2025 год в цифрах

459 470
Подписчики
-33624 часа
-1 7127 дней
-7 68430 день
Архив постов
Aravinda Sametha Veera Raghava (2018) MMSB
=========================
IMDb Ratting.. 8.2/10
“Aravinda Sametha Veera Raghava(သို့မဟုတ်)၅ရူပီးရန်ကြွေးရှင်းတမ်း”
ဒီတစ်ခါတော့ တောင်ပိုင်းရုပ်ရှင်တွေနဲ့ရင်းနှီးပြီးသားသူတွေသိမယ့် Jr.N.T.R Rama Rao ရဲ့ အက်ရှင်၊ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ဖိုက်တင်တွေကို လိုအပ်သလောက်ပဲ သုံးပြီးပြောသွားတဲ့ ဒိုင်ယာလော့တွေ၊ကြည့်ရှုသူကို ပေးချင်တဲ့ မက်ဆေ့တွေကကောင်းလွန်းလို့ပါ။
ရာဂါးဗားဟာ နိုင်ငံခြားမှာ ပညာသင်ပြီး အိမ်ကို ပြန်လာတဲ့အခါမသင့်မမြတ် ဖြစ်နေတဲ့ ရွာနှစ်ရွာရဲ့ ရန်ကြွေးတွေအရရာဂါးဗားနဲ့ သူ့အဖေရဲ့ လူယုံတော်တွေ လမ်းမှာ လုပ်ကြံခံရပါတယ်။
သူ့ကိုပါ ဒီရန်ကြွေးတွေကြားထဲ ဝင်ပါဖို့ခေါ်နေသလိုပါပဲ။
ဒါပေမဲ့ ခေတ်ပညာတတ် ရာဂါးဗားဟာပညာတတ်တစ်ယောက် ပီသစွာ တုန့်ပြန်ခဲ့ပါတယ်။
ပြီးတော့ အချစ်နဲ့ တွေ့တဲ့အခါလူတိုင်းက သတ္တိခဲဖြစ်လာတတ်ကြသလိုအချစ်ကြောင့်ပဲ ကြည်နူးပျော်ရွှင်သွားတတ်တာကိုလည်းဖော်ပြထားပါတယ်။
သူ့ကြောင့်ပဲ ငါဟာ ပထမဦးဆုံးပြုံးဖူးတာပါတဲ့ ။ဒါပေမဲ့ ကံကြောင်းမလှချင်တော့…..
တည်ငြိမ်သွေးအေးတဲ့ ဇာတ်ရုပ်မှာပီပြင်သလို ရက်စက်ပြီဟေ့ဆိုရင်နှစ်ယောက်မရှိတဲ့ ဗီရား ရာဂါးဗားဆိုတဲ့ဇာတ်ရုပ်ကို Jr.N.T.R Ramarao ကအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားသလိုသူနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးကနာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့Hritik Roshan ရဲ့Mohenjo Daro နဲ့Allu Arjun ရဲ့ DJ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတဲ့မင်းသမီးချော Pooja Hegde ဖြစ်ပြီးနောက်ထပ်ထွက်ရှိလာမယ့်Akshay Kumar ရဲ့ Housefull 4 နဲ့Mahesh Babu ရဲ့ Maharshi ဇာတ်ကားတို့မှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။
ဘက်ဂျက် 95 crore အသုံးပြုပြီးရိုက်ကူးခဲ့တဲ့ ဒီကားက Box Office မှာ 158 crore ပြန်လည်ရရှိခဲ့တာမို့ အထိုက်အလျောက် အောင်မြင်မှု ရခဲ့တယ်လို့ ဆိုရမှာပါ။
တစ်ခုပြောချင်တာက ဒီမင်းသားရဲ့ နာမည်တစ်ခုရှိပါသေးတယ်။Young Tigerပါ။
နာမည်နဲ့လိုက်အောင် သွက်လက်မြန်ဆန်မှုကို မြင်တွေ့ရပါလိမ့်မယ်။
အိန္ဒိယတောင်ပိုင်းကားဖြစ်လို့အိုဗာအက်ရှင်တွေကို မကြိုက်ဘူးဆိုရင်တောင် ဒီကားကို ကြိုက်မိပါလိမ့်မယ်။
မြင်ဖူးနေကျ တောင်ပိုင်းကားတွေမှာလိုသတ်ဖြတ်နေရုံနဲ့ ဇာတ်လမ်းအဆုံးမသတ်ဘဲဒီကားမှာတော့ ထူးခြားနေပါတယ်။
(အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/indiamovieonly11/39?single
https://t.me/indiamovieonly11/39?single
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 17👏 1
Запрещенный контент
Abulele 2015
“တကယ်လည်းမရှိ၊ ရှိခဲ့ရင်လည်း ခင်ဗျားတို့ ကျွန်တော်တို့
မမြင်နိုင်မယ့် ဖြစ်တည်မှုတစ်ခုအကြောင်းပေါ့ဗျာ”
အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တော်မှာ ကျောရိုးခံထားတဲ့ လျှို့
ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်
မြေထဲပင်လယ်ဒေသမှာ ကလေးနဲ့ခွေးပဲအယုံအကြည်ရှိကြတယ်ဆိုပြီး အိပ်ရာဝင်ပုံပြင်တစ်ခုမျှသာ သမုတ်ခံထားရတာကတော့Abulele ဆိုတဲ့
ရှေးဒဏ္ဍာရီလာသတ္တဝါကြီးတွေပဲဖြစ်ပါတယ်
အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အိမ်မှာရော ကျောင်း
မှာပါအဆင်မပြေဖြစ်ပြီး မဝင်ဆံ့နိုင်သလိုခံစားနေရတဲ့ အာဒမ်နဲ့
ဗုံးခိုကျင်းထဲကသတ္တဝါကြီးတို့ သူငယ်ချင်းတွေဖြစ်လာကြတဲ့
အခါမှာတော့….
