Myanmar National Post
Открыть в Telegram
သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com
Больше2025 год в цифрах

30 973
Подписчики
Нет данных24 часа
-747 дней
-33530 день
Архив постов
ဖမ်းထားတဲ့လူတွေ ပြန်လွှတ်ပေးဖို့ ဟူသီအကြမ်းဖက်တွေကို ကုလ ခေါင်းဆောင်တောင်းဆို
ဒီဇင်ဘာ - ၁၈ ( ကြာသပတေးနေ့ )
ယီမင်တွင် အကြမ်းဖက်မှုများ အရှိန်လျော့ပေးဖို့ နဲ့ ဟူသီခေါင်းဆောင်များက ဖမ်းထားတဲ့ ကုလသမဂ္ဂ ဝန်ထမ်း ၅၉ ဦးကို ပြန်လွှတ်ပေးဖို့ အတွင်းရေးမှူချုုပ် အန်တိုနီယို ဂူတာရက်စ်က မနေ့က တောင်းဆိုလိုက်ပါတယ်။
အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံတမန်ရေးရာအဖွဲ့များမှ ဝန်ထမ်းများပါဝင်တဲ့ အဆိုပါဖမ်းဆီးခြင်းအား "ထင်သလိုလုပ်နေတယ်" လို့ ကင်ပွန်းတပ်လိုက်ပါတယ်။
"ယီမင်ပြည်သူများအား ကူညီရန်အတွက် ၎င်းတို့ရဲ့အသက်ကို စွန့်ထားကြတဲ့ ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ကို ဆက်လက်ဖမ်းဆီးထားခြင်းက မတရားမှုသက်သက်ဖြစ်နေတယ်" လို့ ဂူတာရက်စ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_650.html
👍 27😁 8❤ 3👏 2
Фото недоступноПоказать в Telegram
ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ အရ အရေးယူဆောင်ရွက်မှု ၁၄၀ တွင် တရားခံ စုစုပေါင်း ၂၂၉ ဦးရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၅/၂၀၂၅)ကို ၁၆-၁၂-၂၀၂၅ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Video Conferencing ဖြင့် ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ကို ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_278.html
👍 30❤ 6👏 1
Фото недоступноПоказать в Telegram
မြစ်ဆုံစီမံကိန်းအောင်မြင်ပါက နိုင်ငံတော်နှင့် ကချင်ပြည်နယ်ကို အကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးနှင့် ရေလမ်းကြောင်း ရာသီမရွေးအသုံးချနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြား
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၈
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဒီဇင်ဘာ ၁၆ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_328.html
👍 36❤ 11
Фото недоступноПоказать в Telegram
အနောက် ဥရောပခေါင်းဆောင်တွေ က လူလိမ်တွေလို့ ပူတင်စွပ်စွဲပြီ
ဒီဇင်ဘာ - ၁၈ ( ကြာသပတေးနေ့ )
မော်စကိုက မကြာမီကာလအတွင်း ဥရောပကို တိုက်ခိုက်မှုလုပ်လိမ့်မယ်ဆိုတဲ့ အနောက်အုပ်စုရဲ့ ပြောဆိုချက်တွေက "အဓိပ္ပါယ်မရှိတဲ့ လိမ်ညာမှု သက်သက်ပါ" လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုလိုက်ပြီး သူတို့က ဥရောပတိုက်မှာ စစ်မီးလောင်နေတာကို တမင်သက်သက် လိုချင်နေကြတာ လို့လည်း ပြောသွားပါတယ်။
မနေ့က ကာကွယ်ရေးဝန်ကြီးဌာန ဘုတ်အဖွဲ့အစည်းအဝေးတစ်ခုမှာ ပူတင်က ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေးအခြေအနေသည် တင်းမာနေကြောင်း၊ အချို့ဒေသများတွင် ပြင်းထန်စွာစိုးရိမ်ရနေကြောင်း၊ ရုရှား နဲ့ မလွှဲမရှောင်သာ တိုက်ပွဲဖြစ်လာနိုင်စရာရှိကြောင်း၊ ဥရောပ နိုင်ငံတွေက လူထုကို မှိုင်းတိုက်ပြီး စစ်ကိုမြှူနေကြောင်း ဒါကြောင့် ရုရှားစစ်တပ်တပ်တွေကို ခေတ်မီအောင် နဲ့ အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့လိုကြောင်း ပြောသွားပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_604.html
👍 33❤ 10💯 7
ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံခြင်းအခမ်းအနား ကျင်းပ
ပဲခူး၊ ဒီဇင်ဘာ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၇-၁၂-၂၀၂၅ ရက်နေ့ နံနက် ၀၉ ၄၅ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားကို တက်ရောက်လာသူအားလုံးက နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ကြမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ပြည်သူများထံသို့ တစ်ဦးချင်း မိတ်ဆက်အပ်နှံသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဉီးခင်ရီက အမှာစကားပြောကြားရာ “မကြာမီ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ထူးခြားမှုနှင့် အရေးကြီးမှု၊ ပြည်သူတစ်ဉီး၏ တာဝန်ဝတ္တရားတစ်ခုဖြစ်သည့် မပျက်မကွက် မဲပေးရန်လိုအပ်မှု၊ မိမိမဲပေးရမည့် ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းအား အသည်းကြားက မဲတစ်ပြားဆိုတာထက် ဦးနှောက်ဖြင့် သေချာစဉ်းစားချင့်ချိန်၍ မဲပေးရန်လိုကြောင်း၊ အတွေ့အကြုံရှိသူ လုပ်ကိုင်ဆောင်ရွက်ခဲ့ဘူးသောသူ လုပ်ကိုင်လိုစိတ်ရှိသောသူ ပညာတတ်သောသူနှင့် အင်အားတောင့်တင်းခိုင်မာသော အဖွဲ့အစည်းရှိသောသူများကို ရွေးချယ်မဲပေးရန်လိုကြောင်း၊ အဆိုပါအချက်များဖြင့် ကိုက်ညီမှုရှိသူများသည် ယခု ပဲခူး(အရှေ့) ပြည်ခိုင်ဖြိုးပါတီတွင် များစွာရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကိုသာ စိတ်ချယုံကြည်စွာ မဲပေးကြရန်” ပြောကြားသည်။
ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ကုန်ဈေးနှုန်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများအပါအဝင် ပါတီမှချမှတ်ထားသော အာမခံချက်များအား အသေးစိတ်ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီး(အရှေ့)အတွက် အောင်နိုင်ရေးအလံအား ပေးအပ်ရာ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)ဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း၊ ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဆွေဝင်းတို့က လက်ခံယူခဲ့ပြီး အောင်နိုင်ရေးသီချင်းနှင့် ကြွေးကြော်သံများအား ဟစ်ကြွေးပြီး နေ့လည် ၁၁၄၅ အချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံခြင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း၊ ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်၊ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဖိတ်ကြားထားသောအဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ ပါတီဝင်များနှင့် ပြည်ခိုင်ဖြိုးပါတီကို ချစ်ခင်ဝန်းရံကြသူများ၊ ပါတီတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား (၅၀၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#MNP #News #2025Election
👍 23❤ 12
01:36
Видео недоступноПоказать в Telegram
လုံခြုံစိတ်ချရတဲ့နေရာ
#News #MNP
029.MP437.13 MB
👍 24❤ 3
ရုပ်သေးအစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ အမရိကန်က လုပ်နေတာလို့ ဆို
ဒီဇင်ဘာ - ၁၈ ( ကြာသပတေးနေ့ )
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက အမေရိကန်သည် ၎င်းရဲ့အစိုးရကို ဖြုတ်ချပြီး ဗင်နီဇွဲလားကို ကိုလိုနီအဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့ပြီး မကြာသေးမီကာလက ဝါရှင်တန်အစိုးရရဲ့ ခြိမ်းခြောက်မှုများ နဲ့ ရေနံတင်ပို့ရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းက "ရိုင်းစိုင်းသော သံတမန်ရေးဝါဒ" ဆိုပြီး အပြစ်တင်ခဲ့ပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_142.html
👍 29❤ 4💯 4
ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board - PLB) တွင် ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဝင်ရောက်ခြင်းနှင့် အစုရှယ်ယာ စတင်ရောင်းဝယ်ခြင်း အခမ်းအနားကျင်းပ
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် G.B.S Agri-cultural Services Public Company Limited အစုရှယ်ယာ များ စတင်ရောင်းဝယ်ခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်စတော့အိတ်ချိန်း ပင်မခန်းမဆောင်၌ကျင်းပရာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်စတော့အိတ်ချိန်းမန်နေဂျင်း ဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ G.B.S Agricultural Services Public Company Limited မှ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/pre-listing-board-plb.html
👍 16❤ 10
20:27
Видео недоступноПоказать в Telegram
သတင်းကောက်နှုတ်ချက် (၁၈-၁၂-၂၀၂၅)
ဒေသအာဏာပိုင်များ၏ အကြမ်းဖက်လှုပ်ရှားနှိမ်နင်းရေး အလေးထားမှု၊
တေဇာစန်းလို အကြမ်းဖက်သမားမျိုး အသေဖမ်းဆီးရမိသင့်ပြီ၊
အွန်လိုင်းလိမ်လည်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူများ ဆက်စပ်နေပုံ၊
ရွေးကောက်ခံအစိုးရက အကြမ်းဖက်ဘေးကြောင့် တိမ်းရှောင်နေရတဲ့ ပြည်သူများရဲ့ နစ်နာဆုံးရှုံးမှုများကို ကုစားရမည်၊
#MNP #News #Talk
213.MP4463.17 MB
❤ 26👍 22
Фото недоступноПоказать в Telegram
ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြုပြီး မန္တလေး-လားရှိုးလမ်းပိုင်းရှိ ပြင်ဦးလွင်-ဇီးပင်ကြီး-ပြင်ဦးလွင် ရထားခရီးစဉ်နှင့် RBE ရထားဖြင့် ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ခရီးစဉ်စတင်ပြေးဆွဲပေးမည်
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားခရီး စဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ မန္တလေး-လားရှိုး လမ်းပိုင်းရှိ ဇီးပင်ကြီး-ပြင်ဦးလွင်-ဂုတ်ထိပ် လမ်းပိုင်းတွင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသား ခရီးသွားလာသူများအား သမိုင်းဝင်ဂုတ်ထိပ် တံတားကြီးအား လေ့လာကြည့်ရှုနိုင်ရန်၊ လမ်းခရီးရှိရေမြေ တောတောင်သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဇီးပင်ကြီး-ပြင်ဦးလွင် - ဇီးပင်ကြီးခရီးစဉ်အား ဘက်ထရီလျှပ်စစ်စက်ခေါင်း(BEL) အသုံး ပြုပြီး အမှတ်(၁၃၁)အဆန် ဇီးပင်ကြီး-ပြင်ဦးလွင်၊ အမှတ်(၁၃၂)အစုန် ပြင်ဦးလွင်- ဇီးပင်ကြီး ရထားခရီးစဉ်နှင့် RBE ရထားဖြင့် ဂုတ်ထိပ်(၁)ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်(၂) ဂုတ်ထိပ်-ပြင်ဦးလွင် ရထားခရီးစဉ်များကို ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ အပတ်စဉ်စနေ၊ တနင်္ဂနွေရက်များတွင် ပြေးဆွဲပေးမည် ဖြစ်သည်။
ဘက်ထရီ လျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် အမှတ်(၁၃၁)အဆန်ရထားသည် ဇီးပင်ကြီး ဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ နံနက် ၇ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကာ ဂုတ်ထိပ်(၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင်ရောက်ရှိရပ်နားပြီး ဂုတ်ထိပ်(၂)RBE ရထားသည် ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
ပြင်ဦးလွင်မှ ဇီးပင်ကြီးသို့ ဆက်လက်လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် ပြင်ဦးလွင် ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာမည့် အမှတ် (၁၃၂) အစုန် BEL ရထားဖြင့် ဆက်လက် လိုက်ပါနိုင်ပြီး ဇီးပင်ကြီးသို့ ညနေ ၆ နာရီ တွင် ဆိုက်ရောက်မည်ဖြစ်သည်။
ဇီးပင်ကြီး-ပြင်ဦးလွင်၊ ပြင်ဦးလွင်-ဇီးပင်ကြီး BEL ရထားခရီးစဉ်တွင် အထက်တန်းလူစီးတွဲတစ်တွဲ၊ ရိုးရိုတန်း လူစီးတွဲနှစ်တွဲနှင့် ဘရိတ်တွဲတစ်တွဲပါရှိပြီး လက်မှတ်ခနှုန်းထားမှာ ဇီးပင်ကြီးမှ ပြင်ဦးလွင်အထိ ရိုးရိုးတန်း ကျပ် ၅၀၀၀ နှင့် အထက်တန်းကျပ် ၁၀၀၀၀ ဖြစ်သည်။
ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်-ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်မည် ဖြစ်ပြီးလက်မှတ်ခနှုန်းထားမှာ ပြင်ဦးလွင် မှ ဂုတ်ထိပ်အထိ ကျပ် ၁၅၀၀၀ ဖြစ်ပြီး လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာများနှင့် ပြင်ဦးလွင် - ဇီးပင်ကြီးခရီးစဉ်၌ အနီးစခန်းနှင့် သုံးတောင်ဘူတာတို့တွင် ရပ်တန့်ပေး မည်ဖြစ်သည်။
နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ ပြေးဆွဲပေးသွားမည် ဖြစ်ပြီး အဆိုပါ ပြင်ဦးလွင်-ဂုတ်ထိပ် အသွား၊ အပြန်ခရီးစဉ်အတွက် ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွား အေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ RBE ရထား (တစ်စီးလုံး) ငှားရမ်းလိုပါက ၂၄ ဦး လိုက်ပါစီးနင်းနိုင်ပြီး အသွား၊ အပြန် ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ်ခုနစ်သိန်း နှစ်သောင်းကျသင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
#News #MNP
👍 33❤ 12🤬 2👏 1🙏 1
Фото недоступноПоказать в Telegram
အကြိမ်(၂၀)မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကျင်းပ
တောင်ကြီး၊ ဒီဇင်ဘာ ၁၈
အကြိမ်(၂၀)မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးကို ယမန်နေ့က တောင်ကြီးမြို့ တောင်ကြီးဟိုတယ်၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ဝင်းဗိုလ်က မူးယစ်ဆေးဝါးပြဿနာသည် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရသည့် အဓိကပြဿနာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းသည် နိုင်ငံအတွင်းမှုခင်းများ များပြားလာစေသည့် အပြင် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေကြောင်း၊ မူးယစ်ဆေးဝါးဈေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ဆက်စပ်ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုများကို ခြိမ်းခြောက်လျက်ရှိကြောင်း။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_833.html
