ru
Feedback
2025 год в цифрахsnowflakes fon
card fon
44 978
Подписчики
Нет данных24 часа
Нет данных7 дней
+1330 день
Архив постов
👍 13 6🥰 1
Фото недоступноПоказать в Telegram
👍 8 2
■ အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စီးပွားရေးဝန်ကြီးများ၏အစည်းအဝေး ကျင်းပခဲ့ ၂၀၂၅ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စီးပွားရေးဝန်ကြီးများ၏ပူးတွဲအစည်းအဝေး(AMM-AEM)ကို အောက်တိုဘာ ၂၅ ရက်တွင် မလေးရှားနိုင်ငံ၏မြို့တော် ကွာလာလမ်ပူတွင် ကျင်းပခဲ့ရာ အစည်းအဝေး၏ သဘာပတိအဖြစ် အာဆီယံဥက္ကဋ္ဌမလေးရှား နိုင်ငံ၏နိုင်ငံခြားရေး ဝန်ကြီးကဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့်စီးပွားရေးဝန် ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံ ပထဝီဝင်စီးပွားရေးဆိုင်ရာလုပ်ငန်း တာဝန်အဖွဲ့ (AGTF)တို့တက်ရောက်ခဲ့ကြ သည့်အပြင် တီမောနိုင်ငံကလည်း လေ့လာသူအဖြစ်တက်ရောက်ခဲ့သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သော အစည်းအဝေးက မျက်မှောက် ပထဝီဝင်နိုင်ငံရေးနှင့် ပထဝီဝင်စီးပွားရေးဆိုင်ရာ အနေအထားတို့က အာဆီယံဒေသအတွက် မကြုံစဖူးစိန်ခေါ်မှုများဖြစ်လာ သည်ဟူသော အကြောင်းအရာကို အသိအမှတ်ပြုခဲ့သည်ဟု အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် မိမိတို့၏စီးပွားရေးအပေါ် ကမ္ဘာ့စီးပွားရေး မရေရာမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ဖြန့်ချိရေးလမ်းကြောင်း၌ ပါဝင်ရေးတို့အတွက် ကြုံတွေ့နေသည့် စဉ် ဆက်မပြတ်စိန်ခေါ်မှုများကိုလည်း ယင်းအ စည်းအဝေးကအသိအမှတ်ပြုခဲ့သည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စီးပွားရေးဝန်ကြီးများ၏အစည်းအဝေးသည် အာဆီယံခေါင်းဆောင်များ၏ထိပ်သီး အစည်းအဝေးမတိုင်မီကျင်းပခဲ့သော အစည်းအဝေးဖြစ်သည်။ အာဆီယံခေါင်းဆောင်များ၏အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်တွင် ကွာလာလမ်ပူ၌ ဆက်လက်ကျင်းပမည်ဟု သိရသည်။ အဆိုပါအစည်းအဝေးသို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါ အဝင် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်အချို့လည်း တက်ရောက်မည်ဟု သိရသည်။ ■ Ref: ASEAN Portal ■ Photos: ASEAN ■ Website Link >>>> https://news-eleven.com/article/307150 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
Показать все...
👍 29 3👏 1
😱 13👍 8😢 4🤬 2 1
■ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ဃ)ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အား ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း UEC ပြောကြား သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ဃ)ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အား ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC ) က ပြောကြားသည်။ အနိုင်ရသူအကုန်ယူစနစ်ဖြင့် ကျင်းပမည့် ရန်ကုန်ဒေသကြီးရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)မှ ဝင်ရောက်ယှဥ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်ခံရသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။ " ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)တွင် အမည် စာရင်းတင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းများ အတွက် နေ့ရက်များ သတ်မှတ်ကြေညာပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် အယူခံတင်သွင်းရမည့် ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်ပြီး ဖြစ်ပါသည်" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC ) က ပြောကြားသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီး၌ အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်မှု မရှိသည့်အတွက် ပယ်ဖျက်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၈၆ ဦး ရှိပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC ) က ပြောကြားသည်။ ■ Website Link >>>> https://news-eleven.com/article/307149 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
Показать все...
