ru
Feedback
မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

Открыть в Telegram

🚩 Channel was restricted by Telegram

Больше
2025 год в цифрахsnowflakes fon
card fon
459 379
Подписчики
-26724 часа
-1 8287 дней
-7 67730 день
Архив постов
Запрещенный контент
Barfi (2012) အချစ်စစ်ဆိုတာကို မေးခွန်းထုတ်ဖို့ ဆန္ဒရှိနေသလားဆွံ့အနားမကြားသူတစ်ယောက်ရဲ့ သံယောဇဉ်အားလည်း ကိုယ်ချင်းစာတတ်ချင်ပါသလားဤ မေးခွန်းတွေကို Barfi ဆိုတဲ့ ဇာတ်ကားကောင်းလေးက သင့်အားညွှန်းဆိုပါလိမ့်မယ်ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုတော့ဒီဇာတ်ကားလေးဟာ IMDB 8 ကျော် Rating ရထားတဲ့ ကားလေးပါ အစမှာတော့ Barfi ကို အဘိုးဘ၀နဲ့စတင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အတိတ်ကို ဆွဲဆောင်မှုရှိအောင် ဆွဲခေါ်သွားပါတယ် တကယ်တော့ Barfi ဟာ ဆွံ့အနားမကြားတဲ့ ကောင်လေးတစ်ယောက်ပါ သူဟာ အမိမဲ့သားလေးတစ်ဦးလည်း ဖြစ်ပါတယ် ဇာတ်အိမ်အဖွဲ့မှာတော့ အင်စပက်တာ ဒတ်တားက သူ့ကို လိုက်ဖမ်းနေပုံနဲ့ စဖွင့်ထားပါတယ် ထုိ့နောက် Barfi တစ်ယောက် အချုပ်ခန်း စံခွင့်ရသွားတော့သည်။ ထိုအခါ ဆန်းဂုပတ္တားဆိုတဲ့ မိန်းကလေးတစ်ဦးက သူ့အားလာရောက်တွေ့ဆုံလေသည်။ ဆန်းဂုသည် အ်ိမ်ထောင်ရှိသူတစ်ဦးဖြစ်၍ မိဘသဘောမတူသည့် ဘာဖီနှင့်လည်း ဖူးစာလွဲခဲ့သူဖြစ်သည်။ သူမက အင်စပက်တာအား ဘာဖီအကြောင်း မေးမြန်းသည်။ ဘာဖီရဲ့ အတိတ်မှာရော ဘယ်လို အကြောင်းအရာတွေ ရှိနေနိူင်လဲ ခြောက်နှစ်အရွယ်မှာ မိဘစွန့်ပစ်ထားခဲ့တာကြောင့် ဘာဖီကယ်တယ်ခဲ့တဲ့ ဂျမီးဆိုတဲ့ ကောင်မလေး အပေါ်မှာရော ဘယ်လို သဘောထားမှာလဲ ထိုအခါ၌ ဘာဖီအရမ်းချစ်ခဲ့ဖူးသော ဆန်းဂု သံယောဇဉ်တွယ်မိလှသော ဂျမီး မမေ့နိုင်သေးပဲ ဘာဖီအားဆက်ချစ်နေသေးသောဆန်းဂု ဤသုံးပွင့်ဆ်ိုင်တို့၏ ချစ်ခြင်းမေတ္တာနှင့်တကွ အချစ်၏ အဓိပ္ပါယ်သက်ရောက်မှုအားလည်းကောင်း သင်ကိုယ်တိုင်ခံစားမှာပါ ဒီဇာတ်လမ်းလေးဟာ ရိုးရိုးရှင်းရှင်းနှင့် အချစ်ရဲ့အလှအား ပေါ်လွင်စေခဲ့သည်။ ထိုကြောင့် အချစ်၏ရသ အားခံစားလိုလျှင်တော့ဖြင့် ကြည့်လိုက်ပါဦးလို့ (ရုပ်ရှင်အညွန်းကိုတော့ Tear Cryကနေပြီး ရေးသားပေးထားတာဖြစ်ပါတယ်) ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/210 https://t.me/akaungkarmyar/210 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 24
War (2019) MMSB ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်.... ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။ တိုက်ဂါးနဲ့ ရီသိတ်ဟာ တပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။ သူ ဘာကြောင့် ပစ်ခဲ့တာလဲ.... ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ... သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့... တိုက်ဂါးပါ။ ကဲ.... ဆရာနဲ့ တပည့်.... ရန်သူနဲ့ တပ်မတော်ဘက်တော်သား.... ဘယ်လို ဆက်ဖြစ်ကြမလဲ..... အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ.... ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။ (စာအနည်းငယ်လိုအပ်ချက်ရှိရင် ခွင့်လွှတ်ပေးပါဗျာ) ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။ Translated by Nyi Koe And Myint Thu Encoded by Thanhtike Zaw ဇာတ်ကားကြည့်ရန် 👇👇 https://t.me/bollywoodmovie789/301?single https://t.me/bollywoodmovie789/301?single ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 12 2👏 1
