဖာမြို့က အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းက အိန္ဒိယ ရုပ်ရှင်လောကမှာတော့ တကယ် အောင်မြင်တဲ့ ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ကားနာမည်က 'Mary Kom' ဖြစ်ပါတယ်။
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+8dGLXojkCZY5NzNl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2351601923/388
Photo unavailableShow in Telegram
ပုံပြင်ဆရာက ပုံပြင်ဖတ်လိုက်တာနဲ့ ပုံပြင်ထဲက ရွှေတွေက ၂၁ရာစုကို တကယ်ရောက်ရှိလာသောအခါ
Inkheart
တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်..အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့..မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်ဒါပေမယ့် သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာတစ်ယောက်ဒုက္ခရောက်သွားတယ်သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား..
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+3MXnIVaYeZsxMjZl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2333449399/3341
Photo unavailableShow in Telegram
Champion
မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ် သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ်တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား
🎬ချန်နယ် အရင် Join ပါ👇
https://t.me/+8dGLXojkCZY5NzNl
🍿ကြည့်ရန်နှိပ်ပါ🎥👇
https://t.me/c/2351601923/411
