ru
Feedback
အေအန်န်အမ်မ်တီ

အေအန်န်အမ်မ်တီ

Открыть в Telegram

အကူအညီပေးသောလက်များဟာ ဘုရားစာရွတ်ဆိုသောပါးစပ်များထက် ပို၍မြင့်မြတ်တယ်။

Больше
2025 год в цифрахsnowflakes fon
card fon
14 312
Подписчики
-224 часа
-537 дней
-19730 день
Архив постов
Фото недоступноПоказать в Telegram
Silent Strike နေ့မှာမြင်တွေ့ရသော လမ်းမပေါ်က Khwayတိရစ္တာန်များ။ နောက်ဆုံးက Khwayတိရစ္ဆာန်တွေကတော့ နည်းနည်းထူးဆန်းတယ်...😄 Faceboook Post... https://www.facebook.com/share/r/1BrTCC4poF/ #အေအန်န်အမ်မ်တီ Telegram Channel
Показать все...
3.37 MB
🤣 74👍 11 3
ခုနက မဲလက်စွပ်ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်အစ်မနဲ့ရော လက်စွပ်ပိုင်ရှင်အစ်မနဲ့ပါ တိုက်ရိုက်စကားပြောထားပါပြီ။ https://t.me/ANMTarnoldmyotint/9304?single ဒီနေရာမှာ ကျွန်တော့်အပေါ် နားလည်မှုလွဲနေသူတချို့ကို ပြောပြချင်တာက ကျွန်တော်က အကြောင်းမဲ့သက်သက်ချည်း ဘလိန်းတာမျိုး စွပ်စွဲတာမျိုး မဟုတ်ဘူးဆိုတာပါ။ ပို့စ်ထဲရေးထားတဲ့ "ပစ္စည်းတန်ဖိုးပြန်နှုတ်ပြီး အမြတ်ငွေတွေကို ကမ်ပိန်း၄ခုဆီ အညီအမျှစီးဆင်းပါမယ်"ဆိုတဲ့ စကားကြောင့် ခုနကပို့စ်ကို ရေးတင်လိုက်တာပါ။ နောက်မှ သိရတဲ့အချက်အလက်ကတော့ လက်စွပ်ပိုင်ရှင်အစ်မနော်ထိုက်က ဘာမှပြန်ယူမှာမဟုတ်ကြောင်း၊ မိုးကုတ်စစ်ရှောင်တွေဆီ ထပ်ကူလို့ရအောင် ငွေထပ်ထွက်အောင် ရည်ရွယ်တာဖြစ်ကြောင်း သိရပါတယ်။ အဲ့လိုလာရောက်ရှင်းပြပေးတာကိုလည်း ကျွန်တော်ဝမ်းသာကြိုဆိုပါတယ်။ ကျွန်တော့်ရဲ့လိုအပ်ချက်ကတော့ သေသေချာမစုံစမ်းမိလိုက်တာပါ။ တကယ်ကလည်း မူရင်းပို့စ်ရဲ့ Text စာသားမှာကတည်းက အဲ့လိုလေးရေးဖြည့်ထားခဲ့ရင် ပို့စ်ကိုမြင်သူတိုင်းအတွက် ပိုပြီးရှင်းလင်းစေမှာဖြစ်ပါတယ်။ ကျွန်တော်တင်မဟုတ်ပါဘူး၊ အဲ့ပို့စ်ကို စာချည်းဖတ်မိသူတိုင်း ခုနက ကျွန်တော့်ထင်မြင်မိသလိုပဲ မြင်သွားစေနိုင်ပါတယ်။ ထိုအစ်မရဲ့လူရင်းတွေကတော့ ဘယ်သူက ဘာဆိုတာ သိကြပေမယ့်၊ လူရင်းမဟုတ်တဲ့သူတွေက ပို့စ်အရေးအသားကိုသာ အခြေခံပြီး ထင်မြင်ကြတာမျိုးပါ။ အခုတော့ ကျွန်တော်လည်း စိတ်ထဲရှင်းလင်းသွားပါပြီ။ ပို့စ်ပိုင်ရှင်အစ်မက တော်လှ-န်ရေးအတွက် တကယ်အလုပ်လုပ်နေသူဖြစ်ကြောင်း