ru
Feedback
Movie World

Movie World

Открыть в Telegram

🚩 Channel was restricted by Telegram

Больше
2025 год в цифрахsnowflakes fon
card fon
388 725
Подписчики
-26724 часа
-1 3417 дней
-5 87830 день
Архив постов
Запрещенный контент
The Last Witch Hunter (2015) နှစ်ပေါင်းများစွာ အောက်လမ်းစုန်းအတတ်ပညာရှင်များကို ရှင်းလင်း သုတ်သင်နေကြတဲ့ စုန်းမုဆိုး ခေါ် Witch Hunter များရှိနေကြသည်မှာတော်တော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ် ထို စုန်းမုဆိုးများထဲမှ ကူလ်ဒါ ဆိုသူဟာ ထူးချွန်သည့်စုန်းမုဆိုးသူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး စုန်းဘုရင်မနှင့် နောက်လိုက်များကို အပြီးသတ်သုတ်သင်ရှင်းလင်းခဲ့ခြင်းပါ စုန်းဘုရင်မဟာ မသေဆုံးနိုင်သည့် သူမရဲ့အစွမ်းများကို ကျိန်စာပြုလုပ်ပြီး ကူလ်ဒါနဲ့သူရဲ့မိသားစုကို နောင်ဘဝတွေမှာ ကူလ်ဒါနဲ့ကွဲအောင်ကျိန်စာတိုက်ခဲ့ပါတယ် ကူလ်ဒါ ဟာ နှစ်ပေါင်းများစွာရှင်သန်ခဲ့ပြီး စုန်းပညာရှင်များကို သုတ်သင်ရှင်းလင်းခဲ့ပါတယ် အဲဒီလိုနှိမ်နင်းနေရင်းနဲ့ သူ့ရဲ့မိသားစု လူ့ဘဝပြန်ဖြစ်မည့်ကာလမှာဆုံတွေ့နိုင်ရန်အတွက် ကြိုးစားလိုက်ရှာနေခဲ့ပါတယ် အဲဒီအချိန်မှာပဲ စုန်းဘုရင်မဟာ ပြန်လည်အသက်ဝင်ရှင်သန်လာခဲ့ပြီး ကူလ်ဒါကိုလက်စားချေရန် ကြိုးစားတဲ့အခါမှာ လူသားမျိုးနွယ်များကို ဒုက္ခပေးနိုင်သည့် စုန်းဘုရင်မ နှင့် ကူလ်ဒါ တို့အပြန်အလှန်တိုက်ခိုက် ချေမှုန်းကြတာကိုရှုစားရမှာဖြစ်ပါတယ် ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 21 8
Запрещенный контент
Baywatch (2017) ------------------ ၂၀၁၇ ရုံတင်ကားသစ် အကြည်ထွက်လို့ တင်ပေးထားပါတယ်။ ဟာသ အက်ရှင်အမျိုးအစားပါပဲ။ ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ခ်ျဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ မစ်ခ်ျက အဲဒီအမှုတွေအကုန်ဖော်ထုတ်ဖို့ တာဝန်ရှိတယ်လို့ ထင်ပေမယ့် ဘရိုဒီကတော့ မဆိုင်တာတွေ မလုပ်ချင်ဘူးဆိုပြီး ငြင်းခုံနေကြတာပါ။ မစ်ခ်ျတစ်ယောက် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မလား၊ သူတို့အဖွဲ့ ဘယ်သူတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ။ ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 19 3😁 1
Triangle (2009) မြန်မာစာတန်းထိုး🔺 __ တစ်ကိုယ်တည်း ကလေးအမေတစ်ယောက်ဖြစ်တဲ့ Jess တစ်ယောက်...သူငယ်ချင်း တစ်ချို့နဲ့ ပင်လယ်ပြင် ရွက်လွှင့်ခရီးမှာ ရွက်လှေမှောက်ပြီး ထူးဆန်းတဲ့ ပင်လယ်ကူးသင်္ဘောရောက်သွားပြီး တစ်ယောက်ယောက်ကသူတို့ကို လိုက်လံသတ်ဖြတ်ချင်းကိုခံရတဲ့အခါ... ဒီအတိုင်းဆိုရင်တော့ သာမန် လူသတ်ကားတစ်ကားလို့ပဲ ထင်မိကြမှာပါလေ...ဒါပေမယ့် လုံးဝမဟုတ်ပါဘူး ကြည့်ဖူးသမျှ လူသတ်ကားတွေလိုမဟုတ်ပဲ လုံးဝကွဲထွက်သွားတဲ့ ဇာတ်အိမ်မျိုးပါ..(ဥပမာ ကိုယ့်သူငယ်ချင်းတွေကိုပဲကြိမ်ဖန်များစွာ သတ်နေရတဲ့ဖြစ်ရပ်မျိုး) ငရဲ ကို လက်တွေ့ကြကြဖော်ညွှန်းထားတဲ့ပုံစံမျိုးလို့ပြောလို့ရပါတယ် ကြည့်ပြီးသွားရင်တောင်မှအတွေးစအရှည်ကြီးတွေ တန်းလန်းကျန်ခဲ့မဲ့ ဇာတ်ကားမျိုးပါ...လုံးဝ လက်မလွှတ်သင့်တဲ့ကားပါ ဒီဇာတ်ကားကတော့ October 2009 တုန်းကထွက်ရှိခဲ့တာဖြစ်ပြီးတော့ IMDb rating ကတော့ 6.9 ရရှိထားပါတယ် ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 22 1😁 1
