Eleven Media Group
Открыть в Telegram
2025 год в цифрах

44 978
Подписчики
Нет данных24 часа
Нет данных7 дней
+1330 день
Архив постов
■ ရုရှားသည်နေတိုးနှင့်တိုက်ရိုက် စစ်ရေးထိပ်တိုက်တွေ့မှုကိုရှောင်လိမ့်မည်မဟုတ်ဟု ဂျာမနီ၏ပြည်ပထောက်လှမ်းရေးအကြီးအကဲ သတိပေး
ရုရှားသည်တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ပြီး ဥရောပသမဂ္ဂနှင့်လတ်တလောအေတိအေးစက်ငြိမ်းချမ်းရေးသည် မည်သည့်အချိန်တွင်မဆိုပြင်းထန်သောထိပ်တိုက်တွေ့ဆုံမှုအဖြစ် ပွင့်ထွက်လာနိုင်သည်ဟု ဂျာမနီနိုင်ငံ၏ ပြည်ပထောက်လှမ်းရေးအကြီးအကဲက အောက်တိုဘာ ၁၃ ရက်တွင် သတိပေးလိုက်သည်။
ရုရှားသည်၎င်း၏သြဇာလွှမ်းမိုးမှုရပ်ဝန်းကို ဥရောပ၏အနောက်စူးစူးသို့ချဲ့ထွင်ရန် ပိုင်းဖြတ်ထားသည်ဟု ဂျာမနီ၏ ပြည်ပထောက်လှမ်းရေးအကြီးအကဲ မာတင်ဂျာဂါက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
"အဲဒီရည်မှန်းချက်အောင်မြင်ဖို့ လိုအပ်မယ်ဆိုရင်ရုရှားဟာနေတိုးနဲ့ တိုက်ရိုက်စစ်ရေးထိပ်တိုက်တွေ့ဆုံတာကို ရှောင်ရှားမှာမဟုတ်ပါဘူး"ဟု သူကပြောကြားခဲ့သည်။ သူသည်လက်ရှိတာဝန်ကိုလွန်ခဲ့လတွင် စတင်ထမ်းဆောင်ခဲ့ခြင်းပြီး ဘာလင်၌ လွှတ်တော်အမတ်များကို အများပြည်သူနှင့်ပတ်သက်၍တင်ပြရာ၌အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
■ Ref:AFP
■ AFP photos
■ Website Link >>>>> https://news-eleven.com/article/306849
❤ 31👍 22😱 4👏 3
08:18
Видео недоступноПоказать в Telegram
■ အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- ကျောက်မဲမြို့၌ ကျောက်မဲမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
- ရတနာနှင့် ဇောတိကစီမံကိန်းများမှ တွင်းအသစ်များ တူးဖော်ဆောင်ရွက်ရေးနှင့် ကမ်းလွန်စီမံကိန်းအသစ်များ ဖော် ဆောင်နိုင်ရေးလိုအပ်သည့် စာချုပ်များ အမြန်ဆုံးချုပ်ဆိုသွားနိုင်ရေး မြန်မာ-ထိုင်း ဆွေးနွေး
- ကင်ဆာဝေဒနာခံစားနေရသည့် ဂျိုးဘိုင်ဒင် ဓာတ်ရောင်ခြည်ကုသမှု ခံယူလျက်ရှိ
- အမေရိကန်ရှိ ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်သည့်စက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၆ ဦး သေဆုံး
- ရာသီကုန်မှာ အနားယူတော့မယ့် အယ်လ်ဘာအတွက် ဂုဏ်ပြုအခမ်းအနားပြုလုပ်
tele.mp485.58 MB
👍 35❤ 12🥰 1😢 1
■မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောတည်ဆောက်ရေးအတွက် ရုရှားထံမှ နည်းပညာအကူအညီများ ရရှိဖွယ်ရှိကြောင်း တောင်ကိုရီးယားပြောကြား
မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘော တည်ဆောက်ရေးအတွက် ရုရှားထံမှ နည်းပညာအကူအညီများ ရရှိဖွယ်ရှိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး အန်းဂူဘက် က အောက်တိုဘာ ၁၃ ရက်တွင် လွှတ်တော်၌ ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ရေပေါ်ပလက်ဖောင်းများမှ ပစ်လွှတ်နိုင်သည့် ဒုံးကျည်စမ်းသပ်မှုများနှင့် ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်နိုင်သည့် ရေငုပ်သင်္ဘောများကို တည်ဆောက်မည်ဟု ပြောကြားခဲ့သော်လည်း ထိုကဲ့သို့ ရေငုပ်သင်္ဘောများမှ ဒုံးကျည်ပစ်လွှတ်မှုကို ကျွမ်းကျင်ပိုင်နိုင်မှု ရှိ၊ မရှိဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးပေ။