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/256
https://t.me/akaungkarmyar/256
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 34❤ 1🤔 1
Запрещенный контент
Mythica: The Godslayer 2016
ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့ လက်ရှိကမ္ဘာမြေဟာ နတ်ဘုရားတွေကို အပြီးတိုင်ချေမှုန်းချင်နေတဲ့ Lich King နဲ့ သူ့ရဲ့ zombie စစ်တပ်ကြီးနဲ့၊ တစ်ဖက်မှာ လူသား၊ နတ်နဲ့
အခြားသောမျိုးနွယ်တွေ စစ်ခင်းနေရတဲ့ကာလ ဖြစ်ပါတယ်
Lich King နဲ့ သူ့စစ်တပ်ကြီးဟာ
ဘယ်မျိုးနွယ်နဲ့မှ အင်အားချင်းမယှဉ်သာအောင် တရိပ်ရိပ်တက်လာလို့နေပါပြီ
ဒါပေမယ့်Lich King ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်ဖို့ရာ ကျိန်စာသင့်နေတဲ့
Marek ဆိုတဲ့ စုန်းမလေးက အဓိကကျတဲ့နေရာမှာ ပါဝင်နေပါတယ်
ဒါကြောင့် ကမ္ဘာပျက်ကိန်းဆိုက်မယ့်အရေးကို ကာကွယ်ဖို့ရာ စုန်းမလေး Marek နဲ့ နတ်သူငယ်သွေးတစ်ဝက်ပါတဲ့ သူခိုးဂျပိုးDagen တို့ရဲ့ လက်ထဲကို ရောက်လာပါတော့တယ်
ဒီတော့ သူတို့နှစ်ဦးဟာ Lich King နဲ့ သူ့ရဲ့အကြံအစည်ကို တားဆီးမယ့်ကိစ္စကို အကောင်အထည်ဖော်ဖို့ ခရီးရှည်ကြီးကို ထွက်ခွါရပါတော့တယ်
တစ်ဖက်မှာလည်း လူသားနဲ့ နတ်ဘုရားတွေဟာတရိပ်ရိပ်တက်လာနေတဲ့ zombie စစ်တပ်ကြီးကို တောင့်ခံရင်း Marek နဲ့ Dagen တို့သာ သူတို့တွေ
အားလုံးရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာတဲ့အခါမှာတော့
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/254
https://t.me/akaungkarmyar/254
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 18
Dhamaka (2021) MMSB
____
IMDB (8.5/10)
ဒီကားဟာ The Terror Live ဆိုတဲ့ ကိုရီးယားရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာပါ
ဒီတစ်ခါတော့ နယ်ကျော်ပြီး ကိုရီးယားရဲ့ 2013 ခုနှစ်ထွက် The Terror Live ကိုလှမ်း remake လုပ်ထားတာပါ
ဒါပေမယ့် ကြည့်ရတဲ့ ရသကတော့ တူမှာ မဟုတ်ပဲ ရသတမျိုး အမြင်တမျိုးဆန်းစေမှာပါ
အစီအစဉ်တင်ဆက်သူအနေနဲ့ အရမ်းနာမည်ကြီးခဲ့တဲ့ Arjun..သူ ဘယ်လောက်တောင်နာမည်ကြီးခဲ့လဲဆိုရင် သူပြောသမျှကအမှန် ဆိုပြီးတော့တောင် ပြောဆိုကြတဲ့ အထိပါပဲ
ဒီလိုနာမည်ကြီးသူတစ်ယောက် တစ်ရက်မှာ TV အစီအစဉ်တင်ဆက်သူအဖြစ်ကနေ အသံလွှင့်အစီအစဉ်ကိုရာထူးချခံလိုက်ရပါတယ်
ချစ်ရတဲ့ သတင်းထောက်မလေးနဲ့ကလည်း အဆင်မပြေ ၊ ဂြိုလ်ဆိုးများအပေါင်းအဖော်နဲ့ဝင်တယ်ဆိုသလိုပဲ
ဒီလိုအဆင်မပြေတာတွေဖြစ်နေရတဲ့အထဲမှာ တစ်နေ့မှာ ပက်လယ်ကူးတံတားဖောက်ခွဲခံလိုက်ရပြီး
အကြမ်းဖက်သမားက Arjun တို့စတူဒီယိုကိုဖုန်းဆက်ပါလေရော
အစိုးရအပေါ် အခဲမကြေတာရှိတာကို အားလုံးကိုပြောချင်ပေမယ့် သူဆင်းရဲမို့ သူ့စကားဆို ဘယ်သူမှအလေးမထားတာမို့ တိုင်းသိပြည်သိ Arjun ဆီဆက်သွယ်ရင် သူ့စကားသံကို လူအများကြားလိုကြားငြားနဲ့ ဆက်သွယ်လာတဲ့အခါမှာတော့
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/373?single
https://t.me/bollywoodmovie789/373?single