👍 32❤ 6
Фото недоступноПоказать в Telegram
ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Ms. Prabashini Ponnamperuma ကို လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာဆိုရှယ်လစ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Prabashini Ponnam-peruma အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ကောင်စစ်ရေးရာ ကိစ္စရပ်များအပါအဝင် ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#News #MNP
👍 28❤ 7
18-December-TheGlobalNewLightOfMyanmar.pdf3.48 MB
ဒီဇင်ဘာ_၁၈_ကြေးမုံသတင်းစာ.pdf3.96 MB
ဒီဇင်ဘာ_၁၈_မြန်မာ့အလင်းသတင်းစာ.pdf4.15 MB
ဒီဇင်ဘာ_၁၈_မြဝတီသတင်းစာ.pdf8.24 MB
👍 24❤ 5
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိ မြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့်တပ်မတော် အရာ ရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိကြရာ လေဆိပ်တွင် ပူတာအိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ကြိုဆို နှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပူတာအိုခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများကို ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_973.html
👍 29❤ 19
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး က သံအမတ်ခန့်အပ်လွှာပေးအပ်
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Azeddine BECHKA က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ် ခန့်အပ်လွှာကိုပေးအပ်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_874.html
👍 31❤ 10
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၀ လုံး ထပ်မံဖြိုချဖျက်ဆီး၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/kk-park_17.html
👍 31👏 6
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာလ ၁၇
နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများအခြေပြု လုပ်ကိုင်နေသည်ဟု တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် အဆိုပါနေရာအနီးတစ်ဝိုက်သို့ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် သွားရောက်ခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_732.html
👍 32❤ 7👏 3🙏 2
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီးကို လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိုင်းမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာ အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်၊ ၁၂၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအဆင့် နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
#MNP #News
👍 27❤ 10
Фото недоступноПоказать в Telegram
တောင်ကြီးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
တောင်ကြီး၊ ဒီဇင်ဘာ ၁၇
တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ပေါ် ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြစိန်နှင့် တာဝန်ရှိသူများသည် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နှင့်စပ်လျဉ်း၍ သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်စပ်လျဉ်း၍ သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို တောင်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု(၇၅)စုသို့ အဖွဲ့(၃)ဖွဲ့ခွဲ၍ (၅)ရက်အတွင်း အလှည့်ကြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ကြီးမြို့နယ်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထုအသိပညာပေးဆောင်ရွက်ခြင်းများကို (၁၆)ကြိမ် ဆောင်ရွက်ထားရှိပြီးဖြစ်ရာ မိဘပြည်သူ (၁၃၃၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
#MNP #News
👍 31❤ 4
01:49
Видео недоступноПоказать в Telegram
ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်
#MNP #News #2025Election
USDP Mon.mp427.81 MB
👍 30❤ 5