သိရတဲ့အတွက် ကျွန်တော်ရေးတင်တဲ့ပို့စ်က သူ့အပေါ်တစုံတရာ စိတ်ထိခိုက်စရာ ဖြစ်သွားလိမ့်မယ်လို့လည်း ထင်မြင်မိတာကြောင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက် တောင်းပန်ထားပါတယ်။ ထိုအစ်မဘက်က ညနေ၆နာရီ လုပ်ငန်းခွင်နားမှ စာပြန်မှာဖြစ်ပြီး အဲ့အခါကျမှ ကျွန်တော့်တောင်းပန်မှုအပေါ် ဘယ်လိုသဘောထားရှိသလဲဆိုတာ ပြန်လည်သိရမှာဖြစ်ပါတယ်။ သိရတဲ့အခါ ဒီပို့စ်မှာပဲ ဖြည့်စွက်ပေးထားပါမယ်။ ကျွန်တော့်ရိုးရိုးသားဝန်ခံချင်တာကတော့ မဲကိစ္စတွေနဲ့ပတ်သက်ပြီး မရှင်းမရှင်း ပြဿနာရပ်တွေက ရှေ့ကာလတလျှောက် များစွာကြုံဖူးကြားဖူးကြပါလိမ့်မယ်။ ဒီလိုအရာတွေထပ်ဖြစ်လာခဲ့မှာစိုးလို့ "ဒီလိုတော့ဖြစ်သင့်တယ်၊ ဒီလိုတော့မဖြစ်သင့်ဘူး"ဆိုပြီး စိတ်ထဲရှိတဲ့အတိုင်း ရေးသားလိုက်တာပါပဲ။ ဒါက ရည်ရွယ်တိုက်ခိုက်တာမျိုးမဟုတ်ပါ။ ပြီးတော့ ကျွန်တော်ကလည်း လိုင်းပေါ်ကနေသာ ဝေဖန်လေကန်ရေး လုပ်ဆောင်နေသူမဟုတ်ကြောင်း ကျွန်တော့်အကောင့်နှစ်ခုထဲက မိတ်ဆွေတွေ သိကြပါလိမ့်မယ်။ ထိုအစ်မအပေါ် ထိခိုက်နစ်နာစေလိုစိတ် ဘာတစ်ခုမှမရှိခဲ့ပါ။ Facebook Post https://www.facebook.com/share/p/17ewtWz4Le/ #အေအန်န်အမ်မ်တီ Telegram Channel
Показать все...
54👍 2
ခုနက မဲလက်စွပ်ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်အစ်မနဲ့ရော လက်စွပ်ပိုင်ရှင်အစ်မနဲ့ပါ တိုက်ရိုက်စကားပြောထားပါပြီ။ ထိုအစ်မအပေါ် ထိခိုက်နစ်နာစေလိုစိတ် ဘာတစ်ခုမှမရှိခဲ့ပါ။ အပြည့်အစုံဖတ်ရှုရန်... https://www.facebook.com/share/p/17ewtWz4Le/ #အေအန်န်အမ်မ်တီ Telegram Channel
Показать все...
36👍 2
01:24
Видео недоступноПоказать в Telegram
မန္တလေးမှာ Silent Strike ကို Counter ပြန်တိုက်တဲ့အနေနဲ့ ကားလမ်းမဘေးမှာ စစ်Khwayတွေက အရပ်ဝတ်တွေနဲ့ အသံချဲစက်တွေအသံကုန်ဖွင့်ပြီး ချောတိုင်တက်ပွဲပြုလုပ်နေတဲ့ ရုပ်သံကိုကြည့်ပြီး ငါ့မှာ အူတွေနာ (ကွန့်မန့်မှာ ရုပ်သံဝင်ကြည့်နိုင်)။ ကမ္ဘာကြီးကို မတ်ဆေ့ပေးချင်တာက မဆိုင်းလန့်ပါဘူးပေါ့၊ Google Map မှာတော့ မြန်မာပြည်အနှံ့က ရှိသမျှကားလမ်းတွေ အကုန်စိမ်းနေတာကအသက်...😆 https://www.facebook.com/share/p/1ByTP8oAwj/ #အေအန်မ်အမ်မ်တီ Telegram Channel
Показать все...