Запрещенный контент
Heart Blackened (2017) Park Shinhye ရဲ့ နာမည်ကြီး ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်... သူမနဲ့အလိုက်ဖက်ဆုံး ဇာတ်ရုပ်ဖြစ်တဲ့ ရှေ့နေဇာတ်ရုပ်နဲ့မို ရင်တွေခုန်လှပါတယ်… ဇာတ်ကြောင်းကို အကြမ်းဖျင်းထောက်ပြရမယ် ဆိုရင်တော့… ရှင်းနေတဲ့ လူသတ်မှုရယ် တောင်ကိုရီးယားရဲ့ အသုံးမကျတဲ့ စုံစမ်းရေးမှူးရယ် တော်မလိုလိုနဲ့ အလှည့်စားခံရတဲ့ ကိုယ့်မင်းသမီး Park Shinhye ရယ် နဲ့ ဇာတ်ကွက်တွေ တော်တော်လှပါတယ်... မှုခင်းအခြေခံဇာတ်လမ်းပေမယ့် Plot Twist လေးတွေ လှပါတယ်... အဆုံးထိကြည့်ပါ…ကျော်ကြည့်တာမျိုး လုပ်ရင် ဇာတ်လမ်းရဲ့ ကောင်းခန်းတွေ လွတ်ပါလိမ့်မယ် ? ပေါ့ပျက်ပျက် ကိုရီးယားကားတွေထဲက ခွဲထွက်ပြီး အရသာရှိလှတဲ့ ဇာတ်လမ်းကောင်းလေးပါဒီဇာတ်လမ်းကို အဆုံးထိ ကြည့်ပြီးသွားရင် မေတ္တာတရားဟာ ထုတ်ပြောစရာ မလိုမှန်း နားလည်လာပါလိမ့်မယ်… ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 23👎 3
Запрещенный контент
Independence Day: Resurgence (2016) Genre - Action ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 74 7😁 4🔥 3👏 2
Запрещенный контент
Axe Grinder 666 (2023) Genre - Horror ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 35
Winnie-the-Pooh: Blood and Honey 2 (2024) 4k HEVC ** ဇာတ်လမ်းအကျဉ်း *** ခရစ္စတိုဖာရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း Pooh တို့အုပ်စုဟာ မနှစ်က ဧက ၁၀၀ တောအုပ် ထဲမှာ အကြီးအကျယ်သောင်းကျန်းခဲ့ကြပြီး ဒါကို ခရစ္စတိုဖာက လူတွေကို သတိပေးပေမဲ့ မယုံခဲ့ကြပါဘူး။ ဒါပေမဲ့ ယုံတဲ့ လူနည်းစုကတော့ တောနင်းပြီး ဒီအကောင်တွေကို လိုက်သတ်ကြပါတယ်။ အဲဒီတော့ ပြေးစရာမြေမရှိတဲ့ Pooh တို့ကလည်း လိုက်ရှာတဲ့ လူတွေကို ပြန်သတ်ရုံသာမက မြို့ထဲအထိပါ ဝင်လာပြီး ပြန်လိုက်ဆော်ကြပါတယ်။ ကျန်တာကတော့ ပြကွက်အသားပေးမို့ ဇာတ်လမ်းထဲမှာသာ ဆက်ကြည့်ရမှာပါပဲ။ ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 34🔥 3
Запрещенный контент
Visions (2023) ========== Thriller Mystery ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် 2023 မှာထွက်ရှိခဲ့တဲ့ Visions ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Estelleဟာ နာမည်ကြီးဆရာဝန်တစ်ဦးနဲ့လက်ထပ်ထားပြီး ထူးချွန်တဲ့ ပိုင်းလော့တစ်ဦးလည်းဖြစ်ပါတယ်။ အရာရာပြည့်စုံနေတဲ့ Estelle ဘဝထဲကို အတိတ်မှာဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ Ana ဆိုတဲ့အမျိုးသမီးတစ်ဦးပြန်လည်ဝင်ရောက်လာချိန်မှာ Estelle ဟာ Ana နဲ့ ဖောက်ပြားမိပါတယ်။ Ana ပြန်ရောက်လာတဲ့အချိန်ကစပြီး Estelle ဘဝမှာ ဂြိုလ်ဆိုးဝင်သလို ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။ Estelle ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေနောက်ကွယ်မှာတော့…။ Ana အဖြစ် Marta Nieto, Estelle အဖြစ် National Treasure, TROY, Inglourious basterds သရုပ်ဆောင် Diane Kruger ကပါဝင်ထားပါတယ်။ မင်းသမီး ၂ လက်ရဲ့ အပြိုင်သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်ရှုရမှာမလို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း.။ (မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်သော ဇာတ်ဝင်ခန်းအချို့ပါဝင်ပါတယ်) ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 25 3👎 1