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 17
Danger Close (2019)
ဗီယက်နမ်ကို စစ်ကူရောက်လာတဲ့ တပ်ဖွဲတွေမှာ တပ်သားတွေ အကုန်နီးပါးက စစ်တိုက်မယ်ဆိုလို ဟန်ပြချင်လို လိုက်တာတို ၊ အတင်းကျပ် စစ်မှုမထမ်းမနေအရ အမိန့်ကြောင့် လိုက်လာတာတို၊ လိုက်ကြည့်ပါအုန်းမယ်ဆိုတဲ့ လူပျိုပေါက်လေးတွေပေါ့
Nui Dat ဆိုတဲ့ သြစတေးလျရဲ့ ပထမဆုံး ဗီယက်နမ်အခြေစိုက် စစ်စခန်းကို အာရှရဲ့ ရာသီဥတုပူပူ ၊ ခြင်တွေ ကိုက်ကိုက်နဲ့ စစ်မြေပြင် ပထမဆုံး ရောက်လာကြပြီ
တာဝန်ကျတဲ့ တပ်စုခွဲခေါင်းဆောင် ဗိုလ်မှူးကလည်း သူတိုက ကလေးတွေဖြစ်လို Training ပေးတဲ့နေရာမှာ သူ့ အရည်ချင်းကို ဖြုန်းတီးရာကျတယ်ဆိုပြီး အတင်း တွန်းအားပေးတတ်တဲ့သူ
ဒါပေမယ့်လည်း ကံတရားကတော့ ဒီထက်ပိုပြီး ညှာပေးမနေပါဘူး..သူတိုကို စစ်ပွဲ အရဿာတစ်ခါ မြည်းစမ်းကြည့်စေလိုက်စေတာပါပဲ
မြောက်ပိုင်းသား ဗီယက်နမ် ကွန်မြူနစ်တွေ ဝိုင်းခံရပြီး အတွေ့ကြုံမရှိတဲ့ ၁၉ နှစ် အသက် ၂၀ အရွယ်တွေ ဘယ်လိုမျိုး ပြန်တိုက်ကြသလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/warmovieonly/13?single
https://t.me/warmovieonly/13?single
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 17❤ 1
Запрещенный контент
Fury (2014)
IMDb (8.1/10)
၁၉၄၅ ခုနှစ်၊ ဧပြီလ။
ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။
အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့
နာဇီ ဂျာမနီနိုင်ငံအား
အမေရိကန်မှ
နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။
အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ
ဖျူရီ (fury) လို့ခေါ်တဲ့ တင့်ကားကို
ဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။
ဖျူရီက စစ်ပွဲ ရိုက်ကွင်းအပြင်အဆင်၊ သရုပ်ဆောင်တွေရဲ့ ပီပြင်မှုတွေကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ခံရတဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/warmovieonly/6
https://t.me/warmovieonly/6
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 13
Запрещенный контент
The Requin 2022
ဒီတစ်ခါတော့ Survival ဆန်ဆန်ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်ဇာတ်ကား
သစ်လေးတစ်ကားနဲ့မိတ်ဆက်ပေး
ချင်ပါတယ်
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်
စုံတွဲတစ်တွဲဟာဗီယက်နမ်နိုင်ငံကိုအပန်းဖြေခရီးထွက်လာကြတာကနေဇာတ်အိမ်တည်ထားပါတယ်
သူတို့နှစ်ယောက်ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ကမ်းခြေကရေပေါ်ဟိုတယ်မှာတည်းကျပြီးဒီအတွက်ကိုပိုက်ဆံအတော်များများကုန်ကျခံထားကြတာပဲဖြစ်ပါတယ်
ဒီကိုဘာလိုခရီးထွက်လာရလည်းဆိုရင်တော့ Jae ဆိုတဲ့ကောင်မလေးမှာအတိတ်တုန်းကစိတ်ဒဏ်ရာရခဲ့တာကြောင့် ဒါကိုကုစားလိုရလိုရငြားဆိုပြီး ဒီခရီးကိုထွက်လာကြတာပဲဖြစ်ပါတယ်
ကံဆိုးချင်တော့ သူတိုနှစ်ယောက်တည်းနေတဲ့ကမ်းခြေဟာ မုန်တိုင်းဒဏ်နဲ့ရင်ဆိုင်ကြုံတွေ့လာရပါတော့တယ် မုန်တိုင်းရဲ့ဒဏ်ကြောင့် နှစ်ယောက်စလုံးဟာ ပင်လယ်ထဲမှာမျောပါသွားရင်း ကယ်ဆယ့်မယ့်သူကိုရှာဖွေနေရတဲ့ကြားမှာ ငါးမန်းနဲ့ပါထပ်မံရင်ဆိုင်ရပြန်ပါတယ်