8.80 MB
😁 43🤣 14
ခုနက ပို့စ်တစ်ခုတွေ့လိုက်တယ်၊ သိန်း၂၀ တန်ကြေးရှိတဲ့ စိန်လက်စွပ်နဲ့အတူ အခြားပစ္စည်းတွေ အမျိုး၂၀ ပါဝင်တဲ့ မဲကမ်ပိန်းလုပ်တယ်၊၊ https://t.me/ANMTarnoldmyotint/9301 ဒါကို စိန်လက်စွပ်တန်ဖိုး ပြန်နှုတ်ယူထားပြီး အမြတ်ကိုသာကူမယ်ဆိုတာမျိုးက တော်လှ-န်ရေးကို ဗ-န်းပြပြီး ကိုယ့်ပစ္စည်းကို ရောင်းထွက်အောင်လုပ်တာနဲ့ တူမနေဘူးလားလို့ပါ။ ကျွန်တော်စွ-ပ်စွဲတာမဟုတ်ဘူးနော်၊ လက်ရှိ ပို့စ်အမြင်အရကိုပြောပြတာ။ တကယ်က လက်စွပ်ကိုထည့်ကူလိုက်ပေမယ့် တန်ကြေးကိုပြန်နှုတ်ယူထားမှာဖြစ်တဲ့အတွက် လက်စွပ်ပိုင်ရှင်က တော်လှ-န်ရေးကို ကူလိုက်တယ်လို့လည်း သတ်မှတ်ပေးလို့မရပါဘူး၊ ကိုယ့်ပစ္စည်းကို မဲလုပ်ရောင်းပြီးမှ အရင်းကိုပြန်ယူ အမြတ်ကိုပြန်လှူဆိုတာမျိုးက တော်လှ-န်ရေးခေါင်းစဥ်တပ်ပြီး လူလည်ကျတယ်လို့ပဲမြင်ပါတယ်။ ဆိုလိုချင်တာက မြတ်ရင်လှူမယ်၊ မမြတ်ရင်မလှူဘူး၊ အကယ်၍ မဲကမ်ပိန်းပြီးသွားသည့်တိုင်အောင် မဲနည်းနည်းပဲရောင်းရလို့ ပစ္စည်းတန်ဖိုးအရင်းတောင် ပြန်မရတာမျိုး၊ ပစ္စည်းတန်ဖိုး အရင်းလောက်သာ ရခဲ့တယ်ဆိုပါစို့၊ အဲ့အခါကျရင် ဘယ်လိုလုပ်ကြမလဲပေါ့။ "အမြတ်မရတဲ့အတွက် ပစ္စည်းကိုတော့ မဲပေါက်တဲ့သူယူပါ၊ အရင်းတန်ဖိုးငွေကိုတော့ ပြန်နှုတ်ယူမှာမို့ အမြတ်မရှိတဲ့အတွက် ဘယ်အဖွဲ့ထံကိုမှ မစီးဆင်းတော့ပါဘူး"ဆိုတဲ့ ဖြစ်စဥ်မျိုး ဖြစ်လာခဲ့ရင် ဒီလုပ်ရပ်မှာ ဘယ်သူမြတ်သွားသလဲဆိုတာမျိုး တွေးမိကြသလားပေါ့။ ကျွန်တော်က "ဒါချည်းတော့ မဖြစ်သင့်ဘူး"လို့ယူဆတာကြောင့် ရိုးရိုးသားသား ပြတ်ပြတ်သားသားထုတ်ပြောတာပါ။ ရှေ့ကာလတွေမှာလည်း အကြိမ်ကြိမ်ထုတ်ပြောဖူးပါတယ်။ အခုပို့စ်က ကမ်ပိန်းလုပ်ဆောင်သူကို အပြ-စ်ပြောတာမျိုးမဟုတ်ပဲ မသိနားမလည်လို့ လုပ်မိခဲ့တယ်ဆိုရင်တောင် နောက်မလုပ်မိစေဖို့အတွက်ပါ။ ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ်။ Facebook Post... https://www.facebook.com/share/p/1H1Znfx214/ #အေအန်န်အမ်မ်တီ Telegram Channel
Показать все...
💯 35👍 22 6
Фото недоступноПоказать в Telegram
စိန်လက်စွပ်တန်ဖိုး ပြန်နှုတ်ယူထားပြီး အမြတ်ကိုသာကူမယ်ဆိုတာမျိုးက တော်လှ-န်ရေးကို ဗ-န်းပြပြီး ကိုယ့်ပစ္စည်းကို ရောင်းထွက်အောင်လုပ်တာနဲ့ တူမနေဘူးလားလို့ပါ။ Facebook Post... https://www.facebook.com/share/p/1H1Znfx214/ #အေအန်န်အမ်မ်တီ Telegram Channel
Показать все...
