ru
Feedback
Myanmar National Post

Myanmar National Post

Открыть в Telegram

သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com

Больше
2025 год в цифрахsnowflakes fon
card fon
30 970
Подписчики
-824 часа
-937 дней
-34030 день
Архив постов
00:28
Видео недоступноПоказать в Telegram
ပြည်သူများကွင်းလုံးပြည့်လျံ ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Показать все...
10.30 MB
👍 31 8
00:56
Видео недоступноПоказать в Telegram
ပြည်သူများတဖွဲဖွဲ ရောက်ရှိလာ ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Показать все...
23.28 MB
18👍 17
01:01
Видео недоступноПоказать в Telegram
ပြည်သူများတဖွဲဖွဲ ရောက်ရှိလာ ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Показать все...
23.16 MB
20👍 13
Repost from TgId: 2376519482
ပြည်သူများတဖွဲဖွဲ ရောက်ရှိလာ ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Показать все...
9.02 MB
2.02 MB
8.26 MB
👍 34 7👏 4
Repost from TgId: 2376519482
ပြင်ဦးလွင် ဘောလုံးကွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲ ပရိတ်သတ် ၁၅၀၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။ 24-12-2025 #News #MNP
Показать все...
4.07 MB
24👍 17
Фото недоступноПоказать в Telegram
မြန်မာ - တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသားတူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲ ပြုလုပ်မည် နေပြည်တော်၊ ဒီဇင်ဘာ ၂၄ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းပြီး မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ် ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသား တူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများရွတ်ဆိုပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန် Studio –ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ တရုတ်နိုင်ငံ ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Zhengkui ဦးဆောင်သည့် အဖွဲ့ဝင်ခုနစ်ဦးတို့သည် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ အသီးသီးရောက်ရှိကြသည်။ တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲတွင် မြန်မာကဗျာနှစ်ပုဒ်၊ တရုတ်ကဗျာ နှစ်ပုဒ်၊ တရုတ်-မြန်မာနှစ်ဘာသာဖြင့် ရေးစပ်ထားသည့် ရွတ်ဆိုမည့် ဂန္ထဝင်ကဗျာတစ်ပုဒ်တို့ ပါဝင်မည်ဖြစ်ပြီး ကဗျာရွတ်ဆိုပွဲမှတစ်ဆင့် တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူများ၏ ယဉ်ကျေးမှုများ အပြန်အလှန် ဖလှယ်နိုင်မည်ဖြစ်သည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာန(GXRTV) တို့သည် ၂၀၁၇ ခုနှစ်မှ စတင်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရုတ်ရုပ်သံစီးရီးနှင့် တရုတ်ကာတွန်းကားများအား မြန်မာဘာသာ ပြန်ဆိုပြသလျက်ရှိသကဲ့သို့ နှစ်ဖက်ပူးပေါင်းထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိရာ (GXRTV)မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်လည်း မုတ္တမပင်လယ်ကွေ့တွင် ကျက်စားသည့် ငှက်မျိုးရင်း လေ့လာရေးအစီအစဉ်အား ပူးတွဲရိုက်ကူး ထုတ်လုပ်သွားမည်ဖြစ်ရာ အဆိုပါရုပ်သံမှတ်တမ်း အစီအစဉ်နှစ်ခုအား နှစ်ဖက်ရုပ်သံများတွင် ထုတ်လွှင့်ပြသရေး သဘောတူညီချက် မူဘောင်ကိုလည်း လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။ ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာန(GXRTV)မှ ရိုက်ကူးရေးအဖွဲ့ဝင် ကိုးဦးတို့သည် “မဲခေါင်-လန်ချန်း” ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နောက်ဆုံးအောင်မြင်မှုအခြေအနေများ မှတ်တမ်းရုပ်သံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်မှ ၂၁ ရက်အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရိုက်ကူးရေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ #MNP #News
Показать все...
👍 27 9
27:56
Видео недоступноПоказать в Telegram
စစ်ကိုင်းမြို့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တွေ့ဆုံပွဲ #MNP #News
Показать все...
1224.mp41318.87 MB
👍 35 4
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၄၉၁ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ မြဝတီမြို့နှင့် အနီးတစ်ဝိုက်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများအား ချိပ်ပိတ်သိမ်းဆည်း နေပြည်တော်၊ ဒီဇင်ဘာ ၂၃ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၃ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၉၁ လုံး ကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2025/12/kk-park_23.html
Показать все...