ဒီလိုနဲ့သူတိုနှစ်ယောက်အတွက် ကယ်ဆယ်မယ့်သူတွေများပေါ်လာ
မလား
ဒါမှမဟုတ် ငါးမန်းတွေ နဲ့ ဘယ်လိုမျိုးနှစ်ပါးသွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/252
https://t.me/akaungkarmyar/252
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 27❤ 5🥰 2🕊 2
Запрещенный контент
Squeal 2022
Dark Comedy & Drama အမျိုးအစားဇာတ်ကားဖြစ်ပြီး ဇာတ်ကြောင်းကတော့နည်းနည်းထူးဆန်းပါတယ်
ဆမ်ဆိုတဲ့လူတစ်ယောက်ဟာသူ့အဖေကိုလိုက်ရှာရင်းတစ်ခါမှမရောက်ဖူးတဲ့နေရာတစ်ခုဆီရောက်သွားပါတော့တယ်
နောက်တစ်နေ့မှာတော့ရွာကလူတွေကသူ့ကိုဖမ်းချုပ်ပြီးဝက်တွေနဲ့အတူတူလှောင်ပိတ်ထားလိုက်ကြပါတော့တယ်
ဆမ် တစ်ယောက်ထူးဆန်းတဲ့ရွာသားတွေနဲ့ဘယ်လိုနေထိုင်သွားရမလဲ
သူအဲဒီရွာကနေထွက်ပြေး
လွှတ်မြောက်နိုင်ပါ့မလား
ဆိုတာကိုကြည့်ရှုရမှာပါ
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/250
https://t.me/akaungkarmyar/250
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 12❤ 1
RRR _ 2022
_
Action/Drama
IMDb::8,4/10
အက်ရှင်ဒရမ်မာဇာတ်လမ်းကောင်းတွေကိုသဘောကျတဲ့ပရိသတ်ကြီးလက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့
"RRR" ဆိုတဲ့အသစ်ထွက်အိန္ဒိယကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်
တကယ့်ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်တဲ့ NT Rama Rao Jr, Ram Charan, Ajay Devgn တို့နဲ့အတူ
မကြာသေးခင်ကမှ ဂန်ဂူဘိုင်ကားနဲ့နာမည်ကြီးနေတဲ့မင်းသမီး Alia Bhatt လည်းပါဝင်ထားလို့လုံးဝကို
လက်လွှတ်မခံသင့်တဲ့ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်းအရာလေးကိုနည်းနည်းပြောပြပါ့မယ် ၁၉၂၀ခုနှစ်အိန္ဒိယကိုဗြိတိသျှတွေအုပ်စိုးတဲ့အချိန်တုန်းကဘုရင်ခံစကေ့ာနဲ့သူ့ရဲ့ဇနီးဖြစ်သူဟာတောထဲကို
အမဲလိုက်ထွက်ရင်းနဲ့ ကလေးမလေးတစ်ယောက်သီချင်းဆိုတာကိုသဘောကျပြီးသူ့မိဘတွေဆီကနေ
အတင်းအကျပ်ခေါ်ဆောင်သွားပါတယ် အဲ့ဒီမှာဘင်းတစ်ယောက်သူတို့မျိုးနွယ်စုကကလေးမလေးကို
ွ ပြန်ခေါ်ဖို့အတွက်ဒေလီကိုတက်လာခဲ့ပါတယ် တစ်ဖက်မှာလည်းဗြိတိသျှတွေဟာသူတို့ကို ချေမှုန်းဖို့အတွက်
ဒေလီကိုလူတစ်ယောက်တက်လာတယ်ဆိုတဲ့သတင်းကြားတဲ့အခါ ပိုက်စိပ်တိုက်ရှာဖွေပါတော့တယ်
ဒီနေရာမှာဘင်းကိုလိုက်ရှာဖို့အတွက်တာဝန်ပေးခံရတဲ့သူကတော့အိန္ဒိယလူမျိုးရဲတပ်ဖွဲ့ဝင်ရာဂျူးပဲဖြစ်ပါတယ်
ရာဂျူးနဲ့ဘင်းတို့ရဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရပြီးဘယ်သူကအရှုံးပေးရမလဲ
အိန္ဒိယလူမျိုးတွေကိုဖိနှိပ်နေတဲ့ဗြိတိသျှတွေကိုဘယ်လိုမျိုးကြိုးစားပြီးတိုက်ထုတ်သွားမလဲဆိုတာတွေကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/367?single
https://t.me/bollywoodmovie789/367?single
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 22❤ 4
Cast Away (2000)