👍 22😱 9🤬 3😢 3 2👏 2
■ ပု​လောမြို့နယ် အမှတ်(၄) ရပ်ကွက်အုပ်ချုပ်​ရေးမှူးကို PDF များက ​သေနတ်ဖြင့်ပစ်သတ် တနင်္သာရီတိုင်းဒေသကြီး၊ ပု​လောမြို့နယ် အမှတ်(၄) ရပ်ကွက်အုပ်ချုပ်​ရေးမှူးကို ​အောက်တိုဘာ ၂၃ ရက်က PDF များက ​သေနတ်ဖြင့်ပစ်သတ်ခဲ့​ကြောင်း သတင်းရရှိသည်။ ပုလောမြို့နယ်၊ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝေသည် ပုလောမြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်မှ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင်ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အဆိုပါရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းရှေ့အရောက်၌ PDF များကက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးစိုးဝေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့​ကြောင်း သိရသည်။ ထို့​နောက် PDF များသည် အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ RC တစ်ထပ် စာသင်ကျောင်းဆောင်ကို မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲခဲ့မှုကြောင့် စာသင်ကျောင်းဆောင်၏ အမိုးသွပ်၊ မျက်နှာကြက်နှင့် ပြတင်းပေါက်မှန်များ တန်ဖိုးငွေကျပ် သိန်း ၆၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်မှ ရပ်​ကျေးအုပ်ချုပ်ရေးမှူးကိုလက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၍ စာသင်ကျောင်းအား မိုင်းခွဲဖျက်ဆီးသွားခဲ့သူများကို ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ■ Read More >>>> https://news-eleven.com/article/307146 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
Показать все...
🤬 18😱 12👍 9 7
■ ရွေးကောက်ပွဲဥပဒေအရ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်အနေဖြင့် UEC ထံတွင် ဖြေရှင်းနေရ ■ Read More >>>>>https://news-eleven.com/article/307145
Показать все...
👍 38😱 12🤬 2😢 2🥰 1
08:38
Видео недоступноПоказать в Telegram
■ အောက်တိုဘာ ၂၅ ရက် ညနေခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု) ■ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရန် အာဆီယံက တောင်းဆိုကြောင်းနှင့် မြန်မာ ရွေးကောက်ပွဲများကို မည်သည့်အဖွဲ့ကမျှ တားဆီးနိုင်မည်မဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား ■ ဘားအံမြို့နယ် ဖားပေါင်ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးနှစ်လုံး ကျရောက်ပေါက်ကွဲပြီးကျောင်းသူတစ်ဦးနှင့် အရပ်သား တစ်ဦး သေဆုံးကာ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား ကျောင်းသူများ အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိ ■ ထိုင်းနှင့်ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုးတက်မှုရှိခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ပြောကြား ■ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူနိုက်တက်အသင်းက ထွက်ခွာခွင့်ပေးခဲ့တယ်လို့ ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟ
Показать все...
25 eve Packate~1.mp4106.04 MB
👍 15 14🥰 1
■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ဆိုင်းယွတ်မြို့နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားများတင်ဆောင်လာသော မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာမှ သုံးဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ဆိုင်းယွတ်မြို့နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားများတင်ဆောင်လာသော မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာမှ သုံးဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။ ယနေ့ အောက်တိုဘာလ (၂၅) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်ခန့်က ကန်ချဘူရီပြည်နယ်၊ ဆိုင်းယွတ်မြို့နယ်အတွင်းရှိ စံခလဘူရီ - ကန်ချနဘူရီ လမ်းမကြီးတွင် သံသယဖြစ်ဖွယ်ရာ Nissan Navara အမျိုးအစား မော်တော်ယာဉ်တစ်စီးမှာ အရှိန်ပြင်းစွာမာင်းနှင်လာစဉ် လမ်းကွေ့တစ်ခုအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကားဘယ်ဘက်ခြမ်းနောက်ဘီးကျွတ်ထွက်ကာ လမ်းဘေးသို့ တမ်းမှောက်သွားခြင်းဖြစ်သည်။ ■ Photo Credit – Thai News ■ Website Link >>>> https://news-eleven.com/article/307144
Показать все...
😢 21👍 7 5😱 1
■ မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံက ချမှတ်ပေးထားသော ဘုံသဘောတူညီချက် ငါးရပ်သည် အကောင်အထည်ဖော်ရန်မခက်ခဲလွန်းဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံက ချမှတ်ပေးထားသော ဘုံသဘောတူညီချက် ငါးရပ်သည် အကောင်အထည်ဖော်ရန် မခက်ခဲကြောင်း၊ မြန်မာအစိုးရက ထိုငါးချက်ကို လိုက်နာသင့်ပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ဖြန့်ဝေခြင်းကို ခွင့်ပြုပေးသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ဒီဇင်ဘာလထဲတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို အာဆီယံက ဟန့်တား၍ မရနိုင်သော်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ရွေးကောက်ပွဲကို တရားမျှတမှုရှိပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေလိုသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောကြားခဲ့သည့်။ Ref: Reuters Photo: Reuters ■ Read More >>>>>https://news-eleven.com/article/307143
Показать все...
👍 33 4👏 1😱 1
■ တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် သီပေါမြို့တွင် အောက်တိုဘာ ၂၄ ရက်အထိ အခြေခံပညာကျောင်း သုံးကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၁၂၃၀ တက်ရောက်လျက်ရှိ တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် သီပေါမြို့တွင် အောက်တိုဘာ ၂၄ ရက်အထိ အခြေခံပညာကျောင်း သုံးကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၁၂၃၀ တက်ရောက်လျက်ရှိ‌ကြောင်း သိရသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့၌ ကျောင်းသား ကျောင်းသူများ အမြန်ဆုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ခဲ့ရာ သီပေါမြို့ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းကို အောက်တိုဘာ ၂၂ ရက်တွင်လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် အမှတ် (၂) အခြေခံပညာမူလတန်း (လွန်) ကျောင်းနှင့် အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်းတို့ကိုလည်းကောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့ရာ အခြေခံပညာကျောင်း သုံးကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ■ Read More >>>>>https://news-eleven.com/article/307142
Показать все...
42👍 20👏 2
■ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း မီးပွိုင့်တွင် အောက်ဆိုက်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်မောင်းသေဆုံးကာ ခြောက်ဦးဒဏ်ရာရ ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်း နှင့် မဟာဗန္ဓုလမ်းထောင့်တွင် အောက်တိုဘာ ၂၅ ရက် နံနက် ၈နာရီခွဲတွင် အောက်ဆိုက်ကား တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသေဆုံးကာ ‌ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။ အဆိုပါယာဉ်သည် မြို့ထဲဘက်မှ သာကေတဘက်သို့ မောင်းသည့် အောက်ဆိုက်ယာဉ်ဖြစ်ပြီး မီးပွိုင့်မီးနီးဖြတ်စဉ် တိမ်းမှောက်ခြင်းဖြစ်ကြောင်း သိရသည်။ "ကျနော်တို့ သိရတာကတော့ သာကေတဘက်ကို မောင်းနင်တဲ့ အောက်ဆိုက်ယာဉ် TOWNACE ကားက မီးပွိုင့် မီးနီတော့မှာကို ဖြတ်မောင်းရင်း ရှေ့ကားကို ရှောင်လိုက်တာပေါ့။ ရှောင်လိုက်တဲ့အခါ မှောက်သွားတာပေါ့။ ကြည့်ရတာကတော့ သေဆုံးသူက ယာဉ်မောင်းထင်တယ်။ ယာဉ်မောင်းနေရာမှာ သေတာဆိုတော့လေ။ ကားပေါ်မှာ အားလုံးရှစ်ဦးပါပြီး ခြောက်ဦးဒဏ်ရရှိကာ တစ်ဦးသေဆုံးပါတယ်" ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဓာတ်ပုံ■ ရှင်သန်ရေးကူညီမှုအသင်း ■ Read More >>>>>https://news-eleven.com/article/307140
Показать все...
👍 23😢 10 7😱 2
■ တပ်မတော်က KK Park နယ်မြေသို့ ဝင်ရောက်စီးနင်းမှု၌ ထွက်ပြေးတိမ်းရှောင်သူများအား ဖော်ထုတ်ထိန်းသိမ်းရာ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ပြည်ပနိုင်ငံသား ၁၅၁ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့ တပ်မတော်က KK Park နယ်မြေသို့ ဝင်ရောက်စီးနင်းမှု၌ ထွက်ပြေးတိမ်းရှောင်သူများအား ဖော်ထုတ်ထိန်းသိမ်းရာ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ပြည်ပနိုင်ငံသား ၁၅၁ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု အပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိကြောင်း သိရသည်။ ■ Read More >>>>>https://news-eleven.com/article/307139
Показать все...