ထို့ပြင် မြောက်ကိုရီးယားသည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကိုလည်း ထုတ်လုပ်ရန် ကြိုးပမ်းနေသည်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး အန်းက လွှတ်တော်၏ ကာကွယ်ရေးကော်မတီ ကြားနာစစ်ဆေးမှုအတွင်း မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောများ ထုတ်လုပ်ရေးအတွက် များပြားသည့်နည်းပညာများကို လက်ခံရရှိခဲ့သည့် သတင်းသည် မှန်ကန်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
■Read More >>>>https://news-eleven.com/article/306847
👍 40❤ 12👏 6🥰 1😱 1
■မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောတည်ဆောက်ရေးအတွက် ရုရှားထံမှ နည်းပညာအကူအညီများ ရရှိဖွယ်ရှိကြောင်း တောင်ကိုရီးယားပြောကြား
မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘော တည်ဆောက်ရေးအတွက် ရုရှားထံမှ နည်းပညာအကူအညီများ ရရှိဖွယ်ရှိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး အန်းဂူဘက် က အောက်တိုဘာ ၁၃ ရက်တွင် လွှတ်တော်၌ ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ရေပေါ်ပလက်ဖောင်းများမှ ပစ်လွှတ်နိုင်သည့် ဒုံးကျည်စမ်းသပ်မှုများနှင့် ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်နိုင်သည့် ရေငုပ်သင်္ဘောများကို တည်ဆောက်မည်ဟု ပြောကြားခဲ့သော်လည်း ထိုကဲ့သို့ ရေငုပ်သင်္ဘောများမှ ဒုံးကျည်ပစ်လွှတ်မှုကို ကျွမ်းကျင်ပိုင်နိုင်မှု ရှိ၊ မရှိဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးပေ။
ထို့ပြင် မြောက်ကိုရီးယားသည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကိုလည်း ထုတ်လုပ်ရန် ကြိုးပမ်းနေသည်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး အန်းက လွှတ်တော်၏ ကာကွယ်ရေးကော်မတီ ကြားနာစစ်ဆေးမှုအတွင်း မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောများ ထုတ်လုပ်ရေးအတွက် များပြားသည့်နည်းပညာများကို လက်ခံရရှိခဲ့သည့် သတင်းသည် မှန်ကန်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
သို့သော် မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘော မှ ပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည် (SLBM)ကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း ရှိ၊ မရှိ ကို ကောက်ချက်ချရန် အချိန်စောလွန်းနေကြောင်း အန်းက ပြောကြားခဲ့သည်။
■Read More >>>>https://news-eleven.com/article/306847
👍 22👏 12❤ 8😱 1
■ မကွေးတိုင်း မင်းဘူး၊ စလင်းနှင့် ကံမမြို့နယ်တို့တွင် လမ်းဦးစီးဌာနမှဝန်ထမ်းတစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးအပါအဝင် အရပ်သားငါးဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်
မကွေးတိုင်းဒေသကြီး မင်းဘူး၊ စလင်းနှင့် ကံမမြို့နယ်တို့တွင် လမ်းဦးစီးဌာနမှဝန်ထမ်းတစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးအပါအဝင် အရပ်သားငါးဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