အော်စကာမင်းသားကြီးလို့ လူသိများကြတဲ့ (Tom Hanks) ရဲ့ အရမ်းအရမ်းကို ကောင်းလွန်းတဲ့ ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်
ကျနော်ဆို ကျနော့် ပရိတ်သတ်တွေကြည့်ဖို့ တင်ပေးရင်းနဲ့ ကြည့်ကြည့်ဖြစ်တာ သုံးလေးခါ မကတော့ပါဘူး
ရုပ်ရှင်တကားပြီးသွားမှာကို နှမြောမိတဲ့ ကားဆိုတာ သိပ်ကို ရှားပါးပါတယ်..ဒီလို ကားမျိုးပေါ့..သိပ်ညွှန်းပြမနေတော့ပဲ ကိုယ်တိုင်သာ လွမ်းမောစရာကောင်းပြီး အတွေးတွေ အများကြီးပေးသွားနိုင်တဲ့ ဒီလို ကားမျိုးကို (လုံးဝ) လက်မလွှတ်ပဲ ကြည့်လိုက်ကြပါဦး
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/channelmyanmar678/67?single
https://t.me/channelmyanmar678/67?single
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 25❤ 6
Jungle (2017)
--------------------
IMDB (6.8/10)
တကယ့်ဖြစ်ရပ်မှန်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်၊ ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ( Daniel Radcliffe ) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်
၃ယောက်အတူ ခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်
ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကို သူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ်
သူက ရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ်..ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ်
အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ
သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကို မြင်ရမယ့် Survivor ကားလေးပါ
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/channelmyanmar678/62?single
https://t.me/channelmyanmar678/62?single
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 22❤ 2
Запрещенный контент
Papillon 2017
ရုပ်ရှင်ချစ်သူတွေကတော့ ဒီဖြစ်ရပ်မှန်ထောင်ဖောက်ကားကိုစွဲစွဲမြဲမြဲသိကြမှာပါ၊ ဒီကားဟာ ၁၉၇၃ခုနှစ်ကPapillonကို အသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။Henri Charrièreရဲ့ Papillon and Bancoကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။Papillonဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာ တောင်အမေရိကမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။Papillonဟာ ထောင်ထဲစရောက်ကတည်းက ထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။
အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက် ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်။ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေ ဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/actionmoviemyar/22
https://t.me/actionmoviemyar/22
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 9❤ 3🥰 3
Запрещенный контент
The Cave 2005