👍 36 5💯 3
NUG အစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်မယ့် People's Guerilla Force အဖွဲ့အတွက် ရက်တိုကမ်ပိန်းပြုလုပ်ပေးနေတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်မြောက်နေ့ရှိပါပြီ။ ၃ ရက်အတွင်း စုစုပေါင်းရရှိငွေက ၅သိန်းခွဲသာရရှိပါသေးတယ်။ မြေပြန့်ကိုမဆင်းခင်မှာ M4 တစ်လက်နဲ့ ခဲယ-မ်းတွေ တခါတည်းထောက်ပံ့ပေးလိုက်ချင်လို့ ယခုလို "Project 25"ဆိုပြီး ကမ်ပိန်းပြုလုပ်နေရခြင်းဖြစ်ပါတယ်။ အထောက်အပံ့တွေ များစွာလိုအပ်နေပါသေးတယ်။ မှတ်တမ်းလွှာပြန်လည်ပေးအပ်မယ့်အပြင် စာရင်းအတိအကျကိုပါ အချိန်နဲ့တပြေးညီ စာရင်းတင်ပြလျက်ရှိပါတယ်ခင်ဗျာ။ ကမ်ပိန်းမှာ ပါဝင်ထောက်ပံ့ချင်ပါက ချိတ်ဆက်နိုင်မည့် အကောင့်များ... ကျွန်တော့် အာနိုး မျိုးတင့် အကောင့်.... https://www.facebook.com/share/1MWUf7jkLm/ ကမ်ပိန်းစတင်ခဲ့သည့် ပေ့ချ်... https://www.facebook.com/share/p/16aME9B5Ve/ ကမ်ပိန်းအကြောင်း Live.. https://www.facebook.com/share/v/17QSEyyQ6c/ Wine Wine အကောင့်.... https://www.facebook.com/share/1DEpnbv62h/ Crystal Nge အကောင့်... https://www.facebook.com/share/1JmAbc1F6h/ #အေအန်န်အမ်မ်တီ Telegram Channel
Показать все...
47👍 16🥰 1
Показать все...
35👍 17🥰 1
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများ (DVB) https://t.me/ANMTarnoldmyotint/9297 ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့နယ်ပေါင်း ၂၀၂ မြို့နယ်က ရပ်ကွက် ၁၆၁ ခုနဲ့ ကျေးရွာအုပ်စု ၂,၇၇၀ ခုမှာ ရွေးကောက်ပွဲ လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ အရင်ကတည်းက မြို့နယ် ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာထားပြီး ဖြစ်ပါတယ်။ အခုတခေါက်မှာတော့ ကျင်းပမဲ့ မြို့နယ်တွေထဲက နေရာတော်တော်များများမှာပါ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ ထပ်ပြီး ထုတ်ပြန်တာပါ။ ဒါ့ကြောင့် ရွေးကောက်ပွဲ အပိုင်း ၂ ခုလုံးမှာ မြို့နယ်လုံးကျွတ် ကျင်းပနိုင်တဲ့ မြို့နယ်က ၉၉ မြို့နယ်သာရှိပြီး နေရာကွက်ကျား ကျင်းပမဲ့မြို့နယ်က ၉၃ မြို့နယ်နဲ့ မြို့ပေါ်တဝိုက်မှာသာ ကျင်းပနိုင်တဲ့ မြို့နယ်က ၁၀ မြို့နယ်သာ ရှိတော့တာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်နဲ့ အပိုင်း ၂ ကိုတော့ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ရွေးကောက်ပွဲကျင်းပဖို့ ကျန်တဲ့ မြို့နယ် ၇၂ မြို့နယ်ကိုတော့ အပိုင်း ၂ ကျင်းပပြီးနောက် နှစ်ပတ်အကြာမှာ ထပ်မံကျင်းပသွားမယ်လို့လည်း ဆိုထားပါတယ်။ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အများယုံကြည်လက်ခံပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ထုတ်ပြောထားကြပါတယ်။ #DVBdata #စစ်ကောင်စီ #‌ရွေးကောက်ပွဲ #ရွေးကောက်ပွဲကော်မရှင် #infographic
Показать все...
👍 55 1
Фото недоступноПоказать в Telegram
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများ DVB အပြည့်အစုံဖတ်ရှုရန် မူရင်းပို့စ်... https://www.facebook.com/share/p/1DEvMutcp4/ #DVBdata #စစ်ကောင်စီ #‌ရွေးကောက်ပွဲ #ရွေးကောက်ပွဲကော်မရှင် #infographic
Показать все...