👍 42 9👏 4
အိန္ဒိယအတွက် တရုတ်ဗီဇာကို အွန်လိုင်းက လျှောက်ခွင့်ပြုပြီ ဒီဇင်ဘာ - ၂၃ ( အင်္ဂါနေ့ ) တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ ခရီးသွားများအတွက် ဗီဇာလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်အတွက် အွန်လိုင်းမှ လျှောက်လွှာတင်လို့ရတဲ့စနစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ လှုပ်ရှားမှုသည် အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့ သဘောတူညီထားတဲ့ “လူကိုဗဟိုပြု” ယုံကြည်မှု တည်ဆောက်ရေး အစီအမံများရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဟင်ဒူစတန် တိုင်းမ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လုပ်ငန်းစဉ်အသစ်ဖြင့် လျှောက်ထားသူများသည် စာရွက်စာတမ်းအများစုကို ဒစ်ဂျစ်တယ်စနစ်ဖြင့် တင်သွင်းနိုင်သောကြောင့် ဗီဇာလုပ်ဆောင်ခြင်း၏ ကနဦးအဆင့်များအတွင်း အချိန်ကုန်သက်သာမယ်လို့ မျှော်လင့်ရပါတယ်။ အိန္ဒိယဘက်ကတော့ တရုတ်ပညာရှင်များအတွက် စီးပွားရေးဗီဇာများကို အမြန်ရနိုင်ရန် ဗျူရိုကရေစီ စိစစ်မှုအလွှာကို လျှော့ချကာ ဗီဇာခွင့်ပြုချက်အချိန်ကို တစ်လထက်နည်းအောင် လျှော့ချခဲ့ကြောင်း သိရပါတယ်။ ၂၀၂၀ ခုနှစ် ဇွန်လအတွင်းက နယ်နိမိတ်ချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာကာ တရုတ် နိုင်ငံသားများအတွက် စီးပွားရေးဗီဇာများကို တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယသည် ငါးနှစ်ကြာ ရပ်နားထားတဲ့ တရုတ်နိုင်ငံသားများအား ခရီးသွားဗီဇာများ ပြန်လည်ထုတ်ပေးခဲ့ပါတယ်။ တစ်လအကြာတွင် အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ၂၀၁၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာလတွင် အိန္ဒိယနှင့် တရုတ်တို့သည် ငါးနှစ်ကြာ ရပ်နားထားတဲ့ ၂ နိုင်ငံ လေကြောင်း တိုက်ရိုက်ပျံသန်းမှုများ ပြန်လည်စတင်ခဲ့ပါတယ်။ “နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာကျကျနဲ့ ရေရှည်ရှုထောင့်ကနေ ကြည့်ရှုကိုင်တွယ်ဖို့ အိန္ဒိယနဲ့ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ” ဟု ဘေဂျင်းအစိုးရ က ပြောကြားခဲ့ပါတယ်။ REF: RT #MNP #News
Показать все...
👍 26 6
Фото недоступноПоказать в Telegram
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ ညောင်တုန်း ၊ ဒီဇင်ဘာ ၂၃ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် မဲရုံနေရာအဖြစ် သတ်မှတ်ထားရှိသည် အဆောက်အဦဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့သည်။ ဖတ်ရူရန် >>>>>>>>>>> https://www.mmnationalpost.com/2025/12/blog-post_277.html
Показать все...
👍 20 3
Фото недоступноПоказать в Telegram
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၌ မဲရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေး စစ်တွေ ၊ ဒီဇင်ဘာ ၂၃ စစ်တွေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_585.html
Показать все...
👍 26 3
Фото недоступноПоказать в Telegram
ချောင်းဦးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက် ချောင်းဦး ၊ ဒီဇင်ဘာ ၂၃ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထပ်မံကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများမှန်ကန်စေရေးအတွက် စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/blog-post_261.html
Показать все...
👍 23 3
08:07
Видео недоступноПоказать в Telegram
အကြမ်းဖက်ဘေးကြောင့် တိမ်းရှောင်နေရသူများ နေရပ်ပြန်အခြေချနေထိုင်နိုင်ပြီး ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးသွားရမည် စစ်ကိုင်းမြို့ လူထုတွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသတ်ပုံ က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ #MNP #News
Показать все...