Запрещенный контент
Mowgli: Legend of the Jungle (2018) 1967 ခုနှစ်က The Jungle Book ကို အသက်ပြန်သွင်းထားတယ်လို့ ပြောလို့ရတယ်ကျနော့်အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ The Jungle Book ထက်Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး သဘောကျမိတယ်Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ်ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့ နည်းနည်းပြောင်းလဲသွားတာရှိတယ်အရင်ကလို ကလေးကြည့်တဲ့ရုပ်ရှင်သက်သက် မဟုတ်တော့ပဲသွေးထွက်သံယို အခန်းလေးတွေ အနည်းငယ်ပါတယ်ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကိုခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ်ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကိုကယ်ဆယ်ပြီး ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်….ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီးသူတို့ အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေMowgli ကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့ကြတယ်…ဒီလိုနဲ့ Mowgli  အရွယ်ရောက်လာတဲ့အခါသူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီးမေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/208 https://t.me/akaungkarmyar/208 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 14 1
Запрещенный контент
Gulliver's Travels (2010) အိပ်ရာကနိုးလာတဲ့အချိန်မှာ လူပုတိုင်းပြည်ကိုရောက်သွားသောအခါ 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ Gulliver's travels လူပုလေးတွေနေတဲ့ကျွန်းပေါ်ထူးထူး ဆန်းဆန်းရောက်ရှိသွားတဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့တင်ဆက်ထားတဲ့ စွန်းစားခန်း (Fantasy/Adventure) ရုပ်ရှင်ကောင်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ပိုပြီးအားကောင်းအောင်လို့ ကျွန်တောတို့ရဲ့ ဟာသမင်းသားကြီး (Jack Black) က အားဖြည့်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စာတိုက်ရုံးမှာအလုပ်လုပ်တဲ့ မင်းသား Jack Black ကတစ်နေ့တာ့ ဘာမြူဒါ တြိဂံ ကိုလေ့လာရေးခရီးထွက်တဲ့အခါမှာ မုန်တိုင်းမိပြီးတော့ လူပုလေးတွေနေတဲ့ကျွန်းကိုရောက်သွားတာ ပါ။ ပထမတော့ ရန်သူအဖြစ် ဆက်ဆံကြပေမယ့် နောက်ပိုင်းလူပုလေးကျွန်းနှစ်ကျွန်းတိုက်ပွဲကိုဝင်ရောက် ကူညီဖြစ်သွားတဲ့ဇာတ်လမ်းလေးပါ။ ကြည့်လို့တကယ်ကောင်းသလို ရီနေရမယ့် ဇာတ်လမ်းလေးဖြစ်တာ မို့ ကြည့်ရူ့လိုက်ပါအုံးနော်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/207 https://t.me/akaungkarmyar/207 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 18 5
Запрещенный контент
War for the Planet of the Apes (2017) ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။ မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို အကြင်နာမဲ့ရက်စက်တဲ့ ကာနယ် ကဦးဆောင်တာဖြစ်ပြီး ဆီဇာရဲ့ ဇနီးနဲ့ သားအကြီးဆုံးကို သတ် ဖြတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိသား စုနဲ့ မျောက်ဝံ မျိုးနွယ်စုကို ကာ ကွယ်ချင်တဲ့ဆီဇာနဲ့ မျောက်ဝံတွေ ကို မုန်းတီးပြီးအမျိုးဖြုတ်သုတ် သင်ချင်တဲ့ လက်နက်ကိုင်အဖွဲ့ အကြားမှာ တိုက်ပွဲတွေအကြီးအ ကျယ်ဖြစ်ပါတော့တယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/205 https://t.me/akaungkarmyar/205 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 7🥰 1
Запрещенный контент
Bhaag Milkha Bhaag [2013]MM SUB --------------------------------------------- IMDb – 8.2/10,Rotten – 72% ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပါတယ်။ အကုန်လုံးပျော်နေကြပေမယ့် မပျော်နိုင်တဲ့ လူမျိုးတစ်မျိုးရှိပါတယ်။ သူတို့ကတော့ ပန်ဂျပ် (Punjab) တွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတဲ့အခါ ပါကစ္စတန်က ပန်ဂျပ်ပြည်နယ်တစ်ခြမ်းကို တောင်းပါတယ်။ အင်္ဂလိပ်ကခွင့်ပြုလိုက်တဲ့အတွက် ပန်ဂျပ်ပြည်ဟာ နှစ်ခြမ်းကွဲပြီး တစ်ခြမ်းက အိန္ဒိယထဲမှာ၊ နောက်တစ်ခြမ်းကတော့ ပါကစ္စတန်ထဲရောက်သွားပါတယ်။ ပါကစ္စတန်ပိုင်နက်ထဲရောက်သွားတဲ့ ပန်ဂျပ်တွေကို မွတ်စလင်ဘာသာ အတင်းပြောင်းခိုင်းပါတယ်။ မပြောင်းနိုင်တဲ့သူတစ်ချို့က ကိုယ့်လယ်ယာ၊ အိုးအိမ်တွေကိုစွန့်ပြီး အိန္ဒိယဘက်ခြမ်းကို ရွှေ့ကြပါတယ်။ ကိုယ့်မြေကိုမစွန့်နိုင်တဲ့သူတစ်ချို့ကတော့ ရရာလက်နက်စွဲပြီး တွန်းလှန်ကြပါတယ်။ အဲဒီလိုတိုက်တဲ့အခါ မေခါဆင်း (Milkha Singh) ဆိုတဲ့ ကောင်လေးရဲ့မိသားစုတစ်စုလုံး အသတ်ခံလိုက်ရပါတယ်။ တွယ်ရာမဲ့ဖြစ်သွားတဲ့ မေခါဆင်းတစ်ယောက် အိန္ဒိယဘက်ခြမ်းကို ပြေးရပြီပေါ့။ သူ့ဘဝဟာ အဲသလိုပဲ အပြေးနဲ့စခဲ့ရရှာပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဒီမေခါဆင်းလေးဟာ အိန္ဒိယစစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းပါတယ်။ တစ်နေ့ကျတော့ သူတို့တပ်မှာ အပြေးပြိုင်ပွဲတစ်ခုလုပ်ပါတယ်။ အဲဒီပြိုင်ပွဲဟာ တကယ်တော့ လူသစ်ရှာတဲ့ပွဲပါပဲ။ အခြေအနေကောင်းတဲ့သူတွေကို ရွေးပြီးတော့ လက်ရွေးစင်အပြေးအသင်းအတွက် လေ့ကျင့်ပေးမှာပါ။ တပ်သားတွေ ဝင်ပြိုင်ချင်အောင် ဆာဂျင်ကြီးက မက်လုံးပေးပါတယ်။ ပထမဆုံးပန်းဝင်တဲ့သူ ၁၀ ယောက်ကို ကြက်ဥနှစ်လုံးနဲ့ နွားနို့တစ်ခွက်တိုက်ပါမယ်တဲ့။ ပြီးတော့ ဖက်ထိပ် (Fatigue) ၁၄ ရက် မလုပ်ရဘူးတဲ့။ မေခါဆင်းဟာ နွားနို့အရူးအမူးကြိုက်သူပါ။ ဒါကိုမက်ပြီး ဝင်ပြိုင်တာ ပထမရပါတယ်။ ဒီတော့ လက်ရွေးစင်အသင်းအတွက် သူ့ကိုပဲ ရွေးသွားပါတော့တယ်။ ဒါဟာ သူ့ဘဝအတွက်တော့ အကြီးမားဆုံး အပြောင်းအလဲတစ်ခုပါပဲ။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်တယ်ဆိုတာကို Bhaag Milkha Bhaag ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားလေးမှာ ကြည့်ကြရမှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် မေခါဆင်းအဖြစ် Farhan Akhtar က သရုပ်ဆောင်ထားပါတယ်။ Farhan Akhtar ဟာ လူသစ်ပါ။ သူ့ဘဝဟာလည်း စိတ်ဝင်စားဖို့၊ အတုယူဖို့ အင်မတန်ကောင်းပါတယ်။ အင်မတန်ကိုကြိုးစားတဲ့ ပါရမီရှင်တစ်ယောက်ပါ။ သူ့အကြောင်း နောက်အလျဉ်းသင့်လျှင် တင်ပြပေးပါ့မယ်။ ဒီဇာတ်ကား Bhaag Milkha Bhaag နဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ပြောစရာတွေ အများကြီးရှိနေပါတယ်။ အိန္ဒိယ-ပါကစ္စတန် တွဲရေးခွဲရေးကိစ္စကို ကျွန်တော်အပေါ်မှာ ထည့်ရေးခဲ့ပါတယ်။ ဘာသာရေးအရှုပ်အထွေးတွေဖြစ်အောင် တမင်ရေးတာမဟုတ်ပါဘူး။ ဒီအကြောင်းအရာကို မသိလျှင်၊ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ မေခါဆင်း ရင်ထဲက ခံစားချက်ကို နားမလည်လျှင်၊ ဒီဇာတ်ကားကို ကြည့်ရတာ အရသာအင်မတန်ပေါ့သွားပါလိမ့်မယ်။ ဇာတ်ကားကိုကြည့်ရင်းနဲ့ ကျွန်တော်ထည့်ရေးခဲ့တဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားကြမှာပါ။ နောက်တစ်ချက်က ဒီဇာတ်ကားဟာ စိတ်ခွန်အား အင်မတန်ဖြစ်စေတဲ့  ဇာတ်ကားပါ ကြည့်ရင်းနဲ့ကိုယ်ပါ အားတွေတက်လာတယ်။ သူ့လိုကြိုးစားချင်စိတ်တွေ ပေါက်လာတယ်။ အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူမရဘူး။ ဘယ်လောက်တောင်ခက်ခဲတယ်ဆိုတာမျိုးကို နားလည်လာမှာပါ။ မေခါဆင်းရဲ့ စိတ်ဓာတ်ပြတ်သားပုံမျိုးကို အတုယူစေချင်ပါတယ်။ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာ လေ့လာစေချင်ပါတယ်။ သူဟာ အပြေးလေ့ကျင့်ရင်းနဲ့ ပင်ပန်းလွန်းလို့ ပါးစပ်က သွေးတောင်အန်ထွက်ပါတယ်။ တော်ရုံတန်ရုံလူဆို ဒီအဆင့်တောင် ရောက်မလာဘူး ချွေးလေး နည်းနည်းရွဲလာရင်ပဲ ရပ်ပစ်လိုက်တော့မှာ။ မေခါဆင်းက သွေးအန်နေတာတောင် မရပ်ဘူး။ ကြုံးထပြီး ပြန်ပြေးတယ်။ ဒီလိုမျိုးကြိုးစားမှုမျိုး အတုယူစေချင်တာပါ။ လူငယ်တွေ အဓိကကြည့်သင့်ပါတယ်။ ဒါ့ကြောင့် ဒီလောက်အရှည်ကြီးရေးပြီး ညွှန်းနေရတာပါ။ ကြည့်စေချင်လွန်းလို့ပါ။ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ဘောလိဝုဒ်မှာ အင်မတန်အောင်မြင်ခဲ့ပါတယ်။ ဘောလိဝုဒ်သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးဇာတ်ကား နံပါတ် ၅ ထိ တက်ချိတ်ထားပါတယ်။ မေခါဆင်း (Milkha Singh) ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ‘The Race Of My Life’ ကိုမှီငြမ်းပြီး ပြန်ရိုက်ကူးထားတာပါ။ ကဲ…ကြည့်ဖြစ်အောင် ကြည့်ကြပါဦးဗျာ... ဇာတ်ကားကြည့်ရန် 👇👇 https://t.me/bollywoodmovie789/299 https://t.me/bollywoodmovie789/299 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 21🤔 2
Запрещенный контент
Dawn of the Planet of the Apes (2014) ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြီးမှာ၊ မျောက်တွေလွတ်သွားသလို၊ သူတို့ ကို စမ်းသပ်နေတဲ့ Virus ပြန်သွားပြီးလူတော်တော်များများ သေကုန်ကြပါတယ်။Caesar ဦးဆောင်တဲ့ မျောက်တွေကတော့San Francisco မြို့နားကတောထဲမှာအေးအေးဆေးဆေးနေနေ ကြပါတယ်။ဒါပေမယ့် တစ်ရက်မှာ အမှတ်မထင် ပဲ မင်းသားMalcolm (Jason Clark) ဦးဆောင်တဲ့ လူတွေရောက်လာပြီး၊မျောက်တစ်ကောင်ကို သေနတ်နဲ့ ပစ်မိသွားတာကနေစပြီးဘာတွေဖြစ်လာကြမလဲဆိုတာ…………။ဒီဇာတ်ကားက အကောင်း ဆုံးအထူးပြုလုပ်ချက်တွေနဲ့ ပုံဖော်တင်ပြထားပါတယ်။ကောင်းမွန်တဲ့ အထူးပြု လုပ်ချက်တွေကြောင့်လူဝံတွေရဲ့ ဒေါသ၊ ဆုံးရှုံးမှု၊ နာကြည်းချက်နဲ့ ခံစားမှုတွေကိုပရိသတ်တွေကပါ လိုက်ပါခံစားရပါတယ်။ အထူးသဖြင့် လူဝံ ခေါင်းဆောင်Caesar အဖြစ် သရုပ်ဆောင်ချက် တွေဟာ အော်စကာတစ်ကြိုပေးမှုနဲ့ ထိုက်တန်တယ်လို့ ဝေဖန်ရေး ဆရာတွေက ရေးသားထားပါ တယ်။Caesar အဖြစ် သရုပ် ဆောင် Andy Serkis က သရုပ် ဆောင်ထားတာပါ။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/203 https://t.me/akaungkarmyar/203 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 20
Запрещенный контент
Rise of the Planet of the Apes (2011) RT 82% နဲ့ IMDb 7.6 ရထားတဲ့ ကြည့်လို့မရိုးနိုင်တဲ့ ဇာတ်ကားဟောင်းလေးကို Trmmsub ကနေပြန်လည်တင်ဆက်ပေးလိုက်ပါတယ် Andy Serkis နဲ့ James Franco တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီးဒါရိုက်တာ Rupert Wyatt ရိုက်ကူးထားတဲ့သိပ္ပံစိတ်ကူးယဉ် အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲလ်ဇိုင်းမားရောဂါကိုကုသနိုင်မယ့် ဆေးသစ်တစ်ခုကို ထုတ်ဖို့ စမ်းသပ်ရင်းကနေဉာဏ်ရည် အလွန်မြင့်တဲ့ ချင်ပန်ဇီတစ်ကောင် မွေးဖွားလာပါတယ်။လူသားတစ်ယောက်လို တွေးနိုင်၊ လုပ်ကိုင်နိုင်တဲ့ ဒီချင်ပန်ဇီဟာအကြောင်းမလှစွာဘဲ လူသားတွေရဲ့ ရက်စက်တာကို ခံခဲ့ရတဲ့နောက်မျောက်ဝံတွေ အားလုံးကို စုစည်းပြီးလွတ်မြောက်ရာကို ထွက်ပြေးနိုင်ဖို့ပုန်ကန်လာပါတော့တယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/201 https://t.me/akaungkarmyar/201 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 11 2