Запрещенный контент
The Shaolin Boy ( 2021 ) မြန်မာစာတန်းထိုးတစ်ကားတည်းအပြီးး ရှောင်လင်ကားတွေကြိုက်တတ်တဲ့ ကလေးကြီးများအတွက် ကြည့်လို့ကောင်းတဲ့ ကားလေး ရှောင်လင်ကားတွေဆိုတာ ဘယ်လိုပဲကြည့်ကြည့်မရိုးဘူးနော် ရယ်လဲရယ်ရ ပျော်စရာလဲကောင်း ပေါ့ပေါ့ပါးပါးကိုဖြစ်လို့ပဲ မင်မင်တော့ကြည့်pp မိုက်တယ်လို့ ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 27 5
Запрещенный контент
King Kong 2005 --------------------------- IMDb Rating 7.2 ရရှိထားပြီး ၂၀၀၅ ခုနှစ်ကထွက်ရှိထားတဲ့ ကင်းကောင်ဇာတ်ကားကို မြန်မာစာတန်းထိုးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း အကျဉ်းကတော့ ပြဇာတ်လောကကနေ အရှုံးပေါ်နေလို့ အလုပ်ပြောင်းတဲ့ မင်းသမီးဟာ ရုပ်ရှင်အဖွဲ့နဲ့ ပူးပေါင်းပြီး စွန့်စားခန်းတွေ သဘာဝအလှ ရှုခင်းတွေကို ရိုက်ကူးဖို့ ပင်လယ် ခရီးသွားရာမှ မထင်မှတ်ထားပဲ လမ်းမှားပြီးကျွန်းကြီးတစ်ကျွန်းကိုရောက်သွားပြီး ကင်းကောင်နဲ့ ဆုံတွေ့ရာမှာ ကင်းကောင်က မင်းသမီးအပေါ်မေတ္တာယိုဖိတ်ပြီးလိုက်လံဖမ်းဆီးရာမှ ရုပ်ရှင်အဖွဲ့သားတွေနဲ့ကတောက်ကဆဖြစ်ပြီး ရုပ်ရှင်အဖွဲ့သားတွေကလည်း ကင်းကောင်ကို လိုက်လံဖမ်းဆီးပြီး မြို့ပေါ်ကိုဖမ်းဆီးခေါ်ဆောင်လာပြီး ရုံသွင်းပြစားရာမှ ဘယ်လိုတွေ ဖြစ်ပျက်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှူလိုက် ကြပါနော် #Crd ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 23 3😁 2
Запрещенный контент
G.I. Joe: Retaliation (2013) GI Joe The Rise of Cobra ရဲ့ အဆက်အနေနဲ့ ထွက်ရှိလာခဲ့ပြီး ပထမရုပ်ရှင်က မင်းသားတွေဖြစ်တဲ့ Channing Tatum တို့ လီဗျောင်ဟွန်းတို့အပြင် ဒီရုပ်ရှင်မှာတော့ Dwayne Johnson တို့ Bruce Willis တို့လို ဖိုက်တာတွေပိုပါဝင်လာတာမို့ ပိုကြမ်းလာတယ်ပြောရမှာပေါ့…။ တကယ့်ဖိုက်တာမင်းသားတွေ အပြိုင်အဆိုင်ကြမ်းထားကြတာမို့ ဇာတ်လမ်းထက် သူတို့ကြမ်းတာကို မနည်းလိုက်ကြည့်ရမလိုဖြစ်နေရပါတယ်။ ဇာတ်လမ်းကတော့… G.I.Joe အဖွဲ့ရဲ့ ကပ္ပတိန်ဒုခ်နဲ့ အဖွဲ့သားတွေ ထောင်ချောက်ဆင်သတ်ဖြတ်ခံရပီးတဲ့နောက် အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ရုတ်ဘလော့ခ် ( The Rock) လေဒီဂျေး , ဖလင့် နဲ့ Snake eyes တို့တွေပူးပေါင်းပြီး Cobra commander , Firefly , Zartan နဲ့ Storm Shadow တို့ရဲ့ကမ္ဘာကြီးကိုဖျက်ဆီးမဲ့အစီအစဉ်ကို ဘယ်လိုတွေတားဆီးကျမယ်…သူတို့အဖွဲ့အတွက် ဘယ်လိုလက်စားချေမယ်ဆိုတာကို Action ဇာတ်ဝင်ခန်းအလန်းစားတွေနဲ့ကြည့်ရှုခံစားရမှာပါ။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/flexx12345678/348 https://t.me/flexx12345678/348
Показать все...
