ru
Feedback
မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

Открыть в Telegram

🚩 Channel was restricted by Telegram

Больше
2025 год в цифрахsnowflakes fon
card fon
459 603
Подписчики
-33624 часа
-1 7127 дней
-7 68430 день
Архив постов
Warriors Two (1978) IMDb – 7.2/10 Genre - Action ဂျက်ကီချန်းရဲ့သူငယ်ချင်းလည်းဖြစ် ဂျက်ကီချန်းရယ်လို့ဖြစ်လာစေခဲ့တဲ့ အုပ်တစ်ချုပ်သဲတစ်ပွင့်လည်းဖြစ်ခဲ့တဲ့ Sammo Hung ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ဟောင်ကောင်သိုင်းရုပ်ရှင်ပါ။ သူရိုက်တဲ့ တတိယမြောက်ကားပါ။ ကားကတော့ ဝင်းချွန်းသိုင်းကားပါ။ ဇာတ်အိမ်တည်ထားတဲ့မြို့ကလည်း ဘရုစ်လီရဲ့ဆရာ ယိမန်ကားတွေမှာပါနေကျ ဖို့ရှန်မှာပါပဲ။ နောက် ဘရုစ်လီရဲ့ အနီးကပ်ထိုးချက်အကြောင်းလည်း ထည့်ထားပါသေးတယ်။ ဒီထဲက ဝင်းချွန်းသိုင်းဆရာကတော့လောင်ရှန်းလို့ ခေါ်တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ပါးပါပဲ။ဝင်းချွန်းကိုတီထွင်ခဲ့တဲ့ ရင်းမြစ်နဲ့ တမျှော်တခေါ်ကြီးမခြာသေးခင်ကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ဇာတ်လမ်းက နည်းနည်းရက်စက်သလို ကြည့်ကောင်းတဲ့ဇာတ်ဖြစ်ပြီး သိုင်းကွက်တွေလည်းလန်းတော့ ဟောင်ကောင်သိုင်းရုပ်ရှင်ဟောင်းတွေကို ကြိုက်တဲ့လူတွေကြိုက်ကြမှာပါပဲ။ ဟောင်ကောင်သိုင်းရုပ်ရှင်တွေဟာ ဒီတိုင်းအက်ကြောင်းထပ်ဇာတ်တွေနဲ့တောင် ကြိုက်တဲ့လူတွေတော့ ကြည့်လို့မရိုးပါဘူး။ ဒီကားက ဇာတ်လမ်းပါ နည်းနည်းထူးသလိုဖြစ်နေတော့ ပိုကြည့်လို့ကောင်းကြမှာပါပဲ။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/chinathinezatlantwemyar/53 https://t.me/chinathinezatlantwemyar/53 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 16🔥 2
Запрещенный контент
Enemy Lines (2020) ဒီဇာတ်ကားလေးကတော့ နျူကလိယဗုံးမလုပ်နိုင်ခင်မှာ နျူကလိယဗုံးလုပ်နိုင်တဲ့ သိပ္ပံပညာရှင်ကို နိုင်ငံတွေက လုကြတဲ့အကြောင်း ဇာတ်လမ်းလေးဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ဗြိတိသျှ ကွန်မန်ဒို တပ်ဖွဲက နာဇီတွေလက်ထဲကျနေတဲ့ ပိုလန်သိပ္ပံပညာရှင်ကို ကယ်တင်တာကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် တပ်ဖွဲကိုတော့ ကာမစ်စကီဆိုတဲ့ အမေရိကန်သားက ဦးဆောင်တာဖြစ်ပြီးတော့ နောက်ဆုံးမှာ သူတိုလိုချင်တဲ့သိပ္ပံပညာရှင်ကို ရသွားလား ဘာတွေကျော်ဖြတ်ခဲ့ရလဲ ဘာတွေရောပေးဆပ်လိုက်ရလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/warmovieonly/61 https://t.me/warmovieonly/61 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 25 5🔥 2🤔 2
Запрещенный контент
12:12:  THE DAY (2023) သမိုင်းနောက်ခံ စစ်ကားကောင်းများကြည့်ရှုချင်သူများအတွက်တကယ့် 1979ခုနှစ်ကဖြစ်ပွားခဲ့သော ကိုရီးယားစစ်တပ်အတွင်းမှလူတစ်စု၏ အာဏာလုယူကာ နိုင်ငံအတွင်းအမျိုးမျိုးခြယ်လှယ်ချုပ်ကိုင်ခဲ့သောဖြစ်စဉ်အားဇာတ်အိမ်ခိုင်ခိုင်နှင့် နှစ်နာရီကြာသေချာကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ် သမိုင်းဖြစ်ရပ်မှန်ကိုအခြေတည်ထားပြီးတော့ စိတ်၀င်စားဖို့ကောင်းစွာနှင့် အာဏာအပေါ်တပ်မက်မှု ရူးသွပ်မှုတွေကိုရုပ်လုံးပေါ်အောင်ရိုက်ကူးထားခဲ့တဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီးတကယ်ကိုကြိတ်မနိုင်ခဲမရဖြစ်စွာကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတစ်ခုဆိုလည်းမမှားလို့ နှစ်နာရီအတွင်းကိုရင်သပ်ရှုမောဖွယ်ကြည့်ရှူရမှဖြစ်ပါတယ် အညွှန်းတွေအရမ်းများရင်ကြည့်ရတဲ့အခါပေါ့သွားနိုင်လို့ဇာတ်လမ်းကိုကြည့်ဖြစ်အောင်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/warmovieonly/59 https://t.me/warmovieonly/59 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 12🔥 1