Запрещенный контент
Acharya [2022] မြန်မာစာတန်းထိုး ၂၀၂၂ မှာ အသစ်စက်စက် ထွက်ရှိထားပြီး နာမည်ကြီး မင်းသားချော ဘိုင်ရာဘာ ပါဝင် သရုပ်ဆောင်ထားတဲ့ Acharya ဆိုတဲ့ တလဲဂူး action drama ရုပ်ရှင်ဇာတ်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ ဒီဇာတ်ကားလေးဟာ ၂၀၁၉ ထဲက ထွက်ရှိဖို့ ကြေငြာထားခဲ့ပေမယ့် ကိုဗစ်ရောဂါကြောင့်မလို့ ၂၀၂၂ ဧပရယ်လမှ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် ။ လွန်ခဲ့သော နှစ်ပေါင်း၈၀၀ ဝန်းကျင်ထဲက ဓမ္မစသာလီနဲ့ ပမ်မာဂတ်တမ် တို့ဟာ ဂျီဟာဗာရာရဲ့ မြစ်တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိနေပြီး ဆစ်ဟာဗာနမ် တောအုပ်ကြီး ဝိုင်းရံထားတဲ့ ဘာသာရေးကိုင်းရှိုင်းပြီး ဓမ္မကို လက်ကိုင်ထားထားတဲ့ မြို့တွေ ဖြစ်ခဲ့ကြတယ်။ သူတို့ဟာ မယ်တော် ဂတ်တာမာကို အရမ်း ယုံကြည်သက်ဝင် ကိုးကွယ်ကြတဲ့ သူတွေပါ ။ ဒီလိုမျိုး ဓမ္မတရားကိုသာ စွဲကိုင်ပြီး အေးချမ်းစွာ တည်ရှိနေကြတဲ့မြို့လေးကို စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဘာဆာဗာ ရောက်လာပြီး ဓမ္မစသာလီ နဲ့ ပမ်ဒါဂတ်တမ်ကို မိုင်းတွင်းတွေ တူးဖော်ချင်နေတဲ့ ရာသော့လက်ထဲကို ထည့်ဖို့ ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ ဘာဆာဗာ ဓမ္မစသာလီကို အုပ်စိုးပြီးချိန်မှာတော့ တစ်ချိန်က ဓမ္မစသာလီရဲ့ ဂုဏ်ကျက်သရေတွေ ပျောက်ဆုံးသွားခဲ့ပြီး မြို့နှစ်မြို့ကြားမှာ ပဋိပက္ခတွေဖြစ်လာပါတော့တယ်။ အာချာရာဆိုတဲ့သူကတော့ လက်သမားယောင်ဆောင်ပြီး ဓမ္မစသာလီမြို့ကို ရောက်လာကာ ဘာဆာဗာ ရွာသားတွေအပေါ် ကျူးလွန်တဲ့ ဒုစရိုက်တွေကို တိတ်တဆိတ် ဖယ်ရှားသုတ်သင်နေတဲ့ သူပါ ။ ဓမ္မနဲ့ အဓမ္မယှဉ်ပြိုင်လာတဲ့အချိန်မှာ ဓမ္မက အနိုင်ရမှာလား အဓမ္မက ကြီးစိုးသွားမှာလား အာချာရာကရော ဘာအကြောင်းကြောင့် သူနဲ့ ဘာမှမသက်ဆိုင်တဲ့ ဓမ္မစသာလီ နဲ့ ပမ်ဒါဂတ်တမ် ရွာသားတွေကို ကူညီပေးနေရတာလဲ ဒီအကြောင်းရင်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ....ဆိုတာကို အမိုက်စား ဖိုက်တင်ခန်းတွေနဲ့ ဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/bollywoodmovie789/295 https://t.me/bollywoodmovie789/295 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 13 1
Запрещенный контент
Unstoppable (2018) MMSB ================= ဒုန်ချွဲ နဲ့ ဂျီဆူး တို့ဟာ သာယာပျော်ရွှင်နေတဲ့ ဇနီးမောင်နှံဖြစ်ပြီးအေးအတူ ပူအမျှ နေတက်ကြသူတွေပါဒုန်ချွဲ က အရမ်းရိုးသားလွန်းတော့ အမြဲတမ်းလူလိမ်ခံရပါတယ်ချစ်ဇနီးလေး ဂျီဆူး အချိန်ပြည့်အလုပ်လုပ်နေရတာ မကြည့်ရက်တဲ့အတွက်သူကိုယ်တိုင်လဲ အပင်ပန်းခံပြီး ပိုက်ဆံရှာနေရပါတယ်… ဒုန်ချွဲဟာ ဂျီဆူး နဲ့ မတွေ့ခင်တုန်းက လူတိုင်းတုန်လှုပ်ရတဲ့အတိုက်အခိုက်သမား တစ်ယောက်ဖြစ်ပြီး မတရားတာမြင်ရင်မနေတက်သလို စိန်ခေါ်ရင် ရေမြေဆုံးထိ လိုက်တက်သူပါမိန်းမ ရပြီးမှ အရင်လို မဟုတ်တော့ပဲ ငါးရောင်းပြီးအေးဆေးနေတက်သူ ဖြစ်သွားခဲ့တာပါ…တစ်ရက်မှာတော့ ဒုန်ချွဲ တို့ ဇနီးမောင်နှံဆီကိုကံကြမ္မာဆိုး တစ်ခု ဝင်ရောက်လာပါတယ်…ဒုန်ချွဲ ငွေတွေ အလိမ်ခံရလို့ နှစ်ယောက်သားစကားများကြပြီး ဂျီဆူး က အိမ်ကို အစောကြီးပြန်သွားခဲ့ပါတယ်….