👍 46 1
ရက်တိုကမ်ပိန်း ဒုတိယရက်ရောက်ရှိလာပါပြီ၊ အရှည်တစ်လ-က်နဲ့ ခဲယ-မ်းတွေပို့ဆောင်ဖို့အတွက်ရည်ရွယ်ပါတယ်၊ ကမ်ပိန်းအကြောင်းအရာကို အောက်က လင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ ကမ်ပိန်းလုပ်နေကျ အာနိုးမျိုးတင့် အကောင့်က တစ်လအပိတ်ခံရတာမို့ အခုအရံအကောင့်ကနေ ကမ်ပိန်းလုပ်လိုက်ရတဲ့သဘောပါ။ ကွာခြားမှုကတော့ ဖော်လိုဝါကွာလို့ ကမ်ပိန်းရိချ်မရောက်ဘူး၊ လူတွေဆီ မပြန့်ဘူး။ အဲ့တော့ ကမ်ပိန်းအထောက်အပံ့ရရှိမှုက ၂ သိန်းတောင် မပြည့်သေးဘူးလို့ဆိုရမယ်။ ကူမယ်ဆိုရင် အာနိုး မျိုးတင့် အကောင့် messenger ကိုသာ ဆက်သွယ်လိုက်ပါနော်။ ပါဝင်ထောက်ပံ့ချင်ပါက ချိတ်ဆက်နိုင်မည့် အကောင့်များ (RCS လေးလုပ်ပေးပါ) ကျွန်တော့် အာနိုးမျိုးတင့် အကောင့်.... https://www.facebook.com/share/1MWUf7jkLm/ ကမ်ပိန်းအချက်အလက်ဖတ်ရှုရန်.. https://www.facebook.com/share/p/1Bw6NVW4Wb/ ကမ်ပိန်းစတင်ခဲ့သည့်ပေ့ချ်... https://www.facebook.com/share/p/16aME9B5Ve/ ကမ်ပိန်းအကြောင်း Live.. https://www.facebook.com/share/v/17QSEyyQ6c/ Wine Wine အကောင့်.... https://www.facebook.com/share/1DEpnbv62h/ Crystal Nge အကောင့်... https://www.facebook.com/share/1JmAbc1F6h/ #အေအန်န်အမ်မ်တီ
Показать все...
38👍 15🥰 1😁 1
ရက်တိုကမ်ပိန်းတစ်ခု ကျွန်တော်ပြုလုပ်ချင်ပါတယ်။ ဒီပို့စ်ကိုမြင်ရင် RCS လေး ပြုလုပ်ပေးသွားကြပါဦးခင်ဗျာ။ လက်ရှိ ကရင်နီမြေမှာ စစ်ဒေသစစ်ကွင်းတွေ ဖော်ဆောင်နေပေမယ့် လာမယ့် ၂၀၂၆ ခုနှစ်မှာတော့ မြေပြန့်ဒေသကို ဆင်းတော့မှာဖြစ်တဲ့အဖွဲ့တစ်ခုအား အထောက်အပံ့တစ်ခု ပို့ဆောင်ပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ အဖွဲ့နာမည်ကတော့ "People's Guerilla Force - ပြည်သူ့ပြောက်ကျားတပ်ဖွဲ့" ဖြစ်ပြီး ၎င်းတို့တပ်ရင်းထံသို့ M4 တစ်လ-က်နှင့် ခဲယ-မ်းများ အရောက်ပို့ဆောင်သွားမယ့် ကမ်ပိန်းတစ်ခုဖြစ်ပါတယ်။ ကမ်ပိန်းအမည်ကိုတော့ "Project 25"လို့ ပေးထားပြီး တားဂတ်ကတော့ သိန်း ၂၅၀ သတ်မှတ်ထားပါတယ်။ မည်သူမဆို မိမိတတ်စွမ်းသလောက် ပါဝင်အားဖြည့်နိုင်ပြီး လာရောက်ပါဝင်သူ တစ်ဦးဆီတိုင်းကိုလည်း ကျွန်တော့်ရဲ့ လက်ခံရရှိကြောင်းမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သွားမယ့်အပြင်၊ ယခုကမ်ပိန်းပို့စ်ရဲ့ ကွန့်မန့်ထဲမှာလည်း ပါဝင်သူတစ်ဦးချင်းဆီတိုင်းရဲ့ လုံခြုံရေးမထိခို-က်စေသော အမည်နှင့် ငွေအမောက်အတိအကျများအား နေ့စွဲအမှတ်စဥ်များနှင့်တကွ ကမ်ပိန်းပိတ်သိမ်းတဲ့နေ့အထိ ပူးတွဲတင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒီတခေါက်ကမ်ပိန်းပို့စ်ကိုတော့ ရှည်ရှည်ဝေးဝေးတွေ မပြောနေတော့ပဲ အရေးကြီးတဲ့အချက်ကိုသာပြောပြီး ခပ်တိုတိုနဲ့ ပို့သိမ်းလိုက်ပါတယ်။ ကမ်ပိန်းပို့စ်လေးကိုလည်း လူအများဆီ ပိုမိုပျံ့နှံ့စေအောင် RCS လေး လုပ်ပေးခဲ့ကြဖို့ အကြံပြုတိုက်တွန်းပါရစေခင်ဗျာ။ ပါဝင်ထောက်ပံ့ချင်ပါက ဆက်သွယ်ရန် Facebook Account.. https://www.facebook.com/share/17oQdJF1PP/ RCS ပြုလုပ်ရန် Facebook Account... https://www.facebook.com/share/p/16jsCrccKE/ #အေအန်န်အမ်မ်တီ Telegram Channel
Показать все...