1223 (2).mp4373.60 MB
👍 35 17
17👍 8
👍 16 6
စစ်ကိုင်းမြို့တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ လူထုတွေ့ဆုံပွဲကျင်းပ စစ်ကိုင်း၊ ဒီဇင်ဘာ ၂၃ စစ်ကိုင်းမြို့ နှစ် ၇၀၀ ပြည့် ဘောလုံးကွင်းမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များနဲ့ မဲဆန္ဒရှင်ပြည်သူများတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းတက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားကာ အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်းဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၂၃ ယောက် တက်ရောက်ခဲ့ကြပါတယ်။ ဒုဥက္ကဋ္ဌ ဦးလှထွန်းက ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်အလက်များ ရှင်းလင်းဆွေးနွေးပြီး ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီးရင် ပြည်သူလူထုအကျိုးကို ရှေးရှုဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ စစ်ကိုင်းမြို့နယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသတ်ပုံက ၂၀၁၀ ကာလ ပြည်ခိုင်ဖြိုးအစိုးက ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ ဆွေးနွေးပြောကြားပြီး ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီပယ်ရေး၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးခဲ့ပုံများကို ရှင်းလင်းပြောဆို သွားပါတယ်။ ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမင်းမင်းဇေယျာမြင့် က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါတီဝင်များ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ရသည့် အခြေအနေ၊ တိမ်းရှောင်ထွက်ပြေးနေကြရသည့် အခြေအနေ၊ ပါတီဝင်များ၏ လယ်ယာ၊ ခြံမြေများကို အကြမ်းဖက်သမားများက သိမ်းပိုက်ထားသည့် အခြေအနေများကို ရှင်းလင်းပြောဆိုသွားပါတယ်။ မဲဆန္ဒရှင်ပြည်သူများကို အနုပညာရှင်များက တေးသီချင်းများ သီဆိုဖျော်ဖြေ ဧည့်ခံခဲ့ကြပါတယ်။ #News #MNP
Показать все...
👍 26 8
01:24
Видео недоступноПоказать в Telegram
မေသန်းနု၊ ငြိမ်းချမ်း
Показать все...
1223 (1).mp468.86 MB
33👍 21
07:22
Видео недоступноПоказать в Telegram
နိုင်ငံကိုချစ်တဲ့သူတိုင်း မဲပေးဖြစ်အောင် ပေးကြဖို့ ဦးတေဇကျော် ပြော ၂၂-၁၂-၂၀၂၅ ရက်နေ့က ​အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များနဲ့ မဲဆန္ဒရှင် ပြည်သူများတွေ့ဆုံပွဲမှာ ဦးတေဇကျော် က မီဒီယာများရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။ "မဲဆန္ဒရှင်​တွေ လိုချင်နေတာက သူတို့ ​အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်၊ စီးပွားရေး ကောင်းချင်တယ်၊ အလုပ် လုပ်ကိုင် ရှာဖွေစားသောက်တဲ့အခါမှာ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ချင်တယ်၊ အဲဒါပဲ၊ ဒီဥစ္စာကို ကျွန်တော်တို့ ပါတီအနေနဲ့ ရည်မှန်းချက်ထားပြီး ဆောင်ရွက်ပေးမယ်။ ကတိစကား ပေးထားတယ်။ ဖြစ်အောင်လည်း ကျွန်တော်တို့ လုပ်ပါမယ်။ ကျွန်တော်တို့ကို ရွေးချယ်ပါ။ ကျွန်တော်တို့ကို မဲပေးပါ။ ဖြစ်အောင် လုပ်မယ်။ ကျွန်တော်တို့ အနိုင်ရခဲ့ရင် ၂၀၁၀အစိုးရထက် ပိုကောင်းအောင် ကြိုးစားမယ်" ဟု ဖြေကြားထားသည်။ #MNP #News #2025Election
Показать все...
1223.mp4351.14 MB
👍 35 5
Фото недоступноПоказать в Telegram
မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ မိတ္ထီလာ ၊ ဒီဇင်ဘာ ၂၃ မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ပန်းလေပြေဟိုတယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ဖတ်ရူရန် >>>>>> https://www.mmnationalpost.com/2025/12/blog-post_383.html
Показать все...
👍 24 11
Фото недоступноПоказать в Telegram
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မိုးညှင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အရာထမ်း အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံ မိုးညှင်း ၊ ဒီဇင်ဘာ ၂၃ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဉီးခင်ဇော်သည် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မိုးညှင်းမြို့နယ်တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အရာထမ်း အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ ဖတ်ရူရန် >>>>> https://www.mmnationalpost.com/2025/12/mevm_23.html
Показать все...
👍 21 2