2005 ခုနှစ်ကထွက်ရှိထားပြီး
Bruce Hunt ကရိုက်ကူးထားပါတယ်
စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကား
ဖြစ်လို့ ရုပ်ရှင်ကြည့်ပရိတ်သက်အဖို့
အကြိုက်တွေ့စေမှာပါ
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/248
https://t.me/akaungkarmyar/248
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 18❤ 1
Запрещенный контент
Viking Wolf 2022
လွန်ခဲ့သော နှစ်တစ်ထောင်က ဗိုက်ကင်းမျိုးနွယ်စု အကြီးအကဲ ဂတ်ဘရန်ဟာ သင်္ဘောအစင်း ၂၀ နဲ့ အတူ နော်မန်ဒီကို ဓားပြတိုက်ဖို့ ခရီးဆက်ခဲ့တယ်
ဘုရားကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်ခန်းတစ်ခုကို တွေ့ခဲ့တယ်
ဘုန်းတော်ကြီးတွေက အထဲကို မဝင်ဖို့ တောင်းပန်ကြပေမယ့် လောဘသား ဗိုက်ကင်းတို့ဟာ စကားကို နားမဝင်ခဲ့ကြပါဘူး
ဒီလိုနဲ့ ငရဲခွေးကြီးဟာ လွတ်သွားတယ်
အပြန်လမ်းထိ ဗိုက်ကင်းတွေနဲ့အတူ လိုက်ပါလာခဲ့ပြီး သူတို့သင်္ဘော နော်ဝေကို မဆိုက်ခင်မှာ ဗိုက်ကင်းတွေအကုန် သေသွားခဲ့တယ်
ဒီသတ္တဝါကြီးတစ်ကောင်တည်းသာ ကုန်းပေါ်ကို ရောက်ပြီး နော်ဒစ်အမည်ရတဲ့ တောနက်ကြီးထဲကို ဝင်သွားခဲ့သတဲ့
ယခုလက်ရှိအချိန်လစ်ဗ်နဲ့ သာလာတို့ သားအမိဟာ နီဘိုဆိုတဲ့ မြို့ကို မကြာသေးခင်ကမှ ပြောင်းရွှေ့လာတဲ့သူတွေပေါ့
ဖခင်ဖြစ်သူ သေဆုံးပြီးနောက်
ပထွေးနဲ့ နေရတဲ့ သာလာဟာ
မြို့သစ်လေးမှာစိတ်ပြေလက်ပျောက် ဂျိုးနက်စ်ဆိုတဲ့ ကောင်လေးနဲ့ အပေါင်းအသင်းဖွဲ့မိပါတယ်
တစ်နေ့တော့လူငယ်တွေဟာ...
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/246
https://t.me/akaungkarmyar/246
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 13❤ 2
Запрещенный контент
MAJOR (2022)
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ
အစွန်းရောက်အကြမ်းဖက်တွေဟာ မွန်ဘိုင်းမြို့ရဲ့ Iconic တစ်ခုလိုဖြစ်တဲ့
Taj Mahal Palace Hotel ကို ဝင်ရောက်စီးနင်းခဲ့တယ်...
အလွှာပေါင်း ၄၄ လွှာ ၊အခန်းပေါင်း ၅၆၀ရှိတဲ့ ဒီဟော်တယ်ကြီးဟာ
စစ်အတွင်းမှာတောင်ကုတင် ၆၀၀ဆံ့ ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ဖူးတယ်လို့
ဆိုတယ်...
ဒီဟော်တယ်ကြီး စီးနင်းခံရတဲ့အဖြစ်အပျက်ကတော့ အတော်ထိတ်လန့်စရာကောင်းပါတယ်..
အဆိုးကတော့ အကြမ်းဖက်အဖွဲ့တွေဟာ ဧည့်သည်တွေကို
အထိန်းအကွပ်မဲ့ပစ်သတ်ခဲ့သလို အဆောက်အဦးကိုလည်း အတော်ဖျက်ဆီးခဲ့ပါတယ်..
ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ ဓားစာခံ ပြည်သူတွေကို ကယ်ထုတ်ပြီး အကြမ်းဖက်အဖွဲ့ကို
နှိမ်နှင်းဖို့ ဆန်ဒီဗ်အွန်နီခရစ်ရှနန်းဆိုတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့မှ
မေဂျာအဆင့်ရှိသူဦးစီး တပ်စိတ်တစ်စိတ်ဟာ ဝင်ရောက်ခဲ့တယ်..
ဒီနေရာမှာအကြမ်းဖက်အဖွဲ့ဟာ ခပ်ညံညံအဖွဲ့မဟုတ်ခဲ့ဘဲ
သေချာထရိန်းပြီး တိုက်ပွဲအတွေ့အကြုံတွေများစွာရှိနေတဲ့သူတွေဖြစ်တယ်...
ဒီတော့ မေဂျာတို့အဖွဲ့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာကတော့
ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..