စိတ်ကောက်နေတဲ့ ဂျီဆူး ကိုချော့ဖို့ ဒုန်ချွဲရောက်လာခဲ့ပေမဲ့ နောက်ကျသွားခဲပါပြီအိမ်ထဲထိ ဝင်ရောက်ပြီး လူဆိုးဂိုဏ်းတစ်ခုကဂျီဆူး ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်….ဒုန်ချွဲ တစ်ယောက် ရဲတိုင်ခဲ့ပေမဲ့ တကယ်အလုပ်မလုပ်တဲ့ရဲတွေကြောင့် မိန်းမ ဖြစ်သူကို ကိုယ်တိုင်လိုက်ရှာဖို့အမှောင်လောက ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သော် အခါ… ဇာတ်ကားကြည့်ရန် 👇👇 https://t.me/walovemardonesort/7 https://t.me/walovemardonesort/7 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 31 5❤‍🔥 2
The Soul Mate ( 2018 ) MMSUB ကဲမာဒုန်ဆော့ကားကိုကြိုက်သူများအတွက်နောက်ထပ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာတော့ မာဒုန်ဆော့ကဂျူဒိုဆရာတစ်ယောက်ဖြစ်ပြီး သူ့မှာသမီးလေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ သူ့သမီးလေးပဲမြင်ရတဲ့သရဲကနေသူမတရားခံရတဲ့အကြောင်းကိုမာဒုန်ဆော့သမီးလေးမှတစ်ဆင့် မာဒုန်ဆော့နဲ့ရဲတို့ပူးပေါင်းအဖြေရှာရင်းနဲ့ ဘယ်လိုတွေတောင်အံ့ဩဖို့ကောင်းတာတွေဖြစ်လာမလဲဆိုတာကိုမိတ်ဆွေတို့ကြည့်ရင်းနဲ့အပန်းဖြေလိုက်ရအောင် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/walovemardonesort/5 https://t.me/walovemardonesort/5 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 17 5
The Wild Life (2016) လူသူမနီးတဲ့ ထူးခြားဆန်းပြားတဲ့ သုခဘုံ ကျွန်းငယ်လေးတစ်ခုပေါ်မှာ အင်္ဂါလို့ခေါ်တဲ့ဖော်ရွေတဲ့ငှက်လေးတစ်ကောင်ဟာ သူ့သူငယ်ချင်းတိရိစာၧန်လေးတွေနဲ့ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အင်္ဂါတစ်ကောင်ကတော့ ကမ္ဘာကြီးကိုရှာဖွေဖော်ထုတ်ဖို့ သူ့အိမ်မက်ကိုမစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ပြင်းထန်လှတဲ့မုန်တိုင်းအပြီးမှာ အင်္ဂါနဲ့သူ့သူငယ်ချင်းတွေဟာ ကမ်းခြေမှာထူးဆန်းတဲ့ ရော်ဘင်ဆင်ခရူးဆိုးလို့ သတ္တဝါတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ အင်္ဂါကချက်ချင်းပဲ ခရူးဆိုးကိုသူကျွန်းပေါ်ကထွက်ခွာဖို့လမ်းစလို့မြင်ခဲ့ပြီး ခရူးဆိုးကလဲ အင်္ဂါနဲ့သူ့သူငယ်ချင်းတိရိစာၧန်တွေကို ဒီကျွန်းပေါ်မှာအသက်ရှင်ဖို့အဓိကကျတယ်လို့မြင်ခဲ့ပါတယ်။ သို့ပေမဲ့ လူသားဆိုတာကိုမသိတဲ့ တိရိစာၧန်တွေနဲ့နေရတာတော့ လွယ်ကူတာမဟုတ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့အားလုံးအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတော့တယ်။တစ်နေ့မှာတော့ ကျွန်းကိုသိမ်းပိုက်ချင်တဲ့ ရက်စက်တဲ့ကြောင်နှစ်ကောင်နဲ့တွေ့ပြီး သူတို့ရဲ့ငြိမ်းချမ်းတဲ့ဘ၀လေးက အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/smith224560/264 https://t.me/smith224560/264 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 11👏 3
Запрещенный контент
Land of the Lost [2009] ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသား‌တွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား… ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား… ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/199 https://t.me/akaungkarmyar/199 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 29🥰 1