မင်းဘူးမြို့နယ်လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)မှ အငယ်တန်းအင်ဂျင်နီယာ (၄)ဖြစ်သူ ဦးသန်းတိုးအောင်သည် ဖြူကုန်းကျေးရွာသို့ မင်းဘူး-စလင်းသွား ကားလမ်းအား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ယာဉ်မောင်းဖြစ်သူ ဦးသိန်းလင်းအောင် မောင်းနှင်သည့် MGY-19/1M-…. SKAT အမျိုးအစား မော်တော်ယာဉ်ဖြင့် လမ်းအလုပ်သမားကိုးဦးအား သွားရောက်ပို့ဆောင်ကာ မင်းဘူးမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် စည်သာကျေးရွာအနီးအရောက်၌ PDF များက မော်တော်ယာဉ်အား တားဆီး၍ ဦးသန်းတိုးအောင်အား အဆိုပါမော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးသိန်းလင်းအောင်အား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၁၁ ရက်က စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာနေ စလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးတိုးတိုး(ခ)ဦးဖိုးတိုး(၅၇) သည် ဇနီးဖြစ်သူ ဒေါ်မိုးမိုးစိုးနှင့်အတူ ၎င်း၏နေအိမ်၌ရှိနေစဉ် PDF ၁၀ ဦးခန့်က စက်လှေတစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ ၁၁ ရက်၌ပင် ကံမမြို့နယ်၊ အင်ဘက်တောကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးမြင့်ဆွေ၊ ရပ်မိရပ်ဖဖြစ်သူ ဦးထွန်းဉာဏ်နှင့် ဦးစိန်ဝင်းတို့သည် အင်ဘက်တောကျေးရွာသူ/ကျေးရွာသား ၁၅ ဦးခန့်နှင့်အတူ အင်ဘက်တောကျေးရွာသားတစ်ဦး၏ စေ့စပ်ကြောင်းလမ်းမှုတစ်ခုအတွက် ကျီးမီးကျေးရွာသို့ သုံးဘီးဆိုင်ကယ်ယာဉ်နှစ်စီးဖြင့် ကမ္မ-ရေနံ့သာ-ကျီးမီးသွားလမ်းအတိုင်း ထွက်ခွာလာစဉ် အင်ဘက်တောကျေးရွာ၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ရွာသာယာကျေးရွာနှင့် ကျီးမီးကျေးရွာကြားနေရာအရောက်၌ ဆိုင်ကယ်သုံးစီးဖြင့် အသင့်စောင့်ဆိုင်းနေသည့် PDF လေးဦးက သုံးဘီးဆိုင်ကယ်ယာဉ်များအား တားဆီး၍ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ရာအိမ်မှူးဦးမြင့်ဆွေ၊ ဦးထွန်းဉာဏ်နှင့် ဦးစိန်ဝင်းတို့သုံးဦးကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါ ဖမ်းဆီးခံထားရသူများကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo. CJ
■ Read More >>>>https://news-eleven.com/article/306845
❤ 15😢 14😱 10🤬 9👍 2
■ ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် အစ္စရေးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးအတွက် ဆောက်လုပ်ရေးကန်ထရိုက် လုပ်ကိုင်နေသည့် မြန်မာလုပ်သား ခြောက်ဦးကို ဖမ်းဆီး
ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် အစ္စရေးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးအတွက် ဆောက်လုပ်ရေးကန်ထရိုက်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
ထိုင်းဒေသခံ ခရီးသွားရဲတပ်ဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံသား သုံးဦးသည် တစ်အိမ်လျှင် ဘတ်ငွေ ၇ သန်းဖြင့် အိမ်ခုနစ်လုံး ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် စူရတ်ဌာနီခရိုင် Ban Nai Wok ရှိ နေအိမ်များတွင် လျှပ်စစ်ဝါယာကြိုးများ တပ်ဆင်ရန် အခြားမြန်မာလုပ်သားသုံးဦးကို ငှားရမ်းခဲ့ပြီး ၄င်းတို့မှာလည်း ဖမ်းဆီးခံရသည်ဟု သတင်းတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းမှာ ထိုင်းလူမျိုးများအတွက် သီးသန့်လုပ်ကိုင်ရခြင်းဖြစ်ပြီး နိုင်ငံခြားများက တရားမဝင် ဝင်ရောက်လုပ်ကိုင်ကာ ယှဉ်ပြိုင်ရခြင်းကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းခရီးသွားကျွန်းများရှိ ထိုင်းလူမျိုးကန်ထရိုက်တာများက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် မြန်မာဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူများကို ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သုံးဦးသည် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် မှတ်ပုံတင်ထားသော အလုပ်သမားများဖြစ်သော်လည်း အဆိုပါအိမ် ခုနစ်လုံး ဆောက်လုပ်ရန် ကုမ္ပဏီဘက်က ကန်ထရိုက်ယူထားခြင်း မရှိကြောင်း ဆောက်လုပ်ရေးကုမ္ပဏီဘက်က အတည်ပြုခဲ့ခြင်းဖြစ်သဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။
■ Read More >>>>https://news-eleven.com/article/306844
👍 22😱 10❤ 9👏 1
■ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီတွင် ကုန်တင်ယာဉ်ဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀၈ ဦးဖမ်းဆီးခံရ
ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီတွင် နယ်စပ်လမ်းကြောင်းမှ တဆင့် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသည့် ကုန်တင်ယာဉ်ကြီးတစ်စီးအား အောက်တိုဘာ ၁၁ ရက်နေ့ကဖမ်းဆီး စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀၈ ဦးဖမ်းဆီးခံရကြောင်း ထိုင်းနိင်ငံဘက်မှ လာသော သတင်းများအရ သိရသည်။
ထိုင်းနယ်စပ် ကန်ချနဘူရီခရိုင် ပါက်ဖလယ့်မြို့နယ်တွင် ဖမ်းဆီးခံ ရေသာ မြန်မာနိုင်ငံသားများမှာအမျိုးသား ၇၀ ဦးနှင့် အမျိုးသမီး ၃၈ ဦးတို့ ဖြစ်ကြောင်းသိရသည်။
နယ်မြေတာဝန်ရှိသူများက ကုန်တင်ယာဉ်ဖြင့် သယ်ဆောင်လာသော မြန်မာလုပ်သားများအားစစ်ဆေးရာ အချို့မှာ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့်ဖြစ်သလို အချို့မှာ ထိုင်းနိုင်ငံ စမွတ်ဆာခေါခရိုင်၌ သွားရောက်အလုပ်လုပ်မည်ဖြစ်ကြောင်းသိရသည်။
Photo ; Thai Nwes
■ Read More >>>>https://news-eleven.com/article/306843
👍 24😢 14😱 10❤ 5👏 2
■ ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး(ခေါ်) ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်ဆေးနေ
ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်ဆေးနေကြောင်း သိရသည်။
သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုသည် မြန်မာပြည်ဖွားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ကာ ၎င်းသည် လူမှုကွန်ရက်မှတစ်ဆင့် လူသုံးကုန်ပစ္စည်းများ စျေးရောင်းချသူတစ်ဦးဖြစ်သည့်အပြင် အနုပညာရှင်အချို့နှင့် လူပုဂ္ဂိုလ်အချို့အား လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုမှုများ ပြုလုပ်လေ့ရှိခဲ့သည်။
ထိုကဲ့သို့ သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကို၏ ပြောဆိုမှုအချို့ကြောင့် နစ်နာမှုရှိခဲ့သည်ဆိုကာ ဒေါ်အေသင်ကိုက သမီးဆိုးကို မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်၌ လူချင်းတွေ့ဆုံရှင်းလင်းရန် ကနဦးတွင် တောင်းဆိုခဲ့သော်လည်း သမီးဆိုးက တွေ့ဆုံခြင်းမရှိသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းတွင် ဒေါ်အေသင်ကိုက ပုဒ်မ ၆၆(ဃ)ဖြင့် တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်၊