Запрещенный контент
1920:Horrors Of The Heart 2023 ကြောက်စရာကောင်းတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ် အခုတစ်ဖန်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ 1920 ဆိုတဲ့ ခုနှစ်နဲ့စတဲ့ သရဲကားတွေထဲကမှလက်ရှိထွက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ အမုန်းတရားနဲ့ ချစ်ခြင်းတရား ပြိုင်ဆိုင်လာတဲ့အခါမှာ ပူလောင်တတ်တဲ့သဘောတရားခြင်းတူပေမဲ့ချစ်ခြင်းနောက်မှာ မေတ္တာတရားကပ်ပါလာတဲ့အခါမှာ အေးချမ်းမှုကိုဆောင်ပါတယ်။ အဲဒီမေတ္တာကို ငတ်မွတ်နေရက်နဲ့ ချစ်ခြင်းနဲ့မရှာဘဲ အမုန်းတရားနဲ့ရှာနေရင်တော့ မဆုံးနိုင်တဲ့ပူလောင်မှုတွေကိုပဲ ခံစားရမှာပါ။ ကောင်မလေးတစ်ယောက် အသက်၂၁နှစ်ပြည့်မယ့်နေ့မှာပဲ အဖေဖြစ်သူက ကြိုးဆွဲချသေသွားခဲ့တယ်။ သူ့အဖေသေဆုံးရတဲ့အကြောင်းအရင်းက သူ့ကိုငယ်ငယ်လေးကတည်းက ပစ်ထားခဲ့တဲ့အမေဖြစ်သူကြောင့်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ အမုန်းတရားတွေ ပေါက်ဖွားလာပြီး ဖခင်ဖြစ်သူရဲ့ ဆိုးဝါးတဲ့လက်စားချေ လိုစိတ်ရှိတဲ့ဝိညာဉ်နဲ့အတူနောက်အိမ်ထောင်နဲ့ပျော်ရွှင်နေတဲ့ အမေဖြစ်သူတို့မိသားစုကိုဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒီဆုံးဖြတ်ချက်နဲ့အတူ ပျော်ရွှင်နေတဲ့မိသားစုလေးရှိရာအိမ်လေးဆီကို ဖခင်ရဲ့ ဝိညာဉ်ဆိုးနဲ့အတူရောက်လာတဲ့အခါမှာတော့…. ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/theyekarmyar/50 https://t.me/theyekarmyar/50 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 12 1
Запрещенный контент
Jurassic Invasion ( 2024 ) သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် နောက်ထပ် သိပ္ပံကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လီဝေက ဇီဝဗေဒနဲ့သိပ္ပံပညာမှာ အရမ်းထူးချွန်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ် ။ ဒါပေမဲ့ D-TACH ကုမ္ပဏီကို ရောက်ပြီးကတည်းက ကမ္ဘာဦးသက်ရှိ‌တွေနဲ့ မျိုးရိုးဗီဇပေါင်းစပ်ခြင်း စမ်းသပ်ချက်တွေအမြဲလုပ်နေပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။ သူ့ရဲ့စမ်းသပ်ချက်တွေမှာ ပြဿနာမရှိဘူးလို့သူထင်ပေမဲ့ စမ်းသပ်ချက်တိုင်းက ကျရှုံးနေတော့ သံသယဝင်စရာဖြစ်လာပါတယ် ။ အဲဒီအချိန်မှာပဲ နိုင်ငံတော်ရဲ့ ဇီဝသက်ရှိမျိုးစိတ်များကာကွယ်ရေးဌာနကနေ တရားမဝင်စမ်းသပ်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကြောင့် လာရောက်စစ်ဆေးချိန်မှာတော့... ပြဿနာတစ်ခုလုံးရဲ့ အရင်းအမြစ်ကိုရှာတွေ့သွားပါတော့တယ် ။ လီဝေတစ်ယောက် စမ်းသပ်ချက်တွေမအောင်မြင်ရတဲ့နောက်ကွယ်က အမှန်တရားကဘာဖြစ်နေမလဲ ? မျိုးရိုးဇဗီဇပေါင်းစပ်ပြီး အသွင်းကူးပြောင်းစေတဲ့ တရားမဝင်စမ်းသပ်ချက်ဆိုတာကရော ဘယ်လိုကိစ္စမျိုးဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံး... ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/akaungkarmyar/298 https://t.me/akaungkarmyar/298 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 31
Запрещенный контент
အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး တော့ တဖက်သက် ကြိုက်နေတဲ့ မိန်းက လေးကို ရဖို့ အောက်လမ်းပညာကို သုံးမိတဲ့ အခါ ➪➪➪➪➪➪➪➪➪➪➪➪➪➪
Munjya (2024) IMDB: 7/10
ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် 2024 ခုနှစ်မှာထွက်ခဲ့တဲ့ Munjya ဆိုတဲ့ ဟာသအနည်းငယ်ရောနှောရိုက်ကူးထားတဲ့ သရဲကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 7.1/10 ရရှိထားပြီး အိန္ဒိယရိုးရာယုံကြည်မှုထဲက မိစ္ဆာတစ်မျိုးကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ _ ၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့ အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။ ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာ ဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။ အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့ ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက် အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။ ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/akaungkarmyar/296 https://t.me/akaungkarmyar/296 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 10 3
Запрещенный контент
Dhoom - 1+2+3+ ၁၉၉၀ ပြည့်နှစ်ကာလမှာ အိန္ဒိယလူမျိုး မျက်လှည့်ဆရာ Iqbal Haroon Khan ဟာ သူ့ရဲ့ ဆပ်ကပ်အဖွဲ့ မပြိုကွဲရေးအတွက် ရုန်းကန်နေရပါတယ်။ ဒီဆပ်ကပ်  ဆက်လက်ရပ်တည်ဖို့အတွက် အနောက်ချီကာဂိုဘဏ်ကို မှီခိုနေရပါတယ်။ ဒါပေမယ့် ဘဏ်ပိုင်ရှင် Anderson ကတော့ ဒီဆပ်ကပ်ကို ပိတ်ပစ်ဖို့ပဲ ဖိအားပေးနေပါတယ်။ အထူးဖျော်ဖြေပွဲအဖြစ် Khan ဟာ Anderson ကို သူ့ရဲ့ အကောင်းဆုံး ပြကွက်တစ်ခုကို ပြသပြီး ဆပ်ကပ်အဖွဲ့ မဖျက်သိမ်းရဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဒီဆပ်ကပ်အဖွဲ့ကို ပိတ်ပစ်ဖို့ပဲ တမင်လုပ်နေတဲ့ Anderson ဟာ ဘာကိုမှ အရေးမလုပ်တာမို့ Khan ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို ဖခင်နဲ့အတူ ဆပ်ကပ်ပြပြီး Anderson ဆီက အကူအညီ မျှော်လင့်နေရှာတဲ့ Sahir Khan ဟာ အစအဆုံး မြင်တွေ့လိုက်ရပါတယ်။ Sahir Khan ဟာ လက်ရှိအချိန်မှာတော့ Great Indian Circus ကို ပြန်လည်ထူထောင် လည်ပတ်နေပါတယ်။ ဒီတစ်ခါ ကပြမယ့် ဆပ်ကပ်ပြပွဲအတွက် နတ်သမီးတစ်ပါးလို ကပြဖျော်ဖြေနိုင်မယ့် အကမယ်တစ်ဦး လိုအပ်နေပါတယ်။ အဲဒီအကမယ်အဖြစ် အရမ်းသွက်လက်တဲ့ မိန်းကလေးတစ်ယာက်ကို သူရှာဖွေတွေ့ရှိသွားပါတယ်။ တစ်ဖက်ကလည်း အနောက်ချီကာဂိုဘဏ်ကို ဖြိုခွဲနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူကြိုးစားနေတာ ဥပဒေဘောင်ထဲကတော့ မဟုတ်ပါဘူး။ ဘဏ်ခွဲတွေကို ဖောက်ထွင်းပြီး မျက်လှည့်ဆန်ဆန် ပြကွက်တွေနဲ့ လွတ်အောင် ထွက်ပြေးရင်း လိုက်တမ်းပြေးတမ်း ကစားနေတာပါ။ သူ့ဖောက်ထွင်းပြီးတိုင်း သူတို့မိသားစုရဲ့ လက်ကိုင်ဆောင်ပုဒ်ကို ဟင်ဒီဘာသာနဲ့ ရေးထားခဲ့ပါတယ်။ ဒါကြောင့် ချီကာဂို ရဲတပ်ဖွဲ့ဟာ အိန္ဒိယနိုင်ငံက နာမည်ကျော် ရဲမှူး Jai Dixit နဲ့ သူ့ပါတနာ Ali ကို အကူအညီ တောင်းပါတယ်။ Jai Dixit ဟာ ချီကာဂို ရဲတပ်ဖွဲ့က ရဲမှူး Victoria နဲ့ သိကျွမ်းသူဖြစ်တာကြောင့် စုံစမ်းစစ်ဆေးရေးကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ပေမယ့် တရားခံကတော့ စုံးစုံးမြုပ်နေပါတယ်။ ဒါကြောင့် Jai ဟာ တရားခံရဲ့ စိတ်ကို ဆွတဲ့အနေနဲ့ ရုပ်မြင်သံကြားကနေ တရားခံကို နှိမ့်ချဝေဖန်လိုက်ပါတယ်။ မခံချင်ဖြစ်သွားတဲ့ Sahir ဟာ Jai မျက်စိရှေ့တင်ပဲ နောက်ထပ် ဘဏ်ခွဲတစ်ခုကို ထပ်မံ ဖောက်ထွင်းပြလိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ Jai က Sahir ရဲ့ လက်ပြင်ကို သေနတ်နဲ့ ပစ်နိုင်ခဲ့ပါတယ်။ ဒီဒဏ်ရာနဲ့ Sahir ကို Jai က သူ့ရဲ့ မျက်လှည့်ပွဲမှာ ၀င်ဖမ်းတဲ့အခါ Sahir မှာ သေနတ်ဒဏ်ရာ လုံး၀မရှိတာကို တွေ့ရပါတယ်။ Sahir ရဲ့ အဆိုအရ သူ့အဖေ Khan ဟာ အကောင်းဆုံး လျှို့ဝှက်ချက်တစ်ခုနဲ့ ကမ္ဘာကြီးကို အံ့ဖွယ်ပြကွက် ပြသနိုင်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ သူ့အဖေဆီက သူဆက်ခံခဲ့တဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာဖြစ်မလဲ …. Aamir Khan က မျက်လှည့်ဆရာ Sahir အဖြစ် ပါ၀င်သရုပ်ဆောင်ထားပြီး အကမယ် Aaliya အဖြစ် Katrina Kaif က ပါ၀င်သရုပ်ဆောင်ထားတယ့် Dhoom 3 ဟာ အရင် Dhoom ဇာတ်ကားတွေထက် ရိုက်ချက်တွေ ပိုမိုအသားပေး ရိုက်ကူးထားပြီး အလှအပနဲ့ အကခန်းတွေ၊ အတိုက်အခိုက်ခန်းတွေမှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ Katrina Kaif ရဲ့ လှပတဲ့ ကကွက်တွေကို အတော်လေး အသေးစိတ် ရိုက်ကူးထားသလို ဆိုင်ကယ်စတန့်ပြကွက် မြောက်များစွာကို သေသေချာချာ ရိုက်ကူးတင်ဆက်ထားတာ တွေ့ရပါတယ်။ မထင်မှတ်တဲ့ ဇာတ်အိမ်၊ အကောင်းဆုံးရိုက်ချက်၊ အလှပဆုံးပြကွက်တွေနဲ့ ဖန်တီးထားပေမယ့် အိန္ဒိယသားတွေကို အသားပေးပြီး ချီကာဂိုရဲတွေရဲ့ ကဏ္ဍကို လျှော့ချလိုက်တဲ့အခါမှာ အလွန်အကျွံ ဖြစ်သွားတာလေး နည်းနည်းတော့ ရှိပါတယ်။ အရင်ဇာတ်ကားတွေထက် ဇာတ်လမ်းပိုင်း အားနည်းပြီး Sahir ရဲ့ ဇာတ်အိမ်က ပိုများနေတာကြောင့် Jai ရဲ့ စုံစမ်းထောက်လှမ်းမှုကို ချုံ့လိုက်ရသလိုဖြစ်ပြီး ဇာတ်အိမ်က လေးသွားပါတယ်။ Jai Dixit အဖြစ် Abhishek Bachchan နဲ့ Ali အဖြစ် Uday Chopra တို့ ဆက်လက်ပါ၀င်သရုပ်ဆောင်ထားပြီး IMDB မှာ Rating 6.4 ရရှိထားပါတယ်။ Rotten Tomatoes မှာလည်း Tomatometer 86% ရရှိထားပြီး Dhoom ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အလှအပနဲ့ အကြမ်းပတမ်းကို အကောင်းမွန်ဆုံး ပေါင်းစပ်ထားတာကို တွေ့ရမှာပါ။ ဇာတ်လမ်းအဆုံးမှာ ပုံမှန်ပါလေ့ရှိတဲ့ Dhoom သီချင်းကို Kabtrina Kaif ရဲ့ အကအလှနဲ့ တွဲဖက်ပြီး ခံစားကြည့်ရှုကြပါဦး။ ဇာတ်ကားကြည့်ရန် 🔽🔽🔽 Dhoom 1 (2️⃣0️⃣0️⃣4️⃣) https://t.me/bollywoodmovie789/434 Dhoom 2 (2️⃣0️⃣0️⃣6️⃣) https://t.me/bollywoodmovie789/436 Dhoom 3 ( 2️⃣0️⃣1️⃣3️⃣) https://t.me/bollywoodmovie789/438 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 22
Запрещенный контент
Battle ship (2012) နာမည်ကျော် အဆိုတော် Rihanna ပါဝင်ထားပြီး John Carter ကားနဲ့ မြန်မာ ပရိတ်သတ် တွေ အသိများ ခဲ့တဲ့ မင်းသား Taylor Kitsch က ဗိုလ်လေး အဲလက်စ် ဟော်ပါ အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဟော်ပါ ကတော့ တကယ်တော့ ပေါက်ကရ နေထိုင် တက်တဲ့ သူတစ်ယောက်ပါ ။တစ်နေ့တော့ သူလည်း ရေတပ်ဗိုလ် ရဲ့ သမီးကို ကြိုက် မိရာကနေ သူ့အစ်ကို ဖြစ်သူရဲ့ ဆွဲဆောင် မှု့ကြောင့် ရေတပ်ထဲ ဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ သူလည်း နှစ်စဉ် ကျင်းပနေကျ နိုင်ငံ ပေါင်းစုံ ရေတပ် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ရပါတယ်။ လေ့ကျင့်နေရင်းကနေ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေရောက်လာ ခဲ့ပါတယ်။အဲ့ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ် အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေသလို မြောက်ကိုးရီးယားဘက်က မဟုတ်ပါဘူး ထူးဆန်းတာက သူတို့ ယာဉ်တွေ နားမှာ ရေဒါတွေ အလုပ် မလုပ်ပါဘူး အဲ့ယာဉ်တွေကြောင့်ပဲ အစ်ကို ဖြစ်သူကိုလည်း ဆုံးရှုံးခဲ့ရ ကပ္ပတိန်ကိုလည်း ဆုံးရှုံးခဲ့ရတဲ့ ဟော်ပါတစ်ယောက် သင်္ဘော တစ်စီး လုံးကို အုပ်ချုပ်ပြီး ဘယ်ကမှန်း မသိတဲ့ ယာဉ်တွေကို ဘယ်လို အနိုင်ယူမလဲ ?အဲ့ယာဉ်တွေကကော ဘယ်သူ့လက်ချက်လဲ ဆိုတာ... ဇာတ်ကားကြည့်ရန် 👇👇 https://t.me/yoteshinstore1/16 https://t.me/yoteshinstore1/16 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 23 4🥰 2😁 1
Запрещенный контент
Outlander (2008) “ဘုရင့်သမီးတော် ဖရီရာနဲ့ ခေနမ်တို့က လူမျိုးမတူပါဘူး ခေတ်မီလက်နက်တွေတီထွင်တဲ့ဒေသကလာတဲ့ခေနမ်ဟာ ဖရီရာတို့ရဲ့ရှေးကျတဲ့ဒေသကို အကြောင်းတစ်ခုခုနဲ့ရောက်လာပါတယ် အဲအချိန်မှာပဲ ဖရီရာတို့ဒေသမှာ လူစုကွဲနေပါတယ် ရွာသားတွေသေကုန်ပါတယ် “ထူးဆန်းစွာ အသတ်ခံရမှုဟာ လူတွေချင်းသတ်တာလား ဘယ်သူကလဲ ခေနမ်ကရော ဘာလို့အဲဒေသကိုရောက်လာတာလဲ ” စိတ်လှုပ်ရှားစရာအပြည့်နဲ့သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်လို့ ပရိတ်သတ်ကြီးရေ ” လူထူးလူဆန်းခေနမ်နဲ့အတူ မိုရ်ဝင်”ကဘာလဲဆိုတာ ကြည့်ကြည့်လိုက်ကြပါအုံးနော် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/yoteshinstore1/12 https://t.me/yoteshinstore1/12 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 9