မေဂျာအဆင့်ဖြင့်တာဝန်ထမ်းဆောင်စဉ် ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်ခဲ့
မှုကြီးကို ကယ်ဆယ်ခဲ့တဲ့ Major Sandeep Unnikrishnan အကြောင်းကို
ရိုက်ပြထားခြင်းဖြစ်လို့ ခံစားကြည့်ကြပါဦး...
သမိုင်းဝင်ဖြစ်ရပ်မို့ ဘက်ဂျက်အများကြီ:အကုန်ကျခံထားသလို
အက်ရှင်ခန်းတွေလည်း တော်တော်ကြည့်ကောင်းပါတယ်..
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/357?single
https://t.me/bollywoodmovie789/357?single
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 14
Запрещенный контент
The Lord Of The Ring (3)2003
The Lord Of The Tings နဲ့
The Hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်
အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ
ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်
ဥပမာ – နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။
ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ
နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်
မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်
သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီးရေးသားခဲ့တာဖြစ်ပါတယ်
စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ
လူတစ်ယောက်ရဲ့ ဦးနှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/244
https://t.me/akaungkarmyar/244
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 22❤ 7
Запрещенный контент
The Lord Of The Ring (2)2002
The Lord Of The Tings နဲ့
The Hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်
အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ
ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်
ဥပမာ – နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။
ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ
နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်
မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်
သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီးရေးသားခဲ့တာဖြစ်ပါတယ်
စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ
လူတစ်ယောက်ရဲ့ ဦးနှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/242
https://t.me/akaungkarmyar/242
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 9❤ 3👏 2🥰 1
KGF -Chapter 1 ( 2018)
KGF -Chapter 1 ( 2018)
-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
ဒီဇာတ်ကားဟာ 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားဖြစ်တဲ့ ရုရွတ်ခန်းရဲ့ Zero နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။အိန္ဒိယနိုင်ငံ ခန်နားဒါးပြည်နယ်က မင်းသား Yash ရဲ့အရင်ထွက်ပြီးတဲ့ ဖန်စီအချစ်ကားတွေနဲ့ မတူ တမူထူးခြားနေတော့ အားပေးမှုတော်တော်လေးရခဲ့ပါတယ်။
ဇာတ်ကားလေးမှာတော့….
====================
KGF ဆိုသော ရွှေတွင်းကြီးအကြောင်းကို ဒီအပိုင်း ၁ မှာ တင်ဆက်ပြီးတော့ ဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားပါ..ကေဂျီအက်ဖ် ဆိုသော ရွှေတွင်းကြီးစတင် ဖြစ်ပေါ်လာချိန်မှာ ရွှေတွင်းအားလောဘတတ်ပြီး အဲဒီရွှေကြောကြီးတစ်ခုလုံးကို
လက်နက်ကိုင်သိမ်းပိုက်လိုက်ပါတယ်…အဲဒီရွှေတွင်းကြီး စတင်ဖြစ်ပေါ်လာချိန်မှာပဲ တစ်ချိန်တည်း ရောကီ မွေးဖွားခဲ့တာ ကံတရားကြီးတစ်ခုလား ဆိုတာကတော့ ….ရော့ကီ ဟာ ငယ်စဉ်ကအရမ်းဆင်းဆင်းရဲရဲနေထိုင်ခဲ့ရသူတစ်ဦးဖြစ်ပြီး သူ့အမေဟာ လည်း ဆေးဖိုးဝါးခ မတတ်နိုင်ခြင်းကြောင့်
ဆုံးပါးသွားခဲ့တာပါ…သူ့ရဲ့အမေ မဆုံးခင်မှာကြားခဲ့တာကတော့ ရော့ကီကို အောင်မြင်အောင်နေ သူဌေးဖြစ်အောင်နေ လူတွေအပေါ်လွမ်းမိုးနိုင်အောင်နေ
ဆိုပြီး မှာကြားခဲ့ပါတယ်…အဲဒီနောက်ပိုင်း ရော့ကီ ဟာ ဘွန်ဘေက ဂိုဏ်းတစ်ခုတွင်အားကိုးရသူ နာမည်ကြီးတစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာ…….ကေဂျီအက်ဖ် ရွှေတွင်းနဲ့ ရော့ကီနဲ့ ကံတရားနှစ်ခု ဘယ်လိုဆက်စပ်သွားမလဲ…..ရော့ကီ ရဲ့အောင်မြင်မှုလမ်းစဉ်ဟာ ကေဂျီအက်ဖ်ရွှေတွင်းနဲ့ စတင်မလား…ဘယ်လိုမျိုး စတင်မလဲဆိုတာကို
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/bollywoodmovie789/351?single
https://t.me/bollywoodmovie789/351?single
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 16❤ 4🤔 1
Makkhi Eega [2012]
ယင်ကောင်ကလဲ့စား
နာနီ ဆိုတဲ့ကောင် လေး တစ်ယောက်ဟာ မိန်း က လေးတစ်ယောက် ကိုချစ်မိတဲ့အတွက်အသက်ဆုံး ရှုံးရ တဲ့ဇာတ် ကြောင်းအပေါ်မူတည်ပြီး ဇာတ်အိမ်တည် ထားခြင်းဖြစ်ပါတယ်...