👍 32 7👏 3🍓 2😁 1
Raging Phoenix [2009] ဒီဇာတ်ကားလေးကတော့ ကျွန်တော်(စိုးထွေး)ရဲ့ ၁၈ ကားမြောက်ကားလေးကိုရောက်လာခဲ့ပါပြီ.. အက်ရှင်ကြိုက်နစ်သက်တဲ့ပရိတ်သတ်တွေအတွက် ကြိုက်နစ်သက်မှာသေချာတဲ့ဇာတ်ကားတစ်ကားပါပဲ Chocolate ဇာတ်ကားနဲ့ ရုပ်ရှင်လောကကိုဝင်လာခဲ့တဲ့ ဒီမင်းသမီးလေးဟာ ခုဆိုရင် ထိုင်းမှာ တိုနီဂျာနည်းတူအောင်မြင်နေခဲ့ပါပြီ.. The protector 2 မှာလည်းတိုနီဂျာနဲ့အတူပါဝင်သရုပ်ဆောင်ထားပါသေးတယ် ဇာတ်လမ်းကတော့ မိန်းကလေးတွေကိုပြန်ပေးဆွဲပြီးရောင်းစားတဲ့ဂိုဏ်းတစ်ဂိုဏ်းကနေစတင်ထားပါတယ် မိမိရဲ့ချစ်သူနဲ့လက်ထပ်တဲ့နေ့မှာပဲ မိမိရဲ့ ချစ်သူထူးထူးဆန်းဆန်းပျောက်ဆုံးသွား၍ကြေကွဲခံစားနေရတဲ့..ဆနင် မိမိတစ်ယောက်တည်းအမြဲလိုလိုအထီးကျန်သည်ဟုခံစားပြီး ပေတေလေလွင့်နေတဲ့ဒရူ ဒရူကို လိုချင်နေတဲ့ဂိုဏ်းတစ်ဂိုဏ်း..ထိုဂိုဏ်းကကောဘာလို့ ဒရူကိုလိုချင်ရတာလဲ.. မိမိကိုကယ်တင်လိုက်တဲ့အချိန်မှစပြီး ဆနင်ကိုသံယောဇဉ်ဖြစ်မိသည့်ဒရူ ၊ဆနင်ဆီကနေကိုယ်ခံပညာသင်ကြားပြီး လူကုန်ကူးဂိုဏ်းတွေကိုဘယ်လိုဆုံးမမလဲ စသဖြင့် ဇာတ်လမ်းအစ အလည် အဆုံး အက်ရှင်အကြမ်းအရမ်းများကိုတဝကြီးခံစားရမှာပါ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/flexx12345678/352 https://t.me/flexx12345678/352
Показать все...
👍 28
Запрещенный контент
Seondal: The Man Who Sells the River(2016) မုသားသခင် မြစ်ထဲ ရွှေထွက်တယ်ဆို ပြီး မြစ်ကို ရောင်းစားတဲ့ ကိုရီးယားကား ရီနေရတယ် တစ်ကားလုံး ဇာတ်ကားကြည့်ရန် 👇👇 https://t.me/flexx12345678/366 https://t.me/flexx12345678/366
Показать все...
