ru
Feedback
Bollywood Cinema

Bollywood Cinema

Открыть в Telegram

Ck Lottery ,Big Win လက်မခံပါ ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @kolatt009

Больше
2025 год в цифрахsnowflakes fon
card fon
89 915
Подписчики
Нет данных24 часа
-2 4037 дней
+25 50030 день
Архив постов
1:32:41
Видео недоступноПоказать в Telegram
1502.71 MB
အင်ဒိုနီးရှားကျွန်းစွယ် တောနက်နက်ထဲကို လူတစ်စု စူးစမ်းရှာဖွေလျက် ရှိပါတယ် လက်နက်ကိုင် ကြေးစားစစ်သည်တွေလည်း ပါဝင်သလို ပညာရှင်တွေလည်း ပါဝင်ပြီး ဘယ်လိုမျိုးအရာကို လိုက်လံရှာဖွေနေတယ်ဆိုတာ ပညာရှင်တွေကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး  ဒီလိုနဲ့ ရှာဖွေနေစဉ်မှာပဲ ပင်လယ်ဓားပြအုပ်စုနဲ့ တွေ့ပြီး တိုက်ခိုက်ရာကနေ မိုင်းတွင်းအဟောင်းကြီးတစ်ခုထဲကို ထွက်ပြေးခဲ့လိုက်ရပါတော့တယ် ဖြစ်ချင်တော့ ဒီမိုင်းတွင်းကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်တပ်တွေ တပ်စွဲခဲ့တဲ့နေရာတစ်ခု ဖြစ်နေပြီး နောက်ကွယ်မှာကတော့ သာမန်တပ်စွဲသလောက်ထက် ကျော်လွန်ပြီး ထူးခြားဆန်းကြယ်မှုတွေ ရှိတဲ့နေရာ ဖြစ်လို့နေပါတယ် အဲဒီအခါကျမှ ပညာရှင်တွေဖက်ကနေ ဒီစူးစမ်းလေ့လာရေး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်အမှန် ထွက်ရှိလာပြီး မိုင်းတွင်းထဲက မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တဲ့ အချိန်မှာတော့
Показать все...
Фото недоступноПоказать в Telegram
2:40:55
Видео недоступноПоказать в Telegram
381.87 MB
Фото недоступноПоказать в Telegram
T.... he.... Wi.... ld.... Hun.... ter  [ 2 0   1 6  ] ------------------------------------------- ဇာတ်လမ်းအစမှာ ဇာတ်လိုက်ကြီး မူရူဂန်တစ်ယောက် ငယ်ငယ်လေးပဲရှိပါသေးတယ် သူတို့ရွာကတော့ ပူလီယာ၊ သူတို့ ဘာသာစကားအရ ပူလီက ကျားဆိုတော့ ကျားပေါတဲ့ရွာပေါ့၊ မူရူဂန် ငယ်ဘဝမှာပဲ အမေဖြစ်သူက ညီငယ်လေး မာနီကူတန်ကို မွေးဖွားရင်း ဆုံးပါတယ် အဲ့ဒီ ညီငယ်လေးကို သဲသဲလှုပ်ချစ်တာကတော့ မူရူဂန်ပါ၊ အမေဆုံးလို့မှ မကြာသေးခင် အဖေဖြစ်သူကလည်း သူနဲ့ သူ့ညီလေးကို ကယ်ရင်း ကျားဆွဲခံရပါတယ် အဲဒီ့ကျားကို ကလေးဆိုပေမယ့် မကြောက်မရွံ့ ဖခင်ဖြစ်သူအတွက် အသက်စွန့် လက်စားချေ ဇီဝိန်ချွေပြီးနောက်မှာတော့ မူရူဂန်တစ်ယောက် လူသားစားကျားတွေကို လိုက်နှိမ်နင်းတဲ့ ကျားမုဆိုးကြီး လုံးလုံးဖြစ်လာပါတယ်။ ကျားမုဆိုးမူရူဂန် (ပူလီမူရူဂန်) ဆိုပြီး ဘိုးဘေးစဉ်ဆက် ကျားကြောက်ခဲ့ရတဲ့ အနီးအနား ရွာတွေကပါ နတ်ဘုရားသဖွယ် ကိုးကွယ်အားထားခံလာရပါတော့တယ် ကျားမုဆိုးဆိုပေမယ့် သူ့ရဲ့ ကမ္ဘာငယ်လေးဖြစ်တဲ့ မိသားစုရှေ့မှာတော့ ကျားကြီးမူရူဂန်ဟာ ကြောင်သာသာမျှသာ ဖြစ်သွားစမြဲပါ သူ့အပေါ် ဖခင်လိုတစ်ဖုံ သူငယ်ချင်းလို တစ်ဖန် ချစ်ခင်ကြင်နာခဲ့တဲ့ ဦးလေးဖြစ်သူ ဘာလာရာမန်၊ နှစ်ယောက်မရှိတဲ့ သွေးရင်းချာ ညီငယ်လေး မာနီကူတန်၊ ချစ်ခင်မြတ်နိုးရတဲ့ အိမ်သူ မိုင်နာ၊ ရှုမငြီးတဲ့ ချစ်သမီးလေး ချက်ကီတို့ အတွက်ဆို ကျားကြီးမူရူဂန်ရဲ့ သံချောင်းလို စိတ်ထားဟာ ဖယောင်းလိုပျော့ပျောင်းသွားရစမြဲပါ ရိုးသားဖြူစင်တဲ့ မိသားစုလေးကောင်းဖို့ ဒုက္ခမရောက်ဖို့အတွက် ကြိုးစားရင်း ကျားထက်ဆိုးတဲ့ မနုဿလူသားများစွာရဲ့ အကောက်ကြံမှု၊ မနာလိုမှု၊ အမြတ်ထုတ်လိုမှု အစရှိတဲ့ အန္တရာယ်တောနက်ကြီးထဲကို မူရူဂန်တစ်ယောက် တဖြည်းဖြည်း တိုးဝင်လာမိချိန်မှာတော့... မကောင်းသူပယ်ကောင်းသူကယ်မယ့် မူရူဂန်၊ မိသားစုလေးအတွက် ဘာမဆိုလုပ်မယ့် မူရူဂန်၊ တောကိုချစ်ပြီး တောရဲ့ ဥပဒေဿ ကို လိုက်နာတဲ့ မူရူဂန် မြို့ပြကြီးရဲ့ ယဉ်ကျေးစွာ အကောက်ကြံ ရိုင်းစိုင်းပြန်တဲ့ လူ့သားရဲတွေအကြားမှာ ရှင်သန်ဖို့ ရုန်းကန် တိုက်ခိုက်နိုင်စွမ်းရှိပါ့မလားဆိုတာကိုတော့....
Показать все...
1:55:19
Видео недоступноПоказать в Telegram
583.21 MB
မျောက်ဝယ်တာ ဂြိုလ်သား မှားထည့်ပေးလိုက်တဲ့ အူတက်အောင်ရယ် နေရတဲ့ ဇာတ်ကား 🤣🤣 ➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪ ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှု ဖြစ်ပြီးကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက် လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့ တယ် ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့ အချိန်မှာတော့ဘာတွေဘယ်လိုဆက်ဖြစ်ကြမလ
Показать все...
Фото недоступноПоказать в Telegram
1:15:07
Видео недоступноПоказать в Telegram
562.03 MB
1
ဂူအောင်းလူသားတွေခေတ်ကတည်းက ခွေးလေးတွေဟာ လူတွေအတွက်အဖော်မွန်တွေပါ လူသားတွေထက် အာရုံခံစွမ်းကောင်းကြတဲ့အတွက် သားရဲတွေရဲ့အန္တရာယ်ကို သတိပေးခဲ့ကြတဲ့ မိတ်ဆွေလေးတွေပေါ့... အန်ဒီဆိုတဲ့ခွေးလေးကလည်း တော့ဒ်ဆိုတဲ့အမျိုးသားတစ်ယောက်ရဲ့အဖော်မွန်ကောင်းပါ ... ပြင်းထန်အဆုတ်ရောဂါကို ခံစားနေရတဲ့တော့ဒ်က ကျေးလက်ဒေသမှာရှိတဲ့ မိသားစုပိုင်အိမ်အိုကြီးကို ပြောင်းလာခဲ့ချိန်မှာတော့ ထူးဆန်းတာတွေကို ခံစားမိတဲ့ခွေးလေးအန်ဒီက တော့ဒ်ကိုသတိပေးရုံတင်မက သူ့အစွမ်းအစရှိသမျှနဲ့ ကယ်ဆယ်ပေးဖို့ကြိုးစားလာပါတော့တယ် ... ခွေးလေးတစ်ကောင်ရဲ့ ရှုထောင့်ကနေရိုက်ကူးထားတဲ့အတွက် သာမန်ကြည့်နေကျ သရဲကားတွေနဲ့မတူတဲ့ မြင်ကွင်းနဲ့ပြကွက်တွေပါတဲ့ဇာတ်ကားမျိုးဖြစ်ပြီး အထူးသဖြင့် အန်ဒီဇာတ်ကောင်အတွက် ဒါရိုက်တာနဲ့ တွဲဖက်စာရေးဆရာ Ben Leonbergက သူ့ရဲ့ခွေးလေး အန်ဒီကိုအသုံးပြုခဲ့ပါတယ် ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့ပြုပြင်စရာမလိုပဲ ခံစားချက်တွေကို ကောင်းကောင်းဖော်ပြပေးနိုင်တဲ့ အလိမ္မာလေး (Good Boy) အန်ဒီကတော့ ဒီရုပ်ရှင်ရဲ့ ဂုဏ်ထူးဆောင်ဇာတ်ကောင်လေး ဖြစ်ပါတယ်....