အဲ့မိန်းကလေးကလည်း သူ့ကို ပြန်ချစ်ပါတယ်။
သူ တို့ ကြားထဲမှာအကြီးမားဆုံးအနှောက်အယှက်ကတော့ သူတို့မြို့ရဲ့နာမည်ကြီးလုပ်ငန်းရှင်သူဌေးတစ်ဦးက သူ့ကိုချစ်နေခြင်းသာဖြစ်ပါတယ်။
အဲ့ဒီသူဌေးရဲ့မနာလိုမှုကနေတဆင့် နာနီကိုဝိုင်းရိုက်ရာကနေ လက်လွန်ပြီး နာနီသေဆုံးခဲ့ရပါတယ်
ဒီအကြောင်းတွေကိုမိန်းကလေးကမသိပါဘူးနောက် ပိုင်းမှာတော့ နာနီဟာ ယင်ကောင်တစ်ကောင်အဖြစ်ပြန်လည်မွေးဖွားလာပြီး သူ့ကိုသတ်တဲ့လူကိုဘယ် လိုလက်စားချေမလဲ..
သူချစ်တဲ့မိန်းကလေးကိုဘယ်လိုကာကွယ်မလဲဆိုတာတွေနဲ့အတူ ဇာတ်လမ်းအရသာကိုကောင်းကောင်းခံစားလိုက်ပါ….
ဘောလိဝုဒ်ထုံးစံအတိုင်းအကအခုန်သီချင်းတွေခံစားရမှာဖြစ်ပေမယ့် အနည်းငယ်သာပါ၀င်ပါတယ်..
တချို့နေရာလေးတွေဟာသဆန်လို့သဘောကျမိမှာဖြစ်သလို ရင်နင့်သွားစေမယ့်ဇာတ်၀င်ခန်းလေးတွေလည်းပါ၀င်ပါတယ်..
ရသမျိုးစုံပေးပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ကြောင်းအသိပေးလိုက်ပါတယ်။
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/216?single
https://t.me/akaungkarmyar/216?single
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 20❤ 3
Запрещенный контент
Mr. Zoo: The Missing VIP(2020)
လျှို့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစ္ဆာန်တွေဆိုအရမ်းမုန်းတဲ့သူပပေါ့။
သူနဲ့ဆန့်ကျင်ဖက်သူ့သမီးလေးဆိုယောင်းကတော့တိရိစ္ဆာန်တွေကိုအရမ်းချစ်တတ်တဲ့အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ချင်နေတဲ့ကလေးမလေးပါ။
တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကို ကယ်တင်ဖို့ အဖေဖြစ်သူဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။တိရိစ္ဆာန်မုန်းသူကြီး ဂျူထယ်ဂျူဆိုသည်မှာလည်း အဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။တိရိစ္ဆာန်တွေကို ဂရုမစိုက်လို့ဒဏ်ခတ်ခံလိုက်ရတယ်တဲ့။အဲ့ဒီပြစ်ဒဏ်ကတော့အဲ့အချိန်ကစပြီးသူတိရိစ္ဆာန်စကားကိုနားလည်သွားတာပါ။တိရိစ္ဆာန်တွေရဲ့ခံစားချက်တွေ၊ပြောစကားတွေကိုနားလည်သွားပြီးနောက် ဂျူထယ်ဂျူတစ်ယောက်ဘယ်လိုပြောင်းလဲသွားမှာလဲဆိုတာကို CM ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါ ဇာတ်လမ်းဇာတ်အိမ်လေးကလည်းကောင်း ဟာသလေးတွေနဲ့တဝါးဝါးတဟားဟားရယ်ရမှာဖြစ်တဲ့အတွက် ကြည့်ပျော်မယ့်ကားကောင်းလေးတစ်ကားဆိုတာတော့အသေအချာပါပဲလို့ညွှန်းချင်ပါတယ်။
ဇာတ်ကားကြည့်ရန် 👇👇
https://t.me/akaungkarmyar/212
https://t.me/akaungkarmyar/212
ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇
🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
👍 15