👍 39 15👏 4🥰 1
👍 19 3👏 1
■ မယ်တော်ကြီး သီရိခေတ်ကံတော်ကုန်သွားသောကြောင့် ထိုင်းဝန်ကြီးချုပ်က အာဆီယံအစည်းအဝေးတက်ရန် ယနေ့မလေးရှားသို့သွားမည့်ခရီးစဉ် ကိုပယ်ဖျက် ထိုင်းဘုရင်၏မယ်တော်ကြီးကံ‌တော် ကုန်သွားခဲ့ပြီးနောက်၊ထိုင်းဝန်ကြီးချုပ်ကမလေးရှားနိုင်ငံတွင်ကျင်းပမည့်အာဆီယံခေါင်းဆောင်များ၏အစည်း အဝေးသို့အောက်တိုဘာ၂၅ ရက်တွင် သွားရောက်မည့်အစီအစဉ်အားရွှေ့ဆိုင်းလိုက်ပြီး ထိုအစား အမေရိကန်သမ္မတက အသိသက်သေအဖြစ်လက်မှတ်ရေးထိုးမည့် ကမ္ဘောဒီးယားနှင့်ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရေးအတွက် အောက်တိုဘာ၂၆ ရက်နံနက်ပိုင်းတွင် မလေးရှားသို့လာချင်သည်ဟု ပြောကြားခဲ့သည်။ "ဒီနေ့မလေးရှားကိုသွားမယ့်ခရီးစဉ်ကို ကျွန်‌တော်ပယ်ဖျက်လိုက်ပါတယ်။ ဒါပေမယ့်မလေးရှားဝန်ကြီးချုပ်၊အမေရိကန်သမ္မတတို့နဲ့အတူ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးတာနဲ့ပတ်သက်ပြီးတော့ အောက်တိုဘာ ၂၆ ရက်မနက်ပိုင်းကို အချိန်ဇယားပြန်ပြောင်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်"ဟု ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူးလ်က ထိုင်းရုပ်သံကိုပြောကြားခဲ့သည်။ ထိုင်းဘုရင်မဟာဝိဇယလောင်ကွန်၏ မယ်တော်သီရိခေတ်မှာသည် အောက်တိုဘာ၂၄ ရက် သက်တော် ၉၃နှစ်အရွယ်တွင် ကံတော်ကုန်ခဲ့သည်ဟု ဘုရင့်နန်းတော်ကထုတ်ပြန်ခဲ့သည်။ "မယ်တော်ကြီးကံတော်ကုန်တာဟာ နိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်"ဟု အောက်တိုဘာ ၂၅ ရက်နေ့မနက်ပိုင်းတွင် ပြုလုပ်သည့်အစိုးရအဖွဲ့အရေးပေါ်အစည်းအဝေးမကျင်းပမီ အနူတင်ကပြောကြားခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် မလေးရှားနိုင်ငံ၌ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး၏ဘေးဆွယ်အခမ်းအနားတစ်ခုတွင် ထိုင်းနှင့်ကမ္ဘောဒီးယားတို့၏ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို အသိသက်သေအဖြစ်လက်မှတ်ရေးထိုးမည်ဟု အိမ်ရှင်မလေးရှားနိုင်ငံ၏ဝန်ကြီးက လွန်ခဲ့သောသတင်းပတ်တွင် ပြောကြားခဲ့သည်။ ■ Ref:AFP ■ AFP photos ■ Read More >>>>>https://news-eleven.com/article/307137 ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
Показать все...