ထို့နောက် သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ထွက်ခွာရန် အောက်တိုဘာ ၁၂ရက်က ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်သို့ရောက်ရှိချိန်တွင် သက်ဆိုင်ရာက သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“လောလောဆယ်တော့ ၆၆(ဃ)တစ်ခုထဲနဲ့ပဲ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ပြင်ဦးလွင်မှာ အမှုဖွင့်ထားတာမို့ ပြင်ဦးလွင်မြို့မရဲစခန်းက သွားရောက်ခေါ်ဆောင်ပြီး ဒီနေ့(အောက်တိုဘာ ၁၃ ရက်)မနက် ပြင်ဦးလွင်ကို ရောက်နေပြီ” ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင်သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပ ၂၁၅/၂၀၂၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သမီးဆိုး(ခေါ် )ဒေါ်သက်ကိုကိုသည် ဖေ့ဘုတ်စ်လူမှုကွန်ယက်စာမျက်နှာမှ Live လွှင့်ပြီး ဒေါ်အေသင်ကို၏မိသားစုအသိုင်းအဝန်းများ၊ လုပ်ငန်းများ၊ အခြားသောကိစ္စရပ်များနှင့်ပတ်သက်၍ ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန်စွပ်စွဲပြောဆိုထားသဖြင့် အရေးယူပေးပါရန် ဒေါ်အေသင်ကိုက တိုင်ကြားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
Read More >>>>>>> https://news-eleven.com/article/306835
👍 44❤ 18👏 14🥰 2😱 2
08:37
Видео недоступноПоказать в Telegram
■အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)
•အင်အားပြင်းငလျင်ကြီးကြောင့် လမ်းတံတား၊ နေအိမ်၊ စာသင်ကျောင်းတို့အပြင် လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေး စသည့် ကဏ္ဍပေါင်းစုံတွင် ထိခိုက်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ် ၇၉၇၉ ဘီလျံကျော်ရှိခဲ့
•ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွင် ဒေသအချို့၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွှဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
•ဥရောပတွင် ကျန်းမာရေးဝန်ထမ်း သုံးဦး၌ တစ်ဦးသည် စိတ်ကျရောဂါ ခံစားနေရကြောင်း WHO ပြောကြား
•ဂါဇာငြိမ်းချမ်းရေး သဘောတူညီမှုအတွက် မိုဒီက ထရန့်နှင့် နေတန်ယာဟုကို ကျေးဇူးတင်စကား ပြောကြား
•လီဗာပူးလ်အသင်းအတွက် ပွဲချိန်ပြည့်ကစားဖို့ ကြံ့ခိုင်မှုပြည့်နေပြီလို့ အီဆက်ခ် ကြုံးဝါး
Packate M tele.mp489.37 MB
👍 34❤ 9😱 7🥰 2
09:17
Видео недоступноПоказать в Telegram
အောက်တိုဘာ ၁၂ ရက်နေ့ညပိုင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)
• အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ရန် မြန်မာ၏ မေတ္တာရပ်ခံချက်ကို ယခုလအာဆီယံအစည်းအဝေးတွင် ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
• ဇောတိကစီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
• မြောက်ကိုရီးယားက စစ်ရေးပြအခမ်းအနားတွင် အင်အားအပြင်းဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသ
• ဂါဇာကမ်းမြောင်၏ နေရာအချို့မှ အစ္စရေးစစ်သားများ စတင်ဆုတ်ခွာပြီဟု ဂါဇာမြို့ပြအေဂျင်စီ ပြောကြား
• မိန်နူး၊ ဇက်ဇီးတို့ရဲ့အနာဂတ်အတွက် မန်ယူနိုက်တက်အသင်း ဆွေးနွေးခဲ့
Packate Night tele.mp493.80 MB
👍 54❤ 12🥰 1
06:30
Видео недоступноПоказать в Telegram
အောက်တိုဘာ ၁၂ ရက် ညနေခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)
• မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်နှင့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန်ပိုမို ရရှိစေရန်အတွက် မဲစာရင်းကြေညာရက်ကို အောက်တိုဘာ ၂၀ ရက်အထိ တိုးမြှင့်ထား
•မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင်ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်ကျော် ၆ ရက် မှစတင်ကာ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်
•ဖိလစ်ပိုင်တောင်ပိုင်းတွင် အင်အားပြင်းငလျင် ထပ်မံလှုပ်ခတ်
•မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းပါဝင်တဲ့ အာရှခြေစစ်ပွဲများ အောက်တိုဘာ (၁၃) စတင်မယ်
Package 12.10 tele.mp427.12 MB
👍 42❤ 8🥰 1
Фото недоступноПоказать в Telegram
■ကင်ဆာဝေဒနာခံစားနေရသည့် ဂျိုးဘိုင်ဒင် ဓာတ်ရောင်ခြည်ကုသမှု ခံယူလျက်ရှိ
အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒင် ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှု ခံယူနေသည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၁၁ ရက်တွင် ပြောဆိုခဲ့သည်။
သမ္မတဟောင်းက ဆီးကျိတ်ကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသမှုနှင့် ဟော်မုန်းကုသမှု လောလောဆယ်ခံယူနေကြောင်း ၎င်းပုဂ္ဂိုလ်ကပြောသည်။
ဂျိုးဘိုင်ဒင်သည် လာမည့်နိုဝင်ဘာ ၂၀ ရက်တွင် အသက် ၈၃ နှစ်ပြည့်ပြီဖြစ်သည်။၎င်းသည် စက်တင်ဘာတွင်လည်း အရေပြားထဲမှ ကင်ဆာဆဲလ်များကိုဖယ်ရှားရန် ခွဲစိတ်မှုတစ်ခုခံယူခဲ့ရသည်။
ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာ အဆင့်ကိုးဖြစ်ပွားနေပြီး ရောဂါက အရိုးများထိပျံ့ နေကြောင်း သမ္မတဟောင်း၏ရုံးက မေ ၁၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။အဆင့်ကိုးဆိုသည်မှာ ကင်ဆာဆဲလ်ပျံ့မှုမြန်သည့် အခြေအနေဟု Cancer Research UK ကဆိုသည်။
ဘိုင်ဒင်သည် အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံးသမ္မတဖြစ်ခဲ့ပြီး အိမ်ဖြူတော်မှ ထွက်ခွာခဲ့ပြီးနောက် လူမြင်ကွင်းသို့ သိပ်ထွက်မလာတော့ပေ။ ဂျိုးဘိုင်ဒင်တို့မိသားစုတွင် ကင်ဆာဖြင့် ဆုံးပါးသွားသူရှိသည်။သားဖြစ်သူဘိုးဘိုင်ဒင်က အသက် ၄၆ နှစ်အရွယ် ၂၀၁၅ ခုနှစ်တွင် ဦးနှောက်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။
Ref & Photo ---Reuters
👍 32❤ 20😢 8😱 7🥰 1👏 1
■မက္ကဆီကိုတွင် မိုးကြီးမှုကြောင့် လူ ၄၁ ဦးထက်မနည်း သေဆုံး
မက္ကဆီကိုနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လူ ၄၁ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသခံအာဏာပိုင်များက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပြည်နယ် ၃၂ ခုတွင် ပြည်နယ် ၃၁ ခု၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေလျှံပြီး ကျေးရွာများအားလုံး ရေကြီးရေလျှံခဲ့ကာ မြေပြိုမှုများကြောင့် လမ်းများနှင့်တံတားများ ပျက်စီးခဲ့သည်။
ဟီဒယ်ဂိုအလယ်ပိုင်းပြည်နယ်သည် ရာသီဥတုဒဏ် အဆိုးဆုံးခံရသည့် ဒေသများတွင် အပါအဝင်ဖြစ်ပြီး လူ ၂၂ ဦးထက်မနည်း သေဆုံးကာ နေအိမ် ၁၀၀၀ ခန့် ပျက်စီးခဲ့သည်။