Показать все...
1
Фото недоступноПоказать в Telegram
1:27:10
Видео недоступноПоказать в Telegram
749.75 MB
ထိုင်း horror နဲ့မတူတဲ့ အင်ဒိုနီးရှား horror ရုပ်ရှင်တွေရဲ့ တစ်မူထူးခြားတဲ့ အရသာကိုမြည်းစမ်းကြည့်ဖို ဒီဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဖာရာနဲ့ရာဖာတိုဇနီးမောင်နှံဟာ အစစအရာရာပြည့်စုံပြီး ပျော်ရွှင်ကြည်နူးရတဲ့ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်...
Показать все...
Фото недоступноПоказать в Telegram
1:41:52
Видео недоступноПоказать в Telegram
628.25 MB
မိစ္ဆာမလေးနဲ့ ခပ်အအ လူငယ်လေးရဲ့ လောကတစ်ဖက်ခြား အချစ် ဇာတ်လမ်းလေးဟာ သိပ်ကိုလှပပြီး လွမ်းတရင်ဆို့ဖွယ်လေးပေါ့ဗျာ။ ကဝေမကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ယောက်ျားတွေကို မြူစွယ်လို့ ဝိညာဉ်အာဟာရ ရှာပေးရတဲ့ မိစ္ဆာမလေးတွေရဲ့ ဂန္ဓာလရာဇ် တစ်ထောင့် တစ်ညပုံပြင်လေးတစ်ခု။ ဒီဇာတ်ကားကို Joey Wong နဲ့ စတင်ရင်းနှီးခဲ့ရတာ။ လေပေါ်မှာလွင့် မြောနေပြီး ပိတ်စပါးပါးလေးတွေတလွင့်လွင့်နဲ့ သူ့ရဲ့အလှက ရွှေစင်ကို သကြားမင်းကိုယ်တိုင် ထုဆစ်ထားသလိုပါပဲ။ အဲဒီဇာတ်ကားဟာ သိပ် ကိုအောင်မြင်လွန်းလို့ ဟောင်ကောင်ရုပ်ရှင် ဂန္ထဝင်ဇာတ်ကား ၁ဝဝ ထဲ မှာ နံပါတ် ၅ဝ ချိတ်ခဲ့တာပေါ့။ ဒါနဲ့ပဲ အဆက် ၂ ကား၊ animated ရုပ်ရှင်တစ်ကား၊ တီဗီ series တစ် ခုနဲ့ အခုတင်ဆက်ပေးမယ့် ၂၀၁၁ remake ဇာတ်ကားတို့ အဆင့်ဆင့် ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ မကောင်းဆိုးဝါးမလေး စုစင်း နေရာမှာ Lui Yifei (ဂူးဂူး) ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂူဂူးရယ် လို့ ထင်ရှားလှတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေးဟာ ဒီ ဇာတ်ကားမှာတော့ Joey Wong ရဲ့လောင်းရိပ်အောက်က ဖောက်မ ထွက်နိုင်ခဲ့ပါဘူး။
Показать все...
Фото недоступноПоказать в Telegram
Repost from N/a
1:27:18
Видео недоступноПоказать в Telegram
မာယာများ‌သော ပင်လယ်နက် (极海迷窟)Polar Sea Lost Dungeon 2024 Movie ရုပ်ရှင်
Показать все...
Polar Sea Lost Dungeon 2024mmsub.mp41314.02 MB
Repost from N/a
Фото недоступноПоказать в Telegram
#တရုတ်စွန့်စားခန်းရုပ်ရှင်ချစ်သူတွေအတွက်မကြည့်မဖြစ် ရုပ်ရှင်ပါ။ မှောင်မည်းတဲ့ ပင်လယ်ရေနက်ပိုင်းနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂူတွေကို စူးစမ်းရှာဖွေချင်သူတွေအတွက် အကြိုက်တွေ့စေမယ့် ရုပ်ရှင်မျိုးပါ ဒီဇာတ်ကားဟာ "Tomb Raider" ဒါမှမဟုတ် "The Mummy" လိုမျိုး ရုပ်ရှင်တွေရဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ ပိုစတာကို ကြည့်ကတည်းက သိတဲ့အတိုင်းပဲ၊ ဒီဇာတ်ကားမှာ... ရှေးဟောင်းအမွေအနှစ်၊ နက်နဲတဲ့ ပင်လယ်ဂူတွေ၊ ပြီးတော့ ထူးဆန်းတဲ့ သတ္တဝါတွေကြားက အသက်လုတိုက်ပွဲတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ Sci-fi / Fantasy Action ဇာတ်ကားတွေကို ကြိုက်သူများ ပင်လယ်ရေအောက်က သည်းထိတ်ရင်ဖိုမှုတွေကို ခံစားချင်သူများ အတွက်
Показать все...