👍 27 9👏 1😱 1
■ UEC က ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ဒေါက်တာသက်သက်ခိုင် မပါဝင်ဟု သတင်းထွက် ■ အဆိုပါ သတင်းမှာ သတင်းအမှားဟု ပါတီတာဝန်ရှိသူတစ်ဦး ငြင်းဆို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် မပါဝင်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ သို့သော်လည်း အဆိုပါ သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ တာဝန်ရှိသူတစ်ဦးက ငြင်းဆိုသည်။ "UEC က ကျွန်မတို့ကို ကတ်တွေတောင် ထုတ်ပေးပြီးသွားပါပြီ။ ထွက်ပေါ်နေတဲ့ သတင်းတွေကလည်း သတင်းအမှားတွေပါ။ နာမည်စာရင်းလည်း မကျန်ပါဘူး။ သူ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ သွားကြည့်လို့ ရပါတယ်။ သတင်းအမှားတွေပါ" ဟု ပါတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Photo: PPP ■ Read More >>>>>https://news-eleven.com/article/307135
Показать все...
👍 45 10😱 2😢 1
■ ထိုင်းဘုရင်၏ မယ်တော် သီရီခေတ် သက်တော် ၉၃ နှစ်အရွယ်တွင် ကံတော်ကုန်သွားသဖြင့် တစ်နှစ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မည် ဘုရင်မဟာဝီဇယလောင်ကွန်၏ မယ်တော်ဖြစ်ပြီး ထိုင်း သက်တမ်းအရှည်ဆုံး ဘုရင်ဘူမိဘောအဒူရာဒတ်၏ မိဘုရားဖြစ်သော ဘုရင်မဟောင်း သီရီခေတ်သည် သက်တော် ၉၃ နှစ်အရွယ် အောက်တိုဘာ ၂၄ ရက်တွင် ကံတော်ကုန်သွားခဲ့သည်ဟု ဘုရင့်နန်းတော်က ထုတ်ပြန်ခဲ့သည်။ Ref: AFP Photos: AFP ■ Read More >>>>>https://news-eleven.com/article/307136
Показать все...
👍 19 15😢 14👏 1
11:21
Видео недоступноПоказать в Telegram
25.10.2025 Morning Package (Telegram).mp4164.82 MB
👍 17 6🥰 1
အောက်တိုဘာ ၂၅ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် - ရန်ကုန်နှင့် မန္တလေးတို့တွင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးကို ဖမ်းဆီး - ပဲပြား၊ ပဲသွေး၊ မုန့်ဖတ် အစရှိသည့် အစားအသောက်များတွင် ဖော်မလင်ထည့်သွင်းပါက အရေးယူမည်ဟု FDA ထုတ်ပြန် - မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသွားသည့် မြောက်ကိုရီးယားစစ်သားများအတွက် အထိမ်း အမှတ်အဆောက်အအုံ တည်ဆောက် - သီရိလင်္ကာတွင် နိုင်ငံရေးသမားတစ်ဦး ၎င်း၏ရုံးခန်းအတွင်း ပစ်သတ်ခံရ - ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီဘောလုံးအသစ်ကို စပါး - မန်ယူပွဲမှာ စတင်အသုံးပြုမယ်
Показать все...
👍 35 18👏 2🥰 1😱 1
09:57
Видео недоступноПоказать в Telegram
■ အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု ) - မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံထရွိုင်ကာ အစည်းအဝေးကို ယနေ့ကျင်းပ - မိုင်းရယ်မြို့မှ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၁၄ ဘီလျံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်း ကျော်နှင့် ဘိန်းဖြူ ၂၉ ကီလိုကျော် ကလေးမြို့နယ်တွင် ဖမ်းဆီးရမိ - ကမ္ဘောဒီးယားရဲတပ်ဖွဲ့က နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုများတွင် ပါဝင်သည်ဟုယူဆသည့် တောင်ကိုရီးယား နိုင်ငံသား ၅၇ ဦးကို ဖမ်းဆီး - မြောက်ကိုရီးယား ဟိုက်ပါဆောနစ်ဒုံးကျည်များ အသုံးပြုပြီး လက်နက်စနစ်အသစ်ကို စမ်းသပ် - ပါနာသီနိုင်းကို့စ်အသင်းကို ကိုင်တွယ်ဖို့ ဘင်နီတက်ဇ် သဘောတူညီမှုရရှိခဲ့ပြီး ဂရိလိဂ်ရဲ့ လစာအများဆုံးနည်းပြ ဖြစ်လာ ■ Eleven Website: https://news-eleven.com ■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup
Показать все...
24 Night Packate~1.mp4132.80 MB
👍 36 20🥰 1