Запрещенный контент
The Call of the Wild (2020)မြန်မာစာတန်းထိုး ====================== စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ နာမည်ကျော်စာအုပ်ကိုရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။ ခေတ်ကတော့ ၁၉ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ။ မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ် ပါဝင်ထားပါတယ်။ အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ ဘက်ခ်ဆိုတဲ့ ဧရာမခွေးကြီးတစ်ကောင်ပါပဲ။ ဘက်ခ်ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့ ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်။ စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်း သခင်မဲ့သွားချိန်မှာ အဘိုးကြီး တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါရော။ အဲဒီအဘိုးကြီးနဲ့အတူ ဘက်ခ်ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကို စွန့်စားခန်းတွေထွက်ရင်း သူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ ဒီရုပ်ရှင်ဟာ တိရစ်ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့ စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/197 https://t.me/akaungkarmyar/197 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 16 5
Jilla (2014)MM SUB မင်းသား vijay ရဲ့ အချစ်ဇာတ်ကြမ်းကားတစ်ကားကိုတင်ဆက်လိုက်ပါတယ် ရှီဝဆိုတာက မဒူရိုင်းကလူမိုက်တစ်ယောက်ဖြစ်ပြိး နယ်မြေမာ သြဇာအကြီးဆုံးလူမိုက်ပါ တစ်နေ့ကျတော့ လက်စားပြန်ချေမယ့်အဖွဲ့နဲ့တိုးပြီး ထွက်ပြေးရင်း သူ့အတွက် အသက်ပေးခဲ့တဲ့ ဒရိုင်ဘာရဲ့သားရှတီးကိုမွေးစားထားလိုက်ပါတယ် ရှတီးကတော့ သူ့မျကစိရှေ့မှာတင်သူ့အဖေကို ရဲတစ်ယောက်ကသတ်လိုက်တာကို မြင်ထားတော့ ရဲတွေကိုမုန်းနေတာပါ အဲ့ဒါကြောင့် ရှီဝအကူအညီနဲ့ သွှူအဖေအတွက်လက်စားပြန်ချေဖို့ဆုံးဖြတ်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ အချစ်အကြမ်းအလွမ်းတွေကို ခံစားလိုက်ပါအုံး! ဇာတ်ကားကြည့်ရန် 👇👇 https://t.me/bollywoodmovie789/289 https://t.me/bollywoodmovie789/289 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 18 1
Запрещенный контент
ပုရွက်ဆိတ်တွေတွေ့ရင် အနိုင်ကျင့်တတ်တဲ့ ကောင်လေး ပုရွက်ဆိတ်ဖြစ်သွားသောအခါ The Ant Bully ( 2006 ) တစ်ခါက လူးကတ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သူကလူကောင်သေးသေးလေးဆိုတော့ ခဏခဏ အနိုင်ကျင့်ခံရတယ်။ သူအနိုင်ကျင့်ခံရတိုင်း သူ့အိမ်က မြက်ပင်တွေနားမှာရှိတဲ့ ပုရွက်ဆိတ်အုံလေးကိုပဲသူ့ဒေါသတွေပုံချတတ်တယ်။ ပုရွက်ဆိတ်အုံ ကိုရေလောင်းလိုက် ကညှော့လိုက်နဲ့ နည်းမျိုးစုံဒုက္ခပေးတာပေါ့။ ဒါကို မကျေနပ်တဲ့ပုရွက်ဆိတ်တွေဟာ တစ်ရက်မှာ လူးကတ်စ်လေးကိုပုရွက်ဆိတ်အရွယ်ဖြစ်အောင်ပြောင်းလိုက်တဲ့ အခါမှာတော.ပုရွက်ဆိတ်တွေတွေ့ရင် အနိုင်ကျင့်တတ်တဲ့ လူးကတ်စ်နဲ့ လူတွေမြင်ရင်ကြောက်နေ လန့်နေရွံမုန်းနေတဲ့ပုရွက်ဆိတ်တွေ ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ story ကတကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်ပေးချင်တဲ့ message လည်းထိမိတယ်။ ကြည့်ရတာကာတွန်းကားဆိုပေမယ့်တော်တော်လေးမိုက်တဲ့ story မို့ တစ်ဖန်ပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/animationmovieworld2/51 https://t.me/animationmovieworld2/51 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 26 3🥰 2