အိမ်နီးချင်း ပူဘလာပြည်နယ်တွင် လူကိုးဦးထက်မနည်း သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများရှိသောကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ခြေရှိသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
ပူဘလာပြည်နယ်တစ်ခုတည်း၌ပင် သဘာဝဘေးဒဏ်သင့်သူ ၈၀၀၀၀ ဝန်းကျင်ရှိသည်ဟု ပြည်နယ်အစိုးရက ဆိုသည်။
နိုင်ငံအရှေ့ပိုင်း ဗယ်ရာခရုဇ်တွင် ရေကြီးမှုကြောင့် သေဆုံးသူငါးဦးရှိပြီး ကွာရီတာရိုပြည်နယ်တွင် တစ်ဦးသေဆုံးခဲ့သည်။
■Website Link >>>>https://news-eleven.com/article/306824
😢 22👍 18❤ 7😱 2
■ မဲစာရင်းများပြည့်စုံမှန်ကန်စေရန်နှင့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန်ပိုမို ရရှိစေရန်အတွက် မဲစာရင်းကြေညာရက်ကို အောက်တိုဘာ ၂၀ ရက်အထိ တိုးမြှင့်ထား
■ မဲစာရင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများက သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ရန်နှင့် ကြုံတွေ့ရသည့်အခက်အခဲများကို သတင်းပို့နိုင်ရန် Call Centre ဖုန်းနံပါတ် ထုတ်ပြန်
မဲစာရင်းများပြည့်စုံမှန်ကန်စေရန်နှင့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန်ပိုမို ရရှိစေရန်အတွက် မဲစာရင်းကို အောက်တိုဘာ ၂၀ ရက်အထိ ထပ်မံတိုးမြှင့် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်သည်။
■Read more >>>>>https://news-eleven.com/article/306819
👍 31❤ 8👏 2🤬 1
■U9 ၏ နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်ပြတ်တောက်နေပြီး ဝန်ဆောင်မှုအသုံးပြုမရဖြစ်နေ
ဆက်သွယ်ရေးအော်ပရေတာ U9 ၏ နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်ပြတ်တောက်နေပြီး ဝန်ဆောင်မှုအသုံးပြုမရဖြစ်နေကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၁၂ ရက်)နံနက်ပိုင်းတွင် မမျှော်လင့်ဘဲ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတစ်ရပ်ကြောင့် U9 သုံးစွဲသူများ၏ ဝန်ဆောင်မှုများကို ထိခိုက်စေသည့် ကွန်ရက်ပြတ်တောက်မှုတစ်ခု ဖြစ်ပွားလျက်ရှိကြောင်း U9 က ထုတ်ပြန်သည်။
U9 ၏ နည်းပညာအဖွဲ့များသည် အဓိကပြဿနာ၏ ရင်းမြစ်ကို ဖော်ထုတ်ရန်နှင့် ဝန်ဆောင်မှုများကို အမြန်ဆုံး ပြန်လည်ရရှိစေရန်အတွက် အရေးပေါ်အခြေအနေအဖြစ် အမြင့်ဆုံးဦးစားပေးဖြင့် အပြင်းအထန် ကြိုးပမ်းဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်မှာ ပါရှိသည်။
ထို့ပြင် ယခုလို အဆင်မပြေမှုများအတွက် စိတ်ရင်းမှန်ဖြင့် အနူးအညွတ် တောင်းပန်ကြောင်းလည်း U9 က ထုတ်ပြန်ထားသည်။
■Website Link >>>>https://news-eleven.com/article/306818
👍 33😱 6❤ 5🤬 1😢 1
08:46
Видео недоступноПоказать в Telegram
အောက်တိုဘာ ၁၂ ရက်နေ့ နံနက်ခင်းသတင်းအစီအစဉ်
• ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များသို့ ဆက်သွယ်ကာ ငွေကြေးတောင်းခံခြင်းနှင့် သွေးဆောင်ဖြားယောင်းခြင်းများရှိသဖြင့် သတိပြုရန်ထုတ်ပြန်
• တရားမဝင်လုပ်သားများ ဝင်ရောက်မှုမရှိရန် မလေးရှားနိုင်ငံရှိ ဟိုင်းဝေးလမ်းများတွင်ပါ စစ်ဆေးနေပြီး မြန်မာနိုင်ငံသား သုံးဦး ဖမ်းဆီးခံရ
• တိုမာဟော့ခ်ဒုံးကျည်များကို အမေရိကန်က ပေးမည်ဆိုပါက သမ္မတဒေါ်နယ်ထရန့်ကို နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် ယူကရိန်းက အမည်စာရင်းတင်သွင်းမည်ဟု သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား
• ပီရူးသမ္မတဒိုင်နာဘိုလူအာတေး ဖြုတ်ချခံခဲ့ရပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ ဟိုဆေးဂျာရီ ယာယီသမ္မတအဖြစ် တင်မြှောက်ခံရ
• MSN တိုက်စစ်အတွဲကို ထပ်မံဖော်ဆောင်ဖို့ အင်တာမိုင်ယာမီ စဉ်းစားနေ
Package 12 tele.mp439.10 MB
👍 32❤ 8👏 6🥰 1
■ ဖိလစ်ပိုင်တောင်ပိုင်းတွင် အင်အားပြင်းငလျင် ထပ်မံလှုပ်ခတ်
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာ ၁၁ ရက်နှောင်းပိုင်းက ရစ်ချ်တာစကေး ၆ ဒသမ ၀ ပြင်းအားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းထားရေးအဖွဲ့(USGS)က ပြောကြားခဲ့သည်။
ဆာရီဂိုဒယ်ဆာပြည်နယ် ကက်ဝိတ်မြို့မှ ၁၀ ကီလိုမီတာခန့်အကွာတွင် အမြင့် ၃၇ မိုင်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း USGS က ဆိုသည်။
ငလျင်ကြောင့် သေဆုံးသူရှိ၊မရှိ ချက်ချင်းမသိရှိသေးကြောင်း ကက်ဝိတ်မီးသတ်အရာရှိ အာနယ်ဘီဆင်ဂါက ပြောကြားခဲ့သည်။
"ငလျင်လှုပ်ချိန်က သိပ်မကြာဘူး။ စက္ကန့် ၃၀ ဝန်းကျင်လောက်ပဲ။ ဒါပေမဲ့ ရုတ်တရက်ဖြစ်တဲ့အပြင် အားပြင်းတဲ့အတွက် ကျွန်တော်တို့ မီးသတ်စခန်းမှာရှိတဲ့ မီးဖိုချောင်က အိုးတွေ ပြုတ်ကျကုန်ပါတယ်"ဟု ဘီဆင်ဂါက ဆိုသည်။
ကယ်ဆယ်ရေးနှင့် မီးသတ်အာဏာပိုင်များက အပျက်အစီးများကို ပူးပေါင်းလေ့လာအကဲဖြတ်မှုများ လုပ်ဆောင်ခဲ့သည်။
"ညအချိန်လည်း ဖြစ်တဲ့အပြင် မှောင်လည်းမှောင်နေတဲ့အတွက် အပျက်အစီးဘယ်လောက်ရှိလဲဆိုတာတော့ မပြောနိုင်သေးပါဘူး"ဟု ဘီဆင်ဂါက ဆိုသည်။
■ Ref:AFP
■ Photo:AFP
😢 33👍 23❤ 10😱 7
11:15
Видео недоступноПоказать в Telegram
■ အောက်တိုဘာ ၁၁ ရက် ညနေခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)
■ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်း အခမ်းအနားသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်
■ ကျောက်မဲမြို့၌ အောက်တိုဘာ ၁၀ ရက်တွင် ကျောင်းသား/ကျောင်းသူ ၇၅၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့ပြီး စုစုပေါင်း ၁၉၇၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ
■ နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းများရှင်းလင်းနေမှုကို ဆိုင်းငံ့ရန် ကမ္ဘောဒီးယားက ထိုင်းကို တောင်းဆို
■ မန်ယူနိုက်တက်မှာ ပျော်ရွှင်နေတယ်လို့ ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟ
11 Eve Packate.mp4167.80 MB
👍 41❤ 18🥰 3👏 1
■ အင်အားပြင်းငလျင်ကြီးကြောင့် လမ်းတံတား၊ နေအိမ်၊ စာသင်ကျောင်းတို့အပြင် လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေး စသည့် ကဏ္ဍပေါင်းစုံတွင် ထိခိုက်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်ဘီလျံ ၇၉၀၀ ကျော်ရှိခဲ့
အင်အားပြင်းငလျင်ကြီးကြောင့် လမ်းတံတား၊ နေအိမ်၊ စာသင်ကျောင်းတို့အပြင် လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေး စသည့် ကဏ္ဍပေါင်းစုံတွင် ထိခိုက်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၇၉၇၉ ဘီလျံကျော်ရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
အောက်တိုဘာ ၁၀ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
■ Read More >>>>https://news-eleven.com/article/306805
😢 34👍 15❤ 4😱 1