Запрещенный контент
Creation of the Gods I: Kingdom of Storms ( 2023 ) 2023 ခုနှစ်မှာ တရုတ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားဖြစ်တဲ့ Creation of the Gods I: Kingdom of Storms ( 2023 ) ကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ဒါရိုက်တာ Wuershan ရိုက်ကူး တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားကြီးဟာဆိုရင် တရုတ်ပြည်ရဲ့ ဂန္ဒဝင်မြောက် ဝတ္ထုထဲကတခုဖြစ်တဲ့ 封神演義 (ဖုန်းရှန်းရန်ရိ) ကို ပြန်လည်ရိုက်ကူး တင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဝတ္ထုဟာဆိုရင်ဖြင့် တရုတ်ပြည်ရဲ့ နာမည်ကြီးဇာတ်ကောင်ဖြစ်တဲ့ စွန်းဝူခုန်း ဝတ္ထုနဲ့လည်းခေတ်ပြိုင်ဖြစ်လို့ ဘယ်လောက်နာမည်ကြီးလဲဆိုတာကို မှန်းဆလို့ရပါတယ် Weibo Awards Ceremony မှာလဲ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု အပြင် ဒါရိုက်တာကလဲ အကောင်းဆုံဒါရိုက်တာဆုကိုဆွတ်ခူးရရှိထားပါတယ် ဒီရုပ်ရှင်ကို Chinese God Of War ဆိုပြီးတော့လည်းတင်စားခေါ်ဝေါကြပါသေးတယ် တရုတ်ဒဏ္ဍာရီတွေထဲက သတ္တဝါဆန်းတွေ၊နတ်ဒေဝတာအစုံအလင် ပါရှိပါတယ်.... ဇာတ်ကားကြည့်ရန် 👇👇 https://t.me/moviestudio10/13 https://t.me/moviestudio10/13 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 18
Запрещенный контент
Deep Sea Escape 2022 အဏ္ဏဝါဇီဝဗေဒဖြစ်တဲ့ ဇီရွှမ်းဟာစမ်းသပ်မှုလုပ်နေစဥ်အတွင်းမှာပဲ သူစမ်းသပ်မှု ပြုလုပ်နေတဲ့ ရေပုတ်သင်ကြီးဟာ ပြောင်းလဲမှုတွေ ဖြစ်ပွားလာခဲ့ပြီးလူတွေကို တိုက်ခိုက်လာခဲ့ပါတော့တယ် သူမဟာရေပုတ်သင်ကြီးရဲ့ လက်အောက်ကနေ လွတ်မြောက်လာခဲ့ပြီးတစ်ချိန်ထဲမှာပဲ သူမရဲ့ အဖေဟာ လူသူကင်းမဲ့တဲ့ကျွန်းတစ်ကျွန်းပေါ်မှာ ထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတော့တယ် အဲဒီ နောက်မှာတော့ သူမအဖေနဲ့ သူမကို တိုက်ခိုက်ခဲ့တဲ့ရေပုတ်သင်ကြီးရဲ့ တည်နေရာကို စုံစမ်းစစ်ဆေးဖို့ သင်္ဘောတစ်စင်းနဲ့အတူ ကျွန်းပေါ်ကို ထွက်ခွာလာခဲ့ပါတယ် သူမစီးနင်းလိုက်ပါလာခဲ့တဲ့ သင်္ဘောပေါ်မှာ လူများကကိုယ်စီ စိုးရိမ်ပူပန်မှုများနဲ့အတူ ကိုယ်စီအကျင့်စရိုက်များက ရှိလို့နေပါတယ် သင်္ဘောထွက်ခွာရာလမ်းကြောင်းမှာတော့ လုံးဝကိုပုံစံပြောင်းသွားပြီဖြစ်တဲ့ ရေပုတ်သင် မကောင်းဆိုးဝါးကြီးနဲ့ ထပ်မံဆုံတွေ့ခဲ့တဲ့ အချိန်မှာတော့ လိုက်ပါလာသူ လူတစ်ချို့ဟာ ကျွန်းပေါ်ကို ထွက်ပြေးကြပါတော့တယ် အဲဒီနောက်မှာတော့ အဏ္ဏဝါဇီဝဗေဒ သုတေသီတစ်ဦးဖြစ်တဲ့ ဇီရွှမ်းတစ်ယောက်အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ပြီးသူတို့တွေ လွတ်မြောက် နိုင်မလားဆိုတာ ဇာတ်ကားကြည့်ရန်👇 https://t.me/akaungkarmyar/278 https://t.me/akaungkarmyar/278 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 14 3👏 2
Запрещенный контент
The Witch :The Other One (2)2022 ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်းဖြစ်ပေါ်လာတဲ့ ပြဿနာတွေ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ် သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက် ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် Kyung Hee တစ်ယောက် ကြိုးစားပုံကို သဲထိတ်ရင်ဖို ကြည့်ရှုခံစားရမယ့်အပြင် လူသားမျိုးစိတ်အသစ်တစ်ခုလိုဖြစ်နေတဲ့ ဒီမိန်းကလေးရဲ့ စွမ်းအားတွေက ဘာတွေဖြစ်မလဲ ဘယ်သူတွေကများ ဘာရည်ရွယ်ချက်နဲ့ ဒီစမ်းသပ်မှုကြီးကို လုပ်ခဲ့ကြတာလဲ Part 1 ထက်မလျော့တဲ့ သွေးသံတရဲရဲနဲ့ Horror Scenes တွေ ၊ သဘာဝလွန်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ လုံးဝ လန်းပါတယ် ဇာတ်ကားကြည့်ရန် 👇👇 The Witch :The Subversion (1) 2️⃣0️⃣1️⃣8️⃣ https://t.me/channelmyanmar678/77 The Witch :The Other One (2) 2️⃣0️⃣2️⃣2️⃣ https://t.me/channelmyanmar678/79 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 15 3