50👍 15🥰 1
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်နိုင်သော အွန်လိုင်း Website စတင်လွှင့်တင်လိုက်ပြီး ပြည်သူများ ပါဝင်ရန် ဖိတ်ခေါ် https://t.me/ANMTarnoldmyotint/9290?single အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြည်တွင် ပြည်ပမှ ပြည်သူများအားလုံး အွန်လိုင်းမှတစ်ဆင့် လုံခြုံစွာ ဆန္ဒဖော်နိုင်သည့် Website တစ်ခုကို စတင်လွှင့်တင်လိုက်ပြီဖြစ်ကြောင်း အဆိုပါ Website ကို ဖန်တီးလိုက်သည့် နယ်စပ်အခြေစိုက် တော်လှန်ရေးအင်အားစုတစ်ခုမှ ရဲဘော်ကျော်ကြီး က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အဆိုပါ Website တွင် ၀င်ရောက်အသုံးပြုသူများ၏ မည်သည့်အချက်အလက်ကိုမှ မှတ်သားသိမ်းဆည်းထားတာမရှိသောကြောင့် ပြည်တွင်းရော ပြည်ပကပါ လုံခြုံစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ Website တွင် ၀င်ရောက် ကလစ်နှိပ်ခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကာက်ပွဲကို လက်မခံကြောင်း ၀င်ရောက်ပူးပေါင်း ပါ၀င်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ “ဒီ Website ကို ကျနော်တို့ လုံခြုံရေးကို အဓိကထားပြီးလုပ်ဆောင်ပါတယ်။ အသုံးပြုသူတွေရဲ့ အချက်အလက်အပါအ၀င် ဘာအမှတ် အသားကိုမှ မသိမ်းဆည်းထားသလို ပြည်တွင်းပြည်ပက အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံသူ အားလုံး ပူးပေါင်းပါ၀င်နိုင်အောင် စီစဥ်ထားပါတယ်။ ပြည်တွင်းဒေသတွေမှာ အင်တာနက်နဲ့ သတင်းအချက်အလက် အခက်အခဲတွေ၊ စစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် အကြောက် တရားတွေ ရှိနေတာမို့ ရရှိလာမယ့် ကိန်းဂဏန်းတွေဟာ တနိုင်ငံလုံးစာကို ကိုယ်စားပြုနိုင်တဲ့အခြေအနေဖြစ်ဖို့ စိန်ခေါ်ချက်တွေရှိနေသေးတယ်” ဟု ရဲဘော်ကျော်ကြီးက ပြောကြားသည်။ အဆိုပါ Website သို့ ဖုန်း သို့မဟုတ် ကွန်ပြူတာတစ်လုံးဖြင့် တစ်ကြိမ်သာ ၀င်ရောက်မဲပေးနိုင်ပြီး ရရှိလာသည့် မဲနံပါတ်အရေအတွက်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းသိရှိအောင် လုပ်ဆောင်သွားမည်ဖြစ်‌ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်က စီစဥ်ထားသည့် ဒီဇင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင်အချိန်အထိ ကန့်ကွက်မဲအရေအတွက် သိန်းချီရနိုင်မည်ဟု မျှော်မှန်ထားကြောင်း၊ ပြည်သူများ၏ ထင်မြင်ချက်များကိုလည်း ဝက်ဘ်ဆိုက်တွင်လွတ်လပ်စွာ၀င်ရောက်ရေးသားနိုင်ပြီး အတုအယောင်ရွေးကောက်ပွဲကာလတွင် ဖြစ်ပေါ်လာမည့် ဖိနှိပ်မှုများ၊ ပဋိပက္ခများကို ၀င်ရောက်ရေးသားနိုင်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အွန်လိုင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် လုံခြုံစွာ ဆန္ဒထုတ်ဖာ်လိုပါက https://mm-sham-elections.vercel.app/ သို့ ဝင်ရောက်နိုင်ကြောင်း သိရှိရသည်။ Khit Thit Media မူရင်းပို့စ်... https://www.facebook.com/share/p/14RWdsL4APL/
Показать все...
👍 58 8🥰 1
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်နိုင်သော အွန်လိုင်း Website စတင်လွှင့်တင်လိုက်ပြီး ပြည်သူများ ပါဝင်ရန် ဖိတ်ခေါ် အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အွန်လိုင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် လုံခြုံစွာ ဆန္ဒထုတ်ဖာ်လိုပါက...👇 https://mm-sham-elections.vercel.app/ သို့ ဝင်ရောက်နိုင်ကြောင်း သိရှိရသည်။ Khit Thit Media မူရင်းပို့စ်... https://www.facebook.com/share/p/14RWdsL4APL/ #အေအန်န်အမ်မ်တီ
Показать все...