👍 19🔥 1
Запрещенный контент
I Saw The Devil. [2010] ကိုရီးယား အက်ရှင်ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဒီကားအနေနဲ့ကတော့ ဆိုးဟွန်းဆိုတဲ့ အဓိကဇာတ်ကောင်က သူ့ကောင်မလေး ဂျူယွန် မတရားအသတ်ခံရမှုနဲ့လက်စားချေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သူ့အနေနဲ့က အရမ်းချစ်ခဲ့ရတဲ့ မိန်းမတစ်ယောက်ဖြစ်လို့လက်စားချေတာလဲဖြစ်တယ်။ လူသတ်သမားဖြစ်တဲ့  ကျောင်ချဲ အနေနဲ့ကလဲ စိတ္တဇပုံစံနဲ့ကောင်မလေးတွေကို လိုက်ဖမ်းပြီး ဖျက်စီးသတ်ဖြတ်တဲ့ပုံကို ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ အရမ်းကြီးကြောက်ဖို့ မကောင်းပေမယ့် နည်းနည်းလန့်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကြည့်ရန် 👇👇 https://t.me/flexx12345678/368 https://t.me/flexx12345678/368
Показать все...
👍 11 4👎 1😁 1
Запрещенный контент
Troll [2022] IMDb - 6.8 နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ် အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ် ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ် ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 23 4😁 1
Cloud Atlas (မြန်မာစာတန်းထိုး) ဒီCloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကိုု ရုုိက်ပြထားပြီးအဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ၂၁၀၀၊ နောက်တော့ လူ့ယဉ်ကျေးမှုုပျက်ဆီးသွားတဲ့ ခေတ် စတဲ့ မတူညီတဲ့ ခေတ် ၆ ခေတ်ကဖြစ်ပါတယ်။ဇာတ်လမ်းဆင်ထားတဲ့ ပုုံကအရမ်းအံ့အော်စရာ ကောင်းပါတယ်။ ဇာတ်ကားတစ်ကားတည်းနဲ့ ဇာတ်ကား ၆ ကားကိုု တစ်ခါတည်းကြည့်ရသလိုု ပါပဲ။ အဲ့ဇာတ်ကား ၆ ကား ဟာလည်း တစ်ခုုနဲ့တစ်ခုု theme မတူညီတဲ့အတွက်အပေါ်မှာရေးထား သလိုု Adventure, Drama, Thriller, Scifi, Action, Mystery, Fantasy, Comedy ခံစားမှုုပေါင်းစုုံနဲ့ ရုုိက်ကူးထားပါ တယ်။ ကျွန်တော်အကြိုက်ဆုုံးအချက်ကတော့ ဒီလိုုမတူညီတဲ့ ခေတ် ၆ ခေတ်မှာ မတူညီတဲ့ ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကိုု တစ်ပြိုင်တည်း တင်ဆက်ထားတာမှာဇာတ်လမ်းအတက်အကျတွေဟာ တစ်ပြေးညီဖြစ်နေတာပါပဲ။ #Credit ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 24👎 3😁 2
Запрещенный контент
Показать все...
👍 19 4
Запрещенный контент
AKA (2023) ============ တစ်ကိုယ်တည်းတက်တက်ကြမ်းတဲ့ action ကားတွေကိုမှ သဘောကျတဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ကားကောင်းပါပဲ... ဇာတ်ကြောင်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ် လုပ်သက်နှစ် ၂၀ရှိတဲ့ အဒမ်ဟာပေးအပ်လာသမျှတာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်သူပါ... ဒီလိုနဲ့ ပြင်သစ်မှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေပေါ်ပေါက်လာတဲ့အခါမှာတော့ အထက်အရာရှိတွေက အဒမ်ကို တာဝန်အသစ်ပေးလိုက်ပါပြီ... အကြမ်းဖက်သမားတွေနဲ့အဆက်အသွယ်ရှိတဲ့ လူဆိုးဂိုဏ်းထဲ အသွင်ယူဝင်၊စုံစမ်းထောက်လှမ်းပြီး အကြမ်းဖက်သမားကိုဖမ်းဆီးပေးဖို့ပါတဲ့... လူဆိုးဂိုဏ်းရဲ့ယုံကြည်မှုကိုရရှိအောင် နေထိုင်နေရင်းမှ..... အပစ်အခတ် အကြမ်းအရမ်းတွေကောင်းကောင်းကြည့်ရမယ့်အပြင်လူကောင်းလူဆိုးဘယ်လိုခွဲမလဲဆိုတဲ့ plot twistလေးပါတွေ့မြင်ရမယ် action crime  အလန်းကားပါပဲ..... ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 27👎 5😁 1
Assassination Nation (2018) ▶️ 𝐩𝐥𝐚𝐲 🔗⚡⚡ 🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗⚡⚡
Показать все...
👍 11😁 1
Запрещенный контент
Показать все...
👍 7👎 1