Запрещенный контент
Ouija Seance: The Final Game 2018 သရဲကားကောင်းကောင်းလေးကြည့်ဖို့စောင့်မျှော်နေတဲ့ပရိတ်သတ်ကြီးအတွက်July ၃ရက်နေ့ကမှ ထွက်ရှိထားတဲ့သရဲကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီနှစ်မှာထွက်လာတဲ့ Ouija ကားလေးက အရင်ကထွက်ထားတဲ့ကားတွေနဲ့ ဆက်စပ်မှုတော့မရှိပါဘူးဆာရာနဲ့ သူ့သူငယ်ချင်းတစ်စုတို့ ကျောင်းပိတ်ရက်မှာ ဆာရာအမွေရထားတဲ့ သူ့အဖွားဆီမှာသွားနေဖို့ အကြောင်းဖန်လာပါတယ် အဲ့အိမ်ရဲ့ထပ်ခိုးမှာ Ouija ဘုတ်ပြား တစ်ခုကို သွားယူခဲ့ပါတယ်။ ဂီရွန်းတွန်းအားပေးလို့ ဆာရာ့အဖွားဖန်တီးခဲ့တဲ့ ကျိန်စာကို မထင်မှတ်ဘဲ နှိုးထလိုက်မိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ Ouijaကားတွေ ကြည့်ဖူးတဲ့သူတွေအတွက်တော့ Ouija Boardဆိုတာ ဘာလဲလို့ သိကြပါတယ် ထင်မထားတဲ့လှည့်ကွက်တွေနဲ့ ကျောချမ်းစရာကောင်းတဲ့ ဇာတ်ကားဖြစ်လို့ ဘေလ်ကုန်ခံရကျိုးနပ်မှာသေချာပါတယ် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/theyekarmyar/38 https://t.me/theyekarmyar/38 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 11 2
Запрещенный контент
Maksym Osa 2022 IMDB: 6.7/10 AD ၁၆၀၀ ကျော်လောက်မှာ နာမည်ကြီးတဲ့ စစ်သည်တော်အုပ်စုတွေရှိခဲ့တယ်…သူတိုကတော့ ဆစ်ခ်ျမှာအခြေစိုက်တဲ့ ကာ့ဆက်ဇ်စစ်သည်တော်တွေပါပဲ…မဟုတ်မခံ ဆတ်ဆတ်ကြဲ အပေအတေလိုနေထိုင်တတ်ကြပေမယ့် လက်ရုံးရည်အရာမှာ အရမ်းတော်ကြတဲ့ ကာ့ဆက်ဇ်စစ်သည်တွေကို တစ်နေ့မှာ ဘုရင်ဖြစ်သူက ရွှေတွေချီးမြှင့်ခဲ့တယ်….ဝါးဆောမြိုတော်ကနေ ဆစ်ခ်ျအခြေစိုက်စခန်းအထိ ရွှေတွေကိူသယ်ဖို ဝာာဝန်ကျတာကတော့ ဆံဖြူတိုတပ်ဖွဲပေါ့ဒါပေမယ့် လမ်းမှာ သမန်းဝံပုလွေနဲ့တွေ့ပြီး တစ်ဖွဲလုံးအသတ်ခံရ ရွှေတွေအလုခံလိုက်ရပါတော့တယ်…သူတိုတပ်ဖွဲရဲ့ရွှေသယ်ခရီးမှာ မပါလာတဲ့ ဇာတ်လိုက် မက်ဆင်အိုဆာတစ်ယောက်ဟာဒီအကြောင်းကိုကြားပြီး သူ့သူငယ်ချင်းတွေကိုသတ်တဲ့သူကိုစုံစမ်း ရွှေတွေကိုပြန်ရှာဖိုလုပ်ပါတော့တယ်..အိုဆာရဲ့သူငယ်ချင်းတွေကို တကယ်ပဲသမန်းဝံပုလွေသတ်တာလား…ရွှေတွေဘယ်ပျောက်သွားတာလဲဆိုတာကို မက်ဆန်အိုဆာနဲ့တူတူ ရင်ခုန်စွာစီးမြောကြည့်ရှူရမှာဖြစ်ပါတယ်…. ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/akaungkarmyar/288 https://t.me/akaungkarmyar/288 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 23 5🔥 1
Запрещенный контент
Attack On Titan 1 (2015) လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်ကပေါ်လာတဲ့ လူသားစားတဲ့တိုက်တန်တွေ..တိုက်တန် တွေကိုကြောက်လို နံရံမြင့်ကြီးတွေ ထဲမှာနေနေရတဲ့လူသားတွေ..တိုက်တန်တွေကို အယုံအကြည် မရှိခဲ့တဲ့အဲရန် နဲ့သူငယ်ချင်း လူကြောက်လေးအာမင်..ပြီးတော့ အဲရန်ပြောသမျှယုံကြည်တတ်တဲ့ ကောင်မလေးမီကာဆာတို ..နံရံ ကြီးတွေရဲ့အပြင် ဘက်ကိုထွက်ဖို ကြိုးစားကြတဲ့တစ်နေ့မှာ….