Запрещенный контент
𝖳𝗁𝖾𝗅𝗆𝖺 𝗍𝗁𝖾 𝖴𝗇𝗂𝖼𝗈𝗋𝗇 [2024]   ကာတွန်းကားသစ်လေး😍 Netflix ရဲ့ 2024 နောက်ဆုံးထွက် musical animation ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် အဓိက character ဖြစ်တဲ့ မြင်းမလေး Thelma ကို အသံသရုပ်ဆောင်ပေးထားတာကတော့ ဂရမ်မီဆုတွေရထားတဲ့ Brittany Howard ဖြစ်လို့ သီချင်းတွေ မကောင်းမှာကို လုံးဝစိတ်ပူစရာ မလိုပါဘူး။   ဇာတ်လမ်းလေးကတော့ နာမည်ကျော်အဆိုတော် ဖြစ်ချင်တဲ့ မြင်းပုမလေး Thelma ဟု သူ့ရဲ့အပေါ်ယံရုပ်ရည်ကြောင့် အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ အလှမ်းဝေးနေပါတယ်။ အဲဒီချိန်မှာ မတော်တဆမှုတစ်ခုကြောင့် မြင်းပုလေးကနေ unicorn အဖြစ် ပြောင်းသွားချိန်မှာ အောင်မြင်မှုတွေက ပိုနီးလာမလား ပိုဝေးသွားမလား သူ့ရဲ့မိတ်ဆွေစစ် မိတ်ဆွေတုတွေကရော သူ့ကို ဘယ်လိုဆက်ဆံကြမှာလဲ စတဲ့ ဇာတ်လမ်းလေးကို အကောင်းဆုံး သီချင်းတွေနဲ့ ထိုင်ရာမှ မကြွ အစအဆုံးကြည့်နိုင်အောင် ဆွဲဆောင်နိုင်မဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်…. ဇာတ်ကားကြည့်ရန် 👇👇 https://t.me/animationmovieworld2/47 https://t.me/animationmovieworld2/47 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 10
Запрещенный контент
" ကွီးတို့၏မာယာ " ဇာတ်ကားကြည့်ရန် 👇👇 https://t.me/myanmaryoteshin10/28 https://t.me/myanmaryoteshin10/28 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 7
Запрещенный контент
" ကြေးကြီးတယ် " ဇာတ်ကားကြည့်ရန် 👇👇 https://t.me/myanmaryoteshin10/26 https://t.me/myanmaryoteshin10/26 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 10 3
Life of Pi (2012) IMDB (7.9/10) ဇာတ်လမ်းကတော့ အိန္ဒိယမိသားစုတစ်စုဟာ ၎င်းတို့ပိုင်ဆိုင်တဲ့ တိရိစ္ဆာန်ရုံကြီးထဲမှ တိရိစ္ဆာန်များကို ကနေဒါနိုင်ငံမှာရောင်းချဖို့ ဂျပန်ကုန်တင်သင်္ဘောတစ်စီးနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်သန်းခဲ့ကြပါတယ် ကမ္ဘာ့အနက်ဆုံး မာရီယာနာသမုဒ္ဒရာချောက်နက်ကြီး အပေါ်မှာ သင်္ဘောနစ်မြုပ်ခဲ့ပြီး သားငယ်”ပိုင်”၊ခွေးအ တစ်ကောင်၊မြင်းကျားတစ်ကောင်၊မျောက်ဝံတစ် ကောင်နဲ့ ဘင်္ဂလားကျားကြီးတစ်ကောင်တို့သာလျှင်အသက်ကယ်လှေပေါ်ရောက်ရှိပြီး လွတ်မြောက်ခဲ့ကြပါတယ် ပိစိဖိတ်သမုဒ္ဒရာကြီးအလယ်မှာရက်အတော်ကြာ မျောပါနေခဲ့ပြီး နောက်ဆုံးမှာ ပိုင် နဲ့ ကျား နှစ်ဦးသာ ကျန်ခဲ့ပါတော့တယ် ပင်လယ်ပြင်မှာ သင်္ဘောနစ်မြုပ်တဲ့ဇာတ်လမ်းဟာ အထူးအဆန်းတော့မဟုတ်ပါဘူး..ဒီဇာတ်လမ်းမှာ ထူးခြားတာက-ဘုရားသခင်ရဲ့ကယ်တင်ခြင်းခံခဲ့ရတယ်လို့” ပိုင်”က ယုံကြည်နေတယ် ကျားကြီးသာပါမလာရင် သူအသက်ရှင်လွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့လည်းသူကယုံကြည်နေပါတယ်..ရုပ်ရှင်ပါးဝနေသော ပရိသတ်များက “ပေးချင်တဲ့ Message တွေအရမ်းကောင်းတယ်“သုံးသပ်ကြပေမယ့် “ဘာ message တွေလဲ” လို့ပြန်မေးလျှင်အဖြေမပေးနိုင်ကြတာ ပိုများပါတယ် ဇာတ်ကားကြည့်ရန် 👇👇 https://t.me/akaungkarmyar/195 https://t.me/akaungkarmyar/195 ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇 🎥 Free Movie Channel နှိပ်ပါ 👈 🎥 Free Movie Channel နှိပ်ပါ 👈
Показать все...
👍 28 1🕊 1