50👍 21🥰 1😁 1
ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြည်လုံးကျွတ်သပိတ် Silent Strike ကို မနက် ၁၀ နာရီကနေ မွန်းလွဲ ၃ နာရီ (၅ နာရီကြာ)အထိ ပြုလုပ်ကြဖို့ ကိုတေဇာစန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးတို့အနေနဲ့ မန္တလေးမြို့ရဲ့ဈေးချိုဘက်မှာ အရဲစွန့်ပြီး ဆန္ဒပြတိုက်တွန်းခဲ့ကြတဲ့ ရုပ်သံဖိုင်ကိုကြည့်ပြီး ထိုသူတွေကို ဦးညွတ်လေးစားမိသလို ကျေးဇူးတင် ဝမ်းသာမိတယ်။ Boycott တို့ Social Punishment တို့ Silent Strike တို့ဆိုတာ ဒီတော်လှ-န်ရေးအတွက် ဘာငွေအားမှ စိုက်ထည့်ရတဲ့အရာမဟုတ်တဲ့အပြင်၊ ဘာလုပ်အားမှ ပင်ပင်ပမ်းပမ်း အားဖြည့်ရတဲ့အရာ မဟုတ်တာကြောင့် အရင်နှစ်ကထက် အားလုံးပါဝင်ကြမယ်လို့ ယုံကြည်ပါတယ်။ https://t.me/ANMTarnoldmyotint/9288 ဒီနေရာမှာ တစ်ခုပြောပြချင်တာကတော့ အခုပြုလုပ်မယ့် Silent Strike နဲ့ပတ်သက်ပြီး နားလည်ပေးရမယ့်အရာတစ်ခုရှိတယ်၊ အဲဒါကတော့ လမ်းမမျက်နှာစာတန်းက အရောင်းဆိုင်ခန်းတွေ၊ လမ်းဘေးဈေးသည်တွေရဲ့ အခြေအနေတွေပါ။ အာဏာသိ-မ်း အကြ-မ်းဖ-က် စစ်ကောင်စီဘက်ကနေ Silent Strike မှာ ပူးပေါင်းပါဝင်မယ့် ဈေးဆိုင်ခန်း (နေရာရွှေ့ပြောင်းခွင့်မရတဲ့ဆိုင်ခန်း)တွေကို ယခင်နှစ်တွေကအတိုင်း အရေးယူဖ-မ်းဆီးမှုတွေ ရှိလာနိုင်တာကြောင့် ထိုဆိုင်ခန်းတွေ ဖွင့်လှစ်ထားမှုအပေါ် နားလည်ပေးကြစေလိုပါတယ်။ လမ်းဘေးဈေးသည်တွေကတော့ ခင်းကျင်းဖွင့်လှစ်ထားလည်းကိစ္စမရှိပါဘူး၊ မဖွင့်ရင်တော့ ပိုကောင်းတာပေါ့။ ပြောချင်တဲ့သဘောက အသံတိတ်သပိတ်ဖြစ်တာကြောင့် ပြည်သူလူထုအားလုံးသာ သတ်မှတ်အချိန် ၅ နာရီအတွင်း အပြင်မထွက်ရင် စည်ကားမှုလည်းမရှိသလို ဝယ်ယူအားပေးမယ့်သူလည်း မရှိဘူးလို့ ပြောချင်တာပါ။ ဒီတခေါက် ဒီဇင်ဘာလ ၁၀ ရက်နေ့ Silent Strike ပြည်လုံးကျွတ်သပိတ်ကတော့ ဒီတော်လှ-န်ရေးအတွက် သက်ရောက်မှုအများကြီးရှိစေမှာဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုအတွက် အရှိုက်ထိစေမယ့်ကိစ္စတွေ အများကြီးဖြစ်စေပါလိမ့်မယ်။ အာဏာသိမ်းစစ်အုပ်စုအပေါ် နိုင်ငံတကာရဲ့ဖိအားပေးမှုတွေက အရင်ကထက် ပိုမိုအားကောင်းလာပြီး ပြည်တွင်းအခြေအနေအားလုံးကို နိုင်ငံတကာအာဏာပိုင်တွေက မလွတ်တမ်းစောင့်ကြည့် အကဲဖြတ်နေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာထုတ်ပြန်ခဲ့တဲ့ ဥရောပပါလီမန်ရဲ့ထုတ်ပြန်ချက်မှာ မင်းအောင်လှိုင်တို့ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်း အခိုင်အမာပြောဆိုထားပြီး၊ NUG အစိုးရကိုသာ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြောင်း၊ မတရားဖ-မ်းဆီးချု-ပ်နှော-င်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါင်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပြင်၊ အခြားဖမ်းဆီးခံထားရသူများကိုလည်း ချက်ချင်းလွှတ်ပေးဖို့၊ စစ်အုပ်စုအား လ-က်န-က်ထောက်ပံ့မှုတွေကို တကမ္ဘာလုံးအတိုင်အတာအနေဖြင့် ရပ်တန့်ဖို့၊ စစ်အုပ်စုထံသို့ နိုင်ငံရေး၊ စ-စ်ရေး၊ စီးပွားရေး ကျောထောက်နောက်ခံ ပံ့ပိုးပေးနေတဲ့နိုင်ငံတွေကိုလည်း ဝိုင်းဝန်းရှုတ်ချကြဖို့အတွက် ဥရောပပါလီမန် ဥရောပသမဂ္ဂတို့က အတိအလင်း ထုတ်ပြန်ကြေညာခဲ့တာကို တွေ့ရပါတယ်။ ဆိုတော့ ယခု ဒီဇင်ဘာလ ၁၀ ရက်နေ့ Silent Strike သပိတ်က ကျွန်တော်တို့ အဖိနှိ-ပ်ခံမြန်မာပြည်သူတွေအနေဖြင့် အကြမ်းဖ-က်စစ်အုပ်ကိုမလိုလားကြောင်း၊ တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အကြောင်း နိုင်ငံတကာသိအောင် ထုတ်ဖော်ပြောပြဖို့အတွက် အသံထွက်စရာမလိုတဲ့ ကျယ်လောင်ပြင်းပြမယ့် အသံတိတ်သပိတ်ပဲဖြစ်ပါတယ်။ မနက် ၁၀ နာရီကနေ မွန်းလွဲ ၃ နာရီအထိ ငါးနားရီသာကြာမြင့်မယ့်သပိတ်ဖြစ်ပေမယ့် ပြည်သူလူထုတရပ်လုံးသာ ပူးပေါင်းပါဝင်ခဲ့မယ်ဆိုရင် ဒီတော်လှ-န်းအတွက် များစွာသောကောင်းကျိုးကို ဖြစ်ထွန်းစေပါလိမ့်မယ်။ ပြည်လုံးကျွတ် ပူးပေါင်းပါဝင်ကြမယ်လို့လည်း ယုံကြည်ပါတယ်ခင်ဗျာ။ Facebook Post https://www.facebook.com/share/p/1QgfsZzUmb/ #အေအန်န်အမ်မ်တီ Telegram Channel
Показать все...
🥰 53👍 25 10👏 1
Фото недоступноПоказать в Telegram
ဒီတခေါက် ဒီဇင်ဘာလ ၁၀ ရက်နေ့ Silent Strike ပြည်လုံးကျွတ်သပိတ်ကတော့ ဒီတော်လှ-န်ရေးအတွက် သက်ရောက်မှုအများကြီးရှိစေမှာဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုအတွက် အရှိုက်ထိစေမယ့်ကိစ္စတွေ အများကြီးဖြစ်စေပါလိမ့်မယ်။ အာဏာသိမ်းစစ်အုပ်စုအပေါ် နိုင်ငံတကာရဲ့ဖိအားပေးမှုတွေက အရင်ကထက် ပိုမိုအားကောင်းလာပြီး ပြည်တွင်းအခြေအနေအားလုံးကို နိုင်ငံတကာအာဏာပိုင်တွေက မလွတ်တမ်းစောင့်ကြည့် အကဲဖြတ်နေကြပါတယ်။ အပြည့်အစုံဖတ်ရှုရန် Facebook Post.... https://www.facebook.com/share/p/1QgfsZzUmb/ #အေအန်န်အမ်မ်တီ
Показать все...
🥰 51👍 21🤣 1
Repost from TgId: 1927778093
ဒီစောက်ကလေးမက တော်တော်ကို များသွားပြီး ပြည်သူကို ခြိမ်းခြောက်ရုံတင်မက ဒလန်အဆင့်ထိပါ လုပ်လာပြီ ၊ နောက်ပြန်ဆုတ်လို့မရတော့ဘူးနော် .. ဒါ မင်းရွေးချယ်တဲ့လမ်းပဲ။ ဘယ်နည်းနဲ့မှ ခွင့်မလွှတ်ဘူး ။ စိတ်ချ။
Показать все...
👍 78🔥 5
Repost from TgId: 1927778093
👍 6 1
Repost from TgId: 1927778093
ဒီစောက်ကလေးမက တော်တော်ကို အာချောင်ရဲနေတာပဲ၊ V နဲ့ ဆက်ဆိုင်တဲ့သူ တစ်ဦးဦး ထိရင်တော့ အဲ့ထက် အဆပေါင်းများစွာ ပြန်ခံစေရမှာပါပဲ။ အေးမြတ်စုခိုင် ခေါ် စုမွန်ခိုင် ရဲ့ ဖုန်းနံပါတ် Ph - 09796567667
Показать все...
👍 30🔥 4