တိုက်တန်တွေ ပေါ်လာပြီးလူသားတွေ တိုက်ခိုက်ခံကြရပြီးတဲ့ နောက်မှာအဲရန် အာမင်နဲ့ မီကာဆာတို ဘာတွေပြောင်းလဲ သွားကြမလဲဆိုတာရယ်…တိုက်တန်တွေ ကိုတိုက်ခိုက်ကြတာတွေ သေကွင်းသေကွက်တွေက တကယ်ကိုကြည့်လိုကောင်းပါတယ် ဒီကားဟာ ဂျပန်Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး ဂျပန်မှာလဲအရမ်းနာမည်ကြီးတဲ့ ကားဖြစ်ပါတယ် Anime ကြည့်ဖူးသူတွေကတော့ ဒီကားဟာAnime ကို မမှီဘူးလိုပြောကြပါလိမ့်မယ် Anime ဗားရှင်းထဲက မီကာဆာရဲ့ကာရိုက်တာဟာ Live-Action Movie ထဲက ကာရိုက်တာနဲ့ လုံးဝကိုကွဲပြားနေတဲ့ အချက်လဲပါပါ လိမ့်မယ်ဘာပဲဖြစ်ဖြစ် Animated လုပ်ထားကားကို ရုပ်ရှင် ရိုက်ရတာလွယ်တာတော့ မဟုတ်ပါဘူးနောက်ပြီး ဒီကားထဲကအဓိက ဖြစ်လာမဲ့တိုက်တန်ကို သရုပ်ဖော်ထားတာလဲတော်တော် ကိုကြည့်လို ကောင်းတာကိုတွေ့ရပါလိမ်။ ဇာတ်ကားကြည့်ရန် 🔽🔽🔽 Attack On Titan (1️⃣) 2️⃣0️⃣1️⃣5️⃣ https://t.me/akaungkarmyar/284 Attack On Titan (2️⃣) 2️⃣0️⃣1️⃣5️⃣ https://t.me/akaungkarmyar/286 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 12 1
Запрещенный контент
Losmen Melati (Hotel Melati) (2023) လာတည်းတဲ့သူတွေအားလုံး အသက်ရှင်ရက်ပြန်မသွားနိုင်ကြတဲ့ Motel Melati ဆိုတဲ လျှို့ဝှက်မှုတွေပြည့်နေတဲ့ မိုတယ်တစ်ခုရှိပါတယ်။ အဲဒီမိုတယ်မှာတော့ မိုတယ်ပိုင်ရှင်ရယ် ဝန်ထမ်းတစ်ယောက်ရယ် နှစ်ယောက်တည်း ရှိပြီးတော့ လာတည်းတဲ့သူတွေကို မိုတယ်ပိုင်ရှင်က လက်ဖက်ရည်နဲ့ ဧည့်ခံပြီးမှ အခန်းထဲဝင်ကြရတဲ့ ထုံးစံတစ်ခုရှိပါတယ်။ ဇာတ်လမ်းထဲမှာတော့ မိခင်နာရေးကအပြန် မိုတယ်မှာဝင်တည်းတဲ့ မိသားစုတစ်စုရယ်၊ မိုတယ်မှာ လာချိန်းတွေ့တဲ့ စုံတွဲတစ်တွဲရယ်၊ မိုတယ်ကို ဓားပြတိုက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ရယ် ချောက်ခြားစရာမိုတယ်ကြီးမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ လာတည်းတဲ့သူတွေရဲ့ စိတ်ကိုလှည့်စားပြီး ဝိညာဉ်နှုတ်ယူတတ်တဲ့ ဒီမိုတယ်ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror, Thriller, Mystery အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/bollywoodmovie789/426 https://t.me/bollywoodmovie789/426 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 11
Запрещенный контент
Aquamarine 2006 ဒီနေ့မှာတော့ ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူမလေးကို တော်တော်များများ မှတ်မိကြမှာပါ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့ ငယ်ငယ်ကဆို Highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ရဲ့Crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင်မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/266 https://t.me/akaungkarmyar/266 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 13 3
Запрещенный контент
Colossal 2016 ဇာတ်လမ်းအကျဉ်းလေးကတော့ ဂလော်ရီယာ ဆိုတဲ့မိန်းမချောလေး အရက်စွဲနေပြီး အလည်အပတ်များတာကြောင့် သူရဲ့အတူနေရည်စားက သည်းမခံနိုင်တော့အတွက် ခွဲနေဖို့ဆုံးဖြတ်လိုက်ကြတာမို့ သူ့ရဲ့ဇာတိမြို့လေးကိုပြန်လာခဲ့တယ်..ဇာတိမြို့မှာ ငယ်သူငယ်ချင်း အော်စကာနဲ့ ပြန်ဆုံခဲ့ပါတယ် အော်စကာကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိ ဂလော်ရီယာပေါ် တစ်ဖက်သတ် စွဲစွဲလမ်းလမ်းချစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ပါ ဂလော်ရီယာမှာ ထူးခြားတဲ့အကျင့်လေးတစ်ခုက ခေါင်းထိပ်နားလေးကို ကုပ်နေတတ်တဲ့အကျင့်လေးပါ..ဂလော်ရီယာ နယ်မြို့လေးကို ပြန်ရောက်တဲ့ နောက်တစ်နေ့မှာပဲ ကိုးရီးယားနိုင်ငံဆိုးလ်မြို့မှာ ဂေါ်ဇီလာလိုလို မကောင်းဆိုးဝါး အကောင်ကြီးတစ်ကောင်ဟာ ၈နာရီ ၅ မိနစ်အချိန်လောက်မှာ ပေါ်လာပါတယ် မြို့ထဲလျောက်သွားရာက သူသွားရာလမ်းတစ်လျောက်ပျက်ဆီးကုန်ပြီး သိပ်မကြာခင်မှာဘဲ မကောင်းဆိုးဝါးကြီးဟာ လေထုအတွင်းမှာ ပြန်လည်ပျောက်ကွယ်သွားတယ် ဒီသတင်းကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လုပ်နေပြီး ထူးဆန်းအံ့သြနေကြရတယ်..ဒီလိုနဲ့ နောက်ရက်မှာလည်း အဲဒီလို ၈း၀၅ မိနစ်အချိန်မှာပဲမကောင်းဆိုးဝါးကြီး ပေါ်လာပြန်ပါတယ် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/264 https://t.me/akaungkarmyar/264 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 14🥰 1
Запрещенный контент
အိမ်ထောင်သက် နှစ်ပတ်လည်နေ့တို့ ဘာတို့ဆိုတာ လူတိုင်းအတွက် အမှတ်တရဖြစ်လို့ နှစ်ပတ်လည် နေ့တွေဆိုရင် အိမ်ထောင်သည်တွေတစ်ဦးနဲ့တစ်ဦး လက်ဆောင်ပေးတာတို့ surprise တိုက်တာတို့ မူစကူဒူးတို့ စသဖြင့် အမှတ်တရလုပ်ကြပါတယ်။ ဒီနေ့မှ အသစ်စက်စက်ထွက်လာတဲ့ The Trial ဇာတ်ကားကတော့ မိဘတွေပေးစားလို့ ယူထားတဲ့ လင်မယား၂ယောက် အိမ်ထောင်သက်တစ်နှစ်ပြည့် မဂ်လာ နှစ်ပတ်လည်ကျင်းပရင်း ခင်ပွန်းဖြစ်သူက surprise ပေးချင်လို့ မျက်လုံးမှိတ်ထားခိုင်းတာ မျက်လုံးလည်း ပြန်ဖွင့်လိုက်ကော ခင်ပွန်းဖြစ်သူရဲ့ အလောင်းကိုသာ စပရိုက်ပြန်ရလိုက်တဲ့ Crime thriller ဇာတ်လမ်းကောင်းမို့ B-Town က မြန်မာစာတန်းထိုး တင်ဆက်လိုက်ပါတယ်။ အဂျေးနဲ့ ရူပါက မိဘတွေသဘောတူလို့ လက်ထပ် ထားကြတဲ့ စုံတွဲဖြစ်ပြီး မဂ်လာဆောင်တာ တနှစ် ပြည့်တဲ့ထိ ဘာပြသနာမှ ကြီးကြီးမားမားမရှိပဲနဲ့ ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ မဂ်လာဆောင် တစ်နှစ်ပြည့်တဲ့ညမှာ လင်မယား၂ယောက်တည်း ကျင်းပတဲ့ anniversary မှာ မျက်မြင်သက်သေ မရှိပဲ ခင်ပွန်းက ရုတ်တရက်သေဆုံးသွားခဲ့တာကြောင့် ကျန်ရှိနေတဲ့ဇနီးဖြစ်သူ ရူပါကိုပဲ သံသယတွေက စုပြုံ ဝင်လာပါတော့တယ်။ အဂျေးမိသားစုကလည်း ရူပါဟာ ဒုရဲမှူးဖြစ်တာမို့ ဉပဒေရဲ့အားနည်းချက်ကိုသိထားပြီး အပြစ် သူ့ဘက်မကျအောင် ကြိုတင်ပလန်ချပြီးတော့ ယောက်ျားကိုသတ်၊ ပြီးမှ မတော်တဆဖြစ်သလို စီစဉ် ထားပါတယ်လို့ သက်သေထွက်ဆိုကြတဲ့အခါမှာတော့ ရူပါဟာ သူအပြစ်ကင်းကြောင်းသက်သေပြနိုင်ပါ့မလား။ အဂျေးကို တကယ်ပဲ ရူပါသတ်တာလား ကိုယ့်ကိုယ်ကို သတ်သေတာလား ဆိုတာတွေကို စိတ်လှုပ်ရှားစရာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရမွဲကားသစ်လေးဖြစ်လို အမြန်ဆုံးကြည့်ရှုလိုက်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/bollywoodmovie789/386 https://t.me/bollywoodmovie789/386 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 14🔥 1🤔 1
Запрещенный контент
Men of Plastic (2022) ------------ ဇတ်ကားသစ် IMDB: 8/10 မင်းသားကြီး မာဒုန်ဆော့ရဲ့ အရင်ဇာတ်ကားတွေနဲ့ မတူတဲ့ ပုံစံကွဲမျိုး ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်း … ဒယ်ဂုဆိုတဲ့ လူတစ်ယောက်က ဂန်းနမ်မြို့ရဲ့ ချမ်းသာတဲ့ ရပ်ကွက်ဖြစ်တဲ့ အာ့ဂူဂျောင်းမှာ မွေးဖွား ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပြီး‌တော့ ပလတ်စတစ် ဆာဂျရီဆေးရုံနဲ့ အရေပြားအလှပြုပြင်ရေး ဆေးရုံတွေ ပေါများတဲ့ ဆိုလ်းတောင်ပိုင်းမှာ ပလတ်စတစ် ဆာဂျရီ လုပ်ငန်းကို စတင်ချင်တဲ့ စိတ်ကူးစိတ်သန်း ရှိနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။တစ်နေ့မှာ သူက ပလတ်စတစ် ဆာဂျရီလောကမှာ အရည်အချင်းရှိတဲ့ ခွဲစိတ်ဆရာဝန် ဘတ်ဂျီဝူနဲ့ တွေ့ခဲ့ပေမဲ့ ကံဆိုင်းချင်တော့ ဘတ်ဂျီဝူက ဆေးကုသခွင့် လိုင်စင် ရုတ်သိမ်းခံထားရသူဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ သူတို့ နှစ်ယောက်က ပူးပေါင်းပြီး အာ့ဂူဂျောင်းမှာ ပလတ်စတစ်ဆာဂျရီ လုပ်ငန်းကို အကျိုးတူ လုပ်ဆောင်ကြတဲ့အခါ …ဘယ်လို အလွဲလေးတွေဖြစ်မလဲ? အတုအယောင်တွေ လုပ်ဖို့ဖြစ်လာတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းကိုတော့ Miri ကရေးပေးထားပါတယ်) ဇာတ်ကားကြည့်ရန် 🔽🔽🔽 https://t.me/walovemardonesort/37 https://t.me/walovemardonesort/37 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 🔽🔽 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 18 2